ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...

By Sheilayoon

69.3K 10.4K 241

Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... More

Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.17- Zhong Gu
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20-Woof Woof Woof!
Ch.20.1-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21-Woof Woof Woof ?
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.26.1-Meow,Meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32-Hiss,hiss hiss,hiss hiss?
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.36.1-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.42.1-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.45.1-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.46.1-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
Ch.58.1-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch 62 - Jiūjiūjiū, Jiūjiūjiū jiū
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 79- Woof woof woooof?
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?

Ch.52-Tick tack tick tack

299 47 3
By Sheilayoon

|| Unicode ||

    ယခုနှစ်အတွက် ကျားယန်၏ *အများပြည်သူဆိုင်ရာ‌ကမ်းလှမ်းချက် မှာပြီးခါစဖြစ်သည် (*ကုမ္မဏီ၏ စတော့ပိုင်ဆိုင်မှုကိုများကမ်းလှမ်းခြင်း သို့မဟုတ် အများပြည်သူနဲ့လက်တွဲလုပ်ဆောင်ခြင်းနှင့်ဆင်တူသည်။ မြို့တော်လုံး ဆိုင်ရာကျောက်စိမ်း‌ကုန်စည်ပြပွဲ ဟုလည်း ခေါ်ဆိုသည် )။ မြင့်မားသောဂျေဒိုက်ဈေးများကြောင့် မြန်မာနိုင်ငံရှိမိုင်းတွင်းများမှာ‌ ကျောက်ရိုင်းတုံးများအား ဖွင့်လှစ်ပြလိုက်ကာ သူတို့၏တန်ဖိုးများသတ်မှတ်ပြီးသည်နှင့်တပြိုင်နက် အမျိုးမျိုးသောဈေးကွက်များသို့ ပေးပို့‌လိုက်သည်။ ကျောက်ရိုင်းအသန့်များကို မည်သည့်နေရာမှာဈေးပေါပေါနှင့် ရောင်းနေသည်ဟူသောဖြစ်ရပ်များရှိနေသော်ငြား ထိုသို့‌ သောဖြစ်ရပ်မျိုးကနေ တချို့သော လူများ အလျင်မြန်ချမ်းသာသွားသည် ကိုတွေရတက်သည်။သို့သော် ဤတစ်ကြိမ် ကျိုးရှင်းဟုန်၏ မျက်နှာစုံညီကျောက်လောင်းပွဲ ကတော့ ကွဲပြား ခြားနားသည်။ ကွင်းထဲတွင် မဖွင့်ပြ မဖြတ်တောက်ထားသည့် ဂျေဒိုက်ကျောက်ရိုင်းများနှင့်ပြည့်နေကာ ဒါကပင် လူများ၏လောင်းကစားစိတ်လေးကိုလှုံဆော်နိုင်လေသည်။

    [ ကျိုးရှင်းဟုန်က ဒီနည်းကိုသုံးပြီး စွမ်းအင်အသုံးပြု သူကိုရွေးချယ်ဖို့ ဖြစ်နိုင်ချေများတယ် ]

   ပိုင်ကုစာထဲတွင်ရေးထားသည်မှာ [ တချို့ လုပ်ဆောင်နိုင်စွမ်းရှိသူတွေက ကျောက်စိမ်းထဲပါနေတယ် စွမ်းအင်ကိုလေ့လာနိုင်ပြီး အထူးနည်းလမ်းတွေသုံးပြီး ကျောက်သားအောက်ကျောက်စိမ်းအမျိုးစားနဲ့ ကျောက်စိမ်းအရည်သွေးအဆင့်ကို ဆုံးဖြတ်နိုင်တဲ့လူထူးဆန်းတွေလည်း အများကြီးရှိတယ် ]

    ကျိုးရှင်းဟုန်မှာကျိန်းသေပေါက် ပရဟိတလုပ်ခြင်းမဟုတ်။ ကျောက်လောင်းမှုမှာလာရောက် ‌ပျော်ရွှင်ရန်ရုံလောက်နဲ့ သူသည် အမျိုးမျိုးသော ကမ္ဘာတဝှမ်းရှိ မဟာမိတ် နိုင်ငံများမှ  ပါရမီရှင်များကို ငွေကြေးများစွာကုန်ကျခံကာ ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ သူတွင်သူ၏ရည်ရွယ်ချက်ရှိရမယ်။ သူသည် မြန်မာနိုင်ငံရှိ တွင်းဟောင်းများမှာ မိုင်း‌ ကြောများစွာပိုင်ထားသည်။ ဤနေရာရှိ အကြီးမားဆုံး ဗန်းပြထွင်လုံးမှာ သူဝယ်ထားသည့် ကျောက်စိမ်းရိုင်းတုံးအသုတ် ဖြစ်ပြီး လွန်ခဲ့သောရက်အနည်းငယ်က အများပြည်သူကမ်းလှမ်းပွဲရှိ ကျောက်ရိုင်းတုံးများနှင့် တသုတ်ထဲဖြစ်သည်။

    [ ဒီတစ်ကြိမ်၊ ကျားယန်အများပြည်သူဈေးကွက်တွင် အရည်သွေးမြင့် ဂျေဒိုက်များစွာ ပါကာ ရေခဲအမျိုးစားနဲ့ ဖန်အမျိုးစားဂျေဒိုင်များပါ ပါတယ်။ ဒီတသုတ် ဂျေဒိုက်တွေထဲကတခြားအချက်လက်က အက်ကြောင်းတွေနဲ့ စွမ်းအင်ဆုံးရှုံးထားတဲ့ ဂျေဒိုက်တွေပါတေတာပဲ။ သူတို့အားလုံးက နေပြည်တော်။ မြန်မာနိုင်ငံကလာတာ။

   အက်ကြောင်းများစွာနှင့်စွမ်းအင်ဆုံး ရှုံးထားသည့်ထိပ်တန်းကျောက်စိမ်း အရေတွက်များစွာ၊ ဒါသည် ကျောက်စိမ်းပိုးတောင်မာကောင်၏ ထူးခြားဆုံးလက္ခဏာရပ်ဖြစ်ကာ ပိုင်ကုစာရေးရသည့်အကြောင်းဖြစ်သည်။ ဤတစ်ခေါက် ကျောက်ရိုင်းသုတ်ထဲတွင် နဂါးကျောက်စိမ်း ပါဝင်နိုင်ခြေအလွန်များလေသည်။

    အကယ်၍သူသာ တိုက်ရိုက်ပင်ဂျေဒိုက်ကို ဝယ်ယူဖြတ်တောက်ရန်မည်ဆိုလျှင် ဝူရုန် မတက်နိုင်။ ကျောက်ကပ်ကိုရောင်းရုံမက တစ္ဆေကြီးကိုရောင်းထုတ်လိုက်လျှင်တောင် သူမတက်နိုင်သေး။ သို့သော် ကံကောင်းသည်က ကျောက်စိမ်းပိုးတောင်မာကောင်၏နဂါးကျောက်စိမ်းအမျိုးစားဂျေဒိုက် ၏ အပြင်ပိုင်းမှာ အလွန်ပင် သာမန်ဆန်လှ၍ စုံညီကျောက်လောင်းပွဲကွင်းထဲ၌ သန်စင်သောကျောက်ရိုင်းများစွာရှိနေကာ သူကံစမ်းကြည့်နိုင်သည်။

     ‌ကျောက်လောင်းပွဲသွားရန် ဖိတ်စာလိုနေသေးကာ ပိုင်ကုမှာ ထိုထက်ပိုမကူနိုင်။

    အိမ်အပြန်လမ်းတွင် ဝူရုန်မှာထိုအကြောင်းအားဆက်တွေးနေပြီး ချင်းလင်းကူရော ကျုံးကူပါ သန့်စင်သောစွမ်းအင်အား အလွန်သိနိုင်စွမ်းမြင့်မားသဖြင့် ကျောက်လောင်းပွဲသို့ သူတို့ကိုခေါ်သွာလျှင် လုပ်နိုင်စွမ်းမြင့်မည်ဖြစ်သည်။ ကျောက်စိမ်းပိုးကောင်မည်သည့်နေရာတွင်ရှိနေသည်မှာ မခန့်မှန်းနိုင်ရုံတင်မဟုတ် နဂါးကျောက်စိမ်းမှာ အလွန်တရာရှားပါးလှကာ ထွက်ပေါ်လာခဲလေသည်။

    အရေးကြီး ဆုံးအချက်မှာ သူတွင် ဖိတ်စာမရှိသေးခြင်းဖြစ်ကာ ဒုတိယအရေးကြီးသည့်အချက်မှာ ငွေအလုံလောက်မရှိခြင်းပင်။

    သစ်သားအနှစ် သို့မဟုတ် သန့်စင်ခြင်းပုလဲကို ရောင်းလိုက်လျှင် ချက်ချင်းချမ်းသာသွားနိုင်သော်လည်း အာ့လောက်မထိုက်တန်လှ။

