[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
"သားႀကီး ... ညီေလးနဲ႔အဆင္ေျပတယ္မလား"
ခြန္းၾကယ္စင္ျပဴတင္းေပါက္မွာရပ္ေနရင္းဖုန္းေျပာေနသည္။ ကေလး၂ေယာက္ကိုသတိရလြန္း၍ ဖုန္းဆက္လိုက္ျခင္း။သား၂ေယာက္နဲ႔မေတြ႕တာအေတာ္ပင္ၾကာၿပီျဖစ္သည္။
"ဟုတ္ေဖေဖ ေျပပါတယ္... ဖြားဖြားေရာ ေနေကာင္းလား"
"ေကာင္းတယ္သားႀကီး... ေဖေဖတို႔ကိုစိတ္မပူနဲ႔ ..သားတို႔သာဂရုစိုက္ၾကေနာ္"
"ဟုတ္ကဲ့ေဖေဖ ... Daddyေရာ"
"သားDaddyကအလုပ္လုပ္ေနတယ္သား... ခုရက္ပိုင္းအလုပ္ေတြမ်ားေနလို႔"
"ဟုတ္ကဲ့ ... ဒါပဲေနာ္ေဖေဖ... သားအစည္းအေဝးရွိေသးလို႔"
"ေအးေအးသား ... ညီေလးကိုဂရုစိုက္လိုက္ဦးေနာ္"
"ဟုတ္ကဲ့ ေဖေဖ"
သူဖုန္းခ်ၿပီး အျပင္ဘက္ကိုေငးေနမိသည္။သားႀကီးက ေအးေဆးၿပီးတည္ၿငိမ္သည္။၊အငယ္ေလးကအဲ့လိုမဟုတ္။နံုနံုအအ ျဖစ္ေနေသာေၾကာင့္ သူစိတ္ပူေနရသည္။
"ဘာေတြ ေတြးေနတာလဲၾကယ္ေလး"
ေနာက္ကေနသိုင္းဖက္ခံရျခင္းနွင့္ အတူ ၾကားလိုက္ရေသာအသံေၾကာင့္ ၿပံဳးမိသည္။ဒါက ဦးမႈိင္းအာဏာစက္ ေခၚ Hydraသခင္။
"သားႀကီးဖုန္းဆက္လို႔ "
"ဘာေျပာလို႔လဲ... သားႀကီးက"
"ဘာမွေထြေထြထူထူးမေျပာပါဘူး.. ေမေမတို႔ေနေကာင္းလာေပါ့"(အဖြားျဖစ္သူကိုဆိုလိုျခင္း)
ဦးမႈိင္း ေက်ာခိုင္းေနေသာ ခြန္းၾကယ္စင္အားသူ႔ဘက္ကိုလွည့္လိုက္သည္။အသက္၄၀ေက်ာ္ေပမဲ့ ငယ္ငယ္ကအတိုင္းထူးျခားၿပီေျပာင္းလဲသြားတာမရွိ။အရင္ထက္ေတာ့ လူႀကီးပိုဆန္လာသည္။
"ျပန္ခ်င္ေနၿပီလား"
ထိုေမးခြန္းေၾကာင့္ ခြန္းၾကယ္စင္ မ်က္နွာမႈိင္သြား၏။
"ျပန္ေတာ့ျပန္ခ်င္တာေပါ့..သားႀကီးတစ္ေယာက္ထဲရယ္..အလုပ္တစ္ဖက္နဲ႔ သားငယ္ေလးကိုၾကည့္ေနရာေတာ့ ပင္ပန္းမွာစိုးတယ္... သားငယ္ေလးအေၾကာင္းသိရဲ႕သားနဲ႔"
"စိတ္မပူပါနဲ႔ကြာ .... သားငယ္ကသူ႔ကိုကိုကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာက ကိုကိုတို႔အသိပဲ"
ဦးမႈိင္း ကေျပာေတာ့ ခြန္းၾကယ္စင္ကသက္ျပင္းခ်သည္။
"သိတယ္ဆိုေပမဲ့ သားႀကီးကကိုကိုျမင္တဲ့အတိုင္းေလ.... စည္းကမ္းႀကီးတယ္...သူကသားငယ္ေလးကို ထက္ထက္ျမတ္ျမတ္ျဖစ္ေစခ်င္တာ...ဒါမဲ့သားငယ္ေလးအေၾကာင္းကသိတဲ့အတိုင္းပဲေလကိုကို"
"အရမ္းစိတ္မပူပါနဲ႔ ....သားႀကီးကသားငယ္ကိုဘယ္ေလာက္ခ်စ္တယ္ဆိုတာ အားလံုးအသိပဲေလ...နိုင္ငံျခားမွာ ပညာသင္ၿပီးေအာင္ျမင္ေအာင္လုပ္ဖို႔သူ႔ရည္မွန္းခ်င္ကို သားငယ္ေလးအတြက္စြန္႔လႊတ္ခဲ့တယ္ေလ...သူ႔ကိုမခြဲနိုင္လို႔ငိုတဲ့သားငယ္ေလးအတြက္ ရည္မွန္းခ်က္ကုိ စြန္႔လႊတ္ခဲ့တာအသိပဲေလ"
ဦးမႈိင္းကေျပာၿပီး ခြန္းၾကယ္စင္အား ညင္သာစြာေထြးေပြ႕လိုက္၏။
"အရမ္းစိတ္မပူပါနဲ႔...သားႀကီကသူ႔ရင္ထဲကအခ်စ္ကို ဖြင့္မေျပာေပမဲ့ သားငယ္ေလးကိုအရမ္းခ်စ္ၿပီး အရမ္းဂရုစိုက္တာပါ"
==============
မင္းဆက္ ညေနေရာက္ေတာ့ အိမ္ျပန္ဖို႔လုပ္လိုက္သည္။လုပ္လက္စေတြသိမ္းကာ အခန္းထဲကထြက္ၿပီး ကားျဖင့္ျပန္လာခဲ့သည္။
ကားေမာင္းေနရင္းမိုးေတြ႐ြာလာေသာေၾကာင့္ သူအရွိန္ေလ်ာ့ကာ ျဖည္းျဖည္းေမာင္းလိုက္သည္။
ၿခံထဲသို႔ တစ္ခါတည္းေမာင္းဝင္လိုက္ၿပီး ကားကိုအိမ္ေရွ႕တြင္ရပ္လိုက္ၿပီး အိမ္ထဲသို႔ဝင္လာခဲ့သည္။
ထိုအခါ စံအိမ္ရဲ႕အိမ္ေတာ္ထိန္းအမ်ိဳးသမီးကေရာက္လာသည္။ ဖခင္ျဖစ္သူ ခြန္းၾကယ္စင္တို႔တုန္းထဲက အိမ္ေတာ္ထိန္းလုပ္ခဲ့တဲ့ ထိုအမ်ိဳးသမီးဟာ အခုေတာ့အသက္၅၀ပင္ေက်ာ္ေနၿပီ။ထိုအမ်ိဳးသမီးကေမး၏။
"သား ျပန္လာၿပီလား"
သူေခါင္းညိတ္လိုက္သည္။
"ဟုတ္ကဲ့ ေဒၚႀကီး... အာဏာေရာ ျပန္လာၿပီလား"
မင္းဆက္ေမးေတာ့ ေဒၚႀကီးကေခါင္းခါ၏။ဘာလဲ ခုထိျပန္မလာေသးတာလား။
"မလာေသးဘူးသား... အငယ္ေလးကိုသားၿကဳိလာမယ္မွတ္ေနတာ"
သူစိတ္ပူသြားသည္။ ဒီကေလးျပန္မလာေသးဘဲဘာလုပ္ေနတာလဲ။
"ကြၽန္ေတာ္ျပန္သြားေခၚလိုက္ဦးမယ္ "
"Driverနဲ႔ေခၚခိုင္းလိုက္ပါ့လား...သား မိုးေရေတြစိုေနတယ္ေလ "
"ရတယ္ ... ကြၽန္ေတာ္ပဲသြားလိုက္မယ္"
သူေျပာၿပီး ကားကိုအျမန္ေမာင္းကာ ေက်ာင္းသို႔ထြက္လာခဲ့သည္။ စိတ္ထဲမွာလဲ စိုးရိမ္မႈက ျမင့္တတ္ေနသည္။ အၿမဲတမ္း ႏံုနံုအအနဲ႔ ေကာင္ေလး၊ အခုဆို မိုးေရထဲမွာဘယ္လိုေနမလဲ။
သူေက်ာင္းေရာက္သြားေတာ့ လူရွင္းေနသည္။ဘယ္သူမွမရွိေပ။ သူစိတ္ပူသြားၿပီး ကားေပၚကေနဆင္းၿပီးရွာၾကည့္လိုက္သည္။ ဘယ္ေနရာမွမရွိ။
သူကားေပၚျပန္တတ္ၿပီး အနီးတစ္ဝိုက္ကို ရွာဖို႔ကားကိုစက္နႈိးေတာ့ ဖုန္းကမီးလင္းလာေသာေျကာင့္ သူၾကည့္လိုက္ေတာ့ အိမ္ကျဖစ္ေနသည္။
"ဟယ္လို"
"သား.... အငယ္ေလးျပန္ေရာက္ေနၿပီ "
မင္းဆက္ ထိုအခါမွစိတ္ေအးသြားရ၏။
