|| Unicode||
တချိန်တည်းမှာပင် မီးတောက်အရှိန်မှာနီးသထက်နီးလာနေသည်။ ကျန့်ယန်မီးလွှမ်းမိူမှုအောက်တွင်သူ၏တစ္ဆေနယ်မြေမှာလူပ်ခါနေပြီဖြစ်ကြောင်း လျှို့ဟူခံစားရနေသည်။ ၎င်းသည် လေးထပ်လုံးကိုအပိုင်သိမ်းထားရာမှ အမျိုးသမီးအိမ်သာတခုသာကျန်ဖုံးလွှမ်းနိုင်သည့်အနေထားထိကျုံသွားကာ ဆက်လက်မှိန်ဖျော့လာပြီး မကြာခင်ပျက်ဆီးတော့မည်ဖြစ်သည်။
"ချီးပဲ သေစမ်း!"
ဤကဲ့သို့အရူပ်ထွေးထဲသူဘယ်လိုဝင်ရောက်သွားသည်ကိုလျှို့ဟူမသိတော့။ သိသိသာသာကို ရှေ့ဆက်သွားမည့်အစီစဉ်တွေကချောမွေ့နေခဲ့တာဖြစ်သည်။ ခန်ကျင်းကိုသူအရူးလုပ်နိုင်ခဲ့သည်။ အဆုံးသတ်ကိုသူမြင်ခဲ့ပြီး သူအစကပင် ဝူရုန်ကိုသတ်ပစ်ချင်ခဲ့သည်။ ဘယ်သူကထင်မလဲ ချီဖန်ဖန်းက ဆုကျင်းကျင်းကိုသတ်လိုက်မည်ဆိုသည်ကို။ အာ့နောက်မှာတော့သူ၏ကံကောင်းမှုကကုန်ခမ်းသွားပုံရသည်။
ပထမအနေနှင့် ချီဖန်းဖန်းတွင်ပြဿနာရှိသည်။ ထိုအရာမှာ သာမနိအမျိုးသမီးအထက်တန်းကျောင်းသူမဟုတ်။ ထပ်ခါဖပ်ခ်ဖြစ်နေသောသမိုင်း၏ကတိကဝတ်မှာ *စားခံလိုက်ရပြီးနောက် တစ္ဆေအစာအိမ်ထဲထဲရောက်သွားလေသည်*( ပြင်ဆင်ထားသောတရုတ်စကားပုံ [Xကအစားခံလိုက်ရပြီး ခွေးအစာအိမ်၌အဆုံးသတ်သွားသွားသည်] ကတိစကားမတည်သည့်အခါသုံးသည့် ဥပစာစကား] )။ အထူးသဖြင့် သူမဝူရုန်အားကပ်တွယ်နေသောမျက်လုံးများဖြင့်ကြည့်သောအခါ လျှို့ဟူနောက်ကျောတွင် ကြက်သီးများပင်ထလာလေသည်။ သူသည် တစ္ဆေမီးနှင့် ကတ္တရာစေးမကောင်းဆိုးဝါးတို့အား အာရုံမတက်မှီထိသွားနိုင်အောင်များစွာပြင်ဆင်ထားခဲ့သည်။
တချိန်တည်းမှာပင် သွေးအနှစ်များ ရေဆိုးပိုက်ထဲပြန်ရောက်သွားပြီး ချီဖန်းဖန်း၏အသိတရားမှာလည်း လွင့်စင်သွားကာ သူမကိုသတ်ဖြတ်လေသည်။
ဒီသောက်တာအိုမှာ ဘယ်လိုကြောင့်ကျန့်ယန်မီးရှိနေရတာလဲ! ဒါအပြင့်သူ့အရှေ့မှာ မြည်းကတုံးက ကျမ်းစာရွတ်နေပြီး သူတို့အားလုံးသူကိုဆန့်ကျင်နေတယ်ပေါ့!
တွေးကြည့်မှ ချီဖန်းဖန်း၏ပြောင်းလဲမှုမှာဝူရုန်မှစတင်ခဲ့ပြီး တာအိုသည်လည်း ဝူရုန်၏အပေါင်းအပါဖြစ်သည်။ လျှို့ဟူမှာစိတ်တိုရလွန်းမောပန်းနေပြီဖြစ်သည်။ အနည်းငယ်သောအကြောက်တရားနှင့် ထိတ်လန့်မှုက သူ့နှလုံးသားထဲမြင့်တက်လာနေသည်။ ဝူရုန်၏မွေးဖွားလာမှုကသူ့ကိုအနိုင်ယူနိုင်ပြီး သူ သူနှင့်တွေ့သည့်အခါတိုင်းကံဆိုးနေတာများလား?
ယနေ့ညတော့ကျရူံးသွားလေပြီ။ လျှို့ဟူသူ့ကိုယ်ပိုင်ထွက်ပေါက်အတွက်အစီစဉ်ချရန်ကြိုးစားနေသော်လည်း ပိုကြိုးစားလေ ပိုစိတ် ခြောက်ခြားမိလေဖြစ်သည်။ ဒါသည် သူ့အရှေ့တွင်ဝံပုလွေရှိပြီး နောက်တွင်ကျားရှိနေခြင်းဖြစ်နေကာ ဒီညဤနေရာတွင်သူ့အသက်အဆုံးသတ်နိုင်သော်လည်း လျှို့ဟူမှာကံစီမံရာကိုလက်ခံမည့်သူမျိုးမဟုတ်!သူသည်မျှော်လင့်ချက်မဲ့နေသောအခြေနေမျိုးတွင် ပို၍ရက်စက်ရမ်းကားကာ ရူးသွပ်နိုင်လေသည်။ သူ့ဘယ်လက်မှာကျားလက်ဝါးကဲ့သို့ ကွေးသွား၍ သူအသွင်ပြင်သည် ကြောက်စရာကောင်းစွာတွန့်ခေါက်နေသည်။ သူသည် ဒယ်စောက်ကိုဖျတ်၍ လှေကိုနစ်မြုတ်မည့်တော့မည်ဖြစ်ကာ သို့သော် ထိုခဏ၌___
Boom!!!
လေလိူင်းများနေရာတိုင်းသို့ နားအူလောက်ဖွယ်အသံများဖြင့်ပျံနှံ့ပေါက်ကွဲထွက်လာကာ အမျိုးသမီးအိမ်သာကိုလွှမ်းခြုံထားသောတစ္ဆေနယ်မြေမှာလည်းပေါက်ကွဲထွက်သွားသည်။ တန်ပြန်မှုသည် လျှို့ဟူရင်ဘက်ဆီသို့တူနှင့်အထုခံလိုက်ရသကဲ့သို့ ရိုက်ခက်သွားကာ သွေးအန်လေတော့သည်။ သူမျက်နှာသည် ထူးဆန်စွာနီရဲနေသည်။ လေလှိုင်းသည် သူ့ကိုနံရံဆီသို့ပစ်ရိုက်မိစေပြီးနောက် အက်ကြောင်းတစ်ခုပျံ့နှံ့လာသည်။ ထိုထိချက်မှာလျှို့ဟူအားမူးဝေစေကာ သတိလစ်လုနီးပါးဖြစ်စေသည်။
"အိုး ထင်းကန်အက်ကြောင်းပွင့်သွားပြီပဲ!"
သူ့ရင်ဘက်ထဲမှအသက်ရူသံမှာ သူ့ကိုသတိလစ်နေရာမှပြန်ဆွဲခေါ်လာပေးသည်။ သစ်သာငါးနှင့် ဘုန်းကြီးသည်လည်း ဒွါရခုနှစ်ပေါက်စီမှသွေးများထွက်နေလျက် သူမျက်နှာမှာရွှေရောင်စာရွက်ကဲ့သို့ ဒဏ်ရာရနေလေသည်။ သို့သော်သူလျှို့ဟူကိုလျစ်လျူရှု၍ ပေါက်ကွဲမှု၏ဗဟိုကိုသာစိုက်ကြည့်နေသည်။ သူပြေးဝင်သွားချင်သော်လည်း နောက်ထပ်လေပူလှိုင်းဒဏ်ကိုမခုခံနိုင်တော့ပေ။ သူသည်နံရံဆီဖြတ်ရိုက်ခံလိုက်ရပြီးလျှို့ဘူဘေးသို့ကျသွားလေသည် "မြန်မြန်ရပ်__"
ထင်းကန်အက်ကြောင်းမှာပွင့်တော့မည်ဖြစ်သည်။
လျှို့ဟူသည်ထိုထဲမှ သိပ်သည်းလှသေးယင်ချီကိုခံစားမိနေသည်။ သူတစုံတရာကိုတွေးလိုက်သည်။ သူအသက်ရူနူန်းမှာနှေးကွေးနေကာ နှလုံးမှာပြင်းထန်စွာခုန်နေပြီး ရင်ဘက်ထဲကထွက်တော့မယောင်ဖြစ်နေသည်။ ထိုခဏ၌ ယင်ချီစီးကြောင်းမှာဘယင်ချီဝဲထက်ပိုပြင်းထန်လေသည်။ ဒါကသူနောက်ဆုံးအခွင့်ရေးပဲ! ယင်ချီလုံလောက်သည့်အထိပြင်းထန်လာသောအခါသူတိတ်တဆိတ် ဖြင့် လက်ဖဝါးတဝက်စာထက်မကြီး သော မြေခွေးရုပ်ထုလေးကို သူလက်မောင်းမှထုတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မမြင်နိုင်သောလမ်းကြောင်းတစ်ခုမှကမ္ဘာနှစ်ခုကိုချိတ်ဆက်လိုက်သဖြင့် များပြားလာသောယင်ချီစီးကြောင်းသည်နေရာလပ်ကိုဆုတ်ဖြဲပြီး ကျိုးပေါက်သည့်နေရာတစ်ခုကိုတွေ့သွားသကဲ့သို့ မြေခွေးရုပ်ထဲတိုးဝင်သွားကြသည်။
"မဖြစ်ဘူး!!!"
