ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...
Von Sheilayoon
69.3K 10.4K 241
Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... Mehr
Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.17- Zhong Gu
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20-Woof Woof Woof!
Ch.20.1-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21-Woof Woof Woof ?
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.26.1-Meow,Meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32-Hiss,hiss hiss,hiss hiss?
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.36.1-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.42.1-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.45.1-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.46.1-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52-Tick tack tick tack
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
Ch.58.1-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch 62 - Jiūjiūjiū, Jiūjiūjiū jiū
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?
Ch 79- Woof woof woooof?
214 32 0
Von Sheilayoon
|| Unicode ||
    သွားပြီ!!!
    လင်းယွင် သူမျက်နှာထက်အပြုံးတစ်ခုဆင်မြန်းထားသော်လည်း သူအပြုံးမှာ အန်ည်းငယ်တောင့်ခဲနေသည်။ သူအရမ်းကိုမှရှင်းရှင်းလင်းလင်း ကို ဝူရုန်နဲ့ဖုချင်းတို့၏မျက်ဝန်းအစုံတို့သူဆီတချိန်တည်းကျရောက်လာသည်ကိုခံစားရသည် တစ်စုံမှာရှေ့ကဖြစ်ပြီး တစ်စုံမှနောက်မှဖြစ်သည်။
    အခုချိန်တွင် သူသည် ကျောက်မီးသွေးနှစ်ထပ်ဖြင့်အပူတိုက်ခံထားရသည့် အသားပြားကြီးနှင့်တူနေကာ ဟိုဘက်ဒီဘက်လှည့်ပြီး ဟင်းခက်အမွှေးကြိုင်များနှင့်ကင်လိုက်ရုံပင်။
    သက်လက်ပိုင်းခေါင်းပြောင်ပြောင်နှင့် စီစဉ်သည့်လူသည်အဖြစ်ပျက်တစ်ခုလုံးအားဘေးမှကြည့်နေခဲ့သည်။ အသူရာစက်ကွင်းထဲမှရှင်သန်လိုသောစိတ်ဆန္ဒသည်သူအား မတုန့်ပြန်နိုင်မီ ခြေနှစ်လှမ်းဆုတ်သွားစေခဲ့သည်။
    "အကိုရုန် ပြန်လာပြီပေါ့!"
    ကံကောင်းထောက်မစွာ ဟွမ်မောင်၏တက်ကြွသောအသံသည် မွန်းကြပ်သောပတ်ဝန်းကျင်မှ ဖောက်ထွက်လာစေသည်။
    " ပလက်ဖောင်းကြီးကြပ်သူကအခုပဲကျွန်တော့်ဆီဖုန်းဆက်လာတယ် အကိုရဲ့ ဒေသကထိန်းမနိုင်အောင်ထိုးတက်..."
    ဟွမ်မောင်၏တက်ကြွနေသောအသံရုတ်တရက်ရပ်သွားကာ အံ့အား‌သင့်နေသောအော်သံတစ်ခုနောက်မှကပ်ပါလာသည် " လင်း ဆရာသခင်လင်းယွင်!"
    ဆရာသခင်လင်းယွင်အလိုအလျောက်ပင် စီးပွားရေဆန်ဆန်အပြုံးတစ်ခုကိုပေးလိုက်သည်။ အရင်ဘဝတွင် သူဟွမ်မောင်နှင့်‌ တွေ့‌ဆုံသောအခါ ထိုသူမှာ ပူဆွေးမှုတစ္ဆေဖ့စ်နေပြီဖြစ်သည်။ အခုဟွမ်မောင်အား လူပုံစံဖြင့်တွေ့လိုက်ရသည့်အခိုက် ဆရာသခင်လင်းယွင် အရမ်းကိုအံ့အားဆန်းကြယ်စရာကောင်းသည်ဟုခံစားမိသည်။ သူအသိပြန်မကပ်သေးမီ ဆုရှောင်းမီသည် ဟွမ်မောင်နောက်မှလိုက်ပါကာ သူအရှေ့မှလူကိုတွေ့သွားပြီး မျက်လုံးများမပြူးပဲမနေနိုင်ကာ ပိုကျယ်သောပင့်သက်ရှိုက်သံနှင့်အတူ " ဟုတ်တယ် တကယ်ကြီး ကြီးမြတ်တဲ့ဆရာသခင်လင်းယွင်ပဲ!"
