ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...
By Sheilayoon
69.4K 10.4K 241
Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... More
Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.17- Zhong Gu
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20-Woof Woof Woof!
Ch.20.1-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21-Woof Woof Woof ?
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.26.1-Meow,Meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32-Hiss,hiss hiss,hiss hiss?
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.42.1-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.45.1-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.46.1-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52-Tick tack tick tack
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
Ch.58.1-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch 62 - Jiūjiūjiū, Jiūjiūjiū jiū
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 79- Woof woof woooof?
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?
Ch.36.1-prprpr
352 67 1
By Sheilayoon
|| Unicode||
    ဝူရုန်ထိုအိမ်မက်မှထွက်ခွာပြီး အပြင်သို့ပြန်ရန်ပြင်လိုက်သည်။ မိန်းမောနေစဉ်မှာပဲ သွေးများတဖန်ပြန်လည်စုစည်းလာပြီး စစ်သားများ ခံတပ်ပိုင်းပြန်သွားနေသည်ကိုတွေ့လိုက်သည်။ လက်နက်ကိုင်ရဲသားငယ်လေး သေရာမှပြန်ရှင်လာပြီး သူ၏ညစ်ပတ်နေသောမျက်နှာတွင် ခိုင်မာမူများရှိနေကာ ကျင်းထဲတွင်တောင့်တင်းစွာ လှဲလျောင်းနေရင်း အဝေးတနေရာဆီချိန်ရွယ်နေသည်။ သူ့ကဲ့သို့စစ်သားအများစုသည်မှာလည်း သံမဏိမြို့နံရံများလို ဝင်ပေါက်တွင် ခိုင်မြဲစွာရပ်နေကြသည်။ မြို့ငယ်လေးရှိ ပြိုကျပျက်စီးနေသောအဆောင်အုံများ၏အရိပ်ထဲမှ ပုလဲရောင်‌တစ္ဆေများသည် တိုက်ပွဲဆီသို့စိုးရိမ်စွာကြည့်နေကြကာ အသက်ရှင်ကျန်သူများတွက် တိတ်တဆိတ်ဆုတောင်းပေးနေကြသည်။
    သွေးမိုးများတဖွဲဖွဲရွာကျနေသည်။ ဆရာသခင်ဖု၏ပုံရိပ်သည်လည်းမီးခိုးငွေ့လိုပျောက်သွားကာ များစွာသောအရိုးစုများ သွေးအနည်များထဲမှတွားတက်လာနေပြီး လူသားများကို တုန်တုန်ယင်ယင်နှင့်တိုက်ခိုက်နေကြသည်။
    ပစ်!
    အစွဲလမ်းကနေဖြစ်ပေါ်နေသော အိမ်မက်မှာ ပြန်လည်ပြသနေသော်လည်း ဝူရုန်ထွက်သွားပြီဖြစ်သည်။ သူသည် အိပ်ဆောင်နံပါတ်444 ၏အိပ်ရာနံပါတ်7ပေါ်တွင် ဖြည်းညှင်းစွာမျက်လုံးပွင့်လာသည်။ နေသည်တောက်ပစွာဖြာဆင်းနေပြီး မြွေစိမ်းလေးသည် သူ့ခေါင်းအုံးဘေးတွင် နှစ်ခြိုက်စွာအိပ်မောကျနေလေသည်။ စောစောထနေသောကျောက်ပင့်ကူနက်လေးမှာ မနက်စာမရှိသဖြင့်  ယမန်နေ့ညမှ နံရံပေါ်ထုံးနေသော အမျှင်တန်းများကိုသာသန့်စင်ပြီစားသုံးနေလေကာ ထိုနောက်တွင်တော့ ရွံ့အိုးထဲသူ့ဘာသာပြန်ဆင်းပြီးနောက် ပျော့ပျောင်းသောသူ့ရှေ့ခြေများဖြင့်အဖုံးကိုဖျတ်ခနဲပြန်ပိတ်လိုက်လေသည်။
   ဝူရုန်သူခေါင်းနောက်မှ သေးငယ်သောထုထည်တခုကို ခံစားမိလိုက်သည်။ သူထထိုင်လိုက်ပြီး ခေါင်းအုံးအောက်သို့ထိကြည့်လိုက်ပြီးနောက် ရုတ်တရက်သူ့လက်တန့်သွားသည်။
    သွေးစွန်းနေသောစက္ကူကြိုးကြာလေးအပြင် ခေါင်းအုံးအောက်တွင် အမွေနှစ် ပုတီကုံးလေးတစ်ခုရှိနေလေသည်။
    ကျောင်းကျိုးကလိပ်ပြာတစ်ကောင်ကိုအိမ်မက်မက်ပြီး လိပ်ပြာတစ်ကောင်ကကျောင်းကျိုးကိုအိမ်မက်မက်နေတယ် ဘယ်တစ်ခုကအမှန်ဖြစ်ပြီးဘယ်တစ်ခုကအမှားဖြစ်နေတာလဲ?
   ခန့်မှန်းရမည်ဆိုလျှင် ဤကမ္ဘာတွင် ဆရာသခင်ကုချန်ကဲ့သိုါ လူမျိုးအလွန်နည်းပါးလေသည်။
    "ရုန်းရုန်း နိုးလာပြီပေါ့!"
    အိပ်ဆောင်တံခါး ချပ်ခနဲ့ပွင့်သွားပြီး ချီဖန်းဖန်း၏ခေါင်းဝင်လာကာ အသံတိုးတိုးဖြင့်ပြောလာသည် " သွားပြီးမျက်နှာသစ် ဒီနေ့အနုပညာဆောင်မှာ ရုပ်တုသရုပ်ပြပွဲ ရှိတယ် နက်အမြဲသွားချင်နေတာမလား __"
    " ကြည့်ပါဦး ချီဖန်းဖန်း နင့်ရဲ့သိက္ခာသမာဓိတည်ကြည်နေပုံကတော့။ နင့်အနံ့က အိမ်သာနံ့လိုပဲ။ ဘယ်သူကများ နင်နဲ့တနေရာထဲရှိနေချင်မှာလဲ?"
