|| Unicode ||
ဤညသည်တော့ အိပ်ပျက်ညဖြစ်ရန်ကြမ္မာဖန်လေကာ ကောင်းကင်အားထိုးထွင်မတက်သိပ်သည်းလှသောယင်ချီဝဲဂယက်နှင့် ကောင်းကင်တခွင်လုံးတောက်လောင်နေသောကျန့်ယန်မီးတောက်များပါယှဉ်တွဲလိုက်သောအခါ ကျားယန်တမြို့လုံးအားအိပ်စက်ရာမှနိုးထလာစေရန်လုံလောက်လေသည်။ မြို့အားအစောင့်များကပိတ်ဆို့ထား၍ တစ္ဆေပိုင်နက်သို့ညနက်တွင်ထွက်ခွာမရတော့ပေ။ သူတို့သည် ထစ်ချုန်းပေါက်ကွဲသံများမှတဆင့် ပြင်းထန်လှသောတိုက်ပွဲအားအပေါ်ယံသုံးသပ်ကာမည်သူလုပ်သည်ကိုသာခန့်မှန်းနိုင်သည်။
" ကျန့်ယန့်မီးဆိုတော့ ဆရာသခင်လင်းယွင်ဖြစ်နိုင်မလား?"
လုန်ဟူတောင်တန်း၌ငယ်စဉ်ဘဝတည်းက ထုန်ကျိနည်းအားကျင့်ကြံ၍ ပါရမီမရှိဆုံးကောင်းကင်သခင်သာလျှင် ကျန့်ယန်မီးအားနိုးထစေနိုင်မည်ဖြစ်သည်။ ကောင်းကင်တခွင်လုံးနီးပါးအုပ်စိုးနိုင်သည်ကျင့်ယန့်မီမှာ သာမန်လေ့ကျင့်ထားသူကောင်းကင်သခင်တစ်ယောက်ပြုလုပ်နိုင်သည့်အရာမဟုတ်။ ဤတကြိမ် ကျိုးမိသားစုမှ စုံညီကျောက်လောင်းပွဲအတွက်ဖိတ်ကြားခံရသည့် စွမ်းရည်ရှိသူများမှာ အရည်ချင်းရှိကြပြီး တစ်ဦးချင်းစီတွင်သူတို့ကိုယ်ပိုင် ခန့်မှန်းချက်များရှိသည်။ ညလယ်အချိန် ကျိုးမိသားစုမှ လူတချို့အား ဆရာသခင်လင်းယွင်နေထိုင်ရာနေရာဆီသို့စေလွှတ်ကာ လေးစားစွာ ဆုံတွေ့စေပြီးဆရာသခင်ကိုတွေ့သည့်အခါ အကြောင်းပြန်စေသည်။
"မင်းပြောတာက ဆရာသခင်လင်းယွင်ကသူအခန်းထဲမှပဲရှိနေသေးတာ?"
ကျိုးရှင်းဟုန်သည် ကျိုးမိသားစုစံအိမ်ရှိစာကြည့်ခန်းထဲ၌ မဟော်ဂနီကုလားထိုင်ပေါ်ထိုင်နေပြီး လက်ထဲမှသစ်ကြားသီးကိုဖြည်းညှင်းစွာလှည့်နေသည်။ သူသည် ဝိတ်မတက်သေးသည့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ် လေးထောင့်ဆန်ဆန်မျက်နှာနှင့် ပို၍ ခန့်ညားထည်ဝါနေသည်။
" မင်းဖုတောက်ကျန့်ဆီသွားခဲ့သေးလား?"
"ဖုတောက်ကျန့်ရဲ့အခန်းထဲမှာ ဘယ်သူမှမရှိဘူး "
ထိုသူမှာခေါင်းကိုပို၍ငုံထားပြီး ပြောရန်တွန့်ဆုတ်နေသည်။
"ရှင်းပြ"
"အကြီးကဲ ဒီညမြင်ကွင်းက လျို့ဝှက်ကြာပန်းအသင်းတော်နဲ့များဆက်နွယ်နေမလား?"
ကျိုးရှင်းဟုန်စကားမပြော သူမျက်လုံးများမှေးကျဉ်းလျက် ပြတင်းပေါက်မှတဆင့်ပျောက်ကွယ်သွားပြီးဖြစ်သောမီးတောက်များရှိရာ ကြည့်နေရင်း ရုတ်တရက်မေးလာသည် " အခု အာကျင်း ဘယ်မှာလဲ?"
" ဆရာကျင်း သူ...တုံကင်ကိုယူပြီး မြို့ထဲကထွက်သွားတယ်"
"အဓိပ္ပါယ်မရှိတာပဲ"
ကျိုးရှင်းဟုန် သူ့အားပေါ့ပါးသောလေသံဖြင့်အပြစ်တင်သည့်တိုင် သူလက်အောက်ငယ်သား များ မှာ အလွန်ထိတ်လန့်နေပြီ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ ကျိုးရှင်းဟုန်မျက်နှာပေါ်တွင် ဒေါသအများအပြားမရှိ။ သူကုလားထိုင်ပေါ်မှီထိုင်လိုက်ပြီး မျက်လုံးများကို ညင်သာစွာမှေးမှိတ်လိုက်ကာ လက်ထဲမှသစ်ကြားသီးကိုလှည့်လည်ပွတ်သပ်နေကာ အသံမြည် နေစေတော့သည်။ ပတ်ဝန်းကျင်မှာအလွန်တရာတိတ်ဆိတ်နေပြီး အသက်ရူသံများမှာ မကြားနိုင်အောင် တိုးလျှနေသည်။ အချိန်အတော်ကြာပြီးနောက် ကျိုးရှင်းဟုန်ညင်သာစွာအသက်ရူထုတ်လိုက်ကာ မျက်လုံးများမှိတ်လျက် အမိန်ပေးလေသည် " အာကျင်းကတစုံယောက်ကိုခေါ်လာခဲ့ရင် နေရာထိုင်ခင်းအတွက်စီစဉ်ဖို့တာဝန်ယူလိုက်"
" အဆင့်ကတော့...ဖုတောက်ကျန့်နဲ့တခြားသူတွေလိုပဲ"
"ဟုတ်ကဲ့"
ကျိုးရှင်းဟုန်၏အမိန့်ကိုနားထောင်ပြီးနောက် သူ၏ငယ်သားများအံ့အားသင့်သွားသည့်တိုင် လျင်မြန်စွာ တုန့်ပြန်လာသည်။ ဆရာလေးကျင်းက ခေါ်လာပြီး ကျိုးရှင်းဟုန်အာရုံစိုက်ရလောက်တဲ့သူက ဘယ်သူများလဲ? တခါတရံ အစေခံများမှာ ထိုသားအဖ၏ဆက်ဆံရေးကို ရှင်းလင်းစွာမမြင်နိုင်။ အဖေကသူ့သားအားတချိန်လုံးစောင့်ကြည့်နေပြီး သားကတော့အဖေကို ထူးမခြားဆက်ဆံလေ့ရှိသည်။ သို့သော်တခါတရံမှာတော့သူတို့သည်တစ်ဦးပေါ်တဦးနားလည်နိုင်ဆုံးသူများဖြစ်ကြသည်။ ထိုအကြာင်းတွေးမိသည်နှင့် အစေခံမှာ စိတ်ငြိမ်သွားသည်။ ဒါတွေကသူတွေးသင့်သောအရာများမဟုတ် သူလုပ်ရမည်အရာများမှာ အမိန့်ကိုလိုက်နာရုံသာရှိသည်။
"အာကျင်း အာကျင်း"
အစေခံနောက်ဆုတ်သွားသည့်အခါ ကျိုးရှင်းဟုန်၏ညှင်သာသောသက်ပြင်းချသံကိုကြားလိုက်ရသည်။ ကျားယန်တခုလုံးအားထိန်းချုပ်ထားနိုင်သည့် ကျောက်စိမ်းကုန်သည်ကြီးမှာ အသံတိုးတိုးဖြင့်သူ့ကိုယ်သူပြောလိုက်သည် " မင်းနဲ့ မင်းအမေကအရမ်းတူတာပဲ"
၎င်းမှာနွေးထွေးကာလွမ်းဆွတ်တမ်းတသည့်လေသံဖြစ်သည့်တိုင်း အစေခံမှာ ကြားလိုက်သည့်အခါ အေးစက်မှုတစ်ခုသာခံစားမိသည်။ သူခြေနှင့်လက်များအားဖြေလျော့ကာ တိတ်တဆိတ် စာကြည့်ခန့်မှထွက်လာပြီး တံခါးကိုပိတ်ပေးလိုက်သည်။
__
Pit-pat
ကျားယန်မြို့ဆီလျှောက်လှမ်းလာသောဝူရုန်မှာ သူ့ရှေ့ရှိစောင့်ဆိုင်းနေသော လူကိုတွေသည့်အခါ အနည်းငယ်မျှရပ်သွားသည်။ ဆွဲခေါ်ခံလာသည့်ခံစားချက်ကို ခံစားမိသည့်အချိန်တွင် ဖုချင်းမှာ ပုံမှန်အတိုင်းဆက်သွားနေသည်။ လမ်းတလျောက် ဝူရုန်သည် တစ္ဆေကြီး ၊ဖုချင်းနှင့် လျှို့ဝှက်ကြားပန်းအသင်းတော်များအကြောင်းတွေးတောနေခဲ့သည်။ ဤခဏမျှရပ်တန့်သည့်အချိန်မှသာလျှင် ဖုချင်းနှင့်သူ လက်များတွဲထားလျက်ရှိနေသေးသည်ကိုသတိပြုမိသည်။
ဖုချင်း၏လက်ဖဝါးမှာနွေးထွေးခြောက်သွေးနေလျက် နီးကပ်သောထိစပ်မှုမှတဆင့် ဝူရုန်၏လက်ဖဝါးဆီသို့အပူများကူးစက်ကာ ယင်ချီနှင့်အေးစက်မှုများကိုပျောက်ပျက်စေသည်။ လမ်းကြမ်းမောင်းကားအားမှီကာရပ်နေသည့်သူသည် ဝူရုန်နှင့်ဖုချင်းတို့တွဲထားသည့်လက်ကိုကြည့်လိုက်ကာ ပြုံး၍မတ်မတ်ရပ်လိုက်သည့်အခါ သူ၏ငွေရောင်ကြက် ခြေကပ်နားဆွဲများလူပ်ယမ်းသွားပြီးငွေရောင်လက်သွားတော့သည်။
"ဖုတောက်ကျန့် မစ္စတာ ဝူ"
ထိုအသံမှာနားထောင်လိုက်သည့်အခါတိုင်း အလွန်တရာသာယာနာပျော်ဖွယ်ကောင်းပြီး စိတ်လူပ်ရှားစေကာ အထူးသဖြင့် ရင်ထဲထိသွားမည်ဖြစ်သည်။ ဝူရုန်ထိုအသံပိုင်ရှင်မှာ ကျိုးကျင်းဖြစ်ကြောင်းမှတ်မိသည်။
Buckle
အဖြူရောင်ကျောက်စိမ်းပြွန်ထဲမှ ယန်ကျင်းကျိုးမား တင်းကြပ်စွာ ချုပ်ကိုင်ထားငည် အဖြူနှင့်အနက်ကလေးတစ္ဆေလေးနှစ်ကောင်မှာ ပြွန်၏အတွင်းဘက်နံရံကိုဝင်တိုက်ပြီး ပျင်းရိငြီးငွေ့ဖွယ်အသံတစ်ခုဖြစ်ပေါ်စေသည်။ ဝူရုန်ကျိုးကျင်းအား တွေးဆဆနှင့်ကြ ည့်လိုက်ကာ ကလေးတစ္ဆေကလူပ်ရှားလာတယ်ဆိုတော့ သူက ဒီကောင်လေးတွေရဲ့သခင်အစစ်များလား?