    ပုံမှန်အားဖြင့်ဆိုလျှင်ဆရာသခင်လင်းယွင်အနေဖြင့် ပန်ဒါကြီးတစ်ကောင်ကဲ့သို့လူအများဝန်းရံကြည့်ရှုခံရခြင်းနှင့်နေသားကျနေသော်လည်း အရင်ဘဝမှမလည်မဝယ်အသင်းဖော်များ၏ လေးစားကြည်ညိုခြင်းကိုလက်ခံရသည့်ခံစားချက်မှာ အရမ်းကိုမိုက်တာပဲဟု ဝန်ခံရမည်။
    လင်းယွင်ထိုအချက်ကိုအကြာကြီးမခံစားလိုက်ရ ဝူရုန်သူနောက်မှရွေ့‌လျှင်ရွေ့သွားချင်း သူသတိပြန်ကပ်သွားသည်။ လင်းယွင်သူ့စိတ်နှလုံးတစ်ခုလုံးနှင့်ဝူရုန်အပေါ်အာရုံစိုက်ခြင်းနှင့်ကျင့်သားရနေသူသည် ဝူရုန်မှသူအားဖြတ်ကျော်သွားပြီးတချက်ပင်မတုန့်ဆိုင်းပြဖုချင်းရှိရာသို့သွားသည်ကို တွေ့လိုက်ရသည်။ အရင်ဘဝတွင် တစ်ဦးနှင့်တစ်ဦးအသေအကြေတိုက်ခိုက်ကြသည့် ရန်သူများဖြစ်ကြ‌ သော အမှန်တရား ဘက်တော်သားတို့၏ခေါင်းဆောင်နှင့်  စွမ်းအားအကြီးဆုံးတစ္ဆေတို့မှာ အတူတကွငြိမ်းချမ်း၍ သဟဇာတညီမျှ စွာမက်တပ်ရပ်နေကြသည်။
   ထိုမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည့်မြင်ကွင်းမှာ လင်းယွင်လုံးဝစိတ်ကူးမယဉ်ခဲ့သောမြင်ကွင်းကိုဖော်ဆောင်လာသလို။ ဗီလိန်ဘောစ့်မှ စစ်မှန်သောသူရဲကောင်း၏လက်ကိုကိုင်ကာ သူ့ညီ‌ငယ်များရှေ့လျှောက်လာပြီး "ငါတို့အတူရှိနေပြီ"ဟုပြောလိုက်သည်နှင့်တူညီလုနီးပါပင်။ ဝူရုန်နှင့်ဖုချင်းကြား လက်တစ်ကမ်းစာအကွာအဝေးကိုကြည့်ရင်း ဆရာသခင်လင်းယွင်သူနားအားနာကျင်စွာကုတ်လိုက်ရင်း ထိတ်လန့်နေသည် ဆက်တိုက်ဆိုသလိုလည်း ထိုသူနှစ်ဦးနောက်ခဏအတွက်အသေအကြေတိုက်ခိုက်တော့မည်ဟုခံစားနေရပြီး မမြင်နိုင်သောလက်ကြီးများဖန်တီး‌၍ထိုသူနှစ်ဦးအားချက်ချင်းအဝေးသို့ခွဲထုတ်ပစ်နိုင်ရန်လည်း‌ဆန္ဒရှိနေသည်။
    ဖုချင်းသူ့လက်အား ဝူရုန်ပုခုံးပေါ်တင်လိုက်သည်အားတွေ့လိုက်ရသောအခါ သူဓားအိမ်ထဲမှဓားထုတ်မိလုနီးပါပင်။ ဖုချင်း၏လက်ကဝူရုန်လည်ပင်နောက်သို့ ကြင်နာစွပွတ်သပ်လိုက်သည်အားတွေ့ရပြီးနောက်ဆရာသခင်လင်းယွင်သေဆုံးသွားတော့သည်။
   "ဝမ်းကွဲ ငါမှားမြင်မိတယ်လို့ထင်လား ဘာလို့ကြီးမြတ်တဲ့ဆရာသခင်လင်းယွင်ကအကိုရုန်ကိုအမြဲတမ်းစိုက်ကြည့်နေတယ်လို့ခံစားရတာလို့?"