    လှောင်ပြောင်မူနှင့်အတူ သစ်အယ်သီးဆံပင်နှင့်ကောင်မလေးသည် ချီဖန်းဖန်းအားတံခါးအဝေးသို့တွန်းလိုက်ကာ သူမ၏တကိုယ်ရည်သုံပစ္စည်းများယူကာ အိပ်ဆောင်သို့ပြန်ဝင်လာပြီး ဝူရုန်အားအထက်အောက်စုန်ဆန်ကြည့်လိုက်သည်။ မူလကစေ့စေ့စပ်စပ်ကြည့်ရူနေသောမျက်လုံးများ သူ၏နက်မှောင်သောမျက်လုံးနှင့်ဆုံသွားသောအခါတွန့်ဆုတ်သွားကာ အရှိန်အဟုန်သည်လည်းအားနည်းသွားသော်လည်း သူမသည် ဆက်လက်ပြောဆိုလိုစိတ်ရှိနေသေးကာ " ဝူးရုန်း ဘယ်အချိန်တုန်းကများ မစ္စတာယဲ့ကိုချည်းကပ်လိုက်တာလဲဟမ်? "
    "မစ္စတာယဲ့?"
    အိပ်ရာနံပါတ်1 သူ့ကိုယ်သူပြင်ဆင် နေသောအိပ်ဆောင်ခေါင်းဆောင်မှာ စူးစမ်လာသည် " အဆင့်မြင့်တန်းက အင်္ဂလိပ်ဆရာ မစ္စတာယဲ့လား ? သူကငါတို့လို တလွှာတည်း‌ ‌ တောင်မဟုတ်ဘူးလေး "
     "မြန်မြန်ပြောပါဦး!"
    သစ်အယ်သီဆံပင်နှင့်ကောင်မလေးသည် မကျေမနပ်ဖြင့် သွားမှာကြိတ်လိုက်ရင်း " ဝူးရုန်း ဆရာယဲ့နဲ့ ချစ်နေကြတာလား?"
    "အာ့လိုမှမဟုတ်ရင် သူကဘာလို့အိပ်ဆောင်လှေကားအောက်မှာ နင့်ကိုစောင့်နေမှာလဲ?"
   ဖုချင်းကအိပ်ဆောင်လှေကားမှာသူ့ကိုစောင့်နေတယ်?
  ဝူရုန်လန့်သွားကာ သူ့အသုံးဆောင်များနှင့် ဆုတောင်းပုတီးကို လွတ်ချလိုက်သည်။ အာ့လိုဆိုမှ သူ့အခုထိ မနေ့ညကပြီးမြောက်သွားတဲ့တာဝန်အတွက် ထင်းကန်ဆုကြေးပင်မရသေးသော်ဘည်း ဖုချင်းနှင့် သွားလို့ရလေသည်။
    ဝူရုန်သူ့ကိုလျစ်လျူရူနေသည်ကိုတွေ့သောအခါသစ်အယ်သီးဆံပင်နှင့်ကောင်မလေး၏မျက်နှာ ပျက်လာပြီး မကျေနပ်ချက်တစွန်းတစပေါ်ထွက်လာကာ နောက်တခဏမှာပဲ အောက်သို့ငုံကြည့်လိုက်သည်။
   " အား! မြွေ ဒီမှာမြွေပဲ! ဒီနေရာမှဘာလို့မြွေရှိနေရတာလဲ?"
   Hiss!
    သစ်အယ်သီးဆံပင်နှင့်ကောင်မလေးလေး ခုန်ပေါက်အော်ဟစ်နေစဉ်အတွင် ဝူရုန် မြွေလေးကိုကောက်၍ သူမနားမှဖြတ်သွားလိုက်သည်။ သူတံခါးသို့ရောက်သောအခါ ချီဖန်းဖန်းမှာလွန်စွာတိတ်ဆိတ်နေကာ မျက်ဝန်းများနီရဲနေလေသည်။ ကြည့်ရတာ သူမသည် ယခုလေးတင် ပြောခဲ့သောမိန်းကလေး၏စကားများကြောင့်ရှက်ရွံဝမ်းနည်းနေပုံရသည်။
   "ဒီညညနေစာ အတူစားရအောင်"
   လျို့ယန်း သက်မွေးအထက်‌တန်း‌ကျောင်း၏ ကံဆိုးမူမှာ တတိတယနေ့မနက်စောစောပိုင်း ချီဖန်းဖန်းပျောက်ဆုံးသွားရာမှစတင်ခဲ့သည်။ ထိုနောက်မှာတော့ အိပ်ဆောင်နံပါတ် 444မှာလူများစွာတို့သည် သူတို့အားလုံးမပျောက်သွားမှီ အဆောက်အုံပေါ်မှခုန်ချခြင်းသို့မဟုတ် ရူးသွပ်သွားခြင်းပဲဖြစ်ဖြစ် ရှိသော်လည်း ဝူရုန်တွင်အချက်လတ်တွက် မှတ်တမ်းမရှိပေ။ ဝူရုန်သည်လည်း သူ့အတန်းဖော်များမကြာခဏအနိုင်ကျင့်ခံရသည် စကားနည်းသည်မိန်းကလေးဖြစ်ကာ သူမ၏တဦးတည်းသော သူငယ်ချင်းမှာ ချီဖန်းဖန်းဖြစ်သည်။ အိပ်ဆောင်နံပါတ်444အမြစ်ပြတ်ရှင်းလင်းခံရပြီးနောက်သူမသည်လည်းပျောက်ဆုံးသွားကာ မည်သူကမှသူမဘယ်ချိန်ပျောက်သွားလဲ ဘယ်လိုသေဆုံးသွားလဲဆိုတာမပြောနိုင်ပေ။
   ဝူရုန်သည် ချီဖန်းဖန်းမသေဆုံးမီအခြေနေအမှန်တရားကိုရှာဖွေချင်သည်။
   "အမ် ကတိနော်!"
