|| Unicode||
အပေါ်ဘက်ဆီမှလာနေသောကြောက်မက်ဖွယ်အရှိန်ဝါကြောင့် ဒူးတစ်ဖက်ဖြင့်ဒူးထောက်နေသောငယ်သားမှာ တုန်ယင်နေပြီး အကြောက်တရားကြောင့် မြေပေါ်မှောက်ကျလုနီးပါပင်။သူအကောင်းဆုံးကြိုးစားပြီးအသံကိုငြိမ်အောင်ထိန်းချင်သော်လည်း တာဝန်အကြောင်းအစီရင်ခံခဲ့သော ထိုသူမှာ ဖေးချန်ကြောင့် သွေးအိုင်အဖြစ်သို့ပြောင်းသွားပြီဖြစ်သည်။
" မင်းသူ့ကိုသင်ခန်းစာပေးချင်နေတာလား?"
အဆုံးမှာတော့ ဝူရုန်၏ငယ်သားများက လူအိုကြီးယန် စောင့်ရှောက်သူသျှန့်နှင့် တခြားသူများအားသတ်ဖြတ်ပြီးသည်ဖြစ်၍ သူ၏ခွန်အားအား ဘုရင်ဖေးရှေ့ချပြရန်လုံလောက်ပြီဖြစ်သည်။ အရင်ကသူ၏အတွေ့ကြုံနှင့်ခွန်အားများအပါဝင်ဖြစ်သည်။ လျှို့ဝှက်ကြာပန်းအသင်းတော်၏စည်းမျဉ်းဖြစ်စေ ဝူရုန်ကိုယ်တိုင်၏ခွန်အားဖြစ်စေ နှစ်မျိုးလုံးသည် ဘုရင်ဖေး၏ သိလိုစိတ်ကိုလှုံဆော်ပေးနေသည်။
"မင်းဘယ်သူလို့ ပြောလိုက်တယ်...?"
အမျိုးသား၏အသံနက်ထဲမှ ပျော်ရွှင်မှုနှင့်ဒေါသမှာခွဲခြားမရစွာပါရှိနေပြီး စွမ်းအားအပြည့်နှင့်ဖိနိုပ်နိုင်သောအားတစ်ရပ်ပါဝင်နေကာ လူများကိုကြောက်ရွံစေသည်။ အခြေနေအရပ်ရပ်အားအစီရင်ခံနေသောဘေးနှစ်ဖက်ရှိငယ်သားအားလုံးမြေပေါ်သို့တိုက်ရိုက်ပြိုလဲကုန်ကာကြောက်ရွံမှုဖြင့်မွန်းကြပ်နေတော့သည်။ သွားပြီး ဘုရင်ဖေးကဘာကြောင့်အရမ်းစိတ်ဆိုးနေတာလဲ? ဝူရုန်ကဖိတ်ကြားချက်ကိုငြင်းဆန်ရဲလို့များလား? ငယ်သားသည်ယနေ့သူကံမကောင်းဟုခံစားလိုက်ရပြီး သွားများပင်အချင်းချင်းရိုက်နေကာ သူ၏အသံမှာပို၍ပို၍ တုန်ယင်လာသည်:
"ဝူ ဝူရုန်..."
ဘုန်းး
အသံကျယ်နှင့်အတူ ထိုငယ်သားသည် အဝတ်စုတ်အရုပ်တစ်ခုကဲ့သို့နံရံအားအားနှင့်သွားစောင့်တော့သည်။ သွေးများစိုရွဲနေကာ ပြုတ်ကျပြီးမေ့မြောသွားတော့သည်။ တခြားသူများသည်လည်းအလွန်ကြောက်လန့်လာပြီး မြေပေါ်ဒူးထောက်နေကာ အသံတစုံတရာမထွက်ရဲကြပေ။ ဝူရုန်ကဓမ္မဘုရင်ဖေးချန်ကိုဘယ်လိုများ ရန်စလိုက်ပါလိမ့်? သူကဖိတ်ကြားချက်ကိုငြင်းပယ်လိုက် လို့များ သူက သေနတ်ပြောင်းဝနဲ့ရင်ဆိုင်ရတာများလား? သူကအရမ်းကို ငယ်ရွယ်ဖြတ်လက်လွန်းတယ်လို့ထင်ရပေမယ့် ကြည့်ရတာ အလျော့အတင်းလုပ်သင့်တဲ့သဘောကိုမသိဘူးထင်တယ်။ ဓမ္မဘုရင်ဖေးကိုစိတ်ဆိုးအောင်လုပ်ပြီး မှတော့ ကောင်းတဲ့အရာတွေရနိုင်ဦးပါ့မလား?
ဓမ္မဘုရင်ဖေး၏ လက်ထဲကျရောက်သူမှန်သမျှသည် အလွန်ဆိုးဝါးစွာအဆုံးသတ်သွားသည်ဖြစ်သည်။
"ဓမ္မဘုရင်ဖေးကို နူတ်ခွန်းဆက်ပါတယ်"
အနီအနက် ခရစ်ယာန်ဘုန်းကြီးဝတ်ရုံရှည်များနှင့် ဘုန်းကြီးသုံးပါးဝင်လာပြီးရှေ့ဆုံးမှတစ်ယောက်သည် ကြင်နာကာခင်မင်ရင်းနှီးဖွယ်ကောင်းသည့်ပုံပေါ်သည်။ ဘယ်နောက်ခြမ်းမှတစ်ယောင်သည် ခါးတုတ်တုတ်ကိုယ်လုံးလုံးနှင့်အသားပြည့်နေကာလည်ပင်းတွင်လူရိုးများကိုဆွဲကြိုးသဖွယ်ဆွဲထားပြီး မျက်ခုံးများသည်ပြောင်တင်းနေသည်။ ညနောက်ခြမ်းနားရှိသူကတော့ ပိန်ပါးကာနာမကျန်းသည့်ပုံရှိပြီးအရိုးတစ်ချောင်းနှင့်ပင်တူကာဘသူ၏မျက်နှာသွင်ပြင်တို့သည်လည်းပုံစံမကျစွာရွဲ့စောင်းနေသဖြင့် လွန်စွာမှာကြောက်စရာကောင်းစေသည်။ သူတို့အားလုံးသည်ကျောက်စိမ်းသလွန်အောက်မှ သံဘုန်းကြီးများဖြစ်ပြီး နံရံတွင်နစ်မြုပ်နေသော မသေမရှင်ဖြစ်နေသည်၏သူတို့၏အပေါင်းအပါးများအားဖြတ်ကျော်သွားသည့်အခိုက်တချက်ပင်မျက်မှောင်မကြုတ်သွားခဲ့ပေ။
"ဓမ္မဘုရင်ဖေးရဲ့ခွန်အားအဆင့်တိုးလာတဲ့အတွက်ဂုဏ်ပြုပါတယ်"
ခေါင်းဆောင်ဘုန်းကြီးအိုသည်သူလက်များအတူတကွဆုပ်ကိုင်လျက်အပြုံးဖြင့် အောဖိတောဖောဟုဆိုကာ " ဒါကနို့နံ့မစင်သေးတဲ့ကလေးသာသာပါ ဓမ္မဘုရင်ဖေးအနေနဲ့အမိန့်ပေးပြီး တစုံတယောက်ကိုသူကိုဖြေရှင်းဖို့လွတ်လိုက်ရုံပဲ စိတ်မဆိုးပါနဲဘ အာ့ဒီဝူရုန်..."
ဘုန်း
နောက်ထပ်အသံကျယ်ကြီးနှင့်အတူ သံဘုန်းကြီးသုံးဦးမှာ လက်အောက်ငယ်သား၏ဘေးတွင်နစ်မြုပ်ခံလိုက်ရသည်။ အဝဆုံးသံဘုန်းကြီးသည် အတွင်းဒဏ်ရာကိုခံစားလိုက်ရသဖြင့် ချက်ချင်းပင်သွေးတစ်ပွက်အန်တော့သည်။ အသက်ကြီးဆုံးဘုန်းကြီးသည်အင်အားအကောင်းဆုံးဖြစ်သော်လည်း သူ၏ချိုင့်ဝင်သွားသောနံရိုးများမှချက်ချင်း ပြန်ကောင်းအောင်လုပ်နိုင်သည့်တိုင် သူမဝံ့ရဲ။ အင်အားကြီးလွန်းတယ်။ ဓမ္မဘုရင်ဖေးသည်ထပ်မံအားကောင်းလာပြီး သူ၏စိတ်ခံစားချက်များသည်ပိုပို၍နားလည်ရခက်လာသည်။ ဘုန်းကြီးအိုမှာစိတ်ရူပ်ထွေးပြီးအံ့အားသင့်နေကာ အခုသူပြောလိုက်သည့်အထဲမည်သည့်အကြောင်းကဓမ္မဘုရင်ဖေး၏ဒေါသကိုဆွမည့်သွားသည်အားမတွေးတက်တော့။
"သူရဲ့နာမည်ကို ဘယ်လိုများခေါ်ရဲရတာလဲ?"
အန္တရယ်အငွေ့သက်များနှင့်အေးစက်သောအသံထွက်ပေါ်လာပြီး ငရဲမှနတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ ထိတ်လန့်ကာကြောက်မက်ဖွယ်ကောင်းသည်။ ဓမ္မဘုရင်ဖေးသည်သူလက်အားနောက်ပြစ်ထားလိုက်ပြီး တစုံတယောက်အား အကြမ်းဖျင်းရွေးချယ်လိုက်အားဝူရုန်အကြောင်းအသေးစိတ်အားပြောပြစေလိုက်သည်။နားထောင်လေသူမျက်နှာမှုန်မိူင်းလာလေဖြစ်ပြီး အဆုံးတွင်တော့မျက်နှာမှာအလွန်တရာအေးစက်လာပြီး တစုံတယောက်အားအစိမ်းလိုက်ဝါးစားချင်နေပုံပေါ်လေသည်။
"ဒါကမင်းတို့သူကို ဖိတ်ကြားလိုက်တဲ့ပုံစံပေါ့လေ?"