ဒေါသပြင်းထန်၍နာကျည်းချက်အပြည့်နှင့်အော်မြည်သံတစ်ခု စီးကြောင်းထဲမှထွက်လာကာ သူ၏ဒေါသမှာအမြင့်ဆုံးထိရောက်သွားကာ " မင်းကိုသတ်မယ်! မင်းကိုငါသတ်ပစ်မယ်!!!"
Boom!
မိုးကြိုးပစ်သံမှာ ကျောင်းဝန်းတစ်ခုလူံမြည်ဟည်းသွားပြီးဒဏ်ရာများနှင့်ခန်ကျင်းပိုင်သည် ထိတ်လန်မှု စိတ်ဖိစီးမှုဖြင့်အသံပင်ပျောက်သွားတာ "ကြောက်စရာပဲ!"သူဘေးမှာသူသည်တချက်လေးပင်ရပ်မသွားပဲ လှေကားပေါ်တက်သွားကာ သူ၏အရှိန်အဟုတ်မှာကျောချမ်းဖွယ်ကောင်းလှပြီး ညစ်ထေးနေသောယင်ချီများသူဆီတိူဝင်လာနေသည်ကို ဘာမှမဟုတ်သလို လျစ်လျူရှူထားလေသည်။ ကျန့်ယန်မီးရှိနေသေယနေရာသို့ရောက်လာသောယင်ချီများမှာပျံ့ကျဲသွားပြီးတစ္ဆေများလည်နောက်ဆုတ်သွားကြသည်။ ခန်ကျင်းပိုင်မှာလိုက်မှီရတ်အမြန်ပြေးသွားသည်။ သို့သော် သူတို့အနည်းငယ်နောက်ကျသွားပြီးလေးလွှာသို့ဦးတည်နေသောလှေကားထစ်ပေါ်တွင်ရပ်တန့်သွားသည်။ ခန်ကျင်းပိုင်ပင့်သက်ရှိုက်လိုက်သည်။
အမျိုးသမီးအိမ်သာအပါအဝင်ပတ်ဝန်းကျင်ရှိအိပ်ခန်းများပျောက်ကွယ်သွားသည်။
ထင်းကန်များကြားရှိကြားနေရာလပ်အတွင်း ၊မြေကျောက်တောင်ပေါ်၊ ဖရိုဖရဲအုတ်ဂူများဘေးရှိ သေဆုံးနေသောသစ်ပင်အောက်တွင်ချထားသော အကြမ်းထည်သစ်သားမြေခွေးရုပ်သည်ရုတ်တရက်လေထဲလွင့်မြောသွားပြီး ထွင်းထားသောမျက်လုံးနှစ်လုံးမှာ ကောင်းကင်သို့နီးကပ်စွာစိုက်ကြည့်နေလေသည်။ ၎င်းသည် ဂယက်ထနေသောနီညိုရောင်တိမ်များပြုတ်ကျလာသည့်နဂါးကဲ့သို့အန္တရယ်ရှိသည်လေထုတိုးဝင်လာသောအခါ ကျယ်လောင်စွာအော်ဟစ်၍ အတိတ်နမိတ်မကောင်းသည့်လေထုထဲသို့ပြေးဝင်ရန်မစောင့်နိုင်တော့ပဲ သူနှင့်အတူ ဖရိဖရဲအုတ်ဂူများဆီတိုးဝင်သွားကြသည်။
လေပြင်းသည် သဲကျောက်နှင့်မြေမှုန်များကိုလှိမ့်တက်စေကာ ကောင်းကင်ယံတွင်တဝေါဝေါတိုက်ခက်နေသည်။ နေရာလပ်ကိုဆုတ်ပြဲစေလောက်သည့်စွမ်းအင်များပါဝင်နေသောယင်ချီမှာ အုတ်ဂူများရှိရာစီပြေးဝင်လာသည်။ သေဆုံးနေသောသစ်ပင်မျာူလှုပ်ခတ်သွား၍ ကျိုးပဲ့ကုန်ကာ တူးဖော်ခံထားရသည်အုတ်ဂူများလုံးဝကို မတင်ခံလိုက်ရသည်။ ကောင်းကင်မှာပိုမိုနီရဲလျက် စွန်းထင်းလာနေသည်။
နတ်ဆိုးများ၏ညတွင် နဂိုအတိုင်းရှိနေသောတစ်ခုတည်း သောအုတ်ဂူပေါ်မှ ရွှေရောင်အဆောင်အဖွဲ့၊ သင်္ချိုင်းမြေ၏အလယ် တွင် ဂလောက်ဟူသောမြည်သံဖြင့်ပြုတ်ကျသွားပြီး သူမျက်နှာပြင်ပေါ်မှရွှေရောင်အမျှင်ကြောများသည် သိပ်သည်းလှသည့်ယင်ချီဖြင့် ခွာချခံလိုက်ရသည်။
Crash!
စည်းစာသားမှာနောက်ဆုံးတွင်လေပြင်းကြောင့်လွင့်ကျသွားသည်။ ဘယ်နေရာဆီလွင်သွားသည်ကိုတော့မသိရ။ ထိုအရာပျောက်ကွယ်သွားသည်နှင့် ရုတ်တရက် နေရာလွတ်မှာတိတ်ဆိတ်သွားပြီး မမြင်နိုင်သောအားတစ်ခုကတိတ်တဆိတ်ပျံ့နှံ့လာသည်။ နှစ်တစ်ရာခန့်မပြောင်းလဲဘဲရှိနေသောကမ္ဘာကြီးမှာ ဆီဆေးပန်းချီကဲ့သို့ခိုင်ခံနေပြီး ပြန်လည်အသက်ဝင်လာသည်။ ရွှေရောင်အဆောင်မှာ ထိုအုတ်ဂူကိုသာမက ထိုနေရာလွတ်ကိုပါ ဖိနှိပ်ထားသည်! အနီအညိုကျောက်နှင့်မြေသားများအောက်တွင်တိုးဝင်နေသောအသံများရှိပြီး ကျောက်တုံးများခြောက်ခြားဖွယ်တိတ်ဆိတ်နေပြီးနောက်တွင် အစိမ်းရောင်တစ္ဆေမီးများတစ်ခုပြီးတစ်ခုထွက်ပေါ်လာလေသည်။
ယင်ချီစီးကြောင်းမှာမပျောက်ကွယ်သွားဘဲ သူ၏အငွေ့သက်အောက်တွင် တောင်တစ်ခုလုံးသည် သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့တဖြည်းဖြည်းနိုးထလာသည်!
အုတ်ဂူပေါ်တွင်ထူထပ်လှ သောယင်ချီများစုစည်းနေ၍ သူ၏ တောက်ပနေသောနီဖျော့ဖျော့အလင်းမှာကြက်သွေးရောင်ပိတ်ကျဲအောက်မှ သွေးနီရောင်အရိပ်ကဲ့သို့ဖြစ်နေသည်။ ရုတ်တရက် အရိုးအရေသာရှိ၍အ မွေးဖြူများပြည့်နေသည့်ချွန်ထက် သောလက်သည်းတစ်ခု အုတ်ဂူထဲမှ ဖုတ်ကောင်တစ်ကောင်ကဲ့သို့ထွက်လာသည်။ အဖြူနှင့်အညစ်ကြေး သွေးများစွန်းထင်နေသော အမွှေးများမြေလွှာထဲမှထွက်လာကာ မြေခဲများနှင့် အဖြူရောင်ကျောက်တုံးများမှာ သူအမွှေးများခါချလိုက်သောအခါ ရောနှောပြုတ်ကျလာသည်။
"Hehe,haha,haha"
ကလေးအော်သံလိုစူးဝါးလှသည့်ရယ်သံ အုတ်ဂူထဲမှထွက်လာပြီး တောရိုင်းတိရိစ္ဆာန်များ၏ ခြိမ်းခြောက်ဟိန်းဟောက်သံများနှင်ရောနှောလျက် ထွက်လာသောအသံမှာ တိတ်ဆိတ်သောညတွင် ကြောင်တစ်ကောင်အော်သံထက်ပို၍ကြက်သီးထဖွယ်ကောင်းသည်။
"ထွက်လာပြီး ငါနောက်ဆုံးတော့ထွက်လာရပြီ hee hee hee hee hee hee"
Clatter
ပထမဆုံးမြေပေါ်ထွက်ပေါ်လာသောအမွှေးများအုတ်ဂူထဲမှကုန်စင်စွာဆွဲထုတ်ခံလိုက်ရသည်။ အင်္ဂတေကဲ့သို့ဖြူစွတ်သောမြေစိုင်များမိုးလိုကျဆင်းလာကာ ယင်ချီများကအကောင်းဆုံး ခေါင်းဘီးလိုမျိုးဆင်းကျနေသည်။ ယင်ချီများမှုတ်လိုက်သကဲ့သို့ နက်ရိူင်းသောအမွေးဖြူများက ဖြောင့်စင်းစွာထွက်လာသည်။ ၎င်းပေါ်ကပ်ညှိနေသောအညစ်အကြေးနှင့်ကျောက်မှုန့်များလူပ်ခါချလိုက်ကာ လေထဲတွက်အမွှေးများပြန့်ကားထွက်လာလျက် အမွေးပွပွနှင့်ကြီးမားလှသည့်လူတစ်ရပ်ခန့်မြေခွေးအမြှီးကြီးပေါ်လာသည်။
စိတ်ပျက်ဖွယ်ခေါင်းလောင်းများပြိုလဲသံထွက်လာကာ သူ့အမြှီးထိပ်ဖျားရှိအရှည်ဆုံးအမွှေးအစုပေါ်တွင်ဦးခေါင်းခွံများချိတ်ဆွဲလျက်ရှိသည်။ ဦးခေါင်းခွံအများစုမှာ ပယင်းရောင်သို့မဟုတ်အနက်ရောင်လည်းမဟုတ်၍ ထူဆန်းသည့်ပုံစံများဖြစ်နေသည်။ အရိုးစုအတွဲလိုက်မှာ အတူတကွတိုက်မိနေကာ လူရိုးဖြင့်တီးခတ်သောခေါင်းလောင်သံမျိုးထွက်နေသည်။
အမြှီးကိုလေနှင့်အပြည့်ဝမှုတ်လိုက်ပြီးနောက် စူးရှ၍နားကွဲဖွယ်ရယ်သံသည်လည်းတဖြည်းဖြည်း အနည်ထိုင်လာသည်။
"နှစ်ဘယ်လောက်တောင်ကြာသွားပြီလဲ?"