    ဤညတွင် ဖုချင်း၏ ကြည့်ရူဂရုစိုက်ပေးနေမှု အောက်တွင် သစ်သားအနှစ်၏တဝက်ကျော်လောက်ကို ဝူရုန်စုတ်ယူနိုင်လိုက်သည်။ အခုကျုံးကူမှာ သူ့ကိုယ်ထဲတွင် ရှိနေသောကြောင့် ဝူရုန်မှာ သူ(ZG)လိုအပ်သည့်အရာကို ဖြည့်ဆည်းပေးလိုက်သည်နှင့်တူညီသည်။ သစ်သားအနှစ်ပါးစပ်ထဲဝင်သွားပြီးနောက် ချက်ချင်းပင် ကြွယ်ဝအေးစက်သောအရည်အဖြစ်ပြောင်းသွားကာ ‌လည်ချောင်းထဲသို့လျောဆင်းသွားသည်။ ၎င်း၏ကြွယ်ဝလှသော စွမ်းအင်များက ခန္ဓာကိုယ်တစ်ခုလုံးရှိအပေါင်းတိုင်းကို ပွင့်စေကာ ဝင် ရောက်သွားပြီး တကိုယ်လုံးအား လျှို့ဝှက်ဆန်းကြယ်သောအခြေနေသို့ရောက်စေသည်။ သာမန်လူတစ်ယောက်ဆိုလျှင် ဝူရုန်ကဲ့သို့ တိုက်ရိုက်ဝါးမြို၍မရနိုင်။ အချိန်တိုင်းအမြစ်၏ပမာဏအနည်းငယ်မျှစားရုံလောက်နှင့်ပင် အဟာရလွန်ကဲ့မှုကြောင့် သွေယိုစီးကာ သွေးကြောနှင့် ဒွါရခုနှစ်သွယ်ပေါက်ကွဲနိုင်သဖြင့် သူတို့သာ ဝူရုန်ကဲ့သို့ အမြစ်၏တဝက်ကျော်လောက်အားတိုက်ရိုက်စားသုံးလိုက်လျှင်တော့ဘယ်ဖြစ်မလဲ မတွေးနိုင်။

    သို့သော် ဝူရုန်တွင်ကျုံးကူရှိသည်။ စွမ်းအင်မျသူကိုယ်ထဲဝင်လျှင်ဝင်ခြင်း ကျုံးကူမှာချက်ချင်းပင် စိတ်လှုပ်ရှားလာကာ စွမ်းအင်ပင်လယ်ကြီးအားဝါးမြိုလိုက်ပြီး အများစုအား လောဘတကြီးရှင်းပစ်လိုက်၍ ဥမှာ ချက်ချင်းဆိုသလို တောက်ပကာ မျက်နှာပြင်ပေါ်တွင် ရောက်ခြည်စက်ဝန်းလေးဝိုင်းပတ်နေတော့သည်။ ၎င်း၏အသွင်အပြင်မှာ အရည်သွေးမြင့်သောကျောက်စိမ်းပုတီးလုံးလေးကဲ့သို့ပင်။ ဥမှာ နဂိုကအလင်းမဖောက်နိုင် အခုတော့ နွေးထွေးသောကျောက်စိမ်းအခွံလေးကိုဖြတ်ကာ တွန့်လိမ်နေသောအနက်ရောင် အစက်လေးတစ်ခုကိုမြင်နိုင်ပြီဖြစ်သည်။

   ကျောက်စိမ်းရောင်အခွံလေးတွင် သွေးများစွန်းထင်နေသေး‌သဖြင့် သွေးသံရဲရဲနှင့်ရန်လိုတက်သည့်လေထုကိုဖော်ပြနေသည်။ အမြစ်မဲ့ရေနှင့် သန့်စင်ပြီးသွားလျှင်တော့ ကျုံးကူဥပေါက်ရန်ပြဿနာမရှိတော့ချေ။

    အချိန်မှာတိုးတောင်းပုံပေါ်သည်။ ဝူရုန်မျက်လုံးပြန်ဖွင့်သည့်အခါ သုံးနာရီကုန်သွားပြီဖြစ်သည်။ သူ ချီ တသုတ်ရူထုတ်လိုက်ပြီးနောက် ကမ္ဘာကြီးမှာ ပို၍တောက်ပကြည်လင်လာသည်ဟုခံစားလိုက်ရသည်။ ဝူရုန်သည် သူ့မျက်နှာချင်းဆိုင်မှ ဖုချင်းပါးပြင်ပေါ်ရှိ မွှေးညှင်းနုလေးများပင်မြင်နေရကာ ဆွဲကြိုးချတစ္ဆေနှင့် အရုပ်သရဲထပ်ခိုးပေါ်တွင် ကျိုးနွံစွာနေနေသည်ခြင်း၊ ခွေးတစ္ဆေကြီးကဗီလာတံခါးအား စောင့်ကြပ်နေခြင်း နှင့် ပြတင်းပေါက်အောက်ခြေဘောင်တွင် ကျောပေးအိပ်နေသော ကြောင်ပေါက်လေးတို့အားရှင်းလင်းစွာမြင်နိုင်နေသည်။

    ထိုအခိုက်တန့်၌ ဝူရုန်သည် ရှားရှန် ဝတ္ထုများထဲမှာ စိတ်ဝိဉာဉ်အသိတရားကဲ့သို့ ဗီလာထဲရှိ သက်ရှိသတ္တဝါ အားလုံးကိုခံစားမိနေကာ တချိန်တည်းမှာပင် သူ့အရှေ့ဘက်ဆီမှ လာနေသော အပူဓာတ်တစ်ခုကိုလည်းခံစားသည်။ ဖုချင်းပတ်လည်ရှိ စွမ်းအင်မှာ နေထက်ပင် မျက်စိကျိန်းစပ်လောက်အောင်စူးရှတောက်ပနေသည်။ ၎င်းမှာအရှိန်အဟုန်ပြင်းသည့်မီးတောက်များနှင့်လောင်ကျွမ်းနေကသော မီးလုံးကြီးနှင့်တူကာ အလွန်ပူလောင်လှသဖြင့် ဝူရုန်မသိလိုက်ဘာသာ အဲကွန်းခလုပ်ကိုရှာမိသည်။

    အဲကွန်းဖွင့်သွားသည့်အသံမှာ ထိုထူးဆန်းလှသည့်အခြေနေမှ ထွက်ခွာလာစေပြီး လက်တွေကိုပြန်ရောက်လာစေကာ ထိုအချိန်မှာ ဝူရုန် သူ့အင်္ကျီများ ချွေးများဆိုနစ်နေသည်ကို သတိထားမိသည်။

    "ငါရေသွားချိုးဦးမယ် "

   သူထသွားသည့်အခါ ဝူရုန် ဖုချင်းအားငဲ့ကြည့်လိုက်သည်။ သူသည် သိသိသာသာကိုပင် အလွန်အေးစက်သည့်လူဖြစ်ကာ ပြင်ပကမ္ဘာကိုပင် လျစ်လျူရူထားသည်။ သူ(FQ)အနားမှာ နေသည့်အခါတိုင်း သူ(WR) မခံမရပ်နိုင်သည့်ပူလောင်မှုကို ဘာကြောင့်များခံစားရတာပါလိမ့် ?

    ဒါကသန့်စင်တဲ့ ယန်သွေးများလား?

    ရေချိုးနေစဉ်အတွင်း ဝူရုန်စိတ်ပျံ့လွင့်နေကာ ကျုံးကူနှင့် စိတ်ရှည်ရှည်ဖြင့်ဆက်သွယ်နေလိုက်သည်။ သစ်သားအနှစ်သူ့ကိုယ်ထဲပျော်ဝင်သွားခြင်းနှင့်အတူ ကျုံးကူမှာ စွမ်းအင်ပြည့်သွားကာ သူ၏အသိတရားနှင်ါ စိတ်ခံစားများ မှာတက်ကြွနေပြီး ဝူရုန်သူ၏စွမ်းရည်တစိတ်တဒေသကို သုံးနိုင်ပြီဖြစ်သည်_ကျုံးကူမှာ ကူတစ်သောင်း၏ဘုရင်ဖြစ်သည်။ အကယ်၍ဝူရုန်သာ တစုံတယောက်အား ကူကိုပေးချင်လျှင် တခြားသူမှာ သူ့သွေးအားသောက်ရုံနှင့် သူအမိန့်ကို မ သွေတသိမ်းလိုက်နာ၍ ဝူရုန်သူ၏သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားနိုင်သည်။

   ပိုင်ကုမှာ မြောင်ကျန်းမှ လာ နေပုံရသည်။

    ဝူရုန်၏စိတ်ထဲမှာတော့ သူ(ပိုင်ကု)သည် သူ(ဝူရုန်)၏ပထမဆုံးသွေးစမ်းသပ်မည့်အပေါင်းအပါ ဖြစ်ရန်‌ မျှော်လင့်နေပုံရသည်။ ပိုင်ကုသည်အလွန်ထက်မြတ်ကာ ပြန်လည်မွေးဖွားလာသူဖြစ်ပြီး ဝူရုန်မသိသေးသည့်အရာများစွာကို သူသိထားသည်။ သူသည်အလွန်နာခံတက်သော်လည်း ဝူရုန် မပေါ့လျော့နိုင်။

     အလွန်ဝေးကွာနေတဲ့မြောင်ကျန်းကနေတောင် စုံညီကျောက်လောင်းပွဲသတင်းကိုရနိုင်သည့်ပုံထောက်လျှင် ပိုင်ကုတွင် ကျိန်းသေပေါက် ဝူရုန်မသိသည့် သတင်းကွန်ယက် ရှိ နေရမည်ဖြစ်သည်။ ဒီလိုလူမျိုးမှာ သုံးရခက်လှသည်။ သူကိုသာမဖိနိုပ်နိုင်လျှင် သခင်ကိုပြန်တိုက်ခိုက်နိုင်ကာ အရမ်းကိုပြဿနာရူပ်နိုင်သည်။

    ဝူရုန်သည် ပြဿနာရူပ်သည့်အရာများကိုမကြိုက်။

    မားမား!