    သူဘာပြောလိုက်လဲဆိုတာကြားရပြီးနောက် ချီဖန်းဖန်းပထမတော့မယုံကြည်နိုင်ဖြစ်နေသော်လည်း ထိုနောက်မှာတော့ သူစကားကိုပြန်ရူတ်သိမ်းလိုက်မည်ကိုစိုးရိမ်သည့်အလား ခေါင်းကိုအသည်းအသန်းငြိမ့်ပြလေသည်။ ကောင်မလေးသည်မျက်ရည်များနှင့်ပြုံးပြနေလေရာ သူမပြုံးပြလိုက်သောအခါ သာမန်မိန်းကလေးတစ်ယောက်လိုပင် အနည်းငယ်ပင်ချစ်စရာကောင်းနေလေသည်။
   "ရုန်းရုန်း နင်ဂရုစိုက်ရမယ်နော်"
    ဝူရုန်၏သဘောထားကသူမကို ယုံကြည်မူရစေသည်။ ချီဖန်းဖန်းသူ၏လက်ကိုလက်းဆွဲကာ စိုးရိမ်နေသောလေသံဖြင့် သတိပေးလေသည် " မစ္စတာယဲ့ အာ သူ့ကိုကြည့်ရတာအရမ်ူအန္တရယ်များပုံပဲ။ သူနင့်ကိုတခုခုမကောင်းတာလုပ်ခဲ့လျှင် ခုခံပြီးထွက်ပြေးလာရမယ်နော် "
   " ဒါကမနေ့က ကန်တန်းကနေငါရလာခဲ့တဲ့ ငြုပ်ရည်ပဲ နင့်ကိုယ့်ကိုယ်ကာကွယ်ဖို့အတွက် "
   ချီဖန်းဖန်းသူလက်ထဲသို့ စပရေးဘူးသေးလေးတခုထိုးထည့်ပေးလာကာထိုထဲတွင် အနီရောင်ဖျော့ဖျော့အရည်များရှိနေပြီး ကြည့်ရတာ အနံ့စူးရှပြီး ကသိကအောက်ဖြစ်စေသည်။ ဝူရုန်ခေါင်းငြိမ့်လိုက်ကာ သူ၏ကျောင်းလွယ်အိပ်ထဲ ထည့်လိုက်သည်။
   "ကျေးဇူး"
    ထင်းကန်နံပါတ်444၏နေ့နှင့်ညတွင် ရူ့ထောင့်နှစ်မျိုးဖြစ်နေသည့်အကြောင်းတရားကြောင့် ညဘက်တွင်တ‌ စ္ဆေဖြစ်သွားသောထိုအတန်းဖော်များနှင့် ဆရာများမှာ နေ့အခါတွင် ပုံမှန်အဖြစ်သို့‌ပြန်ပြောင်းသွားသည်။ အကယ်၍ ထိုအချိန်တုန်းက သူ့တို့အားလုံးတကယ်သေဆုံးခဲ့သည့်အချက်မရှိလျှင် တတိယနေ့မနက်စောစောတွင်ချီဖန်းဖန်းပျောက်သွားတာမျိုးမရှိခဲ့လျှင်။အာ့လိုမှမဟုတ်လျှင် ဘယ်နှကြိမ်‌‌ လောက်များသူတို့အသတ်ရခံရတာပဲဖြစ်ဖြစ် လျှို့ယန်သက်မွေးအထက်တန်းကျောင်းမှလူများသည် ညအခါတွင် ဘာဖြစ်ခဲ့သလဲဆိုတာသတိမရမပဲ နောက်တနေ့တွင် ဘာမှမဖြစ်ခဲ့သလို သူ့တို့၏သာမန်ကျောင်းသားဘဝကိုဆက်သွားလေသည်။
    ယခုသစ်အယ်သီးဆံပင်နှင့်ကောင်မလေးနှင့်သူ့အတန်း‌ ဖော်များ လိုပင် ယမန်နေ့ညမှသူ့တို့ကိုခြိမ်းခြောက်ခဲ့သောတာအိုပုံပြင်ကိုမမှတ်မိတော့ပေ။ ထိုနည်းအားဖြင့် ချီဖန်းဖန်း၏ဖုချင်းဆီသို့ကွဲပြားနေသော သတိထားမူကိုဝူရုန်သတိပြုမိလေသည်။ ကြည့်ရတာ သူပထမဆုံးဖုချင်းကိုတွေ့စဉ်ကပင် ဖုချင်းအားနက်နက်ရိူင်းရိူင်းရန်လိုနေလေသည်။
    ဘာအတွက်များလဲ?
    ပြီးတော့သူအိမ်မက်ထဲရှိနေစဉ်က သူကိုယ်ထဲမှအအေးဓာတ်များသည် သူလက်ချောင်းထိပ်တွင် တောက် လောင်နေသောဖြူဖျော့ဖျော့မီးတောက်အဖြစ်စုစည်းသွားပြီးထိုအရာက အရိုးဖြူတစ္ဆေဘုရင်နုတ်မှလွတ်ခနဲထွက်သွားသည့် 'ယင်တိုက်စားသည့်မီး' ဖြစ်ကာ သူ့ကို ကြောက်ရွံစေနိုင်တာလား?
