ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...

By Sheilayoon

69.3K 10.4K 241

Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... More

Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.17- Zhong Gu
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20-Woof Woof Woof!
Ch.20.1-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21-Woof Woof Woof ?
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.26.1-Meow,Meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32-Hiss,hiss hiss,hiss hiss?
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.36.1-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.45.1-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.46.1-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52-Tick tack tick tack
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
Ch.58.1-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch 62 - Jiūjiūjiū, Jiūjiūjiū jiū
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 79- Woof woof woooof?
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?

Ch.42.1-Róngróng, Róngróng

270 62 2
By Sheilayoon

|| Unicode ||

    "ဘန်း!"

    သေနတ်ပစ်သံထွက်လာပြီး တစ္ဆေခေါင်းမှာ ရေဘောလုံးလိုပေါက်ကွဲသွားကာ ချွဲပစ်ပစ်ပြည်များနှင့်ပြန့်ကျဲ‌ နေသောသွေးတစ္ဆေစွမ်းအင်များ ကို ကျည်‌မှထွက်ပေါ်လာသောငွေရောင်အလင်းတန်းများကဝါးမြိုသွားသည်။ ခန်ကျင်းပိုင်သည်ငွေရောင်အလင်းရှိ တမူထူးခြားသည့်ပုံသဏ္ဍာန်ရှိသေနတ်ကိုညာလက်တွင်ကိုင်ဆောင်ထားသည်။ ငွေရောင်မီးခိုးများထွက်နေသေးပြီး သူဘယ်လက်ထဲထိငွေရောင်မှတ်စုကိုလှန်လိုက်သည်။

    "*Hitouban(ဒဏ္ဍာရီလာလည်ပင်ရှည်မကောင်းဆိုးဝါး)၊ နာကျည်းချက်တစ္ဆေ၊ အသက်ရှင်လျက်အစားခံရပြီးနောက်တစ္ဆေပုံဆောင်ခဲနှင့်အလောင်းတွင်းမှ ဖြစ်ပေါ်လာသည်။ သူသည်ဆင်ခြင်တုံတရားမရှိ သူ့ကိုသတ်သူ၏ကြိုးကိုင်ခြယ်လှယ်ခြင်းကိုခံရသည်။ သူ၏မူလအမည်မှာ ရူလဲ့ဖြစ်ပြီး သေဆုံးသည့်နေရာမှာ ဗဟိုပန်းခြံဖြစ်သည် "

    "ဂရုစိုက်!"

    အမှောင်ထဲတွင်စူးရှသည်ရယ်သံတစ်ခုပြီးတစ်ခုပဲ့တင်လာကာ အနက်ရောင်တစ္ဆေမျက်လုံးတစ်စုံမှအမှောင်ထဲပွင့်လာပြီး ဒွါရခုနှစ်ပေါက်လုံးသွေးယိုစီးနေပြီး ငိုလိုက်ရယ်လိုက်နှင့် သူတို့နှစ်ဦးဆီပြေးဝင်လာသည်။

    " လျှို့ဟူကဒီမှာပဲ!"

    အဝေးနံပါတ်၉သင်္ချိုင်းမြေအားရှာမတွေ့မီတွင် ဗဟိုပန်းခြံ၌လူဆယ်ယောက်ထက်မကပျောက်ဆုံးခဲ့သည်။ လျှို့ဟူသည် ခွေးတစ္ဆေများအားနှစ်ပေါင်းများစွာပျိုးထောင်ခဲ့သည်ကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ခွေးတစ္ဆေများလက်အောက်တွင် ‌လူများမရေမတွက်နိုင်အောင်သေဆုံးခဲ့လိမ့်မည်။ အခုကြည့်ရသည်မှာ သူသည် ခွေးတစ္ဆေများကို‌အသွေးအသားတွေကျွေးရုံမက သူတို့၏ဦးခေါင်းများကို နတ်ဆိုး များဖြစ်စေကာ ပျံ‌သန်းနေသောဦးခေါင်းများအဖြစ်ပါလေ့ကျင့်ခဲ့ပုံရသည်။ ခွေးတစ္ဆေများကိုထိန်းချုပ်ခြင်းအားဖြင့် ရက်စက်ကြမ်းကြုတ်သည့်ခေါင်းပျံများသည်လည်း သူထိန်း‌ချုပ်မှုအောက်ရောက်လာလေသည်။

    "သူတို့ကိုအနားမကပ်လာစေနဲ့!"

    ဟွေ့ရှင် သစ်သားငါးလေးအားပိုမြန်မြန်ခေါက်လိုက်သောအခါ ဗုဒ္ဓရောင်စဉ်မျာူတဟုန်ထိုးမြင့်တက်လာကာ ရှေ့သို့‌တိုးဝင်လာသောခေါင်းပျံများစွာကိုလောင်ကျွမ်းစေလိုက်သည်။ သူတို့နှစ်ဦးဆီသို့ တခေါင်းပြီးတခေါင်းပြေးဝင်လာပြီး ဗုဒ္ဓရောက်စဉ်နဲ့တွေ့ဆုံလောင်ကျွမ်းကာ ပေါက်ကွဲ‌ နေသော်လည်း သူတို့၏သေဆုံးမှုကို သတိမပြု‌မိပေ။ ပြည်များပြန့်ကျဲလျက် အများစုမှုဗုဒ္ဓရောင်စဉ်ကြောင့်ပျက်ပြယ်သွားကာ အနည်းငယ်သည်လေထဲရေနှောနေဆဲဖြစ်သည်။

   ယင်ချီသိပ်သည်းမှုရုတ်တရက်မြင့်မားလာပြီး အရိုးခိုက်အောင်အေးသောလေက‌အနောက်မှတိုက်ခက်လာသည်။

    "သူက ယင်ချီဝဲဂယက်ကို အသက်သွင်းဖို့လုပ်နေတာ"

    ခန်ကျင်းပိုင်အံကြိတ်လိုက်ကာ ကျည်များမှာ ပြဒါးများကဲ့သို့ပြန့်ကျဲထွက်လာပြီး တစ်ခုနှင့်တစ်ခု တိုက်မိသံပေါက်ကွဲသံများဖြစ်ပေါ်ကာ ငွေရောင်မြူတစ်လွှာဖြစ်ပေါ်လာသည်။ နာကျည်းချက်တစ္ဆေစွမ်းအင်များနှင့်တွေ့သောအခါတိုင်း ဝါးမြိုပစ်လိုက်သည် " ငါဒီနေရာကိုထိန်းထားမယ်ဘဆရာသခင်လေးဟွေ့ရှင် လေးလွှာကိုသွားလိုက် ငါအထင်လျှို့ဟူထွက်သွားလောက်ပြီ!"

    "အမိတာဘ ဒကာခန် ဂရုစိုက်ပါ"

    အခြေနေမှာအရေးပေါ်ဖြစ်နေသဖြင့် ဟွေ့ရှင် သူ့ကိုငြင်းပယ်မနေတော့၊ ဗုဒ္ဓရောင်စဉ်မှာသူနောက်ဘက်မှနေ၍ တောက်ပနေကာ ဗုဒ္ဓသက်ဆင်းလာသည်နှင့် မသိမသာဆင်တူနေလေသည်။ ဗုဒ္ဓအရိပ်မှာတစက္ကန့်မျှသာပေါ်လာပြီး နောက်ပျောက်ကွယ်သွားသော်လည်း ဟွေ့ရှင်သည် သံတံခါးကို‌ဖြတ်ကျော်ပြီး၍ လှေကားပေါ်လျင်မြန်စွာတက်သွားပြီးဖြစ်သည်။

    "*Arhat(*သံသကရိုက်ဘာသာစကားတွင် အဖိုးထိုက်တန်သူဟူအဓိပ္ပါယ်ရသည်။ Pali arahant ,ဗုဒ္ဓဘာသာအယူအရ ပြီးပြည့်စုံသောသူ ဖြစ်တည်မှု၏သဘောသဘာဝအစစ်ကို ထိုးထွင်းသိမြင်နိုင်စွမ်းရှိကာ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သူ။ လိုအင်ဆန္ဒများအနှောင်ဖွဲ့များမှကင်းလွတ်ကာလတဖန်ပြန်လည်‌မမွေးဖွားတော့ပေ။)၊ ဒီဝိဉာဉ်က ကြောက်စရာကောင်းလိုက်တာ"

    ငါတော့ဝူရုန်ဘယ်လိုလုပ်နေလဲမသိတော့ဘူး။

    တိုက်ခိုက်နေစဉ်အတွင်း ခန်ကျင်းပိုင် မတွေးပဲမနေနိုင်တော့ ပြီးနောက်သူ့ကိုယ်သူနှစ်သိမ့်လိုက်သည် " အဆင်ပြေသွားမှာပါ အနီးဆုံး မတော်တဆက ချီဖန်းဖန်းကိုသွေးအနှစ်တွေဝါးမြိုခြင်းပဲ သူ အိမ်သာထဲမသွားသရွေ့ အဆင်ပြေတယ်"