"ဟုတ္ .... ကြၽန္ေတာ္ခုျပန္လာၿပီ "
သူဖုန္းခ်ၿပီး ကားကိုျပန္ေကြ႕ၿပီး အိမ္သို႔ျပန္လာခဲ့သည္။
==============
အာဏာ ေက်ာင္းကျပန္လာေတာ့ မိုး႐ြာေနသည္။ taxiသမားေတြကလဲမရွိေသာေၾကာင့္ ေက်ာင္းေရွ႕နားက ေကာ္ဖီဆိုင္ေလးေရွ႕မွာရပ္ေနတုန္း သူ႔ေရွ႕မွာကားတစ္စီးရပ္လိုက္ေသာေၾကာင့္ သူၾကည့္လိုက္ေတာ့ ေကာင္မေလးတစ္ေယာက္။
"တတ္ ..... ငါလိုက္ပို႔ေပးမယ္"
ထိုေကာင္မေလးကေျပာေတာ့ သူေခါင္းခါလိုက္၏။
"ရတယ္... ငါမိုးတိတ္တာကိုေစာင့္ၿပီးမွျပန္မယ္"
"ဒီမိုးကတိတ္မွာမဟုတ္ဘူး....တတ္စမ္းပါ...ငါလိုက္ပို႔ေပးမယ္"
သူလဲ မိုးမတိတ္ရင္ျပန္ဖို႔ဒုကၡေရာက္မည္ဆိုး၍ ေခါင္းညိတ္ၿပီး ကားေပၚတတ္လိုက္သည္။ ဒီေကာင္မေလးကသေဘာေကာင္းပံု။ သူကားေပၚတတ္လိုက္ေတာ့ ေကာင္မေလးက စကားစ၏။
"ခါးပတ္ပတ္ထားေနာ္ "
"အင္း"
"နင့္အိမ္ကဘယ္နားမွာလဲ"
"____အဲ့နားမွာ"
"ok"
ထိုေကာင္မေလးကလဲ သူေျပာေသာ လိပ္စာသို႔လိုက္ပို႔ေပးသည္။
"ငါ့နာမည္ကေမသစၥာ...နင္နဲ႔တစ္ခန္းထဲေလ"
ကားေမာင္းေနရင္းေကာင္မေလးက စေျပာေလသည္။ ေကာင္မေလးစကားေၾကာင့္ အနည္းငယ္ေတာ့အ့ံၾသသြား၏။
"တစ္ခန္းထဲလား"
"ဟုတ္တယ္... နင္ကမင္းအာဏာစက္မဟုတ္လား"
သူေခါင္းညိတ္ကာေျဖလိုက္သည္။
"အင္း... ဟုတ္တယ္"
သူမကဆက္ေျပာသည္။
"ငါကနင့္နာမည္ေၾကာင့္ သတိထားမိေနတာ...လန္းတယ္ေနာ္ နာမည္က"
ေမသစၥာကေျပာေတာ့ အာဏာ ၿပံဳးကာေခါင္းညိတ္လိုက္သည္။ကားျပဴတင္းေပါက္မွ တစ္ဆင့္ အျပင္ဘက္ကိုေငးလ်က္။
"အင္း ... ေဖေဖေပးတာ"
"ေၾသာ္ ငါ့ကို ေမလို႔ေခၚေလ... အလြယ္ေခၚနည္ေပါ့"
"အင္း"
သိပ္မၾကာ ကားေလးဟာ ၿဖည္းညင္းစြာ ၿခံတစ္ၿခံေရွ႕ရပ္လိုက္၏။
"ရၿပီ ဒီအိမ္ပဲ ... လိုက္ပို႔ေပးတာေက်းဇူးေမ... ေနာက္က်မွေက်းဇူးျပန္ဆပ္မယ္"
"ေအးေအး"
အာဏာအိမ္ထဲဝင္သြားေတာ့ သူမခံႀကီးကိုၾကည့္ေနမိသည္။
သိတာေပါ့ ၊ ဒီအိမ္ၿကီးကို၊ Hydraမိသားစုအိမ္ႀကီး၊ မင္းအာဏာစက္ကို ဒီေလာက္ထိခ်မ္းသာၿပီးHydraမိသားစုဝင္မွန္း မသိခဲ့။
သူမလဲ ေနာက္က်ေနမည္ဆိုး၍ ကားကိုေကြ႕ကာ ျပန္လာခဲ့သည္။
အာဏာ အိမ္ထဲေရာက္ေတာ့ ေဒၚႀကီးက အနားေရာက္လာသည္။
"သားငယ္ေလး ျပန္လာၿပီလား... မိုးေရစိုေသးလား"
"မစိုဘူးေဒၚႀကီး "
"သားႀကီးေရာ.... မပါဘူးလား"
ေဒၚႀကီး၏စကားေၾကာင့္ သူမ်က္လံုးျပဴးမိသြားသည္။ ကိုကိုကဘယ္သြားေနလို႔လဲ။ သူနားမလည္။
"ဗ်ာ .... ကိုကိုကဘာလို႔လဲ"
"ဟယ္ ... သားျပန္မေရာက္ေသးလို႔ သားႀကီးကလိုက္ေခၚဖို႔ထြက္သြားတယ... ဒုကၡပါပဲ သားႀကီးက မိုးေရထိရင္ဖ်ားတတ္တာကို .... သားငယ္အဝတ္အစားသြားလဲ ေဒၚ ႀကီးဖုန္းလွမ္းဆက္လိုက္ဦးမယ္"
ေဒၚျကီးကေျပာၿပီး ဖုန္းဆက္ေနသည္။အာဏာကေတာ့ေနရာကမေ႐ြ႕ေသး။မိုးေရထဲမွာ သူ႔ကိုရွာေနမည့္ ကိုကို႔ပံုကိုသာေတြးရင္းရင္ထဲတင္းက်ပ္လာရ၏။
ဘာကိစၥထြက္ရွာရသလဲကိုကိုရယ္။
ထိုေနရာမွာပဲ ရပ္ကာ ကိုကို႔ရဲ႕ အလာကိုေစာင့္ေနမိသည္။
ခဏၾကာေတာ့ ၿခံထဲကိုကားတစ္စီးဝင္လာေသာေၾကာင့္ အာဏာ အိမ္ေရွ႕ကိုအျမန္သြားၾကည့္ေတာ့ မင္းဆက္ကကားေပၚကဆင္းလာၿပီး အိမ္ထဲဝင္လာသည္။ခပ္သြက္သြက္ကားေပၚကဆင္းလာတဲ့မင္းဆက္ဟာ ခ်မ္းေနပံုရသည္။
"ဘယ္လိုျပန္လာတာလဲ "
"ကြၽန္ေတာ့္ကိုေက်ာင္းကေကာင္မေလးတစ္ေယာက္ကလိုက္ပို႔ေပးတာကိုကို.... Taxiေတြမရွိေတာ့ ကြၽန္ေတာ္သူနဲ႔လိုက္လာတာ"
အာဏာေျပာေတာ့ မင္းဆက္က ေခါင္းကေရေတြကိုလက္ျဖင့္ခါလိုက္ၿပီး မ်က္နွာမဲ့လိုက္၏။ေရစက္မ်ားက မ်က္လံုးထဲထိေတာင္စီးက်လို႔။
"ဟုတ္ၿပီ .... သြားေလ ေရခ်ိဳးၿပီအဝတ္အစားလဲ.... ငါလဲ အေပၚတတ္ေတာ့မယ္"
"ဟုတ္ကဲ့"
အာဏာလဲ သူ႔ကိုေျပာၿပီး အိမ္ေပၚတတ္သြားေသာမင္းဆက္ရဲ႕ေက်ာျပင္ကိုၾကည့္ေနမိသည္။ မိုးေရေတြစိုထားၿပီ ဖ်ားေတာ့မယ္ထင္သည္။ထို႔ေနာက္ ခံုေပၚ တင္ထားေသာ လြယ္အိတ္ေလးကိုယူကာသူလဲ အခန္းထဲသို႔ တတ္လာခဲ့သည္။
မင္းဆက္အခန္းထဲေရာက္ေတာ့ ေရစိုေနေသာ အဝတ္ေတြကို ေရခ်ိဳးခန္းထဲ ဝင္ၿပီးခြၽတ္ကာ ေရေႏြးေႏြးေလးျဖင့္ ခ်ိဳးလိုက္သည္။ အခ်ိန္ဆြဲၿပီးမခ်ိဳးေတာ့ပဲ ခပ္သြက္သြက္ခ်ိဳးလိုက္သည္။ အခ်ိန္ဆြဲၿပီးခ်ိဳးရင္ဖ်ားမွာစိုးရ၏။
ခုခ်ိန္ဖ်ားလို႔မျဖစ္ေသး။ အလုပ္ေတြမ်ားေနေသာေၾကာင့္ပင္ျဖစ္သည္။
အျပာႏုေရာင္လက္ရွည္ေခါင္းစြပ္ေလးကို ဝတ္လိုက္ၿပီး Style pant အျဖဴေရာင္ေလးအားဝတ္ထားလိုက္သည္။ ေခါင္းေရစိုေနသည့္အတြက္ တဘက္နဲ႔သာ သုတ္ေနလိုက္၏။
ေရသုတ္လိုက္ေတာ့ ျဖာက်လာတဲ့ေရမႈန္ေလးေတြဟာ တဖြားဖြား။ နွာေစးမည္ကိုစိုးရိမ္တဲ့အတြက္ ျမန္ျမန္ဆန္ဆန္ ေရသုတ္လိုက္သည္။
"ေဒါက္! ေဒါက္!"