" မြို့ကညဘက်ဆို ပိတ်လိုက်ပြီ။ကျွန်တော်ကကျိုးကျင်ပါ မြို့ထဲပြန်နားဖို့အတွက်လာခေါ်တာပါ"
ကျိုးကျင်းသည်အလွန်ကြည့်ကောင်းသူဖြစ်ကာ အရပ်မပုသည့်အပြင် ၁.၈မီတာ နီးပါးရှိ ရှည်သွယ်၍ချူချာ သောခံစားချက်ကိုပေးလေသည်။ သူစိတ်ထဲဖြစ်ပေါ်လာသောခံစားချက်မှာ အလွန်တရာဝိရောဓိဖြစ်စေသည်။ ကျိုးကျင်း၏မျက်လုံးများမှာ မီးများလောင်ကျွမ်းနေသကဲ့သို့ တောက်လောင်တောက်ပနေတော့သည်။ သို့သော်သူ၏ပါးပြင်မှာ အလွန်တရာဖျော့တော့နေလျက်နူတ်ခမ်းများဖြူလျော်နေသည်။ ထိုစကားစုလေးနှင့်ပင် သူခတ္တမျှအနည်းငယ်ချောင်းဆိုးသွားသည်။
ဖုချင်းသည်အမြဲလိုလို လျစ်လျူရူကာတိတ်ဆိတ်နေပြီး ကျိုးကျင်း၏ အမတတစ်ပါးကဲ့သို့ သာယာနာပျော်ဖွယ်အသံမှာ သူ့အတွက်သာမန်လူတစ်ယောက်၏အသံကဲ့သို့ထူးမခြားပေ။ ကျိုးကျင်သည် ကလေးတစ္ဆေနှစ်ကောင်၏ ပိုင်ရှင်ဖြစ်နိုင်ချေရှိသည်သိပြီးနောက် ဝူရုန်အမူယာအများအပြားပြောင်းလဲမှုမရှိ သူခေါင်းငြိမ့်ပြလိုက်သည် " ဝူရုန်"။
"ဒါကချန်ချန်း ၊ပိုင်ကု ၊ဆုရှောင်းမီ"
" အားလုံး ကျေးဇူးပြုပြီး ကားထဲဝင်ပါ"
ကျိုးကျင်မှာ စိတ်သဘောကောင်းဟန်ဖြင့် ဝူရုန်နောက်မှာလူများကိုပြုံး၍ခေါင်းငြိမ့်ပြလိုက်သည်။ထိုပြင်ဆင်မွမ်းမံထားသည့်လမ်းကြမ်းမောင်းကားတွင် သူတို့အားလုံးအပြင် ခွေးတစ္ဆေကြီးများဝင်ဆံ့လောက်သည့်အထိလုံလောက်သောနေရာရှိသည်။ အံ့ဩစရာကောင်းသည်က ကားထဲတွင်ဒါရိုက်ဘာရှိမနေ ကျိုးကျင်း သည်ဒါရိုက်ဘာခုံတွင်ဝင်ထိုင်လိုက်ပြီးနောက် သူကိုယ်တိုင်မောင်းနှင်ကာပြန်လာခဲ့သည်။
'hiss ဒီကားကအရမ်းကိုဇိမ်ကျတာပဲ'
သူစိမ်းတစ်ယောက်ရှိနေသည့်အတွက် သူတို့အသံမထွက်ပဲ ဝူရုန်၏သွေးစာချုပ်မှတဆင့် စကားပြောနေကြသည်။ တစ္တေကြီးသည် သူ့ဘယ်နားမှချိတ်စည်းအားဖြည်ပြီးနောက် သူ၏ခွန်အားသည်လည်းပိုမြင့် သောအဆင့်ဆီရောက် သွားသည်။ တချိန်တည်းမှာပင် တစ္ဆေကြီး၏အမည်အစစ်ကိုရရှိထားသူဝူရုန်သည်လည်း အသစ်တိုးလားသောခွန်အားအားလက်ခံရရှိလိုက်သည်။ တစ္ဆေကြီး၏သွေးနှင့်ပေါင်းစပ်ပြီးနောက် သူ၏သွေးစာချုပ်သည်လည်း တစ်နည်းတစ်ဖုံပြောင်းလဲသွားပုံပေါ်သည် ထိုပြောင်းလဲမှုသည် ဝူရုန်နှင့်သွေးစာချုပ်ချုပ်ဆိုထားသည့် ပိုင်ကုနှင့် တခြားသူများအပေါ်သက်ရောက်မှုရှိသည်။
နဂိုမူလတွင် သွေးစာချုပ်မှာ နှစ်ဦးနှစ်ဖက်ကြားတွင်သာ ဆက်သွယ်ဖလှယ်လို့ရသည်။ ဝူရုန် ၊ပိုင်ကု ဟွမ်မောင်နှင့်တခြားသူများမှာ တစ်ဦးနှင့်တစ်ဦးဆက်သွယ်ပြောဆိုနိုင်သည်။ သို့သော် ပိုင်ကုနှင့် ဟွမ်မောင်ဆက်သွယ်ပြောဆိုမရ။ သို့သော်လည်း သွေးစာချုပ်၏အသိသာဆုံးပြောင်းလဲမူမှာ ဝူရုန်သွေစာချုပ်ချုပ်ဆိုထားသူအားလုံးတိတ်တဆိတ်ဆက်သွယ်ပြောဆိုနိုင်ခြင်းဖြစ်သည်။ ဒါပေါ့ သူတို့၏ဆက်သွယ်ပြောဆိုမှုတိုင်းမှာ ဝူရုန်စိတ်ထဲမှ တဆင့် ဆက်သွယ်နေခြင်းသာဖြစ်သည်။ စကားပြောခန်းထဲတွင် လွတ်လွတ်လပ်လပ်ပြောဆိုနေသကဲ့သို့ဝူရုန်သည်လည်း စကားပြောခန်းထဲ၌ရှိနေသည်။
" ဘာမှပြန်မယူပဲ ကြိုပို့ယာဉ်လုပ်ပေးဆိုတော့ လိမ်လည်တာမဟုတ်ရင် ခိုးဝှက်တာပဲ။ ကောင်းကင်ရဲ့ဘုရင်က ဘာလုပ်ချင်နေတယ်လို့ထင်လဲ?"