    ကျုံးကူသည် ကလေးတစ်ယောက်လို အသံသေးသေးလေးနှင့် မပီမသခေါ်ဆို၍ ဝူရုန်အား ကျန်ရှိနေ‌သည့်သစ်သားအနှစ် အားလုံးကို စားခိုင်းနေလေသည်။ ဝူရုန်သူ့ကိုလျစ်လျူရူကာ ဆံပင်များ သုတ်နေရင်း ဧည့်ခန်းသို့ပြန်လာခဲ့‌သည့်အခါ ဖုချင်းရှေ့စားပွဲပေါ်တွင် ပုလင်းလေးနှစ်လုံးကိုတွေ့ ၎င်းတို့ထဲတွင် ပျားရည်နှင့်ဆင်တူသည့် ပယင်းရောင်စေးကပ်ကပ်အရည်များရှိနေပြီး ၎င်းတို့ထဲတွင် ရွှေမူန်လေးများရှိနေသည်။

    " ဒါက သစ်သားအနှစ်ကနေလုပ်ထားတဲ့ ကုသဆေးလား?"

    စူးစမ်းလိုစွာဖြင့် ဝူရုန်သည် ကောက်ယူကြည့်လိုက်သည်။ သစ်သားအနှစ်ထဲတွင်  "ရို ပိုင်ကု" ဟုသိကြသည့် အလွန်းအားပြင်းသောချီပါရှိကာ ၎င်းမှာ နောက်ဆုံးထွက်သက်ရောက်နေသော လူကိုပိုကယ်တင်နိုင်သည်။ သို့သော်တချိန်တည်းမှာပဲ သူ၏ပြင်းထန်လွန်းသည့်ချီမှာ တစုံတယောက်ကို အလွယ်တကူသတ်လို့ရနိုင်သောကြောင့် မသုံးခင်၌ အထူးနည်းများဖြင့်အရင်အားပျော့စေ မည်ဖြစ်သည်။

    "ဟမ်"

    ဖုချင်းသည်းတခြားပုလင်းတစ်ခုကိုလည်းဝူရုန်လက်ထဲထည့်ပေးကာ " သစ်သားအနှစ်လက်ကျန်တွေ ကျောက်စိမ်းသေတ္တာလေးထဲရှိနေသေးတယ် "

    " မင်းကတကယ်ကြီး ဘာမဆိုလုပ်နိုင်တာကို ငါသိသွားပြီ "

    ဝူရုန်စိတ်ထဲမှသက်ပြင်းချလိုက်သည် သူသည်ထိုအကြောင်းက အရင်က ရိုးရိုးလေး‌သာဖော်ပြပြောဆိုခဲ့သော်လည်း ဖုချင်းမှာ တကယ်ပင် အချိန်တိုအတွင်း ဆေးဖော်ပေးခဲ့သည်။ ရိုပိုင်ကုနှင့်သာ ဆို အနာဂါတ်တွင် ဝူရုန် အန္တရယ်များသော တာဝန်များကို ယုံကြည်ချက်ရှိရှိ ယူနိုင်ပြီဖြစ်သည်။ ဖုချင်းနှင့်သိလာလေ ဖုချင်းမှာ စာအုပ်ထူကြီးကဲ့သို့ပင် ဆိုသည် ကိုသိလာလေဖြစ်သည်။ သူ့မှာဘာတွေထပ်ရှိထားလည်းဆိုတာ သူဘယ်တော့မှမသိနိုင်။

    " လူတိုင်းက ကောင်းကင်သခင်အများစုဟာ  တခုခုကိုပဲ အထူးပြုကြတယ်လို့ မပြောကြဘူးလား ?"

    ဝူရုန်အလွန်ပင်သိချင်သည် ဖုချင်းမှာ သူထက်နှစ်အနည်းငယ်သာကြီးကာ ဘယ်လိုများ ဒီလောက်အများကြီးသင်ယူထားလဲသိချင်သည်။

    "တာအိုပညာက ကျယ်ပြန်ပြီးအကန့်သတ်မရှိဘူး ဒါပေမယ့် လူတွေရဲ့စွမ်းအင်က အကန့်သတ်ရှိတယ်။ သူတို့ရဲ့ပါရမီတွေကလည်းကွဲပြားပြီး သူတို့မှာ ကိုယ်ပိုင်အားနည်းချက်အားသာချက်တွေရှိပြီး တစုံတခုကိုပဲအထူးပြုတာကပုံမှန်ပါပဲ"

    ဖုချင်း၏အသံအနေထားမှာ အလွန်လေးတွဲ့သော်လည်း အလေးနက်ရှိသည် " ငါ ကအရာအားလုံးကိုနည်းနည်းစီသိထားရုံပါ "

   " ဘီလီယံနဲ့ချီတဲ့အနည်းနည်းလေးလား?"

    ဝူရုန်ဟာသလုပ်သည်အမှန်ပင် ရှားလှသည်။ ဖုချင်းက ဟာသကိုမသိပဲ သူ့အားတွေဝေစွာကြည့်နေသည်ကိုတွေ့သောအခါ သူစိတ်အခြေနေပိုကောင်းလာပြီး စကားအနည်းငယ်ပြောရန်လုပ်လိုက်သည် " ဒါဆိုရင် ရွှေအပ်ရွှေချည်တွေနဲ့ အာရုံငါးပါးချိတ်ပိတ်ထားတာကိုဖြည်တက်လား?"

   " ရွှေအပ်ရွှေချည်ချိတ်စည်းကြားခံက အာ့တာက ဘာစည်းအမျိုးအစား ဆိုတာပေါ် အခြေခံထားတယ် "

    ချိတ်စည်းနှင့်ပတ်သတ်သည့်အသိပညာကြောင်းပြောသည့်အခါ သာမန်ဆို ဆိတ် ဆိတ်နေတက်သောဖုချင်းမှာ ပို၍စကားပြောလာသည် " ရွှေချည်ရွှေအပ်တွေကို သာမန်ကြားခံမျိုးမှာ သုံးလေ့မရှိဘူး အာရုံငါးပါးလုံးချိတ်ပိတ်ထားတယ်ဆိုတာမျိုးက ပိုတောင်‌ရှားသေးတယ် "

    ဝူရုန်မေးကြည့်သည် " တစ္ဆေမှာ ဒီလိုချိတ်စည်းမျိုးသုံးထားရင်ဘာဖြစ်နိုင်မလဲ?"

    "သူ့ကိုသတ်ပစ်ရမယ် "

    ဖုချင်းသည် တုန့်ဆိုင်းမနေပဲ ခွဲခြမ်းစိတ်ဖြာပြလာသည် " အကယ်၍လူမှာ အာရုံငါးပါးကိုချိတ်ပိတ်ထားမယ်ဆို နတ်ဆိုးဝိဉာဉ် သို့မဟုတ် ရူးသွပ်မိုက်မဲမှုတွေကျူးကျော်ဝင်ရောက်လာခြင်းကြောင်းပဲ။ အပြစ်မဲ့တဲ့သူတွေကိုမထိခိုက်စေဖို့ အတွက် သူတို့ကိုယ်တိုင် ဒါမှမဟုတ် သူတို့ဆရာကို‌ ပြောပြီး သူတို့ကိုချိတ်ပိတ်စေတာပဲ။ တစ္ဆေအပေါ်မှာသုံးစရာမလိုဘူး။ သူတို့အားလုံးက နတ်ဆိုးတစ္ဆေတွေဖြစ်ပြီး သေသင့်တာမို့ တာအိုလေ့ကျင့်ထားသူက သူတို့ကိုတွေ့တာနဲ့သတ်ပစ်သင့်တယ် "

    ထိုအကြောင်းကိုပြောနေရင်းသူ့မျက်လုံးထဲအေးစက်မှုကလက်ဖြာနေကာ  သူသည် ဝူရုန်အားကြည့်၍ သူ၏အညှာတာမဲ့ သတ်ဖြတ်လိုမှု လျှို့ဝှက်မထား " အကယ်၍အာ့လိုတစ္တေမျိုးတွေ့ရင် အလျင်စလိုမလုပ်နဲ့ ။ အရမ်းအန္တရယ်များတယ် ။ ငါ့သတ်ဖို့ထားထားလိုက်"

    "ငါ....အရင်ကအာ့တာကိုမတွေ့ဖူးပါဘူး "