ဓမ္မဘုရင်ဖေးသည်အလွန်မကျေမနပ်ဖြစ်ကာအေးစက်စက်နှာမူတ်လိုက်ပြိးနောက် သူမျက်လုံးများမှာ သွေးလိုနီရဲနေပြီး ထိုလူ၏မလည်ပင်းအားညှစ်ထားကာ ကတိုက်ကရိုက်ဖြင့် " ငါတောင်မှသူကိုတွေ့ဖို့မထိုက်တန်သေးတာ မင်းကဘယ်လိုများရဲတင်းရတာလဲ ဘယ်လိုတောင်ရဲတင်းရတာလဲ__"
"Humph!"
အားကောင်းလွန်ပြီး ပြင်းထန်ရက်စက်သောစွမ်းအားမှာအခန်းတစ်ခုလုံးပျံ့နှံ့သွားပြီး ရှိနေသူအားလုံး မြေပေါ်ဒူးထောက်ကျကာ သွေးအန်လေတော့သည်။ ဓမ္မဘုရင်ဖေး၏မျက်မှာအေးစက်နေပြိး သူ့ဝတ်ရုံအားခါလိုက်ကာ ဖြတ်ကျော်သွား၍ သူ၏ခန့်ညားကာအေးစက်သောအသံမှခန်းမထဲပဲ့တင်ကျန်ခဲ့တော့သည်။
"ငါကိုယ်တိုင်ကိုယ်ကျသူ့ကိုသွားဖိတ်မယ်"
သူထွက်သွားပြီးအခန်းထဲတိတ်ဆိတ်မှုသာချန်ခဲ့သည်။ သံဘုန်ကြီးသုံးယောက်သည်နံရံပေါ်မှဆင်းလာခဲ့ပြီး သူတို့၏အမူယာတို့မှာ လွန်စွာအံ့အားသင့်နေလေသည်။ ဝူရုန်ရဲ့သရုပ်မှန်အစစ်ကဘာမို့လို့ မောက်မာလှတဲ့ဓမ္မဘုရင်ဖေးတောင်သူနဲ့မထိုက်တန်ဘူးလို့ပြောထွက်လာရတာပါလိမ့်? !
" ဆရာဖန် မင်းပြော..."
ပိန်ခြောက်နေသောဘုန်ကြီးသည်သူ့မျက်လုံးများလှိမ့်လိုက်ရင်း စကားပြောဖို့ရန်တုန့်ဆုတ်နေသည်။
"အာ့ဒီဝူဆိုတဲ့တစ်ယောက် သူမှာ ဘာစွမ်းရည်တွေရှိလို့ ဓမ္မဘုရင်ဖေးကသူ့ကိုအရမ်းအလေးနက်ထားရတာလဲ?"
ဝတုတ်ဘုန်းကြီး၏နားအူးမတက်ခေါင်းလောင်းထိုးသံထွက်လာသည် " သူကအထက်ကစေလွှတ်လိုက်တဲ့တစ်ယောက်တော့မဟုတ်ပါဘူးနော်?"
"ဓမ္မဘုရင်ဖေးကသွေးကန်ထဲလေ့ကျင်ပြီးတဲ့အချိန်တိုင်းခဏလောက်ထူဆန်းနေတက်တယ်"
ဘုန်းကြီးအိုမှာတွေးဆဆနှင့်အေးဆေးစွာပြောသည် " ဒီနေ့ညက ကျိုးကျင်ရဲ့ပွဲပဲ အာ့တစ်ယောက်ကလည်း ခွေးအိုးကြီးကျိုးရှင်းဟုန်ဖိတ်ထားတဲ့တစ်ယောက်"
" ဘုရင်က ကျိုးမိသားစုနဲ့တွေ့ရဖို့အကြောင်းရှာတာဖြစ်နိုင်မလား?"
ပိန်းခြောက်နေသောဘုန်းကြီးသည်မယုံသင်္ကာဖြင့် " ဒါပေမယ့် သူဆက်ဆံပုံက..."
"ဒီညထိစောင့်လိုက်ဦး"
ဘုန်းကြီးအိုသည်မျက်လုံးမျက်ကျဉ်းမြောင်းလိုက်ကာ သူမျက်လုံးများသည်သံသယဖြစ်နေပြီး အသံမှာတည်ငြိမ်နေသည်" ဒီညကျသိရမှာပေါ့"
___
"အကိုရုန် လျှို့ဝှက်ကြာပန်းအသင်းတော်က ဒီညလူပ်ရှားမယ်လို့ထင်လား?"
5:30တွင် ကျိုးမိသားစုမှ ဗီလာဆီသို့လာရောက်ကာ သူတို့အားကြိုသွားလေသည်။ သူတို့စားပွဲမှာလည်း ကျိုးမိသားစုကစီစဉ်ပေးထား၍ လင်းကျင်းရှိ အဆင့်မြင့်ဟိုတယ်တစ်ခု၏ အလွန်ကျော်ကြားသော သက်သက်လွတ်အစားအစာဖြစ်သည်။ ဟွိုက်ရှင်းသည်သူတို့နှင့်အတူလိုက်မလာခဲ့ ပထမအနေနှင့်သူသည်မနက်ဖြန် ဓမ္မစကားရည်လုပွဲအတွက်ပြင်ဆင်ရမည်ဖြစ်ပြီး ဒုတိယအနေဖြင့် နတ်ဆိုးသံစဉ်သည် တစ္ဆေပျိုးထောင်သူများအတွက်အကျိုးများသော်လည်း ဆန့်ကျင်ဘက်အားဖြင့် ဘုန်းတော်ကြီးနှင့် တောက်ကျန့်များအတွက် အနှောက်ယှက်ဖြစ်စေသည်။ ဟွိုက်ရှင်းသည်ငယ်ရွယ်ကာသူ၏စွမ်းအင်မျာယမတည်ငြိမ်သေးသောကြောင့် ထိုသို့နားဆင်ရန် မသင့်တော်သေးပေ။
မြစ်ရေကိုဖြတ်သန်းလာသောလေနုအေးသည်ပြတင်းပေါက်မှတဆင့်ဝင်လာသည်။ ဝိုင်နှင့်အစားအသောက်များဖြင့်ဗိုက်ပြည့်နေသောဟွမ်မောင်သည် ဝူရုန်နှင့်အတူ သန့်စင်ခန်းသို့သွားရန်ဖြစ်လာသည်။ သန့်စင်ခန်းသို့သွားနေရင်း ဟွမ်မောင် လေးနက်စွာပြောသည် " ဒီညပြပွဲကိုကြည့်လိုက် သူတို့အားလုံးက ကျိုးမိသားစုကအထူးတလှယ်ဖိတ်ထားတဲ့ဧည့်သည်တွေချည်းပဲ။ ရုတ်တရက်ဝင်တိုက်ရင်တော့ လူအားလုံးသတ်ခံမှာကိုမပြောနဲ့ဦး အာ့တာကအနည်းဆုံးတော့ ဘုရင်ကိုပုလ္လင်ပေါ်ကနှင်ချလိုက်တာပဲ"
" ကျွန်တော်တော့လျှို့ဝှက်ကြာပန်းအသင်းတော်က နာနာခံခံနဲ့မနက်ဖြန်ဓမ္မစကားရည်လုပွဲထိစောင့်နေမယ်မထင်ဘူး"
"အလိုရှိဝရမ်းအားလုံးကိုလက်ခံထားပြီးပြီလား?"