ဟွမ်မောင်၏သံသယဖြစ်နေသောအသံမှာ ဝူရုန်စကားပြောခန်း၏ခွင့်ပြုချက်မှတဆင့် တခြားသူများကြားရလေသည်။
'ကျိုးမိသားစု လူအိုကြီးယန်နဲ့ စောင့်ေရှာက်သျှန့်ကိုအောင်မြင်စွာသတ်ဖြတ်နိုင်တာကိုသိပြီးလောက်ပြီ'
ပိုင်ကုသူအတွေးများကို စီစစ်လိုက်ပြီးနောက် ' ကျိုးကျင်းကိုဒီကိုလွှတ်လိုက်တာကငါတို့နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကိုအရင်တည်ဆောင်ချင်တာဖြစ်မယ်'
ဟွမ်မောင်ခုထိအဖြေရှာမရ ' အရင်ဦးအောင်လုပ်တာကဘာအတွက်လဲ? ကျားယန်မြို့ထဲမှာဆိုရင် လျှို့ဝှက်ကြာပန်းအသင်းတော်နဲ့ ကျိုးမိသားစုက အင်အားကြီးနှစ်ရပ်မဟုတ်ဘူးလား? ငါတို့ကလျှို့ဝှက်ကြာပန်းအသင်းတော်ကိုအကြိမ်တော်တော်များများအာခံခဲ့တာလေ။ဘယ်သူကများကျိုးမိသားစုကိုဆန့်ကျင်နိုင်မှာလဲ?
'မင်းအာ့လိုပြောလို့မရဘူး'
ဆုရှောင်းမီဝင်ရောက်ပြောလာသည် ' လျှို့ဝှက်ကြာပန်းအသင်းတော်က ဘော့စ်ရုန်ကို စောင့်ရှောက်သူတစ်ယောက်ဖြစ်ပေးဖို့ခေါ်တာလည်းဖြစ်နိုင်တယ်'
'ဘာကြီး? မင်းနောက်နေတာလား? ငါတို့လျှို့ဝှက်ကြာပန်းအသင်းတော်ကလူအများကြီးကိုသတ်ခဲ့တာလေ အာ့တာကသွေးကြွေးမဟုတ်ဘူးလား?'
'လျှို့ဝှက်ကြာပန်းအသင်းတော်အင်းအားအမှန်တကယ်ကြီးတဲ့သူတွေကိုထောက်ခံတယ်' ဆုရှောင်းမီလေးနက်စွာရှင်းပြသည် ' လူအိုကြီးယန်၏မျိုးဆက်ကသေသွားပြီ၊ ပြီးတော့ကာကွယ်သူသျှန့်နဲ့ သူ့ရဲ့အပေါင်းအပါရောပဲ လေ။ လျှို့ဝှက်ကြာပန်းအသင်းတော် ရဲ့ လေ့ကျင့်မှု အရဆိုလျှင် လူအများအပြားကိုသတ်ဖြတ်နိုင်ခြင်းက တဖက်လူရဲ့ခွန်အားကလုံလောက် အောင်သန်မာနေပြီ'
'ဓမ္မဘုရင်ဖေးက ဘော့စ်ရုန်ကို ကြာပန်းအသိမှတ်ပြုစုံညီပွဲအတွက်ဖိတ်ကြားစာပေးပို့လောက်တယ်'
ဟွမ်မောင်တွေးရခက်သွားသည် ' ကြာပန်းအသိမှတ်ပြုစုံညီပွဲ'
' ကောင်းပြီ အာ့တာကလျှို့ဝှက်ကြာပန်းအသင်းတော်မှာ အရမ်းကိုအဆင့်မြင်တဲ့တွေ့ဆုံပွဲမို့ အသေးစိတ်တော့ငါလည်းမသိဘူး'
လူများစွာသည် စကားပြောခန်းထဲစိတ်အားထက်သန်စွာဆွေးနွေးနေစဉ် စကားပြောလမ်းကြောင်းမှာရုတ်တရက်နှောက်ယှက်ခံလိုက်ရသည်။
"စုံညီကျောက်လောင်းပွဲမှာပါဝင်ဖို့ ခွဲခြားပြီဖိတ်ကြားခံတဲ့ဧည့်သည်တွေက ဗီလာအတွင်းကအကောင်းဆုံးလုံခြုံရေးစနစ်နဲ့နေရမှာပါ"
ကျိုးကျင်းပြုံးလိုက်ကာ ဝူရုန်အား ယဉ်ကျေးစွာပြောသည် " မစ္စတာဝူကတစ်ယောက်တည်းနေမှာလား ဒါမှမဟုတ် မစ္စတာဖုနဲ့နေမှာလား?"
"တစ်ယောက်တည်းနေမှာ "
"အတူတူ"
ဝူရုန်နှင့် ဖုချင်းမှာ တချိန်တည်းလိုလိုပြောလာကာ ဝူရုန်ဖုချင်းအား အံ့ဩစွာကြည့်လိုက်ပြီးနောက် ရှင်းပြလာသည် " ငါသူတို့နဲ့နေမှာ "
တစ္ဆေကြီး၏အခြေနေမှာ ခုထိမသိရသေးကာ ဖုချင်းနှင့်နေရန်အလွန်အဆင်မပြေလှ။ ပိုင်ကု၊ ခွေးတစ္ဆေဘုရင် နှင့်တခြားသူများနှင့်နေခြင်းမှာ ရုတ်တရက်ကြုံလာနိုင်သောမတော်တဆများကိုလျော့ချနိုင်သည်။ ဒါအပြင် ဝူရုန်ခန့်မှန်းချက်ချက်ရဆိုလျှင် ဆန်းကြယ်သောထိုလူမှာ ရက်အနည်းငယ်အတွင်းသူဆီလာရောက်နိုင်သည်။ အကယ်၍ဖုချင်းသာသူကိုသတိပြုလျှင် အလွန်ရှက်စရာကောင်းနိုင်သည်။
ဖုချင်းအားအသေးစိတ်မပြောနိုင်ခြင်းအတွက်အကြောင်းပြချက်များစွာရှိသည် ဝူရုန်သည် ထိုအေးစက်ကာကြည်လင်နေသောမျက်ဝန်းများနှင့်စိုက်ကြည့်ခံရသည့်အခါ အနည်းငယ်မသက်မသာခံစားမိသည် သို့သော်မကြာမီပြန်တည်ငြိမ်သွားသည်။
"အမ်"
ဖုချင်းသူနူတ်ခမ်းပါးများကို ညင်သာစွာပိတ်လိုက်ပြီးနောက် မသိသာစွာခေါင်းငြိမ်လိုက်ပြီးနောက် ဝူရုန်လက်ကိုလွတ်လိုက်ကာ မျက်လုံးများမှိတ်၍ သူစိတ်ကိုအနားပေးလိုက်သည် သူတကိုယ်လုံးမှာအေးစက်မှုများဖြာထွက်နေလျက် တခြားသူများအား မိုင်ထောင်ပေါင်းများစွာနှင်နေလေသည်။ ဝူရုန်သည်ထိုအခြေနေမျိုးနဲ့အသားကျနေပြီဖြစ်ကာ သူသည်လည်းမျက်လုံးများမှိတ်လိုက်ပြီးနောက် သူကိုယ်ထဲမှပြောင်းလဲနေသော စွမ်းအင်များကိုခံစားကြည့်ကာ တစ္ဆေကြီး၏ပြောင်းလဲမှု သူပေါ်ခက်နှိပ်ထားသောသွေးစာလုံးမှ ကျုံးကူပေါ်သက်ရောက်မှုရှိမရှိ စမ်းစစ်နေသည်။ ထိုနောက်မှာတော့ သူတို့၏ ခရီးဆုံးသို့မရောက်မီထိ ပြောစရာစကားမရှိတော့ပေ။
ကားပေါ်မှဆင်းလိုက်သောဝူရုန်အနည်းငယ်ထူးဆန်းနေသည်။ သူအခု သိသိသာသာကိုပင် စကားပြောခန်းအားပြန်ဖွင့်လိုက်သည့်တိုင် အရင်ကတက်ကြွစွာစကာူပြောနေခဲ့သောဟွမ်မောင်နှင့်တခြားသူများမှာ ဆွံအဟန်ဆောင်နေတာများလား? ကားပေါ်မှဆင်းလာသောဟွမ်မောင် နှာချေသွားသည်။ ကားထဲကအဲကွန်းကအရမ်းအေးနေလို့များလား?
___
" အိုး ငါရဲ့မိတ်ဆွေလေး မင်းရဲဒီလိုကြောက်စရာကောင်းတဲ့အခြေနေကိုကြည့်ပါဦး မင်းအခုဘာလုပ်လာလဲ မှန်းကြည့်မယ် ညလယ်ကြီးအပြင်ကိုခိုးထွက်ခဲ့တာလား?"