တံခါးေခါက္သံၾကားရေသာေၾကာင့္ မင္းဆက္ တံခါးနားသြားကာ ဖြင့္ၾကည့္လိုက္ေတာ့အာဏာ။
"ဝင္ေလ "
သူေျပာေတာ့ အထဲဝင္လာသည္။ သူလဲတံခါးျပန္ပိတ္လိုက္ၿပီး ၾကည့္လိုက္ေတာ့ခုတင္ေပၚမွာထိုင္ေနသည္။
"ေခါင္းေတြေရမစိုဘူးမလား"
ေမြ့ရာနား ရပ္ေနသည့္ အာဏာက ေခါင္းခါျပ၏။
"ကြၽန္ေတာ္ကမစိုဘူး... ကိုကိုသာ စိုေနတာ.. လာ"
ေျပာၿပီးေဘးေနရာအားပုတ္ျပေနေသာေၾကာင့္ မင္းဆက္ထိုင္လိုက္ေတာ့ အာဏာက လက္ထဲရွိတဘက္ကိုယူလိုက္ေလသည္။
"ကြၽန္ေတာ္သုတ္ေပးမယ္ကိုကို... ၿငိမ္ၿငိမ္ေနေနာ္"
ေျပာၿပီး သူ႔ေခါင္းအားသုတ္ေပးေနေသာ အာဏာေၾကာင့္သူၿငိမ္ေနလိုက္သည္။ ဒါကမထူးဆန္း။သူေခါင္းေလ်ာ္သည့္အခါတိုင္း အာဏာကအၿမဲတမ္း ေခါင္းလာသုတ္ေပးတတ္သည္။
အာဏာကေတာ့ သုတ္ေပးေနရင္းေရေျခာက္ခါစ ဆံပင္ေလးအား ငံု႔ကာနမ္းလိုက္သည္။
"ေမႊးလိုက္တာ "
ေခါင္းကို ငံု႔နမ္းလိုက္တဲ့ေကာင္ေလးေၾကာင့္ၿပံဳးမိ၏။ သူ႔ေခါင္းကိုနမ္းရတာႀကိဳက္တဲ့ေကာင္ေလး။
"ရၿပီ... တဘက္ေပး"
မင္းဆက္ေတာင္းလိုက္ေတာ့ အာဏာက တဘက္ကိုျပန္ေပး၏။လက္ထဲမွ တဘက္ကို ေဘးကနားခ်လိုက္ၿပီး သူ႔ေရွ႕ကေကာင္ေလးကိုေမးသင့္တာေမးရဦးမည္။သိသင့္တာေတြကိုေတြကိုပင္ျဖစ္သည္။
"လိုက္ပို႔တဲ့ေကာင္မေလးက တစ္ခန္းထဲလား"
"ဟုတ္ ... တစ္ခန္းထဲ ကိုကို"
မင္းဆက္ေမးေတာ့ အာဏာကေခါင္းညိတ္ၿပီးေျဖသည္။
"အင္း... တစ္ေယာက္ထဲမေနနဲ႔...သူငယ္ခ်င္းတစ္ေယာက္ေယာက္ေတာ့ထား "
"ဟုတ္ကဲ့ကိုကို... ကိုကိုေဆးေသာက္ၿပီးၿပီလား"
"မေသာက္ရေသးဘူး.... ၿပီးမွေသာက္လိုက္မယ္"
"ဟုတ္ကဲ့ "
သူေျပာလိုက္သည္။
"လုပ္စရာရွိတာလုပ္ေလ .. ေၾသာ္ ေဖေဖတို႔ကိုဖုန္းဆက္လိုက္ဦး... စိတ္ပူေနမယ္... မနက္ကေတာ့ ငါနဲ႔ဖုန္းေျပာျဖစ္တယ္"
"ဟုတ္... ကြၽန္ေတာ္ၿပီးရင္ဆက္လိုက္မယ္"
"လုပ္စရာရွိရင္သြားလုပ္ေလ...စာေတြဘာေတြလုပ္စရာရွိတာသြားလုပ္...ငါလဲအလုပ္လုပ္လိုက္ဦးမယ္"
အခ်ိန္လင့္ေနၿပီျဖစ္သည့္အတြက္ စာလုပ္ဖို႔ေျပာရ၏။ျပီးေတာ့ သူလဲပင္ပန္းေနလို႔နားခ်င္ေနၿပီ။
"ဟုတ္ကဲ့.... ကြၽန္ေတာ္သြားေတာ့မယ္ေနာ္"
"အင္း"
အာဏာလဲနႈတ္ဆက္ၿပီး အခန္းထဲကေနထြက္လာခဲ့သည္။ အခန္းတံခါးကိုညင္သာစြာပိတ္ခဲ့တာက အေနွာက္အယွက္မျဖစ္ေစဖို႔ပင္ျဖစ္သည္။
ပင္ပန္းေနၿပီျဖစ္သည့္ ကိုကို႔ကို ေကာင္းစြာအနားယူေစဖို႔အတြက္ သူအလိုက္တသိနဲ႔ ကိုယ့္အခန္းကိုျပန္လာခဲ့၏။
အိပ္ခန္းထဲေရာက္ေတာ့မွ စားပြဲေပၚကဖုန္းကိုယူၿပီး ဖခင္ျဖစ္သူဆီကိုဆက္လိုက္သည္။ဖုန္းမဆက္ျဖစ္တာေတာင္ၾကာၿပီျဖစ္သည္။
သူကေက်ာင္းကိစၥေတြနဲ႔ရႈပ္ေနသလို ေဖေဖတို႔ကလဲ အလုပ္ကိစၥေတြနဲ႔ရႈပ္ေနလို႔ စကားမေျပာျဖစ္ျခင္း။ တစ္ေယာက္နဲ႔တစ္ေယာက္အၿမဲတမ္းသတိရေနတာကေတာ့ အမွန္။
"ဟယ္လို ေဖေဖ"
"သားငယ္ ေက်ာင္းကျပန္ေရာက္ၿပီလား"
"ဟုတ္ကဲ့ ျပန္ေရာက္ျပီေဖေဖ.... ေဖေဖေနေကာင္းလား"
"ေကာင္းပါတယ္သားရယ္...သားေရာေနေကာင္းတယ္မလား"
"ဟုတ္.. ေကာင္းတယ္ေဖေဖ ...Daddyေရာ"
"ရွိတယ္ .... ခဏေနာ္"
ခဏျကာေတာ့ တစ္ဖက္မွDaddyအသံကိုၾကားရသည္။
"သားငယ္ "
ခပ္ၾသၾသနဲ႔အာဏာရွိတဲ့အသံလို႔ပင္ေျပာရေအာင္ Daddyရဲ႕အသံသည္သိပ္ကိုနားေထာင္ေကာင္း၏။ ၾသဇာရွိတဲ့အသံလို႔ေျပာရင္ပိုမွန္မည္။
"Daddy ေနေကာင္းလားဗ်"
"ေကာင္းတယ္သားငယ္...စာေတြလိုက္နိုင္လား"
"ဟုတ္ကဲ့ လိုက္နိုင္တယ္Daddy... သားကိုစိတ္မပူပါနဲ႔"
"ဟုတ္ပါၿပီကြာ...သားႀကီးကဆူရင္စိတ္မဆိုးရဘူးေနာ္...သားႀကီးကသားကိုအရမ္းခ်စ္တာသိတယ္မလား"
"ဟုတ္ မဆိုးပါဘူးDaddy .... သားနားလည္ပါတယ္"
"ဟုတ္ပါၿပီကြာ "
အခ်ိန္အနည္းငယ္ၾကာေအာင္ စကားေျပာၿပီးတဲ့အခ်ိန္မွာ ၂ဖက္စလံုးဖုန္ခ်ဖို႔နႈတ္ဆက္လိုက္သည္။Daddyတို႔ေဖေဖတို႔လဲ ေအးေအးေဆးေဆးနားဖို႔အတြက္။
"ဒါပဲေနာ္ Daddy ... ေဖေဖတို႔လဲ က်န္းမာေရးဂရုစိုက္ေနာ္... ဖြားဖြားနဲ႔ဖိုးဖိုးေရာပဲ "
"ဟုတ္ၿပီသားငယ္... သားငယ္လဲေနေကာင္းေအာင္ေန "
"ဟုတ္ကဲ့Daddy"
အာဏာဖုန္းခ်ၿပီး နာရီၾကည့္လိုက္ေတာ့ ညေန၅နာရီထိုးေနၿပီ။ သူလြယ္အိတ္ထဲက စာအုပ္ေတြထုတ္ၿပီး ေက်ာင္းကေပးလိုက္တဲ့ Assignmentေတြလုပ္ေနလိုက္သည္။
စာဆိုတာကိုမုန္းေပမဲ့လဲ လုပ္ရဦးမည္။ စိတ္ညစ္စရာေတာ့တကယ္ေကာင္းသည္။
စာလုပ္ၿပီးလို႔ ျပဴတင္းေပါက္ကိုၾကည့္ေတာ့ ေမွာင္ေနၿပီ။ သူစာအုပ္ေတြသိမ္းၿပီး အခန္းထဲကထြက္ကာ ေအာက္ထပ္သို႔ဆင္းလားၿပီး ထမင္းစားခန္းထဲသို႔ ဝင္လာခဲ့၏။
