|| Unicode ||
ဖုချင်းနှင့်အတူထွက်သွားသောအခါတွင် ဝူရုန် သတိမေ့နေသော ဟွေ့ရှင်းအားသယ်သွားရန်မမေ့ခဲ့ပေ။ ခွေးတစ္ဆေကြီးမှာ တစ္ဆေကြီးမပျောက်သွားမီကပင်ပျောက်ကွယ်သွားခဲ့ပြီး ဖုချင်းမလာခင် ဉာဏ်ကောင်းစွာဝူရုန်အရိပ်ထဲခိုးဝင်ခဲ့သည်။ဖုချင်းတစ်ယောက်တည်းလာခဲ့သည်မဟုတ် ဖုချင်းနောက်မှဝန်ထမ်းသည် အသက်ရူနေဆဲဖြစ်သောဟွေ့ရှင်းကို သန့်ရှင်းပေးနေကာ သွေးအနှစ်များက တောင်ကုန်းနှင့်လွင်ပြင်တစ်ခုလုံး ပေါ်ပြုတ်ကျလာသည်။
ဝူရုန်နှင့်ဖုချင်းတို့အတူတကွ ကမ္ဘာအစစ်သို့ပြန်ရောက်လာသည် အမှန်ပင် သူတို့ သာ် တိုက်ရိုက်ပင် နံပါတ်444 ထင်းကန်လုံခြုံရေးဗျူရို၌ပေါ်လာခဲ့ပြီး ထင်းကန်444ထဲထပ်မရောက်တော့ပေ။
"ထင်းကန်ကပြိုကျသွားပြီ"
အစစ်မှန်ကမ္ဘာသို့ရောက်သောအခါနှစ်ယောက်လုံးမူလပုံစံပြန်ဖြစ်သွားကြသည်။ ဖုချင်းသည် ဝူရုန်မျက်နှာပေါ်မှ သွေးများကို သုတ်ပေးလိုက်ပြီး သွေးစွန်းနေသည်နှက့်ဆန့်ကျင်စွာဖြူဖျော့နေသောသူ့အသားရေကိုကြည့်၍ မျက်မှောင်ကြုတ်သွားသည်။သူ့ခါးပတ်၌ချိတ်ထားသည့်နဂါးသွဲ့ကျောက်ဘူးသီးခြောက်ဗူးလေးအား သူဆီကမ်းပေးလာကာ " နည်းနည်းလောက်သောက်လိုက်"
ဖုချင်း၏အပြုမူများမှာ အရမ်းကိုသဘာဝဆန်နေသောကြောင့် ဝူရုန်စဉ်စားမနေတော့ပဲယူကာသောက်လိုက်သည်။ သူပါးစပ်ထဲဝင်လာသောအခါမှာ အလွန်တရာသိပ်သည်းနူးညံကာချိုမြိန်သောအရည်ဖြစ်၍ ၎င်း၏အပိစ်အကျဲမှာလည်း ပျားရည်နှင့်ရေစပ်ထားသည့်နှင့်တူကာ သစ်သီးဝိုင်အရသာနှင့်အနည်းငယ်တူသော်လည်း အရသာပိုကောင်းသည်။ တစ်ငုံသောက်ပြီးသည်နှင့်ဝူရုန်မျက်နှာအရောင်လက်လာကာ နွေးထွေးသောစီးကြောင်းလေးတစ်ခုသူ့လည်ချောင်းထဲလောင်းချလိုက်သလို သူ့ခန္ဓာကိုယ်တစ်ခုလုံးနွေးထွေးသွားသည်။ အရသာမှာကောင်းလွန်းသောကြောင့် ဖုချင်းဆီနဂါးသွဲ့ကျောက်ဗူးလေးပြန်ပေးသည့်အခါ ဝူရုန်နူတ်ခမ်းထောင့်လေးမသိလိုက်ဘာသာ တွန့်ကွေးသွားသည်။