"ကြီးကြီးရောသေးသေးရောအားလုံးလက်ခံပြိးပြီ လျှို့ဝှက်ကြာပန်းအသင်းတော်ကဘအရာအားလုံးကိုလက်ခံထားပြီးပြီ"
ဟွမ်မောင်သည်ပျော်ရွှင်မှုရွှင်လန်းတက်ကြွနေသည် " ကျွန်တော်တို့ အကောင်အသေးလေးအနည်းငယ်ကိုသတ်ရင်တောင် ငွေအများကြီးရနေသေးတယ်"
ထိုသို့ပြောနေရင် သူတစုံတရာကိုတွေးမိသွားကာ " အကိုရုန် ပွဲကိုသာတိုက်ရိုက်လွှင့်ခွင့်ရရင်အတော်ကောင်းမယ်။ ဒါကကျိုးကျင်ရဲ့ပွဲဖြစ်တာမို့ ဝင်လာမယ့်ဆုကြေးတွေကလုံးဝကို လွှမ်းမိုးသွားမှာ"
ဟွမ်မောင်ထိုအကြောင်းကိုပြောရင်းအနည်းငယ်နောက်တရသလိုခံစားရသည်။ ၎င်းသည်အလွန်ကောင်းသည့်အခွင့်လမ်းတစ်ခုဖြစ်ပြီး ဝူရုန်အား ဖန်းအများအပြားရနိုင်မည့်အခွင့်ရေးတစ်ခုဖြစ်သည်။ သို့သော် ဤကဲ့သို့အခြေနေမျိုးတွင် တိုက်ရိုက်လွှင့်ခွင့်မပြုသည်မှာပုံမှန်ဖြစ်သည်။
သန့်စင်ခန်းထဲသို့လျှောက်ဝင်သွားရင် မတူညီသောအခန်းငယ်များဆီဝင်သွား ဝူရုန်သူ၏ခါးပတ်အားဖြေလျော့လိုက်သည်။ သူ၏အနက်ရောက်ရှပ်နှင့် ဂျင်းကိုဝတ်ဆင်ထားရာ ပုခုံးကျယ်ကျယ် ခါးသွယ်သွယ်နှင့်ရှည်လျားသောခြေထောက်များကိုပေါ်လွင်နေစေသည်။ သူ၏ယင်ခန္ဓာတည်ဆောက်ပုံသည် အခန်းအပူချိန်မည်သို့ဖြစ်နေပါစေချွေးမထွက်အောင်တားဆီးပေးနေသည်။ ခါးပတ်ထဲမှအင်္ကျီကိုထုတ်ယူပြီး ရေလွှတ်တော့မည်အချိန်တွင် ဝူရုန်နားထဲမှသီချင်းဆိုသံတိုးတိုးကြားလိုက်ရသည်
သီချင်းစာသားမရှိ တေးညည်းဆိုသံသက်သက်ဖြစ်သော်လည်း လှပပြီး အနိူင်းမဲ့သာယာသောအသံဖြစ်သောကြောင့်အထူးတလှယ် စည်းဝါးကိုက်နေလေသည်။ ပဲ့တင်လာသောသံစဉ်သည် နူးညံ့ညင်သာ၍ စမ်းချောင်းထဲမှရေစီးသံကဲ့သို့ စည်းချက်တို့ကအေးမြချိုလွင်နေပြီး လူသားတို့၏နှလုံးသားထဲမှ မြည်ဟည်းနေသကဲ့သို့ပင်။ ဒဏ္ဍာရီအရ ရေသူတို့၏အသံသည် ကျွမ်းကျင်သောရေလုပ်သားသင်္ဘောခပ်သူတို့ကိုပင်စိတ်ရူပ်ထွေးအောင်ပြုလုပ်နိုင်သကဲ့သို့ နတ်ဆိုးတစ်ကောင်၏သီဆိုသံသည်လည်း သဘာတရားကိုင်းရှိုင်း ဆုံးသောတမန်တော်ကိုပင် နတ်သတ်ကြွေအောင် ဖြားယောင်းနိုင်သည်။ အကယ်၍သူတို့၏အသံသည် ယခုသီဆိုနေသောအသံကဲ့သို့ချိုသာနေမည်ဆိုပါက နတ်တမန်နှင့် သင်္ဘောသားတို့ ချောက်နက်ကြီးမှန်းသိရက်နှင့်ခုန်ဆင်းသွားသည်မှာ အံ့ဩစရာမရှိတော့။
တဖြည်းဖြည်းနှင့် အေးမြကြည်လင်သောသီချင်းသံသည် ဝမ်းနည်းစရာကောင်းသည့်ဘက်သို့ပြောင်းလာသည်။ တယောတစ်လက်၏လေးကြိုးမှသံစဉ်ကဲ့သို့ စိတ်ငြိုးငယ်ပြီး ပူဆွေးသောကဖြစ်ဖွယ်ခံစားချက်များက လူတို့၏နှလုံးကိုရစ်နှောင်လာလေသည်။ မမြင်ကသောထောင့်တနေရာမှ နားဆင်သူ၏နှလုံးသားအောက်ခြေမှ ချဉ်စူးစူးခံစားချက်တစ်မျိုးထွက်ပေါ်လာစေပြီး ပိုတိုးလာသောမွန်းကြပ်ဖွယ်သီချင်းသံပါပေါင်းစပ်လိုက်သည့်အခါတွင် ဝမ်းနည်းလွန်သဖြင့်နှလုံးများပင်ကွဲကြေမတက်ခံစားရပြီး သီဆိုသူ၏တောင်ဆိုးသမျှကို ကျေနပ်အောင်ဖြည့်ဆည်းပေးချင်မိလေသည်။
ဝမ်းနည်းကာမကျေနပ်နေသောသီချင်းသံများကြဝူရုန် သူ၏ရုပ်ပိုင်းဆိုင်ရာပြဿနာအား မျက်နှာသေနှင့်ပင် ဖြေရှင်းလိုက်ပြီး ခါးပတ်အားပြန်တပ်လိုက်တော့သည်။ သူနားရွက်နားရှိ သံစဉ်သည်သူ့စိတ်ခံစားချက်အားအမှန်တကယ်လှုံဆော်ပေးနိုင်သည် သို့သော် ဝူရုန်၏စိတ်ခံစားချက်များမှာ သနားစရာကောင်းလောက်အောင်နည်းပါးသည်။ ဝမ်းမြောက်မှု ဒေါသထွက်ခြင်း ဝမ်းနည်းသို့မဟုတ်ပျော်ရွှင်မှု မည်သည့်အရာပဲဖြစ်စေ အရာအားလုံးသည် ကမ်းခြေမှလှိုင်းဂယက်များကဲ့သို့ လှိုင်းလုံးများပါသွားသည်နှင့် လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။ အဖြူရောင်ကျောက်စိမ်းပြွန်လေးမှတချွတ်ချွတ်မြည်လာသည် နဂိုကအရမ်းကိုခွန်အားအပြည့်နှင့်ဖြစ်နေသောအဖြူအမည်းမွေးကင်းစကလေးတစ္ဆေလေးများသည် ယန်ကျင်ကျိုးမားနှင့်အချိန်အတော်ကြာအတူရှိပြီးနောက် ငြိမ်းချမ်းအေးဆေးနေကာ သူတို့၏အငြိုးတရားများပင် လျော့နည်းပျောက်ကွယ်လာသည်။
သို့သော်သူတို့သည်မပြည့်စုံသောဝိဉာဉ်များဖြစ်သောကြောင့် သူတို့၏အငြိုးတရားများပျောက်ကွယ်သွားသည်နှင့် ကယ်တင်လို့မရတော့ပဲ ထိုအစားသူတို့သည်လည်း လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။
တခြားဖက်မှာလူသည်စတင်ရင်စိတ်ပူလာပြီဖြစ်သည်။
တစ္ဆေကလေးများသည် သီချင်းသံအားတုန့်ပြန်ကြသည်။ အကယ်၍ဝူရုန်သာ ခံစားချက်များနှင့်သာမန်လူဖြစ်ပါက သီချင်းသံလှည့်ဖြားခြင်းကိုခံရပြီး ကျောက်စိမ်းပြွန်ကိုဖွင့်ပေးကာ တစ္ဆေလေးများကိုလွှတ်ပေးလိုက်မည်ဖြစ်သည်။ ဝူရုန်ထင်ထားသလိုပင် ဘေးခန်းရှိဟွမ်မောင်တစ်ယောက်ဘာသံမှမကြားရပေ။
အခုသီဆိုလိုက်သောသီချင်းသည် ဝူရုန်အတွက်အထူးတလှယ်သီဆိုလာခြင်းဖြစ်သည်။ သို့သော်ကံမကောင်းလှစွာဝူရုန်သည် မည်သို့အရသာခံစားရမှန်းသိမနေခဲ့။ သူသည်အဖြူရောင်ကျောက်စိမ်းပြွန်အားခေါက်လိုက်ရုံနှင့် အထဲမှတစ္ဆေကလေးများ အလွန်ထိတ်လန့်ကာ တိတ်ဆိတ်သွားတော့သည်။
မင်းသူတို့ကိုလိုချင်ရင် ကိုယ်တိုင်လာယူလှည့် နောက်ကွယ်မှာပုန်းပြီး လှည့်စားမနေနဲ့။
တခြားတဖက်မှလူသည် ဝူရုန်ဆိုလိုရင်းအားနားလည်သွားသည်လားမသိ သူပြန်လှည့်လာသည့်အခါ သူခေါင်းထဲမြည်နေသောသီချင်းသံရုပ်ချည်းရပ်တန့်သွားသည်။ ကျိုးမိသားစုမှပို့ပေးလာသည့်ဒါရိုက်ဘာသည်ဟိုတယ်လှေကားတွင်စောင့်နေခဲ့သည်။
"အဆိုတော်တွေကတကယ်ရှားပါတယ်။ သူတို့တွေကလူသားအနေနဲ့ရှားပါးပြီး တစ္ဆေတွေကိုလည်း ဆွဲဆောင်တိုက်တွန်းနိုင်သေးတယ်။ အမှန်တော့ ကြမ်းကြုတ်သည့်တစ္ဆေအဆင့်နှင့်အထက်ကတစ္ဆေအားလုံးမှာ သူတို့ကိုယ်ပိုင်သီချင်းရှိတယ်လို့ ကျွန်တော်ကြားဖူးတယ်"
