ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...
By Sheilayoon
69.9K 10.4K 241
Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... More
Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.17- Zhong Gu
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20-Woof Woof Woof!
Ch.20.1-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21-Woof Woof Woof ?
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.26.1-Meow,Meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32-Hiss,hiss hiss,hiss hiss?
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.36.1-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.42.1-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.45.1-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.46.1-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52-Tick tack tick tack
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch 62 - Jiūjiūjiū, Jiūjiūjiū jiū
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 79- Woof woof woooof?
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?
Ch.58.1-Mi mi mi
230 41 0
By Sheilayoon
|| Unicode ||
    'ဘုရင်ရဲ့ခါးကိုဖတ်ထားရတာဘယ်လိုခံစားရလဲ? ဟုန်ရှို့ဆိုတခါမှမဖတ် ဖူးဘူး '
    အခေါင်းထမ်းတစ္ဆေအိုကြီးမှာသူ့လက်ကိုအပေါ်အောက်ဝေ့ယမ်းလျက် ထိုအကြောင်းကိုစိတ်ထဲတွေးနေမိသည်။ ထိုနောက်မှာတော့ ဆရာသခင်လင်းယွင်သူ့အားခေါ်ဆောင်ကာ တစ္ဆေတစ်ကောင်နှင့် လူတစ်ယောက်တို့သည် သောင်းချီသောတစ္ဆေတို့တည်ဆောက်ထားသောတစ္ဆေဘုရင်ဝူရုန်၏ခန်းမဆောင်ရှိရာ ထောင်တုတောင်တန်းဆီသို့သွားကြလေသည်။ အခေါင်းတစ္ဆေအိုကြီးဘယ်ကသတင်းရခဲ့သည်ကိုမသိ။ တစ္ဆေဘုရင်ဝူရုန်သည်အမှန်တကယ်ပင် အရိုးပုလ္လင်ပေါ်တွင်ထိုင်နေကာ ဆုရှောင်းမီမှာ သူ့၏ဒူးခေါင်း‌ပေါ်လဲလျောင်းနေပြီး အိပ်ပျော်နေပုံရသည်။ ဆရာသခင်လင်းယွင်ထိုမြင်ကွင်းကိုမြင်သောအခါ မျက်လုံးများကာလျက် ရှောင်ထွက်သွားချင်မိသည်။ ရူးသွပ်သည့်တစ္ဆေဘုရင်ဆုရှောင်းမီသည် အခေါင်းတစ္ဆေအိုကြီးမှာ ပတ်တီးများဖြင့်အမြဲဖုံးလွှမ်းထားသကဲ့သို့ သူသည်လည်း အမြဲတမ်းမြူနက်များဖြင့်ဖုံးအုပ်ထားတက်သည်။ မည်သူမှသူ၏အစစ်မှန်ပုံစံကိုမမြင်ဖူးခဲ့‌ သို့သော် သူကိုတွေ့သွားသူတိုင်းမှာ သေသွားကြလေသည်။ သူ မသေခင်ကညှင်းပန်းနှိပ်စက်ခံခဲ့ရပြီးသေဆုံးပြီးနောက်တစ္ဆေဖြစ်လာသည်ဟုဆိုသည်။ သူသည်တချိန်လုံးရူးသွပ်နေခဲ့သည်။ သူရူးသွားသည့်အခါတိုင်း သူ' အကို' ဆီသို့သွားလိမ့်မည်ဖြစ်ပြီး သူ့အကိုမဟုတ်သောတစ္ဆေများအား