"အရသာရှိတယ်"
"အာ့တာမင်းအတွက်"
ဖုချင်းသည်နဂါးသွဲ့ကျောက်ဗူးအားပြန်မယူ။ ထိုအချိန်ကဝူရုန်၏မျက်နှာသအမူယာကိုကြည့်၍ သူမျက်လုံးများနွေးထွေးလာပြီး သတိပေးလာသည် " အခုမင်းကိုယ်ထဲမှာ ယင်ဓာတ်တွေတအားများနေတယ် ဒါကြောင့်မင်းထပ်ပြီးသောက်လို့မရဘူး"
အနည်းငယ်ယစ်မူးနေသည့်ခံစားချက်မှာ အလွန်သက်သောက်သက်သာရှိကာ အန္တာရယ်မှ နောက်ဆုံးကင်းလွတ်လာပြီး ကမ္ဘာအစစ်ကိုပြန်ရောက်လာသည့်ခံစားချက်နှင့်ပါယှဉ်လိုက်သောအခါ ဝူရုန်၏တင်းမာနေသောအာရုံကြောများနောက်ဆုံး ဖြေလျော့သွား၍ သူ သူ့ကိုယ်ကိုမူးယစ်နေစေလိုက်သည်။ သူ ပြုံး၍ သာမန်ကာလျှံကာပင် ခေါင်းငြိမ့်ပြကာ လေချွန်လိုက်သည်။ ထိုနောက် ဖုချင်းနှင့်စကားဆက်ပြောလေသည် :
" ငါဒီတစ်ခေါက်ပြန်ထွက်လာတော့ငါနဲ့အတူ အန္တာရယ်များတဲ့အရာတွေအများကြီးပြန်သယ်ခဲ့တယ်"
ဝူရုန်သွက်လက်စွာစကားပြောလိုက်ရင်း သူ့မျက်မှာမှသွေးများကိုသန့်ရှင်းပေးနေသည့်ဖုချင်းလက်ကိုဆွဲယူလိုက်ကာ သူလက်ထဲကိုင်ထားလျက် အလေးနက်ထား၍ ပျှော်ရွှင်စွာဖြင့် " ငါအများကြီးသယ်ထုတ်လာခဲ့တာ"
ထိုနောက်မှာတော့ သူတို့နောက်ပါးမှ အုတ်အော်သောင်းနင်းဖြစ်လာသည်။ ချည်းကပ်လာသည့်ရူပ်ယှက်ခက်နေသောခြေသံများနှင်အတူ အော်ဟစ်သံ ထိတ်လန့်တကြား အော်သံ များပါရောပါလာသည်။
"အဆိပ်သင့်ပင့်ကူမရှိတော့ဘူး!"
" ဂရုစိုက် အာ့တာကအရမ်းအဆိပ်ပြင်းတယ် မြန်မြန်ဖမ်း!"
" အရှေ့ကလူတွေလမ်းဖယ် အဆိပ်သင့်ပင့်ကူကိုသတိထား!"
သူတို့ အနက်ရောင်အရိပ်အဖွဲ့ အုပ်လိုက်ဝူရုန်ရှေ့သို့ အလင်းအလျင်နူန်းဖြင့်ပြေးဝင်လာသည်ကိုတွေ့သည် သိသိသာသာကို၎င်း၏တကိုယ်လုံးနက်မှောင်နေသော်လည်း သူ၏ခြေလက်ရှစ်ခုမှာ သန့်စင်သောအဖြူရောင်ဖြစ်ကာ ၎င်းသည်ဝူရုန်ရှေ့သို့မျက်စိတမှိတ်အတွင်းရောက်သွားသည် ပေါ့ပါးလွန်းကာ လေထဲမျောနေသကဲ့သို့ပင်။
"ဂရုစိုက်__!"