    Boom__

    သစ်သားတံခါးမှာယိမ်းထိုးသွားပြိးနောက်ကြမ်းပေလ်ပြုတ်ကျသွားကာ ကြမ်းပင်တုန်ခါသွားလေသည်။ ဝူရုန်ပြုတ်ကျသွား‌ေသာတံခါးရွက်ပေါ်နင်းလျက် လျှောက်ဝင်သွားသည်။ တခါးရွက်မှာတကျွိကျွိမြည်နေသည်။ ၎င်းမှာအရင်ကဖျတ်ဆီးမရနိုင်သည့်အရာနှင့်တူပြီးအခုတော့ ဆွေးမြေ့သွားဟန်တူသည်။သူ သူ့လက်ကောက်ဝတ်ကိုရွေ့လိုက်ကာ ဘယ်လက်ပေါ်ရှိပတ်တီးကိုဖြည်လိုက်ပြီးနောက် သွယ်လျကာ လှပကောင်းမွန်သောအရိုးရှိသည့် လက်ဖြူဖြူလေးပေါ်လာသည်။

    သံလိုမာကြောသော သစ်သားတံခါးမှာ ပတ်ဝန်းကျင်ကိုဂယက်မရိုက်စေပဲ တစ္ဆေလက်နှင့်အပိတ်ခံထားရပြီး အခုတော့ တွန်းချခံလိုက်ရလေသည်။ဒါသည်တစ္ဆေလက်အတွက် လွယ်ကူသောတာဝန်တစ်ခုပင် သူ့ခွန်အား၏ ကန့်သတ်ချက်ကိုပင်မရောက်ပေ။

    တစ္ဆေကြီး၏စွမ်းအင်သူ့ဘယ်လက်သို့ရောက်လာသောအခါ ဝူရုန်သည် ဘယ်အရာကိုမှကြောက်စရာမလိုတော့ပဲ သူ့ကိုဘာမှမလွှမ်းမိုးနိုင်တော့ဟုပင် ခံစားမိနေသည်။

    ချီဖန်းဖန်း၏ကြောင်ပေါက်လေးလို ရိူက်သံမှာဘယ်ဘက်ရှိ နောက်ဆုံးအိမ်သာဒုတိယခန်းမှထွက်လာသည်။ သူမသည် တံခါးပိတ်သွားကတည်းကအကူညီတောင်းနေတာဖြစ်ပြီး အခုတွင်တော့တိုးဖျော့သော‌အော်သံလေးသာကျန်တော့သည်။

    Gululu…Gululu...

    ကြည့်ရတာ ရေဆိုးပိုက်ထဲတစ်ခုခုပိတ်နေသလိုပင် ရေများ ထိုထဲအတင်းတိုးဝင်နေသလို ရေပွက်သံများမသဲမကွဲထွက်နေသည်။ ချီဖန်းဖန်းနှင့်နီးလာလေအသံကျယ်လာလေဖြစ်သည်။ ဝူရုန် နောက်ဆုံးတစ်ခု၏ရှေ့မှတွင်းရှေ့တွင်ရပ်လိုက်သောအခါ ချီဖန်းဖန်းကိုတွေ့လိုက်သည်။ မိန်းကလေးမှာ တကိုယ်လုံးအကြောက်တရားဖြင့်ပြည့်နေကာတုန်ယင်နေလျက် မျက်ရည်များပိုးပိုးပေါက်ပေါက်ကျနေသည်။ သူမသည် သူမ၏ညစ်ပတ်နေသောလက်များကိုလျစ်လျူရူကာ ကြမ်းပေါ်ချထား၍ သူမ၏ ကိုယ်နေဟန်ထားကိုချိန်ညှိထားကာ သူမကိုယ် လုံးကိုဆွဲထုတ်ရန်ကြိုးစား နေသော်လည်း မလုပ်နိုင်။

    ချီဖန်းဖန်း၏ညာခြေထောက်မှာ တွင်းထဲနစ်နေပြီး ဘယ်ခြေထောက်မှာလည်း ထိန်းမထား‌နိုင်တော့ပဲချော်ထွက်နေသည်။ ကြည့်ရတာလေထဲတွင် ခြေတဖက်နစ်နေသည်နှင့်တူသော်လည်း ဝူရုန်ကြည့်လိုက်သောအခါ သူမကိုယ်ထည်မှာရုတ်တရက်အောက်သို့ဆွဲကျသွားကာ သူမ၏ဘယ်ခြေတစ်ဖက်လုံးနစ်သွားပြိး တစ်စုံတရာမှသူမကိုအောက်သို့ဆွဲချနေသလို သို့မဟုတ် သဲနွံတစ်ခုထဲဝါးမြိုခံရသလိုမျိုးဖြစ်နေသည်။

    "ကူညီပါဦး ကယ်ပါဦး…"

    ချီဖန်းဖန်းတကိုယ်လုံးတုန်ယင်နေပြီး ကြောက်လွန်းသဖြင့်စကားသံပင်မထွက်နိုင် သူမမျက်နှာတွင်မျက်ရည်များပြည့်နေလျက် ဝူရုန်းအားကြည့်၍ တောင်းပန်ပြီးရင်းတောင်းပန်နေသော်လည်း ဝူရုန်သည် သူမအရေပြားအောက်မှ သွေးပြန်ကြောနှင့်တူသော အစင်းကြောင်းများကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။ ထိုအရာများသည် ငေါထွက်တွန့်လိမ်နေပြီး တခါတရံ စုစည်းသွားကာ တခါတရံပျောက်ကွယ်သွားသည်။ သူမမျက်သားဖြူထဲတွင်ထိုထက်ထူသော အနီရောင်အမျှင်များကိုလည်း တွေ့ရသေးကာ ကပ်ပါးကောင်များနှင့်တူလေသည် သို့မဟုတ် __

   __ သူမသည် သွေးအနည်နှစ်တူအောင်ပြုလုပ်ခံရပြီးဝါးမြိုခံနေရတာဖြစ်သည်။

    ရေဆိုးပိုက်မှမြည်သံထပ်မံထွက်လာကာ ချီဖန်းဖန်း၏မျက်နှာမှာရုတ်တရက်‌ဖြူဖျော့သွားပြီး မျက်ရည်များသူမပါးပေါ်စီးဆင်းလာ၍ နူတ်ခမ်းများတုန်ယင်နေကာ သတိလစ်တော့မယောင်ဖြစ်နေသည်။ သေခါနံလူတယောက်က သူ၏နောက်ဆုံးအသက်ကယ်ကောက်ရိုးတစ်ပင်အား အားကုန်သုံးကြိုးစားဆွဲယူနေသလိုပင်။ သူမရုတ်တရက်တုန်ယင်လာပြီး သူမလက်ကိုဝူရုန်ဆီ သူမခွန်အားရှိသလောက်ဖြင့်ဆွဲယူရန် ဆန့်တန်းလိုက်သည်။

    "ကူညီပါ...အား!!!"

    သူမလက်ဆန့်လိုက်သည့်အခိုက်တန့်တွင်ချီဖန်းဖန်း၏ကိုယ်လုံးများ ရုတ်တရက်ထပ်ဆွဲခံလိုက်ရပြန်သည်။ သည်းမခံနိုင်လောက်သည့်အရိုး ဖိသွပ်သံ ထွက်လာသည် တွင်းသည်လူတစ်ယောက်ပြုတ်ကျလောက်သည်အထိမကျယ်ခဲ့။ တစုံတရာသည် သူမအားအောက်သို့ဆွဲချနေသကဲ့သို့ အရိုးနှင့်ကိုယ်တွင်အင်္ဂါများကြေမွသွားခြင်းကိုဂရုမစိုက် လူသည်ချက်ချင်းမသေ သို့သော် အရိုးမရှိသော အသားနှင့်အရေးပြား တစ်အိတ်လိုဖြစ်သွားပြီး ကိုယ်ခန္ဓာတစ်ခုလုံးမှအင်္ဂါအစိတ်ပိုင်းအားလုံးဆီမှသွေးယိုစီးလျက် အဆုံးမရှိသောနာကျင်မှုအောက်တွင်သေဆုံးခြင်းဆီဖြည်းညှင်းစွာရောက်ရှိသွားပေမည်။

    သို့သော်နောက်တခဏတွင် ချီဖန်းဖန်းဖြည်းညှင်းစွာပြုတ်ကျလာသည်။ ဝူရုန်သူမလက်ကိုဆွဲယူကာ သူမ‌နောက်ကျောအားတခြားတဖက်နှင့်သိုင်းဖက်လျက် ခက်ခဲစွာဖတ်တွယ်ထားလိုက်သည်။

    ငရဲမှသူမကိုဆွဲထုတ်လိုက်သည်။

    ချီဖန်းဖန်းကိုဆွဲထုတ်ပြီးနောက် ဝူရုန်တွင်းထဲသို့ကြည့်လိုက်သည်။ ချီဖန်းဖန်း၏အင်္ကျီများမှာ ကောင်းမွန်သောအခြေတွင်ရှိနေသေးသဖြင့် သူမသည်တွင်းပေါက်မှထွက်လာပြီးနောက်ဆွဲချခံလိုက်ရခြင်းဖြစ်မည်။ တွင်ူအောက်ခြေတွင် သွေးအနည်နှင့်မည်သည့်အညစ်ကြေးမှရှိမနေ ရေပါးပါးတထပ်သာရှိသည်။ အခုလေးတစုံတရာမှသူမကို ဆွဲချနေသည်ကိုသာမမြင်ခဲ့ရလျှင် သူဒါကိုထင်ယောင်ထင်မှာဖြစ်သည်ဟုပင် ထင်မှတ်နိုင်သည်။