တစ်ရက်ကြာပြိးနောက်တွင်တော့ ပိုင်ကု သူ့ပုံစံပြန်ဖြစ်သွားသည်။ ဖုချင်း၏အေးစက်စက်မျက်နှာအားလျစ်လျူရှု၍ နောက်ခုံတွင် ဝူရုန်နှင့်အတူထိုင်ကာ စကားပြောနေတော့သည် " သီချင်းဆိုခြင်းက မွေးရာပါစွမ်းရည်တစ်ခုနှင့်ပိုတူပြီး စိတ်ဝိဉာဉ်၏ပဲ့တင်သံမှ လာတယ်။ အဆင့်နိမ့်တွေကအဆင်မြင့်တွေရဲ့တည်ရှိမှုအပေါ်အလိုအလျောက် တုန့်ပြန်ကြတယ်။ ဝိဉာဉ်ရဲ့သီချင်းသံ ထိန်းချုပ်မှုအောက်ကနေ သူတို့က သစ္စာရှိပြီး ပြိုင်ဘက်ကင်းတဲ့တစ္ဆေတပ်မတော်ကိုဖန်တီးနိုင်တယ်။ ဘယ်လောက်ပဲအားနည်းတဲ့တစ္ဆေဖြစ်ပါစေ သူတို့ကစစ်ပွဲတွင်းမှာပါဝင်နိုင်တယ်"
အငြိုးကြီးတစ္ဆေများသည် ပိုင်နက်နဲ့ပတ်သက်၍အလွန်လွှမ်းမိုးလိုကြရာ အခြေခံအားဖြင့်စုစည်းမှုမရှိပဲ ကပ်လျက်တစ္ဆေပိုင်နက်များမှာတစ်ခုနှင့်တစ်ခုတိုက်ခိုက်နေမြဲဖြစ်သည်။ များစွာသောတစ္ဆေဘုရင်များအားစုစည်းနိုင်ခြင်းကပင် တစ္ဆေတပ်မတော်အား အခြေခံအားဖြင့် မခုခံမလွှမ်းမိုးနိုင်ဖြစ်စေသည်။
"ဝမ်းကွဲ မင်းရဲ့*ကန်တုန်(*ဆရာသခင်ကုချန်ပေးလိုက်သည့်တိဘက်ရိုးရာနှဲ) ကတကယ်တော့ တစ္ဆေတွေကိုဆွဲဆောင်ဆင့်ခေါ်နိုင်တဲ့စွမ်းရည်ရှိတယ်။ ဒီနေ့ကောင်းကင်ဘုရင်ကျိုးရဲ့ပွဲကိုသွားတာကအကူညီဖြစ်စေတယ်"
ပိုင်ကုစကားလှလှလေးသုံးလိုက်ခြင်းဖြစ်သည် တကယ်တမ်းကြဝူရုန်တွင်ဂီတနှင့်ပတ်သတ်၍ပါရမီမရှိ သူ၏လူအရိုးခရာမှုတ်ခြင်းမှထွက်လာသောအသံသည် ခွေးတစ္ဆေဘုရင်ကြီးပင် သည်းမခံနိုင်ပေ။ ဝူရုန်ကိုယ်တိုင်လည်း ထိုပြဿနာကိုသူ့ဘာသာတွေးကြည့်နေသည်။ ကန်တုန်ကိုလေ့ကျင့်နေစဉ်အတွင်း သူ၏ယင်ချီနှင့် ထိုတူရိယာအကြားတွင်ပါးလွှသောကွာဟချက်တစ်ခုရှိနေသည်ဟုအမြဲခံစားနေရပြီး သူ၏ခွန်အားအကုန်ပင်မစိုက်ထုတ်ထားခဲ့။ တစ္ဆေများအားဆွဲ ဆောင်နိုင်သည့်အခြေခံသက်ရောက်မှုကို ပြီးမြောက်ရန်ခက်ခဲ နေသည်။
ဝူရုန်အကြိမ်တော်တော်များများကြိုးစားခဲ့ပေမယ့်မရ။ ဟွိုက်ရှင်းအားမေးမြန်းကြည့်သည့်အခါဘုန်းကြီးလေးသည် သူကိုယ်ထည်သည် ယင်ချီများထွက်သွား ခြင်းအားအလိုအလျောက်တားဆီးထားခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။ ဝူရုန် သည်တိုက်ပွဲအတွင်း၌ တစ္ဆေချီများကိုသုံးနေသည့်တိုင် အပေါ်ယံသာဖြစ်ပြီး အခြေခံအားဖြင့် တိုက်ရိုက်လေပြင်းတိုက် ခြင်းနှင့်သာတူသည်။ ထိုရိုးရှင်းကြမ်းတမ်းသည့်နည်းလမ်းသည် ကန်တုန်နှင့်ရေရှည်မသင့်တော် ၎င်းသည်ပိုသိမ်မွေ့သောယင်ချီထိန်းချုပ်မှုမျိုးလိုအပ်သည်။
ဝူရုန်၏ခန္ဓာကိုယ်သည်အလွန်ထူးခြားလှသည် ၎င်းသည် အလိုအလျာက်ယင်နှင့်ယန်အားသီးခြားခွဲထားပြီးသူသ ယင်ချီ၊တစ္ဆေချီ တဝက်သည် သူကိုယ်ထဲမှထွက်မသွားခဲ့။ ထိုသို့သောခန္ဓာမျိုးတွင် ကောင်းကျိုးသာမကဆိုးကျိုးလည်းရှိသည်။ အံ့ဩစရာတစ်ခုမဖြစ်လာပါက ကန်တုန်အားဝူရုန်အသုံးပြုနိုင်သည့်အခွင့်ရေးမှာ အလွန်နည်းပါးသည်။
"Woof!"
ပိုင်ကုဝိဉာဉ်ပဲ့တင်သံအကြောင်းပြောနေစဉ်တွင် ခွေးတစ္ဆေဘုရင်ကြီးအရိပ်ထဲမှထွက်လာပြီးညသူ၏ကြီးမားကြောက်စရာကောင်းသောခေါင်းကြီးအားဝူရုန်ဒူးပေါ်တင်ထားလျက် အတိတ်အားတမ်းတနေသကဲ့သို့ ရစ်တွယ်မှုနှင့်ယုံကြည်မှုများပါနေသောအူသံတစ်ခုသူလည်ချောင်းမှပြုလုပ်နေလေသည်။ သူ၏ခေါင်းကြီးတိုးကပ်လာသည်နှင့် ပိုင်ကုပေါင်ပေါ်အသိုက်လုပ်နေသောစိတ်ဝိဉာဉ်ခွေးလေးသည် အမွှေးပွပေါက်စီလုံးလေးကဲ့သို့ ချက် ချင်း ပြေးသွားသည်။ ၎င်းသည် ခွေးကြီးအားအလွန်ကြောက်ကာပြန်ပင်မဟောင်ရဲ။ တဖက်လှည့်ထားကာ သူ့အမြှီးကိုသာခွေးကြီးဘက်မကျေမနပ်ဖြင့်လှည့်ထားပြီး သေးငယ်သောသူခေါင်းလေးအားကားပြတင်းပေါက်တွင်မှီထားလျက် အပြင်ဘက်သို့ကြည့်နေသည်။
"Bark!"
ရုတ်တရက်တစုံတရာကိုမြင်သွားပုံရသည်စိတ်ဝိဉာဉ်ခွေးလေးသည် စိတ်လူပ်ရှားစွာမက်တပ်ရပ်လျက် မှန်မှတဆင့် အပြင်ဘက်ဆီတိုးထွက်နေပြီး သူအမြှီးသည်လည်းပန်းပွင့်လေးလိုခါယမ်းနေတော့သည်။
"မစ္စတာဝူ ကျွန်တော်တို့ရောက်ပါပြီ"
ကျိုးမိသားစုမှလွှတ်လိုက်သည့်ဒါရိုက်ဘာသည်အလွန်ယဉ်ကျေးသည်။ လမ်းတလျှောက်တွင် သူ့၏အိုက်ဒေါ ဆရာသခင်လင်းယွင်နှင့်တွေ့ရမည့်အတွက် ဆုရှောင်းမီတစ်ယောက်အလွန်စိတ်လှုပ်ရှားနေသည်။ ထိုအချိန်တွင် ဒါရိုက်ဘာသည် ရှိုး၏အရှေ့ဘက်သို့လက်ညိုးညွှန်ပြလျက် ရိုသေလေးစားသောလေသံဖြင့် " ကြည့်အာတ့ာကဆရာသခင်လင်းယွင်ရဲ့ကားလေ"
___
6:06Pm,Mon, 15.1.24
W-3276
|| Zawgyi||
အေပၚဘက္ဆီမွလာေနေသာေၾကာက္မက္ဖြယ္အရွိန္ဝါေၾကာင့္ ဒူးတစ္ဖက္ျဖင့္ဒူးေထာက္ေနေသာငယ္သားမွာ တုန္ယင္ေနၿပီး အေၾကာက္တရားေၾကာင့္ ေျမေပၚေမွာက္က်လုနီးပါပင္။သူအေကာင္းဆုံးႀကိဳးစားၿပီးအသံကိုၿငိမ္ေအာင္ထိန္းခ်င္ေသာ္လည္း တာဝန္အေၾကာင္းအစီရင္ခံခဲ့ေသာ ထိုသူမွာ ေဖးခ်န္ေၾကာင့္ ေသြးအိုင္အျဖစ္သို႔ေျပာင္းသြားၿပီျဖစ္သည္။
" မင္းသူ႔ကိုသင္ခန္းစာေပးခ်င္ေနတာလား?"
အဆုံးမွာေတာ့ ဝူ႐ုန္၏ငယ္သားမ်ားက လူအိုႀကီးယန္ ေစာင့္ေရွာက္သူသၽွန႔္ႏွင့္ တျခားသူမ်ားအားသတ္ျဖတ္ၿပီးသည္ျဖစ္၍ သူ၏ခြန္အားအား ဘုရင္ေဖးေရွ႕ခ်ျပရန္လုံေလာက္ၿပီျဖစ္သည္။ အရင္ကသူ၏အေတြ႕ၾကဳံႏွင့္ခြန္အားမ်ားအပါဝင္ျဖစ္သည္။ လၽွို႔ဝွက္ၾကာပန္းအသင္းေတာ္၏စည္းမ်ဥ္းျဖစ္ေစ ဝူ႐ုန္ကိုယ္တိုင္၏ခြန္အားျဖစ္ေစ ႏွစ္မ်ိဳးလုံးသည္ ဘုရင္ေဖး၏ သိလိုစိတ္ကိုလႈံေဆာ္ေပးေနသည္။
"မင္းဘယ္သူလို႔ ေျပာလိုက္တယ္...?"