လုံးကိုသတ်ပစ်မည်ဖြစ်သည်။ သတ်ဖြတ်နေစဉ်အတွင်း သူ၏နည်းလမ်းမှာ ရက်စက်ကာအကြင်နာမဲ့လှသည်။ သို့သော်ထိုအချိန်တိုင်း ဆုရှောင်းမီသည် ဝူရုန်ကိုဖတ်ကာငိုလေ့ရှိသည်။ အခေါင်းတစ္ဆေအိုကြီးသည်လည်း ရူးျနတာဖြစ်ရမည် သူသည် ထိုစိတ်လူပ်ရှားဖွယ်မြင်ကွင်းကိုပင်ကြည့်ရဲသည်။ဆရာသခင်လင်းယွင်သည် တစ္ဆေနိုင်ငံတော်တွင်သူလျှိုလုပ်ခဲ့သည်မှာကြာပြီဖြစ်သော်လည်း တစ္ဆေဘုရင်ဝူရုန်ကိုသုံးကြိမ်သာမြင်ဖူးသည်။ တချိန်မှာ တစ္ဆေအားလုံးအစည်းဝေးတက်ရောက်လာပြီး သူဒူး‌ထောက်ကာအရိုသေပေးခဲ့ရသည်။ တခြားတချိန်မှာ သူ ချွမ်ယန်ကျီဖုချင်းကိုတိုက်ခိုက်ရန်တပ်ဖွဲ့အားဦးဆောင်ပြီးနောက်မှာ တစ္ဆေဘုရင်ဝူရုန်မှ သူအားဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ဆရာသခင်လင်းယွင်းသည်ထိုနှစ်ကြိမ်လုံး၌ သူခေါင်းကိုငုံထားပြီး တစ္ဆေဘုရင်နှင့်မျက်လုံးချင်းပင်မဆိုင်ရဲခဲ့။ တကယ်ကိုပါပဲ စ္ဆေဘုရင်ဝူရုန်ရဲ့မျက်နှာကိုအမှန်တကယ်မြင်လိုက်ရချိန်မှာတော့ ....ဘယ်လိုပြောရမလဲ။
    ဆရာသခင်လင်းယွင်မှာ အခုချိန်၌ရှိနေသော တစ္ဆေဘုရင်ဝူရုန်နှင့် ဆုရှောင်းမီမှာ အလွန်တရာ တစ္ဆေ နှင့်မတူလှ။ ဆုရှောင်းမီ၏မျက်လုံးထောင့်တွင် မျက်ရည်များရှိနေသေးကာ သူမျက်နှာတစ်ခုလုံးမကျေနပ် နှင့်နာကျင်မှုများပြည့်နေကာ ကလေးတစ်ယောက်နှင့်တူလှသည်။ သူသည်တစ္ဆေဘုရင်၏အင်္ကျီအားတင်းတင်းကျပ်ကျပ်ကိုင်ဆွဲထားကာ ဟုန်ရှို့ဂရုတစိုက်တစ္ဆေထောင်ပေါင်းများစွာ၏သောကကို စုဆောင်းပြီးရက်လုပ်ထားသည့် ရှပ်အင်္ကျီအားတွန့်ကြေစေသည်။ သို့သော်တစ္ဆေဘုရင်ဝူရုန်ကဂရုမစိုက်ပေ။
    သူသည် အနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး အရိုးသရဖူကိုဆောင်းထားကာ သူလက်များကဆုရှောင်းမီဆံပင်ထက်ထား၍ နှစ်သိမ့်ပေးနေသလိုပင်။ တိတ်ဆိတ်ကာငြိမ်ချမ်းနေသည်။ ဆရာသခင်လင်းယွင်၏စိတ်ထဲ စကားလုံးတချို့ဝင်ရောက်လာကာ ဒါသည် သူ့အတွက်အခေါင်းထမ်းတစ္ဆေအိုကြီးနှင့်အတူ ဖြတ်ဝင်လာခြင်းအတွက်ပြစ်ဒဏ်ဟုပင်ခံစားနေရသည်။ တစ္ဆေအိုကြီး၏ပါးစပ်အားပိတ်ကာ ဆရာသခင်လင်းယွင်တိတ်တဆိတ်ထွက်သွားချင်မိသည်။ သို့သော် သူတို့အား ထောင်တုတောင်ပေါ်ဝင်ရောက်လာလျှင်လာချင်း တစ္ဆေဘုရင်ဝူရုန် မှ သတိထားမိသည်။ ဆရာသခင်ရွေ့လျားဖို့လုပ်လျှင်လုပ်ခြင်း တစ္ဆေဘုရင်ဝူရုန်မက်တပ်ရပ်လာသည့်အခါ သူတို့နှစ်ဦးသားသည်လည်း လေးနက်စွာရပ်နေလိုက်တော့သည်။
     တစ္ဆေဘုရင်ဝူရုန်မှာ ပုလ္လင်ပေါ်တွင်ထိုင်နေမြဲဖြစ်ပြီး ထလာသည်မှာသူ၏ကိုယ်ပွားသာ ဖြစ်ကာ ထို့ကြောင့်ဆုရှောင်းမို နိုးမလာပေ။
     " ငါခဏလောက်အပြင်ထွက်ဦးမယ်"