အသံမှာသူ့ကိုယ်သူပြောနေသည် ထိုနောက်ဂုဏ်ယူစွာဖြင့်ပြုံးလိုက်ကာ : " Sima Gyatso, နှစ်ပေါင်းရှစ်ဆယ်ကြာခဲ့ပြီ သူကငါ့ကိုနှစ်ရှစ်ဆယ်ကြာပိတ်လှောင်ခဲ့တာ၊ နောက်နှစ်ဆိုငါကွယ်ပျောက်တော့မှာ ဘယ်လိုတောင်သနားစရာကောင်းတာလဲ !"
"ငါအသက်ရှင်ပြီ hahahaha,ငါအသက်ရှင်ပြီပြီးတော့ မင်းက တော့သေပြီ။ မင်းသေပြီ ဖုချင်းနန် သေပြီ မင်းတို့အားလုံးသေပြီ။ ဒီကမ္ဘာမှာဘယ်သူကငါ့ကိုတားနိုင်တော့မလဲ!"
နောက်ထပ် တစ္ဆေလို အမွေးရှည်နှင့်ထက်ရှသောလက်သည်းများဆန့်ထွက်လာကာ လက်သည်းနှစ်ချောင်းမှာအက်ကြောင်းကိုဆုတ်ကိုင်ကာဆွဲဖြဲလိုက်ပြီး အုတ်ကူမှာလုံးဝကွဲထွက်သွားသည်။ ပထမဆုံးအနားချွန်ချွန်နှင့်မြေခွေးနားရွက်တစ်စုံထွက်လာပြီး နောက်တွင်တော့ ပိန်းပါးကာချွန်ထက်သော တစ္ဆေလိုအမွေးရှည်များနှင့်မြေခွေးမျက်နှာထွက်လာသည်။ အစိမ်းရောင်မြေခွေးမျက်လုံးများကထို မျက်နှာတွင် နှစ်မြုပ်နေပြီး အလွန်တရာကြီးမားကာ သားရိုင်းတစ်ကောင်ကဲ့သို့ ရူးသွပ်ကာ သစ္စာမဲ့သည့်အရိပ်များလွှမ်းခြုံနေသည်။
"မင်းလုပ်ပြီးသင့်တဲ့နောက်ဆုံးအရာကငါ့ကိုမသတ်လိုက်တာပဲ။ Sima Gyatso,hahahaha၊ ငါသာဒီသောက်ကျိုးနဲ့ထောင်ကလွတ်သွားရင် ဘယ်သူတားနိုင်မှာလဲ?"
ဆယ်စုနှစ်ကြာပိတ်လှောင်ခံထားရသောပြင်းထန်သည့်ဒေါသနှင့်နာကျည်းမှုများပွင့်ထွက်လာသည်။ မြေခွေးသည် ရူးသွပ်သောရယ်သံနှင့်အတူမြေကြီးထဲမှတိုးထွက်လာကာ အုတ်ဂူပေါ်တွက်ဝံ့ကြွားစွာရပ်လိုက်အြီး လေထဲတွင်စူးစူးဝါးဝါးရယ်မောလိုက်သည်။
"ဘယ်သူဖြစ်မလဲ!"
"မင်းကိုသတ်မယ် ငါမင်းကိုသတ်မယ်__"
အက်ကြောင်းသည် ယင်ချီစီးကြောင်းသက်ရောက်မှုကိုဆက်တိုက်ခံနေရပြီးနောက်ဆုံးတွင် လုံးဝအလွှမ်းမိုးခံလိုက်ရကာပွင့်ထွက်သွားသည်။မြေခွေးခေါင်းပေါ်တွင် ကြီးမားအညစ်ကြေးထုကြီးမှာတောင်ကုန်းတစ်ခုကဲ့သို့ဖောင်းပွနေပြီးနံဟောင်လောက်တွယ်နေ၍ ပြင်းထန်သောသတ်ဖြတ်မှုအရှိန်အဝါနှင့်သွေးအနှစ်သည် ပြုတ်ကျလာကာ တောက်ထိပ်တစ်ခုလို သူအောက်တွင်မြေခွေးအားမြုပ်စေလိုက်သည်။
"ငါမင်းကိုသတ်မယ်!!!"
"လျှို့ဟူ!!!"
မြေခွေး၏အော်ဟစ်သံမှာသွေးအနည်နှစ်ဟထုံထိုင်းသောအော်မြည်သံထက်ပိုစူးရှကာ ပို၍ ပြင်းထန်လာသည် " သောက်ကျိုးနဲအရာကြီး၊ မင်းဘာတွေလုပ်နေတာလဲ!!"
ချီဖန်းဖန်း၊သွေးအနှစ်သာမက လျှို့ဟူ ဝူရုန်နှင့် ပတ်ဝန်ကျင်းအိပ်ဆောင်မှ ကျောင်းသားများပါ ယင်ချီစီးကြောင်ူကြောင့်ထင်းကန်အက်ကြောင်းထဲပြုတ်ကျသွားလေသည်။ ယင်ချီသည်မတည်ငြိမ်သဖြင့် လူတိုင်းသည်မတူညီသောနေရာများသို့ပေါက်စီများလိုပြုတ်ကျသွားသည်။
ဝူရုန်ဦးနှောက်တွင်ညံပွက်နေပြီးမျက်လုံးများနက်မှောင်နေသည်။ သူမျက်လုံးကိုမှိတ်လိုက်သောအခါ သူစိတ်ထဲတွင်ချီဖန်းဖန်းမှာ ဆက်လက်ကျိန်ဆဲနေစဲဖြစ်သည်။ သူ့အာရုံထဲမှချီဖန်းဖန်း၏အသံမှာ ထင်းကန်အသိတရား၏အသံနှင့်တူသည်။ ဝူရုန်သည် ချီဖန်းဖန်း သို့ သွေးအနည်နှစ်မှာ ထင်းကန်အသိတရားကိုပုံဖော်သည့်အရာဆိုသည်ကိုလျင်မြန်စွာသဘောပေါက်သွားသည်။ သူမသည် တာဝန်ကိုကြေညာလိုက်စဉ်ကပင် အမှတ်မထင်ပြုတ်ကျသည့်အန္တရယ်ကိုအစီစဉ်ဆွဲခဲ့သဖြင့် ဝူရုန်သဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေ ပြုတ်ကျမည်သာ။
ဒါပေမယ့်ထူးဆန်းသည်က ချီဖန်းဖန်းသည် ဝူရုန်အားစိတ်ဆိုးနာကျည်းစေလိုဟန်မရှိ ချီဖန်းဖန်း၏သေဆုံးမှု ပုံရိပ်ကိုဝူရုန်အားကြည့်စေကာ သူမအနည်းငယ်မျှသနားစရာကောင်းကာဝူရုန်အားစိတ်ပျော့စေလိုသည်။
ချီဖန်းဖန်းသေဆုံးမှုပုံရိပ်
ထင်းကန်းနံပါတ်၄၄၄သည်အကြိမ်များစွာပွင့်ပြီးဖြစ်ကာ မရေမတွက်နိုင်သောဖြေဆိုသူများဤနေရာသို့ရောက်ဖူး၍ အရာအားလုံး၏အစဖြစ်သည့်ချီဖန်းဖန်းသည် အလိုလျောက်ပင်လူအများစု၏ ဦးတည်ရာဖြစ်လာသည်။ လူတိုင်းသည်သူမဆီမှတစုံတရာလိုချင်နေပြီးလူတိုင်းတွင် မကောင်းသောရည်ရွယ်ချက်များရှိနေသည်။ သွေးအနှစ်တွက်ဝါးမြိုခံရသည့်အခါတိုင်းသူမသည် သူတို့၏အကူညီကိုကြောက်ရွံစွာဖြင့်တောင်းခံခဲ့သည်။
'မင်းရဲ့ကိုယ်ထည်ကအခု သွေးအနှစ်ဖြစ်သွားပြီလား?'
တစုံတယောက်ကသူမအရှေငုတ်တုပ်ထိုင်လျက် လောဘတကြီးဖြင့်ရူးသွပ်စွာသူမမျက်နှာကိုဓားဖြင့်ဖြတ်တောက်ကာ ' မင်းကသွေးအနှစ်တွေကိုမင်းအရေခွံနှင့် လုံခြုံအောင်သယ်ဆောင်သွားနိုင်တယ် ဟုတ်တယ်မလား?'
'မင်းသာငါ့ကိုမင်းသခင်အဖြစ်သတ်မှတ်မယ်ဆို့ငါမင်းကိုကူညီမယ်'
တချို့လူများသည်သူတို့၏စာနာကူညီစိတ်ကိုရယ်မောကြကာ သူတို့မတက်နိုင်သော်လည်း သူမလည်ပင်းတွင် အကွင်းတစ်ခုထားကာ :' တစ္ဆေတစ်ကောင်ကို ဒီလိုအလွယ်တကူယူဆောင်လိုရမယ်ဆိုတာတခါမှမတွေးဖူးဘူး '
တချို့ကတော့ အိမ်သာတံခါးရှေ့ရပ်ကာ သူမအားအေးစက်စွာပစ်သတ်သည်။ သူမ၏ပြန့်ကျဲနေသော ပျော့ခွေနေသောအလောင်းကိုကြည့်၍ သူကချရေးလေသည် : ' ပစ်သတ်ခံရသောချီဖန်းဖန်း၏ကိုယ်ထည်မှသွေးအနည်နှစ် ကိုမထုတ်ပေးခဲ့'
တစုံတယောက်သည် "အမိတာဘ"ဟူ သနားသည့်လေသံဖြင့်ရွတ်ဆိုပြီးေနာက်သူမသည် ဗုဒ္ဓအလင်းရောင်များဖြင့်သုတ်သင်ခံရစဉ်သနားညှာတာမှုအတွက်ငိုကြွေးတောင်းပန်ခဲ့ရသည်။
ဘာလို့လဲ ဘာကြောင့်သူမသေရတာလံ ဘာကြောင့်များသေရတာလဲ၊ ထင်းကန်၏ပြန်လည်အသက်ဝင်မှုကထပ်ခါထပ်ခါဖြစ်နေလျက် ဖြေဆိုသူများသည်လည်းထပ်ခါထပ်ခါလာနေခဲ့ကာ ချီဖန်းဖန်း၏အမုန်းတရားနှင့်နာကျည်းမှုများကိုနက်သထက်နက်အောင်လုပ်ပေးနေသည်။ ဒါကသူမတွင် မှတ်ဉာဏ်မရှိ၍မဟုတ်ပဲ သူမ၏တို တောင်းလှသောသေဆုံးချိန်မှာလွဲလျှင် သူမသည်အတိတ်မှာဖြစ်ခဲ့သောသမိုင်းကြောင်းကိုထပ်ခါထပ်ခ်လုပ်နေရသည်။
သူမသည် ပထမဆုံးထင်းကန်ပွင့်ချိန်ကိုဝိူတဝါးသတိရသည်။ သူမသည်လေထဲသို့နင်းမိ၍ အိမ်သာထဲပြုတ်ကျကာ စိတ်ပျက်အားငယ်စွာငိုကြွေးခဲ့သည် တစုံတယောက်သည် တံခါးကိုတွန်းဖွင့်ကာ သူမဆီလျှောက်လာသောအခါ ထိုအချိန်ကသူမဘယ်လောက်များ မျှော်လင့်စောင့်စားမှုနှင့်ကျေးဇူးတင်မိသွားခဲ့လဲ သူမသည်ထိုသူကိုတောင် စိုးရိမ်စွာဖြင့်ထိုအရာကအန္တရယ်မျာူကြောင့်သတိပေးကာ နီးကပ်မလာရန်ပြောခဲ့သည်။ ဒါပေမယ့်သူမဘာရခဲ့ပါသလဲ။
သူမစိတ်မချမ်မြေ့စွာသေခဲ့ရသည့်အခါတိုင်း အမုန်းတရားများ ဒေါသများဘဝမ်းနည်းမှုများမှာပထမဆုံးသေခြင်းထက်ပိုပိုများလာသည်။ ငါကမ္ဘာကြီးကိုဖျတ်ဆီးနိုင်ပါစေလိုဆုတောင်းတယ်။ ဒီတကြိမ်မတိုင်မှီပေါ့
*ဝူရုန် (ဝူရုန်၏အမည်ရင်းဖြစ် သဖြင့် သူမသည် သူကသူ၏သူငယ်ချင်းကောင်းဝူးရုန်းမဟုတ်သည်ကိုသိသည်) ကကွဲပြားတယ်။
လျှို့ဟူ၏ဒုက္ခပေးမှုကြောင့် ဝူရုန်ယင်ချီစီးကြောင်းထဲပြုတ်ကျသွားမသွားမီ သူသည်ချီဖန်းဖန်း၏သူ့အပေါ်ခံစားချက်အစစ်မှန်ကိုတွေ့လိုက်ရသည်။ အက်ကွဲကြောင်းထဲပြုတ်ကျသည်မှမသက်သာလှ။ အမြင့်ကိုကြောက်သည်ဝူရုန်မှာ ခေါင်းကိုက်လာပြီးအော့အန်ချင်လာသည်။ တဖြည်းဖြည်းနှင့်သွေးအနှစ်၏အော်သံလျှို့ဟူ၏အော်ဟစ်သံများအဝေးသို့ရောက်သွားကာ လေတိုးသံများသာကျန်တော့သည်။ ဝူရုန်ရုတ်တရက်လေထဲမှကြောက်စရာကောင်းလှသည့်နာကျင်မှုကိုခံစားရပြီး မြင်းမီးအိမ်ကိုတွေ့ရသကဲ့သို့ သူမျက်လုံးများလျှပ်တပြက်လက်သွားသည်။
ထိုပုံများထဲမှာမြင်ကွင်းမှာ သူ့ကိုယ်ပိုင်မှတ်ဉာဏ်များကဲ့သို့ ရင်းနှီကျွမ်းဝင်လှသည်။ သို့သော်တချို့သောမှားယွင်းမှုတွေလည်းရှိသည်။ ဝူရုန်သည် တချို့သောရင်းနှီသည့်မြင်ကွင်းနှင့်မျက်နှာများကိုတွေ့ရသော်လည်း သူရှင်းလင်းစွာမရှင်းပြနိုင်သည့်ထူးဆန်းမှုတစ်ခုကိုခံစားရသည်။
ထိုခံစားမှုမှာ သူစက်ဆုပ်ဖွယ်မျက်နှာတစ်ခုကိုမမြင်ရခင်ထိဖြစ်ပြီးထိုနောက်ဘာမှားနေလဲဆိုသည်ကိုသတိပြုမိသွားသည်။
ရွမ်အန်။
ဝူရုန်သူပြန်လည်မွေးဖွားလာသည့်ပထမဆုံးနေ့ကမြင်ကွင်းကိုမြင်ရသည် ဘားထဲတွင် ရွမ်အန်နှင့်ဆုံသည် သိုသော်သူသည်ရွမ်အန်းကိုငွေပေးကာသူ့စကားနားထောင်စေသည်။ ညီငယ်များမှာ ဓာတ်ပုံများလွှတ်ပစ်ခြင်းဖြစ်စေ ဖုချင်းအားမိတ်ဆက်ပေးခြင်းဖြစ်စေသူ၏လျစ်လျူရှုခြင်းခံရလေသည်။ အရာတိုင်းမှာသူ့ဘာသာထပ်ခါထပ်ခါဖြစ်နေသော်လည်း အမျိုးမျိုးသောကွဲပြားမှုများရှိနေသည်။ ဝူရုန်သူကိုယ်တိုက်ဖုချင်းအားငွေပေးကာ သူပြောသည့် ' တစ္ဆေအမဲလိုက်ခြင်း'ကိုကြားရသည်။
'ငါမနက်ဖြန် ဒီနေရာမှာရှိမယ်'
သို့သော်နောက်နေ့တွင်သူနှင့်ရွမ်အန်သည် သူ့အမကိုသွားခေါ်ကာ တနေ့လုံးသူမနှင့်ကစားနေခဲ့သည်။ သူတို့ဘားသိုပြန်ရောက်ချိန်တွင်နေဝင်ရီတရောပင်ရောက်နေလေသည်။
ဘား၏ရှေ့စားပွဲပေါ်တွင် စည်းစာသားတစ်ခုနှင့် စာတိုတစ်ခုရှိသည်။ ကြိုးကြာလိုချောမောလှပသောတာအိုမှာထွက်သွားခဲ့ပြီဖြစ်သည်။
" ဒါကို အမှောင်ပယောဂတစ္ဆေတွေနဲ့ နတ်ဆိုးဝိဉာဉ်တွေမှာသုံးလို့ရတယ်"
" ငါတို့မှာဆုံတွေ့ဖိုကံကြမ္မာပါမလာဘူး"
3529words
4:30Pm.Sun,Aug 13,2023.
|| Zawgyi ||
တခ်ိန္တည္းမွာပင္ မီးေတာက္အရွိန္မွာနီးသထက္နီးလာေနသည္။ က်န႔္ယန္မီးလႊမ္းမိူမႈေအာက္တြင္သူ၏တေစၧနယ္ေျမမွာလူပ္ခါေနၿပီျဖစ္ေၾကာင္း လၽွို႔ဟူခံစားရေနသည္။ ၎သည္ ေလးထပ္လုံးကိုအပိုင္သိမ္းထားရာမွ အမ်ိဳးသမီးအိမ္သာတခုသာက်န္ဖုံးလႊမ္းနိုင္သည့္အေနထားထိက်ဳံသြားကာ ဆက္လက္မွိန္ေဖ်ာ့လာၿပီး မၾကာခင္ပ်က္ဆီးေတာ့မည္ျဖစ္သည္။
"ခ်ီးပဲ ေသစမ္း!"