   အခုဝူရုန်သည်ချီဖန်းဖန်း၏လက်ကိုဘယ်လက်နှင့်ကိုင်ထားပြီး ညာလက်နှင့်သူမနောက်ကျောကိုထိန်းထားပေးသည်။ ချီဖန်းဖန်းမှာလွန်စွာပေါ့ပါးနေကာ သူမကိုဆွဲထုတ်ရန်အားအများကြီးမသုံးလိုက်ရ သောကြောင့် ပြုတ်ကျနေသည်ဟုပင်မခံစားလိုက်ရ။ တစ္ဆေလက်ကြောင့်များလား?။

    ဝူရုန်ထိုအကြောင်းတွေးနေရင်း အကြောက်မပျယ်သေးချီဖန်းဖန်းကိုလည်း တဝက်သယ် သယ်ထားပေးသည်။ သူမ၏ကိုယ်ထည်မှရွံလိုပျော့ပျောင်း၍ တုန်ယင်နေလေသည်။ အိမ်သာထဲမှထွက်လာပြီး ရေချိုးခန်းထဲသို့ဝင်ကာ ရေဘုံ‌ဘိုင်ကို‌ဖွင်ပြီးနောက် သူမခြေထောက်များကိုဆေးကြောလေသည်။
 
    "ရုန်း၊ ရုန်းရုန်း"

    ‌သူမမျက်နှာတွင်ရေစက်များရှိနေပြီး ဝူရုန်သူမမေးစေ့ကို ညစ်၍ တချက်ကြည့်လိုက်သောအခါ သူမမျက်နှာပေါ်မှသွေးလိုင်းများပျောက်ကွယ်သွားနေပြီးဖြစ်ကာ ဖြူရော်နေခြင်းထက်တခြားဒုက္ခသုခအရိပ်ယောင်မျှမရှိ သူမအရေပြားမှာလည်း ထိရသည်မှာပုံမှန်လိုဖြစ်နေပြီဖြစ်သည်။ရေ‌အေးအေးကချီဖန်းဖန်းဆီ သူမအသိစိတ်ကိုပြန်ခေါ်လာပေးပုံရသည်။ သူမမျက်တောင်များတုန်ယင်နေသည်။ သူမမျက်လုံးကိုမဖွင့် ကြောကါရွံမှုဖြင့် ဝူရုန်လက်မောင်းများထဲ ခေါင်းတိုးဝှေ့ကာ ဗလုံးဗထွေးပြောလေသည်။

    "ငါ ငါ…နင် ကျေးဇူးပဲ ဝူးးဝူညကျေးဇူးပါပဲ"

   ဝူရုန်သူမကျောကိုဘယ်လက်ဖြင့်ပွတ်သပ်ပေးလိုက်သည်။ ချီဖန်းဖန်းဆွဲချခံလိုက်သည့်အခိုက်တန့်တွင် သူမကျောပေါ်တစုံတရာပြေးတက်သွားသည်ကိုမြင်လိုက်ရသလိုပင် သို့သော်ချီဖန်းဖန်းဆွဲထုတ် လိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။ ဝူရုန်သည်မိန်းကလေး၏ပါးလှတုန်ယင်နေသောကျောပြင်ကိုထိလျက် အပေါ်မှအောက်ပွတ်သပ်ပေူရင်းနှစ့်သိမ်ပေးနေသည်။

    ပုံပျက်ခြင်းနှင့် သန္ဓေပြောင်းများရှိမနေ တစ္ဆေလက်မှမည်သည်ထူးဆန်းမှုကိုမျှမခံစားရ။

    သူ၏တိတ်တဆိတ်လူပ်ရှားမှုသည်သူမအားနှစ်သိမ့်ပေးရာရောက်ပြီး ချီဖန်းဖန်းမှုရိူက်နေဆဲဖြစ်သော်လည်း ငိုသံမှာ အနည်းငယ်ပျော့ပျောင်းလာသည်။ သူမ၏ပုခူံမှုတုန်ခါနေပြီး ခါးသီးစွာငိုကြွေးပြီးနောက်မှာတော့သုမ၏အသံမှာ အက်ကွဲနေကာ " နင်မကြောက်ဘူးလား…"

    မကြောက်ဘူးလား?  သာမန်လူတော့ကြောက်လိမ့်မည်။ ဘာလို့နင်ငါ့ကိုကယ်တာလဲ? ပြောစရာစကားလုံးများစွာရှိသော်လည်း ‌လည်ချောင်းထဲမှထွက်မလာ။

    "မင်း 'ကူညီပါ' လိုပြောခဲ့တယ်လေ"

    ဝူရုန်တည်ငြိမ်စွာပြန်ပြောသည်။ ထင်းကန်မှသူရရှိထားသောတာဝန်မှာ (ချီဖန်းဖန်းကိုဖြေကြားရန်)ဖြစ်သည်။ ချီဖန်းဖန်းမှ "ကူညီပါ"ဟုပြောပြီး သူ့ကိုမေးသည့်အခါ လိုက်လျောရန်လိုအပ်သလား? ဒါအပြင် သူကအခုအိမ်သာထဲတွင်ရှိနေပြီး ဝူရုန်အန္တရယ်ကြီးကြီးမားမားကိုခံစားမိနေပြီး သူ၏အာရုံကြောများတင်းနေကာ ခေါင်းမွေးထောင်နေခဲ့ကာ ကျောက်ပင့်ကူနက်နှင့်လူမျက်နှာပင့်ကူများပင်မတည်မငြိမ်ဖြစ်နေသော်လည်း သူ့စိတ်ထဲမှကျုံးကူသည်တော့ တုန့်ပြန်မှုမရှိ။

    ၎င်းမှာ ခုထိဥမပေါက်သေးသော်လည်း ပြင်ပကမ္ဘာအပါ်သူ၏သိမြင်ခံစားမှုမှာ လွန်စွာခံစားလွယ်လှသည်။ ၎င်းသည်ဝူမိသားစုမှအမွေဆက်ခံထားကာ ကျုံးကူပြိးပြည့်စုံစွာကြီးပြင်းလာပြီး ဝူကူသခင်နှင့်ရောနှောပြီးနောက်မှာတော့ တစ္ဆေဘုရင်ကိုပင် ကိုခုခံနိုင်သည်ဟူသောဒဏ္ဍာရီပင်ရှိသည်။ ဝူရုန်သည် သူ၏လက်ရှိပိုင်ရှင်ဖြစ်ပြီး အသက်များကဆက်နွယ်နေသည်။ ၎င်းသည် မြင့်မားသောအာရုံခံနိုင်စွမ်းရှိသည့်အချက်ပေးအလင်းတန်းနှင့်တူကာ ၎င်းသည် ဝူရုန်အသက်အန္တရယ်နှင့်ကြုံတွေလျှင် ရဲခေါ်နိုင်သည့်အသံမျိုးကိုထုတ်လွှတ်ပေးနိုင်သလိုပင်။

    ကျုံးကူငြိမ်နေရုံသာမက တစ္ဆေကြီးမှာလည်းအလွန်ငြိမ်သက်နေကာ ဒါကဝူရုန်ခံစားလိုက်ရသောအန္တရယ်အငွေ့သက်ကို လှည့်စားသည်ဟုပင်သံသယဝင်လာစေကာ တကယ်အရာဖြစ်ရမည့်အစားခြိမ်းခြောက်ခြင်း သို့မဟုတ်သွေးဆောင်ခြင်းနှင့်ပိုတူသည်။ ကျိန်းသေပေါက်ပင် သူသည် ချီဖန်းဖန်းအား မည်သည့်အတားဆီးမှမရှိဆွဲထုတ်နိုင်ခဲ့သည်။

    သူ့စိတ်ထဲအတွေးတချို့လျပ်တပြက်ပေါ်လညသော်ငြား သူမပြောတော့ပေ။ သူပြောသည့်အရာကို‌ကြားရပြီးနောက် ချီဖန်းဖန်း သည်ဝူရုန်အားပိုတင်းကြပ်စွာဖက်လိုက်ကာ သူ့တကိုယ်လုံးဝူရုန်လက်မောင်းထဲနစ်မြုပ်ထားချင်သကဲ့သို့ ပင် ထပ်မံရိုက်ငိုခြင်းမရှိတော့လည်း သူကိုယ်မှာတုန်ယင်နေဆဲပင်။

    "ငါ…"

    "ထွက်လာခဲ့"

    ဝူရုန်မက်တပ်ရပ်လိုက်ပြီး ပါးလျှကာ မြင်ရုံမျှသာမြင်နေရသောအနက်ရောင်မြူရှိရာ ကော်ရစ်တာကိုစိုက်ကြည့်လိုက်သည်။ ချီဖန်းဖန်းကိုဆွဲထုတ်ပြီးနောက် အိမ်သာထဲချက်ချင်းမထွက်ရသည့်အကြောင်းရင်းမှာ ဤနေရာပတ်ဝန်းကျင်တွင် မသန့်ရှင်းသောအရာများရှိနေသည်ကိုခံစားမိသောကြောင့်ဖြစ်သည်။

    "ရုန်းရုန်း ငါ..."