    နက်ရိူင်းလှသည့်အသံမှာ ဝိဉာဉ်စာချုပ်မှတဆင့်သူတို့စိတ်ထဲဝင်ရောက်လာသည် ဆရာသခင်လင်းယွင်အလိုအလျောက်ဒူးထောက်လိုက်ပြီး သူ့ဘေးရှိလူအိုကြီးမှာ သူထက်ပို၍သေသပ်စွာဒူးထောက်လိုက်သည်။ သူတို့တဖန်ပြန်ကြည့်လိုက်သည့်အခါ ဘုရင်ကြီး၏ကိုယ်ပွားပျောက်ကွယ်သွားပြီဖြစ်သည်။ ဆရာသခင်လင်းယွင်ထိုညကိုမည်သို့ဖြတ်သို့ဖြတ်ကျော်ရမည်ကိုမသိတော့? ဘယ်အရာကများတစ္ဆေဘုရင်ဝူရုန်ကိုယ်တိုင်ကိုင်တွယ်ဖို့အရေးပါရတာလဲ? နောက်ဆုံးတော့သူကမ္ဘာကြီးကို ဖျတ်ဆီးတော့မှာလား? ဒါမှမဟုတ် သူကအမျိုးမျိုးသေယ မဟာမိတ်တွေရဲ့နိုင်ငံရေးဆိုင်ရာခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက်သွေးချောင်းစီးတော့မျာလား? မျိုးစုံသော စိတ်ညစ်ညူးဖွယ်အာရုံများဆရာသခင်လင်းယွင်စိတ်ထဲသွားလိုက်လာလိုက်ဖြစ်နေကာ သူ *င်ကို မီးစွဲနေသကဲ့သို့ခံစားနေရပြီး သူသည် သူ၏သရုပ်မှန်ကိုပင်ထုတ်ဖော်ပြီးအလျင်မြန်ပြေးသွားကာ တခြားသောလူသားမျိုးနွယ်များဆီသတင်းပို့လုနီးပါဖြစ်နေခဲ့သည်။
   သူတချိန်လုံးလွန်စွာစိတ်ခြောက်ခြားနေသဖြင့် အချိန်အကြာကြီးဖြစ်နေသည်ဟုခံစားရသော်လည်း တကယ်တမ်းကျ ဆယ့်ငါးမိနစ်သာကြာခဲ့ပြီး အခေါင်းတစ္ဆေအိုကြီး ဆုရှောင်းမီမျက်နှာပေါ် ပတ်တီးစည်းရန်ပြလုပ်နေသည့်အချိန်တွင် တစ္ဆေဘုရင်ဝူရုန်၏ကိုယ်ပွားပြန်ရောက်လာသည်။ သူသည် လူတစ်သုပ်ကိုလည်းဖမ်းခေါ်လာခဲ့သေးသည် ထိုသူတို့မှာ ဆရာသခင်လင်းယွင်ကိုကြည့်‌‌ နေရင်း ထိတ်လန့်နေကြသည်။ ထိုလူများထဲတွင် အလွတ်တန်းအဖွဲ့စည်းမှ အဆင့်မြင့်အရာရှိများ နှင့် ထန်းရှီတက္ကသိုလ်မှဆရာများပါရှိသည်။ ထိပ်ဆုံးမှတစ်ယောက်မှာ နိုင်ငံတကာတ‌စ္ဆေထိန်းသိမ်း‌ စောင့်ရှောက်ရေးမဟာမိတ် ၏ဒုခေါင်းဆောင်ဖြစ်ကာ ကောင်းကင်စာရင်း၏ထိပ်ဆုံး ဆယ်ယောက်ထဲတွင်ဝင်ရောက်နိုင်သည့်အထိသန်မာသည် ! သူသည် နာကျည်းချက်တစ္ဆေရှစ်ယောက်နှင့် တစ္ဆေစစ်သူကြီးသုံးယောက်အပါဝင် ဆယ်နှစ်ယောက်သောရာဂတစ္ဆေများ ကို မွေးထားသည်ဟုဆိုကြသည်။ စွမ်းအားအကြီးဆုံးရာဂတ‌စ္ဆေမှာ တစ္ဆေဘုရင်အဆင်ပင်ရောက်နေကာ သူ၏တိုက်ခိုက်ရေးစွမ်းအင်သည်လည်း ဟုန်ရှို့နှင့်ပင်ယှဉ်နိုင်သည်။
   ဆယ်ငါးမိနစ်တောင် မကြာလိုက်ပဲ တစ္ဆေဘုရင်ဝူရုန်မှာတကယ်ကြီးထိုသူတို့အား ရှင်လျက်ပင် တစ္ဆေနိုင်ငံတော်ထဲဖမ်းဆီးခေါိဆောင်လာခဲ့သည်။ သူတို့သတ်ခံရလျှင်တောင် ဆရာသခင်လင်းယွင်ဤမျှလောက်အံ့ဩနေမည်မဟုတ်။ သို့ပေမယ့် အာဆီယံတဝှမ်းမှ ထိုသူများကိုရှင်လျက်ဖမ်းလာသည့်အပြင် ထိုသူမှာလည်း တစ္ဆေဘုရင်ဝူရုန်၏ကိုယ်ပွားသာဖြစ်သည်။ သူရဲ့ခွန်အားကဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်လဲ!
    ကိုယ်ပွားသည် မူလကိုယ်နှင့်ပြန်လည်ပေါင်းစပ်လိုက်သည့်အခါ ဆုရှောင်းမီ နိုးလာပြီး အခေါင်းထဲမှလူအိုကြီးအားထိုးလိုက်ကာ ဝူရုန်ကိုယ်ပေါ်မှရှက်ရွံစွာထလိုက်ပြီး စိုးရိမ်စွာပြောလိုက်သည် "ဘုရင်ကြီး ထောင်တုတောင်တန်းကိုစွန့်ခွာပြီးအပြင်ကိုသွားတယ်လား? အာ့တာကဘုရင်ကြီးရဲ့ကိုယ်အတွက်မကောင်း..."