ဤကဲ့သို႔အ႐ူပ္ေထြးထဲသူဘယ္လိုဝင္ေရာက္သြားသည္ကိုလၽွို႔ဟူမသိေတာ့။ သိသိသာသာကို ေရွ႕ဆက္သြားမည့္အစီစဥ္ေတြကေခ်ာေမြ႕ေနခဲ့တာျဖစ္သည္။ ခန္က်င္းကိုသူအ႐ူးလုပ္နိုင္ခဲ့သည္။ အဆုံးသတ္ကိုသူျမင္ခဲ့ၿပီး သူအစကပင္ ဝူ႐ုန္ကိုသတ္ပစ္ခ်င္ခဲ့သည္။ ဘယ္သူကထင္မလဲ ခ်ီဖန္ဖန္းက ဆုက်င္းက်င္းကိုသတ္လိုက္မည္ဆိုသည္ကို။ အာ့ေနာက္မွာေတာ့သူ၏ကံေကာင္းမႈကကုန္ခမ္းသြားပုံရသည္။
ပထမအေနႏွင့္ ခ်ီဖန္းဖန္းတြင္ျပႆနာရွိသည္။ ထိုအရာမွာ သာမနိအမ်ိဳးသမီးအထက္တန္းေက်ာင္းသူမဟုတ္။ ထပ္ခါဖပ္ခ္ျဖစ္ေနေသာသမိုင္း၏ကတိကဝတ္မွာ *စားခံလိုက္ရၿပီးေနာက္ တေစၧအစာအိမ္ထဲထဲေရာက္သြားေလသည္*( ျပင္ဆင္ထားေသာတ႐ုတ္စကားပုံ [Xကအစားခံလိုက္ရၿပီး ေခြးအစာအိမ္၌အဆုံးသတ္သြားသြားသည္] ကတိစကားမတည္သည့္အခါသုံးသည့္ ဥပစာစကား] )။ အထူးသျဖင့္ သူမဝူ႐ုန္အားကပ္တြယ္ေနေသာမ်က္လုံးမ်ားျဖင့္ၾကည့္ေသာအခါ လၽွို႔ဟူေနာက္ေက်ာတြင္ ၾကက္သီးမ်ားပင္ထလာေလသည္။ သူသည္ တေစၧမီးႏွင့္ ကတၱရာေစးမေကာင္းဆိုးဝါးတို႔အား အာ႐ုံမတက္မွီထိသြားနိုင္ေအာင္မ်ားစြာျပင္ဆင္ထားခဲ့သည္။
တခ်ိန္တည္းမွာပင္ ေသြးအႏွစ္မ်ား ေရဆိုးပိုက္ထဲျပန္ေရာက္သြားၿပီး ခ်ီဖန္းဖန္း၏အသိတရားမွာလည္း လြင့္စင္သြားကာ သူမကိုသတ္ျဖတ္ေလသည္။
ဒီေသာက္တာအိုမွာ ဘယ္လိုေၾကာင့္က်န႔္ယန္မီးရွိေနရတာလဲ! ဒါအျပင့္သူ႔အေရွ႕မွာ ျမည္းကတုံးက က်မ္းစာရြတ္ေနၿပီး သူတို႔အားလုံးသူကိုဆန႔္က်င္ေနတယ္ေပါ့!
ေတြးၾကည့္မွ ခ်ီဖန္းဖန္း၏ေျပာင္းလဲမႈမွာဝူ႐ုန္မွစတင္ခဲ့ၿပီး တာအိုသည္လည္း ဝူ႐ုန္၏အေပါင္းအပါျဖစ္သည္။ လၽွို႔ဟူမွာစိတ္တိုရလြန္းေမာပန္းေနၿပီျဖစ္သည္။ အနည္းငယ္ေသာအေၾကာက္တရားႏွင့္ ထိတ္လန႔္မႈက သူ႔ႏွလုံးသားထဲျမင့္တက္လာေနသည္။ ဝူ႐ုန္၏ေမြးဖြားလာမႈကသူ႔ကိုအနိုင္ယူနိုင္ၿပီး သူ သူႏွင့္ေတြ႕သည့္အခါတိုင္းကံဆိုးေနတာမ်ားလား?
ယေန႔ညေတာ့က်႐ူံးသြားေလၿပီ။ လၽွို႔ဟူသူ႔ကိုယ္ပိုင္ထြက္ေပါက္အတြက္အစီစဥ္ခ်ရန္ႀကိဳးစားေနေသာ္လည္း ပိုႀကိဳးစားေလ ပိုစိတ္ ေျခာက္ျခားမိေလျဖစ္သည္။ ဒါသည္ သူ႔အေရွ႕တြင္ဝံပုေလြရွိၿပီး ေနာက္တြင္က်ားရွိေနျခင္းျဖစ္ေနကာ ဒီညဤေနရာတြင္သူ႔အသက္အဆုံးသတ္နိုင္ေသာ္လည္း လၽွို႔ဟူမွာကံစီမံရာကိုလက္ခံမည့္သူမ်ိဳးမဟုတ္!သူသည္ေမၽွာ္လင့္ခ်က္မဲ့ေနေသာအေျခေနမ်ိဳးတြင္ ပို၍ရက္စက္ရမ္းကားကာ ႐ူးသြပ္နိုင္ေလသည္။ သူ႔ဘယ္လက္မွာက်ားလက္ဝါးကဲ့သို႔ ေကြးသြား၍ သူအသြင္ျပင္သည္ ေၾကာက္စရာေကာင္းစြာတြန႔္ေခါက္ေနသည္။ သူသည္ ဒယ္ေစာက္ကိုဖ်တ္၍ ေလွကိုနစ္ျမဳတ္မည့္ေတာ့မည္ျဖစ္ကာ သို႔ေသာ္ ထိုခဏ၌___
Boom!!!
ေလလိူင္းမ်ားေနရာတိုင္းသို႔ နားအူေလာက္ဖြယ္အသံမ်ားျဖင့္ပ်ံႏွံ့ေပါက္ကြဲထြက္လာကာ အမ်ိဳးသမီးအိမ္သာကိုလႊမ္းျခဳံထားေသာတေစၧနယ္ေျမမွာလည္းေပါက္ကြဲထြက္သြားသည္။ တန္ျပန္မႈသည္ လၽွို႔ဟူရင္ဘက္ဆီသို႔တူႏွင့္အထုခံလိုက္ရသကဲ့သို႔ ရိုက္ခက္သြားကာ ေသြးအန္ေလေတာ့သည္။ သူမ်က္ႏွာသည္ ထူးဆန္စြာနီရဲေနသည္။ ေလလွိုင္းသည္ သူ႔ကိုနံရံဆီသို႔ပစ္ရိုက္မိေစၿပီးေနာက္ အက္ေၾကာင္းတစ္ခုပ်ံ႕ႏွံ့လာသည္။ ထိုထိခ်က္မွာလၽွို႔ဟူအားမူးေဝေစကာ သတိလစ္လုနီးပါးျဖစ္ေစသည္။
"အိုး ထင္းကန္အက္ေၾကာင္းပြင့္သြားၿပီပဲ!"
သူ႔ရင္ဘက္ထဲမွအသက္႐ူသံမွာ သူ႔ကိုသတိလစ္ေနရာမွျပန္ဆြဲေခၚလာေပးသည္။ သစ္သာငါးႏွင့္ ဘုန္းႀကီးသည္လည္း ဒြါရခုႏွစ္ေပါက္စီမွေသြးမ်ားထြက္ေနလ်က္ သူမ်က္ႏွာမွာေရႊေရာင္စာရြက္ကဲ့သို႔ ဒဏ္ရာရေနေလသည္။ သို႔ေသာ္သူလၽွို႔ဟူကိုလ်စ္လ်ဴရႈ၍ ေပါက္ကြဲမႈ၏ဗဟိုကိုသာစိုက္ၾကည့္ေနသည္။ သူေျပးဝင္သြားခ်င္ေသာ္လည္း ေနာက္ထပ္ေလပူလွိုင္းဒဏ္ကိုမခုခံနိုင္ေတာ့ေပ။ သူသည္နံရံဆီျဖတ္ရိုက္ခံလိုက္ရၿပီးလၽွို႔ဘူေဘးသို႔က်သြားေလသည္ "ျမန္ျမန္ရပ္__"
ထင္းကန္အက္ေၾကာင္းမွာပြင့္ေတာ့မည္ျဖစ္သည္။
လၽွို႔ဟူသည္ထိုထဲမွ သိပ္သည္းလွေသးယင္ခ်ီကိုခံစားမိေနသည္။ သူတစုံတရာကိုေတြးလိုက္သည္။ သူအသက္႐ူႏူန္းမွာေႏွးေကြးေနကာ ႏွလုံးမွာျပင္းထန္စြာခုန္ေနၿပီး ရင္ဘက္ထဲကထြက္ေတာ့မေယာင္ျဖစ္ေနသည္။ ထိုခဏ၌ ယင္ခ်ီစီးေၾကာင္းမွာဘယင္ခ်ီဝဲထက္ပိုျပင္းထန္ေလသည္။ ဒါကသူေနာက္ဆုံးအခြင့္ေရးပဲ! ယင္ခ်ီလုံေလာက္သည့္အထိျပင္းထန္လာေသာအခါသူတိတ္တဆိတ္ ျဖင့္ လက္ဖဝါးတဝက္စာထက္မႀကီး ေသာ ေျမေခြး႐ုပ္ထုေလးကို သူလက္ေမာင္းမွထုတ္လိုက္သည္။
ခ်က္ခ်င္းဆိုသလိုပင္ မျမင္နိုင္ေသာလမ္းေၾကာင္းတစ္ခုမွကမၻာႏွစ္ခုကိုခ်ိတ္ဆက္လိုက္သျဖင့္ မ်ားျပားလာေသာယင္ခ်ီစီးေၾကာင္းသည္ေနရာလပ္ကိုဆုတ္ျဖဲၿပီး က်ိဳးေပါက္သည့္ေနရာတစ္ခုကိုေတြ႕သြားသကဲ့သို႔ ေျမေခြး႐ုပ္ထဲတိုးဝင္သြားၾကသည္။
"မျဖစ္ဘူး!!!"
ေဒါသျပင္းထန္၍နာက်ည္းခ်က္အျပည့္ႏွင့္ေအာ္ျမည္သံတစ္ခု စီးေၾကာင္းထဲမွထြက္လာကာ သူ၏ေဒါသမွာအျမင့္ဆုံးထိေရာက္သြားကာ " မင္းကိုသတ္မယ္! မင္းကိုငါသတ္ပစ္မယ္!!!"
Boom!