လိုက်ဖမ်းနေသည့်ဝန်ထမ်း၏စကားလုံးများ ရုတ်တရက်ရပ်တန့်သွားကာ သူတို့အားလုံး အနက်ရောင်ဘောလုံးတစ်လုံးမြေပြင်ပေါ်မှခုန်တက်သွားသလို ခုန်တက်သွားသည့်ပင့်ကူတစ်ကောင်အား ထိတ်လန့်စွာကြည့်နေမိသည် ဝူရုန်ဘောင်းဘီတစ်လျှောက်တွားတက်သွားပြီး ဝူရုန်ပုခုံးပေါ်သို့မျက်စိတမှိတ်အတွင်းရောက်သွားသည်။ အနက်ရောင်ကမြေပေါ်မှကြွသွားသော်လည်း သန့်စင်ဖြူဖွေးသောခြေရှစ်ချောင်းမှာအလွန်တရာရှည်လျားလွန်းစွာသော ခြေဆစ်များမြေပေါ်ကျန်နေခဲ့သေးသည်။ သေချာစွာစစ်ဆေးကြည့်ပြီးနောက် ၎င်းမှာ တကယ်ကိုအလွန်တရာပါးလှပ်လှသည့် ပင့်ကူတစ် ကောင်ဖြစ်ကြောင်းတွေ့ရလေသည်။
သူ့နောက် ကျောမှ ကြောက်စရာကောင်းလှသည့် ရူံ့တွနေသောမျက်နှာကို လူတိုင်းကြောင်အစွာကြည့်နေစဉ်မှာပင် သူတို့သည် အဖြူရောင်းချပ်ပြားပင့်ကူမှာနှေးကွေးတွန့်ဆုတ်စွာဖြင့် ဝူရုန်ဖိနပ် ပေါ်တက်သွားကာ မသိသာသောဆင်ယင်တစ်ခုကဲ့သို့ ကုပ်တွယ်လိုက်သည်ကိုတွေ့လိုက်ရသည်။
"Kaka!"
အနက်ရောင်ကျောက်ပင့်ကူမှာနောက်ဆုံးဝူရုန်ရှိရာပြန်ရောက်လာပြီဖြစ်သောကြောင့်ဝူရုန်ပုခုံးပေါ်၌ အရှေ့အနောက် စိတ်လူပ်ရှားစွ။ဝိုင်းပတ်နေပြီး သူ့နှလုံးသားထဲမှခံစားချက်များ ဝူရုန်စိတ်ထဲသို့ ရှပ်ပြေးနေသည့် စခရင်များလို့ဖြတ်ပြေးလာနေသည် " 'မင်းမကောင်းဘူး' 'မင်းမကောင်းဘူး 'မင်းတော်တော်ဆိုးတယ်' "
"ငါတို့ပြန်သွားတဲ့ထိစောင့် ငါမင်းအတွက်ပိုးကောင်တွေယူလာတယ်"
ဝူရုန်စိတ်အခြေနေကောင်းစွယ ကတိပေးလိုက်သည် အနက်ရောင်ကျောက်ပင့်ကူမှာအလွန်ချော့ရလွယ်သည် ချက်ချင်းပင်ပျော်ရွှင်သွားလေသည်။ ကမောက်ကမအခြေနေများဖြစ်ပွားပြီးနောက်ဆုံးတွင် တစ်စုံတယောက်မှ သူတို့အားအထူးခန်းတစ်ခုဆီသို့ဖိတ်ခေါ်လေသည်။
ဝူရုန်လက်ထဲမှ နဂါးသွဲ့ကျောက်ဗူးလေးကိုတွေ့သောအခါ ဧည့်သည် အလွန်တရာအံ့အားသင့်သဖြင့် မျက်လုံးများပြူးကျယ်သွားကာ ဖုချင်းအားထပ်မံကြည့်လိုက်ပြန်သည်။ သူဝင်ရောက်မစွတ်ဖက်ရဲ့ လမ်းပြနေစဉ်အတွင်း သူ့အကြည့်များသည် ဖုချင်းနှင့်ဝူရုန်ကြားလူးလားခေါက်ပြန်နေကာ မယုံနိုင်လောက်စရာကောင်းသည်ကမ္ဘာကြီးတစ်ခုကိုမြင်နေရသကဲ့သို့ဖြစ်နေသည်။ ဝူရုန်အများကြီးဂရုစိုက်မနေ အခန်းထဲဝင်ရောက်ပြီးနောက်တွင် နူးညံ့ကာသက်သောက်သက်သာရှိသည့်ဆိုဖာပေါ်မှီချလိုက်ရင်း ဗူးလေးကိုဖတ်ထားကာ နောက်ထပ်အနည်းငယ်ထပ်သောက်ချင်နေသည်။
ဖုချင်းပုဝါကိုလျှော်လိုက်ပြီးနောက် သူ့မျက်နှာကိုသုတ်ပေးလိုက်သောအခါ အေးစက်စက်ရေငွေ့က သူ့မျက်နှာကိုလာထိသောကြောင့် ဝူရုန် မူးဝေနေခြင်းမှနောက်ဆုံးနိုးထလာတော့သည်။ ထိုခဏ၌ သူဖော်မပြနိုင်သည့်ကောင်းမွန်မှုကိုခံစားလိုက်ရကာ သွေးအလွန်အကျွံဆုံးရူံးထားခြင်းမှဖြစ်ပေါ်လာသောအားနည်းနေမှုနှင့် တိုက်ပွဲပြီးနောက် အင်အားကုန်ခမ်းမှုအားလုံးပျောက်ကွယ်သွားကာ လုံးဝလန်းဆန်းသွားသည်။
"အာ့ထဲဘာပါတာလဲ?"
