ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...

By Sheilayoon

69.3K 10.4K 241

Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... More

Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.17- Zhong Gu
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20-Woof Woof Woof!
Ch.20.1-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21-Woof Woof Woof ?
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.26.1-Meow,Meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32-Hiss,hiss hiss,hiss hiss?
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.36.1-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.42.1-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.46.1-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52-Tick tack tick tack
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
Ch.58.1-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch 62 - Jiūjiūjiū, Jiūjiūjiū jiū
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 79- Woof woof woooof?
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?

Ch.45.1-Boom,BOOM BOOM!

276 54 0
By Sheilayoon

|| Unicode ||

     ထိုခွေးတစ္ဆေလေးကိုကြည့်ရသည်မှာရင်းနှီးနေပုံပေါ်ကာ ညစ်ပတ်သောခွေးလေးနှင့်တူသည်။ သူမည်သည့်ညစ်ညမ်းသည့်အရာကိုစားလာသည်မသိသူပုံစံမှာ ပျက်ယွင်းနေလေသည်။ ခွေးလို့ပြောရန်ပင်ခက်‌သည်။ သူ့ကိုကြည့်ရသည်မှာသေးငယ်သော်လည်း အမှန်တကယ် သူ့ကိုယ်ပေါ်မှတစ္ဆေ‌အရှိန်အဝါကိုအကဲဖြတ်ရလျှင် ၎င်း မှာ နတ်ဆိုးဝိဉာဉ်အဆင့်ကိုရောက်နေပြီး ဝူရုန်ထက်ပင်စွမ်းအားကြီးနေသဖြင့် ထိုအခိုက်တန့်မှာသူ့အားနိုးထလာအောင်လုပ်နိုင်ခြင်းဖြစ်သည်။

    ထိုမှစ၍ ဝူရုန်ဘယ်နေရာသို့သွားသွား ခွေးတစ္ဆေလေးများသူ့နောက်လိုက်လာခဲ့ပြီး ရူးသွပ်မှုထဲကျရောက်သည့်အခါတိုင်း သူအားကိုက်၍နိုးလေသည်။ သူဝူရုန်စားရန်အတွက် သန့်စင်သောတစ္ဆေပုံဆောင်ခဲများ စိတ်ဝိဉာဉ်ပစ္စည်းများ စိတ်ဝိဉာဉ်အပင်များကိုမည်သည်နေရာကရှာခဲ့သည်မသိ။ ဝူရုန်၏ဝိဉာဉ်တဖြည်းဖြည်းတိုးတက်လာကာ သူ၏အသိစိတ်အားအချိန်အတော်ကြာကြာပို၍ထိန်းထားနိုင်ကာ သူကိုယ်ထဲတွင် စွမ်းအားပိုပိုများများ တစ္ဆေစွမ်းအင်များအဖြစ်မျိုးတူစုထားနိုင်လေသည်။

    သူသည်အရင်ကတစ္ဆေများစွာကိုဝါးမြိုခဲ့ပြီး ဖြစ်ရာ ထပ်ပြီး ဂျေးများမနေတော့ကာ ရလာဒ်အနေဖြင့် သူကိုယ်ထဲတွင်တစ္ဆေစွမ်းအင်များအလွန်များပြားလာပြီး ၎င်းတို့မှာရူတ်ပွ၍ ဖရိုဖရဲဖြစ်နေကာ ရုန်းကြွမှုတိုင်းမှာ ပြင်းစွာသောနာကျင်မှုကိုဖြစ်စေသည်။ ဒါပေမယ့်တချိန်တည်းမှာပင် ဒါကပဲဝူရုန်ပိုသန်မာလာစေသည့်အချက်ဖြစ်သည်။ တဖြည်းဖြည်းနှင့်တစ္ဆေချီများကိုစစ်ထုတ်လိုက်ပြီးနောက် တည်ရှိမှုရှိခြင်းမရှိခြင်းများဖြစ်နေသော ချီများထဲမှသန်စင်သောချီများကိုစုဆောင်းနိုင်လာသည်။ ၎င်းသည် ညနက်ကြီးထဲရွံနွံများပေါ်တွေ့ရသော မီးစုန်းကဲ့သို့ အစိမ်းရောင်တောက်နေကာ တစ္ဆေများအား ကောင်းစွာနာကျင်စေသည်။

    ထိုကဲ့သို့တိုက်ခိုက်မှုမျိုးနှင့် ဝူရုန်လက်ထဲ၌ တစ္ဆေများပိုပို၍သေဆုံးလာနေပြီး ဝူရုန်မှစွန့်ပစ်လိုက်သောသောင်းပြောင်းထွေလာတစ္ဆေချီများကို ခွေးတစ္ဆေလေးမှ ဝါးမြိုလိုက်သည်။ သူကိုယ်ထည်မှာဘောလုံးကဲ့သို့ဖောင်းကာနေပြီး သူ၏တစ္ဆေအရှိန်အဝါမှာလည်း အလွန့်အလွန်များပြားလာသည်။သို့သော်ဘယ်လိုအကြောင်းတရားများဖြစ်လာဖြစ်လာသူသည် ဝူရုန်အား ပထမဆုံးတွေ့စဉ်က ကဲ့သို့ပင် သစ္စာရှိမြဲဖြစ်သည်။ သူ့ကိုယ်နှင့်စိတ်ဝိဉာဉ်ထဲမှတစ္ဆေချီများကို လုံးဝထိန်းချုပ်သွား‌နိုင်သည့်အချိန်တွင်ထပ်မံမနာကျင်တော့ပဲ နတ်ဆိုးခွေးဝိဉာဉ်၏ဦးခေါင်းအာပွတ်သပ်ပြီးနောက် ပေါ့ပါးစွာပြောလေသည်။

   "ဘယ်သူက မင်းရန်သူလဲ?"

    ရက်စက်သည့်ခွေးများမှာလေထဲမှထွက်ပေါ်လာခြင်းမဟုတ် သူတို့သည်လူများဖန်တီးခဲ့ခြင်းမဟုတ်လျှင် သူတို့၏သိုဝှက်ထားသောကြီးမားလှသည့်အမုန်းတရားနှင့် အစွဲလန်းကြောင့်သာဖြစ်သည်။

    "ဝုတ် ဝုတ်!"

   ကြမ်းကြုတ်သည့်ခွေးမှာသူ‌ ခေါင်းကို ဝူရုန်အား တိမ်းစောင်းလျက် ရူတ်ထွေးသောအကြည့်ဖြင့်ကြည့်‌လာသည်။ သူဆောင့်ကြောင့်ထိုင်လိုက်သောအခါ ၎င်းသည် ဝူရုန်နီးပါးရှည်လျားလေသည်။ တစ္ဆေချီနှင့်နာကျည်းမှုများကို ဝါးမြိုထားသောကြောင့် သူကိုယ်ပေါ်တွင်အသားပိုများတစ်လုံးပြီးတစ်လုံးထွက်လာ၍ အပြွတ်လိုက်အခိုက်လိုက်တွဲကျနေသည်။ ကြည့်လိုက်လျှင် ၎င်းသည် ကြောက်စရာကောင်း၍ မနှစ်မြို့စရာမကောင်းဆိုးဝါးနှင့်တူလေသည်။ အခေါင်းပေါက်ကိုဖြတ်၍ အတွင်းထဲမှာအူနှင့်အစာအိမ်များကိုပင်မြင်နိုင်သည်။

   ၎င်းမှာ သူကိုယ်ထဲရှိ နာကျည်းမှုများကို ဖော်ဆောင်နေခြင်းဖြစ်သည်။ သူမသေခင်ကခံစားခဲ့ရသည့်ညှင်းပန်းနိုပ်စက်မှုမှာသေပြီးနောက် ဖြစ်လာမည့်တစ္ဆေနှင့်လည်းသက်ဆိုင်လေသည်။ အချိန်တိုင်းလိုလို နာကျည်းချက်များ များသထက်များလာကာ လက်စားချေမပြိးမချင်းရပ်တန်သွားမည်မဟုတ်ပေ။ နတ်ဆိုးခွေးဝိဉာဉ်မှာ စကားမပြော ဝူရုန်သည် သူ့ကိုယ်ပေါ်မှ ယင်စွမ်းအင်များကိုဆုတ်ဖြဲ‌ကာ ပြည်ထွက်နေသောအညစ်ကြေးအလွှာများကြားတွင် ခွေးပေါက်လေး၏မျက်လုံးများမှာဘအရင်ကလိုပင် ကြည်လင်နေသည်။ ပြောကြသည်ကလူများမသေဆုံးမီနောက်ဆုံးသူတွေ့ခဲ့သည့်လူ၏ပုံရိပ်ကိုသူ့တို့မျက်လုံးထင်ထင်ကျန်ခဲ့ကြသည်။ တစ္ဆေခွေးတွင်လည်းထိုနည်းတူစွာပင်။ သူမျက်လုံးမှတဆင့် ဝူရုန်သူ့ကိုသတ်ခဲ့သောလူကိုတွေ့ရသည်။

    ဒါကလျှို့ဟူဖြစ်သည်။

_____

    ထင်းကန်အက်ကြောင်းအတွင်း သွေးမြစ်ဘေးတွင်ဖြစ်သည်။

    အချိန်ဘယ်လောက်ကုန်သွားပြီလဲ တစ်မိနစ် ငါးမိနစ်? ဝူရုန်သည်တချိန်လုံးတိတ်တဆိတ် နေခဲ့ကာ အခုလေးတင် လျှို့ဟူ မြွေစိမ်းကြီး၏ရန်စောင်ခံသည့်အချိန်ထိဖြစ်ကာ အစတည်းကပင် အေးဆေးတည်ငြိမ်ဟန်ဆောင်ထားရကာ ယခုသူ့မျက်နှာမှာ အစိမ်းမှအနီသို့ပြောင်းနေပြီး လွန်စွာရုပ်ဆိုးနေကာ တစုံတယောက်ကိုရှာ၍စားချင်လုနီးပါး‌ဖြစ်နေသည်။

    ဝူရုန်ကဘာကိုတွေးနေတာလဲ? အချိန်ဒီလောက်အကြာကြီးသူဘာလို့စကားမပြောတာလဲ? စကားမပြောပဲတိုက်ဖို့စီစဉ်နေတာလား ဒါမှမဟုတ် တခုခုကိုလျှို့ဝှက်ကြံစည်နေတာများလား? တစ္ဆေမြူတွေထားခဲ့ပြီး ဝူရုန်ထွက်ပြေးသွားတာများလား?