အမ်ိဳးသား၏အသံနက္ထဲမွ ေပ်ာ္ရႊင္မႈႏွင့္ေဒါသမွာခြဲျခားမရစြာပါရွိေနၿပီး စြမ္းအားအျပည့္ႏွင့္ဖိနိုပ္နိုင္ေသာအားတစ္ရပ္ပါဝင္ေနကာ လူမ်ားကိုေၾကာက္ရြံေစသည္။ အေျခေနအရပ္ရပ္အားအစီရင္ခံေနေသာေဘးႏွစ္ဖက္ရွိငယ္သားအားလုံးေျမေပၚသို႔တိုက္ရိုက္ၿပိဳလဲကုန္ကာေၾကာက္ရြံမႈျဖင့္မြန္းၾကပ္ေနေတာ့သည္။ သြားၿပီး ဘုရင္ေဖးကဘာေၾကာင့္အရမ္းစိတ္ဆိုးေနတာလဲ? ဝူ႐ုန္ကဖိတ္ၾကားခ်က္ကိုျငင္းဆန္ရဲလို႔မ်ားလား? ငယ္သားသည္ယေန႔သူကံမေကာင္းဟုခံစားလိုက္ရၿပီး သြားမ်ားပင္အခ်င္းခ်င္းရိုက္ေနကာ သူ၏အသံမွာပို၍ပို၍ တုန္ယင္လာသည္:
"ဝူ ဝူ႐ုန္..."
ဘုန္းး
အသံက်ယ္ႏွင့္အတူ ထိုငယ္သားသည္ အဝတ္စုတ္အ႐ုပ္တစ္ခုကဲ့သို႔နံရံအားအားႏွင့္သြားေစာင့္ေတာ့သည္။ ေသြးမ်ားစိုရြဲေနကာ ျပဳတ္က်ၿပီးေမ့ေျမာသြားေတာ့သည္။ တျခားသူမ်ားသည္လည္းအလြန္ေၾကာက္လန႔္လာၿပီး ေျမေပၚဒူးေထာက္ေနကာ အသံတစုံတရာမထြက္ရဲၾကေပ။ ဝူ႐ုန္ကဓမၼဘုရင္ေဖးခ်န္ကိုဘယ္လိုမ်ား ရန္စလိုက္ပါလိမ့္? သူကဖိတ္ၾကားခ်က္ကိုျငင္းပယ္လိုက္ လို႔မ်ား သူက ေသနတ္ေျပာင္းဝနဲ႔ရင္ဆိုင္ရတာမ်ားလား? သူကအရမ္းကို ငယ္ရြယ္ျဖတ္လက္လြန္းတယ္လို႔ထင္ရေပမယ့္ ၾကည့္ရတာ အေလ်ာ့အတင္းလုပ္သင့္တဲ့သေဘာကိုမသိဘူးထင္တယ္။ ဓမၼဘုရင္ေဖးကိုစိတ္ဆိုးေအာင္လုပ္ၿပီး မွေတာ့ ေကာင္းတဲ့အရာေတြရနိုင္ဦးပါ့မလား?
ဓမၼဘုရင္ေဖး၏ လက္ထဲက်ေရာက္သူမွန္သမၽွသည္ အလြန္ဆိုးဝါးစြာအဆုံးသတ္သြားသည္ျဖစ္သည္။
"ဓမၼဘုရင္ေဖးကို ႏူတ္ခြန္းဆက္ပါတယ္"
အနီအနက္ ခရစ္ယာန္ဘုန္းႀကီးဝတ္႐ုံရွည္မ်ားႏွင့္ ဘုန္းႀကီးသုံးပါးဝင္လာၿပီးေရွ႕ဆုံးမွတစ္ေယာက္သည္ ၾကင္နာကာခင္မင္ရင္းႏွီးဖြယ္ေကာင္းသည့္ပုံေပၚသည္။ ဘယ္ေနာက္ျခမ္းမွတစ္ေယာင္သည္ ခါးတုတ္တုတ္ကိုယ္လုံးလုံးႏွင့္အသားျပည့္ေနကာလည္ပင္းတြင္လူရိုးမ်ားကိုဆြဲႀကိဳးသဖြယ္ဆြဲထားၿပီး မ်က္ခုံးမ်ားသည္ေျပာင္တင္းေနသည္။ ညေနာက္ျခမ္းနားရွိသူကေတာ့ ပိန္ပါးကာနာမက်န္းသည့္ပုံရွိၿပီးအရိုးတစ္ေခ်ာင္းႏွင့္ပင္တူကာဘသူ၏မ်က္ႏွာသြင္ျပင္တို႔သည္လည္းပုံစံမက်စြာရြဲ႕ေစာင္းေနသျဖင့္ လြန္စြာမွာေၾကာက္စရာေကာင္းေစသည္။ သူတို႔အားလုံးသည္ေက်ာက္စိမ္းသလြန္ေအာက္မွ သံဘုန္းႀကီးမ်ားျဖစ္ၿပီး နံရံတြင္နစ္ျမဳပ္ေနေသာ မေသမရွင္ျဖစ္ေနသည္၏သူတို႔၏အေပါင္းအပါးမ်ားအားျဖတ္ေက်ာ္သြားသည့္အခိုက္တခ်က္ပင္မ်က္ေမွာင္မၾကဳတ္သြားခဲ့ေပ။
"ဓမၼဘုရင္ေဖးရဲ့ခြန္အားအဆင့္တိုးလာတဲ့အတြက္ဂုဏ္ျပဳပါတယ္"
ေခါင္းေဆာင္ဘုန္းႀကီးအိုသည္သူလက္မ်ားအတူတကြဆုပ္ကိုင္လ်က္အျပဳံးျဖင့္ ေအာဖိေတာေဖာဟုဆိုကာ " ဒါကနို႔နံ့မစင္ေသးတဲ့ကေလးသာသာပါ ဓမၼဘုရင္ေဖးအေနနဲ႔အမိန႔္ေပးၿပီး တစုံတေယာက္ကိုသူကိုေျဖရွင္းဖို႔လြတ္လိုက္႐ုံပဲ စိတ္မဆိုးပါနဲဘ အာ့ဒီဝူ႐ုန္..."
ဘုန္း
ေနာက္ထပ္အသံက်ယ္ႀကီးႏွင့္အတူ သံဘုန္းႀကီးသုံးဦးမွာ လက္ေအာက္ငယ္သား၏ေဘးတြင္နစ္ျမဳပ္ခံလိုက္ရသည္။ အဝဆုံးသံဘုန္းႀကီးသည္ အတြင္းဒဏ္ရာကိုခံစားလိုက္ရသျဖင့္ ခ်က္ခ်င္းပင္ေသြးတစ္ပြက္အန္ေတာ့သည္။ အသက္ႀကီးဆုံးဘုန္းႀကီးသည္အင္အားအေကာင္းဆုံးျဖစ္ေသာ္လည္း သူ၏ခ်ိဳင့္ဝင္သြားေသာနံရိုးမ်ားမွခ်က္ခ်င္း ျပန္ေကာင္းေအာင္လုပ္နိုင္သည့္တိုင္ သူမဝံ့ရဲ။ အင္အားႀကီးလြန္းတယ္။ ဓမၼဘုရင္ေဖးသည္ထပ္မံအားေကာင္းလာၿပီး သူ၏စိတ္ခံစားခ်က္မ်ားသည္ပိုပို၍နားလည္ရခက္လာသည္။ ဘုန္းႀကီးအိုမွာစိတ္႐ူပ္ေထြးၿပီးအံ့အားသင့္ေနကာ အခုသူေျပာလိုက္သည့္အထဲမည္သည့္အေၾကာင္းကဓမၼဘုရင္ေဖး၏ေဒါသကိုဆြမည့္သြားသည္အားမေတြးတက္ေတာ့။
"သူရဲ့နာမည္ကို ဘယ္လိုမ်ားေခၚရဲရတာလဲ?"
အႏၲရယ္အေငြ႕သက္မ်ားႏွင့္ေအးစက္ေသာအသံထြက္ေပၚလာၿပီး ငရဲမွနတ္ဆိုးဘုရင္တစ္ပါးကဲ့သို႔ ထိတ္လန႔္ကာေၾကာက္မက္ဖြယ္ေကာင္းသည္။ ဓမၼဘုရင္ေဖးသည္သူလက္အားေနာက္ျပစ္ထားလိုက္ၿပီး တစုံတေယာက္အား အၾကမ္းဖ်င္းေရြးခ်ယ္လိုက္အားဝူ႐ုန္အေၾကာင္းအေသးစိတ္အားေျပာျပေစလိုက္သည္။နားေထာင္ေလသူမ်က္ႏွာမႈန္မိူင္းလာေလျဖစ္ၿပီး အဆုံးတြင္ေတာ့မ်က္ႏွာမွာအလြန္တရာေအးစက္လာၿပီး တစုံတေယာက္အားအစိမ္းလိုက္ဝါးစားခ်င္ေနပုံေပၚေလသည္။
"ဒါကမင္းတို႔သူကို ဖိတ္ၾကားလိုက္တဲ့ပုံစံေပါ့ေလ?"
ဓမၼဘုရင္ေဖးသည္အလြန္မေက်မနပ္ျဖစ္ကာေအးစက္စက္ႏွာမူတ္လိုက္ၿပိးေနာက္ သူမ်က္လုံးမ်ားမွာ ေသြးလိုနီရဲေနၿပီး ထိုလူ၏မလည္ပင္းအားညႇစ္ထားကာ ကတိုက္ကရိုက္ျဖင့္ " ငါေတာင္မွသူကိုေတြ႕ဖို႔မထိုက္တန္ေသးတာ မင္းကဘယ္လိုမ်ားရဲတင္းရတာလဲ ဘယ္လိုေတာင္ရဲတင္းရတာလဲ__"
"Humph!"