ညလယ် ဆရာသခင်လင်းယွင်နေထိုင်ရာအိမ်ရှိ အိပ်ခန်းပြတင်းပေါက်ရုတ်တရက်ပွင့်လာပြီး အနက်ရောင်ပုံရိပ်တစ်ခု အပြင်မှလှိမ့်ဝင်လာပြီးနောက် ကြမ်းပေါ်တွက် ခွေးသေတစ်ကောင်ကဲ့သို့ အမူယာမဲ့လူပ်ရှားမှုမဲ့စွာလဲပြိုနေတော့သည်။ အိပ်ခန်းထဲရှိ အိပ်ရာကြီးပေါ်တွင်နဂိုကလဲလျောင်းနေခဲ့သော ပုံရိပ်မှာ တဖြည်းဖြည်းထလာပြီး အဖြူရောင်ဆံပင်များပျံ့ကျဲနေကာ ပျင်းရိသောပုံစံဖြင့် သူကိုယ်ပေါ်တွင်အဝတ်အထည်မရှိ တချို့သော ပြေလျော့နေသည့် ပတ်တီးများသားပတ်ထားကာ အလွန်ဆွဲဆောင်မှုရှိနေသည်။
သူ၏မျက်နှာသည် ဆရာသခင်လင်းယွင်နှင့်တူညီနေသည်။
"ကြည့်ကြည့် အိုး ဘုရားသခင် မင်းအပြင်ကိုထွက်ပြီးငါ့နောက်ကွယ်မှာ သွားတိုက်ခိုက်နေတယ်ပေါ့လေ? ဟေး ဒါတော့မတရားဘူး မင်းမကောင်းတာတခုခုလုပ်တဲ့အခါဘာလို့ငါ့ကိုမခေါ်သွားရတာလဲ?"
ပတ်တီးများကိုပတ်လိုက်ပြီး 'ဆရာသခင်လင်းယွင်' ပြတင်းပေါက်နားကအရိပ်ဆီသို့လျှောက်လာ သူ့အားခြေထောက်ကိုသုံး၍ လှည့်လိုက်သည်။ " ငါမျက်လုံးထဲမှာတော့ လူအိုကြီးရေ မင်းကအခု တကယ်ကြီး မွှေးကြိုင်နေတယ် အသားကင်လို့အရသာရှိနေတယ် ။ တရုတ်လူမျိုးတွေရဲ့စကားနဲ့ဆိုဘယ်လိုပြောရမလဲ...အိုး ငါသတိရပြီ မင်းပြောတာ အခါ *ညနက်မှာအဆိတ်ခတ်ခြင်း ဆိုလား "(*အင်တာနက်အသုံးစကား၊ ညလယ်တွင် moments နှင့် stories တို့တွင် အစားအစာပုံများတင်ခြင်း)
"ငရဲကိုသာသွားလိုက်တော့"
အနက်ရောင်အရိပ်သည်ခြောက်ကပ်စွာပြန်ပြောလိုက်ကာ 'ဆရာသခင်လင်းယွင်'၏ ဟိုစမ်းဒီစမ်းလုပ်နေသောလက်ကို စိတ်မရှည်စွာ ပုတ်ထုတ်လိုက်သည်။ " ငါရဲ့တာအိုကိုယ်ပေါ်မှာ သောက်ကျိုးနည်း ပတ်တီးတွေလာမစည်းစမ်းနဲ့ မဟုတ်လို့ကတော့ မင်းငါ့စကားနားမထောင်ရင် အားပေါင်ကိုခေါ်ပြိး သတ်ခိုင်းလိုက်မယ်"
"ဟေး အကျိုးကြောင်းမညီညွှတ်တဲ့လူအိုကြီး မင်းငါ့ကို ဒီလိုပျင်းစရာကောင်းတဲ့အိမ်မှာ ထားခဲ့ဝာာကိုအပြစ်မတင်ပဲငါဘာသာလည်ပတ်ခဲ့ရတာကို မင်းကတောင်ငါ့ကိုစိတ်ပြန်ဆိုးနေသေးတယ်"
ပတ်တီးနှင့်ပတ်ထားသောဆရာသခင်လင်းယွင်သည်မျက်ခုံးများကိုပင့်လိုက်ပြီး အနက်ရောင်အရိပ်၏ကိုယ်ပေါ်တွင်တိုက်ရိုက်ပင်ထိုင်ချလိုက်ကာ သူဖိချလိုက်သည့်အခါ အသက်ရူပင်ကြပ်လုနီးပါဖြစ်သွားသည်။ မျက်စိတမှိတ်အတွင်း အခေါင်းထမ်းတစ္ဆေအိုကြီးသည် သူမူလပုံစံသို့ပြန်ရောက်သွားပြီး ဆရာသခင်လင်းယွင်၏ရင်ဘက်ပေါ်တွင်ထိုင်ချလိုက်ကာ သူ၏လည်ပင်အားပတ်တီးဖြင့်ပျော်ရွှင်စွာညစ်နေတော့သည်။ " ငါ့ကိုပြောပြ မြန်မြန်ပြော ဘယ်သူကမင်းကိုဒီလိုဖြစ်အောင်ရိုက်လိုက်တာလဲ?"
"ပြော မင်းဘာလို့အသံမထွက်လာတာလဲ?"
"ဟေး မင်းအသက်ထွက်သွားပြီလား ? မင်းကို အသက်ကယ်လေရူသွင်းဖို့လိုသေးလား မေ့လိုက်တော့ မင်းသေလိုက် မင်းသေတာကိုငါခုထိမမြင်ဖူးသေးဘူး "
" ငါ့ရဲ့ပတ်တီးတွေကြည့် မင်းသေသွားရင် မင်းအတွက်အခေါင်းခိုးပေးမယ်..."
" လူယုတ်မာ__!"
အနက်ရောင်အရိပ်မှာ ထပ်မံသည်းမခံနိုင်တော့သည့်အတွင် ပြင်းထန်စွာဆွဲလိုက်ပြီးနောက် ပတ်တီးနှင့်လူအိုကြီးအား ကြွေကျသွားသည့်ကြယ်ကဲ့သို့ပစ်ထုတ်လိုက်သည်။ ထိရိုက်သံနှင့်အတူ ပတ်တီးနှင့်လူသေးသေးလေးမှာ နံရံတွင်နစ်မြုတ်သွားပြီး နံရံလူသားများဆက်လက်၍ တွက်တိုးနေခဲ့သည် " Alas, မင်းကမသေသေူဘူး၊ မင်းမသေသေးရင်ငါဘယ်လိုလက်စားချေရပါ့မလဲ? မင်းသေဖိုလိုသေးတယ်..."
" ဒီည ငါဘုရင်ကြီးကိုတွေ့ခဲ့တယ် "
အိပ်ခန်းမှာ ရုတ်တရက်တိတ်ဆိတ်သွားတော့သည်။
___
စာရေးသူမှာပြောစရာရှိသည်။
အဖုံးမှာ ဖုချင်းနှင့် တစ္ဆေဘုရင်ရှန်ရုန်ဖြစ်သည်။
အသေးစိတ်ရှင်းပြထားသည်အရာမှာ ဆရာသခင်လင်းယွင်နှင့် ချွမ်ယန်ကျီ တို့ကြားမှစစ်ပွဲအကြောင်းဖြစ်သည်။
ဆရာသခင်လင်းယွင် သတ္တိရှိစွာသွားခဲ့သည်။
ဆရာသခင်လင်းယွင်တောက်ပစွာလောင်မြိုက်ခံလိုက်ရသည်။
ဆရာသခင်လင်းယွင်အဆုံးထိပါဝင်ခဲ့သည်။
__
Road to 40k viewer
Thank you for your interested in my poor translation.🤎🤎🤎
8:00Pm , Thu, 7.12.23
3272words
|| Zawgyi ||
ဤညသည္ေတာ့ အိပ္ပ်က္ညျဖစ္ရန္ၾကမၼာဖန္ေလကာ ေကာင္းကင္အားထိုးထြင္မတက္သိပ္သည္းလွေသာယင္ခ်ီဝဲဂယက္ႏွင့္ ေကာင္းကင္တခြင္လုံးေတာက္ေလာင္ေနေသာက်န႔္ယန္မီးေတာက္မ်ားပါယွဥ္တြဲလိုက္ေသာအခါ က်ားယန္တၿမိဳ႕လုံးအားအိပ္စက္ရာမွနိုးထလာေစရန္လုံေလာက္ေလသည္။ ၿမိဳ႕အားအေစာင့္မ်ားကပိတ္ဆို႔ထား၍ တေစၧပိုင္နက္သို႔ညနက္တြင္ထြက္ခြာမရေတာ့ေပ။ သူတို႔သည္ ထစ္ခ်ဳန္းေပါက္ကြဲသံမ်ားမွတဆင့္ ျပင္းထန္လွေသာတိုက္ပြဲအားအေပၚယံသုံးသပ္ကာမည္သူလုပ္သည္ကိုသာခန႔္မွန္းနိုင္သည္။
" က်န႔္ယန႔္မီးဆိုေတာ့ ဆရာသခင္လင္းယြင္ျဖစ္နိုင္မလား?"