"မျောက်အရက်၊နဲ့ ငါ့လက်ချောင်းထိပ်သွေးရောထားတာ"
အံ့ဩစရာမရှိတော့ဘူး။
ဝူရုန်ထင်းကန်နံပါတ်444ထဲရှိစဉ်က သူ့နဖူးပေါ်ဖုချင်းတို့ပေးလိုက်သည့် သွေးကိုပြန်အမှတ်ရမိသည် ၎င်းသည် ထိုအချိန်က ဝူရုန်အား အလွန်ပြင်းထန်သောခံစားချက်ကိုပေးလေသည်။
"မင်းထဲမှာယင်ချီတွေအရမ်းများတယ် "
ဖုချင်းဝူရုန်အား ပုဝါကမ်းပေး၍ သူ့ဘာသာ သန့်ရှင်းစေလိုက်သည် " ငယ်နေတုန်းမှာ ပိုဂရုစိုက်"
တစ္ဆေကြီးကသွေးသောက်သည် အခုသူသည်တချို့ကိုသူ့ဘာသာသောက်လိုက်သည်။
မူးယစ်နေမှုတည်ငြိမ်သွားသော်လည်း သူစိတ်ခံစားချက်ကောင်းကတော့ရှိနေသေးသည်။ အရင်ကလောက်မသိသာတော့သော်လည်း ဝူရုန်မျက်လုံးထဲအပြုံးသေးသေးလေးရှိနေသေးကာ " မင်းကိုယ်ကရော?"
"ဘာမှမဖြစ်ဘူး"
ဖုချင်းသူဆိုလိုသည့်အရာကိုနားလည်ကာ ခေါင်းကိုခါလိုက်ရင်း " သွေးစက်အနည်းငယ်ပါပဲ"
"အော်မိသောဖော ၊ဒကာတော်ဝူ နဲ့ တာအိုဖုတို့လုံခြုံစွာပြန်ရောက်လာတာပဲ။ ဒါကတကယ့်ကိုကောင့်ချီးတစ်ခုပဲ"
သိမ်မွေ့အိုဟောင်းသည့်အသံတစ်ခုတံခါးဆီမှထွက်ပေါ်လာကာ ဆရာသခင်ကူချန်နှင့်ကျိုး ရွမ်ဝင်လာသည်။ ဆရာသခင်ကူချန်ဝင်လာလျှင်ဝင်လာခြင်း သူတည်ကြည်လေးနက်စွာဖြင့်သူ့ခေါင်းအားဝူရုန်ရှေ့ငုံချကာ အလေးပြုလေသည် "ဟွေ့ရှင်းကို ကယ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒကာတော်ဝူ"
"ကျွန်တော်နှင့်မထိုက်တန်ပါဘူး"
ဝူရုန် ရှောင်ရှားလိုက်ကာ " ဟွေ့ရှင်းကလည်းကျွန်တော်ကိုအများကြီးကူညီခဲ့ပါတယ်"
ဆရာသခင်ကူချန်နောက် အလျင်မြန်လိုက်ဝင်လာသောကျိုးရွှမ်မှာ သွေးများဖုံးနေသည့်ဝူရုန်မျက်နှာကိုတွေ့သောအခါ စိုးရိမ်မှု ထိတ်လန့်မှု နှင့်မျက်မှောင်တွန့်ကြုတ်သွားပြီး သူစကားများကြားသည့်အခါမှသူ့အသက်ရူသံမှာ အနည်းငယ်တည်ငြိမ်ကာငြိမ်သက်သွားသည်။ သူ့ လက်ထဲမှနဂါးသွဲ့ကျောက်ရေဗူးလေးအားတွေ့သွားပြီးနောက် သူ့မျက်လုံးများ မယုံကြည်နိုင်လောက်သည့်အမူယာနှင့် ရုတ်တရက်ကျယ်သွားပြန်သည်။ သူစကားပြောချင်နေသော်လည်း ဆရာသခင်ကူချန်အား အလွန်အလေးထားနေရသောကြောင့်ဟန့်တားထားနေရသည်။ သူမျက်နှာမှ အနီသွေးမှာပေါ်လိုက်ပျောက်လိုက်နှင့် ဖြစ်နေကာ သူ့မှာတစ်ခုခုမှားနေသလားဟု လူများအားစိုးရိမ်းအောင်လုပ်နေသည်။
ကံကောင်းစွာဖြင့် စာသားနှစ်ကြောင်းပြောဆိုပြီးနောက် ဝူရုန်သည် ကျောက်သေတ္တာနှင့်ကလေးအရိုးရှိနေသော ကျောပိုအိတ်အားဆရာသခင်ကူချန်ဆီသို့ စစ်ဆေးရန် ကမ်းပေးလိုက်သည်။ ၎င်းမှာ အန္တာရယ်အများဆုံးပစ္စည်းများပြည့်နေသည်။ ဖုချင်းသည် ဆရာသခင်ကူချန်နှင့်နောက်ဘက်ခန်း ဆီလိုက်ဝင်သွားသည်။ ထင်းကန်ထဲမှပြန်လာသည့်စစ်ဆေးသူတိုင်းသည် ထင်းကန်ထဲမှဘာမှ ကမ္ဘာပေါ်ယူဆောင်မလာရန် တင်းကျပ်စွာစစ်ဆေးမှုကိုခံရမည်ဖြစ်သည်။ ဝူရုန်ကိုစစ်ဆေးရန်တာဝန်ကျသူမှာ ကျိုးရွှမ်ဖြစ်သည်။
စစ်ဆေးပြီးနောက် ဝူရုန်သူအဝတ်ကိုချွတ်လိုက်ကာ လုံခြုံရေးဗျူရိုမှပေးအပ်လာသည့် သန့်ရှင်းကာပိုးသတ်ထားသော ညအိတ်ဝတ်စုံကိုလက်ခံရကာ ရေချိုးခန်းသို့သွား၍ ရေချိုးလိုက်သည်။ တစ္ဆေကြီးအား သွေးတိုက်ရန်ပြုလုပ်ထားသည့်ဒဏ်ရာမှာ ကုသပြီးဖြစ်ကာ အသစ်ဖြစ်ပေါ်လာသည့်အသားရေးမှာ ဘေးမှအသားရေထက်နူးညံ့ကာလက်ဆက်နေသည်။ ရေချိုးပြီးနောက် ဝူရုန်သူ့ဆံပင်များကိုသုတ်ကာ ထွက်လာသည်။ ကျိုးရွှမ်မှာသူ့အဝတ်အားလုံးကိုချိတ်ပိတ်ပြီးဖြစ်ကာ စစ်ဆေးရန်ပေးပို့လိုက်သည်။
" မင်းကငါ့ကိုသေအောင်စိတ်ပူစေတာပဲ!"
ဆရာသခင်ကူချန်နှင့် ဖုချင်း သူ့အနားမှမရှိတော့သည်နှင့် ကျိုးရွှမ်မှာ ချက်ချင်းပင်သူ့ပုံစံမှန်ကိုပြသလာကာ ဝူရုန်၏ဆံစမှခြေဖဝါးအထိစစ်ဆေးနေရင် ပြောလာသည် " ထင်းကန်နံပါတ် 444ဖျတ်ဆီးခံလိုက်ရတာကို မင်းသိလား!"
"ထင်းကန်နံပါတ် ၄၄၄ကဖျတ်ဆီးခံရတယ်?"