    ဆရာသခင်လင်းယွင်အားသူကိုယ်ပိုင်မျက်လုံးနှင့်မြင်လိုက်ရသည့်ထိတ်လန့်အံ့အားသင့်မှုမှထွက်လာပြီး‌နောက် ဟွမ်မောင် သည် ဉာဏ်ထက်သောပိုင်ကုနားတိတ်တဆိတ်ကပ်သွားပြီးသူ၏မယုံကြည်နိုင်ဖြစ်စရာကိုပြန်ပြောပြနေသည်။
   သူသည်ဝူရုန်၏တိုက်ရိုက်လွှင့်ခန်းအားဂရုတစိုက်ကြည့်ထားရာ စာသားအားလုံးကိုတွေ့ထားသည်။ ကြီးမြတ်သောဆရာသခင်လင်းယွင်မှအကိုရုန်၏ပါရမီကိုသဘောကျသဖြင့် တပည့်အဖြစ်လက်ခံချင်နေတာဖြစ်နိုင်မလား?
   " အရိုးထဲကခံစားချက်ပဲ ဒါကအရိုးထဲကခံစားချက်ပြဖြစ်ရမယ်"
   စိတ်ကူးယဉ်နေသောအပြုံးတစ်ခုနှင့်အတူ ဆုရှောင်းမီ တီတိုး‌ ရေရွတ်သည် " ငါကြားဖူးတာတော့ တကယ့်ဆရာအစစ်အမှန်ဆိုတာ သူကိုယ်တိုင်ကိုယ်ကျ သွားရောက်ထိတွေ့စရာမလိုပဲ ပါရမီရှိမရှိသိနိုင်တယ်တဲ့။ အရမ်းကိုသာလွန်တာပဲ..."
    "ငါလည်းအာ့လိုပဲခံစားရတယ်"
    သူသဘောတူလိုက်သည့်တိုင် ဟွမ်မောင် မတက်သာစိတ်ပူနေမိသည်။ သူဝူရုန်နှင့်အတူယှဉ်ရပ်နေသောဖုချင်းအားကြည့်လိုက်ပြီးရုတ်တရက်သတိရသွားသည်။
   ဖုတောက်ကျန့် လုန်ဟူတောင်ဖုမိသားစုက မဟုတ်ဘူးလား? ဆရာသခင်လင်းယွင် ယွင်မိသားစု ခေါင်းဆောင်။ အကယ်၍ ဝူရုန်သာပါရမီရှိပြီ တာအိုဘုန်းကြီးဖြစ်သွားမယ်ဆိုရင် ဖုတောက်ကျန့်ကဘာလုပ်မလဲ?
    ထိုအကြောင်းကိုတွေးမိပြီးနောက် သူပိုင်နှင့်စကား သွားမပြောပဲမနေနိုင်ဖြစ်သွားသည်။ သူ၏ဗလုံးဗ‌ထွေးပြောကြားမှုများပြီးနောက် ပိုင်ကုပုံစံမှာ သူ့ဘဝအတွက်အရေးပါသောကိစ္စရပ်များအားတွေးတောနေသလို အလွန်လေးနက်နေသည်။ ထိုပုံစံသည်ဟွမ်မောင်အားတိတ်ဆိတ်သွားစေသည် သူ့အားနှောက်ယှက်မိမည်ကိုစိုးရိမ်သော်လည်း စပ်မစုပဲမနေနိုင်။
    "ဝမ်းကွဲ ဘာတွေတွေးနေတာလဲ?"
    သွားပြီ!!!
    ပထမဆုံးဆရာသခင်လင်းယွင်အားတွေ့လိုက်စဉ်ကပင် ပိုင်ကုစိတ်ထဲသတိပေးချက်များမြည်သွားခဲ့သည်။ သူတွင် လူများ၏စိတ်နှလုံးကိုဖောက်မြင်ပြီး ခန့်မှန်းနိုင်သောစွမ်းရည် မရှိ သို့သော် ဂေးများတွင်ဂေးအချင်းချင်းသိမြင်နိုင်သောရေဒါရှိသလို သူသည်လည်း သူ့လိုလူမျိုးအား များစွာလူများကြားထဲမှအလိုလျောက်သိစိတ်နှင့်သိနိုင်သည်။ ဆရာသခင်လင်းယွင်ပထမဆုံးပေါ်လာစဉ် ကပင် 'ပြန်လည်မွေးဖွားလာသူ' ဟူသော အသိပေးချက် ပိုင်ကုစိတ်ထဲပေါ်ပေါက်လာသည်။
   အထူးသဖြင့် ဆရာသခင်လင်းယွင်သည် အလွန်တရာအသားကျနေဟန်ဖြင့် ဝူရုန်နောက်မှ သတိဝိရိယရှိစွာလျှောက်လာသောအခါတွင်ဖြစ်သည်။ အခုကြည့်ရသည်မှာ သူသည် စိတ်ဝိဉာဉ်ခွေးပေါက်လေးအား သဘာဝကျကျပင်ချီထားသည်။ ပိုင်ကုဘယ်လိုလုပ်နားမလည်နိုင်ဖြစ်ရမည်နည်း?