    ဝူရုန်၏စကားလုံးလည်ချောင်းပေါ်ရောက်ရောက်ခြင်း သူပြန်မျိုချလိုက်သည်။ ဖုချင်း၏ စိတ်သဘောထားမှာ အလွန်ခိုင်မာသည်။ ဝူရုန်မှာ တစ္ဆေကြီးအားခေါ်ထုတ်လိုက်သည်နှင့် ဤလူနှင့် ထိုတစ္ဆေများ ချက်ချင်းပင် တိုက်ခိုက်မည်ဟုခံစားလိုက်ရသည်။

    "ငါအာ့တာကို စာအုပ်ထဲမြင်ဖူးတာ"

    ဝူရုန်သည်  ဆုရှောင်းမီဆီမှ ဝယ်လာသည့် "ဒုက္ခိတတစ္ဆေပျိုးထောင်ခြင်း "စာအုပ်ကို ထုတ်လိုက် ကာ သူအပေါ် နက်ရိူင်းသည့်ထင်မြင်ချက် ချန်ထားခဲ့သည့် တစ္ဆေလက်များအကြောင်းပြောလေသည်။

    " အဲ့လက်ရဲ့ လက်သည်းတစ်ခုချင်းစီရဲ့အထဲမှာ ရွှေအပ်တွေထိုးစိုက်ထားတယ် ရွှေချည်တွေကြ‌ တော့ တစ္ဆေလက်မှာ အပ်ချုပ်ထားပြီးတော့ မပျောက်ကွယ်သွားမီ လက်ကောက်ဝတ်ဘက်ခြမ်းကနေ ပုခုံးအထိ အရှည်ရှိတယ် "

    ဖုချင်းကိုယ်ပေါ်မှာ သုန်မှုန်မှုများပိုများပြားလာသည်ကိုခံစားမိသောအခါ ဝူရုန်‌ထပ်ပေါင်းပြောလိုက်သည် " အခုသူကယန်ကျားဖင်းမှာမရှိတော့ဘူး ငါသူဘယ်မှာလဲဆိုတာကိုမသိဘူး"

    ဆုရှောင်းမီသည် တစ္ဆေဈေးနှင့်အတူလိုက်ပါသွားပြီး ယန်ကွေ့လုံခြုံရေးဇုန်ကနေထွက်သွားတာကြာလောက်ပြီဖြစ်သည်။ ထိုအချိန်က ဝူရုန်သည် ဆက်သွယ်ရန်အချက်လတ်များမချန်ထားခဲ့ပဲ ဤစာအုပ်သာ သူ့လက်ထဲကျန်ခဲ့သည်။ ထင်းကန်ထဲတွင်သူသည် အလွန်စိုးရိမ်ကြောင့်ကြလျက်ရှိနေကာ ခုထိစာအုပ်အားမဖတ်ရသေးပေ။

    " ရွှေအပ်ရွှေချည်က တစ္ဆေဓာတ်အဆန်ဆုံးနှင့် အကြမ်းတမ်းဆုံးချိတ်စည်းဖြစ်တာကြောင့် သူတို့က အာ့ဒီကနေ တဖြည်းဖြည်းဆွေးမြေ့သွားလိမ့်မယ် "

    နောက်ဆုံး ဖုချင်း၏မျက်လုံးထဲမှာ အေးစက်မှုပျောက်သွားသည်ကို မြင်ရသည့်အခါမှ ဝူရုန်အောင်မြင်သည်ဟုခံစားလိုက်ရသည်။ ဝူရုန်သည် တစ္ဆေကြီးကိုမဖော်ပြ ပဲ ဖုချင်းစကားနောက်လိုက်ကာ " ချိတ်ပိတ်ထားတဲ့တစ္ဆေတွေက ကျိန်းသေပေါက်သေသင့်တယ် "

    " အမှန်တော့မဟုတ်ဘူး "

    ဖုချင်း သူ့ခေါင်းကို ယမ်းလိုက်ကာ ‌ဖြည်းညှင်းစွာပြောလေသည် " တချို့ကောင်းကင်သခင်တွေက ကွန်ဖူးမှာမတော်ဘူး သူတို့က နာကျည်းချက်တစ္ဆေတွေ့တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲချိတ်ပိတ်ရတော့တယ်။ နှစ်ဦးကြားကကွာခြားချက်တအားကြီးရင် နာကျည်းချက်တစ္ဆေက ဖြည်းဖြည်းချင်း ချိတ်စည်းကိုဖြတ်လို့ရလာလိမ့်မယ် "

   "ဒါမှမဟုတ် သူ့ကိုချိတ်ပိတ်တဲ့ကောင်းကင်သခင်က သေသွားပြီး တစ္ဆေကို သွေးနှင့်ဝိဉာဉ် ကိုကျွေးထားရင် သူကို ဖျတ်ဆီးလို့မရတော့ဘူး ။ သူရဲ့ခွန်အားက သင့်တော်တဲ့အဆင့်ကိုရောက်သွားရင် ချိတ်ကလည်း တဖြည်းဖြည်းနဲ့ ပျက်စီးသွားလိမ့်မယ် "

    " ဒါကြောင့်မို့ တစ္ဆေ‌တစ်ကောင်ရဲ့ကိုယ်ပေါ်မှာ ရွှေအပ်ရွှေချည်အရိပ်ယောင်တွေ့တာနဲ့ တက်နိုင်သမျှမြန်မြန် သတ်ပစ်ရမယ် အာ့လိုမှမဟုတ်ရင် အဆုံးမရှိတဲ့ ပြဿနာတွေဖြစ်လာလိမ့်မယ် "

    "သိပြီ ငါကသိချင်ရုံ"

    ဖုချင်းကအရမ်းကို ခိုင်မာစွာပြောနေသည်ကိုကြားရသောအခါ ဝူရုန်နှလုံးသားလေး မရေမရာဖြစ်သွားသည်။ တစ္ဆေကြီးမှာ ဤအချိန်တွင် နူးညံ့သိမ်မွေ့နေသေးကာ သူတွင် သတ်ဖြတ်လိုစိတ်မရှိ ထင်းကန်အက်ကြောင်းထဲတွင် သူကိုနာကျင်အောင်မလုပ်ခဲ့ သို့သော် ဘယ်သူက သူဟန်ဆောင်နေတာမဟုတ်ဘူးဟု အာခံနိုင်ပါ့မလဲ?သူက ဝူရုန်ကိုယ်ကို အသုံးပြုကာ တစ္ဆေအရှိန်ဝါကိုဖုံးထားကာ အမှန်တရားကိုကွယ်ထားပြီး ချိတ်စည်းဖြေနိုင်သည့်အခွင့်ရေးကိုစောင့်ကာ သူ့ခွန်အားအား သိုလှောင်နေခြင်းလည်းဖြစ်နိုင်သည်။ အာ့အချိန်ကျရင် သွေးအိတ်အသေးလေးကလည်း တစ္ဆေကြိးကို မထိန်းထားနိုင်လောက်တော့ပေ။

3076words
2:05Pm,Mon ,Sep 18,2023.

   

|| zawgyi ||

    ယခုႏွစ္အတြက္ က်ားယန္၏ *အမ်ားျပည္သူဆိုင္ရာ‌ကမ္းလွမ္းခ်က္ မွာၿပီးခါစျဖစ္သည္ (*ကုမၼဏီ၏ စေတာ့ပိုင္ဆိုင္မႈကိုမ်ားကမ္းလွမ္းျခင္း သို႔မဟုတ္ အမ်ားျပည္သူနဲ႔လက္တြဲလုပ္ေဆာင္ျခင္းႏွင့္ဆင္တူသည္။ ၿမိဳ႕ေတာ္လုံး ဆိုင္ရာေက်ာက္စိမ္း‌ကုန္စည္ျပပြဲ ဟုလည္း ေခၚဆိုသည္ )။ ျမင့္မားေသာေဂ်ဒိုက္ေဈးမ်ားေၾကာင့္ ျမန္မာနိုင္ငံရွိမိုင္းတြင္းမ်ားမွာ‌ ေက်ာက္ရိုင္းတုံးမ်ားအား ဖြင့္လွစ္ျပလိုက္ကာ သူတို႔၏တန္ဖိုးမ်ားသတ္မွတ္ၿပီးသည္ႏွင့္တၿပိဳင္နက္ အမ်ိဳးမ်ိဳးေသာေဈးကြက္မ်ားသို႔ ေပးပို႔‌လိုက္သည္။ ေက်ာက္ရိုင္းအသန႔္မ်ားကို မည္သည့္ေနရာမွာေဈးေပါေပါႏွင့္ ေရာင္းေနသည္ဟူေသာျဖစ္ရပ္မ်ားရွိေနေသာ္ျငား ထိုသို႔‌ ေသာျဖစ္ရပ္မ်ိဳးကေန တခ်ိဳ႕ေသာ လူမ်ား အလ်င္ျမန္ခ်မ္းသာသြားသည္ ကိုေတြရတက္သည္။သို႔ေသာ္ ဤတစ္ႀကိမ္ က်ိဳးရွင္းဟုန္၏ မ်က္ႏွာစုံညီေက်ာက္ေလာင္းပြဲ ကေတာ့ ကြဲျပား ျခားနားသည္။ ကြင္းထဲတြင္ မဖြင့္ၿပ မျဖတ္ေတာက္ထားသည့္ ေဂ်ဒိုက္ေက်ာက္ရိုင္းမ်ားႏွင့္ျပည့္ေနကာ ဒါကပင္ လူမ်ား၏ေလာင္းကစားစိတ္ေလးကိုလႈံေဆာ္နိုင္ေလသည္။