လုန္ဟူေတာင္တန္း၌ငယ္စဥ္ဘဝတည္းက ထုန္က်ိနည္းအားက်င့္ႀကံ၍ ပါရမီမရွိဆုံးေကာင္းကင္သခင္သာလၽွင္ က်န႔္ယန္မီးအားနိုးထေစနိုင္မည္ျဖစ္သည္။ ေကာင္းကင္တခြင္လုံးနီးပါးအုပ္စိုးနိုင္သည္က်င့္ယန႔္မီမွာ သာမန္ေလ့က်င့္ထားသူေကာင္းကင္သခင္တစ္ေယာက္ျပဳလုပ္နိုင္သည့္အရာမဟုတ္။ ဤတႀကိမ္ က်ိဳးမိသားစုမွ စုံညီေက်ာက္ေလာင္းပြဲအတြက္ဖိတ္ၾကားခံရသည့္ စြမ္းရည္ရွိသူမ်ားမွာ အရည္ခ်င္းရွိၾကၿပီး တစ္ဦးခ်င္းစီတြင္သူတို႔ကိုယ္ပိုင္ ခန႔္မွန္းခ်က္မ်ားရွိသည္။ ညလယ္အခ်ိန္ က်ိဳးမိသားစုမွ လူတခ်ိဳ႕အား ဆရာသခင္လင္းယြင္ေနထိုင္ရာေနရာဆီသို႔ေစလႊတ္ကာ ေလးစားစြာ ဆုံေတြ႕ေစၿပီးဆရာသခင္ကိုေတြ႕သည့္အခါ အေၾကာင္းျပန္ေစသည္။
"မင္းေျပာတာက ဆရာသခင္လင္းယြင္ကသူအခန္းထဲမွပဲရွိေနေသးတာ?"
က်ိဳးရွင္းဟုန္သည္ က်ိဳးမိသားစုစံအိမ္ရွိစာၾကည့္ခန္းထဲ၌ မေဟာ္ဂနီကုလားထိုင္ေပၚထိုင္ေနၿပီး လက္ထဲမွသစ္ၾကားသီးကိုျဖည္းညႇင္းစြာလွည့္ေနသည္။ သူသည္ ဝိတ္မတက္ေသးသည့္ သက္လတ္ပိုင္းလူတစ္ေယာက္ျဖစ္ ေလးေထာင့္ဆန္ဆန္မ်က္ႏွာႏွင့္ ပို၍ ခန႔္ညားထည္ဝါေနသည္။
" မင္းဖုေတာက္က်န႔္ဆီသြားခဲ့ေသးလား?"
"ဖုေတာက္က်န႔္ရဲ့အခန္းထဲမွာ ဘယ္သူမွမရွိဘူး "
ထိုသူမွာေခါင္းကိုပို၍ငုံထားၿပီး ေျပာရန္တြန႔္ဆုတ္ေနသည္။
"ရွင္းျပ"
"အႀကီးကဲ ဒီညျမင္ကြင္းက လ်ိဳ႕ဝွက္ၾကာပန္းအသင္းေတာ္နဲ႔မ်ားဆက္ႏြယ္ေနမလား?"
က်ိဳးရွင္းဟုန္စကားမေျပာ သူမ်က္လုံးမ်ားေမွးက်ဥ္းလ်က္ ျပတင္းေပါက္မွတဆင့္ေပ်ာက္ကြယ္သြားၿပီးျဖစ္ေသာမီးေတာက္မ်ားရွိရာ ၾကည့္ေနရင္း ႐ုတ္တရက္ေမးလာသည္ " အခု အာက်င္း ဘယ္မွာလဲ?"
" ဆရာက်င္း သူ...တုံကင္ကိုယူၿပီး ၿမိဳ႕ထဲကထြက္သြားတယ္"
"အဓိပၸါယ္မရွိတာပဲ"
က်ိဳးရွင္းဟုန္ သူ႔အားေပါ့ပါးေသာေလသံျဖင့္အျပစ္တင္သည့္တိုင္ သူလက္ေအာက္ငယ္သား မ်ား မွာ အလြန္ထိတ္လန႔္ေနၿပီ ခ်က္ခ်င္းပင္ တိတ္ဆိတ္သြားသည္။ က်ိဳးရွင္းဟုန္မ်က္ႏွာေပၚတြင္ ေဒါသအမ်ားအျပားမရွိ။ သူကုလားထိုင္ေပၚမွီထိုင္လိုက္ၿပီး မ်က္လုံးမ်ားကို ညင္သာစြာေမွးမွိတ္လိုက္ကာ လက္ထဲမွသစ္ၾကားသီးကိုလွည့္လည္ပြတ္သပ္ေနကာ အသံျမည္ ေနေစေတာ့သည္။ ပတ္ဝန္းက်င္မွာအလြန္တရာတိတ္ဆိတ္ေနၿပီး အသက္႐ူသံမ်ားမွာ မၾကားနိုင္ေအာင္ တိုးလၽွေနသည္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ က်ိဳးရွင္းဟုန္ညင္သာစြာအသက္႐ူထုတ္လိုက္ကာ မ်က္လုံးမ်ားမွိတ္လ်က္ အမိန္ေပးေလသည္ " အာက်င္းကတစုံေယာက္ကိုေခၚလာခဲ့ရင္ ေနရာထိုင္ခင္းအတြက္စီစဥ္ဖို႔တာဝန္ယူလိုက္"
" အဆင့္ကေတာ့...ဖုေတာက္က်န႔္နဲ႔တျခားသူေတြလိုပဲ"
"ဟုတ္ကဲ့"
က်ိဳးရွင္းဟုန္၏အမိန႔္ကိုနားေထာင္ၿပီးေနာက္ သူ၏ငယ္သားမ်ားအံ့အားသင့္သြားသည့္တိုင္ လ်င္ျမန္စြာ တုန႔္ျပန္လာသည္။ ဆရာေလးက်င္းက ေခၚလာၿပီး က်ိဳးရွင္းဟုန္အာ႐ုံစိုက္ရေလာက္တဲ့သူက ဘယ္သူမ်ားလဲ? တခါတရံ အေစခံမ်ားမွာ ထိုသားအဖ၏ဆက္ဆံေရးကို ရွင္းလင္းစြာမျမင္နိုင္။ အေဖကသူ႔သားအားတခ်ိန္လုံးေစာင့္ၾကည့္ေနၿပီး သားကေတာ့အေဖကို ထူးမျခားဆက္ဆံေလ့ရွိသည္။ သို႔ေသာ္တခါတရံမွာေတာ့သူတို႔သည္တစ္ဦးေပၚတဦးနားလည္နိုင္ဆုံးသူမ်ားျဖစ္ၾကသည္။ ထိုအၾကာင္းေတြးမိသည္ႏွင့္ အေစခံမွာ စိတ္ၿငိမ္သြားသည္။ ဒါေတြကသူေတြးသင့္ေသာအရာမ်ားမဟုတ္ သူလုပ္ရမည္အရာမ်ားမွာ အမိန႔္ကိုလိုက္နာ႐ုံသာရွိသည္။
"အာက်င္း အာက်င္း"
အေစခံေနာက္ဆုတ္သြားသည့္အခါ က်ိဳးရွင္းဟုန္၏ညႇင္သာေသာသက္ျပင္းခ်သံကိုၾကားလိုက္ရသည္။ က်ားယန္တခုလုံးအားထိန္းခ်ဳပ္ထားနိုင္သည့္ ေက်ာက္စိမ္းကုန္သည္ႀကီးမွာ အသံတိုးတိုးျဖင့္သူ႔ကိုယ္သူေျပာလိုက္သည္ " မင္းနဲ႔ မင္းအေမကအရမ္းတူတာပဲ"
၎မွာေႏြးေထြးကာလြမ္းဆြတ္တမ္းတသည့္ေလသံျဖစ္သည့္တိုင္း အေစခံမွာ ၾကားလိုက္သည့္အခါ ေအးစက္မႈတစ္ခုသာခံစားမိသည္။ သူေျခႏွင့္လက္မ်ားအားေျဖေလ်ာ့ကာ တိတ္တဆိတ္ စာၾကည့္ခန႔္မွထြက္လာၿပီး တံခါးကိုပိတ္ေပးလိုက္သည္။
__
Pit-pat
က်ားယန္ၿမိဳ႕ဆီေလၽွာက္လွမ္းလာေသာဝူ႐ုန္မွာ သူ႔ေရွ႕ရွိေစာင့္ဆိုင္းေနေသာ လူကိုေတြသည့္အခါ အနည္းငယ္မၽွရပ္သြားသည္။ ဆြဲေခၚခံလာသည့္ခံစားခ်က္ကို ခံစားမိသည့္အခ်ိန္တြင္ ဖုခ်င္းမွာ ပုံမွန္အတိုင္းဆက္သြားေနသည္။ လမ္းတေလ်ာက္ ဝူ႐ုန္သည္ တေစၧႀကီး ၊ဖုခ်င္းႏွင့္ လၽွို႔ဝွက္ၾကားပန္းအသင္းေတာ္မ်ားအေၾကာင္းေတြးေတာေနခဲ့သည္။ ဤခဏမၽွရပ္တန႔္သည့္အခ်ိန္မွသာလၽွင္ ဖုခ်င္းႏွင့္သူ လက္မ်ားတြဲထားလ်က္ရွိေနေသးသည္ကိုသတိျပဳမိသည္။
ဖုခ်င္း၏လက္ဖဝါးမွာေႏြးေထြးေျခာက္ေသြးေနလ်က္ နီးကပ္ေသာထိစပ္မႈမွတဆင့္ ဝူ႐ုန္၏လက္ဖဝါးဆီသို႔အပူမ်ားကူးစက္ကာ ယင္ခ်ီႏွင့္ေအးစက္မႈမ်ားကိုေပ်ာက္ပ်က္ေစသည္။ လမ္းၾကမ္းေမာင္းကားအားမွီကာရပ္ေနသည့္သူသည္ ဝူ႐ုန္ႏွင့္ဖုခ်င္းတို႔တြဲထားသည့္လက္ကိုၾကည့္လိုက္ကာ ျပဳံး၍မတ္မတ္ရပ္လိုက္သည့္အခါ သူ၏ေငြေရာင္ၾကက္ ေျခကပ္နားဆြဲမ်ားလူပ္ယမ္းသြားၿပီးေငြေရာင္လက္သြားေတာ့သည္။
"ဖုေတာက္က်န႔္ မစၥတာ ဝူ"
ထိုအသံမွာနားေထာင္လိုက္သည့္အခါတိုင္း အလြန္တရာသာယာနာေပ်ာ္ဖြယ္ေကာင္းၿပီး စိတ္လူပ္ရွားေစကာ အထူးသျဖင့္ ရင္ထဲထိသြားမည္ျဖစ္သည္။ ဝူ႐ုန္ထိုအသံပိုင္ရွင္မွာ က်ိဳးက်င္းျဖစ္ေၾကာင္းမွတ္မိသည္။
Buckle
အျဖဴေရာင္ေက်ာက္စိမ္းႁပြန္ထဲမွ ယန္က်င္းက်ိဳးမား တင္းၾကပ္စြာ ခ်ဳပ္ကိုင္ထားငည္ အျဖဴႏွင့္အနက္ကေလးတေစၧေလးႏွစ္ေကာင္မွာ ႁပြန္၏အတြင္းဘက္နံရံကိုဝင္တိုက္ၿပီး ပ်င္းရိၿငီးေငြ႕ဖြယ္အသံတစ္ခုျဖစ္ေပၚေစသည္။ ဝူ႐ုန္က်ိဳးက်င္းအား ေတြးဆဆႏွင့္ၾက ည့္လိုက္ကာ ကေလးတေစၧကလူပ္ရွားလာတယ္ဆိုေတာ့ သူက ဒီေကာင္ေလးေတြရဲ့သခင္အစစ္မ်ားလား?