   သူသည် ဝူရုန်အနားတွင် ဆုရှောင်းမီ ဟွမ်မောင်တို့ကဲ့သို့ မည်သို့အလုပ်ကြိုးစားရမည်ကိုမသိသောငါးဆားနှယ်များထက် အရည်ချင်းရှိသူများကို ရှိစေချင်ခဲ့သော်လည်း အရှိန်အဟုန်ဖြင့်ထိုးချနိုင်သော ပြီးပြည့်စုံနေ သော ဘော့စ်များကိုတော့မလိုလားခဲ့။
    အဆင့်မြင့်ဘော့စ်အားလူသစ်ဧရိယာ၌ အပြတ်သတ်ရှုံးနိမ်သွားခြင်းနှင့် မကွားခြားလှပေ။
   ဝူရုန်၏အလွယ်တကူမယုံကြည်တက်သောသဘောထားအားထည့်သွင်းစဉ်းစားမည်ဆိုပါက စွမ်းအားကြီးသူတစ်ယောက်ဖြစ်သောလင်းယွင်အား ချက်ချင်းယုံလိမ့်မည်မဟုတတ်။ ထိုနေရာ၌ မတ်တပ်ရပ်နေခြင်းကပင် ပိုင်ကုအား စိတ်ပိုင်းဆိုင်ရာအရိပ်မည်းကြီး ထင်ကျန်စေလေသည်။
   စိတ်အေးအေးထား စိတ်အေးအေးထား။
   ပိုင်ကုဟွမ်မောင်လက်ထဲမှမြွေပါလေးအားယူလိုက်ပြီး အမွှေးများအားပွတ်သပ်ပေးနေကာ အတွေးထဲနစ်မြောနေသည်။
   သူ‌ပြန်လည်မွေးဖွားလာစဉ်က သူစိတ်ထဲအတွေးများစွာရှိခဲ့သည်။ အကယ်၍ သူဝူရုန်ကိုသာမမျှော်လင့်ပဲ မတွေ့ခဲ့ပါက သူအတွေးအား ထိုမျှမြန်မြန်ပြောင်းလဲခဲ့မည်မဟုတ်။ ဆရာသခင်လင်းယွင်ကဲ့သို့ ဂုဏ်ရှိန်ကြီးသောလူတစ်ယောက်အားဆွဲဆောင် နိုင် သည့်အချက်မှ ထင်သလောက် မလွယ်ကူ။သူ(LY)သည်အရင်ဘဝ၌ဝူရုန်၏လက်ပါးစေဖြစ်ခဲ့လျှင်တောင် ထိုအချိန်ကဝူရုန်သည်အမြင့်ဆုံးနေရာတွင်ရှိခဲ့သည့်အချိန်ဖြစ်သည်။ အခုဝူရုန်သည် စတင်ကာဖြစ်ကာ သူ့အဖွဲ့ထဲ ကြောင်ပေါက်တစ်ကောင်နှစ်ကောင်သာရှိသည်။ သူ့ကိုယ်သူတခြားသူဆီတွန်းပို့ပြီးနောက်မှာတော့ ပိုင်ကုသူ့ကိုယ်ပိုင်ဖိနပ်နှင့်ဘာလုပ်ရမည်မသိတော့။ (တခြားသူ၏အတွေးများနှင့်လုပ်ကိုင်ပြီးနောက် ကိုယ်ပိုင် အတွေးအမြင်နှင့်မလုပ်နိုင်)
   အကယ်၍သူသာ ဆရာသခင်လင်းယွင်ကဲ့သို့ သူရှေ့တွင်မရေမတွက်နိုင်သောဘဝလမ်းကြောင်းများရှိခဲ့လျှင် ၊ ဝူရုန်၏အသင်းလိုကားအပျက်လေးအပေါ်ဝင်ရောက်ရန်မဆိုထားနှင့် အရင်လမ်းဟောင်းကိုပင်လျှောက်ရန်မလိုပေ။  ဝူရုန်နှင့် မိတ်ဖွဲ့ထားပြီး အရင်စူးစမ်းမည် နောက်မှ လိုအပ်သည့်အခါ သစ္စာရှိမှုကိုပြသလိုခြင်းလည်း ဖြစ်နိုင်သည်။
   အခုစိတ်ပူစရာမလိုသေးဘူး။
   "မင်းက ...သူဝမ်းကွဲ?"