မိုးႀကိဳးပစ္သံမွာ ေက်ာင္းဝန္းတစ္ခုလူံျမည္ဟည္းသြားၿပီးဒဏ္ရာမ်ားႏွင့္ခန္က်င္းပိုင္သည္ ထိတ္လန္မႈ စိတ္ဖိစီးမႈျဖင့္အသံပင္ေပ်ာက္သြားတာ "ေၾကာက္စရာပဲ!"သူေဘးမွာသူသည္တခ်က္ေလးပင္ရပ္မသြားပဲ ေလွကားေပၚတက္သြားကာ သူ၏အရွိန္အဟုတ္မွာေက်ာခ်မ္းဖြယ္ေကာင္းလွၿပီး ညစ္ေထးေနေသာယင္ခ်ီမ်ားသူဆီတိူဝင္လာေနသည္ကို ဘာမွမဟုတ္သလို လ်စ္လ်ဴရႉထားေလသည္။ က်န႔္ယန္မီးရွိေနေသယေနရာသို႔ေရာက္လာေသာယင္ခ်ီမ်ားမွာပ်ံ႕က်ဲသြားၿပီးတေစၧမ်ားလည္ေနာက္ဆုတ္သြားၾကသည္။ ခန္က်င္းပိုင္မွာလိုက္မွီရတ္အျမန္ေျပးသြားသည္။ သို႔ေသာ္ သူတို႔အနည္းငယ္ေနာက္က်သြားၿပီးေလးလႊာသို႔ဦးတည္ေနေသာေလွကားထစ္ေပၚတြင္ရပ္တန႔္သြားသည္။ ခန္က်င္းပိုင္ပင့္သက္ရွိုက္လိုက္သည္။
အမ်ိဳးသမီးအိမ္သာအပါအဝင္ပတ္ဝန္းက်င္ရွိအိပ္ခန္းမ်ားေပ်ာက္ကြယ္သြားသည္။
ထင္းကန္မ်ားၾကားရွိၾကားေနရာလပ္အတြင္း ၊ေျမေက်ာက္ေတာင္ေပၚ၊ ဖရိုဖရဲအုတ္ဂူမ်ားေဘးရွိ ေသဆုံးေနေသာသစ္ပင္ေအာက္တြင္ခ်ထားေသာ အၾကမ္းထည္သစ္သားေျမေခြး႐ုပ္သည္႐ုတ္တရက္ေလထဲလြင့္ေျမာသြားၿပီး ထြင္းထားေသာမ်က္လုံးႏွစ္လုံးမွာ ေကာင္းကင္သို႔နီးကပ္စြာစိုက္ၾကည့္ေနေလသည္။ ၎သည္ ဂယက္ထေနေသာနီညိဳေရာင္တိမ္မ်ားျပဳတ္က်လာသည့္နဂါးကဲ့သို႔အႏၲရယ္ရွိသည္ေလထုတိုးဝင္လာေသာအခါ က်ယ္ေလာင္စြာေအာ္ဟစ္၍ အတိတ္နမိတ္မေကာင္းသည့္ေလထုထဲသို႔ေျပးဝင္ရန္မေစာင့္နိုင္ေတာ့ပဲ သူႏွင့္အတူ ဖရိဖရဲအုတ္ဂူမ်ားဆီတိုးဝင္သြားၾကသည္။
ေလျပင္းသည္ သဲေက်ာက္ႏွင့္ေျမမႈန္မ်ားကိုလွိမ့္တက္ေစကာ ေကာင္းကင္ယံတြင္တေဝါေဝါတိုက္ခက္ေနသည္။ ေနရာလပ္ကိုဆုတ္ျပဲေစေလာက္သည့္စြမ္းအင္မ်ားပါဝင္ေနေသာယင္ခ်ီမွာ အုတ္ဂူမ်ားရွိရာစီေျပးဝင္လာသည္။ ေသဆုံးေနေသာသစ္ပင္မ်ာူလႈပ္ခတ္သြား၍ က်ိဳးပဲ့ကုန္ကာ တူးေဖာ္ခံထားရသည္အုတ္ဂူမ်ားလုံးဝကို မတင္ခံလိုက္ရသည္။ ေကာင္းကင္မွာပိုမိုနီရဲလ်က္ စြန္းထင္းလာေနသည္။
နတ္ဆိုးမ်ား၏ညတြင္ နဂိုအတိုင္းရွိေနေသာတစ္ခုတည္း ေသာအုတ္ဂူေပၚမွ ေရႊေရာင္အေဆာင္အဖြဲ႕၊ သခၤ်ိဳင္းေျမ၏အလယ္ တြင္ ဂေလာက္ဟူေသာျမည္သံျဖင့္ျပဳတ္က်သြားၿပီး သူမ်က္ႏွာျပင္ေပၚမွေရႊေရာင္အမၽွင္ေၾကာမ်ားသည္ သိပ္သည္းလွသည့္ယင္ခ်ီျဖင့္ ခြာခ်ခံလိုက္ရသည္။
Crash!
စည္းစာသားမွာေနာက္ဆုံးတြင္ေလျပင္းေၾကာင့္လြင့္က်သြားသည္။ ဘယ္ေနရာဆီလြင္သြားသည္ကိုေတာ့မသိရ။ ထိုအရာေပ်ာက္ကြယ္သြားသည္ႏွင့္ ႐ုတ္တရက္ ေနရာလြတ္မွာတိတ္ဆိတ္သြားၿပီး မျမင္နိုင္ေသာအားတစ္ခုကတိတ္တဆိတ္ပ်ံ႕ႏွံ့လာသည္။ ႏွစ္တစ္ရာခန႔္မေျပာင္းလဲဘဲရွိေနေသာကမၻာႀကီးမွာ ဆီေဆးပန္းခ်ီကဲ့သို႔ခိုင္ခံေနၿပီး ျပန္လည္အသက္ဝင္လာသည္။ ေရႊေရာင္အေဆာင္မွာ ထိုအုတ္ဂူကိုသာမက ထိုေနရာလြတ္ကိုပါ ဖိႏွိပ္ထားသည္! အနီအညိဳေက်ာက္ႏွင့္ေျမသားမ်ားေအာက္တြင္တိုးဝင္ေနေသာအသံမ်ားရွိၿပီး ေက်ာက္တုံးမ်ားေျခာက္ျခားဖြယ္တိတ္ဆိတ္ေနၿပီးေနာက္တြင္ အစိမ္းေရာင္တေစၧမီးမ်ားတစ္ခုၿပီးတစ္ခုထြက္ေပၚလာေလသည္။
ယင္ခ်ီစီးေၾကာင္းမွာမေပ်ာက္ကြယ္သြားဘဲ သူ၏အေငြ႕သက္ေအာက္တြင္ ေတာင္တစ္ခုလုံးသည္ သက္ရွိသတၱဝါတစ္ေကာင္ကဲ့သို႔တျဖည္းျဖည္းနိုးထလာသည္!
အုတ္ဂူေပၚတြင္ထူထပ္လွ ေသာယင္ခ်ီမ်ားစုစည္းေန၍ သူ၏ ေတာက္ပေနေသာနီေဖ်ာ့ေဖ်ာ့အလင္းမွာၾကက္ေသြးေရာင္ပိတ္က်ဲေအာက္မွ ေသြးနီေရာင္အရိပ္ကဲ့သို႔ျဖစ္ေနသည္။ ႐ုတ္တရက္ အရိုးအေရသာရွိ၍အ ေမြးျဖဴမ်ားျပည့္ေနသည့္ခၽြန္ထက္ ေသာလက္သည္းတစ္ခု အုတ္ဂူထဲမွ ဖုတ္ေကာင္တစ္ေကာင္ကဲ့သို႔ထြက္လာသည္။ အျဖဴႏွင့္အညစ္ေၾကး ေသြးမ်ားစြန္းထင္ေနေသာ အေမႊးမ်ားေျမလႊာထဲမွထြက္လာကာ ေျမခဲမ်ားႏွင့္ အျဖဴေရာင္ေက်ာက္တုံးမ်ားမွာ သူအေမႊးမ်ားခါခ်လိုက္ေသာအခါ ေရာေႏွာျပဳတ္က်လာသည္။
"Hehe,haha,haha"
ကေလးေအာ္သံလိုစူးဝါးလွသည့္ရယ္သံ အုတ္ဂူထဲမွထြက္လာၿပီး ေတာရိုင္းတိရိစၧာန္မ်ား၏ ၿခိမ္းေျခာက္ဟိန္းေဟာက္သံမ်ားႏွင္ေရာေႏွာလ်က္ ထြက္လာေသာအသံမွာ တိတ္ဆိတ္ေသာညတြင္ ေၾကာင္တစ္ေကာင္ေအာ္သံထက္ပို၍ၾကက္သီးထဖြယ္ေကာင္းသည္။
"ထြက္လာၿပီး ငါေနာက္ဆုံးေတာ့ထြက္လာရၿပီ hee hee hee hee hee hee"
Clatter
ပထမဆုံးေျမေပၚထြက္ေပၚလာေသာအေမႊးမ်ားအုတ္ဂူထဲမွကုန္စင္စြာဆြဲထုတ္ခံလိုက္ရသည္။ အဂၤေတကဲ့သို႔ျဖဴစြတ္ေသာေျမစိုင္မ်ားမိုးလိုက်ဆင္းလာကာ ယင္ခ်ီမ်ားကအေကာင္းဆုံး ေခါင္းဘီးလိုမ်ိဳးဆင္းက်ေနသည္။ ယင္ခ်ီမ်ားမႈတ္လိုက္သကဲ့သို႔ နက္ရိူင္းေသာအေမြးျဖဴမ်ားက ေျဖာင့္စင္းစြာထြက္လာသည္။ ၎ေပၚကပ္ညႇိေနေသာအညစ္အေၾကးႏွင့္ေက်ာက္မႈန႔္မ်ားလူပ္ခါခ်လိုက္ကာ ေလထဲတြက္အေမႊးမ်ားျပန႔္ကားထြက္လာလ်က္ အေမြးပြပြႏွင့္ႀကီးမားလွသည့္လူတစ္ရပ္ခန႔္ေျမေခြးအျမႇီးႀကီးေပၚလာသည္။
စိတ္ပ်က္ဖြယ္ေခါင္းေလာင္းမ်ားၿပိဳလဲသံထြက္လာကာ သူ႔အျမႇီးထိပ္ဖ်ားရွိအရွည္ဆုံးအေမႊးအစုေပၚတြင္ဦးေခါင္းခြံမ်ားခ်ိတ္ဆြဲလ်က္ရွိသည္။ ဦးေခါင္းခြံအမ်ားစုမွာ ပယင္းေရာင္သို႔မဟုတ္အနက္ေရာင္လည္းမဟုတ္၍ ထူဆန္းသည့္ပုံစံမ်ားျဖစ္ေနသည္။ အရိုးစုအတြဲလိုက္မွာ အတူတကြတိုက္မိေနကာ လူရိုးျဖင့္တီးခတ္ေသာေခါင္းေလာင္သံမ်ိဳးထြက္ေနသည္။
အျမႇီးကိုေလႏွင့္အျပည့္ဝမႈတ္လိုက္ၿပီးေနာက္ စူးရွ၍နားကြဲဖြယ္ရယ္သံသည္လည္းတျဖည္းျဖည္း အနည္ထိုင္လာသည္။
"ႏွစ္ဘယ္ေလာက္ေတာင္ၾကာသြားၿပီလဲ?"