    မသိလိုက်ဘာသာ ဝူရုန်သူ့လက်ချောင်းထိပ်ကိုတွေးဆဆနှင့်ပွတ်သပ်နေမိသည်။ ထိုအအေးဓာတ်မျိုးက သူ့ကိုယ်ထဲပုန်းခိုနေပြီး တခါတရံထိုအရာသည် ပြင်းထန်သောဆာလောင်မူနှင့်အတူ ထွက်ပေါ်လာတက်သည်။ ဥပမာအားဖြင့် တစ္ဆေကောင်လေး၏အရိုးလက်ချောင်းကိုငမ်းငမ်းတက်ဆာလောင်မူ ဒါမှမဟုတ် တစ္ဆေကြီးကိုစုဆောင်းပေးကမ်းနေမျိုးတွင်ဖြစ်သည်။ ကြည့်ရတာ မနေ့ညတွင် ဖုချင်း၏ကျန့်ယန်မီးတောက်ကိုတွေ့မိချိန်မှသာလျှင် အအေးဓာတ်ပျံ့နှံ့လာသော်လည်း ဆာလောင်မူမဖြစ်ခဲ့ခြင်းဖြစ်သည်။
    သူဖုချင်းဆီသွား၍စမ်းကြည့်ရုံသာရှိတော့မည်။
    သူအိမ်မက်ထဲမှယူလာခဲ့သောပုတီးကိုတွေးမိသဖြင့် ဝူရုန်အိမ်မက်ထဲတွင်တွေ့ရသောအရာများသည်မတော်တဆမဖြစ်နိုင်ဟု ခံစားမိသည်။ ထိုသို့ဖြူဖျော့သောမီးတောက်မှာ သူ၏ဝိဉာဉ်အခြေနေဖြစ်‌ပုံပေါ်က သို့မဟုတ် သူတွင်ယင်ဓာတ်များအလျှံပယ်ပေါများနေသောအခြေနေတွင် သာသုံးနိုင်သည့် စွမ်းရည်ဖြစ်နိုင်ပြီး ကြည့်ရတာ ပင်ကိုယ်ဗီဇနှင့်ပင့် နီးစပ်သည်။
    "သွားရအောင်"
    အသေချာကိုပင် ဖုချင်းသည် မိန်းကလေူအိပ်ဆောင်၏လှေကားတွင်သူ့ကိုစောင့်နေခဲ့သည်။ ကေတာင်တွင်လူသိများပြီးကြည့်ကောင်းလှသည့်ငယ်ရွယ်သောဆရာတစ်ယောက်ကမိန်းကလေးအိပ်ဆောင်လှေကာူတွင်စောင့်နေသည်မှာ အလိုလျောက်ကိုပင် လူများကို ဆွဲဆောင်နေပြီး တီတိုးစကားပြောနေစေလေသည်။ သို့သော်ဖုချင်း၏မျက်နှာမှာအမြဲလိုဗလာ‌ဖြစ်‌နေကာ အားလုံး၏အာရုံစိုက်မူရသည်ဖြစ်စေ အားလုံး၏အကဲဖြတ်မှုခံနေရ‌သည်ဖြစ်စေဂရုစိုက်မနေပဲ ကမ္ဘာပေါ်မှမည်သူအရာမှသု့ကိုမလူပ်ရှားနိုင်ပေ။ သူဝူရုန်ကိုကြည့်ပြီး ထိခိုက်ဒဏ်ရာမရသည်ကိုအတည်ပြုပြီးမှသာလျှင် ရေခဲလိုဖုချင်း၏မျက်လုံးများ လိူင်းဂယက်လေးထသွားလေသည်။
    "ငါတစ်ယောက်ယောက်ကိုတွေ့ဖို့မင်းကိုခေါ်သွားမယ်"
    ဖုချင်းကတကယ်ပဲ သူ့ဘက်ကစပြီး တယောက်ယောက်ကိုတွေ့ဖို့သူ့ကိုခေါ်သွားမယ်ပေါ့?
    ဝူရုန်တခဏမျှတွန့်‌ဆုတ်သွားကာ ဖုချင်းထွက်သွားတော့မည်ကိုတွေ့သဖြင့် သူ့အင်္ကျီလက်ကိုလှမ်းဆွဲလိုက်သည်။
    " ငါအရင်ဆုံး အနုပညာဆောင်ကိုသွားဖို့လိုတယ်"
    မနေ့ကသူ ထင်းကန်တာဝန်ကိုပြီးမြောက်ပြီး ဆုကြေးအနေနဲ့ " လူခေါင်းတစ်လုံး" ကတော့သူ့အိပ်ရာပေါ်တိုက်ရိုက်ပြုတ်မကျလာ သူအနုပညာဆောင်ကို သွားကာ ယူရဦးမည်ဖြစ်သည်။
    ဘာထင်းကန်ရဲ့အသိတရားလဲ? အခုတောင် ဖယ်ဒရေးရှင်းက မပြောနိုင်သေးဘူး။  ဖြစ်နိုင်တာက ထိုအရာများသည် ထင်းကန်ထဲမှ နာကျည်းချက်တစ္ဆေများ၏ သေခြင်း ရှင်ခြင်းများဖြစ်ကာ အသိတရားသည် နှစ်များစွာသိပ်သည်းကျစ်လစ်နေလေသည်။ ထင်းကန်တိုင်းတွင် မတူညီသောအသိတရားများရှိကြကာ လေ့ကျင်စစ်ဆေးသူများသည် မတူညီသောတာဝန်များကို ကြုံတွေ့ရမည်သာဖြစ်သည်။ တချို့သောထင်းကန်အသိတရားများက လူများကို တာဝန်းများကို ပြုလုပ်စေပြီး တချို့သောအသိတရာများကတော့ စစ်ဆေးသူများတစ်ဦးနှင့်တဦးသတ်ဖြတ်တာကို ကြည့်ရတာကြိုက်ကာ ‌နောက်ဆုံးတွင် တစ်ဦးတည်းသောအောင်နိုင်သူသာလျှင်ကျန်ရစ်သည်။
    ထိုနောက် ထင်းကန်အသိတရားမှပေးအပ်လာသောဆုကြေးဆိုသည်မှာလည်း အလိုအလျောက်ပင် ထင်းကန်၏တစ္ဆေနှင့်ဝိဉာဉ်များမှဖြစ်သည်။ တချို့အရာများမှာ လျှို့ဝှက်စွာဖုံးကွယ်ထာပြီး စစ်ဆေးသူများတခုလုံးရှာဖွေနေလျှင်တောင် သူတို့ရှာမတွေ့နိုင်။ ထင်းကန်၏အသိတရားသာလျှင် သူတို့ဘယ်နေရာတွင်ရှိသည်ကို သိသည်။
    သို့သော် ဆုကြေးပေါ်လာသည့်အခါ မြန်မြန်သွားပြီးယူရမည်ဖြစ်သည်။ ထင်းကန်၏အသိတရားကနေရာကိုသာပြောပြပြီး မင်းဘာသာရအောင်ယူရမည်သာ။သို့သော်နောက်ကျသွားလျှင် ထိုအရာမှာ တခြားသူမှအရင်ယူသွားခြင်းခံရနိုင်သည်။
    ဖုချင်းသည် ဦးစားပေးအခြေနေကိုနားလည်ကာ ဦးတည်ရာကို သူ့ကြားလျှင်ကြားခြင်းပြောင်းလိုက်သည်။
    "သွားကြတာပေါ့"
   သွားနေစဉ်အတွင်းဝူရုန် တိုက်ရိုက်လွှင့်ခြင်းကိုဖွင့်လိုက်သည်။ မနေ့ညက သူသည်  တိုက်ပွဲဖြစ်မည်ဟုထင်ကာ တစ္ဆေကြီးကိုမထုတ်ဖော်ချင်ပေ။ ဘယ်သူကထင်မှာလဲ သူဖုချင်း၏စွမ်းအင်ကိုအသုံးပြုပြီး ထင်းကန်တာဝန်ကို ပြီးမြောက်မည်ဆိုတာကိုလေ။
    ထင်းကန်ထဲဝင်လာကတည်းကပင် တိုက်ရိုက်လွှင့်ချင်သူအားလုံးနီးပါး တိုက်ရိုက်လွှင့်ကြလေသည်။ တိုက်ရိုက်လွှင့်ခန်းများကိုအချိန်နှင့်တပြေးညီး ဖြတ်တောက်၍ ပြန်စီစစ်နေသော်လည်း ကြည်ရူသူအများစုတွင်သူတို့ကြည့်ချင်သောတိုက်ရိုက်ခန်းကို ဆုံးဖြတ်ပြီးဖြစ်သည်။ နောက်ဆုံးမှာတော့ ယွဲ့ယင်းဖာသည် တစ္ဆေတိုက်ခိုက်ခြင်းပလက်ဖောင်းတွင် နာမည်ကြီးထုတ်လွှင့်သူဖြစ်သည်။ ပထမဆုံးနေမြေအောက်လေကာဆောင်ထဲတွင် အရူးလိုပြုမူလိုက်သော်လည်း သူတွင် များပြားလှသောကြည်ရူသူများနှင့် သစ္စာရှိဖန်များစွာရှိလေသည်။ ဖန်ဆယ်သန်းနီးပါးရှိလေသည်။
    ထိုသို့မြင့်မားသည့်ကျော်ကြားမူရှိနေလျှင်တောင် သူ့၏အဆင့်မှဒုတိယတွင်သာရှိသည်။ နံပါတ်၁နေရာတွင်ရှိသော တိုက်ရိုက်ခန်းမလွှင့်သေးလျှင်တောင် ထိုထဲမှကြည့်ရူသူများမှာ သူ့ထက်နှစ်ဆများလေသည်!။
    [တိုက်ရိုက်လွှင့်တာစပြီ!]
    [ ငါဘာမြင်လိုက်ရတာလဲ တိုက်ရိုက်ခနနံပါတ်၃က ထပ်ပြီးတိုက်ရိုက်လွှင့်လာတယ်ပေါ့]
    [ ဘုရားရေ ထုတ်လွှင့်သူမသေတာကိုအံဩနေပါပြီ သူဘယ်လိုများလုပ်လိုက်ပါလိမ့်]
    [ပြောတာရပ်တော့။ ငါမှတ်ဉာဏ်ကမနေ့က အိမ်သာခန်းထဲမှရှိသေးတယ် ။ အာ ကြောက်စရာကြီး။ ဒီလိုကြောက်စရာကောင်းတဲ့အိမ်သာမျိုးမတွေ့ဖူးဘူး အာ့တာကြမ်းတိုက်ဝတ်လား တစ္ဆေတ‌စ်ကောင်းလား? ]
   [ ငါရောပဲ။ အခုထိကိုအိမ်သာမသွားရဲသေးဘူး QAQ။ လက်ဆေးကန်ကိုမျက်နှာမူနေတဲါ အနက်ရောက်အရိပ်တစ်ခုကိုတယောက်ယောက်များမြင်မိသလား အာ့တာ ကြမ်းတိာက်ဝတ်လားတစ္ဆေလား ?]
   [ သေစမ်း။ ဒီလိုသာဆက်သွားနေရင် ငါအိမ်သာကိုကြောက်စိတ်ဖြစ်လာတော့မှာပဲ ]
    [သိမ်းသွင်းနိုင်တယ်။ တကယ်ကိုသိမ်းသွင်းနိုင်တာပဲ။ ပထမဆုံးတေ့တိုက်ရိုက်လွှင့်ချိန်မှာတင် သူမက အမျိုးသမအိပ်ဆောင်အိမ်သာကိုသွားကြည့်ရဲပြီး ကြောက်စရာအကောင်းဆုံးအိပ်ဆောင်နံပါတ်444မှာတောင် နေရဲသေးတယ်။ ငါတော့တကယ်ကိုထုတ်လွှင့်သူဆီမှသိမ်းသွင်းခံလိုက်ရပြီ။ ဒါကချစ်စရာကောင်မလေးမဟုတ်တော့ ဘူး သူမကခက်ထန်ပြင်းထန်တဲ့ကောင်မလေးနဲ့တောင်တူနေပြီ ဒီမောင်ငယ်လေးက ခေါင်းငုံလိုက်ဖို့ဆန္ဒရှိနေပါပြီနော် ပြီးတော့ ဂြိုလ်တုတစ်ခုပို့လိုက်ပါပြီ]
    [ ငါအရမ်းကိုသိချင်နေပြီ တယောက်‌ယောက်များအရင်ကဘာဖြစ်ခဲ့လဲဆိုတာပြောပြလို့ရမလား? မနေ့ညက ဘာလို့ထုတ်လွှင့်သူ တိုက်ရိုက်လွှင့်တာပိတ်ပစ်လိုက်တာလဲ ? ငါတကယ်ကိုပဲ အိပ်ဆောင်444ကဘာနဲ့တူလဲဆိုတာ ကြည့်ချင်တယ်!]