အားေကာင္းလြန္ၿပီး ျပင္းထန္ရက္စက္ေသာစြမ္းအားမွာအခန္းတစ္ခုလုံးပ်ံ႕ႏွံ့သြားၿပီး ရွိေနသူအားလုံး ေျမေပၚဒူးေထာက္က်ကာ ေသြးအန္ေလေတာ့သည္။ ဓမၼဘုရင္ေဖး၏မ်က္မွာေအးစက္ေနၿပိး သူ႔ဝတ္႐ုံအားခါလိုက္ကာ ျဖတ္ေက်ာ္သြား၍ သူ၏ခန႔္ညားကာေအးစက္ေသာအသံမွခန္းမထဲပဲ့တင္က်န္ခဲ့ေတာ့သည္။
"ငါကိုယ္တိုင္ကိုယ္က်သူ႔ကိုသြားဖိတ္မယ္"
သူထြက္သြားၿပီးအခန္းထဲတိတ္ဆိတ္မႈသာခ်န္ခဲ့သည္။ သံဘုန္ႀကီးသုံးေယာက္သည္နံရံေပၚမွဆင္းလာခဲ့ၿပီး သူတို႔၏အမူယာတို႔မွာ လြန္စြာအံ့အားသင့္ေနေလသည္။ ဝူ႐ုန္ရဲ့သ႐ုပ္မွန္အစစ္ကဘာမို႔လို႔ ေမာက္မာလွတဲ့ဓမၼဘုရင္ေဖးေတာင္သူနဲ႔မထိုက္တန္ဘူးလို႔ေျပာထြက္လာရတာပါလိမ့္? !
" ဆရာဖန္ မင္းေျပာ..."
ပိန္ေျခာက္ေနေသာဘုန္ႀကီးသည္သူ႔မ်က္လုံးမ်ားလွိမ့္လိုက္ရင္း စကားေျပာဖို႔ရန္တုန႔္ဆုတ္ေနသည္။
"အာ့ဒီဝူဆိုတဲ့တစ္ေယာက္ သူမွာ ဘာစြမ္းရည္ေတြရွိလို႔ ဓမၼဘုရင္ေဖးကသူ႔ကိုအရမ္းအေလးနက္ထားရတာလဲ?"
ဝတုတ္ဘုန္းႀကီး၏နားအူးမတက္ေခါင္းေလာင္းထိုးသံထြက္လာသည္ " သူကအထက္ကေစလႊတ္လိုက္တဲ့တစ္ေယာက္ေတာ့မဟုတ္ပါဘူးေနာ္?"
"ဓမၼဘုရင္ေဖးကေသြးကန္ထဲေလ့က်င္ၿပီးတဲ့အခ်ိန္တိုင္းခဏေလာက္ထူဆန္းေနတက္တယ္"
ဘုန္းႀကီးအိုမွာေတြးဆဆႏွင့္ေအးေဆးစြာေျပာသည္ " ဒီေန႔ညက က်ိဳးက်င္ရဲ့ပြဲပဲ အာ့တစ္ေယာက္ကလည္း ေခြးအိုးႀကီးက်ိဳးရွင္းဟုန္ဖိတ္ထားတဲ့တစ္ေယာက္"
" ဘုရင္က က်ိဳးမိသားစုနဲ႔ေတြ႕ရဖို႔အေၾကာင္းရွာတာျဖစ္နိုင္မလား?"
ပိန္းေျခာက္ေနေသာဘုန္းႀကီးသည္မယုံသကၤာျဖင့္ " ဒါေပမယ့္ သူဆက္ဆံပုံက..."
"ဒီညထိေစာင့္လိုက္ဦး"
ဘုန္းႀကီးအိုသည္မ်က္လုံးမ်က္က်ဥ္းေျမာင္းလိုက္ကာ သူမ်က္လုံးမ်ားသည္သံသယျဖစ္ေနၿပီး အသံမွာတည္ၿငိမ္ေနသည္" ဒီညက်သိရမွာေပါ့"
___
"အကို႐ုန္ လၽွို႔ဝွက္ၾကာပန္းအသင္းေတာ္က ဒီညလူပ္ရွားမယ္လို႔ထင္လား?"
5:30တြင္ က်ိဳးမိသားစုမွ ဗီလာဆီသို႔လာေရာက္ကာ သူတို႔အားႀကိဳသြားေလသည္။ သူတို႔စားပြဲမွာလည္း က်ိဳးမိသားစုကစီစဥ္ေပးထား၍ လင္းက်င္းရွိ အဆင့္ျမင့္ဟိုတယ္တစ္ခု၏ အလြန္ေက်ာ္ၾကားေသာ သက္သက္လြတ္အစားအစာျဖစ္သည္။ ဟြိဳက္ရွင္းသည္သူတို႔ႏွင့္အတူလိုက္မလာခဲ့ ပထမအေနႏွင့္သူသည္မနက္ျဖန္ ဓမၼစကားရည္လုပြဲအတြက္ျပင္ဆင္ရမည္ျဖစ္ၿပီး ဒုတိယအေနျဖင့္ နတ္ဆိုးသံစဥ္သည္ တေစၧပ်ိဳးေထာင္သူမ်ားအတြက္အက်ိဳးမ်ားေသာ္လည္း ဆန႔္က်င္ဘက္အားျဖင့္ ဘုန္းေတာ္ႀကီးႏွင့္ ေတာက္က်န႔္မ်ားအတြက္ အေႏွာက္ယွက္ျဖစ္ေစသည္။ ဟြိဳက္ရွင္းသည္ငယ္ရြယ္ကာသူ၏စြမ္းအင္မ်ာယမတည္ၿငိမ္ေသးေသာေၾကာင့္ ထိုသို႔နားဆင္ရန္ မသင့္ေတာ္ေသးေပ။
ျမစ္ေရကိုျဖတ္သန္းလာေသာေလႏုေအးသည္ျပတင္းေပါက္မွတဆင့္ဝင္လာသည္။ ဝိုင္ႏွင့္အစားအေသာက္မ်ားျဖင့္ဗိုက္ျပည့္ေနေသာဟြမ္ေမာင္သည္ ဝူ႐ုန္ႏွင့္အတူ သန႔္စင္ခန္းသို႔သြားရန္ျဖစ္လာသည္။ သန႔္စင္ခန္းသို႔သြားေနရင္း ဟြမ္ေမာင္ ေလးနက္စြာေျပာသည္ " ဒီညျပပြဲကိုၾကည့္လိုက္ သူတို႔အားလုံးက က်ိဳးမိသားစုကအထူးတလွယ္ဖိတ္ထားတဲ့ဧည့္သည္ေတြခ်ည္းပဲ။ ႐ုတ္တရက္ဝင္တိုက္ရင္ေတာ့ လူအားလုံးသတ္ခံမွာကိုမေျပာနဲ႔ဦး အာ့တာကအနည္းဆုံးေတာ့ ဘုရင္ကိုပုလႅင္ေပၚကႏွင္ခ်လိုက္တာပဲ"
" ကၽြန္ေတာ္ေတာ့လၽွို႔ဝွက္ၾကာပန္းအသင္းေတာ္က နာနာခံခံနဲ႔မနက္ျဖန္ဓမၼစကားရည္လုပြဲထိေစာင့္ေနမယ္မထင္ဘူး"
"အလိုရွိဝရမ္းအားလုံးကိုလက္ခံထားၿပီးၿပီလား?"
