ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...

Por Sheilayoon

69.3K 10.4K 241

Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... Mais

Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.17- Zhong Gu
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20-Woof Woof Woof!
Ch.20.1-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21-Woof Woof Woof ?
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.26.1-Meow,Meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32-Hiss,hiss hiss,hiss hiss?
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.36.1-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.42.1-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.45.1-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52-Tick tack tick tack
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
Ch.58.1-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch 62 - Jiūjiūjiū, Jiūjiūjiū jiū
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 79- Woof woof woooof?
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?

Ch.46.1-Woof,woof,woof!

250 56 3
Por Sheilayoon

|| Unicode||

    ထိုအရာမှာလက်သီးဆုပ်အရွယ် အပြုမျက်လုံးနှင့်မြေခွေးရုပ်ဖြစ်သည်။ မည်သူကထွင်းထုခဲ့သည်မသိ။ ရှည်လျားကျဉ်မြောင်းသော မြေခွေးမျက်လုံးတစ်စုံမှာ မြေခွေးမျက်နှာတွင်အများဆူံနေရာယူနေသည်။ ၎င်းသည် တဝက်သာပြုံးနေ၍ သူ၏ ထိုပြာလဲ့လဲအလင်းလို အစိမ်းရောင်မျက်လုံးများသည် သွားရည်တမြားမြားအတိတ်နိမိတ်မကောင်း သည့်ပုံပေါ်စေသည်။ ဝူရုန်အား အကောက်ကြံလိုသောစိတ်ဆန္ဒများဖြင့်ကြည့်နေကာ ရုပ်ထုတစ်ခုလုံး အနက်ရောင်မြူထဲနစ်မြုပ်နေသည်။

    "Hee hee hee hee hee hee_"

    ရှည်လျားလှသောရယ်သံမှမည်သည့်နေရာဆီကလာသည်မသိ ထွက်ပေါ်လာပြီး အလွန်ပေါ့ပါးနူးညံ့ကာ ဖော်မပြနိုင်သည့်ဆွဲဆောင်မှုမျိုးရှိနေ၍နားထောင်ရုံမျှဖြင့် လူများ၏စိတ်ဝိဉာဉ်ကိုအဝေးသို့ဆွဲယူနိုင်လေသည်။ရုတ်တရက်ပြောင်းလဲမူနှင့်ကြုံရသဖြက့် ဝူရုန်မက်တပ်ရပ်လိုက်၍ မြွေစိမ်းလေးသည်လည်း တူအရွယ်စားခန့်ပြန်သေးသွားပြီးသူ့ပုခုံးပေါ်တွင်ပျင်းရိစွာပြန်လာနေသည်။ အဖွားဝူ၏ကျေးဇူးဖြင့် ၎င်းမှာ ဝူ မိသားစုရဲ့သွေးမှမွေးဖွားလာရသည်။ အကယ်၍၎င်းသာ ပင့်ကူလေးဖြစ်နေပါက အနက်ရောင်မြူ၏ဝါးမြိုခြင်းခံရမည်သာ။

    "Hee hee hee hee hee, hahahahaha___"

    မိန်းမဆန်ဆန်ညှို့ယူနိုင်သောရယ်သံမှာပို၍ကျယ်သထက် ကျယ်လာနေပြီး လူများကိုရီဝေစေကာ အာခေါင်ခြောက်စေသည်။ ဝူရုန်သူ့နှလုံး ရင်ဘက်ထဲမှခုန်ထွက်တော့မလားခံစားနေရသည်။ နောက်တခဏတွင်ကောင်ကင်ပေါ်မှမြူနက်များပျောက်ကွယ်သွားကာ လျှို့ဟူ၏ဝိဉာဉ်များလဲလေထဲတွင်ပျောက်သွားသည်။ သူကိုယ်တဝှိုက်တွင်သန္ဓေပြောင်းဖြစ်ပေါ်လာသောခွေးမွှေးများလည်းပျောက်ကုန်ကာ သူ၏မူလပုံ သာမန်ဝိဉာဉ်နှင့်တူသော်လည်း သူ၏စိတ်ခံစားချက်မှာ တဖြည်းဖြည်း တည်ငြိမ်စွာပြောင်းလဲနေလေသည်။

    သူသည်ပိုနူးညံ့သောပုံစံနှင့်ပိုဆွဲဆောင်မှုရှိလာပြီး ပြုံးနေသောမျက်လုံးများက မင်းကိုသိမ်းသွင်းသွားနိုင်ကာ အလိုလိုပင်ညှို့ယူနိုင်နေသည်။ဤအသုံးနှုန်းမျိုးအားကြမ်းတမ်းသည့်လျှို့ဟူကဲ့သို့ ကင်း‌‌ကောင်ဘာဘီ လိုလူဆီသုံးရသည်မှာမသင့်တော်ဟုထင်ရသော်လည်း အမှန်တကယ်ကို ဆန့်ကျင်ဖီလာမှုရှိမနေပေ။

    ဟူရှင်းအစကတွေးထားသည်မှာ ယင်ချီဝဲဂယက်မှ ‌စည်းအဆောင်ကိုပယ်ဖျတ်ပြီးနောက်၌ သူလုံးဝလွတ်မြောက်ဟုထင်သော်လည်း ဘယ်သူကသိမှာလဲ ငတုံးလျှို့ဟူက ဒီနေရာမှာ သွေးအနှစ်ကိုဘယ်လိုရသွားသလဲဆိုတာ။ သူသည်ထင်းကန်လေးများ၏အသိတရားအားဂရုမစိုက်သော်လည်း နှစ်များစွာဖိနိုပ်ခံရပြီးနောက်မှာတော့ ဟူရှင်း၏စွမ်းရည်များသည် ဆယ်ပုံတစ်ပုံခန့်သာကျန်တော့သည်။ သူကျော်ကြားမှုကိုဂရုစိုက်ရန်မပြောနှင့် သွေးအနှစ်ကိုဖြေရှင်းခြင်းကပင်သူ့အားလောက်ကျွမ်းသွားစေသည်။

   နောက်ဆုံး လျှို့ဟူ၏တည်ရှိမှု‌အား ခံစားမိပြီးနောက် မူလက လျှို့ဟူ၏ရုပ်ဆိုးချဉ်စုပ်သောအသွေအသားကိုမကြိုက်သည် ဟူရှင်းမှာ အဖြေပေးရန်မစောင့်နိုင်တော့ပဲ စစ်ပွဲတွင်းမှထွက်လာခဲ့သည်။ မငြိမ်မသက်ဖြစ်နေသောလျှို့ဟူအကြောင်းမေ့လိုက်တော့။ သူ၏ကိုယ်ထည်မှာ အထောက်အထားတစ်ခုအဖြစ်သတ်မှတ်လို့ရ၍ လူသားကမ္ဘာသို့ဝင်ရောက်နိုင်သည့် တစ်ခုတည်းသောအဆင်ပြေသည့်နည်းလမ်းဖြစ်သည်။ ဟူရှင်းထိုသို့တွေး‌၍သူ့ကိုယ်သူ နှစ်သိမ့်လိုက်သော်လည်း သူထွက်လာသောအခါ အံ့ဩကြောင်အသွားသည်။

   လျှို့ဟူကိုယ်ကဘာဖြစ်နေတာလဲ?

    ဘယ်လိုဖြစ်ပြီး ထပ်ခြမ်းခွဲခံရတာလဲ? !

    သူဝိဉာဉ်ထွက်ရုံနဲ့ ဒီအမိူက်ကို ဘယ်လိုသုံးရပါ့မလဲ!

     အလွန်စိတ်တိုလွယ်သည့် ဟူရှင်းတစ်ယောက်နှာမူတ်လိုက်ပြီး အောက်တွင်ရပ်နေသောအမျိုးသား နက်မှောင်ကာ စိတ်ဆိုးနေသောမျက်လုံးများဖြင့်စိုက်ကြည့်လိုက်သည်။ ဟူရှင်းနောက်ဆုံးတွင်တော့ သူ့ရည်ရွယ်ချက်သာသူသိသည်သူရဲဘောကြောင်သည်အမိူက်လိုလျှို့ဟူမှသူ့ကိုခေါ်ထုတ်ရဲ့သည်သတ္တိရှိလာရသည့်အကြောင်းနားလည်သွားသည်။ သူသည်သေခြင်းတရားဆီသို့တွန်း‌ပို့ခံလိုက်ရပုံပဲ။ ဟူရှင်းသည်လျှို့ဟူ၏လက်စားချေခြင်းတွင်စိတ်ဝင်စားမှုမရှိ သို့သော် ထိုအမိူက်မှာ သူအရှေ့တွင်ရှိနေသေးရာ သူပထမဆုံးထိုငတုံးအား တစစီဆုတ်ဖြဲပစ်ရမည်။

    အခု ထိုလူကလျှို့ဟူကိုယ်ထည်ကိုဖျတ်ဆီးစေပြီး သူအစီစဉ်ကပျက်စီးစေခြင်းမှာ ဟူရှင်း၏ဒေါသနှင့် မကျေနပ်ရသည့်အချက်ဖြစ်သည်။

    ပုံမှန်လိုပင်သူ့ကိုသတ်ပစ်၍ သွေးအနှစ်များမတုန့်ပြန်လာမီ ဖြစ်နိုင်သမျှမြန်မြန်ဤနေရာမှထွက်ခွာရပေမည်။

    ဟူရှင်းပုံမှန်လိုပင်သူ့လက်ကိုမြှောက်၍ ပုရွတ်ဆိတ်တကောက်ကိုဖိသတ်သကဲ့သို့ထိုသူအားသတ်လို၍ သူလက်ဖဝါးကိုမချမီ သာမန်ကာလျှံကာကြည့်လိုက်သည်။

    အကြည်တစ်ချက်နှင့်ပင် ဟူရှင်း၏မျက်လုံးများမရွေ့နိုင်တော့သူ့မျက်လုံးများ ဖြောင့်တန်းသွားကာ အသံသည်လည်း ခက်ထန်နေရာမှနူးညံ့သွားသည်။

    "ဟီး ဟီး အံ့ဩစရာကောင်းတဲ့သူပဲ ဘာလိုများဒီ ကိုယ်ထည်ကိုထက်ခြမ်းခွဲပြီးငါကို အိမ်ရာမဲ့ဖြစ်စေလိုက်တာလဲ?"

    ဟူရှင်းမှာ ဤကဲ့သို့ကြည့်ကောင်းလှသည့်လူမျိုးတခါမျှမမြင်ဖူးခဲ့။

   သူမျက်လုံးထဲရှိ အလှလေး(ဝူရုန်)သည် သာမန်လူများနှင့်ကွဲခြားသည်။ သူ၏အသွင်‌ပြင်ကြောင့်သာမဟုတ် မြေခွေးစိတ်ဝိဉာဉ်၏ အဓိကကျသောအလိုလိုသိစိတ်ကြောင့်လည်းပါသည်။ မြေခွေးဝိဉာဉ်၏မျက်လုံးထဲတွင် ဝူရုန်သည် ခေါင်းမှခြေဖျားထိ အလွန်လှပနေကာ သူ၏အမွှေးတစ်ပင်ချင်းစီကပင်လွန်စွာမှဆွဲဆောင်နိုင်လွန်းသည်။ ထိုဆွဲဆောင်နေမှုမှာ သူ၏ကိုယ်နှင့်ဝိဉာဉ်တို့၏နက်ရှိုင်းသောနေရာထဲမှလာနေပြီး ထိုခံစားချက်သည် လွန်‌ခဲ့ သောဆယ်စုနှစ်အကြာက လူဝင်စားလာသော ငယ်ရွယ်သည့်ဘုန်းကြီးလေးဟူရှင်းမှ သန်စင်သောယန်ခန္ဓာကိုယ်ရှိသည့် တာအိုဘုန်းကြီးလေးနှင့်ဆုံတွေ့စဉ်ကခံစားမှုမျိုးကဲ့သို့ပင်။

    အကယ်၍မင်းသာ သူတို့နှင့် ရုပ်ပိုင်းဆိုင်ရာတူနှစ်ကိုယ်ယှဉ်တွဲကျင့်ကြံဆိုပါကာ တစ်ကြိမ်မျှပြုလုပ်ရုံဖြင့် တစ္ဆေထောင်ချီကိုဝါးမြိုသည်ထက်များစွာသာလွန်သည်။

    သနားစရာကောင်းသည်မှာ ဘုန်းကြိးလေးမှာငယ်လွန်း၍ တာအို ဘုန်းကြီးမှာ အလွန်ရက်စက်လွန်းသည်။ ဟူရှင်းမှာသူတို့အား အရသာမခံလိုက်ရမီ ချိတ်ပိတ်ခံရလိုက်သည်။ ဆယ်စုနှစ်အနည်းငယ်ဖြတ်ကျော်ပြိးနောက် တချိန်လုံးဟူရှင်းသူကိုယ်သူပြန်သုံးသပ်နေခဲ့ကာ သူနောင်တအရဆုံးအချက်မှာ သန့်စင်သော ယန်ခန္ဓာကိုမမြည်းစမ်းရခြင်းဖြစ်သည် အာ့လိုမှမဟုတ်လျှင် သူစွမ်းအားများ သာ ထိုအချိန်ကအလွန်တိုးတက်နေလျှင် Sima Gyatsoကိုဘာလို့ကြောက်နေရမှာလဲ!

    သန်စင်သော ယင်ခန္ဓာကိုယ်မှာ ယန်ခန္ဓာထက်ပိုရှားပါးကာ ယင်ခန္ဓာကိုမဆိုနှင့်ဦး ၎င်းမှာ အသက်ရှိနေသေး၍ တစ္ဆေတစ်ကောင်အဖြစ်သို့မပြောင်းသွားသေးပေ။ မြေခွေးအမသည် သန်စင်သောယန်ခန္ဓာကိုယ်ကိုကြိုက်၍ ဟူရှင်းလို ရှားပါးလှသည့်မြေခွေးအထီးမှာ ယင်ခန္ဓာကိုယ်ကိုပို၍သဘောကျသည်။ ဟူရှင်းမှာ ဝူရုန်ကိုသတ်ပစ်ရန်တွန့်ဆုတ်နေပြီး လျှို့ဟူမှာအသုံးမကျလွန်းကာ သူအား သူခန္ဓာကိုယ်သေဆုံးပြီးမှဆင့်ခေါ်ခဲ့ခြင်းအတွက် မုန်းပင်မုန်းနေမိသည်။

    အကယ်၍လျှို့ဟူတွင်ခန္ဓာကိုယ်ရှိနေသေးလျှင် ဟူရှင်မှာ အခုဝူရုန်နှင့် ပေါင်းစပ်နေ‌လောက်မည်။ အာလိုလုပ်ပြီးလျှင်တော့ သူခွန်အား ၇၀-၈၀ရာခိုင်နူန်းလောက် ပြန်ရနိုင်လောက်မည်။ သွေးအနှစ်အားသတ်ကမည့်အချိန်ရောက်လာလျှင် ဤနေရာကနေထွက်ရန်မလွယ်လောက်ဘူးလား?

    ဒါပေမယ့် ခန္ဓာကိုယ်မရှိပဲ မလုပ်နိုင်ဘူးဟုမဆိုလိုပေ။

    လျှို့ဟုအသိတရားမှာ လုံးဝမပျောက်ကွယ်သေးပေ။ ဟူရှင်းဘာလုပ်ချင်နေသည်ကိုခံစားမိသောအခါ သူ၏သုံးဖက်အမြင်မှာပြိုလဲသွားရသည်။ သူဝိဉာဉ်တစ်ခုလုံးအခုသေလုနီးပါးဖြစ်သွားကာ သူရူးသွပ်စွာအော်ဟစ်မြည်တမ်းလိုက်သည် :

    'ဝူရုန်ကိုသတ်ပစ်! ငါမင်းကိုဒီကိုခေါ်လိုက်တာဝူရုန်ကိုသတ်ဖို့ပဲ!'

    လျှို့ဟူဟအားနည်းလှသောတည်ရှိမှုကို ဟူရှင်းမှအလွယ်တကူပင်ဖိနိုပ်နိုင်သည်။ ဟူရှင်းပြုံးလိုက်ပြီး ဝူရုန်ရှေ့ခြေချလိုက်ကာ သူ၏လူပ်ရှားမှုတိုင်းမှာ ပြောမပြနိုင်အောင်ညှို့ယူနိုင်၍ အထူးသဖြင့် လျှို့ဟူကဲ့သို့ ဝိဉာဉ်ကိုသုံးနေချိန်၌ ပို၍ ရွှန်းလဲ့တောက်ပသောပုံရိပ်ထင်ဟပ်နေစေသည် ဆိုလိုသည်က အပေါ်ယံမဟုတ်သည့် အရိုးထဲမှလှနေခြင်းဖြစ်သည်။

    " ဒီအံ့ဩစရာကောင်းတဲ့သူရဲ့ နာမည်က ဝူရုန်မလား? ဘယ်လိုတောင်ကောင်းတဲ့အမည်လဲ"

    ဟူရှင်းပေါ့ပါးစွာပြုံး၍သစ်ခွပန်းအနံ့မျိုးမူတ်ထုတ်လာသည်။ မြေခွေး၏ဝင်သက်ထွက်သက်မှာ လူတို့၏စိတ်ကို လွယ်ကူစွာဆွဲဆောင်နိုင်သဖြင့် သူ့အတွက် အလွန်လွယ်ကူသောအလုပ်ဖြစ်သည်။ ဟူရှင်းသည် သူအားစုန်ချည်ဆန်ချည်ကြည့်ကာလေ့လာဖြစ်နောက်တချက်ကြည့်ရုံမျှဖြင့် ဝူရုန်သည်ကလေးလေးဖြစ်နေသေးကြောင်းပြောနိုင်၍ သူ၏လျစ်လျူရူတက်၍ လူငယ်ဆန်သောအပြုမှုကလူတွေကို သူအားပို၍ပင်စွန်းထင်အောင်ပြုလုပ်စေလိုလှကာ သူ၏တည်ငြိမ်မှုပျောက်ဆုံးကာ ထိတ်လန့်နေခြင်းနှင့် ဖော်မပြနိုင်လူပ်ရှားမှုအားလုံးကိုထုတ်ပြလာသည်ကိုမြင်လိုလှသည်။ သန့်စင်သောယင်ခန္ဓာကိုယ်၏ ယွမ်ယန်အကြောင်းတွေးမိသောအခါ ဟူရှင်းကူကယ်ရာမရ ‌အာခေါင်ခြောက်လာသည်။ သူသည် ထိုအရာကိုပထမဆုံးစလုပ်မည့်ကလေးတစ်ယောက်လို အလွန်စိတ်လူပ်ရှားနေသည်။

    ဝူရုန်သည်သူ့အားအေးစက်စွာကြည့်နေရုံဖြင့် ဟူရှင်းစိတ်လူပ်ရှားလာသည်! (လျှို့ဟူမှာကျိန်းသေပေါက် နောင်တရနေကာ : နှာ‌ဗူး!)