    [ က်ိဳးရွင္းဟုန္က ဒီနည္းကိုသုံးၿပီး စြမ္းအင္အသုံးျပဳ သူကိုေရြးခ်ယ္ဖို႔ ျဖစ္နိုင္ေခ်မ်ားတယ္ ]

   ပိုင္ကုစာထဲတြင္ေရးထားသည္မွာ [ တခ်ိဳ႕ လုပ္ေဆာင္နိုင္စြမ္းရွိသူေတြက ေက်ာက္စိမ္းထဲပါေနတယ္ စြမ္းအင္ကိုေလ့လာနိုင္ၿပီး အထူးနည္းလမ္းေတြသုံးၿပီး ေက်ာက္သားေအာက္ေက်ာက္စိမ္းအမ်ိဳးစားနဲ႔ ေက်ာက္စိမ္းအရည္ေသြးအဆင့္ကို ဆုံးျဖတ္နိုင္တဲ့လူထူးဆန္းေတြလည္း အမ်ားႀကီးရွိတယ္ ]

    က်ိဳးရွင္းဟုန္မွာက်ိန္းေသေပါက္ ပရဟိတလုပ္ျခင္းမဟုတ္။ ေက်ာက္ေလာင္းမႈမွာလာေရာက္ ‌ေပ်ာ္ရႊင္ရန္႐ုံေလာက္နဲ႔ သူသည္ အမ်ိဳးမ်ိဳးေသာ ကမၻာတဝွမ္းရွိ မဟာမိတ္ နိုင္ငံမ်ားမွ  ပါရမီရွင္မ်ားကို ေငြေၾကးမ်ားစြာကုန္က်ခံကာ ဖိတ္ေခၚထားျခင္းျဖစ္သည္။ သူတြင္သူ၏ရည္ရြယ္ခ်က္ရွိရမယ္။ သူသည္ ျမန္မာနိုင္ငံရွိ တြင္းေဟာင္းမ်ားမွာ မိုင္း‌ ေၾကာမ်ားစြာပိုင္ထားသည္။ ဤေနရာရွိ အႀကီးမားဆုံး ဗန္းျပထြင္လုံးမွာ သူဝယ္ထားသည့္ ေက်ာက္စိမ္းရိုင္းတုံးအသုတ္ ျဖစ္ၿပီး လြန္ခဲ့ေသာရက္အနည္းငယ္က အမ်ားျပည္သူကမ္းလွမ္းပြဲရွိ ေက်ာက္ရိုင္းတုံးမ်ားႏွင့္ တသုတ္ထဲျဖစ္သည္။

    [ ဒီတစ္ႀကိမ္၊ က်ားယန္အမ်ားျပည္သူေဈးကြက္တြင္ အရည္ေသြးျမင့္ ေဂ်ဒိုက္မ်ားစြာ ပါကာ ေရခဲအမ်ိဳးစားနဲ႔ ဖန္အမ်ိဳးစားေဂ်ဒိုင္မ်ားပါ ပါတယ္။ ဒီတသုတ္ ေဂ်ဒိုက္ေတြထဲကတျခားအခ်က္လက္က အက္ေၾကာင္းေတြနဲ႔ စြမ္းအင္ဆုံးရႈံးထားတဲ့ ေဂ်ဒိုက္ေတြပါေတတာပဲ။ သူတို႔အားလုံးက ေနျပည္ေတာ္။ ျမန္မာနိုင္ငံကလာတာ။

   အက္ေၾကာင္းမ်ားစြာႏွင့္စြမ္းအင္ဆုံး ရႈံးထားသည့္ထိပ္တန္းေက်ာက္စိမ္း အေရတြက္မ်ားစြာ၊ ဒါသည္ ေက်ာက္စိမ္းပိုးေတာင္မာေကာင္၏ ထူးျခားဆုံးလကၡဏာရပ္ျဖစ္ကာ ပိုင္ကုစာေရးရသည့္အေၾကာင္းျဖစ္သည္။ ဤတစ္ေခါက္ ေက်ာက္ရိုင္းသုတ္ထဲတြင္ နဂါးေက်ာက္စိမ္း ပါဝင္နိုင္ေျခအလြန္မ်ားေလသည္။

    အကယ္၍သူသာ တိုက္ရိုက္ပင္ေဂ်ဒိုက္ကို ဝယ္ယူျဖတ္ေတာက္ရန္မည္ဆိုလၽွင္ ဝူ႐ုန္ မတက္နိုင္။ ေက်ာက္ကပ္ကိုေရာင္း႐ုံမက တေစၧႀကီးကိုေရာင္းထုတ္လိုက္လၽွင္ေတာင္ သူမတက္နိုင္ေသး။ သို႔ေသာ္ ကံေကာင္းသည္က ေက်ာက္စိမ္းပိုးေတာင္မာေကာင္၏နဂါးေက်ာက္စိမ္းအမ်ိဳးစားေဂ်ဒိုက္ ၏ အျပင္ပိုင္းမွာ အလြန္ပင္ သာမန္ဆန္လွ၍ စုံညီေက်ာက္ေလာင္းပြဲကြင္းထဲ၌ သန္စင္ေသာေက်ာက္ရိုင္းမ်ားစြာရွိေနကာ သူကံစမ္းၾကည့္နိုင္သည္။

     ‌ေက်ာက္ေလာင္းပြဲသြားရန္ ဖိတ္စာလိုေနေသးကာ ပိုင္ကုမွာ ထိုထက္ပိုမကူနိုင္။

    အိမ္အျပန္လမ္းတြင္ ဝူ႐ုန္မွာထိုအေၾကာင္းအားဆက္ေတြးေနၿပီး ခ်င္းလင္းကူေရာ က်ဳံးကူပါ သန႔္စင္ေသာစြမ္းအင္အား အလြန္သိနိုင္စြမ္းျမင့္မားသျဖင့္ ေက်ာက္ေလာင္းပြဲသို႔ သူတို႔ကိုေခၚသြာလၽွင္ လုပ္နိုင္စြမ္းျမင့္မည္ျဖစ္သည္။ ေက်ာက္စိမ္းပိုးေကာင္မည္သည့္ေနရာတြင္ရွိေနသည္မွာ မခန႔္မွန္းနိုင္႐ုံတင္မဟုတ္ နဂါးေက်ာက္စိမ္းမွာ အလြန္တရာရွားပါးလွကာ ထြက္ေပၚလာခဲေလသည္။

    အေရးႀကီး ဆုံးအခ်က္မွာ သူတြင္ ဖိတ္စာမရွိေသးျခင္းျဖစ္ကာ ဒုတိယအေရးႀကီးသည့္အခ်က္မွာ ေငြအလုံေလာက္မရွိျခင္းပင္။

    သစ္သားအႏွစ္ သို႔မဟုတ္ သန႔္စင္ျခင္းပုလဲကို ေရာင္းလိုက္လၽွင္ ခ်က္ခ်င္းခ်မ္းသာသြားနိုင္ေသာ္လည္း အာ့ေလာက္မထိုက္တန္လွ။

    ဤညတြင္ ဖုခ်င္း၏ ၾကည့္႐ူဂ႐ုစိုက္ေပးေနမႈ ေအာက္တြင္ သစ္သားအႏွစ္၏တဝက္ေက်ာ္ေလာက္ကို ဝူ႐ုန္စုတ္ယူနိုင္လိုက္သည္။ အခုက်ဳံးကူမွာ သူ႔ကိုယ္ထဲတြင္ ရွိေနေသာေၾကာင့္ ဝူ႐ုန္မွာ သူ(ZG)လိုအပ္သည့္အရာကို ျဖည့္ဆည္းေပးလိုက္သည္ႏွင့္တူညီသည္။ သစ္သားအႏွစ္ပါးစပ္ထဲဝင္သြားၿပီးေနာက္ ခ်က္ခ်င္းပင္ ႂကြယ္ဝေအးစက္ေသာအရည္အျဖစ္ေျပာင္းသြားကာ ‌လည္ေခ်ာင္းထဲသို႔ေလ်ာဆင္းသြားသည္။ ၎၏ႂကြယ္ဝလွေသာ စြမ္းအင္မ်ားက ခႏၶာကိုယ္တစ္ခုလုံးရွိအေပါင္းတိုင္းကို ပြင့္ေစကာ ဝင္ ေရာက္သြားၿပီး တကိုယ္လုံးအား လၽွို႔ဝွက္ဆန္းၾကယ္ေသာအေျခေနသို႔ေရာက္ေစသည္။ သာမန္လူတစ္ေယာက္ဆိုလၽွင္ ဝူ႐ုန္ကဲ့သို႔ တိုက္ရိုက္ဝါးၿမိဳ၍မရနိုင္။ အခ်ိန္တိုင္းအျမစ္၏ပမာဏအနည္းငယ္မၽွစား႐ုံေလာက္ႏွင့္ပင္ အဟာရလြန္ကဲ့မႈေၾကာင့္ ေသြယိုစီးကာ ေသြးေၾကာႏွင့္ ဒြါရခုႏွစ္သြယ္ေပါက္ကြဲနိုင္သျဖင့္ သူတို႔သာ ဝူ႐ုန္ကဲ့သို႔ အျမစ္၏တဝက္ေက်ာ္ေလာက္အားတိုက္ရိုက္စားသုံးလိုက္လၽွင္ေတာ့ဘယ္ျဖစ္မလဲ မေတြးနိုင္။