"သားငယ္ေလး ထမင္းစားလို႔ရၿပီ"
ေဒၚႀကီးက ေျပာ၏။
သူျပန္ေျပာလိုက္သည္။
"ဟုတ္ကဲ့.. ကြၽန္ေတာ္ ကိုကိုကို႔ သြားေခၚလိုက္ဦးမယ္"
"ေအးေအး"
သူေျပာၿပီး အေပၚထပ္ကိုတတ္လာခဲ့သည္။ မင္းဆက္အခန္းေရွ႕ေရာက္ေတာ့အာဏာ တံခါးကပိတ္မထားေသာေၾကာင့္ အခန္းထဲဝင္လာေတာ့ မင္းဆက္က အလုပ္စားပြဲမွာထိုင္ၿပီး အလုပ္လုပ္ေနသည္။
ခုထိအလုပ္လုပ္ေနတုန္းလား။ မိုးမိထားတာကို ေႏြးေႏြးေထြးေထြးေလးနဲ႔ ၿငိမ္ေနရမွာေလ။
"ကိုကို ထမင္းစားရၿပီ... စားၾကမယ္ေလ"
အာဏာေျပာေတာ့ မင္းဆက္က အလုပ္စားပြဲကေနလွမ္းၾကည့္လာ၏။ စားပြဲေပၚကဖိုင္ကိုပိတ္ခ်လိုက္ရင္း ထိုင္ေနရာကေနထလာၿပီးေခါင္းညိတ္ျပသည္။
"အင္း... စားၾကမယ္ "
"ဟုတ္"
ထို႔ေနာက္ နွစ္ေယာက္သားေအာက္ထပ္သို႔ဆင္းလာခဲ့သည္။ထမင္းစားပြဲမွာထိုင္ၿပီး ထမင္းစားေနၾကေပမယ့္ ဇြန္းသံပန္းကန္သံကလြဲ၍ ဘာသံမွမထြက္။ထမင္းစားရင္း စကားေျပာတာ သိပ္မႀကိဳက္တဲ့မင္းဆက္ေၾကာင့္ အာဏာတတ္နိုင္သမ်ွေရွာင္မိသည္။
"ေအာ့ ! အဟြတ္!!"
ထမင္းစားေနရင္ ရုတ္တရက္ ထကာ ေဘစင္သို႔သြားၿပီး အန္ေနေသာမင္းဆက္ေၾကာင့္ အာဏာလန္႔သြားၿပီး အနားသြားကာ ေက်ာကိုုပုတ္ေပးျပီး စိုးရိမ္စြာဆိုမိသည္။
"ကိုကိုေနမေကာင္းဘူးလား "
အာဏာေျပာၿပီး မင္းဆက္ရဲ႕နဖူးကိုနမ္းၾကည့္လိုက္သည္။
"အသားေတြပူေနတာပဲ"
ထိုအခါ မင္းဆက္က လက္ေဆးၿပီး ေခါင္းခါျပျပန္၏။အာဏာ စိတ္မရွည္ေတာ့ေပ။
"ရတယ္ မိုးမိသြားလို႔ျဖစ္မယ္...ေဒၚျကီး ကြၽန္ေတာ္မစားေတာ့ဘူး... သိမ္းလုိ႔ရၿပီ"
"ကိုကို ဆန္ျပဳတ္ေသာက္မလား"
"မေသာက္ဘူး.. ရတယ္ မင္းစားနွင့္..ငါအေပၚတတ္ေတာ့မယ္"
ေျပာၿပီးထြက္သြားေသာမင္းဆက္ေၾကာင့္ အာဏာစိတ္မေကာင္းျဖစ္မိသည္။ သူ႔ေၾကာင့္ေနမေကာင္းရျခင္းျဖစ္၍ သူစိတ္မေကာင္းေပ။
"ေဒၚႀကီး .. ကြၽန္ေတာ့္ကို ၾကာဇံေလးျပဳတ္ေပးပါ့လား"
"ေအးေအး... ခုျပဳတ္ေပးမယ္..သားထမင္းမစားေတာ့ဘူးလား"
"မစားေတာ့ဘူး"
အာဏာလဲစားခ်င္စိတ္မရွိေတာ့၍ ၾကာဇံျပဳတ္ကိုသာေစာင့္ေနလိုက္သည္။ ခဏၾကာေတာ့ေဒၚႀကီးက ၾကာဇံျပဳတ္ပန္းကန္ေလးကိုဗန္းေလးနွင့္ေသခ်ာယူလာေပးသည္။
"ရၿပီသားေလး... လိုက္ပို႔ေပးရမလား"
သူေခါင္းခါလိုက္သည္။
"ရတယ္ေဒၚႀကီး...ကြၽန္ေတာ္သြားလိုက္ဦးမယ္"
ထို႔ေနာက္ အာဏာလဲလင္ဗန္းေလးကိုယူကာ အေပၚထပ္အခန္းထဲသို႔တတ္လာခဲ့သည္။
တံခါးဖြင့္လိုက္ေတာ့ ေမြ့ရာေပၚမွာ ေစာင္ၿခံဳကာ လွဲေနသည့္ မင္းဆက္အနားကိုသြားၿပီး ၾကာဇံပူပူေလးေသာက္ဖို႔ ေျပာလိုက္သည္။
"ကိုကို ၾကာဇံေလးေသာက္ရေအာင္ေနာ္... ၿပီးမွေဆးေသာက္ၿပီးအိပ္ေလ "
အာဏာေျပာေတာ့ မင္းဆက္ကထလာသည့္အတြက္ ၾကာဇံပန္းကန္ကို ယူၿပီးေပးလိုက္၏။
ကိုကိုက ၾကာဇံၿကိဳက္လို႔ေတာ္ေသး။
"ေသာက္လိုက္ေနာ္"
မင္းဆက္လည္း နည္းနည္ခ်င္းစီ ေသာက္ေနသည္။ကုန္သြားသည့္အထိ အာဏာ ေဘးနားကေနေစာင့္ေနရင္း ေဆးတိုက္ဖို႔လုပ္ေသး၏။ ၾကာဇံပန္းကန္ ကုန္သြားေတာ့မွ ေဆးကိုေဖာက္ၿပီး ေရထည့္ထားေသာ ဖန္ခြက္ေလးကို ယူေပးလိုက္သည္။
"ေဆးေသာက္လိုက္ ကိုကို"
"အင္း"
ေဆးေသာက္ၿပီးေတာ့ မင္းဆက္ကျပန္လွဲလိုက္ေသာေၾကာင့္ ေစာင္ၿခံဳေပးလိုက္သည္။
"အိပ္ေပ်ာ္ေအာင္အိပ္လိုက္ေနာ္...ကြၽန္ေတာ္ေစာင့္ေပးမယ္"
"ရတယ္... မင္းလဲသြားအိပ္တာေလ"
"အိပ္လိုက္ပါ ... ကြၽန္ေတာ္ေစာင့္ေပးမယ္ေနာ္"
အာဏာကေျပာေတာ့ မင္းဆက္ကေခါင္းညိတ္ၿပီး မ်က္လံုးေလးမွိတ္သြားသည္။ ၾကည့္ရတာေဆးအရွိန္ေၾကာင့္လည္း ပါသည္။
ခဏၾကာေတာ့ အသက္ရွဴသံပံုမွန္ေလးနဲ႔အိပ္ေပ်ာ္သြားေသာ မင္းဆက္အား အဖ်ားေၾကာင့္ ေႏြးေနေသာ နဖူးေလးအား အသာေလးဖိကပ္နမ္းလိုက္သည္။
ထို႔ေနာက္အာဏာေမြ့ရာေပၚကဆင္းၿပီး ဗီဒိုထဲက ေစာင္တခိ်ဳ႕ကိုယူျပီး ေအာက္မွာခင္းၿပီး ေခါင္းအံုးေလးခ်ကာအိပ္ဖို႔ျပင္လိုက္သည္။
ညက်အဖ်ားတတ္မွာစိုးသည့္အတြက္ သူဒီအခန္းထဲမွာအိပ္ရန္ဆံုးျဖတ္ၿပီးခုတင္ေအာက္မွာပဲ အိပ္လိုက္ေတာ့သည္။
#21.9.2020
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️
[ 🌿 𝑼𝒏𝒊𝒄𝒐𝒅𝒆 🌿]
"သားကြီး ... ညီလေးနဲ့အဆင်ပြေတယ်မလား"
ခွန်းကြယ်စင်ပြူတင်းပေါက်မှာရပ်နေရင်းဖုန်းပြောနေသည်။ ကလေး၂ယောက်ကိုသတိရလွန်း၍ ဖုန်းဆက်လိုက်ခြင်း။သား၂ယောက်နဲ့မတွေ့တာအတော်ပင်ကြာပြီဖြစ်သည်။
"ဟုတ်ဖေဖေ ပြေပါတယ်... ဖွားဖွားရော နေကောင်းလား"
"ကောင်းတယ်သားကြီး... ဖေဖေတို့ကိုစိတ်မပူနဲ့ ..သားတို့သာဂရုစိုက်ကြနော်"