   အချိန်တေကြာလာတာနဲ့အမျှ လျှို့ဟူထိုသို့တွေးလာမိသည်။ ပထမတော့သူ၏ပြင်းထန်လှသည့်စိတ်ဆန္ဒတို့မှာ များစွာပျောက်ကွယ်နေသော်လည်း ထိုအကြောင်းကိုတွေးမိလေ တစ္ဆေမြူကြားပုန်းကွယ်နေသောဝူရုန်မျက်နှာအားတွေးရခက်သည်ဟုခံစားလာမိသည်။

   ‌သူရဲ့ဝှက်ဖဲကိုဖုံးကွယ်ထားသေးတာဖြစ်နိုင်မလား  ဘယ်နေရာမှထွက်လာမှန်းမသိရသည့်ဤမြွေကြီးကဲ့သို့ပင်?

    လျှို့ဟူ၏မျက်နှာအမူအရာမှာ မူန်မိူင်းနေပြီး သူနက်နက်နဲနဲတွေးတောနေသည်။ သူစိတ်ထဲမှနေ၍ ပြန်နောက်ဆုတ်ရန် ဝိုးတဝါးနိူးဆော်နေသော်ငြားသူ မလုပ်ဆောင်လို။ သူအသက်ပြင်းပြင်းရူသွင်းလိုက်ပြီးနောက် သူ၏ရူပ်ထွေးသောအတွေးများကိုအတင်းဖိနိုပ်ချနေပြီး တည်ငြိမ်အောင်အကောင်းဆုံးကြိုးစားနေသည်။

    ရုတ်တရက် လျှို့ဟူ ပြာလဲ့လဲ့အဖြူရောင် တစ္ဆေမြူများနောက်မှ စည်းချက်ကျ ၍ အလွန်ပေါ့ပါးသည့် အသက်ရှုသံကိုကြားလိုက်သည်။

    Hu__Fuu__

    Hu__Fuu__

    လျှို့ဟူပါးပြင်တွန့်သွားကာ ရုတ်တရပ် သူ့ရင်ဘက်ပေါ်မှ ခွေးတစ္ဆေးတက်တူးသည်ခေါင်းထောင်လာ၍ ပါးစပ်ကိုအကျယ်ကြီးဟလာသည်။ မြွေစိမ်းကြီး၏သတိပေးနေမှုအောက်တွင် သူသည်ဝူရုန်ရှိရာဘက်သို့ပြင်းထန်စွာပြေးဝင်သွားပြီးညှီစွတ်စွတ်အနံ့ကိုထုတ်လိုက်သည်။ မြွေစိမ်းကြီးသည် ဝူရုန်အရှေ့ဘက်သို့ခုန်ဝင်လာပြီး ပျော့ပြောင်းရလွယ်သည့်ကြာပွတ်ကဲ့သို့ မြွေလျှာဖြင့် သူ့အားလေထဲသို့ရိုက်ချလိုက်ကာ လေပြင်းများကို ပျောက်ကွယ်စေလိုက်သည်။ သို့သော်၎င်းမှာ လျင်မြန်လွန်းပြီး ရင်သက်ရူမောဖွယ်လေအလျင်နှင်ဝူရုန်ရှေ့ပြန်ရောက်လာကာ သူအရှေ့ရှိ ပြာလဲ့လဲတစ္ဆေမြူဖြူများကို မူတ်ထုတ်လိုက်သည်။ လျှို့ဟူ၏ကြွက်သားများချက်ချင်းတောင့်တင်းသွားကာ တိုက်ခိုက်ရန်အသင့်ဖြစ်နေသည် သို့သော်__

    မည်သည့်လျှို့ဝှက်ကြံစည်မှု ဝှက်ဖဲမှရှိမနေပေ။

    လျှို့ဟူသည် ဝူရုန်ထိုနေရာ၌မက်တပ်ရပ်နေပြီးသူမျက်လုံးများပိတ်ထားကာ သူမျက်နှာသွင်ပြင်မှာလည်း အိပ်နေသကဲ့သို့တည်ငြိမ်ကာ အိန္ဒြေမပျက်ရှိနေသည်ကိုတွေ့သွားသည်။ ရုတ်တရက်လှောင်ပြောင်အနိုင်ကျင့်ခံရသလိုလျှို့ဟူမျက်လုံးများနီရဲသွားကာ သူ၏မျက်ထောင့်များကွဲထွက်နေပြီး အလွန်တရာရက်စက်ပြင်းထန်လာနေသည်။

    "ဝူရုန်__!"

    ကတ္တရာရောင်တစ္ဆေမြူများ များပြားလာပြီး လေပြင်းထဲတွင် တစ္ဆေများနှင့်ဝံပုလွေများဟိန်းသံထွက်လာကာ အနက်ရောင်မြူများထဲမှ တစ္ဆေများတစ်ကောင်ပြီးတစ်ကောင်ဖြတ်ပြေးထွက်လာသည်။ ဝူရုန်ထိန်းမချုပ်ထားသည့် မြွေစိမ်းကြီးမှာ အင်အားအပြည့်နှင့်စောင့်ဆိုင်းနေပြီး တိုက်ခိုက်ပြေးဝင်လာနေသောတစ္ဆေများကို တွန်ကာ စိုက်ကြည့်နေသော်လည်း သူမမျှော်လင့်ထားသည်က  တစ္ဆေနယ်မြေမှသက်ဆင်းပေါ်ထွက်လာသော တအနက်ရောင်တစ္ဆေမြူများမှာ  ဖုံးကွယ်ထားရုံသာဖြစ်ကာ စိတ်ဆိုးဒေါသလုံးဝဖုံးလွှမ်းထားခံရသည့် လျှို့ဟူမှာ  ထိုအရာပေါ်တက်နင်း၍ ဝူရုန်အားတိုက်ခိုက်လေသည်!။

    လျှို့ဟူ၏သွေးထွက်နေသောမျက်နှာမှ အနက်ရောင်အမွှေးများထူထပ်စွာပေါက်နေပြီး အဖြူရောင်မျက်သားများကဝါနေကာ သူမျက်ဆံသည် အပ်ထိပ်ကဲ့သို့ကျုံ့ဝင်နေ၍ လက်သည်းများသည်ခွေးလက်သည်းများကဲ့သို့ချွန်ထက်နေလျက် သူသည် အလောင်းအဆိပ်ကြောင့်မဲနက်နေကာ ဝူရုန်ဘယ်လက်အား ပြင်းထန်စွာဆွဲယူလိုက်သည်။ အရင်တိုက်ခိုက်မယ်! ဝူရုန်ဘယ်လက်သည် ဒုက္ခိတတစ္ဆေကပ်တွယ်နေရာ နေရာဖြစ်ပြီး ဤနေရာကဒဏ်ရာရသွားသရွေ့ ဝူရုန်တခြားရှောင်ပုန်းနိုင်သည့်နည်းလမ်းကိုသုံးလျှင်တောင် တစ္ဆေတန်ပြန်မှုကိုခံစားရမည်ဖြစ်သည်။

    ချင်းလင်းကူမှတုန့်ပြန်လာပြီး ဒေါသတကြီးလျှို့ဟူအားကိုက်လိုက်သော်လည်း ‌သူကနောက်ကျလွန်းသွားကာ လျှို့ဟူ၏ချွန်ထက်သောလက်သည်းများက ဝူရုန်ဘယ်လက်ကိုထိသွားပြီဖြစ်၍ သူသူ့၏သွေးစွန်းနေသောပါးစပ်အား ဟလိုက်ကာ ဝူရုန်ခေါင်းဆီသို့ ခွေးရူးလို ပြေးကိုက်လေသည်။ ထိုအခိုက်တန့်တွင် ဝူရုန် ရုတ်တရက်မျက်လုံးပွင့်သွားပြီး လက်တစ်ကမ်းအကွာ‌တွင်ရှိနေသောလျှို့ဟူကိုတွေ့လိုက်သည်။ အခုတွင်ခုခံရန်နောက်ကျလွန်းသွားကာ လျှို့ဟူ၏မျက်လုံးများထဲတွင် ကောက်ကျစ်မှုများနှင့်အစားထိုးဝင်ရောက်နေ‌ သော်လည်း တချို့သောအကြောင်းပြချက်များကြောင့် သူဆံပင်မှာရုတ်တရက်ထောင်ထသွားသည်။

    သားရိုင်းများ၏အလိုအလျောက်တုန့်ပြန်မှုအရ သေရေး‌ရှင်ရေးခံစားချက်ကြီးကြီးမားမားကသေခြင်းတရား၏အရိပ်တစ်ခုကဲ့သို့ လျှို့ဟူစိတ်ထဲဝင်ရောက်လာကာ သူဆံပင်မွှေးများထောင်ထသွားသည်။ လျှို့ဟူမှာဝူရုန်နှင့်လွန်စွာနီးကပ်နေပြီး ရုတ်တရက်ကြီး သူ၏နက်မှောင်အေးစက်သောမျက်လုံးများမှာ ပို၍သေစေလောက်သည့် ပြင်းထန်သောခံစားချက်များက အတွင်းနက်နက်ထိတိုင်မွှေနောက်နေသည်ကို တွေ့ရလေသည်။သေခြင်းတရား၏နတ်ဘုရားကဲ့သို့ ရူးသွပ်ကာ ကြောက်စရာကောင်းနေသည်။ သူကအရင်ကနှင့်ကွဲပြားနေပြီး ဝူရုန်၏အရှိန်အဝါမှာရုတ်တရက်ပြောင်းသွားသည်။ လျှို့ဟူထိုအရာကိုသတိထားမိချိန်တွင်သူ့ကမ္ဘာကြီး လည်သွားကာ သူ၏ဝိဉာဉ်မှာ ခန့်မှန်းမရသည့်ရေခဲတမျှအေးစက်ကာနာကျင်လှသောအရာတစ်ခုထံဖမ်းဆုပ်ခံလိုက်ရသည်။