   နွေဦးလေပြေခဲ့သို့အသံတစ်ခုညင်သာစွာထွက်ပေါ်လာသည့်အခါ နူတ်ခမ်းထောင့်မှအပြုံးတစ်ခုနှင့်အတယ ပိုင်ကုစိတ်လူပ်ရှားစွာခေါင်းမော့လိုက်သည်။ သူစကားရဆိုရသေးမီ ဆရာသခင်လင်းယွင်သည် စူးစိမ်းလိုသောအကြည့်ပါသည့် အပြုံးတစ်ခု နှင့်အတူသူ့ရှေ့ရပ်နေသည်ကိုတွေ့လိုက်ရသည်။
   "ဟုတ်ကဲ့ ကျွန်တော်ပိုင်ကုပါ"
    တူညီစွာညင်သာနေသောအပြုံးနှစ်ခုဆုံတွေ့လိုက်သည့်အခါ ပိုင်ကုရှုံးနိမ့်သွားသည့်ခံစားချက်မှလွဲ၍ဘာမျှမခံစားရ။
   အဆုံးတွင်တော့ ထိုလူမှာ ကြီးမြတ်သောဆရာသခင်လင်းယွင်ဖြစ်သည်!!!
   "ပိုင်ကု အမည်ကောင်းလေးပဲ"
   ဝူရုန်နှင့် ဖုချင်းတို့ဆီမှ လှုံဆော်ခံလိုက်ရသည့် ဆရာသခင်လင်းယွင်သည် သူမျက်လုံးများစိတ်သက်သာရာရရန် သူ့အရင်ဘဝမှ အသိဟောင်းအဆွေဟောင်းများနှင့် အချိန်မီစကားပြောရန်ရှာလိုက်သည်။ ဟွမ်မောင်နှင့် ဆုရှောင်းမီတို့၏ချစ်ခင်နှစ်‌သက်သောအကြည့်များအောက်ဆရာသခင်လင်းယွင်ကြင်နာစွာပြုံးပြလျက်ရှိသည်။ဆရာသခင်လင်းယွင်အတွက် သူ့ အရင်ဘဝ၌ အမြဲလိုလိုပြဿနာရှာနေတက်သူဟွမ်မောင်  ခန့်မှန်း၍မရသောစိတ်အခြေနဲ့အမြဲလိုလို သွေးနှင့်အလောင်းပင်လယ်ဝေ‌စေသည့်ဆုရှောင်းမီ  ထိုသူတို့ပြုလုပ်သမျှပြဿနာတို့အားလိုက်လံရှင်း‌ ပေးရသည့်တိုင် တို့နှစ်ဦးလုံးမှာ အနည်းငယ်မျှမျက်စိ ပဒသာ ရှိသေးသည်။
   သို့သော်ထိုသူများကြား ဆရာသခင်လင်းယွင်အား စူးစမ်ချင်စိတ်အဖြစ်စေဆုံးမှာ ပိုင်ကုဖြစ်သည်။
   တစ္ဆေဘုရင်ဝူရုန်ရဲ့ဝမ်းကွဲ ဘာလိုများသူနဲ့ပတ်သတ်ပြီးသူ့မှာ မည်သည့်အသိအမြင်သက်ရောက်မှုမှမရှိရတာလဲ?