    [ ငါရောပဲ အာ့အချိန်တုန်းက တိုက်ရိုက်ခန်းရဲ့ barrageကိုထုတ်လွှင့်သူကြည့်ခွင့်မရတာကိုမုန်းလိုက်တာ ။ ထုတ်လွှင့်သူကိုတိုက်ခိုက်တာ ဒါမှမဟုတ် ကြည့်ရူသူတွေကို နစ်နာ‌စေခြင်းကနေကာကွယ်ဖို့လား!]
    [ ငါပြောရဲတယ် ထုတ်လွှင့်သူကအနာဂါတ်မှာ မလွှမ်းမိုးနိုင်အောင်ဖြစ်လာတော့မယ်။ fck ငါကသမိုင်းရဲ့မျက်မြင်သက်သေဖြစ်လာတော့မှာများလား? ပြန်ကြည့်ရရင် ငါကထုတတ်လွှင်သူကိုကြည့်ပြီးကြီးပြင်းလာရတော့မှာပဲ ]
    [ ဘာလို့များ လူတိုင်းကထုတ်လွှင့်သူဘေးကလူကိုသတိမထားမိကြတာလဲ ကြည်ရတာယောင်္ကျားတစ်ယောက်ပဲ ]
   [ မစိုးရိမ်ပါနဲ့ ဒီတကြိမ်းထင်းကန်ထဲဝင်သွားတဲ့ လေ့ကျင့်သူတွေကြားမှာ ထုတ်လွှင့်သူနဲ့ထိုက်တန်တဲ့ လူတစ်ယောက်မှမရှိဘူး ဝူး ဝူး အချစ်လေးရေ တိုက်ရိုက်ထုတ်လွှင့်တာများများလုပ်ပေးပါဦး မားက မင်းတစ္ဆေတွေကို ငြင်ငြင်သာသာလေးအနိုင်ယူလိုက်တာကြည့်ချင်လို့ပါ]
    ဝူရုန်တိုက်ရိုက်လွှင့်ခြင်းစတင်လိုက်သေယအခါ ကြည့်ရူသူအများပြားအပြုံလိုက်ဝင်ရောက်လာကာ တွက်ကြည်ရလျှင် ပလက်ဖောင်းတစ်ခုလုံး၏ သုံးပုံနှစ်ပုံနီးပါးရှိလေသည်။ လက်ဆောင် barrage များစခရင်ထက်လွှင့်မြောနေပြီး မျက်စိတခက်စာမျှမှာပင် ယွဲ့ယင်းဖာ၏တိုက်ရိုက်ခန်းကို ဖိနိုပ်နိုင်သွားလေသည်။ ကြည့်ရူသူများသာစိတ်အားထက်သန်နေသည်မဟုတ် တရားဝင် တိုက်ရိုက်လွှင့်ခန်းနှင့်ထင်းကန်အကြောင်းရှင်းပြနေသော ပြည့်သူလုံခြုံရေးဗျူရိုသည်လည်း ပထမဆုံးအကြိမ်တွင် ဝူရုန် တိုက်ရိုက်ခန်း၏သတင်းကိုရရှိလေသည်။
    "အမိတာဘ"
    ဆရာသခင်ကုချန်‌ဗုဒ္ဓအမည်ကိုရွတ်ဆိုကာ လက်အုပ်ချီ၍ ပြုံးလိုက်ပြီး " မနေ့က ဒီအားနည်းတဲ့ဘုန်းကြီးမှာအိမ်မက်တစ်ခုရခဲ့တယ်"
   "အိုး?"
    ထန်းရှီအိုကြီးနှင့်တခြားသူများချက်ချင်းကြည့်လာသည် ဆရာသခင်ကုချန်လိုအဆင့်သို့ရောက်နေသူများအတွက်အိမ်မက်သည်အိမ်မဟုတ်တစ်ခုသာမဟုတ် အနာဂါတ်ကိုခန့်မှန်းနိုင်သောအရာဖြစ်လာလေသည်။
    "ဆရာသခင်ကဘာကိုများအိမ်မက်မြင်မက်မိလာလို့ပါလိမ့်?"
    "ဒိအားနည်းတဲ့ဘုန်းကြီးက ငယ်စဉ်အခါ ချင်းဝူချောက်ကမ်းပါးစစ်ပွဲတွင်းပျောက်ဆုံးခဲ့တဲ့ ဗုဒ္ဓပုတီးကုံးလေးကိုမြင်မက်မိတာပါ"
   ဆရာသခင်ကုချန်သူ့ခေါင်းကိုယမ်း၍ပြုံးပြလေသည် " မဟုတ်သေးဘူး ပျောက်သွားတယ်လို့ပြောလို့မရဘူး ။ ဝိုးတဝါးအသိအရတော့တစုံတယောက်ကိုပေးလိုက်တာပဲ။ ဒါပေမယ့် ကံကြမ္မာအရသတ်မှတ်ထားတဲ့သူဘယ်သူဆိုတာမေ့သွားပြီ။ မနေ့ညက ထိုနေရာ‌အကြောင်းထပ်ပြီးအိမ်မက်မက်ခဲ့တာ "
    "ချင်းဝူချောက်ကမ်းပါး တိုက်ပွဲနေရာ "
    ပိန်ခြောက်နေသောလူအိုကြီးတွေးဆဆလေသံဖြင့် " အရိုးတစ္ဆေဘုရင်ပြန်လည်ဖြစ်တည်လာတာများလား?"