    သို႔ေသာ္ ဝူ႐ုန္တြင္က်ဳံးကူရွိသည္။ စြမ္းအင္မ်သူကိုယ္ထဲဝင္လၽွင္ဝင္ျခင္း က်ဳံးကူမွာခ်က္ခ်င္းပင္ စိတ္လႈပ္ရွားလာကာ စြမ္းအင္ပင္လယ္ႀကီးအားဝါးၿမိဳလိုက္ၿပီး အမ်ားစုအား ေလာဘတႀကီးရွင္းပစ္လိုက္၍ ဥမွာ ခ်က္ခ်င္းဆိုသလို ေတာက္ပကာ မ်က္ႏွာျပင္ေပၚတြင္ ေရာက္ျခည္စက္ဝန္းေလးဝိုင္းပတ္ေနေတာ့သည္။ ၎၏အသြင္အျပင္မွာ အရည္ေသြးျမင့္ေသာေက်ာက္စိမ္းပုတီးလုံးေလးကဲ့သို႔ပင္။ ဥမွာ နဂိုကအလင္းမေဖာက္နိုင္ အခုေတာ့ ေႏြးေထြးေသာေက်ာက္စိမ္းအခြံေလးကိုျဖတ္ကာ တြန႔္လိမ္ေနေသာအနက္ေရာင္ အစက္ေလးတစ္ခုကိုျမင္နိုင္ၿပီျဖစ္သည္။

   ေက်ာက္စိမ္းေရာင္အခြံေလးတြင္ ေသြးမ်ားစြန္းထင္ေနေသး‌သျဖင့္ ေသြးသံရဲရဲႏွင့္ရန္လိုတက္သည့္ေလထုကိုေဖာ္ျပေနသည္။ အျမစ္မဲ့ေရႏွင့္ သန႔္စင္ၿပီးသြားလၽွင္ေတာ့ က်ဳံးကူဥေပါက္ရန္ျပႆနာမရွိေတာ့ေခ်။

    အခ်ိန္မွာတိုးေတာင္းပုံေပၚသည္။ ဝူ႐ုန္မ်က္လုံးျပန္ဖြင့္သည့္အခါ သုံးနာရီကုန္သြားၿပီျဖစ္သည္။ သူ ခ်ီ တသုတ္႐ူထုတ္လိုက္ၿပီးေနာက္ ကမၻာႀကီးမွာ ပို၍ေတာက္ပၾကည္လင္လာသည္ဟုခံစားလိုက္ရသည္။ ဝူ႐ုန္သည္ သူ႔မ်က္ႏွာခ်င္းဆိုင္မွ ဖုခ်င္းပါးျပင္ေပၚရွိ ေမႊးညႇင္းႏုေလးမ်ားပင္ျမင္ေနရကာ ဆြဲႀကိဳးခ်တေစၧႏွင့္ အ႐ုပ္သရဲထပ္ခိုးေပၚတြင္ က်ိဳးႏြံစြာေနေနသည္ျခင္း၊ ေခြးတေစၧႀကီးကဗီလာတံခါးအား ေစာင့္ၾကပ္ေနျခင္း ႏွင့္ ျပတင္းေပါက္ေအာက္ေျခေဘာင္တြင္ ေက်ာေပးအိပ္ေနေသာ ေၾကာင္ေပါက္ေလးတို႔အားရွင္းလင္းစြာျမင္နိုင္ေနသည္။

    ထိုအခိုက္တန႔္၌ ဝူ႐ုန္သည္ ရွားရွန္ ဝတၳဳမ်ားထဲမွာ စိတ္ဝိဉာဥ္အသိတရားကဲ့သို႔ ဗီလာထဲရွိ သက္ရွိသတၱဝါ အားလုံးကိုခံစားမိေနကာ တခ်ိန္တည္းမွာပင္ သူ႔အေရွ႕ဘက္ဆီမွ လာေနေသာ အပူဓာတ္တစ္ခုကိုလည္းခံစားသည္။ ဖုခ်င္းပတ္လည္ရွိ စြမ္းအင္မွာ ေနထက္ပင္ မ်က္စိက်ိန္းစပ္ေလာက္ေအာင္စူးရွေတာက္ပေနသည္။ ၎မွာအရွိန္အဟုန္ျပင္းသည့္မီးေတာက္မ်ားႏွင့္ေလာင္ကၽြမ္းေနကေသာ မီးလုံးႀကီးႏွင့္တူကာ အလြန္ပူေလာင္လွသျဖင့္ ဝူ႐ုန္မသိလိုက္ဘာသာ အဲကြန္းခလုပ္ကိုရွာမိသည္။

    အဲကြန္းဖြင့္သြားသည့္အသံမွာ ထိုထူးဆန္းလွသည့္အေျခေနမွ ထြက္ခြာလာေစၿပီး လက္ေတြကိုျပန္ေရာက္လာေစကာ ထိုအခ်ိန္မွာ ဝူ႐ုန္ သူ႔အကၤ်ီမ်ား ေခၽြးမ်ားဆိုနစ္ေနသည္ကို သတိထားမိသည္။

    "ငါေရသြားခ်ိဳးဦးမယ္ "

   သူထသြားသည့္အခါ ဝူ႐ုန္ ဖုခ်င္းအားငဲ့ၾကည့္လိုက္သည္။ သူသည္ သိသိသာသာကိုပင္ အလြန္ေအးစက္သည့္လူျဖစ္ကာ ျပင္ပကမၻာကိုပင္ လ်စ္လ်ဴ႐ူထားသည္။ သူ(FQ)အနားမွာ ေနသည့္အခါတိုင္း သူ(WR) မခံမရပ္နိုင္သည့္ပူေလာင္မႈကို ဘာေၾကာင့္မ်ားခံစားရတာပါလိမ့္ ?

    ဒါကသန႔္စင္တဲ့ ယန္ေသြးမ်ားလား?

    ေရခ်ိဳးေနစဥ္အတြင္း ဝူ႐ုန္စိတ္ပ်ံ႕လြင့္ေနကာ က်ဳံးကူႏွင့္ စိတ္ရွည္ရွည္ျဖင့္ဆက္သြယ္ေနလိုက္သည္။ သစ္သားအႏွစ္သူ႔ကိုယ္ထဲေပ်ာ္ဝင္သြားျခင္းႏွင့္အတူ က်ဳံးကူမွာ စြမ္းအင္ျပည့္သြားကာ သူ၏အသိတရားႏွင္ါ စိတ္ခံစားမ်ား မွာတက္ႂကြေနၿပီး ဝူ႐ုန္သူ၏စြမ္းရည္တစိတ္တေဒသကို သုံးနိုင္ၿပီျဖစ္သည္_က်ဳံးကူမွာ ကူတစ္ေသာင္း၏ဘုရင္ျဖစ္သည္။ အကယ္၍ဝူ႐ုန္သာ တစုံတေယာက္အား ကူကိုေပးခ်င္လၽွင္ တျခားသူမွာ သူ႔ေသြးအားေသာက္႐ုံႏွင့္ သူအမိန႔္ကို မ ေသြတသိမ္းလိုက္နာ၍ ဝူ႐ုန္သူ၏ေသျခင္းရွင္ျခင္းကို ထိန္းခ်ဳပ္ထားနိုင္သည္။

   ပိုင္ကုမွာ ေျမာင္က်န္းမွ လာ ေနပုံရသည္။

    ဝူ႐ုန္၏စိတ္ထဲမွာေတာ့ သူ(ပိုင္ကု)သည္ သူ(ဝူ႐ုန္)၏ပထမဆုံးေသြးစမ္းသပ္မည့္အေပါင္းအပါ ျဖစ္ရန္‌ ေမၽွာ္လင့္ေနပုံရသည္။ ပိုင္ကုသည္အလြန္ထက္ျမတ္ကာ ျပန္လည္ေမြးဖြားလာသူျဖစ္ၿပီး ဝူ႐ုန္မသိေသးသည့္အရာမ်ားစြာကို သူသိထားသည္။ သူသည္အလြန္နာခံတက္ေသာ္လည္း ဝူ႐ုန္ မေပါ့ေလ်ာ့နိုင္။

     အလြန္ေဝးကြာေနတဲ့ေျမာင္က်န္းကေနေတာင္ စုံညီေက်ာက္ေလာင္းပြဲသတင္းကိုရနိုင္သည့္ပုံေထာက္လၽွင္ ပိုင္ကုတြင္ က်ိန္းေသေပါက္ ဝူ႐ုန္မသိသည့္ သတင္းကြန္ယက္ ရွိ ေနရမည္ျဖစ္သည္။ ဒီလိုလူမ်ိဳးမွာ သုံးရခက္လွသည္။ သူကိုသာမဖိနိုပ္နိုင္လၽွင္ သခင္ကိုျပန္တိုက္ခိုက္နိုင္ကာ အရမ္းကိုျပႆနာ႐ူပ္နိုင္သည္။

    ဝူ႐ုန္သည္ ျပႆနာ႐ူပ္သည့္အရာမ်ားကိုမႀကိဳက္။

    မားမား!