"ဟုတ်ကဲ့ဖေဖေ ... Daddyရော"
"သားDaddyကအလုပ်လုပ်နေတယ်သား... ခုရက်ပိုင်းအလုပ်တွေများနေလို့"
"ဟုတ်ကဲ့ ... ဒါပဲနော်ဖေဖေ... သားအစည်းအဝေးရှိသေးလို့"
"အေးအေးသား ... ညီလေးကိုဂရုစိုက်လိုက်ဦးနော်"
"ဟုတ်ကဲ့ ဖေဖေ"
သူဖုန်းချပြီး အပြင်ဘက်ကိုငေးနေမိသည်။သားကြီးက အေးဆေးပြီးတည်ငြိမ်သည်။၊အငယ်လေးကအဲ့လိုမဟုတ်။နုံနုံအအ ဖြစ်နေသောကြောင့် သူစိတ်ပူနေရသည်။
"ဘာတွေ တွေးနေတာလဲကြယ်လေး"
နောက်ကနေသိုင်းဖက်ခံရခြင်းနှင့် အတူ ကြားလိုက်ရသောအသံကြောင့် ပြုံးမိသည်။ဒါက ဦးမှိုင်းအာဏာစက် ခေါ် Hydraသခင်။
"သားကြီးဖုန်းဆက်လို့ "
"ဘာပြောလို့လဲ... သားကြီးက"
"ဘာမှထွေထွေထူထူးမပြောပါဘူး.. မေမေတို့နေကောင်းလာပေါ့"(အဖွားဖြစ်သူကိုဆိုလိုခြင်း)
ဦးမှိုင်း ကျောခိုင်းနေသော ခွန်းကြယ်စင်အားသူ့ဘက်ကိုလှည့်လိုက်သည်။အသက်၄၀ကျော်ပေမဲ့ ငယ်ငယ်ကအတိုင်းထူးခြားပြီပြောင်းလဲသွားတာမရှိ။အရင်ထက်တော့ လူကြီးပိုဆန်လာသည်။
"ပြန်ချင်နေပြီလား"
ထိုမေးခွန်းကြောင့် ခွန်းကြယ်စင် မျက်နှာမှိုင်သွား၏။
"ပြန်တော့ပြန်ချင်တာပေါ့..သားကြီးတစ်ယောက်ထဲရယ်..အလုပ်တစ်ဖက်နဲ့ သားငယ်လေးကိုကြည့်နေရာတော့ ပင်ပန်းမှာစိုးတယ်... သားငယ်လေးအကြောင်းသိရဲ့သားနဲ့"
"စိတ်မပူပါနဲ့ကွာ .... သားငယ်ကသူ့ကိုကိုကို ဘယ်လောက်ချစ်တယ်ဆိုတာက ကိုကိုတို့အသိပဲ"
ဦးမှိုင်း ကပြောတော့ ခွန်းကြယ်စင်ကသက်ပြင်းချသည်။
"သိတယ်ဆိုပေမဲ့ သားကြီးကကိုကိုမြင်တဲ့အတိုင်းလေ.... စည်းကမ်းကြီးတယ်...သူကသားငယ်လေးကို ထက်ထက်မြတ်မြတ်ဖြစ်စေချင်တာ...ဒါမဲ့သားငယ်လေးအကြောင်းကသိတဲ့အတိုင်းပဲလေကိုကို"
"အရမ်းစိတ်မပူပါနဲ့ ....သားကြီးကသားငယ်ကိုဘယ်လောက်ချစ်တယ်ဆိုတာ အားလုံးအသိပဲလေ...နိုင်ငံခြားမှာ ပညာသင်ပြီးအောင်မြင်အောင်လုပ်ဖို့သူ့ရည်မှန်းချင်ကို သားငယ်လေးအတွက်စွန့်လွှတ်ခဲ့တယ်လေ...သူ့ကိုမခွဲနိုင်လို့ငိုတဲ့သားငယ်လေးအတွက် ရည်မှန်းချက်ကို စွန့်လွှတ်ခဲ့တာအသိပဲလေ"
ဦးမှိုင်းကပြောပြီး ခွန်းကြယ်စင်အား ညင်သာစွာထွေးပွေ့လိုက်၏။
"အရမ်းစိတ်မပူပါနဲ့...သားကြီကသူ့ရင်ထဲကအချစ်ကို ဖွင့်မပြောပေမဲ့ သားငယ်လေးကိုအရမ်းချစ်ပြီး အရမ်းဂရုစိုက်တာပါ"
==============
မင်းဆက် ညနေရောက်တော့ အိမ်ပြန်ဖို့လုပ်လိုက်သည်။လုပ်လက်စတွေသိမ်းကာ အခန်းထဲကထွက်ပြီး ကားဖြင့်ပြန်လာခဲ့သည်။
ကားမောင်းနေရင်းမိုးတွေရွာလာသောကြောင့် သူအရှိန်လျော့ကာ ဖြည်းဖြည်းမောင်းလိုက်သည်။
ခြံထဲသို့ တစ်ခါတည်းမောင်းဝင်လိုက်ပြီး ကားကိုအိမ်ရှေ့တွင်ရပ်လိုက်ပြီး အိမ်ထဲသို့ဝင်လာခဲ့သည်။
ထိုအခါ စံအိမ်ရဲ့အိမ်တော်ထိန်းအမျိုးသမီးကရောက်လာသည်။ ဖခင်ဖြစ်သူ ခွန်းကြယ်စင်တို့တုန်းထဲက အိမ်တော်ထိန်းလုပ်ခဲ့တဲ့ ထိုအမျိုးသမီးဟာ အခုတော့အသက်၅၀ပင်ကျော်နေပြီ။ထိုအမျိုးသမီးကမေး၏။
"သား ပြန်လာပြီလား"
သူခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ ဒေါ်ကြီး... အာဏာရော ပြန်လာပြီလား"
မင်းဆက်မေးတော့ ဒေါ်ကြီးကခေါင်းခါ၏။ဘာလဲ ခုထိပြန်မလာသေးတာလား။
"မလာသေးဘူးသား... အငယ်လေးကိုသားကြိုလာမယ်မှတ်နေတာ"
သူစိတ်ပူသွားသည်။ ဒီကလေးပြန်မလာသေးဘဲဘာလုပ်နေတာလဲ။
"ကျွန်တော်ပြန်သွားခေါ်လိုက်ဦးမယ် "
"Driverနဲ့ခေါ်ခိုင်းလိုက်ပါ့လား...သား မိုးရေတွေစိုနေတယ်လေ "
"ရတယ် ... ကျွန်တော်ပဲသွားလိုက်မယ်"
သူပြောပြီး ကားကိုအမြန်မောင်းကာ ကျောင်းသို့ထွက်လာခဲ့သည်။ စိတ်ထဲမှာလဲ စိုးရိမ်မှုက မြင့်တတ်နေသည်။ အမြဲတမ်း နုံနုံအအနဲ့ ကောင်လေး၊ အခုဆို မိုးရေထဲမှာဘယ်လိုနေမလဲ။
သူကျောင်းရောက်သွားတော့ လူရှင်းနေသည်။ဘယ်သူမှမရှိပေ။ သူစိတ်ပူသွားပြီး ကားပေါ်ကနေဆင်းပြီးရှာကြည့်လိုက်သည်။ ဘယ်နေရာမှမရှိ။
သူကားပေါ်ပြန်တတ်ပြီး အနီးတစ်ဝိုက်ကို ရှာဖို့ကားကိုစက်နှိုးတော့ ဖုန်းကမီးလင်းလာသောကြောင့် သူကြည့်လိုက်တော့ အိမ်ကဖြစ်နေသည်။
"ဟယ်လို"
"သား.... အငယ်လေးပြန်ရောက်နေပြီ "
မင်းဆက် ထိုအခါမှစိတ်အေးသွားရ၏။
"ဟုတ် .... ကျွန်တော်ခုပြန်လာပြီ "
သူဖုန်းချပြီး ကားကိုပြန်ကွေ့ပြီး အိမ်သို့ပြန်လာခဲ့သည်။
==============