   ဝူရုန်နှင့်ပတ်သတ်သမျှအချက်လတ်များအား ပင်က်ိုယ်စိတ်အလိုရ အလိုလျောက်မှတ်တမ်းယူတက်သောဆရာသခင်လင်းယွင် သည် ခဏမျှစူးစမ်းစွာအပြန်အလှန်ပြောပြီးနောက် အချက်လတ်များနိူက်ယူနိုင်ခဲ့သည် " ဝူရုန်သည် ဝူမိသား၏မျိုးဆက်ဖြစ်သည် " "သူသည် မတော်တဆဖြစ်ကာ ချောက်ကမ်းပါးထဲ‌ပြုတ်ကျခဲ့သည်" "ဆုရှောင်းမီနှင့်တွေ့ဆုံခဲ့သည့်အကြောင်းအကျိုးများ "စသည်ဖြင့်ဖြစ်သည်။ သူကျေနပ်သွားပြီးနောက် ခဏမျှတပ်ဆုတ်လိုက်သည်။
    ဒါပေါ့ သူသည် မြေခွေးလေးပိုင်ကု၌ လျှို့ဝှက်ချက်များစွာရှိသည်ကိုသိလိုက်သော်လည်း အလျင်လိုမနေ။
    ရှေ့ဆက်ရမည့်နေ့ရက်များရှည်လျားစွာရှိနေဆဲဖြစ်သည်။ ဟွမ်မောင်မဆိုထားနှင့် အရည်ချင်းများရှိထားသောဆုရှောင်းမီသည် သူ မသေသေးသရွေ့ တိုးတက်မည့်အခွင့်လမ်းများရှိနေကာ ရှေ့ဆက်ရမည့်လမ်းစဉ်တို့သည် သူ့အရင်ဘဝလောက်မဆိုးနိုင်လှ။ အရာအားလုံးအားဂရုစိုက်ခဲ့‌ရသည်ဆရာသခင်လင်းယွင်တစ်ယောက် သူ့၏"သား"များအတွက် စတင် အစီစဉ်နေပြီဖြစ်သည်။ သူ့အရင်ဘဝတွက်မတွေ့ခဲ့ဖူးသည့်ဝမ်းကွဲဆိုသူအတွက်ကတော့ ထိုသူမှာအရင်ဘဝ၌စောစီးစွာသေသွားသူဖြစ်၍ မတွေ့ဖူးခြင်းဖြစ်ရမည်ဟုတွေးလိုက်သည်။ ဤဘဝတွင် သူသည် ဝူရုန်ပေါင်အားအချိန်စောစွာဖက်တွယ်ထား၍ သူ့ရာထူးအား‌အခြေခိုင်ချင်ပုံရသည်။
    ဆရာသခင်လင်းယွင်အနေဖြင့် ဟွမ်မောင် ဆုရှောင်းမီနှင့်ထိုဝမ်းကွဲဆိုသူတို့သည် ဝူရုန်နှင့်တနည်းတဖုံစာချုပ်ချုပ်ထားမည်ကို စူးစမ်းစရာမလိုပဲသိနိုင်သည် ထို့သိုမဟုတ်လျှင် ဝူရုန်ကဲ့သို့သံသယကြီးတက်သူသည် သူနှင့်အတူ ထိုသူတို့အား လုံးဝခေါ်သွားလိမ့်မည်မဟုတ်။
    ဝမ်းကွဲဆိုသူ၏အနည်းငယ်ရန်လိုနေခြင်းအတွက်ကတော့ ဆရာသခင်လင်းယွင်သည်လွန်စွာစိတ်သဘောထားကြီးထားပေးသည်။
    ကလေးတစ်ယောက်နှင့်ဘာလို့ရန်ဖြစ်နေရမှာလဲ?
   ဤကဲ့သို့သေးငယ်လှသည့်အဖွဲ့တွင်းယှဉ်ပြိုင်ခြင်းကဘာများဖြစ်မှာမို့လဲ? အကယ်၍ဝမ်းကွဲသာ အပြာရောင်လျှို့ဝှက်ကြာပန်းအသင်း‌တော်ဌာနတစ်ခုလုံးဝူရုန်ပိုင်ဆိုင်မှုအောက်ရောက်သွားပြီးနေပြီဖြစ်ကာ အပြင်ဘက်တွင် ဟုန်ရှို့မှာ ဝူရုန်အတွက် တ‌စ္ဆေပိုင်နက်ပေါ်တွင် နန်းတော်တစ်ခုစတင်တည်ဆောက်ပေးနေပြီးသိလျှင် သူ သူ့ဘဝကိုသံသယဝင်သွားလောက်သည်။
   ဆရာသခင်လင်းယွင်အလျင်လိုမနေ။ အခုချိန်ထိဝူရုန်ဆုတ်ကိုင်မမိသေးသည့်အဆက်သွယ်များစွာရှိသေးသည်။ အချိန်ရောက်သည်နှင့် သူအတိုဆုံးနည်းနှင့်တိုက်ရိုက်ဝိဉာဉ်စာချုပ်ချုပ်လိုက်ရင်ရော...ထိုသို့‌ သောယုံကြည်ချက်မျိုးမှ ခိုင်မာမည်မဟုတ်ပါလော?