ဝူရုန်တန့်သွားပြီး ကျိုးရွှမ်မျက်နှာချင်းေိုင်ကဆိုဖာ ပေါ်ထိုင်လိုက်သည်။
"ဟုတ်တယ်! ထင်းကန်နံပါတ်၄၄၄ရဲ့အသိတရားကပျောက်သွားတယ် အဓိကဇာတ်ကောင် ချီဖန်းဖန်းကလည်းမရှိတော့ဘူး။ ယင်ချီစီးကြောင်းကြောင့်ဖြစ်လာတဲ့ပျက်သုန်းမှုနဲ့ပါပေါင်းလိုက်ရင် ပျက်စီးခံရမှာပဲ!"
ထိုအကြောင်းကိုပြောနေစဉ်ကျိုးရွှမ်မှာအကြောက်တရားကျန်နေသေးပြီး " ယင်ချီစီးကြောင်းကိုပြန်ဖွင့်နိုင်တဲ့နည်းကိုရှာနိုင်တဲ့ ဖုချင်းကိုပဲကျေးဇူးတင်ရမယ် အာ့လိုမှမဟုတ်ရင် မင်းအပြန်ကိုထွက်မလာနိုင်လောက်ဘူး!"
ထိုခဏ၌သူခဏမျှရပ်သွားပြီး ဝူရုန်အားတုန့်ဆိုင်းစွာကြည့်ရင်း စကားပြောရန်တုန့်ဆိုင်းနေသလိုပင်။ ဝူရုန်ထိုအချင်းရာကိုချက်ချင်းသတိထားမိသွားပြီး " ဘာကိစ္စရှိလို့လဲ?"
"မင်းတို့ကသူငယ်ချင်းတွေမို့ သူ့အတွက်မင်းကိုအာ့အကြောင်းပြောတာပိုကောင်းမယ့် ငါအရင် အမှန်တရားကိုမင်းပြောပြမယ်"
ကျိုးရွှမ်သူ့အသဲကိုနိမ့်ပြီးနောက် " ဖုချင်းက တကယ့်ကို လုန်ဟူတောင်တန်းကဖုမိသားစုရဲ့မျိုးဆက်မို့ သူ့အဆင့်တန်း ကမနိမ့်ဘူး။ မြို့တော်မှာရှိတဲ့ ထန်းတတက္ကသိုလ်က ပရော်ဖက်ဆာ ထုန်ဖုယွမ် ဒီနေရာကို သူ့အတွက်နဲ့ အထူးတလှယ်လာခဲ့တာ။"
သူနူတ်ခမ်းများပိတ်သွားပြီး ဝူရုန်လက်ထဲကိုင်ထားသော နဂါးသွဲ့ကျောက်ရေဗူးလေးအားညွှန်ပြကာ ထိတ်လန့်သောအမူယာဖြင့် " ပရော်ဖက်ဆာထုန် က အဲ့တာကိုသူ့အတွက် အထူးတလှယ်ယူလာပေးခဲ့တာ။ ပြောကြတာက အာ့တာက ကြီးမြတ်တဲ့ဆရာသခင်ဖုရဲ့အမွေနှစ်တဲ့!"
တကယ်တော့အခု ကျိုးရွမ်သည်လည်း စိတ်ရူပ်ထွေးနေသည် သို့သော် ဝူရုန်ဘာမှမသိသည်ကိုတွေ့သောအခါ ဝူရုန်အတွက်ပိုပိုစိုးရိမ်လာလေသည်။ ကျိုးရွှမ်ဘက်မှကြည့်လျှင် ဝူရုန်မှာ အေးစက်သောကိုယ်ရည်ကိုယ်သွးရှိသော်လည်း အလွန်ကြင်နာတက်သေယလူဖြစ်သည်။ သူတွင်သူငယ်ချင်းများများစားစားမရှိ သို့သော်ရှိသူအားလုံးကို နှလုံးသားနှင့်ဆက်ဆံသည်။ ကြည့်ရတာ ဖုချင်းနှင့်သူ၏ဆက်ဆံရေးမှာလွန်စွာကောင်းပုံပေါ်သဖြင့် ကျိုးရွှမ်တွန့်ဆုတ်နေပြီးနောက်မှာတော့ ဝူရုန်ကိုပြောပြရန်ရွေးချယ်လိုက်သည်။