     ဆုရှောင်းမီ၏အသံ ရုတ်တရက်ရပ်တန့်သွားကာ သူခန်းမထဲမှထိုလူများကိုတွေ့သွားသည် သူတို့သည် သတိမေ့ နေရာမှနိုးလာပြီး ယင်ချီများချင်းနင်းဝင်ရောက်လာမှု ကြောင့် နာကျင်နေသည်။ ဆရာသခင်လင်းယွင်ဘက်နေ၍ ကြည့်လျှင် ဆုရှောင်းမီ၏မျက်စံများလုံးဝမည်းနက်သွားကာ သူမျက်နှာထက် ကြောက်မက်ဖွယ်တစ္ဆေလိုင်းများပေါ်ထွက်လာသည်ကိုရှင်းလင်းစွာမြင်ရလေသည်။ သူတစ္ဆေဘုရင်၏ရှေ့တွင် ထိန်းချုပ်မှုလွတ်သွားသည်။
     "မွေးနေ့လက်ဆောင်"
    တစ္ဆေဘုရင်ဝူရုန်ပုလ္လင်ထက်မှီလိုက်၍ တည်ငြိမ်သော လေသံဖြင့်ပြောသည် " မင်းကြိုက်ရဲ့လား?"
    "ကျေးဇူးပါ ကျေးဇူးတင်ပါတယ်ဘုရင်ကြီး ကျွန်တော်ကြိုက်တယ် အရမ်းကြိုက်တယ်"
    ဆုရှောင်းမီလေသံမှာဗလုံးဗထွေးဖြစ်နေပြီး တကိုယ်လုံးတုန်ယင်နေသော်လည်း သူမျက်နှာပေါ်တွင်အပြုံးကြီးကြီတစ်ခုဖြစ်တည်နေသည်။ စိတ်ဆုပ်ထိတ်ပြာနေသော သူ သည် ထိုသူများရှေ့ သွက်လပ်စွာလျှောက်သွားလိုက်ပြီး ထိုင်ချလိုက်ကာ ထိုသူများထဲမှ အလွတ်တန်းအဖွဲ့စည်း၏စီနီယာတစ်ယောက်ဖြစ်သူကိုကြည့်ကာ ပေါ့ပါးစွာပြုံးလိုက်သည်။
    "လီလောင်စန်း (ဆုရှောင်းမိုအားလျှပ်စစ်ရှော့တိုက်နိုပ်စက်ကာ လူအိုကြီးယန်ဆီညှင်းပန်းနိုပ်စက်ရန်ရောင်းချခဲ့သူ)၊ မင်းငါ့ကိုမှတ်မိလား?"
    "အရူးတစ္ဆေဘုရင်!"
    ထိူသူမှာထိတ်လန့်မှုကြောင့်အသံမထွက်တော့ပဲသူလက်ကို ခုခံရန်အလို့ငှာအလိုအလျောက်မြှောက်လိုက်သည်။ သို့သာ်ဆုရှောင်းမီသည်သူလက်မောင်းအားတိုက်ရိုက်ပင်လိမ်လိုက်ကာ ထိုသူနာကျင်မှုကြောင့်အော်ဟစ်လေသည်။ တခြားသူများသည်လည်း တစ်ယောက်ပြီးသတိပြန်ရလာသည်။ တစ္ဆေတစ်‌ သောင်းခန်းမကိုယ်တိုင်ကပင်ထိုသူတို့အားဖိနိုပ်နိုင်ကာ တစ္ဆေချီများချင်းနင်းဝင်ရောက်လာမှုကြောင့်ခံစားရသည့်နာကျင်မှုမှာ တစ္ဆေတစ်သောင်းကနှလုံးကိုဝါးမြိုနေသောနာကျင်မှုထက်မလျော့နည်း။
    "ငါက‌ဆုရှောင်းမီ"
    ဆုရှောင်းမီသူ့ခေါင်းအားတိမ်းစောင်းလိုက်သည့်အခါ သူ့မျက်နှာတစ္ဆေလိုင်းများရုတ်တရက်ပျောက်ကွယ်သွားပြီး နူးညံ့ကာကြည့်ကောင်းသည့်ကလေးအဆီအနည်းငယ်နှင့်မျက်နှာတစ်ခု ထွက်ပေါ်လာသည်။
    "မင်းဒါကိုမှတ်မိလား?"
    တစ္ဆေများ၏အမည်အစစ်မှန်သည်လျှို့ဝှက်ချက်အဖြစ်ထားရပြီး တခြားသူများသိရန်မလွယ်ကူပေ။ လက်မောင်းပြုတ်နေသောလူသည် နာကျင်မှုကြောင်တုန်ယင်နေလျက်ဆုရှောင်းမီ မျက်နှာ အားအချိန်တခုကြာအောင် စိုက်ကြည့်နေကာတစ္ဆေတစ်ကောင်တွေ့လိုက်ရသလို ရုတ်တရက်မယုံကြည်နိုင်သည့်ပုံနှင်အော်ဟစ်လာသည် " မင်းပဲ ! မင်းကိုး မင်းက uh, huh !"