    လျှို့ဟူတွေး တောချိန်မရ ဒဏ်ရာကိုပင်ဂရုမစိုက်နိုင်ပဲသူလက်ကျန်အသိတရားအားလုံးဖြင့် တဖက်သို့တိမ်းရှောင်လိုက်ရာ_ သူတိမ်းရှောင်မှုမှာလွယ်ကူပြီး သူတကိုယ်လုံးအလေးချိန်မရှိတော့သလိုခံစားလိုက်ရကာ 6,7မီတာ အကွာထိလွှင့်ထွက်သွားသည်။

    မဟုတ်ဘူး မဟုတ်သေးဘူး ဒါကမမှန်ဘူး။

    လျှို့ဟူအလိုအလျောက်သူ့ကိုယ်ထည်ကိုကြည့်လိုက်သောအခါ ၎င်းမှာ ဖောက်ထွင်းမြင်နေရပြီး သူအောက်ဘက်ရှိနီညိုရောက်မြေကြီးပေါ်ရောင်ပြန်နေသည်။ တက်တူးထဲမှနတ်ဆိုးခွေးတစ္ဆေမှာတချိန်တည်းမှာပဲခေါင်းမော့လာပြီး သူ့အားတစ္ဆေတစ်ကောင်မြင်လိုက်ရသကဲ့သို့ ကြည့်နေလေသည်။ မဟုတ် ၎င်းမှာ တက်တူးတစ်ခုနှင့်မတူတော့ပဲ သူ့ကိုယ်ထဲတွင်နစ်မြုတ်နေသည့်တကယ့်ခွေးတစ္ဆေတစ်ကောင်နှင့်ပိုတူလာသည်...

   ရေအေးတစ်ဇလုံ‌သူ့ခေါင်းပေါ်လောင်းချခံလိုက်ရသကဲ့သို့ လျှို့ဟူတုန်ယင်သွားသည်။ ၎င်းမှာအမြဲလိုလိုအေးစက်နေမြဲ။ သူ့တကိုယ်လုံး ဆောင်းရာသီ၌နှင်းတောထဲကိုယ်လုံးတီးနှစ်အပစ်ချခံလိုက်ရသလိုတုန်ယင်နေသည် __တကယ်လည်း ကိုယ်လုံးတီးဖြစ်နေတယ်ဆိုပေမယ့်ပေါ့။ နောက်တစ်ကြိမ်လျှို့ဟူ ဝူရုန်ကိုကြည့်လိုက်သည့်အခါတွင် သူ့မျက်လုံးများကျယ်သွားသည်။ ဝူရုန်သည်ပျော့ခွေကာအရိုးမရှိသကဲ့သို့ဖြစ်နေသည့်သူ့အား လက်ထဲကိုင်ထားသည် ထိုအရာမှာသူကိုယ်ထည်ဖြစ်သည်။

    လျှို့ဟူ၏ဝိဉာဉ်မှာ အရိုက်ခံပြိးနောက် ကိုယ်ထဲမှထွက်သွားကာ ဝူရုန်သည်သူကိုယ်ထည်မှခွဲထုတ်စေလိုက်ခြင်းဖြစ်သည်။

    အရာတိုင်းမှုရုတ်တရက်ဖြစ်သွားပြိး ထိုအခိုက်တန့်၌လျှို့ဟူပင်လျှင်အသိတရားပြန်မကပ်လာသေး သို့သော် ဝူရုန်၏လှုပ်ရှားမှုမှာချောမွေမြန်ဆန်လွန်းသဖြင့် တချက်မျှပင်မရပ်တန့်သွားခဲ့။ လေထဲမျောနေသောလျှို့ဟူကိုတချက်မျှစောင်းကြည့်လိုက်ပြိးနောက် မြောင်ဒေါင်ကို လက်ပြန်ဖြင့် ထုတ်ယူကာ လျှို့ဟူကိုယ်အားထပ်ခြမ်းခွဲလိုက်သည်။

    ဓားကြီးကြီးတစ်လက်က လျှို့ဟူဝိဉာဉ်အားဖြတ်တောက်လိုက်သကဲ့သို့ပင်။ ထိုနာကျင်မှုက သူ့အားတွန့်ကောက်လွန့်လူးစေကာ သူ့မျက်နှာတွင်မျက်ရည်နှင့်သွေးများ ဖုံးလွှမ်းနေ၍ နားကြွမတက်အော်သံနှင့်အော်ဟစ်လေသည်။

    "မလုပ်___!"

    မှတ်ဉာဏ်အပိုင်းစများထဲမှဝူရုန်နိုးထလာသည့်အခါတိုင်း လက်တွေနှင့် မှတ်ဉာဏ်များကြားသူသိပ်မကွဲပြားပေ။ မှတ်ဉာဏ်ထဲတွင်'သူ'သည် လျှို့ဟူကိုသတ်နေခြငဖြစ်သည်။ သူသည် လျှို့ဟူမှခွေးများအပေါ်အနိုင်ကျင့်သည်နည်းအားလုံးအား သူ့အပေါ်သုံးခဲ့ခြင်းဖြစ်၍ သေဆုံးသည်အထိညှင်းပန်းနိုပ်စက်ကာ ထိုနောက်သူ့ဝိဉာဉ်ကိုဆွဲထုတ်ပြီး  ခွေးတစ္ဆေလေးအားပေးကာ ဆွဲစုတ်ဝါးမြိုစေပြီး သူ့အတွက်လုံလောက်သောလက်စားချေမှုကိုလုပ်ပေးနေသည်။

    အချိန်တစ်ခုထိဤမှတ်ဉာဏ်များကမရပ်တန့်ဘူးဆိုကတည်းက ထိုထဲတွင်ပျော်လိုက်သည်ကအကောင်းဆုံးဖြစ်သည်။ ဝူရုန်သည်မှတ်ဉာဏ်တွေထဲရှိ သူ့ကိုယ်တိုင်ဆီမှ ရနိုင်သမျှနည်းလမ်းများစွာကိုရှာဖွေနေခဲ့ပြီး ပြင်းထန်သောတစ္ဆေအရှိန်အဝါနှင့်လူတစ်ယောက်၏ဝိဉာဉ်အားသုတ်သင်ခြင်းကဲသို့သောနည်းလမ်းမှာ ချောက်ကမ်းပါးအောက်ပြုတ်ကျစဉ်က သူကိုယ်ထဲမှဝိဉာဉ်ကို  ကလေးတစ္ဆေရိုက်ထုတ်လိုက်သည်နှင့်တူသည်။ ဝူရုန်ထိုနည်းလမ်းမှာ အသုံးဝင်သည်ဟုခံစားရသည်။ တစ္ဆေမွေးသူအများစုသည် သူ့တို့ကိုယ်မှဝိဉာဉ်ထွက်သွားပြိးနောက်တွင်အားနည်းသောအခြေနေသို့ကျရောက်သွားပြီး အလွယ်တကူတစ္ဆေအစားခံရမည်ဖြစ်သည်။

    ဝူရုန်သူသင်ယူခဲ့သမျှကိုအကုန်ပြန်အသုံးချခဲ့သည်။ ရင်ဆိုင်ရန်ခက်ခဲသည့်ရန်သူနဲ့ကြုံတွေ့သည့်အခါ သူတို့ကိုယ်ထဲမှဝိဉာဉ်ကိုဆွဲထုတ်ရန်နည်းလမ်းရှာ၍ သူအနိုင်ရနိုင်သည့်အဆင့်ထိရောက်အောင်ဆွဲချလိုက်သည်။

    မှတ်ဉာဏ်ကအဆုံးသတ်သွား၍ ဝူရုန်မျက်လုံးဖွင့်လိုက်သည့်တိုင် သူသည်တစ္ဆေတစ်ကောင်ဖြစ်နေသည်ဟုခံစားနေရစဲဖြစ်သည်။ လျှို့ဟူကိုသူမြင်လိုက်သည့်အခါ တုန့်ဆိုင်းမနေတော့ပဲ အစိုင်အခဲဖြစ်လောက်သည်အထိသိပ်သည်းလွန်းသောတစ္ဆေအရှိန်ဝါဖြင့်လျှို့ဟူကိုယ်မှဝိဉာဉ်ကိုဖြတ်တောက်လိုက်သည်။ ‌အဆုံးမှာတော့ ထိုမတိုင်မိကပင်သူသည်မှတ်ဉာဏ်ထဲနှစ်မြုပ်နေရင်း အတွေ့ကြုံရှိပြီးဖြစ်လေရာ ဤတစ်ကြိမ်တွင်တော့လေထဲတွင် လျှို့ဟူဝိဉာဉ်လွှင့်မြောနေသည့်ကိုအလျင်မြန်သတိထားမိသွားကာ သူဓားကိုဆွဲထုတ်ကာ သူကိုယ်ကိုခုတ်ပိုင်းခဲ့ခြင်းဖြစ်သည်။

    ဤကမ္ဘာမှလူများအတွပ်ဝိဉာဉ်မှာ ပင်မအရင်းအမြစ်ဖြစ်ပြိး ကိုယ်ထည်မှာ နေစရာနေရာတစ်ခုဖြစ်ကာ အိမ်ပိုင်ရှင်(သူတို့ကိုယ်တိုင်)သာမက အိမ်ငှား(တစ္ဆေများ)အတွက်နေစရာလည်းဖြစ်သေးသည်။

    ဝူရုန်သည်လျှို့ဟူဝိဉာဉ်အားဖျတ်ဆီး၍ သူ့ကိုယ်ထည်အားခုတ်ပိုင်းခဲ့ခြင်းဖြစ်သည်။ ပြောရလျှင် ဝူရုန်လုပ်လိုက်သည့်အရာမှာခြေမှုန်းရေးအဖွဲ့၏အလုပ်မျိုးဖြစ်သည်။

    လျှို့ဟူ၏အိမ် ပြိုပျက်သွားပြီဖြစ်သည်။

    "မလုပ်__!"