    "ဆရာသခင် ကံကြမ္မအရသတ်မှတ်ထားတဲ့သူအကြောင်းအိမ်မက်မက်မိတာလား?"
    ကျန်းကျူ ကပထမဆုံးတုန့်ပြန်လာပြိး " သူကဘယ်သူလဲ ပြီးတော့ နောက်ဖြစ်လာမယ့်မီးအိမ်တစ္ဆေဘုရင်ဖြတ်သန်းမူအပေါ်သက်ရောက်နိုင်လား?"
   ဆရာသခင်ကုချန်ပြုံးရုံသာပြုံးကာ သဘောမတူသလို ငြင်းပယ်ခြင်းလည်းမပြုပဲ " လျှို့ဝှက်ချက်က ပေါက်ကြားခွင့်မရှိ "
   ________________________________
   "မျိုးဆက်တိုင်းမှာပါရမီရှင်တွေရှိတယ်"
    တရားဝင်တိုက်ရိုက်ခန်းထဲတွင် အထူးဧည့်သည်အနေနှင့်မြို့တော့ထန်းတတက္ကသိုလ်ရှ် ပရောဖက်ဆာ ထန်ဖုယန်မှာ အမြဲလိုပင် တခြားသူများအပေါ်သူ၏အကဲဖြတ်မူမှာ မျှတကာ ဘာသိဘာသာနေတက်သူဖြစ်သည်။ သူအနေနှင့် တခြားသူအပေါ် အရမ်းကိုတိုက်ရိုက်ဆန်စွာချီးကျူးလေးစားပြသည်မှရှားပါးလှသည်။
   " အကယ်၍တိုက်ရိုက်ခန်းနံပါတ်3 မှ စစ်ဆေးသူသာ သူ့ရဲ့လေ့လာမူကိုဆက်လုပ်ဖို့ဆန္ဒရှိရင် မြို့တော့တက္ကသိုလ်ရဲ့ကိုယ်စားငါသူ့ကို ကြိုဆိုချင်တယ် "
    ပရော်ဖက်ဆာထန်ဖုယန်မှာ ငယ်ရွယ်ပြီးကြည့်ကောင်းလှကာ ရှားပါးသောစိတ်လွန်နယ်ပယ်နှင့်နက်ရိူင်းသောနောက်ခံရှိသည်။ ထန်းတတက္ကသိုလ်၏ပရောဖက်ဆာအပြင် ထန်းတတက္ကသိုလ်၏ ဒုတိယဥက္ကဌလည်း ဖြစ်ကာ ရူတ်ထွေးသော အဆက်သွယ်များရှိပြီူ ဥက္ကဌလင်း ပင်လျှင် သူမျက်နှာကိုထည့်သွင်းစဉ်းစားပေးဖို့လိုလေသည်။ ထန်းဖုယန်သာဒီလိုဆိုလိုလျှင် ထိုအရာသည် သူကထုတ်လွှင့်ခန်းနံပါတ်၃မှ ထုတ်လွှင်သူ၏ ရွှေရောင်ခြေနင်းတုံးတစ်ခု တိုက်ရိုက်ကမ်းပေးသည်နှင့်ပင့်တူသည်!။
   သူထိုသို့ပြောလျှင်ပြောခြင်း ကြည်ရူသူများရူးသွပ်သွားလေသည်။ မရေမတွက်နိုင်သောသူများတိုက်ရိုက်ခန်းနံပါတ်၃ဆီတိုးဝင်လာကာ တိုက်ရိုက်ခန်းထဲမှလူအရေတွက်မှာထပ်ခါထပ်ခါနှစ်ဆဖြစ်လာသည်။ ထိုအရာသည်အံ့ဖွယ်ဖြစ်ရပ်ပင်! ထိုအချိန်မှာပင် ဝူရုန်နှင့်ဖုချင်းတို့ အနုပညာဆောင်လှေကားဆီလျှောက်လာနေပြီဖြစ်သည်။တိုက်ရိုက်ခန်းထဲမှမိုးပျံနေသောလူအရေတွက်နှင့် လက်ဆောက်များဖြတ်ပြေးနေသည်ကိုကြည့်ရင်း နောက်ဆုံးအကြိမ်တုန်းက ထိုအရာကိုမြင်ဖူးသွားပြီးဖြစ်ရာ ဝူရုန်၏စိတ်အခြေနေမှာ ဒီတကြိမ်တော့တည်ငြိမ်နေပြီဖြစ်သည်။
   သို့သော်နောက်ဆုံးအကြိမ်တုန်းက ကြည့်ရူသူများကို အမျိုးသမီးအိမ်သာပြသခဲ့တာဖြစ်ပြီး ဒီတကြိမ်မှာလည်း ကြည့်ရူသူများကို သူပြန်လည်ပေးဆပ်သင့်သည်။
   "မနေ့က ငါထင်းကန်ရဲ့တာဝန်ကိုပြီးမြောက်ခဲ့တယ်"
   ဝူရုန်သည်ဖုချင်းနှင့်အတူ လှေကားတွေပေါ်နင်းလျှောက်နေရင်းပြောပြလာသည်။
   "နောက်ပြီးရင် လူခေါင်းတစ်‌ခေါင်းကိုပြမယ်"
   တိုက်ရိုက်ခန်းထဲမှ ထုတ်လွှင့်သူ၏ဖန်ဖြစ်ကြောင်းကြေငြာရင်း တဦးနှင့်တစ်ဦး လက်ဆောင်ပေးနေကြသောကြည့်ရူသူများ : ????