အာဏာ ကျောင်းကပြန်လာတော့ မိုးရွာနေသည်။ taxiသမားတွေကလဲမရှိသောကြောင့် ကျောင်းရှေ့နားက ကော်ဖီဆိုင်လေးရှေ့မှာရပ်နေတုန်း သူ့ရှေ့မှာကားတစ်စီးရပ်လိုက်သောကြောင့် သူကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်။
"တတ် ..... ငါလိုက်ပို့ပေးမယ်"
ထိုကောင်မလေးကပြောတော့ သူခေါင်းခါလိုက်၏။
"ရတယ်... ငါမိုးတိတ်တာကိုစောင့်ပြီးမှပြန်မယ်"
"ဒီမိုးကတိတ်မှာမဟုတ်ဘူး....တတ်စမ်းပါ...ငါလိုက်ပို့ပေးမယ်"
သူလဲ မိုးမတိတ်ရင်ပြန်ဖို့ဒုက္ခရောက်မည်ဆိုး၍ ခေါင်းညိတ်ပြီး ကားပေါ်တတ်လိုက်သည်။ ဒီကောင်မလေးကသဘောကောင်းပုံ။ သူကားပေါ်တတ်လိုက်တော့ ကောင်မလေးက စကားစ၏။
"ခါးပတ်ပတ်ထားနော် "
"အင်း"
"နင့်အိမ်ကဘယ်နားမှာလဲ"
"____အဲ့နားမှာ"
"ok"
ထိုကောင်မလေးကလဲ သူပြောသော လိပ်စာသို့လိုက်ပို့ပေးသည်။
"ငါ့နာမည်ကမေသစ္စာ...နင်နဲ့တစ်ခန်းထဲလေ"
ကားမောင်းနေရင်းကောင်မလေးက စပြောလေသည်။ ကောင်မလေးစကားကြောင့် အနည်းငယ်တော့အံ့ဩသွား၏။
"တစ်ခန်းထဲလား"
"ဟုတ်တယ်... နင်ကမင်းအာဏာစက်မဟုတ်လား"
သူခေါင်းညိတ်ကာဖြေလိုက်သည်။
"အင်း... ဟုတ်တယ်"
သူမကဆက်ပြောသည်။
"ငါကနင့်နာမည်ကြောင့် သတိထားမိနေတာ...လန်းတယ်နော် နာမည်က"
မေသစ္စာကပြောတော့ အာဏာ ပြုံးကာခေါင်းညိတ်လိုက်သည်။ကားပြူတင်းပေါက်မှ တစ်ဆင့် အပြင်ဘက်ကိုငေးလျက်။
"အင်း ... ဖေဖေပေးတာ"
"ဩော် ငါ့ကို မေလို့ခေါ်လေ... အလွယ်ခေါ်နည်ပေါ့"
"အင်း"
သိပ်မကြာ ကားလေးဟာ ဖြည်းညင်းစွာ ခြံတစ်ခြံရှေ့ရပ်လိုက်၏။
"ရပြီ ဒီအိမ်ပဲ ... လိုက်ပို့ပေးတာကျေးဇူးမေ... နောက်ကျမှကျေးဇူးပြန်ဆပ်မယ်"
"အေးအေး"
အာဏာအိမ်ထဲဝင်သွားတော့ သူမခံကြီးကိုကြည့်နေမိသည်။
သိတာပေါ့ ၊ ဒီအိမ်ကြီးကို၊ Hydraမိသားစုအိမ်ကြီး၊ မင်းအာဏာစက်ကို ဒီလောက်ထိချမ်းသာပြီးHydraမိသားစုဝင်မှန်း မသိခဲ့။
သူမလဲ နောက်ကျနေမည်ဆိုး၍ ကားကိုကွေ့ကာ ပြန်လာခဲ့သည်။
အာဏာ အိမ်ထဲရောက်တော့ ဒေါ်ကြီးက အနားရောက်လာသည်။
"သားငယ်လေး ပြန်လာပြီလား... မိုးရေစိုသေးလား"
"မစိုဘူးဒေါ်ကြီး "
"သားကြီးရော.... မပါဘူးလား"
ဒေါ်ကြီး၏စကားကြောင့် သူမျက်လုံးပြူးမိသွားသည်။ ကိုကိုကဘယ်သွားနေလို့လဲ။ သူနားမလည်။
"ဗျာ .... ကိုကိုကဘာလို့လဲ"
"ဟယ် ... သားပြန်မရောက်သေးလို့ သားကြီးကလိုက်ခေါ်ဖို့ထွက်သွားတယ... ဒုက္ခပါပဲ သားကြီးက မိုးရေထိရင်ဖျားတတ်တာကို .... သားငယ်အဝတ်အစားသွားလဲ ဒေါ် ကြီးဖုန်းလှမ်းဆက်လိုက်ဦးမယ်"
ဒေါ်ကြီးကပြောပြီး ဖုန်းဆက်နေသည်။အာဏာကတော့နေရာကမရွေ့သေး။မိုးရေထဲမှာ သူ့ကိုရှာနေမည့် ကိုကို့ပုံကိုသာတွေးရင်းရင်ထဲတင်းကျပ်လာရ၏။
ဘာကိစ္စထွက်ရှာရသလဲကိုကိုရယ်။
ထိုနေရာမှာပဲ ရပ်ကာ ကိုကို့ရဲ့ အလာကိုစောင့်နေမိသည်။
ခဏကြာတော့ ခြံထဲကိုကားတစ်စီးဝင်လာသောကြောင့် အာဏာ အိမ်ရှေ့ကိုအမြန်သွားကြည့်တော့ မင်းဆက်ကကားပေါ်ကဆင်းလာပြီး အိမ်ထဲဝင်လာသည်။ခပ်သွက်သွက်ကားပေါ်ကဆင်းလာတဲ့မင်းဆက်ဟာ ချမ်းနေပုံရသည်။
"ဘယ်လိုပြန်လာတာလဲ "
"ကျွန်တော့်ကိုကျောင်းကကောင်မလေးတစ်ယောက်ကလိုက်ပို့ပေးတာကိုကို.... Taxiတွေမရှိတော့ ကျွန်တော်သူနဲ့လိုက်လာတာ"
အာဏာပြောတော့ မင်းဆက်က ခေါင်းကရေတွေကိုလက်ဖြင့်ခါလိုက်ပြီး မျက်နှာမဲ့လိုက်၏။ရေစက်များက မျက်လုံးထဲထိတောင်စီးကျလို့။
"ဟုတ်ပြီ .... သွားလေ ရေချိုးပြီအဝတ်အစားလဲ.... ငါလဲ အပေါ်တတ်တော့မယ်"
"ဟုတ်ကဲ့"
အာဏာလဲ သူ့ကိုပြောပြီး အိမ်ပေါ်တတ်သွားသောမင်းဆက်ရဲ့ကျောပြင်ကိုကြည့်နေမိသည်။ မိုးရေတွေစိုထားပြီ ဖျားတော့မယ်ထင်သည်။ထို့နောက် ခုံပေါ် တင်ထားသော လွယ်အိတ်လေးကိုယူကာသူလဲ အခန်းထဲသို့ တတ်လာခဲ့သည်။
မင်းဆက်အခန်းထဲရောက်တော့ ရေစိုနေသော အဝတ်တွေကို ရေချိုးခန်းထဲ ဝင်ပြီးချွတ်ကာ ရေနွေးနွေးလေးဖြင့် ချိုးလိုက်သည်။ အချိန်ဆွဲပြီးမချိုးတော့ပဲ ခပ်သွက်သွက်ချိုးလိုက်သည်။ အချိန်ဆွဲပြီးချိုးရင်ဖျားမှာစိုးရ၏။
ခုချိန်ဖျားလို့မဖြစ်သေး။ အလုပ်တွေများနေသောကြောင့်ပင်ဖြစ်သည်။
အပြာနုရောင်လက်ရှည်ခေါင်းစွပ်လေးကို ဝတ်လိုက်ပြီး Style pant အဖြူရောင်လေးအားဝတ်ထားလိုက်သည်။ ခေါင်းရေစိုနေသည့်အတွက် တဘက်နဲ့သာ သုတ်နေလိုက်၏။
ရေသုတ်လိုက်တော့ ဖြာကျလာတဲ့ရေမှုန်လေးတွေဟာ တဖွားဖွား။ နှာစေးမည်ကိုစိုးရိမ်တဲ့အတွက် မြန်မြန်ဆန်ဆန် ရေသုတ်လိုက်သည်။
"ဒေါက်! ဒေါက်!"