    "အာရုန် မင်းကငါ့ခန္ဓာကိုယ်ဖျတ်ဆီးလိုက်တယ် ပြန်အလျော်ပေးရမယ်လေ"

    မြေခွေးအသက်ရူထုတ်လိုက်သော်ငြားဝူရုန်မျက်လုံးများမှာကြည်လင်နေစဲ။အခု စားပွဲကြီးအား သုံးဆောင်ရန်စိတ်အားထက်သန်နေသည့်ဟူရှင်းပင် မြေခွေးတစ်ကောင်၏ဉာဏ်နီဉာဏ်နက်နှင့်မသင်္ကာမှုများ  မပျောက်ဆုံးသေး ဝူရုန်ဘာကြောင့်သူထိန်းချုပ်မှုအောက်ရောက်မလာလဲဆိုသည်ကို စူးစမ်းနေသည်။ ဟူရှင်းသည် ဝူရုန်ပုခုံးပေါ်ရှိအစိမ်းရောင်မြွေဝိဉာဉ်ကိုသတိထားမိသည်မှာကြာပြီးဖြစ်ကာ ထိုအချိန်၌ ၎င်းမှာ ကြောက်လန့်နေသကဲ့သို့ပုခုံးပေါ်တုန်ယင်နေခဲ့သည်။ ထိုကဲ့သို့စိတ်ဝိဉာဉ်သတ္တဝါမျိုးသည်မသေမျိုးမြေခွေးတစ်ကောင်ကိုကြောက်သင့်သော်လည်း ၎င်းသည် သူ၏သခင်ကိုပင်မကာကွယ်နိုင်သည့်အတွက်အလွန်ကြောက်ရွံမနေသင့်ပေ။

    မသင်္ကာဖြစ်နေရင်း အပေါ်ယံတွင် ဟူရှင်းသည် ဆက်လက်ဆွဲဆောင်နေကာ ဝူရုန်အနားသို့ဖြည်းညှင်းစွာတိုးကပ်လာပြီး တီးတိုးသွေးဆောင်လေသည် :

    " မင်း …ပျော်ရွှင်မှုကို မြည်းစမ်းချင်လား?"

    သူပြောလို့မပြီးသေခင် ဝူရုန်နောက်မှာလက်တစ်ချောင်းထွက်လာကာ ဟူရှင်းအားလည်ပင်းမှဆွဲယူ၍ မြှောက်တင်လိုက်သည်။

    ဟူရှင်း : ! ! !

    အချိန်အတော်ကြာသတိထားနေသောဟူရှင်းမှာချက်ချင်းပင် အနက်ရောက်မြူအဖြစ်လှိမ့်ထွက်သွားပြီး ဝူရုန်အားတိုက်ခိုက်လေသည်။ ဤကဲ့သို့သန့်စင်သောယင်ခန္ဓာက အခုချိန်ထိ ဒဏ်ရာအနာတရမရှိရောဂါမရှိပဲ ရှင်သန်နေပြီး ၎င်းအားတစုံတယောက်မှလျှို့ဝှက်ကာကွယ်ပေးနေသည်ကို အစတည်းကသိသင့်သည်! ဟူရှင်း၏ပိရိယယ်နှင့် အညှာတာမဲ့တိုက်ခိုက်မှုမှာ ဝူရုန်နှလုံးဆီသို့တိုက်ရိုက်သွားလိုက်ပြီး သူသည် ဝူရုန်၏လုံခြုံမှုကိုအသုံးချ၍ သူကိုပြန်တွန်းအားပေးချင်သည်! သို့သော်နောက်တခန ဟူရှင်းဝူရုန်အားမထိရသေးခင် လျှို့ဟူ၏ဝိဉာဉ်မှာ ထိုလက်၏ချေမွခြင်းကိုခံလိုက်ရသည်။

    နားမချမ်းသာဖွယ်နာကျင်လွန်းလှသော အော်သံကောင်းကင်ယံပဲ့တင်သွားပြီး နဂိုကပင်အားနည်းလွန်းလှသောလျှို့ဟူ၏ဝိဉာဉ်မှာ ဆယ်မီတာအကွာ၌ပေါ်လာခဲ့သည်။ ထိုအခိုက်တွင် လျှို့ဟူမျက်နှာမှာ တည်ငြိမ်မှုမရှိတော့ သူအရှိန်အဟုန်မှာ ရန်သူကြိးနှင့်ရင်ဆိုင်နေရသကဲ့သို့လိူင်းထန်နေ၍ သူမျက်နှာသည် မြေခွေးမျက်နှာကဲ့သို့ရှည်လျားချွန်မြလာကာ ကြောက်ရွံမှုနှင့်ဒေါသတရားတို့ပေါင်းစပ်နေသည့် ထိတ်ပျာနေသည့်အရိပ်အယောင်များရှိနေသည်။

    ဝူရုန်ရှေ့မှအနီရောင်နောက်ကျောသည် ဝါးပင်ကဲ့သို့ရှည်လျားဖြောင့်တန်းနေပြီး ချောက်နက်ကြီးလိုစွမ်းအားပြည့်နေကာ ပိုးဖဲကတ္တီပါကဲ့သို့ဆံနွယ်နက်များကခါးအထိဖြာကျနေသည်။ ဝူရုန်လျှို့ဟူ၏သွင်ပြင်ကိုမမြင်ရသကဲ့သို့ တစ္ဆေကြီးဘာလုပ်နေသည်ကိုလည်းမမြင်ရ။ တစ္ဆေကြိးမှာ ထိုပုံစံအတိုင်းသူရှေ့တွင်ရပ်နေသော်လည်း ဟူရှင်း၏အသံမှာ ပိုပို၍ စိတ်မချမ်းမြေ့ဖွယ်ဖြစ်လာပြီစူးရှလာကာ သူ၏ထိတ်လန့်နေမှုများပင် ဖုံးကွယ်မထားနိုင်တော့ပဲ အမည်အတွဲလိုက်အား ‌အော်ဟစ်လာသည်။

    "အရိုးပေါင်းတစ်သောင်း? သွေးစွန်းနတ်ဆိုး? မင်အုတ်ဂူရဲ့တစ္ဆေဘုရင်? Dharma Rakshasa?!"

   ဝူရုန်သည်လည်း တစ္ဆေကြီးမည်သူဆိုသည်ကိုသိချင်သည်။ သို့သော်ထိုနောက်မှာတော့ဟူရှင်းစကားပြောတာရပ်သွားသည်။ သူကြည့်ရတာ တိုက်ခိုက်သည့်အပေါ်အာရုံစိုက်ထားပုံပေါ်ကာ အုန်းအုန်းမြည်သံများမှာအဆုံးမရှိ တစ္ဆေများနှင့် ဝံပုလွေများ၏ဟိန်းဟောက်သံများကနားကွဲမတက် သို့သော် တစ္ဆေကြီးမှာ မုန်တိုင်းတိုက်နေစေကာမူ တောင်တစ်လုံးကဲ့သို့မားမားမက်မက်ရပ်နေစဲ။

    ဝူရုန်သည် တစ္ဆေကြီးနောက်မှနေ၍ တိုက်ပွဲတွင်းဖြစ်ပျက်နေသည်များကိုကြိမ်ဖန်များစွာချောင်းကြည့်ချင်သော်လည်း တစ္ဆေကြီး၏အနီရောင်ဝတ်စုံဖြင့်အမြဲတမ်းပိတ်ခံထားရကာ ဘာမှမမြင်ရ။ အလွန်ပြင်းထန်သည့် ဖိနိုပ်လိုမှု ထိတ်လန့်ဖွယ်အရှိန်အဝါ၊ သွေးဆာနေသောအာဏာရှင်တစ်ယောက်ကဲ့သိ့ ပြင်းထန်ကာရူးသွပ်လောက်ဖွယ်သတ်ဖြတ်လိုစိတ်ကိုတစ်ခုကိုခံစားမိ၍ ဝူရုန်သာ်၎င်းနှင့်မျက်နှာချင်းမဆိုင်ထားသည့်တိုင် သူဆံပင်မွှေး‌များထောင်နေသည်ဟုခံစားနေရစဲဖြစ်သည်။

    ဟုရှင်း၏ကြီးမားလှသောထကြွသောင်းကျန်းမှုနှင့် ယှဉ်လျှင် တစ္ဆေကြီးမှာ လွန်စွာ တိတ်ဆိတ်လှကာ တခါတရံသူလက်ကိုမြှောက်တက်ပြီး သူ့ဝတ်ရုံလက်မှာ သူ့ဆံပင်များကဲ့သို့လွတ်လပ်စွာလူပ်ရှားနေလေသည်။

    ပြင်းထန်သောတိုက်ပွဲ‌၏‌‌ဟိန်းဟောက်မှုလုံးဝငြိမ်သတ်သွားသည့်အခါ သူနောက်မှနေ၍ ဝူရုန်နောက်ဆုံးတွင်တိုက်ပွဲမြေပြင်ကိုတွေ့ရလေတော့သည်။ တချက်ကြည့်ရုံမျှဖြင့်ဝူရုန်အနည်းငယ်ပင်တံ့သွားသည်။ တစ္ဆေကြီး၏ရှေ့ဘက်ခြေတစ်လှမ်းအကွာမှ နီညိုရောင်မြေကြီးမှာရုတ်တရက် ချောက်ကြီးလိုနိမ့်ကျသွားကာ ဥက္ကာခဲနှင့်တိုက်မိသည့်မြေပြင်ကဲ့သို့ဖြစ်သွားပြီး အနားသတ်မျဉ်ကိုပင်မမြင်နိုင်။ သွေးမြစ်မှာလုံးဝပျောက်ကွယ်သွားပြီး တွင်းအောက်ခြေ၌ သွေးအလွှာပါးလေးတစ်ခုသာကျန်နေတော့သည်။

    ဟူရှင်း၊ သို့ လျှို့ဟူ၏ဝိဉာဉ်သည် သွေးထဲပျံ့ကျဲသွား၍ မူလပြည့်စုံနေသောဝိဉာဉ်မှာတစစီဖျတ်ဆီခံလိုက်ရကာ အလွန်ဝမ်းနည်းသရာပင်။ တွင်းထဲတွင် ပြင်းထန်လှသောတိုက်ပွဲ၏အငွေ့သက်များနက်ရှိုင်းစွာကျန်ရစ်နေသည်။ ဝူရုန်ခြေတလှမ်းတိုးကာ တွင်းအာအနီးကပ်ကြည့်ချင်မိသည်။ သူခြေတလှမ်းမလှမ်ရသေးမီ သူခါးမှဖမ်းဆုပ်ခံလိုက်ပြီး ထပ်ရွေ့မရတော့။ သူနောက်ကျောဘက်တွင် အေ မငြင်းပယ်နိုင်သည့် ဖိနိုပ်မှုမျိုးကိုလှစ်ဟပြနေသော အေးစက်တိတ်ဆိတ်သောအားတစ်ခုရှိနေသည်။

    ဝူရုန်အခုတွင်တစ္ဆေကြီး၏စိတ်အခြေနေမည်သို့ရှိနေမည်ကိုသေချာမသိ ထိုကြောင့်သူရိုးရှင်းစွာလူပ်ရှားနေမှုကိုရပ်လိုက်ပြီး ထိုနေရာမှရပ်နေရင် တွင်းနက်ထဲသို့ငုံကြည့်လိုက်သည်။

    "Ha ha ha ha......"