ဖုချင်းသည် သူ၏ပါရမီ နှင့် စစ်မှန်သောခံစားချက်အတိုင်းနေတက်သည့်သူနှင့်တူသော်လည်း အကယ်၍သူသာ လုံဟူတောင်တန်းသို့ပြန်သွားပြီး မိသားစုအလုပ်အကိုင်ကိုဆက်ခံခဲ့မည်ဆိုလျှင် သူနှင့်ဝူရုန်ကြားမှာ အဆင့်တန့်မှာရုတ်ချည်း ကွာခြားသွားပေလိမ့်မည်။ ကောင်းကင်နှင့်မြေကြီးလောက်ကွာခြားသည်ဟုပြောလျှင်ပင် မလွန်။ လူမှုဘဝကြီးသည် လွန်စွာမှလက်တွေ့ဆန်ကာ သန့်စင်သောသူငယ်ချင်းဆက်ဆံရေးပင်လျှင် ကြီးမားကွာခြားလှသည့်အဆင့်တန်းကြောင်းလျင်မြန်စွာ နိမ့်ကျသွားနိုင်သည်။
အနာဂါတ်တွင် အကယ်၍ဖုချင်းမှတာဝန်ကို ယူလျှင်တောင် သူသည် S အဆင့်တာဝန်ကိုသာယူမှာဖြစ်ပြီး သူဝင်ရောက်မည့်စစ်ဆင်ရေးသည်လည်း တချို့သောထင်းကန်ကြီးများဖြစ်ပေလိမ့်မည်။ သို့သော်လည်း သာမန်တစ္ဆေပျိုးထောင်သူဝူရုန်လိုလူမျိုးအတွက်ကတော့ ထင်းကန်သေးလေးများပင်ဝင်ရောက်နိုင်ရန် အခွင့်အနည်းငယ်သာရှိသည်။ အာ့လိုမှမဟုတ်ရင် အဆင့်တန်းတူတဲ့သူတွေကပဲ သူငယ်ချင်းနဲ့ လက်တွဲဖော်ဖြစ်လာနိုင်ချေပိုများတယ် လို့ ဘာလို့ အမြဲပြောနေမှာလဲ? ဒီမေးခွန်းရောက်လာတဲ့အချိန်ကြရင် သူတို့အရင်ကပြုမူနေသလို မျိုး အဆင်ပြေတော့မှာမဟုတ်ပေ။
ကျိုးရွှမ်သည် ဘယ်လိုပဲဖြစ်ဖြစ်ဝူရုန်သာစောစောသိထားလျှင် နာကျင်လိမ့်မည်မဟုတ်ဟုခံစားနေရသည်။ သူအများကြီး အရိတ်အမြွတ်ပေးပြီးဖြစ်သည် အထူးသဖြင့် ဝူရုန်လက်တွင်သာမန်ကာလျှံကာကိုင်ထားသည့်နဂါးသွဲ့ကျောက်ရေဗူးကိုအလေးပေးထားသည်။
အာ့တာကြိးမြတ်တဲ့ဆရာသခင်ဖုရဲ့အမွေအနှစ်! မိသားစုရတနာအနေနဲ့ ချဲ့ကားဟန်လုပ်စရာမဟုတ်ပေမယ့် ဖုမျိုးဆက်ရတနာအဖြစ်မြတ်နိုးတန်ဖိုးထားရမည်သာ။
ပြီးတော့ တကမ္ဘာလုံးမှာကျော်ကြားတဲ့ပရော်ဖက်ဆာဖုကိုယ်တိုင်ဒီနေရာကို အထူးတလှယ်လာရောက်ပြီး ဖုချင်းဆီကိုလေး လေးနက်နက်နဲ့လက်လွဲပေးကတည်းက ဖုချင်းရဲ့အဆင့်တန်းဘယ်လောက်မြင့်နေလဲဆိုတာပြသာတာပင်။ ကျိုးရွှမ်ထိုအကြောင်းအားတွေးပင်မတွေးရဲ! ဝူရုန်ထိုအကြောင်းကိုကြားပြီးသည့်တိုင် ဘယ်လိုများတည်ငြိမ်နိုင်သေးသည်ကိုသူနားမလည်နိုင်။ သူအရမ်းထိတ်လန့်သွားလို့များ သူ့မျက်နှာ အမူယာမရှိသည့်ပုံစံအတိုင်းဖြစ်နေတာများလား?