"ႀကီးႀကီးေရာေသးေသးေရာအားလုံးလက္ခံၿပိးၿပီ လၽွို႔ဝွက္ၾကာပန္းအသင္းေတာ္ကဘအရာအားလုံးကိုလက္ခံထားၿပီးၿပီ"
ဟြမ္ေမာင္သည္ေပ်ာ္ရႊင္မႈရႊင္လန္းတက္ႂကြေနသည္ " ကၽြန္ေတာ္တို႔ အေကာင္အေသးေလးအနည္းငယ္ကိုသတ္ရင္ေတာင္ ေငြအမ်ားႀကီးရေနေသးတယ္"
ထိုသို႔ေျပာေနရင္ သူတစုံတရာကိုေတြးမိသြားကာ " အကို႐ုန္ ပြဲကိုသာတိုက္ရိုက္လႊင့္ခြင့္ရရင္အေတာ္ေကာင္းမယ္။ ဒါကက်ိဳးက်င္ရဲ့ပြဲျဖစ္တာမို႔ ဝင္လာမယ့္ဆုေၾကးေတြကလုံးဝကို လႊမ္းမိုးသြားမွာ"
ဟြမ္ေမာင္ထိုအေၾကာင္းကိုေျပာရင္းအနည္းငယ္ေနာက္တရသလိုခံစားရသည္။ ၎သည္အလြန္ေကာင္းသည့္အခြင့္လမ္းတစ္ခုျဖစ္ၿပီး ဝူ႐ုန္အား ဖန္းအမ်ားအျပားရနိုင္မည့္အခြင့္ေရးတစ္ခုျဖစ္သည္။ သို႔ေသာ္ ဤကဲ့သို႔အေျခေနမ်ိဳးတြင္ တိုက္ရိုက္လႊင့္ခြင့္မျပဳသည္မွာပုံမွန္ျဖစ္သည္။
သန႔္စင္ခန္းထဲသို႔ေလၽွာက္ဝင္သြားရင္ မတူညီေသာအခန္းငယ္မ်ားဆီဝင္သြား ဝူ႐ုန္သူ၏ခါးပတ္အားေျဖေလ်ာ့လိုက္သည္။ သူ၏အနက္ေရာက္ရွပ္ႏွင့္ ဂ်င္းကိုဝတ္ဆင္ထားရာ ပုခုံးက်ယ္က်ယ္ ခါးသြယ္သြယ္ႏွင့္ရွည္လ်ားေသာေျခေထာက္မ်ားကိုေပၚလြင္ေနေစသည္။ သူ၏ယင္ခႏၶာတည္ေဆာက္ပုံသည္ အခန္းအပူခ်ိန္မည္သို႔ျဖစ္ေနပါေစေခၽြးမထြက္ေအာင္တားဆီးေပးေနသည္။ ခါးပတ္ထဲမွအကၤ်ီကိုထုတ္ယူၿပီး ေရလႊတ္ေတာ့မည္အခ်ိန္တြင္ ဝူ႐ုန္နားထဲမွသီခ်င္းဆိုသံတိုးတိုးၾကားလိုက္ရသည္

သီခ်င္းစာသားမရွိ ေတးညည္းဆိုသံသက္သက္ျဖစ္ေသာ္လည္း လွပၿပီး အနိူင္းမဲ့သာယာေသာအသံျဖစ္ေသာေၾကာင့္အထူးတလွယ္ စည္းဝါးကိုက္ေနေလသည္။ ပဲ့တင္လာေသာသံစဥ္သည္ ႏူးညံ့ညင္သာ၍ စမ္းေခ်ာင္းထဲမွေရစီးသံကဲ့သို႔ စည္းခ်က္တို႔ကေအးျမခ်ိဳလြင္ေနၿပီး လူသားတို႔၏ႏွလုံးသားထဲမွ ျမည္ဟည္းေနသကဲ့သို႔ပင္။ ဒ႑ာရီအရ ေရသူတို႔၏အသံသည္ ကၽြမ္းက်င္ေသာေရလုပ္သားသေဘၤာခပ္သူတို႔ကိုပင္စိတ္႐ူပ္ေထြးေအာင္ျပဳလုပ္နိုင္သကဲ့သို႔ နတ္ဆိုးတစ္ေကာင္၏သီဆိုသံသည္လည္း သဘာတရားကိုင္းရွိုင္း ဆုံးေသာတမန္ေတာ္ကိုပင္ နတ္သတ္ေႂကြေအာင္ ျဖားေယာင္းနိုင္သည္။ အကယ္၍သူတို႔၏အသံသည္ ယခုသီဆိုေနေသာအသံကဲ့သို႔ခ်ိဳသာေနမည္ဆိုပါက နတ္တမန္ႏွင့္ သေဘၤာသားတို႔ ေခ်ာက္နက္ႀကီးမွန္းသိရက္ႏွင့္ခုန္ဆင္းသြားသည္မွာ အံ့ဩစရာမရွိေတာ့။
တျဖည္းျဖည္းႏွင့္ ေအးျမၾကည္လင္ေသာသီခ်င္းသံသည္ ဝမ္းနည္းစရာေကာင္းသည့္ဘက္သို႔ေျပာင္းလာသည္။ တေယာတစ္လက္၏ေလးႀကိဳးမွသံစဥ္ကဲ့သို႔ စိတ္ၿငိဳးငယ္ၿပီး ပူေဆြးေသာကျဖစ္ဖြယ္ခံစားခ်က္မ်ားက လူတို႔၏ႏွလုံးကိုရစ္ေႏွာင္လာေလသည္။ မျမင္ကေသာေထာင့္တေနရာမွ နားဆင္သူ၏ႏွလုံးသားေအာက္ေျခမွ ခ်ဥ္စူးစူးခံစားခ်က္တစ္မ်ိဳးထြက္ေပၚလာေစၿပီး ပိုတိုးလာေသာမြန္းၾကပ္ဖြယ္သီခ်င္းသံပါေပါင္းစပ္လိုက္သည့္အခါတြင္ ဝမ္းနည္းလြန္သျဖင့္ႏွလုံးမ်ားပင္ကြဲေၾကမတက္ခံစားရၿပီး သီဆိုသူ၏ေတာင္ဆိုးသမၽွကို ေက်နပ္ေအာင္ျဖည့္ဆည္းေပးခ်င္မိေလသည္။
ဝမ္းနည္းကာမေက်နပ္ေနေသာသီခ်င္းသံမ်ားၾကဝူ႐ုန္ သူ၏႐ုပ္ပိုင္းဆိုင္ရာျပႆနာအား မ်က္ႏွာေသႏွင့္ပင္ ေျဖရွင္းလိုက္ၿပီး ခါးပတ္အားျပန္တပ္လိုက္ေတာ့သည္။ သူနားရြက္နားရွိ သံစဥ္သည္သူ႔စိတ္ခံစားခ်က္အားအမွန္တကယ္လႈံေဆာ္ေပးနိုင္သည္ သို႔ေသာ္ ဝူ႐ုန္၏စိတ္ခံစားခ်က္မ်ားမွာ သနားစရာေကာင္းေလာက္ေအာင္နည္းပါးသည္။ ဝမ္းေျမာက္မႈ ေဒါသထြက္ျခင္း ဝမ္းနည္းသို႔မဟုတ္ေပ်ာ္ရႊင္မႈ မည္သည့္အရာပဲျဖစ္ေစ အရာအားလုံးသည္ ကမ္းေျခမွလွိုင္းဂယက္မ်ားကဲ့သို႔ လွိုင္းလုံးမ်ားပါသြားသည္ႏွင့္ လုံးဝေပ်ာက္ကြယ္သြားမည္ျဖစ္သည္။ အျဖဴေရာင္ေက်ာက္စိမ္းႁပြန္ေလးမွတခၽြတ္ခၽြတ္ျမည္လာသည္ နဂိုကအရမ္းကိုခြန္အားအျပည့္ႏွင့္ျဖစ္ေနေသာအျဖဴအမည္းေမြးကင္းစကေလးတေစၧေလးမ်ားသည္ ယန္က်င္က်ိဳးမားႏွင့္အခ်ိန္အေတာ္ၾကာအတူရွိၿပီးေနာက္ ၿငိမ္းခ်မ္းေအးေဆးေနကာ သူတို႔၏အၿငိဳးတရားမ်ားပင္ ေလ်ာ့နည္းေပ်ာက္ကြယ္လာသည္။
သို႔ေသာ္သူတို႔သည္မျပည့္စုံေသာဝိဉာဥ္မ်ားျဖစ္ေသာေၾကာင့္ သူတို႔၏အၿငိဳးတရားမ်ားေပ်ာက္ကြယ္သြားသည္ႏွင့္ ကယ္တင္လို႔မရေတာ့ပဲ ထိုအစားသူတို႔သည္လည္း လုံးဝေပ်ာက္ကြယ္သြားမည္ျဖစ္သည္။
တျခားဖက္မွာလူသည္စတင္ရင္စိတ္ပူလာၿပီျဖစ္သည္။
တေစၧကေလးမ်ားသည္ သီခ်င္းသံအားတုန႔္ျပန္ၾကသည္။ အကယ္၍ဝူ႐ုန္သာ ခံစားခ်က္မ်ားႏွင့္သာမန္လူျဖစ္ပါက သီခ်င္းသံလွည့္ျဖားျခင္းကိုခံရၿပီး ေက်ာက္စိမ္းႁပြန္ကိုဖြင့္ေပးကာ တေစၧေလးမ်ားကိုလႊတ္ေပးလိုက္မည္ျဖစ္သည္။ ဝူ႐ုန္ထင္ထားသလိုပင္ ေဘးခန္းရွိဟြမ္ေမာင္တစ္ေယာက္ဘာသံမွမၾကားရေပ။
အခုသီဆိုလိုက္ေသာသီခ်င္းသည္ ဝူ႐ုန္အတြက္အထူးတလွယ္သီဆိုလာျခင္းျဖစ္သည္။ သို႔ေသာ္ကံမေကာင္းလွစြာဝူ႐ုန္သည္ မည္သို႔အရသာခံစားရမွန္းသိမေနခဲ့။ သူသည္အျဖဴေရာင္ေက်ာက္စိမ္းႁပြန္အားေခါက္လိုက္႐ုံႏွင့္ အထဲမွတေစၧကေလးမ်ား အလြန္ထိတ္လန႔္ကာ တိတ္ဆိတ္သြားေတာ့သည္။
မင္းသူတို႔ကိုလိုခ်င္ရင္ ကိုယ္တိုင္လာယူလွည့္ ေနာက္ကြယ္မွာပုန္းၿပီး လွည့္စားမေနနဲ႔။