အသံမွာသူ႔ကိုယ္သူေျပာေနသည္ ထိုေနာက္ဂုဏ္ယူစြာျဖင့္ျပဳံးလိုက္ကာ : " Sima Gyatso, ႏွစ္ေပါင္းရွစ္ဆယ္ၾကာခဲ့ၿပီ သူကငါ့ကိုႏွစ္ရွစ္ဆယ္ၾကာပိတ္ေလွာင္ခဲ့တာ၊ ေနာက္ႏွစ္ဆိုငါကြယ္ေပ်ာက္ေတာ့မွာ ဘယ္လိုေတာင္သနားစရာေကာင္းတာလဲ !"
"ငါအသက္ရွင္ၿပီ hahahaha,ငါအသက္ရွင္ၿပီၿပီးေတာ့ မင္းက ေတာ့ေသၿပီ။ မင္းေသၿပီ ဖုခ်င္းနန္ ေသၿပီ မင္းတို႔အားလုံးေသၿပီ။ ဒီကမၻာမွာဘယ္သူကငါ့ကိုတားနိုင္ေတာ့မလဲ!"
ေနာက္ထပ္ တေစၧလို အေမြးရွည္ႏွင့္ထက္ရွေသာလက္သည္းမ်ားဆန႔္ထြက္လာကာ လက္သည္းႏွစ္ေခ်ာင္းမွာအက္ေၾကာင္းကိုဆုတ္ကိုင္ကာဆြဲျဖဲလိုက္ၿပီး အုတ္ကူမွာလုံးဝကြဲထြက္သြားသည္။ ပထမဆုံးအနားခၽြန္ခၽြန္ႏွင့္ေျမေခြးနားရြက္တစ္စုံထြက္လာၿပီး ေနာက္တြင္ေတာ့ ပိန္းပါးကာခၽြန္ထက္ေသာ တေစၧလိုအေမြးရွည္မ်ားႏွင့္ေျမေခြးမ်က္ႏွာထြက္လာသည္။ အစိမ္းေရာင္ေျမေခြးမ်က္လုံးမ်ားကထို မ်က္ႏွာတြင္ ႏွစ္ျမဳပ္ေနၿပီး အလြန္တရာႀကီးမားကာ သားရိုင္းတစ္ေကာင္ကဲ့သို႔ ႐ူးသြပ္ကာ သစၥာမဲ့သည့္အရိပ္မ်ားလႊမ္းျခဳံေနသည္။
"မင္းလုပ္ၿပီးသင့္တဲ့ေနာက္ဆုံးအရာကငါ့ကိုမသတ္လိုက္တာပဲ။ Sima Gyatso,hahahaha၊ ငါသာဒီေသာက္က်ိဳးနဲ႔ေထာင္ကလြတ္သြားရင္ ဘယ္သူတားနိုင္မွာလဲ?"
ဆယ္စုႏွစ္ၾကာပိတ္ေလွာင္ခံထားရေသာျပင္းထန္သည့္ေဒါသႏွင့္နာက်ည္းမႈမ်ားပြင့္ထြက္လာသည္။ ေျမေခြးသည္ ႐ူးသြပ္ေသာရယ္သံႏွင့္အတူေျမႀကီးထဲမွတိုးထြက္လာကာ အုတ္ဂူေပၚတြက္ဝံ့ႂကြားစြာရပ္လိုက္ႀအီး ေလထဲတြင္စူးစူးဝါးဝါးရယ္ေမာလိုက္သည္။
"ဘယ္သူျဖစ္မလဲ!"
"မင္းကိုသတ္မယ္ ငါမင္းကိုသတ္မယ္__"
အက္ေၾကာင္းသည္ ယင္ခ်ီစီးေၾကာင္းသက္ေရာက္မႈကိုဆက္တိုက္ခံေနရၿပီးေနာက္ဆုံးတြင္ လုံးဝအလႊမ္းမိုးခံလိုက္ရကာပြင့္ထြက္သြားသည္။ေျမေခြးေခါင္းေပၚတြင္ ႀကီးမားအညစ္ေၾကးထုႀကီးမွာေတာင္ကုန္းတစ္ခုကဲ့သို႔ေဖာင္းပြေနၿပီးနံေဟာင္ေလာက္တြယ္ေန၍ ျပင္းထန္ေသာသတ္ျဖတ္မႈအရွိန္အဝါႏွင့္ေသြးအႏွစ္သည္ ျပဳတ္က်လာကာ ေတာက္ထိပ္တစ္ခုလို သူေအာက္တြင္ေျမေခြးအားျမဳပ္ေစလိုက္သည္။
"ငါမင္းကိုသတ္မယ္!!!"
"လၽွို႔ဟူ!!!"
ေျမေခြး၏ေအာ္ဟစ္သံမွာေသြးအနည္ႏွစ္ဟထုံထိုင္းေသာေအာ္ျမည္သံထက္ပိုစူးရွကာ ပို၍ ျပင္းထန္လာသည္ " ေသာက္က်ိဳးနဲအရာႀကီး၊ မင္းဘာေတြလုပ္ေနတာလဲ!!"
ခ်ီဖန္းဖန္း၊ေသြးအႏွစ္သာမက လၽွို႔ဟူ ဝူ႐ုန္ႏွင့္ ပတ္ဝန္က်င္းအိပ္ေဆာင္မွ ေက်ာင္းသားမ်ားပါ ယင္ခ်ီစီးေၾကာင္ူေၾကာင့္ထင္းကန္အက္ေၾကာင္းထဲျပဳတ္က်သြားေလသည္။ ယင္ခ်ီသည္မတည္ၿငိမ္သျဖင့္ လူတိုင္းသည္မတူညီေသာေနရာမ်ားသို႔ေပါက္စီမ်ားလိုျပဳတ္က်သြားသည္။
ဝူ႐ုန္ဦးေႏွာက္တြင္ညံပြက္ေနၿပီးမ်က္လုံးမ်ားနက္ေမွာင္ေနသည္။ သူမ်က္လုံးကိုမွိတ္လိုက္ေသာအခါ သူစိတ္ထဲတြင္ခ်ီဖန္းဖန္းမွာ ဆက္လက္က်ိန္ဆဲေနစဲျဖစ္သည္။ သူ႔အာ႐ုံထဲမွခ်ီဖန္းဖန္း၏အသံမွာ ထင္းကန္အသိတရား၏အသံႏွင့္တူသည္။ ဝူ႐ုန္သည္ ခ်ီဖန္းဖန္း သို႔ ေသြးအနည္ႏွစ္မွာ ထင္းကန္အသိတရားကိုပုံေဖာ္သည့္အရာဆိုသည္ကိုလ်င္ျမန္စြာသေဘာေပါက္သြားသည္။ သူမသည္ တာဝန္ကိုေၾကညာလိုက္စဥ္ကပင္ အမွတ္မထင္ျပဳတ္က်သည့္အႏၲရယ္ကိုအစီစဥ္ဆြဲခဲ့သျဖင့္ ဝူ႐ုန္သေဘာတူသည္ျဖစ္ေစမတူသည္ျဖစ္ေစ ျပဳတ္က်မည္သာ။
ဒါေပမယ့္ထူးဆန္းသည္က ခ်ီဖန္းဖန္းသည္ ဝူ႐ုန္အားစိတ္ဆိုးနာက်ည္းေစလိုဟန္မရွိ ခ်ီဖန္းဖန္း၏ေသဆုံးမႈ ပုံရိပ္ကိုဝူ႐ုန္အားၾကည့္ေစကာ သူမအနည္းငယ္မၽွသနားစရာေကာင္းကာဝူ႐ုန္အားစိတ္ေပ်ာ့ေစလိုသည္။
ခ်ီဖန္းဖန္းေသဆုံးမႈပုံရိပ္
ထင္းကန္းနံပါတ္၄၄၄သည္အႀကိမ္မ်ားစြာပြင့္ၿပီးျဖစ္ကာ မေရမတြက္နိုင္ေသာေျဖဆိုသူမ်ားဤေနရာသို႔ေရာက္ဖူး၍ အရာအားလုံး၏အစျဖစ္သည့္ခ်ီဖန္းဖန္းသည္ အလိုေလ်ာက္ပင္လူအမ်ားစု၏ ဦးတည္ရာျဖစ္လာသည္။ လူတိုင္းသည္သူမဆီမွတစုံတရာလိုခ်င္ေနၿပီးလူတိုင္းတြင္ မေကာင္းေသာရည္ရြယ္ခ်က္မ်ားရွိေနသည္။ ေသြးအႏွစ္တြက္ဝါးၿမိဳခံရသည့္အခါတိုင္းသူမသည္ သူတို႔၏အကူညီကိုေၾကာက္ရြံစြာျဖင့္ေတာင္းခံခဲ့သည္။
'မင္းရဲ့ကိုယ္ထည္ကအခု ေသြးအႏွစ္ျဖစ္သြားၿပီလား?'