    က်ဳံးကူသည္ ကေလးတစ္ေယာက္လို အသံေသးေသးေလးႏွင့္ မပီမသေခၚဆို၍ ဝူ႐ုန္အား က်န္ရွိေန‌သည့္သစ္သားအႏွစ္ အားလုံးကို စားခိုင္းေနေလသည္။ ဝူ႐ုန္သူ႔ကိုလ်စ္လ်ဴ႐ူကာ ဆံပင္မ်ား သုတ္ေနရင္း ဧည့္ခန္းသို႔ျပန္လာခဲ့‌သည့္အခါ ဖုခ်င္းေရွ႕စားပြဲေပၚတြင္ ပုလင္းေလးႏွစ္လုံးကိုေတြ႕ ၎တို႔ထဲတြင္ ပ်ားရည္ႏွင့္ဆင္တူသည့္ ပယင္းေရာင္ေစးကပ္ကပ္အရည္မ်ားရွိေနၿပီး ၎တို႔ထဲတြင္ ေရႊမူန္ေလးမ်ားရွိေနသည္။

    " ဒါက သစ္သားအႏွစ္ကေနလုပ္ထားတဲ့ ကုသေဆးလား?"

    စူးစမ္းလိုစြာျဖင့္ ဝူ႐ုန္သည္ ေကာက္ယူၾကည့္လိုက္သည္။ သစ္သားအႏွစ္ထဲတြင္  "ရို ပိုင္ကု" ဟုသိၾကသည့္ အလြန္းအားျပင္းေသာခ်ီပါရွိကာ ၎မွာ ေနာက္ဆုံးထြက္သက္ေရာက္ေနေသာ လူကိုပိုကယ္တင္နိုင္သည္။ သို႔ေသာ္တခ်ိန္တည္းမွာပဲ သူ၏ျပင္းထန္လြန္းသည့္ခ်ီမွာ တစုံတေယာက္ကို အလြယ္တကူသတ္လို႔ရနိုင္ေသာေၾကာင့္ မသုံးခင္၌ အထူးနည္းမ်ားျဖင့္အရင္အားေပ်ာ့ေစ မည္ျဖစ္သည္။

    "ဟမ္"

    ဖုခ်င္းသည္းတျခားပုလင္းတစ္ခုကိုလည္းဝူ႐ုန္လက္ထဲထည့္ေပးကာ " သစ္သားအႏွစ္လက္က်န္ေတြ ေက်ာက္စိမ္းေသတၱာေလးထဲရွိေနေသးတယ္ "

    " မင္းကတကယ္ႀကီး ဘာမဆိုလုပ္နိုင္တာကို ငါသိသြားၿပီ "

    ဝူ႐ုန္စိတ္ထဲမွသက္ျပင္းခ်လိုက္သည္ သူသည္ထိုအေၾကာင္းက အရင္က ရိုးရိုးေလး‌သာေဖာ္ျပေျပာဆိုခဲ့ေသာ္လည္း ဖုခ်င္းမွာ တကယ္ပင္ အခ်ိန္တိုအတြင္း ေဆးေဖာ္ေပးခဲ့သည္။ ရိုပိုင္ကုႏွင့္သာ ဆို အနာဂါတ္တြင္ ဝူ႐ုန္ အႏၲရယ္မ်ားေသာ တာဝန္မ်ားကို ယုံၾကည္ခ်က္ရွိရွိ ယူနိုင္ၿပီျဖစ္သည္။ ဖုခ်င္းႏွင့္သိလာေလ ဖုခ်င္းမွာ စာအုပ္ထူႀကီးကဲ့သို႔ပင္ ဆိုသည္ ကိုသိလာေလျဖစ္သည္။ သူ႔မွာဘာေတြထပ္ရွိထားလည္းဆိုတာ သူဘယ္ေတာ့မွမသိနိုင္။

    " လူတိုင္းက ေကာင္းကင္သခင္အမ်ားစုဟာ  တခုခုကိုပဲ အထူးျပဳၾကတယ္လို႔ မေျပာၾကဘူးလား ?"

    ဝူ႐ုန္အလြန္ပင္သိခ်င္သည္ ဖုခ်င္းမွာ သူထက္ႏွစ္အနည္းငယ္သာႀကီးကာ ဘယ္လိုမ်ား ဒီေလာက္အမ်ားႀကီးသင္ယူထားလဲသိခ်င္သည္။

    "တာအိုပညာက က်ယ္ျပန္ၿပီးအကန႔္သတ္မရွိဘူး ဒါေပမယ့္ လူေတြရဲ့စြမ္းအင္က အကန႔္သတ္ရွိတယ္။ သူတို႔ရဲ့ပါရမီေတြကလည္းကြဲျပားၿပီး သူတို႔မွာ ကိုယ္ပိုင္အားနည္းခ်က္အားသာခ်က္ေတြရွိၿပီး တစုံတခုကိုပဲအထူးျပဳတာကပုံမွန္ပါပဲ"

    ဖုခ်င္း၏အသံအေနထားမွာ အလြန္ေလးတြဲ႕ေသာ္လည္း အေလးနက္ရွိသည္ " ငါ ကအရာအားလုံးကိုနည္းနည္းစီသိထား႐ုံပါ "

   " ဘီလီယံနဲ႔ခ်ီတဲ့အနည္းနည္းေလးလား?"

    ဝူ႐ုန္ဟာသလုပ္သည္အမွန္ပင္ ရွားလွသည္။ ဖုခ်င္းက ဟာသကိုမသိပဲ သူ႔အားေတြေဝစြာၾကည့္ေနသည္ကိုေတြ႕ေသာအခါ သူစိတ္အေျခေနပိုေကာင္းလာၿပီး စကားအနည္းငယ္ေျပာရန္လုပ္လိုက္သည္ " ဒါဆိုရင္ ေရႊအပ္ေရႊခ်ည္ေတြနဲ႔ အာ႐ုံငါးပါးခ်ိတ္ပိတ္ထားတာကိုျဖည္တက္လား?"

   " ေရႊအပ္ေရႊခ်ည္ခ်ိတ္စည္းၾကားခံက အာ့တာက ဘာစည္းအမ်ိဳးအစား ဆိုတာေပၚ အေျခခံထားတယ္ "

    ခ်ိတ္စည္းႏွင့္ပတ္သတ္သည့္အသိပညာေၾကာင္းေျပာသည့္အခါ သာမန္ဆို ဆိတ္ ဆိတ္ေနတက္ေသာဖုခ်င္းမွာ ပို၍စကားေျပာလာသည္ " ေရႊခ်ည္ေရႊအပ္ေတြကို သာမန္ၾကားခံမ်ိဳးမွာ သုံးေလ့မရွိဘူး အာ႐ုံငါးပါးလုံးခ်ိတ္ပိတ္ထားတယ္ဆိုတာမ်ိဳးက ပိုေတာင္‌ရွားေသးတယ္ "

    ဝူ႐ုန္ေမးၾကည့္သည္ " တေစၧမွာ ဒီလိုခ်ိတ္စည္းမ်ိဳးသုံးထားရင္ဘာျဖစ္နိုင္မလဲ?"

    "သူ႔ကိုသတ္ပစ္ရမယ္ "

    ဖုခ်င္းသည္ တုန႔္ဆိုင္းမေနပဲ ခြဲျခမ္းစိတ္ျဖာျပလာသည္ " အကယ္၍လူမွာ အာ႐ုံငါးပါးကိုခ်ိတ္ပိတ္ထားမယ္ဆို နတ္ဆိုးဝိဉာဥ္ သို႔မဟုတ္ ႐ူးသြပ္မိုက္မဲမႈေတြက်ဴးေက်ာ္ဝင္ေရာက္လာျခင္းေၾကာင္းပဲ။ အျပစ္မဲ့တဲ့သူေတြကိုမထိခိုက္ေစဖို႔ အတြက္ သူတို႔ကိုယ္တိုင္ ဒါမွမဟုတ္ သူတို႔ဆရာကို‌ ေျပာၿပီး သူတို႔ကိုခ်ိတ္ပိတ္ေစတာပဲ။ တေစၧအေပၚမွာသုံးစရာမလိုဘူး။ သူတို႔အားလုံးက နတ္ဆိုးတေစၧေတြျဖစ္ၿပီး ေသသင့္တာမို႔ တာအိုေလ့က်င့္ထားသူက သူတို႔ကိုေတြ႕တာနဲ႔သတ္ပစ္သင့္တယ္ "