    လျှိုဟူမသက်မသာမြည်တမ်းလိုက်သည်။ သူသည် arhatတစ်ယောက်နှင့်တူကာ ရင်ဘက်တွင်ကြမ်းကြုတ်သည်ခွေးဝိဉာဉ်ကနစ်မြုပ်နေပြီး နောက်ကျောဘက်တွင်တော့မြေခွေးတစ်ကောင်၏ခေါင်းနစ်မြုပ်နေသည်။ အဖွဲ့ဝင်သုံးယောက်လုံး၏နေအိမ်ဖယ်ရှားခံရသဖြင့် ပြင်းထန်စွာတုန်ယင်ျနသည်။ ချင်းလင်းကူသည် အခုလေးတင် သူ၏သတိမပြုလိုက်မှုမှသူ့သခင်အားသတ်ပစ်လုနီးပါးဖြစ်သွားသည်ဟုခံစားမိနေကာ ကောင်းတာတခုခုလုပ်ချင်နေသည်။ သူသည်အကောင်းဆုံးကြိုးစား၍ လျှိုဟူအားကိုက်ဖြတ်ဆွဲဖြဲလေသည်။ ချင်းလင်းကူမှာ တစ္ဆေများအတွက်သဘာဝရန်သူဖြစ်သည်။ လျှို့ဟူမှာအဆုံးစွန်ရောက်နေလျက် လွတ်မြောက်စရာမရှိတော့ပေ။

    ထိုအချိန်တွင်ဝူရုန်သူ့လက်ကိုစိုက်ကြည့်နေသည်။ အခုလေးတင်လျှို့ဟူကိုချေမှုန်လိုက်သည့်သူ့လူပ်ရှားမှုမှာ ချော့မွေ့လွန်းကာ အခုမှသာဝူရုန်ရုတ်တရက်သူ့အသိပြန်ရလာခြင်းဖြစ်သည်။ သူသည်အခုတစ္ဆေတစ်ကောင်မဟုတ် တစ္ဆေစွမ်းအင်းကိုလှုံဆော်ရန် တစ္ဆေများစွာအားဝါးမြိုမထား ဒါဆို သူဘယ်လိုများသူ့ကိုယ်ထဲမှတစ္ဆေချီအမြောက်အများထုတ်သုံးလို့ရခဲ့ပါသနည်း။

    ဒါသည်သူ့ဘယ်လက်ဆီမှဖြစ်သည်။

    ဝူရုန်သည် သူ့ဘယ်လက်တစ္ဆေလက်အဖြစ်ပြောင်းသွားကြောင်းသတိပြုမိသည်။ သူအလျင်အမြန်ပင်တစ္ဆေကြီး၏အသိတရားကိုစူးစမ်းကြည့်သော်လည်း ထူထဲမွန်းကြပ်လွန်းလှသည့်သတ်ဖြတ်လိုစိတ်ကိုသာခံစားမိသည်။ အနွေးစီးကြောင်းတစ်ခုနှင့် ‌ကြက်သွေးရောင်အပိုင်းအစတစ်ခု။ သွေးများစိမ့်ထွက်လာကာ ဘယ်လက်မှ ကြက်သီးထဖွယ်အေးစက်မှုမှာရုတ်တရက် တန့်သွားပြီး မုန်တိုင်းမလာခင်တည်ငြိမ်မှုမျိုနှင့်ဆင်တူသည်။

    ၎င်းသည်သိပ်မကြာမီက တစ္ဆေများစွာကိုသတ်ဖြတ်ခဲ့ခြင်းကြောင့်လား သို့မဟုတ် တစ္ဆေကြီးဆာလောင်လာပြီး သွေးသောက်ချင်သောကြောင့်လား?

   ဝူရုန်ကြည့်ရသည်မှာအေးစက်၍ အလေးနက်ဖြစ်နေပြီး သူ့ဘယ်လက်အားတင်းကြပ်စွာကိုင်သည်။ ဤအချိန်တွင် သူ့ဘယ်လက်မှာမည့်သည့်ခံစားချက်မှမရှိ တစုံတစ်ယောက်၏လက်တစ်ခုဖြစ်နေသကဲ့သို့ပင်။ မဟုတ်၊ ဒါသည်တစ္ဆေကြီး၏တန်ပြန်သက်ရောက်မှုမဟုတ်။ သူ့ဘယ်လက်မှအေးစက်မှုမှာ သူ့ကိုယ်ပေါ်မှတခြားအစိတ်အပိုင်းများစီမပြန့်ပွားသွားခဲ့ ၎င်းသည်သူ့ကိုယ်ထည်ကိုခိုးယူနေသည်ဟုမဆိုလို။ ထိုအစား သိပ်သည်းနေမှုကိုဆွဲထုတ်ပေးနေသည့်ခံစားချက်မျိုးဖြစ်သည်။ ဝူရုန်နှလုံးလူပ်ရှားသွားကာရုတ်တရပ် အလွန်ပြင်းထန်သည့်စောင့်ကြည့်ခံရသောခံစားချက်မျိုးရလိုက်သည်။

    ဒါကဖြစ်နိုင်မလား.......

    တစ္ဆေကြီးထွက်လာတာများလား?

    ___

    စာရေးသူတွင်ပြောစရာရှိသည်။

    လျှို့ဟူ [ မျက်ရည်များကျဆင်းနေသောမျက်နှာဖြင့်] ငါအိမ်တစ်လုံးပြိုကျသွားတာမြင်လိုက်ပြိး ဟာသလုပ်ဖို့သွားခဲ့ပေမယ့် ငါ့ကိုယ်ပိုင်အိမ်ပြိုလဲသွားမယ်လို့မမျှော်လင့်ထားခဲ့ဘူး။

    ရှန်ရုန် ၊တိုက်ခိုကခြေမှုန်းရေးအသင်းခေါင်းဆောင် : ချေမှုန်းမှုကိုလေ့လာခြင်း၊ ရုန်ဂိုဏ်းထဲဝင်၊ အာ့တာကအကောင်းဆုံးနေရာပဲ! အိမ်ခြေရှစ်ရာလောက်ကသာမန်လိုပဲဖြိုဖျက်သွားပြီး ၎င်းသခင်နှစ်ရာခန့်မှာ ကျွမ်းကျင်သူများဖြစ်သည်! ရုန်ဂုဏ်းသည်ကြိးမားကာ ကမ္ဘာတဝှမ်း၌ကျောင်းသား၂၀၀,၀၀၀ရှိသည်။ ချေမှုန်းခြင်းနှင့်ပတ်သတ်၍လေ့လာရာ၍ အကျိုးကျေးဇူးကောင်းစွာရကာ အကျိုးကျေးဇူးများမှာလည်း များပြားလွန်းသည်ဟုပြောလို့ရသည်။ အလုပ်အကိုင်မှာတည်ငြိမ်၍ ဝင်ငွေမြင့်မားကာ တသက်တာအလုပ်ရရန်အတွက်အာမခံပါသည်။

    [ အလားလာအသစ်‌ကြေညာချက်မှ  ပြောင်းလဲပါ]

3301words
10:40Pm,Sat,Aug 19,2023.

|| Zawgyi ||

     ထိုေခြးတေစၧေလးကိုၾကည့္ရသည္မွာရင္းႏွီးေနပုံေပၚကာ ညစ္ပတ္ေသာေခြးေလးႏွင့္တူသည္။ သူမည္သည့္ညစ္ညမ္းသည့္အရာကိုစားလာသည္မသိသူပုံစံမွာ ပ်က္ယြင္းေနေလသည္။ ေခြးလို႔ေျပာရန္ပင္ခက္‌သည္။ သူ႔ကိုၾကည့္ရသည္မွာေသးငယ္ေသာ္လည္း အမွန္တကယ္ သူ႔ကိုယ္ေပၚမွတေစၧ‌အရွိန္အဝါကိုအကဲျဖတ္ရလၽွင္ ၎ မွာ နတ္ဆိုးဝိဉာဥ္အဆင့္ကိုေရာက္ေနၿပီး ဝူ႐ုန္ထက္ပင္စြမ္းအားႀကီးေနသျဖင့္ ထိုအခိုက္တန႔္မွာသူ႔အားနိုးထလာေအာင္လုပ္နိုင္ျခင္းျဖစ္သည္။

    ထိုမွစ၍ ဝူ႐ုန္ဘယ္ေနရာသို႔သြားသြား ေခြးတေစၧေလးမ်ားသူ႔ေနာက္လိုက္လာခဲ့ၿပီး ႐ူးသြပ္မႈထဲက်ေရာက္သည့္အခါတိုင္း သူအားကိုက္၍နိုးေလသည္။ သူဝူ႐ုန္စားရန္အတြက္ သန႔္စင္ေသာတေစၧပုံေဆာင္ခဲမ်ား စိတ္ဝိဉာဥ္ပစၥည္းမ်ား စိတ္ဝိဉာဥ္အပင္မ်ားကိုမည္သည္ေနရာကရွာခဲ့သည္မသိ။ ဝူ႐ုန္၏ဝိဉာဥ္တျဖည္းျဖည္းတိုးတက္လာကာ သူ၏အသိစိတ္အားအခ်ိန္အေတာ္ၾကာၾကာပို၍ထိန္းထားနိုင္ကာ သူကိုယ္ထဲတြင္ စြမ္းအားပိုပိုမ်ားမ်ား တေစၧစြမ္းအင္မ်ားအျဖစ္မ်ိဳးတူစုထားနိုင္ေလသည္။