" ၿမိဳ႕ကညဘက္ဆို ပိတ္လိုက္ၿပီ။ကၽြန္ေတာ္ကက်ိဳးက်င္ပါ ၿမိဳ႕ထဲျပန္နားဖို႔အတြက္လာေခၚတာပါ"
က်ိဳးက်င္းသည္အလြန္ၾကည့္ေကာင္းသူျဖစ္ကာ အရပ္မပုသည့္အျပင္ ၁.၈မီတာ နီးပါးရွိ ရွည္သြယ္၍ခ်ဴခ်ာ ေသာခံစားခ်က္ကိုေပးေလသည္။ သူစိတ္ထဲျဖစ္ေပၚလာေသာခံစားခ်က္မွာ အလြန္တရာဝိေရာဓိျဖစ္ေစသည္။ က်ိဳးက်င္း၏မ်က္လုံးမ်ားမွာ မီးမ်ားေလာင္ကၽြမ္းေနသကဲ့သို႔ ေတာက္ေလာင္ေတာက္ပေနေတာ့သည္။ သို႔ေသာ္သူ၏ပါးျပင္မွာ အလြန္တရာေဖ်ာ့ေတာ့ေနလ်က္ႏူတ္ခမ္းမ်ားျဖဴေလ်ာ္ေနသည္။ ထိုစကားစုေလးႏွင့္ပင္ သူခတၱမၽွအနည္းငယ္ေခ်ာင္းဆိုးသြားသည္။
ဖုခ်င္းသည္အျမဲလိုလို လ်စ္လ်ဴ႐ူကာတိတ္ဆိတ္ေနၿပီး က်ိဳးက်င္း၏ အမတတစ္ပါးကဲ့သို႔ သာယာနာေပ်ာ္ဖြယ္အသံမွာ သူ႔အတြက္သာမန္လူတစ္ေယာက္၏အသံကဲ့သို႔ထူးမျခားေပ။ က်ိဳးက်င္သည္ ကေလးတေစၧႏွစ္ေကာင္၏ ပိုင္ရွင္ျဖစ္နိုင္ေခ်ရွိသည္သိၿပီးေနာက္ ဝူ႐ုန္အမူယာအမ်ားအျပားေျပာင္းလဲမႈမရွိ သူေခါင္းၿငိမ့္ျပလိုက္သည္ " ဝူ႐ုန္"။
"ဒါကခ်န္ခ်န္း ၊ပိုင္ကု ၊ဆုေရွာင္းမီ"
" အားလုံး ေက်းဇူးျပဳၿပီး ကားထဲဝင္ပါ"
က်ိဳးက်င္မွာ စိတ္သေဘာေကာင္းဟန္ျဖင့္ ဝူ႐ုန္ေနာက္မွာလူမ်ားကိုျပဳံး၍ေခါင္းၿငိမ့္ျပလိုက္သည္။ထိုျပင္ဆင္မြမ္းမံထားသည့္လမ္းၾကမ္းေမာင္းကားတြင္ သူတို႔အားလုံးအျပင္ ေခြးတေစၧႀကီးမ်ားဝင္ဆံ့ေလာက္သည့္အထိလုံေလာက္ေသာေနရာရွိသည္။ အံ့ဩစရာေကာင္းသည္က ကားထဲတြင္ဒါရိုက္ဘာရွိမေန က်ိဳးက်င္း သည္ဒါရိုက္ဘာခုံတြင္ဝင္ထိုင္လိုက္ၿပီးေနာက္ သူကိုယ္တိုင္ေမာင္းႏွင္ကာျပန္လာခဲ့သည္။
'hiss ဒီကားကအရမ္းကိုဇိမ္က်တာပဲ'
သူစိမ္းတစ္ေယာက္ရွိေနသည့္အတြက္ သူတို႔အသံမထြက္ပဲ ဝူ႐ုန္၏ေသြးစာခ်ဳပ္မွတဆင့္ စကားေျပာေနၾကသည္။ တေစၲႀကီးသည္ သူ႔ဘယ္နားမွခ်ိတ္စည္းအားျဖည္ၿပီးေနာက္ သူ၏ခြန္အားသည္လည္းပိုျမင့္ ေသာအဆင့္ဆီေရာက္ သြားသည္။ တခ်ိန္တည္းမွာပင္ တေစၧႀကီး၏အမည္အစစ္ကိုရရွိထားသူဝူ႐ုန္သည္လည္း အသစ္တိုးလားေသာခြန္အားအားလက္ခံရရွိလိုက္သည္။ တေစၧႀကီး၏ေသြးႏွင့္ေပါင္းစပ္ၿပီးေနာက္ သူ၏ေသြးစာခ်ဳပ္သည္လည္း တစ္နည္းတစ္ဖုံေျပာင္းလဲသြားပုံေပၚသည္ ထိုေျပာင္းလဲမႈသည္ ဝူ႐ုန္ႏွင့္ေသြးစာခ်ဳပ္ခ်ဳပ္ဆိုထားသည့္ ပိုင္ကုႏွင့္ တျခားသူမ်ားအေပၚသက္ေရာက္မႈရွိသည္။
နဂိုမူလတြင္ ေသြးစာခ်ဳပ္မွာ ႏွစ္ဦးႏွစ္ဖက္ၾကားတြင္သာ ဆက္သြယ္ဖလွယ္လို႔ရသည္။ ဝူ႐ုန္ ၊ပိုင္ကု ဟြမ္ေမာင္ႏွင့္တျခားသူမ်ားမွာ တစ္ဦးႏွင့္တစ္ဦးဆက္သြယ္ေျပာဆိုနိုင္သည္။ သို႔ေသာ္ ပိုင္ကုႏွင့္ ဟြမ္ေမာင္ဆက္သြယ္ေျပာဆိုမရ။ သို႔ေသာ္လည္း ေသြးစာခ်ဳပ္၏အသိသာဆုံးေျပာင္းလဲမူမွာ ဝူ႐ုန္ေသြစာခ်ဳပ္ခ်ဳပ္ဆိုထားသူအားလုံးတိတ္တဆိတ္ဆက္သြယ္ေျပာဆိုနိုင္ျခင္းျဖစ္သည္။ ဒါေပါ့ သူတို႔၏ဆက္သြယ္ေျပာဆိုမႈတိုင္းမွာ ဝူ႐ုန္စိတ္ထဲမွ တဆင့္ ဆက္သြယ္ေနျခင္းသာျဖစ္သည္။ စကားေျပာခန္းထဲတြင္ လြတ္လြတ္လပ္လပ္ေျပာဆိုေနသကဲ့သို႔ဝူ႐ုန္သည္လည္း စကားေျပာခန္းထဲ၌ရွိေနသည္။
" ဘာမွျပန္မယူပဲ ႀကိဳပို႔ယာဥ္လုပ္ေပးဆိုေတာ့ လိမ္လည္တာမဟုတ္ရင္ ခိုးဝွက္တာပဲ။ ေကာင္းကင္ရဲ့ဘုရင္က ဘာလုပ္ခ်င္ေနတယ္လို႔ထင္လဲ?"