တစုံတေယာက္ကသူမအေရွငုတ္တုပ္ထိုင္လ်က္ ေလာဘတႀကီးျဖင့္႐ူးသြပ္စြာသူမမ်က္ႏွာကိုဓားျဖင့္ျဖတ္ေတာက္ကာ ' မင္းကေသြးအႏွစ္ေတြကိုမင္းအေရခြံႏွင့္ လုံျခဳံေအာင္သယ္ေဆာင္သြားနိုင္တယ္ ဟုတ္တယ္မလား?'
'မင္းသာငါ့ကိုမင္းသခင္အျဖစ္သတ္မွတ္မယ္ဆို႔ငါမင္းကိုကူညီမယ္'
တခ်ိဳ႕လူမ်ားသည္သူတို႔၏စာနာကူညီစိတ္ကိုရယ္ေမာၾကကာ သူတို႔မတက္နိုင္ေသာ္လည္း သူမလည္ပင္းတြင္ အကြင္းတစ္ခုထားကာ :' တေစၧတစ္ေကာင္ကို ဒီလိုအလြယ္တကူယူေဆာင္လိုရမယ္ဆိုတာတခါမွမေတြးဖူးဘူး '
တခ်ိဳ႕ကေတာ့ အိမ္သာတံခါးေရွ႕ရပ္ကာ သူမအားေအးစက္စြာပစ္သတ္သည္။ သူမ၏ျပန႔္က်ဲေနေသာ ေပ်ာ့ေခြေနေသာအေလာင္းကိုၾကည့္၍ သူကခ်ေရးေလသည္ : ' ပစ္သတ္ခံရေသာခ်ီဖန္းဖန္း၏ကိုယ္ထည္မွေသြးအနည္ႏွစ္ ကိုမထုတ္ေပးခဲ့'
တစုံတေယာက္သည္ "အမိတာဘ"ဟူ သနားသည့္ေလသံျဖင့္ရြတ္ဆိုၿပီးေနာက္သူမသည္ ဗုဒၶအလင္းေရာင္မ်ားျဖင့္သုတ္သင္ခံရစဥ္သနားညႇာတာမႈအတြက္ငိုေႂကြးေတာင္းပန္ခဲ့ရသည္။
ဘာလို႔လဲ ဘာေၾကာင့္သူမေသရတာလံ ဘာေၾကာင့္မ်ားေသရတာလဲ၊ ထင္းကန္၏ျပန္လည္အသက္ဝင္မႈကထပ္ခါထပ္ခါျဖစ္ေနလ်က္ ေျဖဆိုသူမ်ားသည္လည္းထပ္ခါထပ္ခါလာေနခဲ့ကာ ခ်ီဖန္းဖန္း၏အမုန္းတရားႏွင့္နာက်ည္းမႈမ်ားကိုနက္သထက္နက္ေအာင္လုပ္ေပးေနသည္။ ဒါကသူမတြင္ မွတ္ဉာဏ္မရွိ၍မဟုတ္ပဲ သူမ၏တို ေတာင္းလွေသာေသဆုံးခ်ိန္မွာလြဲလၽွင္ သူမသည္အတိတ္မွာျဖစ္ခဲ့ေသာသမိုင္းေၾကာင္းကိုထပ္ခါထပ္ခ္လုပ္ေနရသည္။
သူမသည္ ပထမဆုံးထင္းကန္ပြင့္ခ်ိန္ကိုဝိူတဝါးသတိရသည္။ သူမသည္ေလထဲသို႔နင္းမိ၍ အိမ္သာထဲျပဳတ္က်ကာ စိတ္ပ်က္အားငယ္စြာငိုေႂကြးခဲ့သည္ တစုံတေယာက္သည္ တံခါးကိုတြန္းဖြင့္ကာ သူမဆီေလၽွာက္လာေသာအခါ ထိုအခ်ိန္ကသူမဘယ္ေလာက္မ်ား ေမၽွာ္လင့္ေစာင့္စားမႈႏွင့္ေက်းဇူးတင္မိသြားခဲ့လဲ သူမသည္ထိုသူကိုေတာင္ စိုးရိမ္စြာျဖင့္ထိုအရာကအႏၲရယ္မ်ာူေၾကာင့္သတိေပးကာ နီးကပ္မလာရန္ေျပာခဲ့သည္။ ဒါေပမယ့္သူမဘာရခဲ့ပါသလဲ။
သူမစိတ္မခ်မ္ေျမ့စြာေသခဲ့ရသည့္အခါတိုင္း အမုန္းတရားမ်ား ေဒါသမ်ားဘဝမ္းနည္းမႈမ်ားမွာပထမဆုံးေသျခင္းထက္ပိုပိုမ်ားလာသည္။ ငါကမၻာႀကီးကိုဖ်တ္ဆီးနိုင္ပါေစလိုဆုေတာင္းတယ္။ ဒီတႀကိမ္မတိုင္မွီေပါ့
*ဝူ႐ုန္ (ဝူ႐ုန္၏အမည္ရင္းျဖစ္ သျဖင့္ သူမသည္ သူကသူ၏သူငယ္ခ်င္းေကာင္းဝူး႐ုန္းမဟုတ္သည္ကိုသိသည္) ကကြဲျပားတယ္။
လၽွို႔ဟူ၏ဒုကၡေပးမႈေၾကာင့္ ဝူ႐ုန္ယင္ခ်ီစီးေၾကာင္းထဲျပဳတ္က်သြားမသြားမီ သူသည္ခ်ီဖန္းဖန္း၏သူ႔အေပၚခံစားခ်က္အစစ္မွန္ကိုေတြ႕လိုက္ရသည္။ အက္ကြဲေၾကာင္းထဲျပဳတ္က်သည္မွမသက္သာလွ။ အျမင့္ကိုေၾကာက္သည္ဝူ႐ုန္မွာ ေခါင္းကိုက္လာၿပီးေအာ့အန္ခ်င္လာသည္။ တျဖည္းျဖည္းႏွင့္ေသြးအႏွစ္၏ေအာ္သံလၽွို႔ဟူ၏ေအာ္ဟစ္သံမ်ားအေဝးသို႔ေရာက္သြားကာ ေလတိုးသံမ်ားသာက်န္ေတာ့သည္။ ဝူ႐ုန္႐ုတ္တရက္ေလထဲမွေၾကာက္စရာေကာင္းလွသည့္နာက်င္မႈကိုခံစားရၿပီး ျမင္းမီးအိမ္ကိုေတြ႕ရသကဲ့သို႔ သူမ်က္လုံးမ်ားလၽွပ္တျပက္လက္သြားသည္။
ထိုပုံမ်ားထဲမွာျမင္ကြင္းမွာ သူ႔ကိုယ္ပိုင္မွတ္ဉာဏ္မ်ားကဲ့သို႔ ရင္းႏွီကၽြမ္းဝင္လွသည္။ သို႔ေသာ္တခ်ိဳ႕ေသာမွားယြင္းမႈေတြလည္းရွိသည္။ ဝူ႐ုန္သည္ တခ်ိဳ႕ေသာရင္းႏွီသည့္ျမင္ကြင္းႏွင့္မ်က္ႏွာမ်ားကိုေတြ႕ရေသာ္လည္း သူရွင္းလင္းစြာမရွင္းျပနိုင္သည့္ထူးဆန္းမႈတစ္ခုကိုခံစားရသည္။
ထိုခံစားမႈမွာ သူစက္ဆုပ္ဖြယ္မ်က္ႏွာတစ္ခုကိုမျမင္ရခင္ထိျဖစ္ၿပီးထိုေနာက္ဘာမွားေနလဲဆိုသည္ကိုသတိျပဳမိသြားသည္။
ရြမ္အန္။
ဝူ႐ုန္သူျပန္လည္ေမြးဖြားလာသည့္ပထမဆုံးေန႔ကျမင္ကြင္းကိုျမင္ရသည္ ဘားထဲတြင္ ရြမ္အန္ႏွင့္ဆုံသည္ သိုေသာ္သူသည္ရြမ္အန္းကိုေငြေပးကာသူ႔စကားနားေထာင္ေစသည္။ ညီငယ္မ်ားမွာ ဓာတ္ပုံမ်ားလႊတ္ပစ္ျခင္းျဖစ္ေစ ဖုခ်င္းအားမိတ္ဆက္ေပးျခင္းျဖစ္ေစသူ၏လ်စ္လ်ဴရႈျခင္းခံရေလသည္။ အရာတိုင္းမွာသူ႔ဘာသာထပ္ခါထပ္ခါျဖစ္ေနေသာ္လည္း အမ်ိဳးမ်ိဳးေသာကြဲျပားမႈမ်ားရွိေနသည္။ ဝူ႐ုန္သူကိုယ္တိုက္ဖုခ်င္းအားေငြေပးကာ သူေျပာသည့္ ' တေစၧအမဲလိုက္ျခင္း'ကိုၾကားရသည္။
'ငါမနက္ျဖန္ ဒီေနရာမွာရွိမယ္'
သို႔ေသာ္ေနာက္ေန႔တြင္သူႏွင့္ရြမ္အန္သည္ သူ႔အမကိုသြားေခၚကာ တေန႔လုံးသူမႏွင့္ကစားေနခဲ့သည္။ သူတို႔ဘားသိုျပန္ေရာက္ခ်ိန္တြင္ေနဝင္ရီတေရာပင္ေရာက္ေနေလသည္။
ဘား၏ေရွ႕စားပြဲေပၚတြင္ စည္းစာသားတစ္ခုႏွင့္ စာတိုတစ္ခုရွိသည္။ ႀကိဳးၾကာလိုေခ်ာေမာလွပေသာတာအိုမွာထြက္သြားခဲ့ၿပီျဖစ္သည္။
" ဒါကို အေမွာင္ပေယာဂတေစၧေတြနဲ႔ နတ္ဆိုးဝိဉာဥ္ေတြမွာသုံးလို႔ရတယ္"
" ငါတို႔မွာဆုံေတြ႕ဖိုကံၾကမၼာပါမလာဘူး"
3529words
4:30Pm.Sun,Aug 13,2023.