|| Unicode||
လက်မှတ်ထိုး ဖောင်ဖြည့်ပြီးနောက် ဝူရုန် သူ့လက်ကောက်ဝတ်ကို ဖိ၍ စိတ်လူပ်ရှားနေသော အစိမ်းရောင်စိတ်ဝိဉာဉ်ကူကို နှစ်သိမ့်ပေးလိုက်သည်။ စိတ်ဝိဉာဉ်ကူများသည် စိတ်ဝိဉာဉ်ရှိသောအရာများကိုနှစ်သတ်ကြပြီး အများအားဖြင့် အညစ်ကြေးအစွန်းထင်းများမပါဝင်သည့် မြင့်မြတ်သန့်စင်သော စိတ်ဝိဉာဉ်များကိုအကြိုက်ဆုံးဖြစ်သည်။ထို ဆရာသခင်ကူချန်တွင် မြင့်မားသော အသိမြင်ရှိသဖြင့် မက်တပ်ရပ်နေရုံဖြင့် အိပ်ပျော်နေသော စိတ်ဝိဉာဉ်ကိုသဘာဝအလျောက်ကို ဆွဲဆောင်နေသည်။ ကြည့်ရတာ ကျိုးရွမ်ပေါ်မှာချန်ထားခဲ့တဲ့ ထိုဘုန်းကြီးရဲ့ စိတ်ပိုင်းဆိုင်ရာအရိပ်ကြီးမှာ လွန်စွာနက်ရှိုင်းပုံရလေသည်။ ဘယ်သူမှသာဝင်မလာခဲ့လျှင်သူက ကမ္ဘာအဆုံးသတ်ထိတိုင် အဆုံးအဆမရှိပြောနေနိုင်လိမ့်မည်ဖြစ်သည်။
"စစ်မူထမ်းဟောင်း၊ ငါဒီတစ်ကြိမ်ကြွားဝါထားတယ်မလား ငါးကြီး? (t/nထုတ်လွှင့်သူတစ်ဦး၏အမည်) ငါမင်းကိုမပြောခဲ့ဘူးလား ထင်းကန်တစ်ခုလုံးရဲ့ တိုက်ရိုက်ထုတ်လွှင့်မူလို့ ဒါကပြီးပြည့်စုံတော့မယ်! ကြည့် ၊ပြတင်းအပြင်ဘက်က တင်းကန် no 444ကို ! ဘာလဲ ငါအာ့တာကိုမမြင်နိုင်ဘူး ဒါပေါ့ ငါမမြင်နိုင်ဘူး။ အထူးကင်မရာနှင့် ရိုက်ကူးဖို့လိုတယ်။ ငါထင်းကန်ထဲဝင်တာနဲ့ တစ္ဆေတစ်ကောင်ကိုစစ်မူထမ်းဟောင်းတွေတွက် ဖော်ထုတ်ပြမယ် ။ အခုမင်းတို့ကို ဒဏ္ဍရီလာလုံခြုံရေးဗျူရိုကိုကြည့်ဖို့ခေါ်သွား__"
"တိုက်ရိုက်ထုတ်လွှင့်တာကိုပိတ်လိုက်။ ဒီတစ်ခေါက်အထူးလေ့ကျင့်ရေးမှာပါဝင်တဲ့လူမလား ?လုံခြုံရေးဗျူရိုက တိုက်ရိုက်လွှင့်မူကိုခွင့်မပြုထားတာမသိဘူးလား ?"
အထူးရဲယူနီဖောင်းနှင့်လူမှာ ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်မူကို ကမောက်ကမဖြစ်စေလိုက်သည်။
"ကျွန်တော်တောင်းပန်ပါတယ် လူအိုကြီး။ နောက်တခေါက် ငါဂရုစိုက်ပါ့မယ်။ ဂရုစိုက်လိုက်ပါ့မယ်"
"မင်းက ဘယ်သူနဲ့လဲ?"