    သူသည္အရင္ကတေစၧမ်ားစြာကိုဝါးၿမိဳခဲ့ၿပီး ျဖစ္ရာ ထပ္ၿပီး ေဂ်းမ်ားမေနေတာ့ကာ ရလာဒ္အေနျဖင့္ သူကိုယ္ထဲတြင္တေစၧစြမ္းအင္မ်ားအလြန္မ်ားျပားလာၿပီး ၎တို႔မွာ႐ူတ္ပြ၍ ဖရိုဖရဲျဖစ္ေနကာ ႐ုန္းႂကြမႈတိုင္းမွာ ျပင္းစြာေသာနာက်င္မႈကိုျဖစ္ေစသည္။ ဒါေပမယ့္တခ်ိန္တည္းမွာပင္ ဒါကပဲဝူ႐ုန္ပိုသန္မာလာေစသည့္အခ်က္ျဖစ္သည္။ တျဖည္းျဖည္းႏွင့္တေစၧခ်ီမ်ားကိုစစ္ထုတ္လိုက္ၿပီးေနာက္ တည္ရွိမႈရွိျခင္းမရွိျခင္းမ်ားျဖစ္ေနေသာ ခ်ီမ်ားထဲမွသန္စင္ေသာခ်ီမ်ားကိုစုေဆာင္းနိုင္လာသည္။ ၎သည္ ညနက္ႀကီးထဲရြံႏြံမ်ားေပၚေတြ႕ရေသာ မီးစုန္းကဲ့သို႔ အစိမ္းေရာင္ေတာက္ေနကာ တေစၧမ်ားအား ေကာင္းစြာနာက်င္ေစသည္။

    ထိုကဲ့သို႔တိုက္ခိုက္မႈမ်ိဳးႏွင့္ ဝူ႐ုန္လက္ထဲ၌ တေစၧမ်ားပိုပို၍ေသဆုံးလာေနၿပီး ဝူ႐ုန္မွစြန႔္ပစ္လိုက္ေသာေသာင္းေျပာင္းေထြလာတေစၧခ်ီမ်ားကို ေခြးတေစၧေလးမွ ဝါးၿမိဳလိုက္သည္။ သူကိုယ္ထည္မွာေဘာလုံးကဲ့သို႔ေဖာင္းကာေနၿပီး သူ၏တေစၧအရွိန္အဝါမွာလည္း အလြန္႔အလြန္မ်ားျပားလာသည္။သို႔ေသာ္ဘယ္လိုအေၾကာင္းတရားမ်ားျဖစ္လာျဖစ္လာသူသည္ ဝူ႐ုန္အား ပထမဆုံးေတြ႕စဥ္က ကဲ့သို႔ပင္ သစၥာရွိျမဲျဖစ္သည္။ သူ႔ကိုယ္ႏွင့္စိတ္ဝိဉာဥ္ထဲမွတေစၧခ်ီမ်ားကို လုံးဝထိန္းခ်ဳပ္သြား‌နိုင္သည့္အခ်ိန္တြင္ထပ္မံမနာက်င္ေတာ့ပဲ နတ္ဆိုးေခြးဝိဉာဥ္၏ဦးေခါင္းအာပြတ္သပ္ၿပီးေနာက္ ေပါ့ပါးစြာေျပာေလသည္။

   "ဘယ္သူက မင္းရန္သူလဲ?"

    ရက္စက္သည့္ေခြးမ်ားမွာေလထဲမွထြက္ေပၚလာျခင္းမဟုတ္ သူတို႔သည္လူမ်ားဖန္တီးခဲ့ျခင္းမဟုတ္လၽွင္ သူတို႔၏သိုဝွက္ထားေသာႀကီးမားလွသည့္အမုန္းတရားႏွင့္ အစြဲလန္းေၾကာင့္သာျဖစ္သည္။

    "ဝုတ္ ဝုတ္!"

   ၾကမ္းၾကဳတ္သည့္ေခြးမွာသူ‌ ေခါင္းကို ဝူ႐ုန္အား တိမ္းေစာင္းလ်က္ ႐ူတ္ေထြးေသာအၾကည့္ျဖင့္ၾကည့္‌လာသည္။ သူေဆာင့္ေၾကာင့္ထိုင္လိုက္ေသာအခါ ၎သည္ ဝူ႐ုန္နီးပါးရွည္လ်ားေလသည္။ တေစၧခ်ီႏွင့္နာက်ည္းမႈမ်ားကို ဝါးၿမိဳထားေသာေၾကာင့္ သူကိုယ္ေပၚတြင္အသားပိုမ်ားတစ္လုံးၿပီးတစ္လုံးထြက္လာ၍ အႁပြတ္လိုက္အခိုက္လိုက္တြဲက်ေနသည္။ ၾကည့္လိုက္လၽွင္ ၎သည္ ေၾကာက္စရာေကာင္း၍ မႏွစ္ၿမိဳ႕စရာမေကာင္းဆိုးဝါးႏွင့္တူေလသည္။ အေခါင္းေပါက္ကိုျဖတ္၍ အတြင္းထဲမွာအူႏွင့္အစာအိမ္မ်ားကိုပင္ျမင္နိုင္သည္။

   ၎မွာ သူကိုယ္ထဲရွိ နာက်ည္းမႈမ်ားကို ေဖာ္ေဆာင္ေနျခင္းျဖစ္သည္။ သူမေသခင္ကခံစားခဲ့ရသည့္ညႇင္းပန္းနိုပ္စက္မႈမွာေသၿပီးေနာက္ ျဖစ္လာမည့္တေစၧႏွင့္လည္းသက္ဆိုင္ေလသည္။ အခ်ိန္တိုင္းလိုလို နာက်ည္းခ်က္မ်ား မ်ားသထက္မ်ားလာကာ လက္စားေခ်မၿပိးမခ်င္းရပ္တန္သြားမည္မဟုတ္ေပ။ နတ္ဆိုးေခြးဝိဉာဥ္မွာ စကားမေျပာ ဝူ႐ုန္သည္ သူ႔ကိုယ္ေပၚမွ ယင္စြမ္းအင္မ်ားကိုဆုတ္ျဖဲ‌ကာ ျပည္ထြက္ေနေသာအညစ္ေၾကးအလႊာမ်ားၾကားတြင္ ေခြးေပါက္ေလး၏မ်က္လုံးမ်ားမွာဘအရင္ကလိုပင္ ၾကည္လင္ေနသည္။ ေျပာၾကသည္ကလူမ်ားမေသဆုံးမီေနာက္ဆုံးသူေတြ႕ခဲ့သည့္လူ၏ပုံရိပ္ကိုသူ႔တို႔မ်က္လုံးထင္ထင္က်န္ခဲ့ၾကသည္။ တေစၧေခြးတြင္လည္းထိုနည္းတူစြာပင္။ သူမ်က္လုံးမွတဆင့္ ဝူ႐ုန္သူ႔ကိုသတ္ခဲ့ေသာလူကိုေတြ႕ရသည္။

    ဒါကလၽွို႔ဟူျဖစ္သည္။

_____

    ထင္းကန္အက္ေၾကာင္းအတြင္း ေသြးျမစ္ေဘးတြင္ျဖစ္သည္။

    အခ်ိန္ဘယ္ေလာက္ကုန္သြားၿပီလဲ တစ္မိနစ္ ငါးမိနစ္? ဝူ႐ုန္သည္တခ်ိန္လုံးတိတ္တဆိတ္ ေနခဲ့ကာ အခုေလးတင္ လၽွို႔ဟူ ေႁမြစိမ္းႀကီး၏ရန္ေစာင္ခံသည့္အခ်ိန္ထိျဖစ္ကာ အစတည္းကပင္ ေအးေဆးတည္ၿငိမ္ဟန္ေဆာင္ထားရကာ ယခုသူ႔မ်က္ႏွာမွာ အစိမ္းမွအနီသို႔ေျပာင္းေနၿပီး လြန္စြာ႐ုပ္ဆိုးေနကာ တစုံတေယာက္ကိုရွာ၍စားခ်င္လုနီးပါး‌ျဖစ္ေနသည္။

    ဝူ႐ုန္ကဘာကိုေတြးေနတာလဲ? အခ်ိန္ဒီေလာက္အၾကာႀကီးသူဘာလို႔စကားမေျပာတာလဲ? စကားမေျပာပဲတိုက္ဖို႔စီစဥ္ေနတာလား ဒါမွမဟုတ္ တခုခုကိုလၽွို႔ဝွက္ႀကံစည္ေနတာမ်ားလား? တေစၧျမဴေတြထားခဲ့ၿပီး ဝူ႐ုန္ထြက္ေျပးသြားတာမ်ားလား?

   အခ်ိန္ေတၾကာလာတာနဲ႔အမၽွ လၽွို႔ဟူထိုသို႔ေတြးလာမိသည္။ ပထမေတာ့သူ၏ျပင္းထန္လွသည့္စိတ္ဆႏၵတို႔မွာ မ်ားစြာေပ်ာက္ကြယ္ေနေသာ္လည္း ထိုအေၾကာင္းကိုေတြးမိေလ တေစၧျမဴၾကားပုန္းကြယ္ေနေသာဝူ႐ုန္မ်က္ႏွာအားေတြးရခက္သည္ဟုခံစားလာမိသည္။

   ‌သူရဲ့ဝွက္ဖဲကိုဖုံးကြယ္ထားေသးတာျဖစ္နိုင္မလား  ဘယ္ေနရာမွထြက္လာမွန္းမသိရသည့္ဤေႁမြႀကီးကဲ့သို႔ပင္?