    "မင်းက ဘုရင်ကိုနှောင့်ယှက်‌နေတာပဲ"
    ဆုရှောင်းမီ လိလောင်စန်း၏နူတ်ခမ်းကို သာမန်မဟုတ်သောနည်းတစ်ခုနည်းတွန့်ကွေးစေကာ လူအိုကြီး၏လျှာအားဆွဲထုတ်လိုက်သည်။ ပန်းထွက်လာသည့်သွေးများကိုရှောင်ရှားရင်း ဆုရှောင်းမီလှည့်ထွက်ကာ တစ္ဆေဘုရင်ထိုင်နေရာဆီပြေးသွားပြီး ခေါင်းမော့ကာတ‌စ္ဆေဘုရင်အား သွေးမျက်ရည်များစီးကျလျက်ပြုံးပြနေသည်။
    " ဘုရင်ကြီး သူကကျွန်တော်ကို ကျောက်စိမ်းကတ်ခိုးယူတယ်ပြီးဝါးမြိုထားတယ်လို့ စွတ်စွဲခဲ့တာ။ သူက အာ့တာကိုရှာဖို့ ကျွန်တော်အစာအိမ်ကိုတောင်ခွဲထုတ်ခဲ့တယ်"
    ထိုအခိုက်တန့်ရှိဆုရှောင်းမီသည် မှားယွင်းအပြစ်တင်ခံထားသဖြင့်သူမိသားစုမှ လူကြီးများ အားတရားမျှတမှုကိုရှာဖွေပေးစေချင်နေသည့်လူငယ်လေးနှင့်တူသည်။ သူသည် တစ္ဆေဘုရင်ဝူရုန်အားယုံကြည်ကိုးစားကာ ချစ်ခင်ရင်းနှီးသောမျက်လုံးဖြင့်ကြုံနေလျက် သူမျက်နှာထက်တွင် မျက်ရည်နှင့်နစ်နာနေမှုများရှိနေကာ " ကျွန်တော်ရဲ့အရှင် ကျွန်တော်အာ့တာကိုမခိုးယူခဲ့ဘူး"
    "မငိုပါနဲ့"
    တစ္ဆေဘုရင်ဝူရုန်သူလက်အားမြောက်ကာ ဆုရှောင်းမီမျက်ရည် နှင့်သွေးများကိုသုတ်ပေးပြီးနောက် သူအသံနူးညံငြင်သာနေကာ " သူကအဲ့လိုပြောခဲ့တာဆိုရင် သူ့ကို ကိုယ်တိုင်သွားပြီး ရှာခိုင်းလိုက်တာပေါ့"
    "ကောင်းတယ်"
    ဆုရှောင်းမီလှည့်ထွက်သွားကာ လီလောင်စန်း၏မျက်လုံးများအားကော်ထုတ်လိုက်ရာ အလွန်တရာကြောက်လန့်မှုကြောင့်အော်ဟစ်နေသံများကြား၌ ဖြည်းညှင်းစွာ စားလိုက်သည်။
    "မင်းတွေ့လား?"
    "မင်းရဲ့မျက်လုံးတွေက ငါဗိုက်ထဲမှာ ကျောက်စိမ်းကတ်ကိုတွေ့လား?"
    ‌လီလောင်စန်းပြင်းပြသောနာကျင်မှုနှင့်အော်ဟစ်နေသည်။ ထိုအရာအားလုံးအား သူကိုယ်ပိုင်မျက်လုံးများနှင့်မြင်နေရသော်လည်း  တချို့သောအကြောင်းတရားများကြောင့်ဆရာသခင်လင်းယွင် ထိုသူများအတွက်အနည်းငယ်မျှပင် သနားစိတ်ဖြစ်မလာသည့်အပြင် ဆုရှောင်းမီမှာ ဆိုးရွားလှသည်ဟုပင်မခံစားရ။ သူထိုအချိန်တွင်ဆုရှောင်းမီနာကျင်မှု နှင့် အကူညီမဲ့မှု စိတ်ယိုယွင်းနေမှုများကိုသာမြင်နေရသည်။ ထိုအချက်က