တျခားတဖက္မွလူသည္ ဝူ႐ုန္ဆိုလိုရင္းအားနားလည္သြားသည္လားမသိ သူျပန္လွည့္လာသည့္အခါ သူေခါင္းထဲျမည္ေနေသာသီခ်င္းသံ႐ုပ္ခ်ည္းရပ္တန႔္သြားသည္။ က်ိဳးမိသားစုမွပို႔ေပးလာသည့္ဒါရိုက္ဘာသည္ဟိုတယ္ေလွကားတြင္ေစာင့္ေနခဲ့သည္။
"အဆိုေတာ္ေတြကတကယ္ရွားပါတယ္။ သူတို႔ေတြကလူသားအေနနဲ႔ရွားပါးၿပီး တေစၧေတြကိုလည္း ဆြဲေဆာင္တိုက္တြန္းနိုင္ေသးတယ္။ အမွန္ေတာ့ ၾကမ္းၾကဳတ္သည့္တေစၧအဆင့္ႏွင့္အထက္ကတေစၧအားလုံးမွာ သူတို႔ကိုယ္ပိုင္သီခ်င္းရွိတယ္လို႔ ကၽြန္ေတာ္ၾကားဖူးတယ္"
တစ္ရက္ၾကာၿပိးေနာက္တြင္ေတာ့ ပိုင္ကု သူ႔ပုံစံျပန္ျဖစ္သြားသည္။ ဖုခ်င္း၏ေအးစက္စက္မ်က္ႏွာအားလ်စ္လ်ဴရႈ၍ ေနာက္ခုံတြင္ ဝူ႐ုန္ႏွင့္အတူထိုင္ကာ စကားေျပာေနေတာ့သည္ " သီခ်င္းဆိုျခင္းက ေမြးရာပါစြမ္းရည္တစ္ခုႏွင့္ပိုတူၿပီး စိတ္ဝိဉာဥ္၏ပဲ့တင္သံမွ လာတယ္။ အဆင့္နိမ့္ေတြကအဆင္ျမင့္ေတြရဲ့တည္ရွိမႈအေပၚအလိုအေလ်ာက္ တုန႔္ျပန္ၾကတယ္။ ဝိဉာဥ္ရဲ့သီခ်င္းသံ ထိန္းခ်ဳပ္မႈေအာက္ကေန သူတို႔က သစၥာရွိၿပီး ၿပိဳင္ဘက္ကင္းတဲ့တေစၧတပ္မေတာ္ကိုဖန္တီးနိုင္တယ္။ ဘယ္ေလာက္ပဲအားနည္းတဲ့တေစၧျဖစ္ပါေစ သူတို႔ကစစ္ပြဲတြင္းမွာပါဝင္နိုင္တယ္"
အၿငိဳးႀကီးတေစၧမ်ားသည္ ပိုင္နက္နဲ႔ပတ္သက္၍အလြန္လႊမ္းမိုးလိုၾကရာ အေျခခံအားျဖင့္စုစည္းမႈမရွိပဲ ကပ္လ်က္တေစၧပိုင္နက္မ်ားမွာတစ္ခုႏွင့္တစ္ခုတိုက္ခိုက္ေနျမဲျဖစ္သည္။ မ်ားစြာေသာတေစၧဘုရင္မ်ားအားစုစည္းနိုင္ျခင္းကပင္ တေစၧတပ္မေတာ္အား အေျခခံအားျဖင့္ မခုခံမလႊမ္းမိုးနိုင္ျဖစ္ေစသည္။
"ဝမ္းကြဲ မင္းရဲ့*ကန္တုန္(*ဆရာသခင္ကုခ်န္ေပးလိုက္သည့္တိဘက္ရိုးရာႏွဲ) ကတကယ္ေတာ့ တေစၧေတြကိုဆြဲေဆာင္ဆင့္ေခၚနိုင္တဲ့စြမ္းရည္ရွိတယ္။ ဒီေန႔ေကာင္းကင္ဘုရင္က်ိဳးရဲ့ပြဲကိုသြားတာကအကူညီျဖစ္ေစတယ္"
ပိုင္ကုစကားလွလွေလးသုံးလိုက္ျခင္းျဖစ္သည္ တကယ္တမ္းၾကဝူ႐ုန္တြင္ဂီတႏွင့္ပတ္သတ္၍ပါရမီမရွိ သူ၏လူအရိုးခရာမႈတ္ျခင္းမွထြက္လာေသာအသံသည္ ေခြးတေစၧဘုရင္ႀကီးပင္ သည္းမခံနိုင္ေပ။ ဝူ႐ုန္ကိုယ္တိုင္လည္း ထိုျပႆနာကိုသူ႔ဘာသာေတြးၾကည့္ေနသည္။ ကန္တုန္ကိုေလ့က်င့္ေနစဥ္အတြင္း သူ၏ယင္ခ်ီႏွင့္ ထိုတူရိယာအၾကားတြင္ပါးလႊေသာကြာဟခ်က္တစ္ခုရွိေနသည္ဟုအျမဲခံစားေနရၿပီး သူ၏ခြန္အားအကုန္ပင္မစိုက္ထုတ္ထားခဲ့။ တေစၧမ်ားအားဆြဲ ေဆာင္နိုင္သည့္အေျခခံသက္ေရာက္မႈကို ၿပီးေျမာက္ရန္ခက္ခဲ ေနသည္။
ဝူ႐ုန္အႀကိမ္ေတာ္ေတာ္မ်ားမ်ားႀကိဳးစားခဲ့ေပမယ့္မရ။ ဟြိဳက္ရွင္းအားေမးျမန္းၾကည့္သည့္အခါဘုန္းႀကီးေလးသည္ သူကိုယ္ထည္သည္ ယင္ခ်ီမ်ားထြက္သြား ျခင္းအားအလိုအေလ်ာက္တားဆီးထားျခင္းေၾကာင့္ျဖစ္သည္ဟုဆိုသည္။ ဝူ႐ုန္ သည္တိုက္ပြဲအတြင္း၌ တေစၧခ်ီမ်ားကိုသုံးေနသည့္တိုင္ အေပၚယံသာျဖစ္ၿပီး အေျခခံအားျဖင့္ တိုက္ရိုက္ေလျပင္းတိုက္ ျခင္းႏွင့္သာတူသည္။ ထိုရိုးရွင္းၾကမ္းတမ္းသည့္နည္းလမ္းသည္ ကန္တုန္ႏွင့္ေရရွည္မသင့္ေတာ္ ၎သည္ပိုသိမ္ေမြ႕ေသာယင္ခ်ီထိန္းခ်ဳပ္မႈမ်ိဳးလိုအပ္သည္။
ဝူ႐ုန္၏ခႏၶာကိုယ္သည္အလြန္ထူးျခားလွသည္ ၎သည္ အလိုအလ်ာက္ယင္ႏွင့္ယန္အားသီးျခားခြဲထားၿပီးသူသ ယင္ခ်ီ၊တေစၧခ်ီ တဝက္သည္ သူကိုယ္ထဲမွထြက္မသြားခဲ့။ ထိုသို႔ေသာခႏၶာမ်ိဳးတြင္ ေကာင္းက်ိဳးသာမကဆိုးက်ိဳးလည္းရွိသည္။ အံ့ဩစရာတစ္ခုမျဖစ္လာပါက ကန္တုန္အားဝူ႐ုန္အသုံးျပဳနိုင္သည့္အခြင့္ေရးမွာ အလြန္နည္းပါးသည္။
"Woof!"
ပိုင္ကုဝိဉာဥ္ပဲ့တင္သံအေၾကာင္းေျပာေနစဥ္တြင္ ေခြးတေစၧဘုရင္ႀကီးအရိပ္ထဲမွထြက္လာၿပီးညသူ၏ႀကီးမားေၾကာက္စရာေကာင္းေသာေခါင္းႀကီးအားဝူ႐ုန္ဒူးေပၚတင္ထားလ်က္ အတိတ္အားတမ္းတေနသကဲ့သို႔ ရစ္တြယ္မႈႏွင့္ယုံၾကည္မႈမ်ားပါေနေသာအူသံတစ္ခုသူလည္ေခ်ာင္းမွျပဳလုပ္ေနေလသည္။ သူ၏ေခါင္းႀကီးတိုးကပ္လာသည္ႏွင့္ ပိုင္ကုေပါင္ေပၚအသိုက္လုပ္ေနေသာစိတ္ဝိဉာဥ္ေခြးေလးသည္ အေမႊးပြေပါက္စီလုံးေလးကဲ့သို႔ ခ်က္ ခ်င္း ေျပးသြားသည္။ ၎သည္ ေခြးႀကီးအားအလြန္ေၾကာက္ကာျပန္ပင္မေဟာင္ရဲ။ တဖက္လွည့္ထားကာ သူ႔အျမႇီးကိုသာေခြးႀကီးဘက္မေက်မနပ္ျဖင့္လွည့္ထားၿပီး ေသးငယ္ေသာသူေခါင္းေလးအားကားျပတင္းေပါက္တြင္မွီထားလ်က္ အျပင္ဘက္သို႔ၾကည့္ေနသည္။
"Bark!"
႐ုတ္တရက္တစုံတရာကိုျမင္သြားပုံရသည္စိတ္ဝိဉာဥ္ေခြးေလးသည္ စိတ္လူပ္ရွားစြာမက္တပ္ရပ္လ်က္ မွန္မွတဆင့္ အျပင္ဘက္ဆီတိုးထြက္ေနၿပီး သူအျမႇီးသည္လည္းပန္းပြင့္ေလးလိုခါယမ္းေနေတာ့သည္။
"မစၥတာဝူ ကၽြန္ေတာ္တို႔ေရာက္ပါၿပီ"
က်ိဳးမိသားစုမွလႊတ္လိုက္သည့္ဒါရိုက္ဘာသည္အလြန္ယဥ္ေက်းသည္။ လမ္းတေလၽွာက္တြင္ သူ႔၏အိုက္ေဒါ ဆရာသခင္လင္းယြင္ႏွင့္ေတြ႕ရမည့္အတြက္ ဆုေရွာင္းမီတစ္ေယာက္အလြန္စိတ္လႈပ္ရွားေနသည္။ ထိုအခ်ိန္တြင္ ဒါရိုက္ဘာသည္ ရွိုး၏အေရွ႕ဘက္သို႔လက္ညိဳးညႊန္ျပလ်က္ ရိုေသေလးစားေသာေလသံျဖင့္ " ၾကည့္အာတ့ာကဆရာသခင္လင္းယြင္ရဲ့ကားေလ"
___
6:06Pm,Mon, 15.1.24
W-3276