     အက်ကွဲနေသည့်ရယ်သံတွင်းအောက်မှထွက်ပေါ်လာပြီး ဝူရုန်၏အမူအယာအေးခဲသွားသည်။ သူသည် ခေါင်းတစ်လုံးသာကျန်တော့သည့် စုတ်ပြဲပျက်စီးနေသောမြေခွေးရုပ်မှာ တွင်းအောက်မှ ပျံ့တက်လာနေသည်ကိုတွေ့လိုက်ရပြီး ဟူရှင်း၏အက်ကွဲကာ ကြောက်ရွံဖွယ်အသံထွက်လာသည်။

    "ငါ့နည်းလမ်းတွေကတခြားသူတွေလောက်တော့မကောင်းဘူး၊ ဒီမြေခွေးလေးကခေါင်းငုံထားဖို့ဆန္ဒရှိပါတယ်"

    စုတ်ပြတ်နေသောရုပ်ထုမှာ ဝူရုန်အာအပြာရောင်မျက်လုံးများနှင့်ကြည့်နေသည်။အထူးသဖြင့် သူခါးကိုကိုင်ထားသည့်လက်ကိုဖြစ်ကာ ရုတ်တရက် အသံပြုလိုက်ပြီးနောက် နက်ရှိုင်းစွာပြုံးလိုက်သည် :

   " မင်းကသူ့ကိုယုံတယ် ဒါပေမယ့် သူကငါလိုပဲတွေးနေတာ"

    ထိုနောက်တွင် ရုပ်ထုပြန့်ကျဲသွားပြီး သစ်သားအပျက်စီးအကြွင်းကျန်တို့ကသွေးကန်ထဲပြုတ်ကျသွားသည်။ ဝူရုန်ဟူရှင်းဘာကိုဆိုလိုသည်ကိုပြောနိုင်သော်လည်း သူမျက်နှာအမူယာမပြောင်းလဲ။ သူသည် ဟူရှင်း၏စကားလုံးများက စိတ်ဝမ်းကွဲစေရန်လှုံဆော်သည်ဆိုသည်ကို တွေးကြည့်စရာပင်သိနိုင်သည်။ ဝူရုန်တစ္ဆေကြီးဘာလိုချင်သည်နှင့်ဘာတွေးနေသည်ကိုသိသည်။ သူအနာဂါတ်တွင်သွေးအိတ်ပိုများများပြင်ထားသင့်ကာ လိုအပ်သည့်အခါတိုင်းချက်ချင်းသွေးထွက်သံယိုဖြစ်စရာမလိုအပ်တော့ပေ။

    "Ha ha...."

    အလွန်တရာမှအားနည်းလှသောညည်းသံလျှို့ဟူ၏ပျက်စီးနေသောဝိဉာဉ်မှထွက်လာပြီး ဟူရှင်း၏အသိတရားထွက်သွားသဖြင့် လျှို့ဟူမှာအလိုအလျောက်ပင်နိုးလာသည်။ ပြန်၍အံ့ဝင်ခွင်ကျဖြစ်အောင်လုပ်နေစရာမလို လျှို့ဟူသူသေတော့မည်ကိုသိသည် သို့သော် သူမုန်းသည် သူမုန်းလွန်း၍အံကြိတ်ထားမိသည်။ ဟူရှင်းမသေ၊ သူခန္ဓာကိုယ်မှာကျက်တီးတောင်ကုန်းထဲတွင်ရှိနေသေးသည်။ ဝူရုန်မသေ သူကကောင်းစွာအသက်ရှင်နေသေးသည် ။ သူသာလျှင် လျှို့ဟူသည်သာ သေတော့မည်ဖြစ်ကာ ဘယ်လိုများသူအံ့ဝင်ခွင်ကျဖြစ်အောင်လုပ်နိုင်မည်နည်း?။

    ဘောလုံးတစ်လုံးကဲ့သို့ဝမ်းဗိုက်ကြီးမှာလည်း လူးလွန့်နေပြီး တစုံတရာကဆုတ်ဖြဲနေသကဲ့သို့အသံများထွက်နေကာ ပြန်လည်မွေးဖွားလာသောကြမ်းကြုတ်သည့်ခွေးဝိဉာဉ်မှာသူ့ဝိဉာဉ်ထဲမှတွားထွက်လာသော်လည်း လျှို့ဟူနာကျင်မှုကိုမခံစားရတော့။ သူ၏လှိမ့်ထွက်နေသောမျက်လုံးများက ဘာလုပ်မည်ကိုမသိ ဝူရုန်ဆီသို့ ယိုင်တိယိုင်တိုင်ဖြင့်သွားနေသည့် ကျယ်လောင်စွာဟောင်နေသောအနက်ရောင်တိရိစ္ဆာန်လေးကို စူးစိုက်ကြည့်နေသည်။ မကောင်းသည့်စိတ်များလျှို့ဟူအသိတရားများထဲပေါ်ထွက်လာသည်။ သူတော့မည်ဖြစ်သော်လည်း လျှို့ဟူမှာ ပြန်လည်သင့်မြတ်လိုစိတ်မရှိ။

    ကြမ်းကြုတ်သည့်ခွေးမွေး‌ဖွားလာသည့်အခါ ဆာလောင်မှုအားတောင့်ခံနိုင်ရန်ခက်ခဲလှသည်။ အကယ်၍၎င်း (ခွေးပေါက်)သာဝူရုန်ကိုတိုက်ခိုက်လျှင် သူ(ဝူရုန်)အသတ်ခံရလောက်သည်။လျှို့ဟူအခုခံစားခဲ့ရသည့် နာကျင်မှုနှင့်ညှင်းပန်းမှုများကိုတွေးမိသောအခါ သူ၏မပြည့်စုံတော့သည့်နူတ်ခမ်းထောင့်တွင် ကောက်ကျစ်သည့်အပြုံးထွက်လာသည်။

    ဒီအရိုင်းအစိုင်လေး သူနဲ့ငရဲကိုလိုက်ပြီးအဖော်ပြုရမယ်....။

    အမှောင်ထဲသို့မကျမီနောက်ဆုံးအခိုက်တန့်လေး၌လျှို့ဟူသည် ခွေးနက်လေးဝူရုန်ဆီပြေးသွားသည်ကိုတွေ့လိုက်သည်။ ထိုနောက်မှာတော့....

    ဝူရုန် ၎င်းကိုကောက်ချီလိုက်သည်။

___

    စာရေးသူတွင်ပြောစရာရှိသည်။

    မေးခွန်းများကိုဖြေပါ။

စာပိုဒ်အဆုံးမှအကြောင်းအရာကိုအခြေခံ၍လျှို့ဟူ၏နောက်ဆုံးစိတ်အခြေနေကို‌ဖြေပါ။

    ဟူရှင်း[ ဝူရုန်ဆီသို့ sex and love ကဒ်ကို ခက်ခဲစွာရင်ဖွင့်ပြနေရင်း] : ညှို့ယူနိုက်သည်မြေခွေးလေး၊ တိရိစ္ဆာန်နားရွက်၏ဆွဲဆောင်မှု၊ထိပ်တန်းအရည်သွေးမြေခွေးအထီး၊ 369သွယ်သောနည်းလမ်းတွေ၊ တစ်စုံလုံးအခမဲ့၊၇ရက်၇ညငွေကြေးအခမဲ့။ 🥹

    တစ္ဆေကြီး: အပြာစာပေနှင့် တရားမဝင်ထုတ်ဝေခြင်းများဖယ်ရှားမယ် သေလိုက်တော့။

   
3437words
11:05Pm,Mon,Aug 21,2023.
   

|| Zawgyi ||

    ထိုအရာမွာလက္သီးဆုပ္အရြယ္ အျပဳမ်က္လုံးႏွင့္ေျမေခြး႐ုပ္ျဖစ္သည္။ မည္သူကထြင္းထုခဲ့သည္မသိ။ ရွည္လ်ားက်ဥ္ေျမာင္းေသာ ေျမေခြးမ်က္လုံးတစ္စုံမွာ ေျမေခြးမ်က္ႏွာတြင္အမ်ားဆူံေနရာယူေနသည္။ ၎သည္ တဝက္သာျပဳံးေန၍ သူ၏ ထိုျပာလဲ့လဲအလင္းလို အစိမ္းေရာင္မ်က္လုံးမ်ားသည္ သြားရည္တျမားျမားအတိတ္နိမိတ္မေကာင္း သည့္ပုံေပၚေစသည္။ ဝူ႐ုန္အား အေကာက္ႀကံလိုေသာစိတ္ဆႏၵမ်ားျဖင့္ၾကည့္ေနကာ ႐ုပ္ထုတစ္ခုလုံး အနက္ေရာင္ျမဴထဲနစ္ျမဳပ္ေနသည္။

    "Hee hee hee hee hee hee_"