တံခါးခေါက်သံကြားရသောကြောင့် မင်းဆက် တံခါးနားသွားကာ ဖွင့်ကြည့်လိုက်တော့အာဏာ။
"ဝင်လေ "
သူပြောတော့ အထဲဝင်လာသည်။ သူလဲတံခါးပြန်ပိတ်လိုက်ပြီး ကြည့်လိုက်တော့ခုတင်ပေါ်မှာထိုင်နေသည်။
"ခေါင်းတွေရေမစိုဘူးမလား"
မွေ့ရာနား ရပ်နေသည့် အာဏာက ခေါင်းခါပြ၏။
"ကျွန်တော်ကမစိုဘူး... ကိုကိုသာ စိုနေတာ.. လာ"
ပြောပြီးဘေးနေရာအားပုတ်ပြနေသောကြောင့် မင်းဆက်ထိုင်လိုက်တော့ အာဏာက လက်ထဲရှိတဘက်ကိုယူလိုက်လေသည်။
"ကျွန်တော်သုတ်ပေးမယ်ကိုကို... ငြိမ်ငြိမ်နေနော်"
ပြောပြီး သူ့ခေါင်းအားသုတ်ပေးနေသော အာဏာကြောင့်သူငြိမ်နေလိုက်သည်။ ဒါကမထူးဆန်း။သူခေါင်းလျော်သည့်အခါတိုင်း အာဏာကအမြဲတမ်း ခေါင်းလာသုတ်ပေးတတ်သည်။
အာဏာကတော့ သုတ်ပေးနေရင်းရေခြောက်ခါစ ဆံပင်လေးအား ငုံ့ကာနမ်းလိုက်သည်။
"မွှေးလိုက်တာ "
ခေါင်းကို ငုံ့နမ်းလိုက်တဲ့ကောင်လေးကြောင့်ပြုံးမိ၏။ သူ့ခေါင်းကိုနမ်းရတာကြိုက်တဲ့ကောင်လေး။
"ရပြီ... တဘက်ပေး"
မင်းဆက်တောင်းလိုက်တော့ အာဏာက တဘက်ကိုပြန်ပေး၏။လက်ထဲမှ တဘက်ကို ဘေးကနားချလိုက်ပြီး သူ့ရှေ့ကကောင်လေးကိုမေးသင့်တာမေးရဦးမည်။သိသင့်တာတွေကိုတွေကိုပင်ဖြစ်သည်။
"လိုက်ပို့တဲ့ကောင်မလေးက တစ်ခန်းထဲလား"
"ဟုတ် ... တစ်ခန်းထဲ ကိုကို"
မင်းဆက်မေးတော့ အာဏာကခေါင်းညိတ်ပြီးဖြေသည်။
"အင်း... တစ်ယောက်ထဲမနေနဲ့...သူငယ်ချင်းတစ်ယောက်ယောက်တော့ထား "
"ဟုတ်ကဲ့ကိုကို... ကိုကိုဆေးသောက်ပြီးပြီလား"
"မသောက်ရသေးဘူး.... ပြီးမှသောက်လိုက်မယ်"
"ဟုတ်ကဲ့ "
သူပြောလိုက်သည်။
"လုပ်စရာရှိတာလုပ်လေ .. ဩော် ဖေဖေတို့ကိုဖုန်းဆက်လိုက်ဦး... စိတ်ပူနေမယ်... မနက်ကတော့ ငါနဲ့ဖုန်းပြောဖြစ်တယ်"
"ဟုတ်... ကျွန်တော်ပြီးရင်ဆက်လိုက်မယ်"
"လုပ်စရာရှိရင်သွားလုပ်လေ...စာတွေဘာတွေလုပ်စရာရှိတာသွားလုပ်...ငါလဲအလုပ်လုပ်လိုက်ဦးမယ်"
အချိန်လင့်နေပြီဖြစ်သည့်အတွက် စာလုပ်ဖို့ပြောရ၏။ပြီးတော့ သူလဲပင်ပန်းနေလို့နားချင်နေပြီ။
"ဟုတ်ကဲ့.... ကျွန်တော်သွားတော့မယ်နော်"
"အင်း"
အာဏာလဲနှုတ်ဆက်ပြီး အခန်းထဲကနေထွက်လာခဲ့သည်။ အခန်းတံခါးကိုညင်သာစွာပိတ်ခဲ့တာက အနှောက်အယှက်မဖြစ်စေဖို့ပင်ဖြစ်သည်။
ပင်ပန်းနေပြီဖြစ်သည့် ကိုကို့ကို ကောင်းစွာအနားယူစေဖို့အတွက် သူအလိုက်တသိနဲ့ ကိုယ့်အခန်းကိုပြန်လာခဲ့၏။
အိပ်ခန်းထဲရောက်တော့မှ စားပွဲပေါ်ကဖုန်းကိုယူပြီး ဖခင်ဖြစ်သူဆီကိုဆက်လိုက်သည်။ဖုန်းမဆက်ဖြစ်တာတောင်ကြာပြီဖြစ်သည်။
သူကကျောင်းကိစ္စတွေနဲ့ရှုပ်နေသလို ဖေဖေတို့ကလဲ အလုပ်ကိစ္စတွေနဲ့ရှုပ်နေလို့ စကားမပြောဖြစ်ခြင်း။ တစ်ယောက်နဲ့တစ်ယောက်အမြဲတမ်းသတိရနေတာကတော့ အမှန်။
"ဟယ်လို ဖေဖေ"
"သားငယ် ကျောင်းကပြန်ရောက်ပြီလား"
"ဟုတ်ကဲ့ ပြန်ရောက်ပြီဖေဖေ.... ဖေဖေနေကောင်းလား"
"ကောင်းပါတယ်သားရယ်...သားရောနေကောင်းတယ်မလား"
"ဟုတ်.. ကောင်းတယ်ဖေဖေ ...Daddyရော"
"ရှိတယ် .... ခဏနော်"
ခဏကြာတော့ တစ်ဖက်မှDaddyအသံကိုကြားရသည်။
"သားငယ် "
ခပ်ဩဩနဲ့အာဏာရှိတဲ့အသံလို့ပင်ပြောရအောင် Daddyရဲ့အသံသည်သိပ်ကိုနားထောင်ကောင်း၏။ ဩဇာရှိတဲ့အသံလို့ပြောရင်ပိုမှန်မည်။
"Daddy နေကောင်းလားဗျ"
"ကောင်းတယ်သားငယ်...စာတွေလိုက်နိုင်လား"
"ဟုတ်ကဲ့ လိုက်နိုင်တယ်Daddy... သားကိုစိတ်မပူပါနဲ့"
"ဟုတ်ပါပြီကွာ...သားကြီးကဆူရင်စိတ်မဆိုးရဘူးနော်...သားကြီးကသားကိုအရမ်းချစ်တာသိတယ်မလား"
"ဟုတ် မဆိုးပါဘူးDaddy .... သားနားလည်ပါတယ်"
"ဟုတ်ပါပြီကွာ "
အချိန်အနည်းငယ်ကြာအောင် စကားပြောပြီးတဲ့အချိန်မှာ ၂ဖက်စလုံးဖုန်ချဖို့နှုတ်ဆက်လိုက်သည်။Daddyတို့ဖေဖေတို့လဲ အေးအေးဆေးဆေးနားဖို့အတွက်။
"ဒါပဲနော် Daddy ... ဖေဖေတို့လဲ ကျန်းမာရေးဂရုစိုက်နော်... ဖွားဖွားနဲ့ဖိုးဖိုးရောပဲ "
"ဟုတ်ပြီသားငယ်... သားငယ်လဲနေကောင်းအောင်နေ "
"ဟုတ်ကဲ့Daddy"
အာဏာဖုန်းချပြီး နာရီကြည့်လိုက်တော့ ညနေ၅နာရီထိုးနေပြီ။ သူလွယ်အိတ်ထဲက စာအုပ်တွေထုတ်ပြီး ကျောင်းကပေးလိုက်တဲ့ Assignmentတွေလုပ်နေလိုက်သည်။
စာဆိုတာကိုမုန်းပေမဲ့လဲ လုပ်ရဦးမည်။ စိတ်ညစ်စရာတော့တကယ်ကောင်းသည်။