    ချီဖန်းဖန်းသည် ဝူရုန်အင်္ကျီကိုဆွဲယူ၍ သူ့ကိုအာရုံစိုက်စေလိုသော်လည်း နှာမူတ်သံတစ်ခုကဝင်နှောင့်ယှက်သွားသည်။
  
    "Sheesh မင်းကငါရဲ့တစ္ဆေနယ်မြေကိုတောင်ခံစားမိတယ်ပေါ့ ကြည့်ရတာမင်းရဲ့မသန်မစွမ်းတစ္ဆေက အသုံးဝင်တဲ့ပုံပဲ"

    လျှို့ဟူ၏အသံနက်နက်မှာနေရာပေါင်းစုံမှထွက်လာသည် : " ဒါပေမယ့်ဒီလိုအမိူက်မျိုးကရှားပါးပြီး မင်းလိုအမိူက်အတွက်ပဲ"

     သူစကားပြောလာသောအခါ ထပ်ပြီးပုန်းအောင်းမနေတော့ပေ။ အနက်ရောင်မြူများတိုးပွားလာပြီးနေရာအနှံ့ပြည့်သွားကာ လေးထပ်လုံးအား တစ္ဆေနယ်မြေထဲသို့ ထည့်သွင်းလိုက်သည်။ ပုတ်သိုးနံ့ဟောင်နေသောအနံ့လျှို့ဟူမျက်နှာမှာထွက်လာကာ အိမ်သာသည်လျှို့ဟူကပ်တွယ်ထားရမည့်အရေးကြီးဆုံး အမှတ်တစ်ခုဖြစ်ကာ အများစုမှာ အနက်ရောင်မြူများနှင့် နစ်မြုပ်သွားသည်။ နတ်ဆိုးဝိဉာဉ်အဆင့်တစ္ဆေတိုင်းသည် တစ္ဆေနယ်တစ္ဆေနယ်မြေမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြိး ထိုထဲတွင်သူ၏စွမ်းအား မှာအမြင့်ဆုံးဖြစ်ကာ တချိန်ထဲတွင်တ‌ခြားတစ္ဆေများမှာတော့ အားအနည်းဆုံးဖြစ်သွားသည်။

    ဝူရုန်သည်လျှို့ဟူ၏တစ္ဆေနယ်ပယ်ထဲတွင်ရှိနေသော်လည်း သူသည်အားနည်ခြင်းဖိနိုပ်ခံရခြင်းများမခံစားရ။ သူ့လက်မောင်းထဲမှချီဖန်းဖန်းသည်သာ အလောင်းကောင်ကဲ့သို့အေးစက်နေသည်။ ဝူရုန်သူမကိုဆွဲထုတ်လိုက်‌သောအခါ သူမသည်နာခံစွာဖြင့်ဘေူတွင်ရပ်နေကာ သူ့၏အင်္ကျီထောင့်ကိုဆွဲကိုင်ထားဆဲဖြစ်သည်။ သူမပတ်လည်ရှိအေးသက်မှုနှင့်ဆန့်ကျင်စွာသူမမျက်နှာပေါ်တွင် ချူချာသောရှက်သွေးဖြာမှုရှိနေပြီး ပါးပေါ်တွင်မျက်ရည်များရှိနေသေးကာ ပြံးပြနေသည်။ ဝူရုန်လက်မောင်းထဲမှအခုလေးတွင်‌ဖြစ်ပေါ်လာသောတုန်ယင်မှုမှာရယ်မောခြင်းကြောင့်ဖြစ်လာခြင်းဖြစ်သည်။ သူမ၏မျက်လုံးများသည် ဝူရုန်နောက်သို့စွဲလမ်းစွာလိုက်နေပြီးသူမအကြည့်ထဲတွင်ဝူရုန်သာရှိနေသည်။

    "ရုန်းရုန်း ငါလေ…"

    "ဝူရုန် အဓိပ္ပါယ်မရှိတဲ့ခုခံမှုတွေကိုရပ်လိုက် အခုမင်းတစ္ဆေကိုတောင်မဆင့်ခေါ်နိုင်တော့ဘူး။ ချီဖန်းဖန်းကိုငါ့ဆီပေးရင် မင်းတကိုယ်လုံးအပြည့်ချန်ခဲ့ပေးမယ်!" လျှိုဟူသည်အချိန်ကြာမြင့်စွာဖိနိုပ်ထားသမျှနောက်ဆုံးတွင်ကြောက်ရွံမှုမရှိ ဖွင့်ချနိုင်သကဲ့သို့ သူ့အသံထဲတွင် ရူးသွပ်မှုများနှင့် သရော်လိုက်သည်။

    "ရုန်းရုန်း…"

    "ဝူရုန် မင်းစစ်ကူကိုစောင့်နေတာတော့မဟုတ်ဘူးမလား? ဟ အာ့အရူးကောင်ခန်ကျင်းပိုင်ကို ငါပိတ်ခဲ့ပြိးပြီ ပြီးတော့ ဘုန်ကြီးအရူးကလည်း ဘယ်သူကိုမှမသတ်ရဲဘူးလေ။ သူကငါ့တစ္ဆေအစေခံရဲ့အတားကိုခံထားရလို့ တခဏလောက်တော့တက်မလာနိုင်သေးဘူ မင်းစိတ်ကူးယဉ်မနေနဲ့တော့!"

   "ရုန်း..."

    "ဝူရုန် မင်း__"

    "ထွက်သွားစမ်!!!!"

    ချီဖန်းဖန်းအလွန်ပြင်းထန်သောဒေါသဖြင့်အော်ထုတ်လိုက်ကာ ဘယ်သူမှသူမ၏လူပ်ရှားမှုအားရှင်းရှင်းလင်းလင်းမမြင်ရပဲ အနက်ရောင်မြူများ မှာ Mosesကပင်လယ်ကိုထက်ခြမ်းခွဲလိုက်သကဲ့သို့ ချက်ချင်းမကွယ်‌ပျောက်သွားမီတွင် ပိုးချည်စုတ်ပြဲသံသာကြားလိုက်ရသည်။

    လျှို့ဟူ၏တစ္ဆေနယ်မြေမှာ စုတ်ဖြဲခံလိုက်ရသည်။

______

စာရေးသူတွင်ပြောစရာရှိသည်။

ထင်းကန်နံပါတ်444ထဲအသံအကျယ်ဆုံးသူများစာရင်း:

  ပထမနေရာ : လျှို့ဟု

ဒုတိယနေရာ : ဟွေ့ရှင်

တတိယနေရာ : ခန်ကျင်းပိုင်

စတုတ္ထနေရာ : ချီဖန်းဖန်း

ဘာကြီး? ဝူရုန်နဲ့ဖုချင်းဘယ်နေရာမှာလဲဟုတ်လား?

ဒီဆွံအနေတဲ့ကောင်လေးနှစ်ယောက်က အခြေခံအားဖြင့် စကားမပြောကြဘူးလေ 🙂

3184words
9:50Pm,Tue ,Aug 8,2023.

|| Zawgyi ||

    "ဘန္း!"

    ေသနတ္ပစ္သံထြက္လာၿပီး တေစၧေခါင္းမွာ ေရေဘာလုံးလိုေပါက္ကြဲသြားကာ ခၽြဲပစ္ပစ္ျပည္မ်ားႏွင့္ျပန္႔က်ဲ‌ ေနေသာေသြးတေစၧစြမ္းအင္မ်ား ကို က်ည္‌မွထြက္ေပၚလာေသာေငြေရာင္အလင္းတန္းမ်ားကဝါးၿမိဳသြားသည္။ ခန္က်င္းပိုင္သည္ေငြေရာင္အလင္းရွိ တမူထူးျခားသည့္ပုံသ႑ာန္ရွိေသနတ္ကိုညာလက္တြင္ကိုင္ေဆာင္ထားသည္။ ေငြေရာင္မီးခိုးမ်ားထြက္ေနေသးၿပီး သူဘယ္လက္ထဲထိေငြေရာင္မွတ္စုကိုလွန္လိုက္သည္။

    "*Hitouban(ဒ႑ာရီလာလည္ပင္ရွည္မေကာင္းဆိုးဝါး)၊ နာက်ည္းခ်က္တေစၧ၊ အသက္ရွင္လ်က္အစားခံရၿပီးေနာက္တေစၧပုံေဆာင္ခဲႏွင့္အေလာင္းတြင္းမွ ျဖစ္ေပၚလာသည္။ သူသည္ဆင္ျခင္တုံတရားမရွိ သူ႔ကိုသတ္သူ၏ႀကိဳးကိုင္ျခယ္လွယ္ျခင္းကိုခံရသည္။ သူ၏မူလအမည္မွာ ႐ူလဲ့ျဖစ္ၿပီး ေသဆုံးသည့္ေနရာမွာ ဗဟိုပန္းၿခံျဖစ္သည္ "

    "ဂ႐ုစိုက္!"