    လၽွို႔ဟူ၏မ်က္ႏွာအမူအရာမွာ မူန္မိူင္းေနၿပီး သူနက္နက္နဲနဲေတြးေတာေနသည္။ သူစိတ္ထဲမွေန၍ ျပန္ေနာက္ဆုတ္ရန္ ဝိုးတဝါးနိူးေဆာ္ေနေသာ္ျငားသူ မလုပ္ေဆာင္လို။ သူအသက္ျပင္းျပင္း႐ူသြင္းလိုက္ၿပီးေနာက္ သူ၏႐ူပ္ေထြးေသာအေတြးမ်ားကိုအတင္းဖိနိုပ္ခ်ေနၿပီး တည္ၿငိမ္ေအာင္အေကာင္းဆုံးႀကိဳးစားေနသည္။

    ႐ုတ္တရက္ လၽွို႔ဟူ ျပာလဲ့လဲ့အျဖဴေရာင္ တေစၧျမဴမ်ားေနာက္မွ စည္းခ်က္က် ၍ အလြန္ေပါ့ပါးသည့္ အသက္ရႈသံကိုၾကားလိုက္သည္။

    Hu__Fuu__

    Hu__Fuu__

    လၽွို႔ဟူပါးျပင္တြန႔္သြားကာ ႐ုတ္တရပ္ သူ႔ရင္ဘက္ေပၚမွ ေခြးတေစၧးတက္တူးသည္ေခါင္းေထာင္လာ၍ ပါးစပ္ကိုအက်ယ္ႀကီးဟလာသည္။ ေႁမြစိမ္းႀကီး၏သတိေပးေနမႈေအာက္တြင္ သူသည္ဝူ႐ုန္ရွိရာဘက္သို႔ျပင္းထန္စြာေျပးဝင္သြားၿပီးညႇီစြတ္စြတ္အနံ့ကိုထုတ္လိုက္သည္။ ေႁမြစိမ္းႀကီးသည္ ဝူ႐ုန္အေရွ႕ဘက္သို႔ခုန္ဝင္လာၿပီး ေပ်ာ့ေျပာင္းရလြယ္သည့္ၾကာပြတ္ကဲ့သို႔ ေႁမြလၽွာျဖင့္ သူ႔အားေလထဲသို႔ရိုက္ခ်လိုက္ကာ ေလျပင္းမ်ားကို ေပ်ာက္ကြယ္ေစလိုက္သည္။ သို႔ေသာ္၎မွာ လ်င္ျမန္လြန္းၿပီး ရင္သက္႐ူေမာဖြယ္ေလအလ်င္ႏွင္ဝူ႐ုန္ေရွ႕ျပန္ေရာက္လာကာ သူအေရွ႕ရွိ ျပာလဲ့လဲတေစၧျမဴျဖဴမ်ားကို မူတ္ထုတ္လိုက္သည္။ လၽွို႔ဟူ၏ႂကြက္သားမ်ားခ်က္ခ်င္းေတာင့္တင္းသြားကာ တိုက္ခိုက္ရန္အသင့္ျဖစ္ေနသည္ သို႔ေသာ္__

    မည္သည့္လၽွို႔ဝွက္ႀကံစည္မႈ ဝွက္ဖဲမွရွိမေနေပ။

    လၽွို႔ဟူသည္ ဝူ႐ုန္ထိုေနရာ၌မက္တပ္ရပ္ေနၿပီးသူမ်က္လုံးမ်ားပိတ္ထားကာ သူမ်က္ႏွာသြင္ျပင္မွာလည္း အိပ္ေနသကဲ့သို႔တည္ၿငိမ္ကာ အိေျႏၵမပ်က္ရွိေနသည္ကိုေတြ႕သြားသည္။ ႐ုတ္တရက္ေလွာင္ေျပာင္အနိုင္က်င့္ခံရသလိုလၽွို႔ဟူမ်က္လုံးမ်ားနီရဲသြားကာ သူ၏မ်က္ေထာင့္မ်ားကြဲထြက္ေနၿပီး အလြန္တရာရက္စက္ျပင္းထန္လာေနသည္။

    "ဝူ႐ုန္__!"

    ကတၱရာေရာင္တေစၧျမဴမ်ား မ်ားျပားလာၿပီး ေလျပင္းထဲတြင္ တေစၧမ်ားႏွင့္ဝံပုေလြမ်ားဟိန္းသံထြက္လာကာ အနက္ေရာင္ျမဴမ်ားထဲမွ တေစၧမ်ားတစ္ေကာင္ၿပီးတစ္ေကာင္ျဖတ္ေျပးထြက္လာသည္။ ဝူ႐ုန္ထိန္းမခ်ဳပ္ထားသည့္ ေႁမြစိမ္းႀကီးမွာ အင္အားအျပည့္ႏွင့္ေစာင့္ဆိုင္းေနၿပီး တိုက္ခိုက္ေျပးဝင္လာေနေသာတေစၧမ်ားကို တြန္ကာ စိုက္ၾကည့္ေနေသာ္လည္း သူမေမၽွာ္လင့္ထားသည္က  တေစၧနယ္ေျမမွသက္ဆင္းေပၚထြက္လာေသာ တအနက္ေရာင္တေစၧျမဴမ်ားမွာ  ဖုံးကြယ္ထား႐ုံသာျဖစ္ကာ စိတ္ဆိုးေဒါသလုံးဝဖုံးလႊမ္းထားခံရသည့္ လၽွို႔ဟူမွာ  ထိုအရာေပၚတက္နင္း၍ ဝူ႐ုန္အားတိုက္ခိုက္ေလသည္!။

    လၽွို႔ဟူ၏ေသြးထြက္ေနေသာမ်က္ႏွာမွ အနက္ေရာင္အေမႊးမ်ားထူထပ္စြာေပါက္ေနၿပီး အျဖဴေရာင္မ်က္သားမ်ားကဝါေနကာ သူမ်က္ဆံသည္ အပ္ထိပ္ကဲ့သို႔က်ဳံ႕ဝင္ေန၍ လက္သည္းမ်ားသည္ေခြးလက္သည္းမ်ားကဲ့သို႔ခၽြန္ထက္ေနလ်က္ သူသည္ အေလာင္းအဆိပ္ေၾကာင့္မဲနက္ေနကာ ဝူ႐ုန္ဘယ္လက္အား ျပင္းထန္စြာဆြဲယူလိုက္သည္။ အရင္တိုက္ခိုက္မယ္! ဝူ႐ုန္ဘယ္လက္သည္ ဒုကၡိတတေစၧကပ္တြယ္ေနရာ ေနရာျဖစ္ၿပီး ဤေနရာကဒဏ္ရာရသြားသေရြ႕ ဝူ႐ုန္တျခားေရွာင္ပုန္းနိုင္သည့္နည္းလမ္းကိုသုံးလၽွင္ေတာင္ တေစၧတန္ျပန္မႈကိုခံစားရမည္ျဖစ္သည္။

    ခ်င္းလင္းကူမွတုန္႔ျပန္လာၿပီး ေဒါသတႀကီးလၽွို႔ဟူအားကိုက္လိုက္ေသာ္လည္း ‌သူကေနာက္က်လြန္းသြားကာ လၽွို႔ဟူ၏ခၽြန္ထက္ေသာလက္သည္းမ်ားက ဝူ႐ုန္ဘယ္လက္ကိုထိသြားၿပီျဖစ္၍ သူသူ႔၏ေသြးစြန္းေနေသာပါးစပ္အား ဟလိုက္ကာ ဝူ႐ုန္ေခါင္းဆီသို႔ ေခြး႐ူးလို ေျပးကိုက္ေလသည္။ ထိုအခိုက္တန႔္တြင္ ဝူ႐ုန္ ႐ုတ္တရက္မ်က္လုံးပြင့္သြားၿပီး လက္တစ္ကမ္းအကြာ‌တြင္ရွိေနေသာလၽွို႔ဟူကိုေတြ႕လိုက္သည္။ အခုတြင္ခုခံရန္ေနာက္က်လြန္းသြားကာ လၽွို႔ဟူ၏မ်က္လုံးမ်ားထဲတြင္ ေကာက္က်စ္မႈမ်ားႏွင့္အစားထိုးဝင္ေရာက္ေန‌ ေသာ္လည္း တခ်ိဳ႕ေသာအေၾကာင္းျပခ်က္မ်ားေၾကာင့္ သူဆံပင္မွာ႐ုတ္တရက္ေထာင္ထသြားသည္။

    သားရိုင္းမ်ား၏အလိုအေလ်ာက္တုန႔္ျပန္မႈအရ ေသေရး‌ရွင္ေရးခံစားခ်က္ႀကီးႀကီးမားမားကေသျခင္းတရား၏အရိပ္တစ္ခုကဲ့သို႔ လၽွို႔ဟူစိတ္ထဲဝင္ေရာက္လာကာ သူဆံပင္ေမႊးမ်ားေထာင္ထသြားသည္။ လၽွို႔ဟူမွာဝူ႐ုန္ႏွင့္လြန္စြာနီးကပ္ေနၿပီး ႐ုတ္တရက္ႀကီး သူ၏နက္ေမွာင္ေအးစက္ေသာမ်က္လုံးမ်ားမွာ ပို၍ေသေစေလာက္သည့္ ျပင္းထန္ေသာခံစားခ်က္မ်ားက အတြင္းနက္နက္ထိတိုင္ေမႊေနာက္ေနသည္ကို ေတြ႕ရေလသည္။ေသျခင္းတရား၏နတ္ဘုရားကဲ့သို႔ ႐ူးသြပ္ကာ ေၾကာက္စရာေကာင္းေနသည္။ သူကအရင္ကႏွင့္ကြဲျပားေနၿပီး ဝူ႐ုန္၏အရွိန္အဝါမွာ႐ုတ္တရက္ေျပာင္းသြားသည္။ လၽွို႔ဟူထိုအရာကိုသတိထားမိခ်ိန္တြင္သူ႔ကမၻာႀကီး လည္သြားကာ သူ၏ဝိဉာဥ္မွာ ခန႔္မွန္းမရသည့္ေရခဲတမၽွေအးစက္ကာနာက်င္လွေသာအရာတစ္ခုထံဖမ္းဆုပ္ခံလိုက္ရသည္။