ကျိုးရွမ်ပြုံးပြ၍လက်ပြလာကာ : "မြန်မြန် မင်းဘာလို့အာ့မှာရှိနေသေးတာလဲ?"
ထိုသူထွက်သွားသောအခါ သူ့ခေါင်းကိုလှည့်၍ဝူရုန်အား တီတိုးပြောသည်: " လုံခြုံရေးဗျူရိုထဲမှာတိုက်ရိုက်လွှင့်လို့မရဘူး ဒါပေမယ့် ထင်းကန်ထဲမှာတော့ရတယ်။ အထက်ပိုင်းက လူတွေက ထင်းကန်တွေထဲ တိုက်ရိုက်လွှင့်ဖို့အားပေးကြတယ်။ မင်းလူသိများလာလျှင် ထူးခြားတဲ့ခေါင်းစဉ်ရှိလာပြီး ဝင်ငွေအမြောက်အများရလာလိမ့်မယ်"
"ကောင်းပြီ၊ အခုတွေ့လိုက်တဲ့တယောက်က တစ္ဆေတိုက်ခိုက်ခြင်း(T/Nပလက်ဖောင်းအမည်)ပလက်ဖောင်းက ကျော်ကြားတဲ့ ထုတ်လွှင့်သူတစ်ယောက်လေ။ သူ့မှာ စွမ်းရည်အစစ်အနည်းငယ်ရှိပြီး အခွင့်လမ်းအနည်းငယ်ရှိနေတယ်။ သူလည်းထင်းကန်ထဲကို အထူးလေ့ကျင့်ရေးအတွက်လာခဲ့တာ"
"အာ့လူကနည်းနည်းကလိမ်ကကျစ်ကြတယ်။ ထင်းကန်ထဲမှာသူကိုတွေတဲ့အခါသတိထား။ကျစ် မင်းဒီအခွင့်ရေးကိုရယူနိုင်ရင် မင်းရဲ့အနာဂါတ်မှာတိုးတက်မူကသူထက်တော့မဆိုးဘူး"
လမ်းတဝက်တွင် ကျိုးရွမ်ဖုန်းမြည်လာကာ တစုံတရာမှားယွင်းသွားပုံပေါ်သည်။ သူသည်ဝူရုန်ကို ခန်းမဘက်ဆီလမ်းညွှန်ပြပြီးနောက် အမြန်ထွက်သွားလေသည်။ ဝူရုန်လမ်းလျှောက်နေစဉ်အတွင်း ဖုန်းကိုကြည့်နေလေသည်။ သဘောတူညီချက်ကိုလက်မှတ်ထိုးပြီးနောက်တွင် ထင်းကန်စစ်ဆေးရေးတရားဝင်အကောင့်ကို follow လုပ်လိုက်လေသည်။ တိုက်ဆိုင်စစ်ဆေးခြင်းကုတ်ကို ဝင်ရောက်ပြီးနောက် ထင်းကန်နံပါတ် 444၏ကြိုတင်ကာကွယ်ရေးစာဖိုင်ကို ဝင်ကြည့်လိုက်သည်။ မူကြမ်းကို သူဖုန်းဆီပို့ပေးပြီးဖြစ်သည်။ ထိုထဲတွင် လျှို့ယန်သက်မွေးအထက်တန်းကျောင်း၏အဆောက်အုံပုံကြမ်းသာမက အန္တာရယ်ရယ်ရှိသောလူများစွာကိုအမှတ်သားပေးထားကာ အရာအားလုံးမှာအရင်လူများ၏ တန်ဖိုးရှိသောအတွေ့ကြုံများဖြစ်သည်။
ထင်းကန်ထဲ ကျသွားပြီးနောက် လျှို့ယန်သက်မွေးအထက်တန်းကျောင်းသည် သန်းခေါင်မတိုင်မီတွင် သာမန်ကျောင်းဖြစ်ပြီး သန်းခေါင်ပြီးနောက်တွင် တစ္ဆေနယ်မြေထဲကျရောက်လေသည်။ တစ္တေနယ်မြေသည် အဆောက်အအုံပုံစံကိုများစွာပြောင်းလဲလိုက်သဖြင့် လုံးဝသတိမပြုမိနိုင်တော့သဖြင့် အဆောက်အုံမူကြမ်းမှာနေ့ဘက်တွင်သာအသုံးဝင်သည်။တချိန်တည်းမှာပဲ ထင်းကန်နံပါတ်444သည် ထူးခြားသော "ထပ်မံပြန်ပေါ်လာခြင်းမြင်ကွင်း" ထင်းကန်အမျိုးစားဖြစ်သည်။ ဝင်ရောက်ပြီးနောက်တွင် စစ်ဆေးသူများသည် အလိုလျောက်သူတို့ သက်ဆိုင်ရာရာထူးအဆင့်တန်းများကိုရလာပြီး ကျောင်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပေမည်။
စစ်ဆေးရောကာလကြာချိန်မှာ ၁၅ရက်ဖြစ်ပြီး ထိုအချိန်ကာလသည် ပထမဆုံးမိန်းကလေးပျောက်သွားသောအချိန်မှ လျှို့ယန်သက်မွေးအထက်တန်းကျောင်းရှိကျောင်းသားနှင့်ဆရာအားလုံးပျောက်သွားသည့်အချိန်ထိဖြစ်သည်။၁၅ရက်ပြည့်သွားလျှင် ထင်းကန်ထဲမှထွက်ရမည် အာ့လိုမှမဟုတ်ရင် ထိုထဲတွင်တစ္ဆေတစ်ကောင်ဖြစ်သွားပေမည်။
ထိုနည်းတူစွာပင် ထင်းကန်ထဲတွင် ရှားပါးသောရင်းမြစ်များစွာရှိကာ စာရင်းတွေတင် နှစ်မျက်နှာရှိလေသည်။ ဝူရုန်သည် ထိပ်ဆုံးပိုင်းတွင် အနီရောင် "ရေဆိုးမြောင်းသွေးအညစ်ကြေး"တွေ့လိုက်ကာ အောက်ဘက်တွင်တော့ ဖယ်ဒရယ်အစိုးရ၏ပေးချေမှု၊၁ ဂရမ်တွင် ရွေချိန်၁၀၀နှင့်ညီမျှသည်။ တခြားပစ္စည်းများမှာ တရားဝင်နှင့် ပုဂ္ဂလိကလူများထံမှ စုဆောင်းမူဖြစ်ပြီး ပြည်သူ့လုံခြုံရေးဗျူရိုမှပေးအပ်လာသောဆုကြေးမှာအရမ်းမကြွယ်ဝဘူးဟုဆိုနိုင်လေသည်။
ဒါပေမယ့်မင်းငွေသုံးဖို့ရှိရင် အာ့ကနေအသက်ရှင်လျက် ရလာဖို့လိုတယ်။
နားနေခန်းထဲတွင် စောင့်နေသောသူများတစ်ဒါဇင်ကျော်ခန့်ရှိနေလေသည်။ဝူရုန်သည် တစ္ဆေဈေးသို့သွားစဉ်ကဝတ်ထားသောခြုံထည်အနက်ကိုဝတ်ထားဆဲဖြစ်သော်လည်း အရမ်းသိသာထင်ရှားမနေပေ။ ထကယ်တော့ လူအနည်းငယ်မှလွဲရင် ခန်းမထဲမှလူအများစုသည် အထူးနည်းလမ်းများကိုသုံး၍ သူတို့မျက်နှာများ ဖုံးကွယ်ထားကြသည်။ လူတိုင်းသည် ဆက်သွယ်ပြောဆိုခြင်ူမရှိပဲ အကွာအဝေးတစ်ခုထားကာနေကြသည်။ ဝူရုန်ဝင်သွားသောအခါ လူတဝက်လောက်သာလျင်ကြည့်လာကြသည်။ တချို့သူများကငေးမောနေလျက် တချို့မှာတော့ သူတို့ကိုယ်တိုင်ကိုစကားပြောဆိုနေကြသည်။ ထိုမြင်ကွင်းမှာ စိတ်ရောဂါသည်များစုဝေးနေသည့်မြင်ကွင်းနှင့်တူကာ လူတချို့သာ ပုံမှန်နဲ့တူသည်။
"အိုး လူအိုကြီး ငါတို့ထပ်တွေ့ကြပြန်ပြီ ဒါကတကယ့် ရေစက်ပဲ!"