    'သခင်'ဟူသောစကားလုံးအတွက်တော့ ဟုတ်ပါသည် ဆရာသခင်လင်းယွင်သည် ဝူရုန်တိုက်ရိုက်ထုတ်လွှင့်နေသည်ကိုသိသဖြင့် နူတ်ခမ်းဖတ်သည့်နည်းလမ်းကိုသုံးခဲ့သည်။ ထိုအပိုင်အားသူ့ဆံပင်နှင့်ကာစည်းထားသည့်တိုင် တိုက်ရိုက်လွှင့်စက္ကူအရုပ်လေးမှမှတ်တမ်းတင်ထားခဲ့သည်။ အကယ်၍ အရမ်းကိုဂရုတစိုက်ကြည့်တက်သည့်စုံထောက်တစ်ယောက်မှ ဗီဒီယိုအားတလက်မခြင်းစီစစ်သုံးသပ်မည်ဆိုပါက ထိုအချက်ကိုသိမြင်နိုင်မည်ဖြစ်သည်။ ထိုအရာအားလုံးကိုဆရာသခင်လင်းယွင်မျှော်မှန်းထားပြီးဖြစ်သည် ပါးစပ်တစ်ခု၏ပုံစံအားနည်းလမ်းများစွာဖြင့်အဓိပ္ပါယ်ကောက်လိုက်နိုင်သည့်တိုင် သူသည် ထိုအကြောင်းအား ဖြေရှင်းရန်ကိုယ်တိုင်ကိုယ်ကျဝူရုန်ကိုပေးလိုက်ပြီဖြစ်သည်။
    လက်ရှိအနေထားအရ ရာထူအခြေနေကွာခြားချက်ကြောင့်သာမဟုတ်လျှင် ထိုကိစ္စမှာအရမ်းတော့ပြဿနာများမနေ။
    ဆရာသခင်လင်းယွင်သက်ပြင်းချလိုက်သည်။
   ဝူရုန်သည် သူတို့ကိုတွေ့သည်နှင့်ရွှေပေါင်လုံးအားဖတ်ချင်‌သောသူများနှင့်ကွာခြားသည်။ ရာထူးအဆင့်တန်းမြင့်လေ စွမ်းအားခွန်းအားမြင့်လေဖြစ်ပြီး သူပိုပြီးသတိထားလေဖြစ်ရာ ဆရာသခင်လင်းယွင်၏အညံ့ခံရေးအရှုံးပေးချင်သောလမ်းစဉ်အား မရေမတွက်နိုင်သောအတားအဆီးများစွာဖြစ်စေသည်။
   ကံမကောင်းစွာနှင့် ချွန်ယန်ကျစ်နှင့် ဝူရုန်တို့ပထမဆုံးတွေ့ဆုံစဉ်၌ နှစ်ဦးလုံးသည်ဆင်းရဲမွဲတေနေပုံရသည်။ အကယ်၍ သူသာ ဖုမိသားစုထံမှအသိမှတ်ရပြီး မမျှော်မှန်းနိုင်ကြီးမားသောစွမ်းအားရာထူတို့အားရပြီးမှဝူရုန်နှင့်တွေ့ခဲ့လျှင် သူသည်လည်း ဆရာသခင်လင်းယွင်ကဲ့သို့တူညီစွာအညှာတာမဲ့ဆက်ဆံမှုမျိုးကိုခံစားရမည်ဖြစ်သည်။
   လူတစ်ယောက်အားတခြားတစ်ယောက်နှင့်နှိုင်းယှဉ်ရသည်မှာအလွန်စိတ်အနှောက်ယှက်ဖြစ်စေသည်။
   ဆရာသခင်လင်းယွင် ဝူရုန်နောက်တွင်ရပ်ရန်ယုံကြည်ချက်မျိုးအားမရလိုက်သည့်အတွက် သူ့ကိုယ်သူဝူရုန်နောက်လိုက်နေခြင်းကိုရပ်တန်လိုက်သည်။ ဒါအပြင် ဝူရုန်နှင့်ဖုချင်းနီးကပ်စွာရပ်နေခြင်းအားရှည်ကြာစွာကြည့်နေရန်မတက်နိုင် သူနှစ်အနည်းငယ်လောက်ပိုအသက်ရှင်နေချင်သေးသည်။
   ဝူရုန်နှင့်ဖုချင်းတို့၏ရင်းနှီးသောဆက်ဆံရေးအားတခြားသူများတွေ့သည့်အခါမည်သို့ဖြစ်မည်ကိုသိချင်မိသည် သူတို့ဘဝကို သူတို့သံသဝင်လောက်မလား?