    ထိုအေၾကာင္းကိုေျပာေနရင္းသူ႔မ်က္လုံးထဲေအးစက္မႈကလက္ျဖာေနကာ  သူသည္ ဝူ႐ုန္အားၾကည့္၍ သူ၏အညႇာတာမဲ့ သတ္ျဖတ္လိုမႈ လၽွို႔ဝွက္မထား " အကယ္၍အာ့လိုတေစၲမ်ိဳးေတြ႕ရင္ အလ်င္စလိုမလုပ္နဲ႔ ။ အရမ္းအႏၲရယ္မ်ားတယ္ ။ ငါ့သတ္ဖို႔ထားထားလိုက္"

    "ငါ....အရင္ကအာ့တာကိုမေတြ႕ဖူးပါဘူး "

    ဝူ႐ုန္၏စကားလုံးလည္ေခ်ာင္းေပၚေရာက္ေရာက္ျခင္း သူျပန္မ်ိဳခ်လိုက္သည္။ ဖုခ်င္း၏ စိတ္သေဘာထားမွာ အလြန္ခိုင္မာသည္။ ဝူ႐ုန္မွာ တေစၧႀကီးအားေခၚထုတ္လိုက္သည္ႏွင့္ ဤလူႏွင့္ ထိုတေစၧမ်ား ခ်က္ခ်င္းပင္ တိုက္ခိုက္မည္ဟုခံစားလိုက္ရသည္။

    "ငါအာ့တာကို စာအုပ္ထဲျမင္ဖူးတာ"

    ဝူ႐ုန္သည္  ဆုေရွာင္းမီဆီမွ ဝယ္လာသည့္ "ဒုကၡိတတေစၧပ်ိဳးေထာင္ျခင္း "စာအုပ္ကို ထုတ္လိုက္ ကာ သူအေပၚ နက္ရိူင္းသည့္ထင္ျမင္ခ်က္ ခ်န္ထားခဲ့သည့္ တေစၧလက္မ်ားအေၾကာင္းေျပာေလသည္။

    " အဲ့လက္ရဲ့ လက္သည္းတစ္ခုခ်င္းစီရဲ့အထဲမွာ ေရႊအပ္ေတြထိုးစိုက္ထားတယ္ ေရႊခ်ည္ေတြၾက‌ ေတာ့ တေစၧလက္မွာ အပ္ခ်ဳပ္ထားၿပီးေတာ့ မေပ်ာက္ကြယ္သြားမီ လက္ေကာက္ဝတ္ဘက္ျခမ္းကေန ပုခုံးအထိ အရွည္ရွိတယ္ "

    ဖုခ်င္းကိုယ္ေပၚမွာ သုန္မႈန္မႈမ်ားပိုမ်ားျပားလာသည္ကိုခံစားမိေသာအခါ ဝူ႐ုန္‌ထပ္ေပါင္းေျပာလိုက္သည္ " အခုသူကယန္က်ားဖင္းမွာမရွိေတာ့ဘူး ငါသူဘယ္မွာလဲဆိုတာကိုမသိဘူး"

    ဆုေရွာင္းမီသည္ တေစၧေဈးႏွင့္အတူလိုက္ပါသြားၿပီး ယန္ေကြ႕လုံျခဳံေရးဇုန္ကေနထြက္သြားတာၾကာေလာက္ၿပီျဖစ္သည္။ ထိုအခ်ိန္က ဝူ႐ုန္သည္ ဆက္သြယ္ရန္အခ်က္လတ္မ်ားမခ်န္ထားခဲ့ပဲ ဤစာအုပ္သာ သူ႔လက္ထဲက်န္ခဲ့သည္။ ထင္းကန္ထဲတြင္သူသည္ အလြန္စိုးရိမ္ေၾကာင့္ၾကလ်က္ရွိေနကာ ခုထိစာအုပ္အားမဖတ္ရေသးေပ။

    " ေရႊအပ္ေရႊခ်ည္က တေစၧဓာတ္အဆန္ဆုံးႏွင့္ အၾကမ္းတမ္းဆုံးခ်ိတ္စည္းျဖစ္တာေၾကာင့္ သူတို႔က အာ့ဒီကေန တျဖည္းျဖည္းေဆြးေျမ့သြားလိမ့္မယ္ "

    ေနာက္ဆုံး ဖုခ်င္း၏မ်က္လုံးထဲမွာ ေအးစက္မႈေပ်ာက္သြားသည္ကို ျမင္ရသည့္အခါမွ ဝူ႐ုန္ေအာင္ျမင္သည္ဟုခံစားလိုက္ရသည္။ ဝူ႐ုန္သည္ တေစၧႀကီးကိုမေဖာ္ၿပ ပဲ ဖုခ်င္းစကားေနာက္လိုက္ကာ " ခ်ိတ္ပိတ္ထားတဲ့တေစၧေတြက က်ိန္းေသေပါက္ေသသင့္တယ္ "

    " အမွန္ေတာ့မဟုတ္ဘူး "

    ဖုခ်င္း သူ႔ေခါင္းကို ယမ္းလိုက္ကာ ‌ျဖည္းညႇင္းစြာေျပာေလသည္ " တခ်ိဳ႕ေကာင္းကင္သခင္ေတြက ကြန္ဖူးမွာမေတာ္ဘူး သူတို႔က နာက်ည္းခ်က္တေစၧေတြ႕တဲ့အခါ တိုက္တိုက္ဆိုင္ဆိုင္ပဲခ်ိတ္ပိတ္ရေတာ့တယ္။ ႏွစ္ဦးၾကားကကြာျခားခ်က္တအားႀကီးရင္ နာက်ည္းခ်က္တေစၧက ျဖည္းျဖည္းခ်င္း ခ်ိတ္စည္းကိုျဖတ္လို႔ရလာလိမ့္မယ္ "

   "ဒါမွမဟုတ္ သူ႔ကိုခ်ိတ္ပိတ္တဲ့ေကာင္းကင္သခင္က ေသသြားၿပီး တေစၧကို ေသြးႏွင့္ဝိဉာဥ္ ကိုေကၽြးထားရင္ သူကို ဖ်တ္ဆီးလို႔မရေတာ့ဘူး ။ သူရဲ့ခြန္အားက သင့္ေတာ္တဲ့အဆင့္ကိုေရာက္သြားရင္ ခ်ိတ္ကလည္း တျဖည္းျဖည္းနဲ႔ ပ်က္စီးသြားလိမ့္မယ္ "

    " ဒါေၾကာင့္မို႔ တေစၧ‌တစ္ေကာင္ရဲ့ကိုယ္ေပၚမွာ ေရႊအပ္ေရႊခ်ည္အရိပ္ေယာင္ေတြ႕တာနဲ႔ တက္နိုင္သမၽွျမန္ျမန္ သတ္ပစ္ရမယ္ အာ့လိုမွမဟုတ္ရင္ အဆုံးမရွိတဲ့ ျပႆနာေတြျဖစ္လာလိမ့္မယ္ "

    "သိၿပီ ငါကသိခ်င္႐ုံ"

    ဖုခ်င္းကအရမ္းကို ခိုင္မာစြာေျပာေနသည္ကိုၾကားရေသာအခါ ဝူ႐ုန္ႏွလုံးသားေလး မေရမရာျဖစ္သြားသည္။ တေစၧႀကီးမွာ ဤအခ်ိန္တြင္ ႏူးညံ့သိမ္ေမြ႕ေနေသးကာ သူတြင္ သတ္ျဖတ္လိုစိတ္မရွိ ထင္းကန္အက္ေၾကာင္းထဲတြင္ သူကိုနာက်င္ေအာင္မလုပ္ခဲ့ သို႔ေသာ္ ဘယ္သူက သူဟန္ေဆာင္ေနတာမဟုတ္ဘူးဟု အာခံနိုင္ပါ့မလဲ?သူက ဝူ႐ုန္ကိုယ္ကို အသုံးျပဳကာ တေစၧအရွိန္ဝါကိုဖုံးထားကာ အမွန္တရားကိုကြယ္ထားၿပီး ခ်ိတ္စည္းေျဖနိုင္သည့္အခြင့္ေရးကိုေစာင့္ကာ သူ႔ခြန္အားအား သိုေလွာင္ေနျခင္းလည္းျဖစ္နိုင္သည္။ အာ့အခ်ိန္က်ရင္ ေသြးအိတ္အေသးေလးကလည္း တေစၧႀကိးကို မထိန္းထားနိုင္ေလာက္ေတာ့ေပ။

3076words
2:05Pm,Mon ,Sep 18,2023.

   

Continue Reading

You'll Also Like

2.6K 53 37
ဘာသာပြန်BLစာအုပ်လေးတွေကို စာအမြည်းနှင့်အတူ မိတ်ဆက်ပေးသွားပါမည်။ သက်ဆိုင်ရာဘာသာပြန်စာရေးဆရာတို့ကိုလည်းcrdပေးပါတယ် ဘာသာျပန္BLစာအုပ္ေလးေတြကို စာအျမည္းႏွ...
19.4K 3.2K 34
MM Translation Unicode and Zawgyi are available. Update: 3 parts per week (Tue, thus, sat)
22K 1K 11
You're a brand new zookeeper at The Halfling Zoo- a place where half-animals live in captivity. Your job is simple- feed them and study them. Your ma...
326K 8.8K 65
Alexander and Sophie's marriage was already shaky. The romance was gone, they had started moving in different directions and she felt stuck. After a...