ဖုချင်းဤနေရာတွင်မရှိသည်ကိုတွေ့သောအခါ ဝူရုန်တိတ်တဆိတ်နေလို့ရမည့်နေရာတစ်ခုရှာချင်သော်လည်း တစုံတယေယာက်မှလမ်းမသိသဖြင့် လျှောက်လာကာ : " မင်းငါ့ကိုမှတ်မိသေးလား၊ငါတို့လပ်မှတ်ထိုးနေတုန်းကတင်တွေ့ခဲ့သေးတယ်လေ။ မင်းဘေးနားကတစ်ယောက်က ဒါရိုက်တာကျိုးရဲ့သားလေဟုတ်တယ်မလား? သူကအရမ်းအံ့ဩဖို့ကောင်းတဲ့လူငယ်ပါရမီရှင်ပဲ!"
နှာခေါင်းထိပ်ချွန်ကိုပိုင်ထားသောလူများသည် ပထမဆုံးအမြင်နှင့်တင် ရိုးသား၍ အန္တရယ်ကင်းသည့်ပုံပေါ်သည်။သူသည်တုန်လူပ်နေကာ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း စိတ်လွတ်သွား၍သော်လည်းကောင်း ခန်းမထဲရှိမျက်လုံးများအားလုံးကိုဆွဲဆောင်လိုက်သည်။ဝူရုန်၏ ထူးမခြားနာပုံစံကိုသတိမပြုမိစွာနှင့်ထို ကျော်ကြားသောထုတ်လွှင့်သူကြီးမှာ ဖားအော်သံလိုအသံမျိုးဖြင့် ဆက်လက်ပြောဆိုနေသည် :
"အဝါရောင်မြစ်ဆွဲကြိုးချအခေါင်းထင်းကန် က ပြီးခဲ့တဲ့နှစ်မတိုင်မီတစ်နှစ်ကပေါ်လာခဲ့တာ ရှင်းလင်းရေးအဖွဲ့ ပထမဆုံးအသုတ် ကတစ်သင်းလုံးနီးပါး သတ်ဖြတ်ခံရတာ။သူတစ်ယောက်တည်းကပဲတစ်ဦးတည်းသောရှင်သန်ကျန်ရစ်သူပဲ။ သူကရဲအရာရှိရဲ့သားဆိုတာ တကယ်မှန်တယ်။ သူဆီမှာကောင်းတာတွေရှိတယ်။ မင်းသူကိုသွားတဲ့အခါမင်းတို့က သူငယ်ချင်းတွေပဲမို့ ဒီတကြိမ်ပြန်ထွက်လာတဲ့အခါ မင်းကိုကောင်းတာတွေအများကြီး သူကပေးလာလိမ့်မယ်။ ဒါမှမဟုတ် ငါတို့အဖွဲ့နှစ်ခု တွဲဖက်လုပ်ကြရင်ရော? အချိန်ကျလာတဲ့အခါတယောက်ကို တခုစီဆိုရင်___"
"Roll"
အသံကျယ်ကြီးနှင့်အတူ ထုတ်လွှင့်သူကြီးမှာ ဂျုံအိတ်ပျက်ကြီးလို လွှတ်ပစ်ခံလိုက်ရကာ ရှက်စရာကောင်းစွာဖြင့် မြေပေါ်တွင်အကြိမ်များစွာလှိမ့်သွားပြီး သူ့ဝမ်းဗိုက်ကို ဖမ်းဆုပ်ထားရင်းအော်ဟစ်လေသည်: "ဟေး ရိုး အားရိုးရိုး"။ ကြည့်နေသူများတခနမျှ တိတ်ကျသွားကာ သူတို့၏ကြောက်ရွံနေသော သို့မဟုတ် မရှင်းလင်းသောမျက်လုံးများက အခုတင်ဝင်ရောက်လာသော ကြိုးကြာပန်းကွက် ဝတ်ရုံဝတ်ဆင်ထားသော ခက်ထန်သည့် တာအိုဘုန်းကြီးပေါ်ကျရောက်သွားသည်။ သို့သော်လည်း သူသည်ဖုန်မုန့်တစ်ခုကိုခါလိုက်သလိုပြုမူလျက် တခြားသူများ၏အကြည့်ကိုလျစ်လျူရူလျက် ဝူရုန်ဆီတလှမ်းချင်းလျှောက်လှမ်းလာသည်။
"မင်းဟာ"
ဝူရုန်သည် ရဲတွေဝေခြမ်းထားသော အချို့ သောအခြေခံ အသက်ကယ်ထောက်ကူပြုပစ္စည်းများပါ သည့် ကျောပိုးအိတ်ကို ဖုချင်းထံ မှယူလိုက်သည်။
"ကျေးဇူး"
ခဏမျှရပ်လိုက်ပြီးနောက် သူသည် သံသယဖြင့် မေးလေသည် " ငါရဲ့တွဲဘက်ကမင်းမဟုတ်ဘူးလား?"
Sinkhole ကိုအတူတကွ ဝင်ရန်လိုအပ်သည်။ တွဲဖက်ကို အရင်ထဲကရွေးချယ်ထာူရမည်ဖြစ်သည်။ ဘာလို့ဒီလူက သူနှင့် တွဲစပ်ချင်ရတာလဲ?
"ထင်းကန်ထဲဝင်ပြီးတာနဲ့ မင်းနဲ့ငါကယာယီတော့ကွဲနေလိမ့်မယ်"
ဖုချင်းသူ့ကိုလျစ်လျူရူကာပြောသည် " ငါမင်းကိုလာတွေ့မယ်"
သူတို့ထဲမှတယောက်မှတခြားသူများ၏အကြည့်ကို ဂရုမစိုက်ပေ။ အမျိုးမျိုးသောအကြည့်များအောက်တွင်သူတို့ဘာသာစကားပြောနေကြသည်။ ထိုသဘောထားက ဤနေရာတွင်ရှိနေသောလူတွေရဲ့နှလုံးသားကို လှုံ့ဆော်နေကာ အခုတင်ဝင်လာသောခေါင်းဆောင်ကိုသတိပြုမိစေသည်။
လက်ထောက်ကျန့် နှင့် ဒါရိုက်တာကျိုး၏မျက်နှာမှာ မပြောင်းမလဲ ရှိနေတုန်းဖြစ်ပြီး ဆရာသခင်ကုချန်ကတော့ ကြင်နာစွာပြုံးနေသော်လည်း အရပ်ရှည်ရှည်နှင့်ပိန်ပါးကောင်းကင်သခင်မှာ မျက်မှောင်ကြုတ်လျက် ဖုချင်းကို တုန့်ဆိုင်းစွာစိုက်ကြည့်နေကာ သူကအဆုံးထိစကားမပြောသော်လည်း သူ၏သဘောမကျသည်မျက်နှာသွင်ပြင်ကိုအကဲဖြတ်ကြည့်လျှင် ဖုချင်းသည် စိတ်မကျေနပ်ဖွယ်အခြေနေတချို့နှင့်မွေးလာသည်ဟုဆိုနိုင်သည်။
"ယိုယင်းဖာ၊မင်း နာမကျန်းနားနေရုံကိုသွားမလား?"