ဆရာသခင်လင်းယွင်အားစဉ်းစားချင့်ချိန်တွေးတောစေပြီ သူတိတ်တဆိတ်ပင် ဘာဖြစ်မည်ကိုစောင့်ကြည့်နေမိသည်။ တစ္ဆေများသည် ဆိုးသွမ်းရက်စက်ကာတစ်ပါးသူအားမညှာတက်ဟုဆိုကြကာ တစ္ဆေများ၏ဘုရင် ဝူရုန်သည်လည်း လူသားများကိုသတ်ဖြတ်ကာ ကမ္ဘာကြီးအားဖျတ်ဆီးမည့်အကြီးစားနတ်ဆိုးတစ်ကောင်အဖြစ်ဖော်ညွန်းကြသည်။ သူ့အမည်ကိုပြောကြားရုံနှင့် ညဘက်တွင်ကလေးသူငယ်များငိုယိုနေမှုကိုတားဆီးနိုင်သည်။ သို့ပေမယ့် ဤအဖြစ်ပျက်သာတကယ်ကြီးဖြစ်ခဲ့တာဆိုလျှင်ရော? လူသားများအတွက် အလွတ်တန်းအဖွဲ့စည်းမှအဆင့်မြင့်အဖွဲ့ဝင်တစ်ဦးဖြစ်သောလီလောင်စန်း၊ တစ္ဆေထိန်းမဟာမိတ်အဖွဲ့၏ လက်ထောက်ခေါင်းဆောင်လူအိုကြီးယန် တို့သည် သဘာဝကျစွာပင် တစ္ဆေများစီးနင်ူဝင်ရောင်မှုအားတားဆီးတိုက်ခိုက်ပေးပြီး လူသားများ၏နေထိုင်ရာဒေသအား အကြိမ်များစွာကာကွယ်ပေးထားသည့် ကြီးမြတ်လှသည့် သူရဲကောင်းများဖြစ်သည်။
    သိုသော် ဆုရှောင်းမီ ၊အရူးတစ္ဆေဘုရင်မှာ သူတို့၏အသိတရားကင်းမဲ့မှုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူတို့မရှိလျှင် ဤဆုရှောင်းမီသည်လည်း ဖြစ်မလာနိုင်။ ဆုရှောင်းမီအပြင် ဤကဲ့သို့သောပြစ်မှုများကြောင့် တစ္ဆေမည်မျှဖြစ်ပေါ်လာခဲ့သနည်း? အရူးတစ္ဆေဘုရင်ဆုရှောင်းမီ၏သတ်ဖြတ်ခံ ရခြင်းမှာ သူတို့ပါဝင်နေမည်လား?
    သိသာစွာပင် သူတို့မှာ တူညီသောပုံစံဖြင့်ဆက်ဆံခံနေရပြီး တခါတရံလူအချင်းချင်းပြုမူမှုမှာ တစ္ဆေများက လူများကိုဆက်ဆံသည်ထက်ပို၍ ရက်စက်ပြင်းထန်သည်။ သို့‌သော် ထိုကြမ်းကြုတ်သည့်လူများ နတ်ဆိုးဆန်သည့်စိတ်ဝိဉာဉ်များကို ဖိနုပ်လျက် ‌မလျော့သောလုံ့လဖြင့် အမြင့်ပိုင်နေရာများကိုတက်လှမ်းကြသည်။ သူတို့သည်လုံ့လောက်စွာသန်မာနေပြီး ဥပဒေအတိုင်းနေနေသရွေ့ လူအများစုမှာ အရင်ကသူတို့ပြုလုပ်ခဲ့သည့် မကောင်းမှုများကိုမျက်ကွယ်ပြုလိုက်မည်သာ။ ‌အဆုံးမှာတော့ လူသာမျိုးနွယ်အတွက် သန်မာသောလူများမှာနည်းပါးနေပြီး သူတို့မှာဆုံးရှုံးသွားသည့်နယ်မြေများကိုလည်းပြန်လိုနေချင်ခဲ့သည်မဟုတ်ပါလား။ ဒါပေမယ့်လည်း ဗီလိန်ကိုအပြစ်မပေးသင့်ဘူးလား?