စာလုပ်ပြီးလို့ ပြူတင်းပေါက်ကိုကြည့်တော့ မှောင်နေပြီ။ သူစာအုပ်တွေသိမ်းပြီး အခန်းထဲကထွက်ကာ အောက်ထပ်သို့ဆင်းလားပြီး ထမင်းစားခန်းထဲသို့ ဝင်လာခဲ့၏။
"သားငယ်လေး ထမင်းစားလို့ရပြီ"
ဒေါ်ကြီးက ပြော၏။
သူပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့.. ကျွန်တော် ကိုကိုကို့ သွားခေါ်လိုက်ဦးမယ်"
"အေးအေး"
သူပြောပြီး အပေါ်ထပ်ကိုတတ်လာခဲ့သည်။ မင်းဆက်အခန်းရှေ့ရောက်တော့အာဏာ တံခါးကပိတ်မထားသောကြောင့် အခန်းထဲဝင်လာတော့ မင်းဆက်က အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်နေသည်။
ခုထိအလုပ်လုပ်နေတုန်းလား။ မိုးမိထားတာကို နွေးနွေးထွေးထွေးလေးနဲ့ ငြိမ်နေရမှာလေ။
"ကိုကို ထမင်းစားရပြီ... စားကြမယ်လေ"
အာဏာပြောတော့ မင်းဆက်က အလုပ်စားပွဲကနေလှမ်းကြည့်လာ၏။ စားပွဲပေါ်ကဖိုင်ကိုပိတ်ချလိုက်ရင်း ထိုင်နေရာကနေထလာပြီးခေါင်းညိတ်ပြသည်။
"အင်း... စားကြမယ် "
"ဟုတ်"
ထို့နောက် နှစ်ယောက်သားအောက်ထပ်သို့ဆင်းလာခဲ့သည်။ထမင်းစားပွဲမှာထိုင်ပြီး ထမင်းစားနေကြပေမယ့် ဇွန်းသံပန်းကန်သံကလွဲ၍ ဘာသံမှမထွက်။ထမင်းစားရင်း စကားပြောတာ သိပ်မကြိုက်တဲ့မင်းဆက်ကြောင့် အာဏာတတ်နိုင်သမျှရှောင်မိသည်။
"အော့ ! အဟွတ်!!"
ထမင်းစားနေရင် ရုတ်တရက် ထကာ ဘေစင်သို့သွားပြီး အန်နေသောမင်းဆက်ကြောင့် အာဏာလန့်သွားပြီး အနားသွားကာ ကျောကိုပုတ်ပေးပြီး စိုးရိမ်စွာဆိုမိသည်။
"ကိုကိုနေမကောင်းဘူးလား "
အာဏာပြောပြီး မင်းဆက်ရဲ့နဖူးကိုနမ်းကြည့်လိုက်သည်။
"အသားတွေပူနေတာပဲ"
ထိုအခါ မင်းဆက်က လက်ဆေးပြီး ခေါင်းခါပြပြန်၏။အာဏာ စိတ်မရှည်တော့ပေ။
"ရတယ် မိုးမိသွားလို့ဖြစ်မယ်...ဒေါ်ကြီး ကျွန်တော်မစားတော့ဘူး... သိမ်းလို့ရပြီ"
"ကိုကို ဆန်ပြုတ်သောက်မလား"
"မသောက်ဘူး.. ရတယ် မင်းစားနှင့်..ငါအပေါ်တတ်တော့မယ်"
ပြောပြီးထွက်သွားသောမင်းဆက်ကြောင့် အာဏာစိတ်မကောင်းဖြစ်မိသည်။ သူ့ကြောင့်နေမကောင်းရခြင်းဖြစ်၍ သူစိတ်မကောင်းပေ။
"ဒေါ်ကြီး .. ကျွန်တော့်ကို ကြာဇံလေးပြုတ်ပေးပါ့လား"
"အေးအေး... ခုပြုတ်ပေးမယ်..သားထမင်းမစားတော့ဘူးလား"
"မစားတော့ဘူး"
အာဏာလဲစားချင်စိတ်မရှိတော့၍ ကြာဇံပြုတ်ကိုသာစောင့်နေလိုက်သည်။ ခဏကြာတော့ဒေါ်ကြီးက ကြာဇံပြုတ်ပန်းကန်လေးကိုဗန်းလေးနှင့်သေချာယူလာပေးသည်။
"ရပြီသားလေး... လိုက်ပို့ပေးရမလား"
သူခေါင်းခါလိုက်သည်။
"ရတယ်ဒေါ်ကြီး...ကျွန်တော်သွားလိုက်ဦးမယ်"
ထို့နောက် အာဏာလဲလင်ဗန်းလေးကိုယူကာ အပေါ်ထပ်အခန်းထဲသို့တတ်လာခဲ့သည်။
တံခါးဖွင့်လိုက်တော့ မွေ့ရာပေါ်မှာ စောင်ခြုံကာ လှဲနေသည့် မင်းဆက်အနားကိုသွားပြီး ကြာဇံပူပူလေးသောက်ဖို့ ပြောလိုက်သည်။
"ကိုကို ကြာဇံလေးသောက်ရအောင်နော်... ပြီးမှဆေးသောက်ပြီးအိပ်လေ "
အာဏာပြောတော့ မင်းဆက်ကထလာသည့်အတွက် ကြာဇံပန်းကန်ကို ယူပြီးပေးလိုက်၏။
ကိုကိုက ကြာဇံကြိုက်လို့တော်သေး။
"သောက်လိုက်နော်"
မင်းဆက်လည်း နည်းနည်ချင်းစီ သောက်နေသည်။ကုန်သွားသည့်အထိ အာဏာ ဘေးနားကနေစောင့်နေရင်း ဆေးတိုက်ဖို့လုပ်သေး၏။ ကြာဇံပန်းကန် ကုန်သွားတော့မှ ဆေးကိုဖောက်ပြီး ရေထည့်ထားသော ဖန်ခွက်လေးကို ယူပေးလိုက်သည်။
"ဆေးသောက်လိုက် ကိုကို"
"အင်း"
ဆေးသောက်ပြီးတော့ မင်းဆက်ကပြန်လှဲလိုက်သောကြောင့် စောင်ခြုံပေးလိုက်သည်။
"အိပ်ပျော်အောင်အိပ်လိုက်နော်...ကျွန်တော်စောင့်ပေးမယ်"
"ရတယ်... မင်းလဲသွားအိပ်တာလေ"
"အိပ်လိုက်ပါ ... ကျွန်တော်စောင့်ပေးမယ်နော်"
အာဏာကပြောတော့ မင်းဆက်ကခေါင်းညိတ်ပြီး မျက်လုံးလေးမှိတ်သွားသည်။ ကြည့်ရတာဆေးအရှိန်ကြောင့်လည်း ပါသည်။
ခဏကြာတော့ အသက်ရှူသံပုံမှန်လေးနဲ့အိပ်ပျော်သွားသော မင်းဆက်အား အဖျားကြောင့် နွေးနေသော နဖူးလေးအား အသာလေးဖိကပ်နမ်းလိုက်သည်။
ထို့နောက်အာဏာမွေ့ရာပေါ်ကဆင်းပြီး ဗီဒိုထဲက စောင်တချို့ကိုယူပြီး အောက်မှာခင်းပြီး ခေါင်းအုံးလေးချကာအိပ်ဖို့ပြင်လိုက်သည်။
ညကျအဖျားတတ်မှာစိုးသည့်အတွက် သူဒီအခန်းထဲမှာအိပ်ရန်ဆုံးဖြတ်ပြီးခုတင်အောက်မှာပဲ အိပ်လိုက်တော့သည်။
#21.9.2020
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️