    ရွည္လ်ားလွေသာရယ္သံမွမည္သည့္ေနရာဆီကလာသည္မသိ ထြက္ေပၚလာၿပီး အလြန္ေပါ့ပါးႏူးညံ့ကာ ေဖာ္မျပနိုင္သည့္ဆြဲေဆာင္မႈမ်ိဳးရွိေန၍နားေထာင္႐ုံမၽွျဖင့္ လူမ်ား၏စိတ္ဝိဉာဥ္ကိုအေဝးသို႔ဆြဲယူနိုင္ေလသည္။႐ုတ္တရက္ေျပာင္းလဲမူႏွင့္ၾကဳံရသျဖက့္ ဝူ႐ုန္မက္တပ္ရပ္လိုက္၍ ေႁမြစိမ္းေလးသည္လည္း တူအရြယ္စားခန႔္ျပန္ေသးသြားၿပီးသူ႔ပုခုံးေပၚတြင္ပ်င္းရိစြာျပန္လာေနသည္။ အဖြားဝူ၏ေက်းဇူးျဖင့္ ၎မွာ ဝူ မိသားစုရဲ့ေသြးမွေမြးဖြားလာရသည္။ အကယ္၍၎သာ ပင့္ကူေလးျဖစ္ေနပါက အနက္ေရာင္ျမဴ၏ဝါးၿမိဳျခင္းခံရမည္သာ။

    "Hee hee hee hee hee, hahahahaha___"

    မိန္းမဆန္ဆန္ညႇို႔ယူနိုင္ေသာရယ္သံမွာပို၍က်ယ္သထက္ က်ယ္လာေနၿပီး လူမ်ားကိုရီေဝေစကာ အာေခါင္ေျခာက္ေစသည္။ ဝူ႐ုန္သူ႔ႏွလုံး ရင္ဘက္ထဲမွခုန္ထြက္ေတာ့မလားခံစားေနရသည္။ ေနာက္တခဏတြင္ေကာင္ကင္ေပၚမွျမဴနက္မ်ားေပ်ာက္ကြယ္သြားကာ လၽွို႔ဟူ၏ဝိဉာဥ္မ်ားလဲေလထဲတြင္ေပ်ာက္သြားသည္။ သူကိုယ္တဝွိုက္တြင္သေႏၶေျပာင္းျဖစ္ေပၚလာေသာေခြးေမႊးမ်ားလည္းေပ်ာက္ကုန္ကာ သူ၏မူလပုံ သာမန္ဝိဉာဥ္ႏွင့္တူေသာ္လည္း သူ၏စိတ္ခံစားခ်က္မွာ တျဖည္းျဖည္း တည္ၿငိမ္စြာေျပာင္းလဲေနေလသည္။

    သူသည္ပိုႏူးညံ့ေသာပုံစံႏွင့္ပိုဆြဲေဆာင္မႈရွိလာၿပီး ျပဳံးေနေသာမ်က္လုံးမ်ားက မင္းကိုသိမ္းသြင္းသြားနိုင္ကာ အလိုလိုပင္ညႇို႔ယူနိုင္ေနသည္။ဤအသုံးႏႈန္းမ်ိဳးအားၾကမ္းတမ္းသည့္လၽွို႔ဟူကဲ့သို႔ ကင္း‌‌ေကာင္ဘာဘီ လိုလူဆီသုံးရသည္မွာမသင့္ေတာ္ဟုထင္ရေသာ္လည္း အမွန္တကယ္ကို ဆန႔္က်င္ဖီလာမႈရွိမေနေပ။

    ဟူရွင္းအစကေတြးထားသည္မွာ ယင္ခ်ီဝဲဂယက္မွ ‌စည္းအေဆာင္ကိုပယ္ဖ်တ္ၿပီးေနာက္၌ သူလုံးဝလြတ္ေျမာက္ဟုထင္ေသာ္လည္း ဘယ္သူကသိမွာလဲ ငတုံးလၽွို႔ဟူက ဒီေနရာမွာ ေသြးအႏွစ္ကိုဘယ္လိုရသြားသလဲဆိုတာ။ သူသည္ထင္းကန္ေလးမ်ား၏အသိတရားအားဂ႐ုမစိုက္ေသာ္လည္း ႏွစ္မ်ားစြာဖိနိုပ္ခံရၿပီးေနာက္မွာေတာ့ ဟူရွင္း၏စြမ္းရည္မ်ားသည္ ဆယ္ပုံတစ္ပုံခန႔္သာက်န္ေတာ့သည္။ သူေက်ာ္ၾကားမႈကိုဂ႐ုစိုက္ရန္မေျပာႏွင့္ ေသြးအႏွစ္ကိုေျဖရွင္းျခင္းကပင္သူ႔အားေလာက္ကၽြမ္းသြားေစသည္။

   ေနာက္ဆုံး လၽွို႔ဟူ၏တည္ရွိမႈ‌အား ခံစားမိၿပီးေနာက္ မူလက လၽွို႔ဟူ၏႐ုပ္ဆိုးခ်ဥ္စုပ္ေသာအေသြအသားကိုမႀကိဳက္သည္ ဟူရွင္းမွာ အေျဖေပးရန္မေစာင့္နိုင္ေတာ့ပဲ စစ္ပြဲတြင္းမွထြက္လာခဲ့သည္။ မၿငိမ္မသက္ျဖစ္ေနေသာလၽွို႔ဟူအေၾကာင္းေမ့လိုက္ေတာ့။ သူ၏ကိုယ္ထည္မွာ အေထာက္အထားတစ္ခုအျဖစ္သတ္မွတ္လို႔ရ၍ လူသားကမၻာသို႔ဝင္ေရာက္နိုင္သည့္ တစ္ခုတည္းေသာအဆင္ေျပသည့္နည္းလမ္းျဖစ္သည္။ ဟူရွင္းထိုသို႔ေတြး‌၍သူ႔ကိုယ္သူ ႏွစ္သိမ့္လိုက္ေသာ္လည္း သူထြက္လာေသာအခါ အံ့ဩေၾကာင္အသြားသည္။

   လၽွို႔ဟူကိုယ္ကဘာျဖစ္ေနတာလဲ?

    ဘယ္လိုျဖစ္ၿပီး ထပ္ျခမ္းခြဲခံရတာလဲ? !

    သူဝိဉာဥ္ထြက္႐ုံနဲ႔ ဒီအမိူက္ကို ဘယ္လိုသုံးရပါ့မလဲ!

     အလြန္စိတ္တိုလြယ္သည့္ ဟူရွင္းတစ္ေယာက္ႏွာမူတ္လိုက္ၿပီး ေအာက္တြင္ရပ္ေနေသာအမ်ိဳးသား နက္ေမွာင္ကာ စိတ္ဆိုးေနေသာမ်က္လုံးမ်ားျဖင့္စိုက္ၾကည့္လိုက္သည္။ ဟူရွင္းေနာက္ဆုံးတြင္ေတာ့ သူ႔ရည္ရြယ္ခ်က္သာသူသိသည္သူရဲေဘာေၾကာင္သည္အမိူက္လိုလၽွို႔ဟူမွသူ႔ကိုေခၚထုတ္ရဲ့သည္သတၱိရွိလာရသည့္အေၾကာင္းနားလည္သြားသည္။ သူသည္ေသျခင္းတရားဆီသို႔တြန္း‌ပို႔ခံလိုက္ရပုံပဲ။ ဟူရွင္းသည္လၽွို႔ဟူ၏လက္စားေခ်ျခင္းတြင္စိတ္ဝင္စားမႈမရွိ သို႔ေသာ္ ထိုအမိူက္မွာ သူအေရွ႕တြင္ရွိေနေသးရာ သူပထမဆုံးထိုငတုံးအား တစစီဆုတ္ျဖဲပစ္ရမည္။

    အခု ထိုလူကလၽွို႔ဟူကိုယ္ထည္ကိုဖ်တ္ဆီးေစၿပီး သူအစီစဥ္ကပ်က္စီးေစျခင္းမွာ ဟူရွင္း၏ေဒါသႏွင့္ မေက်နပ္ရသည့္အခ်က္ျဖစ္သည္။

    ပုံမွန္လိုပင္သူ႔ကိုသတ္ပစ္၍ ေသြးအႏွစ္မ်ားမတုန႔္ျပန္လာမီ ျဖစ္နိုင္သမၽွျမန္ျမန္ဤေနရာမွထြက္ခြာရေပမည္။

    ဟူရွင္းပုံမွန္လိုပင္သူ႔လက္ကိုေျမႇာက္၍ ပုရြတ္ဆိတ္တေကာက္ကိုဖိသတ္သကဲ့သို႔ထိုသူအားသတ္လို၍ သူလက္ဖဝါးကိုမခ်မီ သာမန္ကာလၽွံကာၾကည့္လိုက္သည္။

    အၾကည္တစ္ခ်က္ႏွင့္ပင္ ဟူရွင္း၏မ်က္လုံးမ်ားမေရြ႕နိုင္ေတာ့သူ႔မ်က္လုံးမ်ား ေျဖာင့္တန္းသြားကာ အသံသည္လည္း ခက္ထန္ေနရာမွႏူးညံ့သြားသည္။

    "ဟီး ဟီး အံ့ဩစရာေကာင္းတဲ့သူပဲ ဘာလိုမ်ားဒီ ကိုယ္ထည္ကိုထက္ျခမ္းခြဲၿပီးငါကို အိမ္ရာမဲ့ျဖစ္ေစလိုက္တာလဲ?"