    သူတို့အားလုံးသည် ထိပ်ပိုင်းနေရာများတွင်ရှိနေကာ လူသားလုံခြုံရေးဇုန်၏အဓိက‌ နေရာ တွင်ရပ်တည်နေပြီး ပူးပေါင်းဆောင်ရွယ်ခြင်းလုပ်ငန်းများအတွက်သာတာဝန်ရှိနေလျက် သူတို့ထွက်ပြေးရန်နည်းလမ်းရှိနေသရွေ့ လူကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်မည်မဟုတ်ရာ ထိုသူများအား ဖမ်းပြီးသတ်ဖြတ်ရန်မှာ အလွန်ခက်ခဲလှသည်။ အကယ်၍တစ္ဆေဘုရင်ဝူရုန်သာ ကိုယ်တိုင် မလူပ်ရှားလျှင် ဆုရှောင်းမီမှာ သူသေ သွားသည့်တိုင် ထိုသူတို့အားလက်‌စားချေနိုင်လိမ့်မည်မဟုတ်။ လူသားမျိုးနွယ်ဘက်မှ အတိတ်ကရန်လိုလှသည့်တစ္ဆေဘုရင်၏ စိတ်မချမ်းမြေ့ဖွယ်အတွေ့ကြုံများကြောင့် သူတို့ကိုယ်ပိုင်တိုက်ခိုက်စွမ်းရည်အားအပြစ်ပေးမည်လားဆိုသည်ကိုတော့ မပြောပါနှင့်။
   သူတို့အား သုတ်သင်မည့်သူတစုံတယောက်တော့အမြဲရှိမည်သာ ' သူတို့ကိုယ်ပိုင်ပြဿနာကြောင့်သာမဟုတ်လျှင် နာကျည်းချက်တစ္ဆေများ သေဆုံးပြီးနောက် အဘယ်ကြောင့်ပေါ်လာမည်နည်း?'  တစ္ဆေတွေရဲ့စကားများထဲ၌ ယုံကြည်စရာတစ်ခုမှမရှိကြောင်း တစ္ဆေပုံပြင်များစွာရှိသည်။
    ပထမ ဆုံးအနေဖြင့် ဆရာသ‌ခင်လင်းယွင် တစ္ဆေများ၏ရူထောင့်မှနေ၍ ပြဿနာကိုတွေးတောမိခဲ့သည်။ တစ္ဆေဘုရင်ဝူရုန်ဖမ်းဆီလာသည့်လူတစ်စုမှာ ဆုရှောင်းမီလက်လွဲပေးခဲ့သည့်တိုင် ဆရာသခင်လင်းယွင်ထိုကိစ္စအပေါ်ဂရုမစိုက်ခဲ့။ သူ တစ္ဆေပျိုးထောင်သည့်မဟာမိတ်အဖွဲ့လက်ထောက်ခေါင်းဆောင် လူအိုကြီးယန် တစ်ယောက် ခြေလက်များဖြတ်တောက်ခံရပြီး လူသားဝက်တစ်ကောင်အဖြစ်ပြုလုပ်ခံရကာ တိရိစ္ဆာန်သား‌ ဖောက်သည့်အကျဉ်း‌ထောင်ထဲပစ်ခံရသည်ကိုကြားရသည် __ တစ္ဆေများသည် အဆင့်တစ်ခုထိကျင့်ကြံရန်အတွက် သွေးလိုအပ်သည်။ တစ္ဆေနိုင်ငံထဲတွင် သွေးထောက်ပံ့ရန်အတွက် စိတိဝိဉာဉ်တိရိစ္ဆာန်ရိုင်းများနှင့်သားဖောက်ထားသည့် ကြီးမားလှသော တိရိစ္ဆာန်ကြီးများလှည့်လည်လျက်ရှိသည်။ သားဖောက်သည့်အကျဉ်းထောင်မှာ အထူးတလှယ်ရွေးချယ်ထားသည့် ရက်စက်ကြမ်းကြုတ်သာသန်မာသည့်သားရဲကောင်များ မိတ်လိုက်ရာနေရာဖြစ်သည်။ သူလူအိုကြီးယန်၏ မြဲမြံလှသောအသတ်ဓာတ်အကြောင်း ကြားခဲ့ရသည်။ ငါးနှစ်ကြာသွားသည့်တိုင် သူမသေဆုံးသေး သို‌‌သော်သေခြင်းထက်ဆိုးဝါးသောဘဝကိုရရှိလေသည်။
____
    Alas,အတိတ်ကိုပြန်တူးဖော်ခြင်းထဲကျရောက်ဖို့အရမ်းကိုလွယ်ကူတာပဲ။ ဆရာသခင်လင်းယွင် အသိပြန်ဝင်လာပြီး သူခေါင်းကိုခေါက်လိုက်ကာ ဖုချင်းတစ်ယောက်ဤပြခန်းနေရာတဝိုက်ပြီးဆုံးအောင်လှည့်လည်ပြီးကြောင်းကို နေရာတစ်ခုမှနေ၍ ကြည့်နေလိုက်ပြီးနောက် နောက်ပြခန်းနေရာသို့လျှောက်ထွက်လာကြသည်။သူသည် တကိုယ်တည်းတသီးတသန့်နေတက်သူဖြစ်ရာ ဆရာသခင်လင်းယွင်အားအမူထားမနေပဲ သူဘာသာ လှည့်ပတ်ကြည့်ရှုနေသည်။သူကောက်ယူလိုက်သမျှအားလုံးသည်ဈေးပေါသည့်သာမန်ကျောက်တုံးများသာဖြစ်သည်။
    ဆရာသခင်လင်းယွင်မှာနောက်ကလိုက်ရမည်ကာ ခုနကကဲ့သို့ပင် အတိတ်မှတ်ဉာဏ်များထဲနစ်မြောသွားတက်ကာ သူ၏စိတ်အားထက်သန်မှုကိုထုတ်ဖော်ပြရန်လွန်စွာပျင်းရိနေပြီး ကိုယ်ကြိုက်တာကိုယ်လုပ်ကြတာပေါ့ဟူသောခံစားချက်မျိုးရနေသည်။ အနီးတဝိူက်တွင်မည်သူတစ်ဦးတစ်ယောက်မျှရှိမနေသည့်အတွက် ရှားရှားပါးပါးတိတ်ဆိတ်ငြိမ်သက်နေသည်။ ဆရာသခင်လင်ယယွင်သူတောင်ဝှေးကိုဝေ့ယမ်းလိုက်ပြီးနောက် ထိုင်ရန်ခွေးခြေလေးတစ်လုံးကိုတွေ့သွားသည်။ သူသည် အိပ်ရာအောက်မှာ အခေါင်းထမ်းတစ္ဆေအိုကြီးတစ်ယောက်ပြဿနာလုပ်မည်ကိုစိုးရိမ်နေပြီး ဟွမ်မောင်အတွက်ကိုလည်း စတင်စိတ်ပူနေတော့သည်။
    "ပူဆွေးမှုတစ္ဆေက ဒီနေ့မြို့ထဲကိုဝင်လာသင့်နေပြီကို ဘာလို့ဘာလူပ်ရှားမှုမှမတွေ့ရတာပါလိမ်?"