    လၽွို႔ဟူေတြး ေတာခ်ိန္မရ ဒဏ္ရာကိုပင္ဂ႐ုမစိုက္နိုင္ပဲသူလက္က်န္အသိတရားအားလုံးျဖင့္ တဖက္သို႔တိမ္းေရွာင္လိုက္ရာ_ သူတိမ္းေရွာင္မႈမွာလြယ္ကူၿပီး သူတကိုယ္လုံးအေလးခ်ိန္မရွိေတာ့သလိုခံစားလိုက္ရကာ 6,7မီတာ အကြာထိလႊင့္ထြက္သြားသည္။

    မဟုတ္ဘူး မဟုတ္ေသးဘူး ဒါကမမွန္ဘူး။

    လၽွို႔ဟူအလိုအေလ်ာက္သူ႔ကိုယ္ထည္ကိုၾကည့္လိုက္ေသာအခါ ၎မွာ ေဖာက္ထြင္းျမင္ေနရၿပီး သူေအာက္ဘက္ရွိနီညိဳေရာက္ေျမႀကီးေပၚေရာင္ျပန္ေနသည္။ တက္တူးထဲမွနတ္ဆိုးေခြးတေစၧမွာတခ်ိန္တည္းမွာပဲေခါင္းေမာ့လာၿပီး သူ႔အားတေစၧတစ္ေကာင္ျမင္လိုက္ရသကဲ့သို႔ ၾကည့္ေနေလသည္။ မဟုတ္ ၎မွာ တက္တူးတစ္ခုႏွင့္မတူေတာ့ပဲ သူ႔ကိုယ္ထဲတြင္နစ္ျမဳတ္ေနသည့္တကယ့္ေခြးတေစၧတစ္ေကာင္ႏွင့္ပိုတူလာသည္...

   ေရေအးတစ္ဇလုံ‌သူ႔ေခါင္းေပၚေလာင္းခ်ခံလိုက္ရသကဲ့သို႔ လၽွို႔ဟူတုန္ယင္သြားသည္။ ၎မွာအျမဲလိုလိုေအးစက္ေနျမဲ။ သူ႔တကိုယ္လုံး ေဆာင္းရာသီ၌ႏွင္းေတာထဲကိုယ္လုံးတီးႏွစ္အပစ္ခ်ခံလိုက္ရသလိုတုန္ယင္ေနသည္ __တကယ္လည္း ကိုယ္လုံးတီးျဖစ္ေနတယ္ဆိုေပမယ့္ေပါ့။ ေနာက္တစ္ႀကိမ္လၽွို႔ဟူ ဝူ႐ုန္ကိုၾကည့္လိုက္သည့္အခါတြင္ သူ႔မ်က္လုံးမ်ားက်ယ္သြားသည္။ ဝူ႐ုန္သည္ေပ်ာ့ေခြကာအရိုးမရွိသကဲ့သို႔ျဖစ္ေနသည့္သူ႔အား လက္ထဲကိုင္ထားသည္ ထိုအရာမွာသူကိုယ္ထည္ျဖစ္သည္။

    လၽွို႔ဟူ၏ဝိဉာဥ္မွာ အရိုက္ခံၿပိးေနာက္ ကိုယ္ထဲမွထြက္သြားကာ ဝူ႐ုန္သည္သူကိုယ္ထည္မွခြဲထုတ္ေစလိုက္ျခင္းျဖစ္သည္။

    အရာတိုင္းမႈ႐ုတ္တရက္ျဖစ္သြားၿပိး ထိုအခိုက္တန႔္၌လၽွို႔ဟူပင္လၽွင္အသိတရားျပန္မကပ္လာေသး သို႔ေသာ္ ဝူ႐ုန္၏လႈပ္ရွားမႈမွာေခ်ာေမြျမန္ဆန္လြန္းသျဖင့္ တခ်က္မၽွပင္မရပ္တန႔္သြားခဲ့။ ေလထဲေမ်ာေနေသာလၽွို႔ဟူကိုတခ်က္မၽွေစာင္းၾကည့္လိုက္ၿပိးေနာက္ ေျမာင္ေဒါင္ကို လက္ျပန္ျဖင့္ ထုတ္ယူကာ လၽွို႔ဟူကိုယ္အားထပ္ျခမ္းခြဲလိုက္သည္။

    ဓားႀကီးႀကီးတစ္လက္က လၽွို႔ဟူဝိဉာဥ္အားျဖတ္ေတာက္လိုက္သကဲ့သို႔ပင္။ ထိုနာက်င္မႈက သူ႔အားတြန႔္ေကာက္လြန႔္လူးေစကာ သူ႔မ်က္ႏွာတြင္မ်က္ရည္ႏွင့္ေသြးမ်ား ဖုံးလႊမ္းေန၍ နားႂကြမတက္ေအာ္သံႏွင့္ေအာ္ဟစ္ေလသည္။

    "မလုပ္___!"

    မွတ္ဉာဏ္အပိုင္းစမ်ားထဲမွဝူ႐ုန္နိုးထလာသည့္အခါတိုင္း လက္ေတြႏွင့္ မွတ္ဉာဏ္မ်ားၾကားသူသိပ္မကြဲျပားေပ။ မွတ္ဉာဏ္ထဲတြင္'သူ'သည္ လၽွို႔ဟူကိုသတ္ေနျခငျဖစ္သည္။ သူသည္ လၽွို႔ဟူမွေခြးမ်ားအေပၚအနိုင္က်င့္သည္နည္းအားလုံးအား သူ႔အေပၚသုံးခဲ့ျခင္းျဖစ္၍ ေသဆုံးသည္အထိညႇင္းပန္းနိုပ္စက္ကာ ထိုေနာက္သူ႔ဝိဉာဥ္ကိုဆြဲထုတ္ၿပီး  ေခြးတေစၧေလးအားေပးကာ ဆြဲစုတ္ဝါးၿမိဳေစၿပီး သူ႔အတြက္လုံေလာက္ေသာလက္စားေခ်မႈကိုလုပ္ေပးေနသည္။

    အခ်ိန္တစ္ခုထိဤမွတ္ဉာဏ္မ်ားကမရပ္တန႔္ဘူးဆိုကတည္းက ထိုထဲတြင္ေပ်ာ္လိုက္သည္ကအေကာင္းဆုံးျဖစ္သည္။ ဝူ႐ုန္သည္မွတ္ဉာဏ္ေတြထဲရွိ သူ႔ကိုယ္တိုင္ဆီမွ ရနိုင္သမၽွနည္းလမ္းမ်ားစြာကိုရွာေဖြေနခဲ့ၿပီး ျပင္းထန္ေသာတေစၧအရွိန္အဝါႏွင့္လူတစ္ေယာက္၏ဝိဉာဥ္အားသုတ္သင္ျခင္းကဲသို႔ေသာနည္းလမ္းမွာ ေခ်ာက္ကမ္းပါးေအာက္ျပဳတ္က်စဥ္က သူကိုယ္ထဲမွဝိဉာဥ္ကို  ကေလးတေစၧရိုက္ထုတ္လိုက္သည္ႏွင့္တူသည္။ ဝူ႐ုန္ထိုနည္းလမ္းမွာ အသုံးဝင္သည္ဟုခံစားရသည္။ တေစၧေမြးသူအမ်ားစုသည္ သူ႔တို႔ကိုယ္မွဝိဉာဥ္ထြက္သြားၿပိးေနာက္တြင္အားနည္းေသာအေျခေနသို႔က်ေရာက္သြားၿပီး အလြယ္တကူတေစၧအစားခံရမည္ျဖစ္သည္။

    ဝူ႐ုန္သူသင္ယူခဲ့သမၽွကိုအကုန္ျပန္အသုံးခ်ခဲ့သည္။ ရင္ဆိုင္ရန္ခက္ခဲသည့္ရန္သူနဲ႔ၾကဳံေတြ႕သည့္အခါ သူတို႔ကိုယ္ထဲမွဝိဉာဥ္ကိုဆြဲထုတ္ရန္နည္းလမ္းရွာ၍ သူအနိုင္ရနိုင္သည့္အဆင့္ထိေရာက္ေအာင္ဆြဲခ်လိုက္သည္။

    မွတ္ဉာဏ္ကအဆုံးသတ္သြား၍ ဝူ႐ုန္မ်က္လုံးဖြင့္လိုက္သည့္တိုင္ သူသည္တေစၧတစ္ေကာင္ျဖစ္ေနသည္ဟုခံစားေနရစဲျဖစ္သည္။ လၽွို႔ဟူကိုသူျမင္လိုက္သည့္အခါ တုန႔္ဆိုင္းမေနေတာ့ပဲ အစိုင္အခဲျဖစ္ေလာက္သည္အထိသိပ္သည္းလြန္းေသာတေစၧအရွိန္ဝါျဖင့္လၽွို႔ဟူကိုယ္မွဝိဉာဥ္ကိုျဖတ္ေတာက္လိုက္သည္။ ‌အဆုံးမွာေတာ့ ထိုမတိုင္မိကပင္သူသည္မွတ္ဉာဏ္ထဲႏွစ္ျမဳပ္ေနရင္း အေတြ႕ၾကဳံရွိၿပီးျဖစ္ေလရာ ဤတစ္ႀကိမ္တြင္ေတာ့ေလထဲတြင္ လၽွို႔ဟူဝိဉာဥ္လႊင့္ေျမာေနသည့္ကိုအလ်င္ျမန္သတိထားမိသြားကာ သူဓားကိုဆြဲထုတ္ကာ သူကိုယ္ကိုခုတ္ပိုင္းခဲ့ျခင္းျဖစ္သည္။