ဟြမ္ေမာင္၏သံသယျဖစ္ေနေသာအသံမွာ ဝူ႐ုန္စကားေျပာခန္း၏ခြင့္ျပဳခ်က္မွတဆင့္ တျခားသူမ်ားၾကားရေလသည္။
'က်ိဳးမိသားစု လူအိုႀကီးယန္နဲ႔ ေစာင့္ေရွာက္သၽွန႔္ကိုေအာင္ျမင္စြာသတ္ျဖတ္နိုင္တာကိုသိၿပီးေလာက္ၿပီ'
ပိုင္ကုသူအေတြးမ်ားကို စီစစ္လိုက္ၿပီးေနာက္ ' က်ိဳးက်င္းကိုဒီကိုလႊတ္လိုက္တာကငါတို႔နဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ခုကိုအရင္တည္ေဆာင္ခ်င္တာျဖစ္မယ္'
ဟြမ္ေမာင္ခုထိအေျဖရွာမရ ' အရင္ဦးေအာင္လုပ္တာကဘာအတြက္လဲ? က်ားယန္ၿမိဳ႕ထဲမွာဆိုရင္ လၽွို႔ဝွက္ၾကာပန္းအသင္းေတာ္နဲ႔ က်ိဳးမိသားစုက အင္အားႀကီးႏွစ္ရပ္မဟုတ္ဘူးလား? ငါတို႔ကလၽွို႔ဝွက္ၾကာပန္းအသင္းေတာ္ကိုအႀကိမ္ေတာ္ေတာ္မ်ားမ်ားအာခံခဲ့တာေလ။ဘယ္သူကမ်ားက်ိဳးမိသားစုကိုဆန႔္က်င္နိုင္မွာလဲ?
'မင္းအာ့လိုေျပာလို႔မရဘူး'
ဆုေရွာင္းမီဝင္ေရာက္ေျပာလာသည္ ' လၽွို႔ဝွက္ၾကာပန္းအသင္းေတာ္က ေဘာ့စ္႐ုန္ကို ေစာင့္ေရွာက္သူတစ္ေယာက္ျဖစ္ေပးဖို႔ေခၚတာလည္းျဖစ္နိုင္တယ္'
'ဘာႀကီး? မင္းေနာက္ေနတာလား? ငါတို႔လၽွို႔ဝွက္ၾကာပန္းအသင္းေတာ္ကလူအမ်ားႀကီးကိုသတ္ခဲ့တာေလ အာ့တာကေသြးေႂကြးမဟုတ္ဘူးလား?'
'လၽွို႔ဝွက္ၾကာပန္းအသင္းေတာ္အင္းအားအမွန္တကယ္ႀကီးတဲ့သူေတြကိုေထာက္ခံတယ္' ဆုေရွာင္းမီေလးနက္စြာရွင္းျပသည္ ' လူအိုႀကီးယန္၏မ်ိဳးဆက္ကေသသြားၿပီ၊ ၿပီးေတာ့ကာကြယ္သူသၽွန႔္နဲ႔ သူ႔ရဲ့အေပါင္းအပါေရာပဲ ေလ။ လၽွို႔ဝွက္ၾကာပန္းအသင္းေတာ္ ရဲ့ ေလ့က်င့္မႈ အရဆိုလၽွင္ လူအမ်ားအျပားကိုသတ္ျဖတ္နိုင္ျခင္းက တဖက္လူရဲ့ခြန္အားကလုံေလာက္ ေအာင္သန္မာေနၿပီ'
'ဓမၼဘုရင္ေဖးက ေဘာ့စ္႐ုန္ကို ၾကာပန္းအသိမွတ္ျပဳစုံညီပြဲအတြက္ဖိတ္ၾကားစာေပးပို႔ေလာက္တယ္'
ဟြမ္ေမာင္ေတြးရခက္သြားသည္ ' ၾကာပန္းအသိမွတ္ျပဳစုံညီပြဲ'
' ေကာင္းၿပီ အာ့တာကလၽွို႔ဝွက္ၾကာပန္းအသင္းေတာ္မွာ အရမ္းကိုအဆင့္ျမင္တဲ့ေတြ႕ဆုံပြဲမို႔ အေသးစိတ္ေတာ့ငါလည္းမသိဘူး'
လူမ်ားစြာသည္ စကားေျပာခန္းထဲစိတ္အားထက္သန္စြာေဆြးေႏြးေနစဥ္ စကားေျပာလမ္းေၾကာင္းမွာ႐ုတ္တရက္ေႏွာက္ယွက္ခံလိုက္ရသည္။
"စုံညီေက်ာက္ေလာင္းပြဲမွာပါဝင္ဖို႔ ခြဲျခားၿပီဖိတ္ၾကားခံတဲ့ဧည့္သည္ေတြက ဗီလာအတြင္းကအေကာင္းဆုံးလုံျခဳံေရးစနစ္နဲ႔ေနရမွာပါ"
က်ိဳးက်င္းျပဳံးလိုက္ကာ ဝူ႐ုန္အား ယဥ္ေက်းစြာေျပာသည္ " မစၥတာဝူကတစ္ေယာက္တည္းေနမွာလား ဒါမွမဟုတ္ မစၥတာဖုနဲ႔ေနမွာလား?"
"တစ္ေယာက္တည္းေနမွာ "
"အတူတူ"
ဝူ႐ုန္ႏွင့္ ဖုခ်င္းမွာ တခ်ိန္တည္းလိုလိုေျပာလာကာ ဝူ႐ုန္ဖုခ်င္းအား အံ့ဩစြာၾကည့္လိုက္ၿပီးေနာက္ ရွင္းျပလာသည္ " ငါသူတို႔နဲ႔ေနမွာ "
တေစၧႀကီး၏အေျခေနမွာ ခုထိမသိရေသးကာ ဖုခ်င္းႏွင့္ေနရန္အလြန္အဆင္မေျပလွ။ ပိုင္ကု၊ ေခြးတေစၧဘုရင္ ႏွင့္တျခားသူမ်ားႏွင့္ေနျခင္းမွာ ႐ုတ္တရက္ၾကဳံလာနိုင္ေသာမေတာ္တဆမ်ားကိုေလ်ာ့ခ်နိုင္သည္။ ဒါအျပင္ ဝူ႐ုန္ခန႔္မွန္းခ်က္ခ်က္ရဆိုလၽွင္ ဆန္းၾကယ္ေသာထိုလူမွာ ရက္အနည္းငယ္အတြင္းသူဆီလာေရာက္နိုင္သည္။ အကယ္၍ဖုခ်င္းသာသူကိုသတိျပဳလၽွင္ အလြန္ရွက္စရာေကာင္းနိုင္သည္။
ဖုခ်င္းအားအေသးစိတ္မေျပာနိုင္ျခင္းအတြက္အေၾကာင္းျပခ်က္မ်ားစြာရွိသည္ ဝူ႐ုန္သည္ ထိုေအးစက္ကာၾကည္လင္ေနေသာမ်က္ဝန္းမ်ားႏွင့္စိုက္ၾကည့္ခံရသည့္အခါ အနည္းငယ္မသက္မသာခံစားမိသည္ သို႔ေသာ္မၾကာမီျပန္တည္ၿငိမ္သြားသည္။
"အမ္"
ဖုခ်င္းသူႏူတ္ခမ္းပါးမ်ားကို ညင္သာစြာပိတ္လိုက္ၿပီးေနာက္ မသိသာစြာေခါင္းၿငိမ္လိုက္ၿပီးေနာက္ ဝူ႐ုန္လက္ကိုလြတ္လိုက္ကာ မ်က္လုံးမ်ားမွိတ္၍ သူစိတ္ကိုအနားေပးလိုက္သည္ သူတကိုယ္လုံးမွာေအးစက္မႈမ်ားျဖာထြက္ေနလ်က္ တျခားသူမ်ားအား မိုင္ေထာင္ေပါင္းမ်ားစြာႏွင္ေနေလသည္။ ဝူ႐ုန္သည္ထိုအေျခေနမ်ိဳးနဲ႔အသားက်ေနၿပီျဖစ္ကာ သူသည္လည္းမ်က္လုံးမ်ားမွိတ္လိုက္ၿပီးေနာက္ သူကိုယ္ထဲမွေျပာင္းလဲေနေသာ စြမ္းအင္မ်ားကိုခံစားၾကည့္ကာ တေစၧႀကီး၏ေျပာင္းလဲမႈ သူေပၚခက္ႏွိပ္ထားေသာေသြးစာလုံးမွ က်ဳံးကူေပၚသက္ေရာက္မႈရွိမရွိ စမ္းစစ္ေနသည္။ ထိုေနာက္မွာေတာ့ သူတို႔၏ ခရီးဆုံးသို႔မေရာက္မီထိ ေျပာစရာစကားမရွိေတာ့ေပ။
ကားေပၚမွဆင္းလိုက္ေသာဝူ႐ုန္အနည္းငယ္ထူးဆန္းေနသည္။ သူအခု သိသိသာသာကိုပင္ စကားေျပာခန္းအားျပန္ဖြင့္လိုက္သည့္တိုင္ အရင္ကတက္ႂကြစြာစကာူေျပာေနခဲ့ေသာဟြမ္ေမာင္ႏွင့္တျခားသူမ်ားမွာ ဆြံအဟန္ေဆာင္ေနတာမ်ားလား? ကားေပၚမွဆင္းလာေသာဟြမ္ေမာင္ ႏွာေခ်သြားသည္။ ကားထဲကအဲကြန္းကအရမ္းေအးေနလို႔မ်ားလား?