    ဆရာသခင်လင်းယွင် မတွေးတက်တော့သည့်အတွက် လက်ချောင်များဖြင့်တွက်ချက်ရန်လုပ်လိုက်သောလည်း ဟွမ်မောင်မှာပြန်လည်မွေးဖွားလာသည်ကိုသတိရသွားသည် ထို့ကြောင့်သူရှာဖွေရတော့" ဟုတ်တယ် ဟုတ်တယ် ငါမှာဖုန်းရှိတာပဲ ဖုန်းခေါ်လို့ရသားပဲ"
    ဆရာသခင် လင်းယွင်ရုတ်တရက်တုန့်ပြန်နိုင်သွားပြီး ညာလက်သီးကိုဆုတ်ကာ ဘယ်လက်ဖဝါးကိုထုလိုက်သည်။ ဆရာသခင်လင်းယွက်လို အရာရာကိုတွက်ချက်ပြီးသိနိုင်ခြင်းနှင့် အကျွမ်းဝင်နေသည့် တာအိုတစ်ယောက်အနေဖြင့် ဖုန်းခေါိသည့်ကိစ္စမှာလွန်စွာပြဿနာများပြီး သင်ယူရခက်လှသည်။ အကယ်၍ဖုချင်းသာဖုန်းခေါ်ဆိုမှုတစ်ခုအားအခုတင်မလုပ်ခဲ့လျှင် သူဒါကိုသတိပြုမိမည်မဟုတ်သေး ။ ပြောတဲ့အတိုင်းလုပ်လိုက် ဆရာသခင်လင်းယွင် ရုန်ရှန်ချန်ထားပေးခဲ့ဆက်သွယ်ရန်အချက်ဖြင့် ဆက်သွယ်လိုက်သည်။ နှစ်ချက်ခန့်မြည်သွားပြိးနောက် ဖုန်းလိုင်းချိတ်ဆက်သွားသည်။ ဆရာသခင်လင်းယွင်စကားတခွန်မှမပြောရသေးမီ နက်ရိူင်းကာတမူထူးကဲလှသောအသံအားတခြားတဖက်မှကြားလိုက်ရသည်။
    "ဟလို?"
    Snap.
    ဆရာသခင်လင်းယွင်သူဖုန်းအားထိတ်လန့်တကြားချလိုက်သည်။
3410words
6:46Pm,Fri,3.11.23
|| Zawgyi ||
     "မွေးနေ့လက်ဆောင်"
    "အရူးတစ္ဆေဘုရင်!"
    "ငါက‌ဆုရှောင်းမီ"
    "မင်းဒါကိုမှတ်မိလား?"
    "မငိုပါနဲ့"
    "ကောင်းတယ်"
    "မင်းတွေ့လား?"
   သူတို့အား သုတ်သင်မည့်သူတစုံတယောက်တော့အမြဲရှိမည်သာ ' သူတို့၏ကိုယ်ပိုင်ပြဿနာကြောင့်သာမဟုတ်လျှင် နာကျည်းချက်တစ္ဆေများ သေဆုံးပြီးနောက် အဘယ်ကြောင့်ပေါ်လာမည်နည်း?'  တစ္ဆေတွေရဲ့စကားများထဲ၌ ယုံကြည်စရာတစ်ခုမှမရှိကြောင်း တစ္ဆေပုံပြင်များစွာရှိသည်။
____
    "ဟလို?"
    Snap.
3410words
6:46Pm,Fri,3.11.23
Continue Reading
You'll Also Like
782K 26.3K 149
Urban legends and myths from around the world will be published here.
547K 20.3K 28
「𝗣𝗥𝗢𝗠𝗜𝗦𝗘𝗦」❝I promise that we'll always be together ❞ ▪︎ Synopsis ▪︎ The beaten little boy said holding out his pinky to the scared girl. She...
17.4K 2.4K 20
Update - Tuesday and Saturday (2chapters A week)
562K 15.4K 29
"I may seem heartless, but I do care for a few no matter what you think." Nicole Hale died and was reborn into the female body of Niklaus Mikaelson...