    ဟူရွင္းမွာ ဤကဲ့သို႔ၾကည့္ေကာင္းလွသည့္လူမ်ိဳးတခါမၽွမျမင္ဖူးခဲ့။

   သူမ်က္လုံးထဲရွိ အလွေလး(ဝူ႐ုန္)သည္ သာမန္လူမ်ားႏွင့္ကြဲျခားသည္။ သူ၏အသြင္‌ျပင္ေၾကာင့္သာမဟုတ္ ေျမေခြးစိတ္ဝိဉာဥ္၏ အဓိကက်ေသာအလိုလိုသိစိတ္ေၾကာင့္လည္းပါသည္။ ေျမေခြးဝိဉာဥ္၏မ်က္လုံးထဲတြင္ ဝူ႐ုန္သည္ ေခါင္းမွေျခဖ်ားထိ အလြန္လွပေနကာ သူ၏အေမႊးတစ္ပင္ခ်င္းစီကပင္လြန္စြာမွဆြဲေဆာင္နိုင္လြန္းသည္။ ထိုဆြဲေဆာင္ေနမႈမွာ သူ၏ကိုယ္ႏွင့္ဝိဉာဥ္တို႔၏နက္ရွိုင္းေသာေနရာထဲမွလာေနၿပီး ထိုခံစားခ်က္သည္ လြန္‌ခဲ့ ေသာဆယ္စုႏွစ္အၾကာက လူဝင္စားလာေသာ ငယ္ရြယ္သည့္ဘုန္းႀကီးေလးဟူရွင္းမွ သန္စင္ေသာယန္ခႏၶာကိုယ္ရွိသည့္ တာအိုဘုန္းႀကီးေလးႏွင့္ဆုံေတြ႕စဥ္ကခံစားမႈမ်ိဳးကဲ့သို႔ပင္။

    အကယ္၍မင္းသာ သူတို႔ႏွင့္ ႐ုပ္ပိုင္းဆိုင္ရာတူႏွစ္ကိုယ္ယွဥ္တြဲက်င့္ႀကံဆိုပါကာ တစ္ႀကိမ္မၽွျပဳလုပ္႐ုံျဖင့္ တေစၧေထာင္ခ်ီကိုဝါးၿမိဳသည္ထက္မ်ားစြာသာလြန္သည္။

    သနားစရာေကာင္းသည္မွာ ဘုန္းႀကိးေလးမွာငယ္လြန္း၍ တာအို ဘုန္းႀကီးမွာ အလြန္ရက္စက္လြန္းသည္။ ဟူရွင္းမွာသူတို႔အား အရသာမခံလိုက္ရမီ ခ်ိတ္ပိတ္ခံရလိုက္သည္။ ဆယ္စုႏွစ္အနည္းငယ္ျဖတ္ေက်ာ္ၿပိးေနာက္ တခ်ိန္လုံးဟူရွင္းသူကိုယ္သူျပန္သုံးသပ္ေနခဲ့ကာ သူေနာင္တအရဆုံးအခ်က္မွာ သန႔္စင္ေသာ ယန္ခႏၶာကိုမျမည္းစမ္းရျခင္းျဖစ္သည္ အာ့လိုမွမဟုတ္လၽွင္ သူစြမ္းအားမ်ား သာ ထိုအခ်ိန္ကအလြန္တိုးတက္ေနလၽွင္ Sima Gyatsoကိုဘာလို႔ေၾကာက္ေနရမွာလဲ!

    သန္စင္ေသာ ယင္ခႏၶာကိုယ္မွာ ယန္ခႏၶာထက္ပိုရွားပါးကာ ယင္ခႏၶာကိုမဆိုႏွင့္ဦး ၎မွာ အသက္ရွိေနေသး၍ တေစၧတစ္ေကာင္အျဖစ္သို႔မေျပာင္းသြားေသးေပ။ ေျမေခြးအမသည္ သန္စင္ေသာယန္ခႏၶာကိုယ္ကိုႀကိဳက္၍ ဟူရွင္းလို ရွားပါးလွသည့္ေျမေခြးအထီးမွာ ယင္ခႏၶာကိုယ္ကိုပို၍သေဘာက်သည္။ ဟူရွင္းမွာ ဝူ႐ုန္ကိုသတ္ပစ္ရန္တြန႔္ဆုတ္ေနၿပီး လၽွို႔ဟူမွာအသုံးမက်လြန္းကာ သူအား သူခႏၶာကိုယ္ေသဆုံးၿပီးမွဆင့္ေခၚခဲ့ျခင္းအတြက္ မုန္းပင္မုန္းေနမိသည္။

    အကယ္၍လၽွို႔ဟူတြင္ခႏၶာကိုယ္ရွိေနေသးလၽွင္ ဟူရွင္မွာ အခုဝူ႐ုန္ႏွင့္ ေပါင္းစပ္ေန‌ေလာက္မည္။ အာလိုလုပ္ၿပီးလၽွင္ေတာ့ သူခြန္အား ၇၀-၈၀ရာခိုင္ႏူန္းေလာက္ ျပန္ရနိုင္ေလာက္မည္။ ေသြးအႏွစ္အားသတ္ကမည့္အခ်ိန္ေရာက္လာလၽွင္ ဤေနရာကေနထြက္ရန္မလြယ္ေလာက္ဘူးလား?

    ဒါေပမယ့္ ခႏၶာကိုယ္မရွိပဲ မလုပ္နိုင္ဘူးဟုမဆိုလိုေပ။

    လၽွို႔ဟုအသိတရားမွာ လုံးဝမေပ်ာက္ကြယ္ေသးေပ။ ဟူရွင္းဘာလုပ္ခ်င္ေနသည္ကိုခံစားမိေသာအခါ သူ၏သုံးဖက္အျမင္မွာၿပိဳလဲသြားရသည္။ သူဝိဉာဥ္တစ္ခုလုံးအခုေသလုနီးပါးျဖစ္သြားကာ သူ႐ူးသြပ္စြာေအာ္ဟစ္ျမည္တမ္းလိုက္သည္ :

    'ဝူ႐ုန္ကိုသတ္ပစ္! ငါမင္းကိုဒီကိုေခၚလိုက္တာဝူ႐ုန္ကိုသတ္ဖို႔ပဲ!'

    လၽွို႔ဟူဟအားနည္းလွေသာတည္ရွိမႈကို ဟူရွင္းမွအလြယ္တကူပင္ဖိနိုပ္နိုင္သည္။ ဟူရွင္းျပဳံးလိုက္ၿပီး ဝူ႐ုန္ေရွ႕ေျခခ်လိုက္ကာ သူ၏လူပ္ရွားမႈတိုင္းမွာ ေျပာမျပနိုင္ေအာင္ညႇို႔ယူနိုင္၍ အထူးသျဖင့္ လၽွို႔ဟူကဲ့သို႔ ဝိဉာဥ္ကိုသုံးေနခ်ိန္၌ ပို၍ ရႊန္းလဲ့ေတာက္ပေသာပုံရိပ္ထင္ဟပ္ေနေစသည္ ဆိုလိုသည္က အေပၚယံမဟုတ္သည့္ အရိုးထဲမွလွေနျခင္းျဖစ္သည္။

    " ဒီအံ့ဩစရာေကာင္းတဲ့သူရဲ့ နာမည္က ဝူ႐ုန္မလား? ဘယ္လိုေတာင္ေကာင္းတဲ့အမည္လဲ"

    ဟူရွင္းေပါ့ပါးစြာျပဳံး၍သစ္ခြပန္းအနံ့မ်ိဳးမူတ္ထုတ္လာသည္။ ေျမေခြး၏ဝင္သက္ထြက္သက္မွာ လူတို႔၏စိတ္ကို လြယ္ကူစြာဆြဲေဆာင္နိုင္သျဖင့္ သူ႔အတြက္ အလြန္လြယ္ကူေသာအလုပ္ျဖစ္သည္။ ဟူရွင္းသည္ သူအားစုန္ခ်ည္ဆန္ခ်ည္ၾကည့္ကာေလ့လာျဖစ္ေနာက္တခ်က္ၾကည့္႐ုံမၽွျဖင့္ ဝူ႐ုန္သည္ကေလးေလးျဖစ္ေနေသးေၾကာင္းေျပာနိုင္၍ သူ၏လ်စ္လ်ဴ႐ူတက္၍ လူငယ္ဆန္ေသာအျပဳမႈကလူေတြကို သူအားပို၍ပင္စြန္းထင္ေအာင္ျပဳလုပ္ေစလိုလွကာ သူ၏တည္ၿငိမ္မႈေပ်ာက္ဆုံးကာ ထိတ္လန႔္ေနျခင္းႏွင့္ ေဖာ္မျပနိုင္လူပ္ရွားမႈအားလုံးကိုထုတ္ျပလာသည္ကိုျမင္လိုလွသည္။ သန႔္စင္ေသာယင္ခႏၶာကိုယ္၏ ယြမ္ယန္အေၾကာင္းေတြးမိေသာအခါ ဟူရွင္းကူကယ္ရာမရ ‌အာေခါင္ေျခာက္လာသည္။ သူသည္ ထိုအရာကိုပထမဆုံးစလုပ္မည့္ကေလးတစ္ေယာက္လို အလြန္စိတ္လူပ္ရွားေနသည္။

    ဝူ႐ုန္သည္သူ႔အားေအးစက္စြာၾကည့္ေန႐ုံျဖင့္ ဟူရွင္းစိတ္လူပ္ရွားလာသည္! (လၽွို႔ဟူမွာက်ိန္းေသေပါက္ ေနာင္တရေနကာ : ႏွာ‌ဗူး!)

    "အာ႐ုန္ မင္းကငါ့ခႏၶာကိုယ္ဖ်တ္ဆီးလိုက္တယ္ ျပန္အေလ်ာ္ေပးရမယ္ေလ"

    ေျမေခြးအသက္႐ူထုတ္လိုက္ေသာ္ျငားဝူ႐ုန္မ်က္လုံးမ်ားမွာၾကည္လင္ေနစဲ။အခု စားပြဲႀကီးအား သုံးေဆာင္ရန္စိတ္အားထက္သန္ေနသည့္ဟူရွင္းပင္ ေျမေခြးတစ္ေကာင္၏ဉာဏ္နီဉာဏ္နက္ႏွင့္မသကၤာမႈမ်ား  မေပ်ာက္ဆုံးေသး ဝူ႐ုန္ဘာေၾကာင့္သူထိန္းခ်ဳပ္မႈေအာက္ေရာက္မလာလဲဆိုသည္ကို စူးစမ္းေနသည္။ ဟူရွင္းသည္ ဝူ႐ုန္ပုခုံးေပၚရွိအစိမ္းေရာင္ေႁမြဝိဉာဥ္ကိုသတိထားမိသည္မွာၾကာၿပီးျဖစ္ကာ ထိုအခ်ိန္၌ ၎မွာ ေၾကာက္လန႔္ေနသကဲ့သို႔ပုခုံးေပၚတုန္ယင္ေနခဲ့သည္။ ထိုကဲ့သို႔စိတ္ဝိဉာဥ္သတၱဝါမ်ိဳးသည္မေသမ်ိဳးေျမေခြးတစ္ေကာင္ကိုေၾကာက္သင့္ေသာ္လည္း ၎သည္ သူ၏သခင္ကိုပင္မကာကြယ္နိုင္သည့္အတြက္အလြန္ေၾကာက္ရြံမေနသင့္ေပ။

    မသကၤာျဖစ္ေနရင္း အေပၚယံတြင္ ဟူရွင္းသည္ ဆက္လက္ဆြဲေဆာင္ေနကာ ဝူ႐ုန္အနားသို႔ျဖည္းညႇင္းစြာတိုးကပ္လာၿပီး တီးတိုးေသြးေဆာင္ေလသည္ :

    " မင္း …ေပ်ာ္ရႊင္မႈကို ျမည္းစမ္းခ်င္လား?"