    အေမွာင္ထဲတြင္စူးရွသည္ရယ္သံတစ္ခုၿပီးတစ္ခုပဲ့တင္လာကာ အနက္ေရာင္တေစၧမ်က္လုံးတစ္စုံမွအေမွာင္ထဲပြင့္လာၿပီး ဒြါရခုႏွစ္ေပါက္လုံးေသြးယိုစီးေနၿပီး ငိုလိုက္ရယ္လိုက္ႏွင့္ သူတို႔ႏွစ္ဦးဆီေျပးဝင္လာသည္။

    " လၽွို႔ဟူကဒီမွာပဲ!"

    အေဝးနံပါတ္၉သခၤ်ိဳင္းေျမအားရွာမေတြ႕မီတြင္ ဗဟိုပန္းၿခံ၌လူဆယ္ေယာက္ထက္မကေပ်ာက္ဆုံးခဲ့သည္။ လၽွို႔ဟူသည္ ေခြးတေစၧမ်ားအားႏွစ္ေပါင္းမ်ားစြာပ်ိဳးေထာင္ခဲ့သည္ကို ထည့္သြင္းစဥ္းစားမည္ဆိုလၽွင္ ေခြးတေစၧမ်ားလက္ေအာက္တြင္ ‌လူမ်ားမေရမတြက္နိုင္ေအာင္ေသဆုံးခဲ့လိမ့္မည္။ အခုၾကည့္ရသည္မွာ သူသည္ ေခြးတေစၧမ်ားကို‌အေသြးအသားေတြေကၽြး႐ုံမက သူတို႔၏ဦးေခါင္းမ်ားကို နတ္ဆိုး မ်ားျဖစ္ေစကာ ပ်ံ‌သန္းေနေသာဦးေခါင္းမ်ားအျဖစ္ပါေလ့က်င့္ခဲ့ပုံရသည္။ ေခြးတေစၧမ်ားကိုထိန္းခ်ဳပ္ျခင္းအားျဖင့္ ရက္စက္ၾကမ္းၾကဳတ္သည့္ေခါင္းပ်ံမ်ားသည္လည္း သူထိန္း‌ခ်ဳပ္မႈေအာက္ေရာက္လာေလသည္။

    "သူတို႔ကိုအနားမကပ္လာေစနဲ႔!"

    ေဟြ႕ရွင္ သစ္သားငါးေလးအားပိုျမန္ျမန္ေခါက္လိုက္ေသာအခါ ဗုဒၶေရာင္စဥ္မ်ာူတဟုန္ထိုးျမင့္တက္လာကာ ေရွ႕သို႔‌တိုးဝင္လာေသာေခါင္းပ်ံမ်ားစြာကိုေလာင္ကၽြမ္းေစလိုက္သည္။ သူတို႔ႏွစ္ဦးဆီသို႔ တေခါင္းၿပီးတေခါင္းေျပးဝင္လာၿပီး ဗုဒၶေရာက္စဥ္နဲ႔ေတြ႕ဆုံေလာင္ကၽြမ္းကာ ေပါက္ကြဲ‌ ေနေသာ္လည္း သူတို႔၏ေသဆုံးမႈကို သတိမျပဳ‌မိေပ။ ျပည္မ်ားျပန႔္က်ဲလ်က္ အမ်ားစုမႈဗုဒၶေရာင္စဥ္ေၾကာင့္ပ်က္ျပယ္သြားကာ အနည္းငယ္သည္ေလထဲေရေႏွာေနဆဲျဖစ္သည္။

   ယင္ခ်ီသိပ္သည္းမႈ႐ုတ္တရက္ျမင့္မားလာၿပီး အရိုးခိုက္ေအာင္ေအးေသာေလက‌အေနာက္မွတိုက္ခက္လာသည္။

    "သူက ယင္ခ်ီဝဲဂယက္ကို အသက္သြင္းဖို႔လုပ္ေနတာ"

    ခန္က်င္းပိုင္အံႀကိတ္လိုက္ကာ က်ည္မ်ားမွာ ျပဒါးမ်ားကဲ့သို႔ျပန႔္က်ဲထြက္လာၿပီး တစ္ခုႏွင့္တစ္ခု တိုက္မိသံေပါက္ကြဲသံမ်ားျဖစ္ေပၚကာ ေငြေရာင္ျမဴတစ္လႊာျဖစ္ေပၚလာသည္။ နာက်ည္းခ်က္တေစၧစြမ္းအင္မ်ားႏွင့္ေတြ႕ေသာအခါတိုင္း ဝါးၿမိဳပစ္လိုက္သည္ " ငါဒီေနရာကိုထိန္းထားမယ္ဘဆရာသခင္ေလးေဟြ႕ရွင္ ေလးလႊာကိုသြားလိုက္ ငါအထင္လၽွို႔ဟူထြက္သြားေလာက္ၿပီ!"

    "အမိတာဘ ဒကာခန္ ဂ႐ုစိုက္ပါ"

    အေျခေနမွာအေရးေပၚျဖစ္ေနသျဖင့္ ေဟြ႕ရွင္ သူ႔ကိုျငင္းပယ္မေနေတာ့၊ ဗုဒၶေရာင္စဥ္မွာသူေနာက္ဘက္မွေန၍ ေတာက္ပေနကာ ဗုဒၶသက္ဆင္းလာသည္ႏွင့္ မသိမသာဆင္တူေနေလသည္။ ဗုဒၶအရိပ္မွာတစကၠန႔္မၽွသာေပၚလာၿပီး ေနာက္ေပ်ာက္ကြယ္သြားေသာ္လည္း ေဟြ႕ရွင္သည္ သံတံခါးကို‌ျဖတ္ေက်ာ္ၿပီး၍ ေလွကားေပၚလ်င္ျမန္စြာတက္သြားၿပီးျဖစ္သည္။

    "*Arhat(*သံသကရိုက္ဘာသာစကားတြင္ အဖိုးထိုက္တန္သူဟူအဓိပၸါယ္ရသည္။ Pali arahant ,ဗုဒၶဘာသာအယူအရ ၿပီးျပည့္စုံေသာသူ ျဖစ္တည္မႈ၏သေဘာသဘာဝအစစ္ကို ထိုးထြင္းသိျမင္နိုင္စြမ္းရွိကာ နိဗၺာန္ကိုမ်က္ေမွာက္ျပဳနိုင္သူ။ လိုအင္ဆႏၵမ်ားအေႏွာင္ဖြဲ႕မ်ားမွကင္းလြတ္ကာလတဖန္ျပန္လည္‌မေမြးဖြားေတာ့ေပ။)၊ ဒီဝိဉာဥ္က ေၾကာက္စရာေကာင္းလိုက္တာ"

    ငါေတာ့ဝူ႐ုန္ဘယ္လိုလုပ္ေနလဲမသိေတာ့ဘူး။

    တိုက္ခိုက္ေနစဥ္အတြင္း ခန္က်င္းပိုင္ မေတြးပဲမေနနိုင္ေတာ့ ၿပီးေနာက္သူ႔ကိုယ္သူႏွစ္သိမ့္လိုက္သည္ " အဆင္ေျပသြားမွာပါ အနီးဆုံး မေတာ္တဆက ခ်ီဖန္းဖန္းကိုေသြးအႏွစ္ေတြဝါးၿမိဳျခင္းပဲ သူ အိမ္သာထဲမသြားသေရြ႕ အဆင္ေျပတယ္"

    Boom__

    သစ္သားတံခါးမွာယိမ္းထိုးသြားၿပိးေနာက္ၾကမ္းေပလ္ျပဳတ္က်သြားကာ ၾကမ္းပင္တုန္ခါသြားေလသည္။ ဝူ႐ုန္ျပဳတ္က်သြား‌ေသာတံခါးရြက္ေပၚနင္းလ်က္ ေလၽွာက္ဝင္သြားသည္။ တခါးရြက္မွာတကၽြိကၽြိျမည္ေနသည္။ ၎မွာအရင္ကဖ်တ္ဆီးမရနိုင္သည့္အရာႏွင့္တူၿပီးအခုေတာ့ ေဆြးေျမ့သြားဟန္တူသည္။သူ သူ႔လက္ေကာက္ဝတ္ကိုေရြ႕လိုက္ကာ ဘယ္လက္ေပၚရွိပတ္တီးကိုျဖည္လိုက္ၿပီးေနာက္ သြယ္လ်ကာ လွပေကာင္းမြန္ေသာအရိုးရွိသည့္ လက္ျဖဴျဖဴေလးေပၚလာသည္။

    သံလိုမာေၾကာေသာ သစ္သားတံခါးမွာ ပတ္ဝန္းက်င္ကိုဂယက္မရိုက္ေစပဲ တေစၧလက္ႏွင့္အပိတ္ခံထားရၿပီး အခုေတာ့ တြန္းခ်ခံလိုက္ရေလသည္။ဒါသည္တေစၧလက္အတြက္ လြယ္ကူေသာတာဝန္တစ္ခုပင္ သူ႔ခြန္အား၏ ကန႔္သတ္ခ်က္ကိုပင္မေရာက္ေပ။

    တေစၧႀကီး၏စြမ္းအင္သူ႔ဘယ္လက္သို႔ေရာက္လာေသာအခါ ဝူ႐ုန္သည္ ဘယ္အရာကိုမွေၾကာက္စရာမလိုေတာ့ပဲ သူ႔ကိုဘာမွမလႊမ္းမိုးနိုင္ေတာ့ဟုပင္ ခံစားမိေနသည္။

    ခ်ီဖန္းဖန္း၏ေၾကာင္ေပါက္ေလးလို ရိူက္သံမွာဘယ္ဘက္ရွိ ေနာက္ဆုံးအိမ္သာဒုတိယခန္းမွထြက္လာသည္။ သူမသည္ တံခါးပိတ္သြားကတည္းကအကူညီေတာင္းေနတာျဖစ္ၿပီး အခုတြင္ေတာ့တိုးေဖ်ာ့ေသာ‌ေအာ္သံေလးသာက်န္ေတာ့သည္။

    Gululu…Gululu...