   လျှို့‌ယန်သက်မွေးအထက်တန်းကျောင်း၏အနုပညာဆောင်မှာ မှာခြောက်ထပ်ရှိပြီး တခုချင်းစီတွင် မတူညီသောဘာသာရပ်များရှိကြသည်။ ထင်းကန်၏ဆုကြေးဖြစ်သောလူခေါင်းမှာ လေးထပ်တွင်ရှိပြီး ပန်းပုပညာသင်ကြားသည့်နေရာဖြစ်သည်။ အထဲတွင် အလုပ်လုပ်နေသောကျောင်းသားများစွာရှိပြီး ပန်းပုအများစုကိုအဝတ်ဖြူများဖြင့်အုပ်ထားသည်။
    ကျောင်းတွင်တစ္ဆေဇာတ်လမ်းများထဲတွင် တစ္ဆေအများစုမှာ ရုပ်ထုများထားသိုရာနေရာတွင်ရှိတက်ကြသည်။ သွေးစွန်းနေသောထွင်းထုဓား ရွေ့လျားနေသောရုပ်ထု ကျောင်းသူများအဆောက်အုံပေါ်မှခုန်ချခြင်း စသည်ဖြင့်။ သို့သော် နေ့ခင်းဘက်ဖြစ်နေလို့လား ဖုချင်းသူ့ဘေးတွင်ရှိနေလို့လာူမသိ ဝူရုန် အတန်းအလယ်သို့ချောမွေ့စွာရောက်သွားသည်။ အလယ်ရှိစားပွဲပေါ်မှ လူတယောက်၏အရပ်တဝက်ခန့်မြင့်သောရုပ်ထုတခုကိုအဝတ်ဖြူနှင့်အုပ်ထားကာ အောက်တွက်ရေးထိုးထားသောစာသားမှာ :
    [Pseudologoi(pseudo-logoi)]
   (အလိမ်ညာနတ်ဘုရား၊မဲဆွယ်စည်းရုံးသူ၊ နမိတ်ဖတ်သူ။လူလိမ်)
   ထင်းကန်အသိတရားမှသင်ကြားပေးသောနည်းလမ်းကိုသုံး၍ ဝူရုန်သည် ထောင့်ဘက်ရှိ အမိူက်များသောင်းပြောင်းထွေလာထားရှိသောနေရာမှ စုတ်ပြဲနေသောကစားစရာစောင်းကိုယူလိုက်ပြီး အရုပ်၏ တစောင်းအနေထားတွင်ထားလိုက်သည်။ စောင်းဘေးတွင် ပန်းအိုးတစ်ခုထားထားသည်။ သူထိုသိုပြုလုပ်ပြီးနောက် ရုပ်ထုကိုဖုံးထားသောအဝတ်ဖြူမှာလေမတိုက်ပဲပြုတ်ကျလာပြီး ရုပ်ထု၏မျက်နှာအစစ်ပေါ်လာကာ ထိုနောက်တွင်တော့ သာယာနာပျော်ဖွယ် နတ်သူငယ်သီဆိုသံနှင့်တူသည့် ကျက်သရေရှိကြော့ရှင်းလှသည့်တေးသံထွက်ပေါ်လာသည်။
    "အိုး အာ့တာ့မင်းပဲ မင်းကငါ့ကိုနိုးထစေလိုက်တာပဲ။ ငါ့အချစ်လေး ကြီးမြတ်လှတဲ့သခင်၊ မြင့်မြတ်ပြီး အကြီးမြတ်ဆုံသော ဘုရင်မ။ ငါမင်းလာမယ်ဆိုတာကို မနက်ခင်းရဲ့အလင်းရောင်တွေနဲ့ ခေါင်းလောင်ပြာတွေရဲ့တီတိုးစကားကနေကြိုမြင်ခဲ့တာ။ငါရဲ့နိမ့်ကျမူအတွက်ခွင့်လွှတ်ပေးပါ။ ဒီအိုဟောင်းပြီး လေးလံလှတဲ့ကြိုးစင်ကနေထွက်ပြေးနိုင်လောက်တဲ့ ခွန်အားမရှိလောက်အောင်သေးငယ်လှပါတယ်။ လေထဲကနေပဲမင်းရဲ့ဖိနပ်ထိကိုနမ်းနိုင်တဲ့သူပါ "
   "Prprprpr"
____________________________________
စာရေးသူတွင်ပြောစရာရှိသည်။
   'prprprpr'ဆိုသည်မှာ လျှာနှင့်လျက်သည့်အခါထွက်သည့်မြည်သံစွဲတစ်ခုဖြစ်ပါသည်~လူ‌ ခေါင်း၏ခွေးလျက်သံမှာ ဆန်းပြားသောအရှင်သခင်ထဲမှ ‌ကြေးမုံငယ်လေး၏ချီးကျူးဂုဏ်ပြုခြင်းဟုမှတ်ယူနိုင်သည် ။ လျှို့ဝှက်ဆန်းကြယ်‌သောအရှင်သခင်မှာအလွန်အလွန်ကြည့်ကောင်းပြီး ပုံနိုပ်ပြီးစီးကာ အွန်းလိုင်းပေါ်ရှိနေပါပြီ။
    pseudologoi သည်အမှန်တကယ်ကို အလိမ်အညာနတ်ဘုရားဖြစ်သော်လည်း သူ့၏ဘုန်းတော်ကြိးခေါင်းဆောင်ဘဝတွင်မည်သည့်ရှေ့ဖြစ်ဟောခြင်းများမရှိပဲ ကျွန်ပ်၏ ကိုယ်ပိုင် ဖန်တီးမူသာ-
အရိုးတစ္ဘေဘုရင်ကဘာလိုနီနေရတာလဲ?
   ဘာလို့လဲဆိုတော့အာ့တာက ဝက်ရိုးကင်လေ (ဟာသလုပ်တာပါ)
4225words
10:45pm,Fri July 7,2023.
Continue Reading
You'll Also Like
24.1K 867 16
waking up to find yourself in a strange room, in a different time, with a different life, different friends, being chased by different slashers...
2.7K 53 37
20.5K 3.3K 35
MM Translation Unicode and Zawgyi are available. Update: 3 parts per week (Tue, thus, sat)
3.3K 187 9
At the end of the 4th epoch, with the barrier weakening, a foreign entity that doesn't belong to this universe and dimension entered the planet Earth.