    သူေျပာလို႔မၿပီးေသခင္ ဝူ႐ုန္ေနာက္မွာလက္တစ္ေခ်ာင္းထြက္လာကာ ဟူရွင္းအားလည္ပင္းမွဆြဲယူ၍ ေျမႇာက္တင္လိုက္သည္။

    ဟူရွင္း : ! ! !

    အခ်ိန္အေတာ္ၾကာသတိထားေနေသာဟူရွင္းမွာခ်က္ခ်င္းပင္ အနက္ေရာက္ျမဴအျဖစ္လွိမ့္ထြက္သြားၿပီး ဝူ႐ုန္အားတိုက္ခိုက္ေလသည္။ ဤကဲ့သို႔သန႔္စင္ေသာယင္ခႏၶာက အခုခ်ိန္ထိ ဒဏ္ရာအနာတရမရွိေရာဂါမရွိပဲ ရွင္သန္ေနၿပီး ၎အားတစုံတေယာက္မွလၽွို႔ဝွက္ကာကြယ္ေပးေနသည္ကို အစတည္းကသိသင့္သည္! ဟူရွင္း၏ပိရိယယ္ႏွင့္ အညႇာတာမဲ့တိုက္ခိုက္မႈမွာ ဝူ႐ုန္ႏွလုံးဆီသို႔တိုက္ရိုက္သြားလိုက္ၿပီး သူသည္ ဝူ႐ုန္၏လုံျခဳံမႈကိုအသုံးခ်၍ သူကိုျပန္တြန္းအားေပးခ်င္သည္! သို႔ေသာ္ေနာက္တခန ဟူရွင္းဝူ႐ုန္အားမထိရေသးခင္ လၽွို႔ဟူ၏ဝိဉာဥ္မွာ ထိုလက္၏ေခ်မြျခင္းကိုခံလိုက္ရသည္။

    နားမခ်မ္းသာဖြယ္နာက်င္လြန္းလွေသာ ေအာ္သံေကာင္းကင္ယံပဲ့တင္သြားၿပီး နဂိုကပင္အားနည္းလြန္းလွေသာလၽွို႔ဟူ၏ဝိဉာဥ္မွာ ဆယ္မီတာအကြာ၌ေပၚလာခဲ့သည္။ ထိုအခိုက္တြင္ လၽွို႔ဟူမ်က္ႏွာမွာ တည္ၿငိမ္မႈမရွိေတာ့ သူအရွိန္အဟုန္မွာ ရန္သူႀကိးႏွင့္ရင္ဆိုင္ေနရသကဲ့သို႔လိူင္းထန္ေန၍ သူမ်က္ႏွာသည္ ေျမေခြးမ်က္ႏွာကဲ့သို႔ရွည္လ်ားခၽြန္ျမလာကာ ေၾကာက္ရြံမႈႏွင့္ေဒါသတရားတို႔ေပါင္းစပ္ေနသည့္ ထိတ္ပ်ာေနသည့္အရိပ္အေယာင္မ်ားရွိေနသည္။

    ဝူ႐ုန္ေရွ႕မွအနီေရာင္ေနာက္ေက်ာသည္ ဝါးပင္ကဲ့သို႔ရွည္လ်ားေျဖာင့္တန္းေနၿပီး ေခ်ာက္နက္ႀကီးလိုစြမ္းအားျပည့္ေနကာ ပိုးဖဲကတၱီပါကဲ့သို႔ဆံႏြယ္နက္မ်ားကခါးအထိျဖာက်ေနသည္။ ဝူ႐ုန္လၽွို႔ဟူ၏သြင္ျပင္ကိုမျမင္ရသကဲ့သို႔ တေစၧႀကီးဘာလုပ္ေနသည္ကိုလည္းမျမင္ရ။ တေစၧႀကိးမွာ ထိုပုံစံအတိုင္းသူေရွ႕တြင္ရပ္ေနေသာ္လည္း ဟူရွင္း၏အသံမွာ ပိုပို၍ စိတ္မခ်မ္းေျမ့ဖြယ္ျဖစ္လာၿပီစူးရွလာကာ သူ၏ထိတ္လန႔္ေနမႈမ်ားပင္ ဖုံးကြယ္မထားနိုင္ေတာ့ပဲ အမည္အတြဲလိုက္အား ‌ေအာ္ဟစ္လာသည္။

    "အရိုးေပါင္းတစ္ေသာင္း? ေသြးစြန္းနတ္ဆိုး? မင္အုတ္ဂူရဲ့တေစၧဘုရင္? Dharma Rakshasa?!"

   ဝူ႐ုန္သည္လည္း တေစၧႀကီးမည္သူဆိုသည္ကိုသိခ်င္သည္။ သို႔ေသာ္ထိုေနာက္မွာေတာ့ဟူရွင္းစကားေျပာတာရပ္သြားသည္။ သူၾကည့္ရတာ တိုက္ခိုက္သည့္အေပၚအာ႐ုံစိုက္ထားပုံေပၚကာ အုန္းအုန္းျမည္သံမ်ားမွာအဆုံးမရွိ တေစၧမ်ားႏွင့္ ဝံပုေလြမ်ား၏ဟိန္းေဟာက္သံမ်ားကနားကြဲမတက္ သို႔ေသာ္ တေစၧႀကီးမွာ မုန္တိုင္းတိုက္ေနေစကာမူ ေတာင္တစ္လုံးကဲ့သို႔မားမားမက္မက္ရပ္ေနစဲ။

    ဝူ႐ုန္သည္ တေစၧႀကီးေနာက္မွေန၍ တိုက္ပြဲတြင္းျဖစ္ပ်က္ေနသည္မ်ားကိုႀကိမ္ဖန္မ်ားစြာေခ်ာင္းၾကည့္ခ်င္ေသာ္လည္း တေစၧႀကီး၏အနီေရာင္ဝတ္စုံျဖင့္အျမဲတမ္းပိတ္ခံထားရကာ ဘာမွမျမင္ရ။ အလြန္ျပင္းထန္သည့္ ဖိနိုပ္လိုမႈ ထိတ္လန႔္ဖြယ္အရွိန္အဝါ၊ ေသြးဆာေနေသာအာဏာရွင္တစ္ေယာက္ကဲ့သိ့ ျပင္းထန္ကာ႐ူးသြပ္ေလာက္ဖြယ္သတ္ျဖတ္လိုစိတ္ကိုတစ္ခုကိုခံစားမိ၍ ဝူ႐ုန္သာ္၎ႏွင့္မ်က္ႏွာခ်င္းမဆိုင္ထားသည့္တိုင္ သူဆံပင္ေမႊး‌မ်ားေထာင္ေနသည္ဟုခံစားေနရစဲျဖစ္သည္။

    ဟုရွင္း၏ႀကီးမားလွေသာထႂကြေသာင္းက်န္းမႈႏွင့္ ယွဥ္လၽွင္ တေစၧႀကီးမွာ လြန္စြာ တိတ္ဆိတ္လွကာ တခါတရံသူလက္ကိုေျမႇာက္တက္ၿပီး သူ႔ဝတ္႐ုံလက္မွာ သူ႔ဆံပင္မ်ားကဲ့သို႔လြတ္လပ္စြာလူပ္ရွားေနေလသည္။

    ျပင္းထန္ေသာတိုက္ပြဲ‌၏‌‌ဟိန္းေဟာက္မႈလုံးဝၿငိမ္သတ္သြားသည့္အခါ သူေနာက္မွေန၍ ဝူ႐ုန္ေနာက္ဆုံးတြင္တိုက္ပြဲေျမျပင္ကိုေတြ႕ရေလေတာ့သည္။ တခ်က္ၾကည့္႐ုံမၽွျဖင့္ဝူ႐ုန္အနည္းငယ္ပင္တံ့သြားသည္။ တေစၧႀကီး၏ေရွ႕ဘက္ေျခတစ္လွမ္းအကြာမွ နီညိဳေရာင္ေျမႀကီးမွာ႐ုတ္တရက္ ေခ်ာက္ႀကီးလိုနိမ့္က်သြားကာ ဥကၠာခဲႏွင့္တိုက္မိသည့္ေျမျပင္ကဲ့သို႔ျဖစ္သြားၿပီး အနားသတ္မ်ဥ္ကိုပင္မျမင္နိုင္။ ေသြးျမစ္မွာလုံးဝေပ်ာက္ကြယ္သြားၿပီး တြင္းေအာက္ေျခ၌ ေသြးအလႊာပါးေလးတစ္ခုသာက်န္ေနေတာ့သည္။

    ဟူရွင္း၊ သို႔ လၽွို႔ဟူ၏ဝိဉာဥ္သည္ ေသြးထဲပ်ံ႕က်ဲသြား၍ မူလျပည့္စုံေနေသာဝိဉာဥ္မွာတစစီဖ်တ္ဆီခံလိုက္ရကာ အလြန္ဝမ္းနည္းသရာပင္။ တြင္းထဲတြင္ ျပင္းထန္လွေသာတိုက္ပြဲ၏အေငြ႕သက္မ်ားနက္ရွိုင္းစြာက်န္ရစ္ေနသည္။ ဝူ႐ုန္ေျခတလွမ္းတိုးကာ တြင္းအာအနီးကပ္ၾကည့္ခ်င္မိသည္။ သူေျခတလွမ္းမလွမ္ရေသးမီ သူခါးမွဖမ္းဆုပ္ခံလိုက္ၿပီး ထပ္ေရြ႕မရေတာ့။ သူေနာက္ေက်ာဘက္တြင္ ေအ မျငင္းပယ္နိုင္သည့္ ဖိနိုပ္မႈမ်ိဳးကိုလွစ္ဟျပေနေသာ ေအးစက္တိတ္ဆိတ္ေသာအားတစ္ခုရွိေနသည္။

    ဝူ႐ုန္အခုတြင္တေစၧႀကီး၏စိတ္အေျခေနမည္သို႔ရွိေနမည္ကိုေသခ်ာမသိ ထိုေၾကာင့္သူရိုးရွင္းစြာလူပ္ရွားေနမႈကိုရပ္လိုက္ၿပီး ထိုေနရာမွရပ္ေနရင္ တြင္းနက္ထဲသို႔ငုံၾကည့္လိုက္သည္။

    "Ha ha ha ha......"