    ၾကည့္ရတာ ေရဆိုးပိုက္ထဲတစ္ခုခုပိတ္ေနသလိုပင္ ေရမ်ား ထိုထဲအတင္းတိုးဝင္ေနသလို ေရပြက္သံမ်ားမသဲမကြဲထြက္ေနသည္။ ခ်ီဖန္းဖန္းႏွင့္နီးလာေလအသံက်ယ္လာေလျဖစ္သည္။ ဝူ႐ုန္ ေနာက္ဆုံးတစ္ခု၏ေရွ႕မွတြင္းေရွ႕တြင္ရပ္လိုက္ေသာအခါ ခ်ီဖန္းဖန္းကိုေတြ႕လိုက္သည္။ မိန္းကေလးမွာ တကိုယ္လုံးအေၾကာက္တရားျဖင့္ျပည့္ေနကာတုန္ယင္ေနလ်က္ မ်က္ရည္မ်ားပိုးပိုးေပါက္ေပါက္က်ေနသည္။ သူမသည္ သူမ၏ညစ္ပတ္ေနေသာလက္မ်ားကိုလ်စ္လ်ဴ႐ူကာ ၾကမ္းေပၚခ်ထား၍ သူမ၏ ကိုယ္ေနဟန္ထားကိုခ်ိန္ညႇိထားကာ သူမကိုယ္ လုံးကိုဆြဲထုတ္ရန္ႀကိဳးစား ေနေသာ္လည္း မလုပ္နိုင္။

    ခ်ီဖန္းဖန္း၏ညာေျခေထာက္မွာ တြင္းထဲနစ္ေနၿပီး ဘယ္ေျခေထာက္မွာလည္း ထိန္းမထား‌နိုင္ေတာ့ပဲေခ်ာ္ထြက္ေနသည္။ ၾကည့္ရတာေလထဲတြင္ ေျခတဖက္နစ္ေနသည္ႏွင့္တူေသာ္လည္း ဝူ႐ုန္ၾကည့္လိုက္ေသာအခါ သူမကိုယ္ထည္မွာ႐ုတ္တရက္ေအာက္သို႔ဆြဲက်သြားကာ သူမ၏ဘယ္ေျခတစ္ဖက္လုံးနစ္သြားၿပိး တစ္စုံတရာမွသူမကိုေအာက္သို႔ဆြဲခ်ေနသလို သို႔မဟုတ္ သဲႏြံတစ္ခုထဲဝါးၿမိဳခံရသလိုမ်ိဳးျဖစ္ေနသည္။

    "ကူညီပါဦး ကယ္ပါဦး…"

    ခ်ီဖန္းဖန္းတကိုယ္လုံးတုန္ယင္ေနၿပီး ေၾကာက္လြန္းသျဖင့္စကားသံပင္မထြက္နိုင္ သူမမ်က္ႏွာတြင္မ်က္ရည္မ်ားျပည့္ေနလ်က္ ဝူ႐ုန္းအားၾကည့္၍ ေတာင္းပန္ၿပီးရင္းေတာင္းပန္ေနေသာ္လည္း ဝူ႐ုန္သည္ သူမအေရျပားေအာက္မွ ေသြးျပန္ေၾကာႏွင့္တူေသာ အစင္းေၾကာင္းမ်ားကိုရွင္းရွင္းလင္းလင္းျမင္ေနရသည္။ ထိုအရာမ်ားသည္ ေငါထြက္တြန႔္လိမ္ေနၿပီး တခါတရံ စုစည္းသြားကာ တခါတရံေပ်ာက္ကြယ္သြားသည္။ သူမမ်က္သားျဖဴထဲတြင္ထိုထက္ထူေသာ အနီေရာင္အမၽွင္မ်ားကိုလည္း ေတြ႕ရေသးကာ ကပ္ပါးေကာင္မ်ားႏွင့္တူေလသည္ သို႔မဟုတ္ __

   __ သူမသည္ ေသြးအနည္ႏွစ္တူေအာင္ျပဳလုပ္ခံရၿပီးဝါးၿမိဳခံေနရတာျဖစ္သည္။

    ေရဆိုးပိုက္မွျမည္သံထပ္မံထြက္လာကာ ခ်ီဖန္းဖန္း၏မ်က္ႏွာမွာ႐ုတ္တရက္‌ျဖဴေဖ်ာ့သြားၿပီး မ်က္ရည္မ်ားသူမပါးေပၚစီးဆင္းလာ၍ ႏူတ္ခမ္းမ်ားတုန္ယင္ေနကာ သတိလစ္ေတာ့မေယာင္ျဖစ္ေနသည္။ ေသခါနံလူတေယာက္က သူ၏ေနာက္ဆုံးအသက္ကယ္ေကာက္ရိုးတစ္ပင္အား အားကုန္သုံးႀကိဳးစားဆြဲယူေနသလိုပင္။ သူမ႐ုတ္တရက္တုန္ယင္လာၿပီး သူမလက္ကိုဝူ႐ုန္ဆီ သူမခြန္အားရွိသေလာက္ျဖင့္ဆြဲယူရန္ ဆန႔္တန္းလိုက္သည္။

    "ကူညီပါ...အား!!!"

    သူမလက္ဆန႔္လိုက္သည့္အခိုက္တန႔္တြင္ခ်ီဖန္းဖန္း၏ကိုယ္လုံးမ်ား ႐ုတ္တရက္ထပ္ဆြဲခံလိုက္ရျပန္သည္။ သည္းမခံနိုင္ေလာက္သည့္အရိုး ဖိသြပ္သံ ထြက္လာသည္ တြင္းသည္လူတစ္ေယာက္ျပဳတ္က်ေလာက္သည္အထိမက်ယ္ခဲ့။ တစုံတရာသည္ သူမအားေအာက္သို႔ဆြဲခ်ေနသကဲ့သို႔ အရိုးႏွင့္ကိုယ္တြင္အဂၤါမ်ားေၾကမြသြားျခင္းကိုဂ႐ုမစိုက္ လူသည္ခ်က္ခ်င္းမေသ သို႔ေသာ္ အရိုးမရွိေသာ အသားႏွင့္အေရးျပား တစ္အိတ္လိုျဖစ္သြားၿပီး ကိုယ္ခႏၶာတစ္ခုလုံးမွအဂၤါအစိတ္ပိုင္းအားလုံးဆီမွေသြးယိုစီးလ်က္ အဆုံးမရွိေသာနာက်င္မႈေအာက္တြင္ေသဆုံးျခင္းဆီျဖည္းညႇင္းစြာေရာက္ရွိသြားေပမည္။

    သို႔ေသာ္ေနာက္တခဏတြင္ ခ်ီဖန္းဖန္းျဖည္းညႇင္းစြာျပဳတ္က်လာသည္။ ဝူ႐ုန္သူမလက္ကိုဆြဲယူကာ သူမ‌ေနာက္ေက်ာအားတျခားတဖက္ႏွင့္သိုင္းဖက္လ်က္ ခက္ခဲစြာဖတ္တြယ္ထားလိုက္သည္။

    ငရဲမွသူမကိုဆြဲထုတ္လိုက္သည္။

    ခ်ီဖန္းဖန္းကိုဆြဲထုတ္ၿပီးေနာက္ ဝူ႐ုန္တြင္းထဲသို႔ၾကည့္လိုက္သည္။ ခ်ီဖန္းဖန္း၏အကၤ်ီမ်ားမွာ ေကာင္းမြန္ေသာအေျခတြင္ရွိေနေသးသျဖင့္ သူမသည္တြင္းေပါက္မွထြက္လာၿပီးေနာက္ဆြဲခ်ခံလိုက္ရျခင္းျဖစ္မည္။ တြင္ူေအာက္ေျခတြင္ ေသြးအနည္ႏွင့္မည္သည့္အညစ္ေၾကးမွရွိမေန ေရပါးပါးတထပ္သာရွိသည္။ အခုေလးတစုံတရာမွသူမကို ဆြဲခ်ေနသည္ကိုသာမျမင္ခဲ့ရလၽွင္ သူဒါကိုထင္ေယာင္ထင္မွာျဖစ္သည္ဟုပင္ ထင္မွတ္နိုင္သည္။