    ဤကမၻာမွလူမ်ားအတြပ္ဝိဉာဥ္မွာ ပင္မအရင္းအျမစ္ျဖစ္ၿပိး ကိုယ္ထည္မွာ ေနစရာေနရာတစ္ခုျဖစ္ကာ အိမ္ပိုင္ရွင္(သူတို႔ကိုယ္တိုင္)သာမက အိမ္ငွား(တေစၧမ်ား)အတြက္ေနစရာလည္းျဖစ္ေသးသည္။

    ဝူ႐ုန္သည္လၽွို႔ဟူဝိဉာဥ္အားဖ်တ္ဆီး၍ သူ႔ကိုယ္ထည္အားခုတ္ပိုင္းခဲ့ျခင္းျဖစ္သည္။ ေျပာရလၽွင္ ဝူ႐ုန္လုပ္လိုက္သည့္အရာမွာေျခမႈန္းေရးအဖြဲ႕၏အလုပ္မ်ိဳးျဖစ္သည္။

    လၽွို႔ဟူ၏အိမ္ ၿပိဳပ်က္သြားၿပီျဖစ္သည္။

    "မလုပ္__!"

    လၽွိုဟူမသက္မသာျမည္တမ္းလိုက္သည္။ သူသည္ arhatတစ္ေယာက္ႏွင့္တူကာ ရင္ဘက္တြင္ၾကမ္းၾကဳတ္သည္ေခြးဝိဉာဥ္ကနစ္ျမဳပ္ေနၿပီး ေနာက္ေက်ာဘက္တြင္ေတာ့ေျမေခြးတစ္ေကာင္၏ေခါင္းနစ္ျမဳပ္ေနသည္။ အဖြဲ႕ဝင္သုံးေယာက္လုံး၏ေနအိမ္ဖယ္ရွားခံရသျဖင့္ ျပင္းထန္စြာတုန္ယင္်နသည္။ ခ်င္းလင္းကူသည္ အခုေလးတင္ သူ၏သတိမျပဳလိုက္မႈမွသူ႔သခင္အားသတ္ပစ္လုနီးပါးျဖစ္သြားသည္ဟုခံစားမိေနကာ ေကာင္းတာတခုခုလုပ္ခ်င္ေနသည္။ သူသည္အေကာင္းဆုံးႀကိဳးစား၍ လၽွိုဟူအားကိုက္ျဖတ္ဆြဲျဖဲေလသည္။ ခ်င္းလင္းကူမွာ တေစၧမ်ားအတြက္သဘာဝရန္သူျဖစ္သည္။ လၽွို႔ဟူမွာအဆုံးစြန္ေရာက္ေနလ်က္ လြတ္ေျမာက္စရာမရွိေတာ့ေပ။

    ထိုအခ်ိန္တြင္ဝူ႐ုန္သူ႔လက္ကိုစိုက္ၾကည့္ေနသည္။ အခုေလးတင္လၽွို႔ဟူကိုေခ်မႈန္လိုက္သည့္သူ႔လူပ္ရွားမႈမွာ ေခ်ာ့ေမြ႕လြန္းကာ အခုမွသာဝူ႐ုန္႐ုတ္တရက္သူ႔အသိျပန္ရလာျခင္းျဖစ္သည္။ သူသည္အခုတေစၧတစ္ေကာင္မဟုတ္ တေစၧစြမ္းအင္းကိုလႈံေဆာ္ရန္ တေစၧမ်ားစြာအားဝါးၿမိဳမထား ဒါဆို သူဘယ္လိုမ်ားသူ႔ကိုယ္ထဲမွတေစၧခ်ီအေျမာက္အမ်ားထုတ္သုံးလို႔ရခဲ့ပါသနည္း။

    ဒါသည္သူ႔ဘယ္လက္ဆီမွျဖစ္သည္။

    ဝူ႐ုန္သည္ သူ႔ဘယ္လက္တေစၧလက္အျဖစ္ေျပာင္းသြားေၾကာင္းသတိျပဳမိသည္။ သူအလ်င္အျမန္ပင္တေစၧႀကီး၏အသိတရားကိုစူးစမ္းၾကည့္ေသာ္လည္း ထူထဲမြန္းၾကပ္လြန္းလွသည့္သတ္ျဖတ္လိုစိတ္ကိုသာခံစားမိသည္။ အေႏြးစီးေၾကာင္းတစ္ခုႏွင့္ ‌ၾကက္ေသြးေရာင္အပိုင္းအစတစ္ခု။ ေသြးမ်ားစိမ့္ထြက္လာကာ ဘယ္လက္မွ ၾကက္သီးထဖြယ္ေအးစက္မႈမွာ႐ုတ္တရက္ တန႔္သြားၿပီး မုန္တိုင္းမလာခင္တည္ၿငိမ္မႈမ်ိဳႏွင့္ဆင္တူသည္။

    ၎သည္သိပ္မၾကာမီက တေစၧမ်ားစြာကိုသတ္ျဖတ္ခဲ့ျခင္းေၾကာင့္လား သို႔မဟုတ္ တေစၧႀကီးဆာေလာင္လာၿပီး ေသြးေသာက္ခ်င္ေသာေၾကာင့္လား?

   ဝူ႐ုန္ၾကည့္ရသည္မွာေအးစက္၍ အေလးနက္ျဖစ္ေနၿပီး သူ႔ဘယ္လက္အားတင္းၾကပ္စြာကိုင္သည္။ ဤအခ်ိန္တြင္ သူ႔ဘယ္လက္မွာမည့္သည့္ခံစားခ်က္မွမရွိ တစုံတစ္ေယာက္၏လက္တစ္ခုျဖစ္ေနသကဲ့သို႔ပင္။ မဟုတ္၊ ဒါသည္တေစၧႀကီး၏တန္ျပန္သက္ေရာက္မႈမဟုတ္။ သူ႔ဘယ္လက္မွေအးစက္မႈမွာ သူ႔ကိုယ္ေပၚမွတျခားအစိတ္အပိုင္းမ်ားစီမျပန႔္ပြားသြားခဲ့ ၎သည္သူ႔ကိုယ္ထည္ကိုခိုးယူေနသည္ဟုမဆိုလို။ ထိုအစား သိပ္သည္းေနမႈကိုဆြဲထုတ္ေပးေနသည့္ခံစားခ်က္မ်ိဳးျဖစ္သည္။ ဝူ႐ုန္ႏွလုံးလူပ္ရွားသြားကာ႐ုတ္တရပ္ အလြန္ျပင္းထန္သည့္ေစာင့္ၾကည့္ခံရေသာခံစားခ်က္မ်ိဳးရလိုက္သည္။

    ဒါကျဖစ္နိုင္မလား.......

    တေစၧႀကီးထြက္လာတာမ်ားလား?

    ___

    စာေရးသူတြင္ေျပာစရာရွိသည္။

    လၽွို႔ဟူ [ မ်က္ရည္မ်ားက်ဆင္းေနေသာမ်က္ႏွာျဖင့္] ငါအိမ္တစ္လုံးၿပိဳက်သြားတာျမင္လိုက္ၿပိး ဟာသလုပ္ဖို႔သြားခဲ့ေပမယ့္ ငါ့ကိုယ္ပိုင္အိမ္ၿပိဳလဲသြားမယ္လို႔မေမၽွာ္လင့္ထားခဲ့ဘူး။

    ရွန္႐ုန္ ၊တိုက္ခိုကေျခမႈန္းေရးအသင္းေခါင္းေဆာင္ : ေခ်မႈန္းမႈကိုေလ့လာျခင္း၊ ႐ုန္ဂိုဏ္းထဲဝင္၊ အာ့တာကအေကာင္းဆုံးေနရာပဲ! အိမ္ေျခရွစ္ရာေလာက္ကသာမန္လိုပဲၿဖိဳဖ်က္သြားၿပီး ၎သခင္ႏွစ္ရာခန႔္မွာ ကၽြမ္းက်င္သူမ်ားျဖစ္သည္! ႐ုန္ဂုဏ္းသည္ႀကိးမားကာ ကမၻာတဝွမ္း၌ေက်ာင္းသား၂၀၀,၀၀၀ရွိသည္။ ေခ်မႈန္းျခင္းႏွင့္ပတ္သတ္၍ေလ့လာရာ၍ အက်ိဳးေက်းဇူးေကာင္းစြာရကာ အက်ိဳးေက်းဇူးမ်ားမွာလည္း မ်ားျပားလြန္းသည္ဟုေျပာလို႔ရသည္။ အလုပ္အကိုင္မွာတည္ၿငိမ္၍ ဝင္ေငြျမင့္မားကာ တသက္တာအလုပ္ရရန္အတြက္အာမခံပါသည္။

    [ အသစ္အသစ္ေသာအလားလာရွိသည့္ေၾကညာမႈမွ ေျပာင္းလဲပါ]

3301words
10:40Pm,Sat,Aug 19,2023.
   
   

Continue Reading

You'll Also Like

17.9K 498 26
Levy and Juvia are being ignored by Fairy Tail, ever since the GMG .The only people who pay attention to them are Master Mackarov , Mira, Wendy, Erz...
753K 25.8K 149
Urban legends and myths from around the world will be published here.
247K 2.9K 150
I'm going to try my best to represent them but I hope you like it
19.5K 3.2K 34
MM Translation Unicode and Zawgyi are available. Update: 3 parts per week (Tue, thus, sat)