     အက္ကြဲေနသည့္ရယ္သံတြင္းေအာက္မွထြက္ေပၚလာၿပီး ဝူ႐ုန္၏အမူအယာေအးခဲသြားသည္။ သူသည္ ေခါင္းတစ္လုံးသာက်န္ေတာ့သည့္ စုတ္ျပဲပ်က္စီးေနေသာေျမေခြး႐ုပ္မွာ တြင္းေအာက္မွ ပ်ံ႕တက္လာေနသည္ကိုေတြ႕လိုက္ရၿပီး ဟူရွင္း၏အက္ကြဲကာ ေၾကာက္ရြံဖြယ္အသံထြက္လာသည္။

    "ငါ့နည္းလမ္းေတြကတျခားသူေတြေလာက္ေတာ့မေကာင္းဘူး၊ ဒီေျမေခြးေလးကေခါင္းငုံထားဖို႔ဆႏၵရွိပါတယ္"

    စုတ္ျပတ္ေနေသာ႐ုပ္ထုမွာ ဝူ႐ုန္အာအျပာေရာင္မ်က္လုံးမ်ားႏွင့္ၾကည့္ေနသည္။အထူးသျဖင့္ သူခါးကိုကိုင္ထားသည့္လက္ကိုျဖစ္ကာ ႐ုတ္တရက္ အသံျပဳလိုက္ၿပီးေနာက္ နက္ရွိုင္းစြာျပဳံးလိုက္သည္ :

   " မင္းကသူ႔ကိုယုံတယ္ ဒါေပမယ့္ သူကငါလိုပဲေတြးေနတာ"

    ထိုေနာက္တြင္ ႐ုပ္ထုျပန႔္က်ဲသြားၿပီး သစ္သားအပ်က္စီးအႂကြင္းက်န္တို႔ကေသြးကန္ထဲျပဳတ္က်သြားသည္။ ဝူ႐ုန္ဟူရွင္းဘာကိုဆိုလိုသည္ကိုေျပာနိုင္ေသာ္လည္း သူမ်က္ႏွာအမူယာမေျပာင္းလဲ။ သူသည္ ဟူရွင္း၏စကားလုံးမ်ားက စိတ္ဝမ္းကြဲေစရန္လႈံေဆာ္သည္ဆိုသည္ကို ေတြးၾကည့္စရာပင္သိနိုင္သည္။ ဝူ႐ုန္တေစၧႀကီးဘာလိုခ်င္သည္ႏွင့္ဘာေတြးေနသည္ကိုသိသည္။ သူအနာဂါတ္တြင္ေသြးအိတ္ပိုမ်ားမ်ားျပင္ထားသင့္ကာ လိုအပ္သည့္အခါတိုင္းခ်က္ခ်င္းေသြးထြက္သံယိုျဖစ္စရာမလိုအပ္ေတာ့ေပ။

    "Ha ha...."

    အလြန္တရာမွအားနည္းလွေသာညည္းသံလၽွို႔ဟူ၏ပ်က္စီးေနေသာဝိဉာဥ္မွထြက္လာၿပီး ဟူရွင္း၏အသိတရားထြက္သြားသျဖင့္ လၽွို႔ဟူမွာအလိုအေလ်ာက္ပင္နိုးလာသည္။ ျပန္၍အံ့ဝင္ခြင္က်ျဖစ္ေအာင္လုပ္ေနစရာမလို လၽွို႔ဟူသူေသေတာ့မည္ကိုသိသည္ သို႔ေသာ္ သူမုန္းသည္ သူမုန္းလြန္း၍အံႀကိတ္ထားမိသည္။ ဟူရွင္းမေသ၊ သူခႏၶာကိုယ္မွာက်က္တီးေတာင္ကုန္းထဲတြင္ရွိေနေသးသည္။ ဝူ႐ုန္မေသ သူကေကာင္းစြာအသက္ရွင္ေနေသးသည္ ။ သူသာလၽွင္ လၽွို႔ဟူသည္သာ ေသေတာ့မည္ျဖစ္ကာ ဘယ္လိုမ်ားသူအံ့ဝင္ခြင္က်ျဖစ္ေအာင္လုပ္နိုင္မည္နည္း?။

    ေဘာလုံးတစ္လုံးကဲ့သို႔ဝမ္းဗိုက္ႀကီးမွာလည္း လူးလြန႔္ေနၿပီး တစုံတရာကဆုတ္ျဖဲေနသကဲ့သို႔အသံမ်ားထြက္ေနကာ ျပန္လည္ေမြးဖြားလာေသာၾကမ္းၾကဳတ္သည့္ေခြးဝိဉာဥ္မွာသူ႔ဝိဉာဥ္ထဲမွတြားထြက္လာေသာ္လည္း လၽွို႔ဟူနာက်င္မႈကိုမခံစားရေတာ့။ သူ၏လွိမ့္ထြက္ေနေသာမ်က္လုံးမ်ားက ဘာလုပ္မည္ကိုမသိ ဝူ႐ုန္ဆီသို႔ ယိုင္တိယိုင္တိုင္ျဖင့္သြားေနသည့္ က်ယ္ေလာင္စြာေဟာင္ေနေသာအနက္ေရာင္တိရိစၧာန္ေလးကို စူးစိုက္ၾကည့္ေနသည္။ မေကာင္းသည့္စိတ္မ်ားလၽွို႔ဟူအသိတရားမ်ားထဲေပၚထြက္လာသည္။ သူေတာ့မည္ျဖစ္ေသာ္လည္း လၽွို႔ဟူမွာ ျပန္လည္သင့္ျမတ္လိုစိတ္မရွိ။

    ၾကမ္းၾကဳတ္သည့္ေခြးေမြး‌ဖြားလာသည့္အခါ ဆာေလာင္မႈအားေတာင့္ခံနိုင္ရန္ခက္ခဲလွသည္။ အကယ္၍၎ (ေခြးေပါက္)သာဝူ႐ုန္ကိုတိုက္ခိုက္လၽွင္ သူ(ဝူ႐ုန္)အသတ္ခံရေလာက္သည္။လၽွို႔ဟူအခုခံစားခဲ့ရသည့္ နာက်င္မႈႏွင့္ညႇင္းပန္းမႈမ်ားကိုေတြးမိေသာအခါ သူ၏မျပည့္စုံေတာ့သည့္ႏူတ္ခမ္းေထာင့္တြင္ ေကာက္က်စ္သည့္အျပဳံးထြက္လာသည္။

    ဒီအရိုင္းအစိုင္ေလး သူနဲ႔ငရဲကိုလိုက္ၿပီးအေဖာ္ျပဳရမယ္....။

    အေမွာင္ထဲသို႔မက်မီေနာက္ဆုံးအခိုက္တန႔္ေလး၌လၽွို႔ဟူသည္ ေခြးနက္ေလးဝူ႐ုန္ဆီေျပးသြားသည္ကိုေတြ႕လိုက္သည္။ ထိုေနာက္မွာေတာ့....

    ဝူ႐ုန္ ၎ကိုေကာက္ခ်ီလိုက္သည္။

___

    စာေရးသူတြင္ေျပာစရာရွိသည္။

    ေမးခြန္းမ်ားကိုေျဖပါ။

စာပိုဒ္အဆုံးမွအေၾကာင္းအရာကိုအေျခခံ၍လၽွို႔ဟူ၏ေနာက္ဆုံးစိတ္အေျခေနကို‌ေျဖပါ။

    ဟူရွင္း[ ဝူ႐ုန္ဆီသို႔ sex and love ကဒ္ကို ခက္ခဲစြာရင္ဖြင့္ျပေနရင္း] : ညႇို႔ယူနိုက္သည္ေျမေခြးေလး၊ တိရိစၧာန္နားရြက္၏ဆြဲေဆာင္မႈ၊ထိပ္တန္းအရည္ေသြးေျမေခြးအထီး၊ 369သြယ္ေသာနည္းလမ္းေတြ၊ တစ္စုံလုံးအခမဲ့၊၇ရက္၇ညေငြေၾကးအခမဲ့။ 🥹

    တေစၧႀကီး: အျပာစာေပႏွင့္ တရားမဝင္ထုတ္ေဝျခင္းမ်ားဖယ္ရွားမယ္ ေသလိုက္ေတာ့။

   
3437words
11:05Pm,Mon,Aug 21,2023.
   

Continuar a ler

Também vai Gostar

326K 8.8K 65
Alexander and Sophie's marriage was already shaky. The romance was gone, they had started moving in different directions and she felt stuck. After a...
89.1K 1.9K 48
A 17 year old girl named (Y/N) (L/N) moved from (where you live) to south park calorado with her mother. She meets some new people who soon turn into...
247K 2.9K 150
I'm going to try my best to represent them but I hope you like it
101K 3.1K 24
If Percy Jackson had owned a car, the world as we know it wouldn't exist. Dean Winchester and Percy Jackson met after a very unfortunate event, but...