   အခုဝူ႐ုန္သည္ခ်ီဖန္းဖန္း၏လက္ကိုဘယ္လက္ႏွင့္ကိုင္ထားၿပီး ညာလက္ႏွင့္သူမေနာက္ေက်ာကိုထိန္းထားေပးသည္။ ခ်ီဖန္းဖန္းမွာလြန္စြာေပါ့ပါးေနကာ သူမကိုဆြဲထုတ္ရန္အားအမ်ားႀကီးမသုံးလိုက္ရ ေသာေၾကာင့္ ျပဳတ္က်ေနသည္ဟုပင္မခံစားလိုက္ရ။ တေစၧလက္ေၾကာင့္မ်ားလား?။

    ဝူ႐ုန္ထိုအေၾကာင္းေတြးေနရင္း အေၾကာက္မပ်ယ္ေသးခ်ီဖန္းဖန္းကိုလည္း တဝက္သယ္ သယ္ထားေပးသည္။ သူမ၏ကိုယ္ထည္မွရြံလိုေပ်ာ့ေပ်ာင္း၍ တုန္ယင္ေနေလသည္။ အိမ္သာထဲမွထြက္လာၿပီး ေရခ်ိဳးခန္းထဲသို႔ဝင္ကာ ေရဘုံ‌ဘိုင္ကို‌ဖြင္ၿပီးေနာက္ သူမေျခေထာက္မ်ားကိုေဆးေၾကာေလသည္။
 
    "႐ုန္း၊ ႐ုန္း႐ုန္း"

    ‌သူမမ်က္ႏွာတြင္ေရစက္မ်ားရွိေနၿပီး ဝူ႐ုန္သူမေမးေစ့ကို ညစ္၍ တခ်က္ၾကည့္လိုက္ေသာအခါ သူမမ်က္ႏွာေပၚမွေသြးလိုင္းမ်ားေပ်ာက္ကြယ္သြားေနၿပီးျဖစ္ကာ ျဖဴေရာ္ေနျခင္းထက္တျခားဒုကၡသုခအရိပ္ေယာင္မၽွမရွိ သူမအေရျပားမွာလည္း ထိရသည္မွာပုံမွန္လိုျဖစ္ေနၿပီျဖစ္သည္။ေရ‌ေအးေအးကခ်ီဖန္းဖန္းဆီ သူမအသိစိတ္ကိုျပန္ေခၚလာေပးပုံရသည္။ သူမမ်က္ေတာင္မ်ားတုန္ယင္ေနသည္။ သူမမ်က္လုံးကိုမဖြင့္ ေၾကာကါရြံမႈျဖင့္ ဝူ႐ုန္လက္ေမာင္းမ်ားထဲ ေခါင္းတိုးေဝွ႕ကာ ဗလုံးဗေထြးေျပာေလသည္။

    "ငါ ငါ…နင္ ေက်းဇူးပဲ ဝူးးဝူညေက်းဇူးပါပဲ"

   ဝူ႐ုန္သူမေက်ာကိုဘယ္လက္ျဖင့္ပြတ္သပ္ေပးလိုက္သည္။ ခ်ီဖန္းဖန္းဆြဲခ်ခံလိုက္သည့္အခိုက္တန႔္တြင္ သူမေက်ာေပၚတစုံတရာေျပးတက္သြားသည္ကိုျမင္လိုက္ရသလိုပင္ သို႔ေသာ္ခ်ီဖန္းဖန္းဆြဲထုတ္ လိုက္ၿပီးေနာက္ ေပ်ာက္ကြယ္သြားသည္။ ဝူ႐ုန္သည္မိန္းကေလး၏ပါးလွတုန္ယင္ေနေသာေက်ာျပင္ကိုထိလ်က္ အေပၚမွေအာက္ပြတ္သပ္ေပူရင္းႏွစ့္သိမ္ေပးေနသည္။

    ပုံပ်က္ျခင္းႏွင့္ သေႏၶေျပာင္းမ်ားရွိမေန တေစၧလက္မွမည္သည္ထူးဆန္းမႈကိုမၽွမခံစားရ။

    သူ၏တိတ္တဆိတ္လူပ္ရွားမႈသည္သူမအားႏွစ္သိမ့္ေပးရာေရာက္ၿပီး ခ်ီဖန္းဖန္းမႈရိူက္ေနဆဲျဖစ္ေသာ္လည္း ငိုသံမွာ အနည္းငယ္ေပ်ာ့ေပ်ာင္းလာသည္။ သူမ၏ပုခူံမႈတုန္ခါေနၿပီး ခါးသီးစြာငိုေႂကြးၿပီးေနာက္မွာေတာ့သုမ၏အသံမွာ အက္ကြဲေနကာ " နင္မေၾကာက္ဘူးလား…"

    မေၾကာက္ဘူးလား?  သာမန္လူေတာ့ေၾကာက္လိမ့္မည္။ ဘာလို႔နင္ငါ့ကိုကယ္တာလဲ? ေျပာစရာစကားလုံးမ်ားစြာရွိေသာ္လည္း ‌လည္ေခ်ာင္းထဲမွထြက္မလာ။

    "မင္း 'ကူညီပါ' လိုေျပာခဲ့တယ္ေလ"

    ဝူ႐ုန္တည္ၿငိမ္စြာျပန္ေျပာသည္။ ထင္းကန္မွသူရရွိထားေသာတာဝန္မွာ (ခ်ီဖန္းဖန္းကိုေျဖၾကားရန္)ျဖစ္သည္။ ခ်ီဖန္းဖန္းမွ "ကူညီပါ"ဟုေျပာၿပီး သူ႔ကိုေမးသည့္အခါ လိုက္ေလ်ာရန္လိုအပ္သလား? ဒါအျပင္ သူကအခုအိမ္သာထဲတြင္ရွိေနၿပီး ဝူ႐ုန္အႏၲရယ္ႀကီးႀကီးမားမားကိုခံစားမိေနၿပီး သူ၏အာ႐ုံေၾကာမ်ားတင္းေနကာ ေခါင္းေမြးေထာင္ေနခဲ့ကာ ေက်ာက္ပင့္ကူနက္ႏွင့္လူမ်က္ႏွာပင့္ကူမ်ားပင္မတည္မၿငိမ္ျဖစ္ေနေသာ္လည္း သူ႔စိတ္ထဲမွက်ဳံးကူသည္ေတာ့ တုန႔္ျပန္မႈမရွိ။

    ၎မွာ ခုထိဥမေပါက္ေသးေသာ္လည္း ျပင္ပကမၻာအပၚသူ၏သိျမင္ခံစားမႈမွာ လြန္စြာခံစားလြယ္လွသည္။ ၎သည္ဝူမိသားစုမွအေမြဆက္ခံထားကာ က်ဳံးကူၿပိးျပည့္စုံစြာႀကီးျပင္းလာၿပီး ဝူကူသခင္ႏွင့္ေရာေႏွာၿပီးေနာက္မွာေတာ့ တေစၧဘုရင္ကိုပင္ ကိုခုခံနိုင္သည္ဟူေသာဒ႑ာရီပင္ရွိသည္။ ဝူ႐ုန္သည္ သူ၏လက္ရွိပိုင္ရွင္ျဖစ္ၿပီး အသက္မ်ားကဆက္ႏြယ္ေနသည္။ ၎သည္ ျမင့္မားေသာအာ႐ုံခံနိုင္စြမ္းရွိသည့္အခ်က္ေပးအလင္းတန္းႏွင့္တူကာ ၎သည္ ဝူ႐ုန္အသက္အႏၲရယ္ႏွင့္ၾကဳံေတြလၽွင္ ရဲေခၚနိုင္သည့္အသံမ်ိဳးကိုထုတ္လႊတ္ေပးနိုင္သလိုပင္။

    က်ဳံးကူၿငိမ္ေန႐ုံသာမက တေစၧႀကီးမွာလည္းအလြန္ၿငိမ္သက္ေနကာ ဒါကဝူ႐ုန္ခံစားလိုက္ရေသာအႏၲရယ္အေငြ႕သက္ကို လွည့္စားသည္ဟုပင္သံသယဝင္လာေစကာ တကယ္အရာျဖစ္ရမည့္အစားၿခိမ္းေျခာက္ျခင္း သို႔မဟုတ္ေသြးေဆာင္ျခင္းႏွင့္ပိုတူသည္။ က်ိန္းေသေပါက္ပင္ သူသည္ ခ်ီဖန္းဖန္းအား မည္သည့္အတားဆီးမွမရွိဆြဲထုတ္နိုင္ခဲ့သည္။

    သူ႔စိတ္ထဲအေတြးတခ်ိဳ႕လ်ပ္တျပက္ေပၚလညေသာ္ျငား သူမေျပာေတာ့ေပ။ သူေျပာသည့္အရာကို‌ၾကားရၿပီးေနာက္ ခ်ီဖန္းဖန္း သည္ဝူ႐ုန္အားပိုတင္းၾကပ္စြာဖက္လိုက္ကာ သူ႔တကိုယ္လုံးဝူ႐ုန္လက္ေမာင္းထဲနစ္ျမဳပ္ထားခ်င္သကဲ့သို႔ ပင္ ထပ္မံရိုက္ငိုျခင္းမရွိေတာ့လည္း သူကိုယ္မွာတုန္ယင္ေနဆဲပင္။

    "ငါ…"

    "ထြက္လာခဲ့"

    ဝူ႐ုန္မက္တပ္ရပ္လိုက္ၿပီး ပါးလၽွကာ ျမင္႐ုံမၽွသာျမင္ေနရေသာအနက္ေရာင္ျမဴရွိရာ ေကာ္ရစ္တာကိုစိုက္ၾကည့္လိုက္သည္။ ခ်ီဖန္းဖန္းကိုဆြဲထုတ္ၿပီးေနာက္ အိမ္သာထဲခ်က္ခ်င္းမထြက္ရသည့္အေၾကာင္းရင္းမွာ ဤေနရာပတ္ဝန္းက်င္တြင္ မသန႔္ရွင္းေသာအရာမ်ားရွိေနသည္ကိုခံစားမိေသာေၾကာင့္ျဖစ္သည္။

    "႐ုန္း႐ုန္း ငါ..."