ဝူရုန်၏မပြောင်းမလဲ မျက်နှာသေကိုကြည့်ရင်း ကျိုးရွှမ်သူ့ခေါင်းအား စိုးရိမ်တကြီးကုပ်လိုက်ပြီး စကားလုံးတချို့ဖြင့်သူကိုနိုးဆော်ချင်သော်လည်း ဆရာသခင်ကူချန်နှင့် ဖုချင်းမှာပြန်လာပြီဖြစ်သည်။
"အော်မိသောဖော"
ဆရာသခင်ကူချန်၏သွင်ပြင်မှာ အလွန်ဂုဏ်သိက္ခာရှိကာ လေးနက်နေပြီး သူ့လက်ဖဝါးကိုရင်ဘက်ထက်တွင် ယှက်ကာ လက်ဆယ်ဖြာထိစပ်နေလျက် နှချောင်းထိနှင့်လက်ချောင်းဆယ်စုံ အပြိုင်ရှိနေကာ ဝူရုန်အား တည်ကြည့်လေးနက်စွာ အလေးမြတ်ပြုလာသည်။ ဝူရုန်ရှောင်တိမ်းချိန်မရ ထိုအရာကိုလက်ခံလိုက်ရုံသာတက်နိုင်သည်။
"ဒီအတွက်စိတ်မပူပါနဲ့ ဒကာတော် မင်းအတွက်ထိုက်ထန်ပါတယ်။ ကမ္ဘာပေါ်ကို ပညာရှိ Vajra ကောင်လေးကို ပြန်သယ်လာပေးနိုင်ခဲ့ပေးတဲ့ မင်းအတွက်တော့ ကြီးမြတ်တဲ့ကုသိုလ်တရားပါပဲ"
ဝူရုန်ပင်ကိုယ်သိစိတ်အရဆရာသခင်မှာ သူပြန်ယူလာခဲ့သည့်ကလေးအရိုးခြောက်နှင့်တစုံတရာလုပ်ရန်ရှိနေပုံပေါ်သည် မျှော်လင့်ထားသလိုပင် ဆရာသခင်ကူချန်ကသူကိုထိုအကြောင်းပြောလာသည်။
" ပညာရှိကောင်လေးက ဘဝကံကြမ္မာအမျိုးစားတစ်ခုပဲ။ *ကျန် ကလေးလို့လဲသိကြသည် (*လူမှဖြစ်တည်လာသည့်အရာမဟုတ်။ သဘာဝအလျောက် နဂိုမူလအစကိုရည်ညွှန်းသည်)'Vajra'ဆိုတာ တိဘက်ဘာသာအရ '*Dorje'လိုဆိုလိုတယ် (*မိုးကြိုးသွား နှင့်စိန် ဟု တိဘက်ဘာသာတွင်ဖွင့်ဆိုသည်) ပြီးတော့ ပညာရှိVijraကောင်လေးတစ်ယောက်တည်းကသာ ပြန်ဝင်စားလာတဲ့သက်ရှိဗုဒ္ဓSima Gyatsoနားမှာ ခစားခဲ့တာ။ စိတ်ဝိဉာဉ်ပြန်လည်ဖြစ်တည်မှုဖြစ်ပွားလာတဲ့အချိန်မှာ သူဟာ Sima Gyatso နှင့်အတူ တိဘက် တောင်တန်းတွေကနေ လုံဟူတောင်တန်းတလျှောက် လိုက်ပါလာခဲ့ပြီး ကမ္ဘာတဝှမ်းမှသူရဲကောင်းကိုးဦးစုစည်းပြီးနောက်Sima Gyatsoနှင့်အတူ ထင်းကန်ချိတ်ပိတ်ဖို့ လိုက်ပါခဲ့တယ်"
3950words
9:40Pm,Mon,Sep 11,2023.
|| Zawgyi ||
"အရသာရှိတယ်"
"အာ့တာမင်းအတွက်"
"ဂရုစိုက်__!"
"Kaka!"
"အာ့ထဲဘာပါတာလဲ?"
အံ့ဩစရာမရှိတော့ဘူး။
"ဘာမှမဖြစ်ဘူး"
"အော်မိသောဖော"
3950words
9:40Pm,Mon,Sep 11,2023.