   ဆရာသခင်လင်းယွင်စိတ်နှလုံးထဲမှ နတ်ဆိုးလေးတစ်ကောင်ပျော်ရွှင်စွာရယ်မောနေသည် သူတစ်ယောက်တည်းထိတ်လန့်ကြောက်ရွံမနေချင်တော့။
    အာပေါင်၏နစ်နာဟန်မကျေနပ်ဖြစ်နေမှုနှင့်ပြန်လာချင်‌သည်ကိုခံစားရသည့်အတွက် ဆရာသခင်လင်းယွင်သူ့စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဝိဉာဉ်ခွေးလေးအားဝူရုန်ခြေထောက်တွင်ဆက်လက်ကပ်တွယ်ထားစေသည်။ သူသည်အရင်ဘဝထဲက သူ၏ကြွယ်ဝချမ်းသာမှုအတွက် သူ၏ခွေးကိုရောင်းချခြင်းနည်းလမ်းမျိုးနှင့်အသားကျနေပြီဖြစ်ရာ ဤဘဝတွင်လည်း ထိုစီးပွားရေးဟောင်းဆီပြန်သွားဖိုတွန့်ဆုတ်မနေ။ အဆုံးတွင်တော့ဝူရုန်သာ်ခွေးများကိုသဘောကျရာ သူ၏ကံကြမ္မာသည်လည်ခွေးများနှင့် ဆက်စပ်နေသည်မှာသံသယဝင်နေစရာမလိုပေ။ ဆရာသခင်လင်းယွင်အချက်ကိုသိနေသဖြင့် စိတ်ထဲထားမနေတော့။
    အားပေါင်ရေ မင်းကိုပဲယုံကြည် ထားလိုက်တော့မယ်!
   စိတ်ပိုင်းဆိုင်ရာတည်ဆောက်မှုကောင်းစွာပြင်ဆင်ပြီးနောက် ဝူရုန်နှင့်ဖုချင်းစကားပြောနေသည်ကိုကြည့်လိုက်ပြီး ရှားရှားပါးပါးဆရာသခင်လင်းယွင် ရှုတ်ထွေးသောခံစားချက်များနှင့်မိန်းမောတွေဝေနေတော့သည်။
    ဒါကတကယ်ကြီးပြောင်းလဲသွားတာပဲ။ ဒီဘဝမှာအများကြီးကွဲပြားခြားနားသွားတာပဲ။
    ကျိန်းသေပေါက်ကံကြမ္မာကလည်းကွဲပြားသွားမှာ။
    ဆရာသခင်လင်းယွင်ဘဝအကြောင်းတွေးနေသလိုပိုင်ကုသည်လည်းဘဝအကြောင်းတွေးနေသည်။
    ဘာလို့များဆရာသခင်လင်းယွင်က အရမ်းကိုကျွမ်းကျင်‌မှုရှိနေရတာလဲ?
    ကိုယ့်တိုင်ကိုယ်ကျအသိတရားနှင့်အဖွဲ့တစ်ခုဖန်တီးထားခြင်းမှာ စိတ်ကူးယဉ်ထင်ယောင်ထင်မှားဖြစ်နေခြင်းဖြစ်ရမည်။
   ကြီးမြတ်သောဆရာသခင်လင်းယွင်နှင့်သူစကားပြောသည့်အခါ သူသည် အဓိကဇနီးအား အခန်းအပြင်တွင် တွေ့လိုက်ရသည့်အမြှောင်မိန်းမကဲ့သို့ ဘာကြောင့်များ ယုံကြည်ချက်မရှိ ရှက်ရွံနေသည်ဟုခံစားနေရပါသနည်း?
    သူသည် ပထမဆုံးရောက်ရှိသူဖြစ်သည် သူကိုယ်တိုင်ကိုယ်ကျလက်ပါးစေလုပ်သလို ဝူရုန်သွေးအားသောက်ပြီး ပထမဆုံးရောက်လာသူတစ်ဦးဖြစ်သည်!
    " အားလုံးပဲ ဂီတပွဲကစတင်‌ပါတော့မယ်"
___
2:02pm, Fri,26.1.24.
W-3251words
Weiterlesen
Das wird dir gefallen
326K 8.8K 65
Alexander and Sophie's marriage was already shaky. The romance was gone, they had started moving in different directions and she felt stuck. After a...
2.6K 53 37
19.4K 3.2K 34
MM Translation Unicode and Zawgyi are available. Update: 3 parts per week (Tue, thus, sat)
247K 2.9K 150
I'm going to try my best to represent them but I hope you like it