    ခ်ီဖန္းဖန္းသည္ ဝူ႐ုန္အကၤ်ီကိုဆြဲယူ၍ သူ႔ကိုအာ႐ုံစိုက္ေစလိုေသာ္လည္း ႏွာမူတ္သံတစ္ခုကဝင္ေႏွာင့္ယွက္သြားသည္။
  
    "Sheesh မင္းကငါရဲ့တေစၧနယ္ေျမကိုေတာင္ခံစားမိတယ္ေပါ့ ၾကည့္ရတာမင္းရဲ့မသန္မစြမ္းတေစၧက အသုံးဝင္တဲ့ပုံပဲ"

    လၽွို႔ဟူ၏အသံနက္နက္မွာေနရာေပါင္းစုံမွထြက္လာသည္ : " ဒါေပမယ့္ဒီလိုအမိူက္မ်ိဳးကရွားပါးၿပီး မင္းလိုအမိူက္အတြက္ပဲ"

     သူစကားေျပာလာေသာအခါ ထပ္ၿပီးပုန္းေအာင္းမေနေတာ့ေပ။ အနက္ေရာင္ျမဴမ်ားတိုးပြားလာၿပီးေနရာအႏွံ့ျပည့္သြားကာ ေလးထပ္လုံးအား တေစၧနယ္ေျမထဲသို႔ ထည့္သြင္းလိုက္သည္။ ပုတ္သိုးနံ့ေဟာင္ေနေသာအနံ့လၽွို႔ဟူမ်က္ႏွာမွာထြက္လာကာ အိမ္သာသည္လၽွို႔ဟူကပ္တြယ္ထားရမည့္အေရးႀကီးဆုံး အမွတ္တစ္ခုျဖစ္ကာ အမ်ားစုမွာ အနက္ေရာင္ျမဴမ်ားႏွင့္ နစ္ျမဳပ္သြားသည္။ နတ္ဆိုးဝိဉာဥ္အဆင့္တေစၧတိုင္းသည္ တေစၧနယ္တေစၧနယ္ေျမမွ ျဖစ္ေပၚလာျခင္းျဖစ္ၿပိး ထိုထဲတြင္သူ၏စြမ္းအား မွာအျမင့္ဆုံးျဖစ္ကာ တခ်ိန္ထဲတြင္တ‌ျခားတေစၧမ်ားမွာေတာ့ အားအနည္းဆုံးျဖစ္သြားသည္။

    ဝူ႐ုန္သည္လၽွို႔ဟူ၏တေစၧနယ္ပယ္ထဲတြင္ရွိေနေသာ္လည္း သူသည္အားနည္ျခင္းဖိနိုပ္ခံရျခင္းမ်ားမခံစားရ။ သူ႔လက္ေမာင္းထဲမွခ်ီဖန္းဖန္းသည္သာ အေလာင္းေကာင္ကဲ့သို႔ေအးစက္ေနသည္။ ဝူ႐ုန္သူမကိုဆြဲထုတ္လိုက္‌ေသာအခါ သူမသည္နာခံစြာျဖင့္ေဘူတြင္ရပ္ေနကာ သူ႔၏အကၤ်ီေထာင့္ကိုဆြဲကိုင္ထားဆဲျဖစ္သည္။ သူမပတ္လည္ရွိေအးသက္မႈႏွင့္ဆန႔္က်င္စြာသူမမ်က္ႏွာေပၚတြင္ ခ်ဴခ်ာေသာရွက္ေသြးျဖာမႈရွိေနၿပီး ပါးေပၚတြင္မ်က္ရည္မ်ားရွိေနေသးကာ ၿပံးျပေနသည္။ ဝူ႐ုန္လက္ေမာင္းထဲမွအခုေလးတြင္‌ျဖစ္ေပၚလာေသာတုန္ယင္မႈမွာရယ္ေမာျခင္းေၾကာင့္ျဖစ္လာျခင္းျဖစ္သည္။ သူမ၏မ်က္လုံးမ်ားသည္ ဝူ႐ုန္ေနာက္သို႔စြဲလမ္းစြာလိုက္ေနၿပီးသူမအၾကည့္ထဲတြင္ဝူ႐ုန္သာရွိေနသည္။

    "႐ုန္း႐ုန္း ငါေလ…"

    "ဝူ႐ုန္ အဓိပၸါယ္မရွိတဲ့ခုခံမႈေတြကိုရပ္လိုက္ အခုမင္းတေစၧကိုေတာင္မဆင့္ေခၚနိုင္ေတာ့ဘူး။ ခ်ီဖန္းဖန္းကိုငါ့ဆီေပးရင္ မင္းတကိုယ္လုံးအျပည့္ခ်န္ခဲ့ေပးမယ္!" လၽွိုဟူသည္အခ်ိန္ၾကာျမင့္စြာဖိနိုပ္ထားသမၽွေနာက္ဆုံးတြင္ေၾကာက္ရြံမႈမရွိ ဖြင့္ခ်နိုင္သကဲ့သို႔ သူ႔အသံထဲတြင္ ႐ူးသြပ္မႈမ်ားႏွင့္ သေရာ္လိုက္သည္။

    "႐ုန္း႐ုန္း…"

    "ဝူ႐ုန္ မင္းစစ္ကူကိုေစာင့္ေနတာေတာ့မဟုတ္ဘူးမလား? ဟ အာ့အ႐ူးေကာင္ခန္က်င္းပိုင္ကို ငါပိတ္ခဲ့ၿပိးၿပီ ၿပီးေတာ့ ဘုန္ႀကီးအ႐ူးကလည္း ဘယ္သူကိုမွမသတ္ရဲဘူးေလ။ သူကငါ့တေစၧအေစခံရဲ့အတားကိုခံထားရလို႔ တခဏေလာက္ေတာ့တက္မလာနိုင္ေသးဘူ မင္းစိတ္ကူးယဥ္မေနနဲ႔ေတာ့!"

   "႐ုန္း..."

    "ဝူ႐ုန္ မင္း__"

    "ထြက္သြားစမ္!!!!"

    ခ်ီဖန္းဖန္းအလြန္ျပင္းထန္ေသာေဒါသျဖင့္ေအာ္ထုတ္လိုက္ကာ ဘယ္သူမွသူမ၏လူပ္ရွားမႈအားရွင္းရွင္းလင္းလင္းမျမင္ရပဲ အနက္ေရာင္ျမဴမ်ား မွာ Mosesကပင္လယ္ကိုထက္ျခမ္းခြဲလိုက္သကဲ့သို႔ ခ်က္ခ်င္းမကြယ္‌ေပ်ာက္သြားမီတြင္ ပိုးခ်ည္စုတ္ျပဲသံသာၾကားလိုက္ရသည္။

    လၽွို႔ဟူ၏တေစၧနယ္ေျမမွာ စုတ္ျဖဲခံလိုက္ရသည္။

______

စာေရးသူတြင္ေျပာစရာရွိသည္။

ထင္းကန္နံပါတ္444ထဲအသံအက်ယ္ဆုံးသူမ်ားစာရင္း:

  ပထမေနရာ : လၽွို႔ဟု

ဒုတိယေနရာ : ေဟြ႕ရွင္

တတိယေနရာ : ခန္က်င္းပိုင္

စတုတၳေနရာ : ခ်ီဖန္းဖန္း

ဘာႀကီး? ဝူ႐ုန္နဲ႔ဖုခ်င္းဘယ္ေနရာမွာလဲဟုတ္လား?

ဒီဆြံအေနတဲ့ေကာင္ေလးႏွစ္ေယာက္က အေျခခံအားျဖင့္ စကားမေျပာၾကဘူးေလ 🙂

3184words
9:50Pm,Tue ,Aug 8,2023.

   

   

   

   

Continue Reading

You'll Also Like

14.2K 248 106
Description; Status in COO: 102 Chapters (Completed) The business bigshot who covered the sky with one hand, Zhao Yao, died of an illness. Once he op...
24.1K 860 15
waking up to find yourself in a strange room, in a different time, with a different life, different friends, being chased by different slashers...
22.2K 1K 11
You're a brand new zookeeper at The Halfling Zoo- a place where half-animals live in captivity. Your job is simple- feed them and study them. Your ma...
138K 6.8K 56
Story of two long lost childhood friends who reconnect through Instagram.