___
" အိုး ငါရဲ့မိတ္ေဆြေလး မင္းရဲဒီလိုေၾကာက္စရာေကာင္းတဲ့အေျခေနကိုၾကည့္ပါဦး မင္းအခုဘာလုပ္လာလဲ မွန္းၾကည့္မယ္ ညလယ္ႀကီးအျပင္ကိုခိုးထြက္ခဲ့တာလား?"
ညလယ္ ဆရာသခင္လင္းယြင္ေနထိုင္ရာအိမ္ရွိ အိပ္ခန္းျပတင္းေပါက္႐ုတ္တရက္ပြင့္လာၿပီး အနက္ေရာင္ပုံရိပ္တစ္ခု အျပင္မွလွိမ့္ဝင္လာၿပီးေနာက္ ၾကမ္းေပၚတြက္ ေခြးေသတစ္ေကာင္ကဲ့သို႔ အမူယာမဲ့လူပ္ရွားမႈမဲ့စြာလဲၿပိဳေနေတာ့သည္။ အိပ္ခန္းထဲရွိ အိပ္ရာႀကီးေပၚတြင္နဂိုကလဲေလ်ာင္းေနခဲ့ေသာ ပုံရိပ္မွာ တျဖည္းျဖည္းထလာၿပီး အျဖဴေရာင္ဆံပင္မ်ားပ်ံ႕က်ဲေနကာ ပ်င္းရိေသာပုံစံျဖင့္ သူကိုယ္ေပၚတြင္အဝတ္အထည္မရွိ တခ်ိဳ႕ေသာ ေျပေလ်ာ့ေနသည့္ ပတ္တီးမ်ားသားပတ္ထားကာ အလြန္ဆြဲေဆာင္မႈရွိေနသည္။
သူ၏မ်က္ႏွာသည္ ဆရာသခင္လင္းယြင္ႏွင့္တူညီေနသည္။
"ၾကည့္ၾကည့္ အိုး ဘုရားသခင္ မင္းအျပင္ကိုထြက္ၿပီးငါ့ေနာက္ကြယ္မွာ သြားတိုက္ခိုက္ေနတယ္ေပါ့ေလ? ေဟး ဒါေတာ့မတရားဘူး မင္းမေကာင္းတာတခုခုလုပ္တဲ့အခါဘာလို႔ငါ့ကိုမေခၚသြားရတာလဲ?"
ပတ္တီးမ်ားကိုပတ္လိုက္ၿပီး 'ဆရာသခင္လင္းယြင္' ျပတင္းေပါက္နားကအရိပ္ဆီသို႔ေလၽွာက္လာ သူ႔အားေျခေထာက္ကိုသုံး၍ လွည့္လိုက္သည္။ " ငါမ်က္လုံးထဲမွာေတာ့ လူအိုႀကီးေရ မင္းကအခု တကယ္ႀကီး ေမႊးႀကိဳင္ေနတယ္ အသားကင္လို႔အရသာရွိေနတယ္ ။ တ႐ုတ္လူမ်ိဳးေတြရဲ့စကားနဲ႔ဆိုဘယ္လိုေျပာရမလဲ...အိုး ငါသတိရၿပီ မင္းေျပာတာ အခါ *ညနက္မွာအဆိတ္ခတ္ျခင္း ဆိုလား "(*အင္တာနက္အသုံးစကား၊ ညလယ္တြင္ moments ႏွင့္ stories တို႔တြင္ အစားအစာပုံမ်ားတင္ျခင္း)
"ငရဲကိုသာသြားလိုက္ေတာ့"
အနက္ေရာင္အရိပ္သည္ေျခာက္ကပ္စြာျပန္ေျပာလိုက္ကာ 'ဆရာသခင္လင္းယြင္'၏ ဟိုစမ္းဒီစမ္းလုပ္ေနေသာလက္ကို စိတ္မရွည္စြာ ပုတ္ထုတ္လိုက္သည္။ " ငါရဲ့တာအိုကိုယ္ေပၚမွာ ေသာက္က်ိဳးနည္း ပတ္တီးေတြလာမစည္းစမ္းနဲ႔ မဟုတ္လို႔ကေတာ့ မင္းငါ့စကားနားမေထာင္ရင္ အားေပါင္ကိုေခၚၿပိး သတ္ခိုင္းလိုက္မယ္"
"ေဟး အက်ိဳးေၾကာင္းမညီညႊတ္တဲ့လူအိုႀကီး မင္းငါ့ကို ဒီလိုပ်င္းစရာေကာင္းတဲ့အိမ္မွာ ထားခဲ့ဝာာကိုအျပစ္မတင္ပဲငါဘာသာလည္ပတ္ခဲ့ရတာကို မင္းကေတာင္ငါ့ကိုစိတ္ျပန္ဆိုးေနေသးတယ္"
ပတ္တီးႏွင့္ပတ္ထားေသာဆရာသခင္လင္းယြင္သည္မ်က္ခုံးမ်ားကိုပင့္လိုက္ၿပီး အနက္ေရာင္အရိပ္၏ကိုယ္ေပၚတြင္တိုက္ရိုက္ပင္ထိုင္ခ်လိုက္ကာ သူဖိခ်လိုက္သည့္အခါ အသက္႐ူပင္ၾကပ္လုနီးပါျဖစ္သြားသည္။ မ်က္စိတမွိတ္အတြင္း အေခါင္းထမ္းတေစၧအိုႀကီးသည္ သူမူလပုံစံသို႔ျပန္ေရာက္သြားၿပီး ဆရာသခင္လင္းယြင္၏ရင္ဘက္ေပၚတြင္ထိုင္ခ်လိုက္ကာ သူ၏လည္ပင္အားပတ္တီးျဖင့္ေပ်ာ္ရႊင္စြာညစ္ေနေတာ့သည္။ " ငါ့ကိုေျပာၿပ ျမန္ျမန္ေျပာ ဘယ္သူကမင္းကိုဒီလိုျဖစ္ေအာင္ရိုက္လိုက္တာလဲ?"
"ေျပာ မင္းဘာလို႔အသံမထြက္လာတာလဲ?"
"ေဟး မင္းအသက္ထြက္သြားၿပီလား ? မင္းကို အသက္ကယ္ေလ႐ူသြင္းဖို႔လိုေသးလား ေမ့လိုက္ေတာ့ မင္းေသလိုက္ မင္းေသတာကိုငါခုထိမျမင္ဖူးေသးဘူး "
" ငါ့ရဲ့ပတ္တီးေတြၾကည့္ မင္းေသသြားရင္ မင္းအတြက္အေခါင္းခိုးေပးမယ္..."
" လူယုတ္မာ__!"
အနက္ေရာင္အရိပ္မွာ ထပ္မံသည္းမခံနိုင္ေတာ့သည့္အတြင္ ျပင္းထန္စြာဆြဲလိုက္ၿပီးေနာက္ ပတ္တီးႏွင့္လူအိုႀကီးအား ေႂကြက်သြားသည့္ၾကယ္ကဲ့သို႔ပစ္ထုတ္လိုက္သည္။ ထိရိုက္သံႏွင့္အတူ ပတ္တီးႏွင့္လူေသးေသးေလးမွာ နံရံတြင္နစ္ျမဳတ္သြားၿပီး နံရံလူသားမ်ားဆက္လက္၍ တြက္တိုးေနခဲ့သည္ " Alas, မင္းကမေသေသူဘူး၊ မင္းမေသေသးရင္ငါဘယ္လိုလက္စားေခ်ရပါ့မလဲ? မင္းေသဖိုလိုေသးတယ္..."
" ဒီည ငါဘုရင္ႀကီးကိုေတြ႕ခဲ့တယ္ "
အိပ္ခန္းမွာ ႐ုတ္တရက္တိတ္ဆိတ္သြားေတာ့သည္။
___
စာေရးသူမွာေျပာစရာရွိသည္။
အဖုံးမွာ ဖုခ်င္းႏွင့္ တေစၧဘုရင္ရွန္႐ုန္ျဖစ္သည္။
အေသးစိတ္ရွင္းျပထားသည္အရာမွာ ဆရာသခင္လင္းယြင္ႏွင့္ ခၽြမ္ယန္က်ီ တို႔ၾကားမွစစ္ပြဲအေၾကာင္းျဖစ္သည္။
ဆရာသခင္လင္းယြင္ သတၱိရွိစြာသြားခဲ့သည္။
ဆရာသခင္လင္းယြင္ေတာက္ပစြာေလာင္ၿမိဳက္ခံလိုက္ရသည္။
ဆရာသခင္လင္းယြင္အဆုံးထိပါဝင္ခဲ့သည္။
__
Road to 40k viewer
Thank you for your interested in my poor translation.🤎🤎🤎
8:00Pm , Thu, 7.12.23
3272words