ဒါရိုက်တာကျိုး လေးနက်စွာပြောသည်။ကြမ်းပေါ်လှိမ့်၍ညည်းညူနေသော ထုတ်လွှင့်သူမှာ နောက်တစ်စက္ကန့်အတွင် ဘာမှမဖြစ်ခဲ့သလိုမက်တပ်ရပ်လိုက်ကာ သူခန္ဓာကိုယ်မှာကပ်နေသောဖုန့်မူန့်များကိုပုတ်ထုတ်ကာရယ်လျက် : " မဟုတ်ဘူး မဟုတ်ဘူး ပြောရရင် ထူးဆန်းတယ် ကျွန်တော်အခုတင် နာကျင်နေတာ ဆရာသခင်ကုချန်ကျွန်တော့်ဘေးရပ်လိုက်တာ အရာအားလုံးကုသခံလိုက်ရတယ်"
"မင်းပြီးသွားရင် အဖွဲ့ဆီပြန်သွားရအောင် "
ဆရာသခင်ကုချန်တမူထူးခြားစွာပြုံးလျက် ညင်သာစွာစကားဆိုသည်။ သူဘေးရှိကောင်းကင်သခင်မှာအေးစက်စွာနှာမူတ်လျက် ရှေ့တလှမ်းတိုးလေသည်။
"ကိုယ်ရေးကိုယ်တာကိစ္စတွေအားလုံးအဆင်သင့်ဖြစ်ပြီးတော့ ထင်းကန်ဖွင့်တော့မယ်။ ဘာတွေပြောသင့်လဲ ဘာကိုဂရုစိုက်သင့်လဲဆိုတာကို အညွှန်းစာအုပ်ထဲအကုန်ရေးထားတယ်။ မင်းတို့က စာမဖတ်တက်တဲ့ကလေးတွေမဟုတ်ဘူး"
"ငါတစ်ခုထပ်ပြောချင်တာက သေခြင်းရှင်ခြင်းကကံတရား၊ ချမ်းသာခြင်းနှင့်ကျော်ကြားခြင်းကကောင်းကင်ဘုံထဲမှာ။ လောဘကြောင့် မင်းတို့အသက်တွေမဆုံးစေနဲ့။ ထင်းကန်ထဲမှာ တယောက်မှတခြားတယောက်ကို နိုပ်စက်ခြင်း သတ်ဖြတ်ခြင်းကို ခွင့်မပြုဘူး။ စည်းမျက်တွေချိုးဖာက်မယ်ဆိုရင်တော့……"
သူနောက်ဆုံးစားကြောင်းကိုမပြောပဲအေးစက်စွာသာနှာမူတ်လိုက်သော်လည်း အဓိပ္ပါယ်မှာရှင်းလင်းပေသည်။ ဆရာသခင်ကုချန်က 'အမိတဘ ဗုဒ္ဓ'ဟုဆိုလျက်ဖြည်းညှင်းစွာဖြင့် "အကျိုးတော်ဆောင်အားလုံးရဲ့အိတ်တွေနဲ့အိတ်တွေထဲမှာ ဗောဒိစေ့ တွေရှိတယ်။ ဘုန်ကြီးအိုကဒါကိုအထွတ်မြတ်ထားတယ် ပြီးတော့ ဗုဒ္ဓရောင်ခြည်က သုံးရက်ကြာအောင်ကာကွယ်ပေးနေမယ်။ ထင်းကန်ဝင်ပေါက်မှာ တစုံတယောက်က မင်းတိုကို လာခေါ်လိမ့်မယ်"
ဒါရိုက်တာကျိုးကလေးနက်စွာပြောသည်" ထင်းကန်ဖွင့်သွားတာနဲ့ အပြင်လူတွေက အချိန်စက်ဝန်းမဆုံးမချင်း ဝင်လို့မရဘူး အသက်အန္တရယ်ကြုံတဲ့အခါ ထင်းကန်ဝင်ပေါက်ဆီအချိန်မီ မပြေးနိုင်လောက်ဘူး။ မင်းလုပ်ချင်သေးတယ်ဆိုရင် အခုက ထွက်ဖို့နောက်ဆုံးအခွင့်ရေးပဲ"
ဘယ်သူမှမဖြေ။ဒါရိုက်တာကျိုး ငြင်သာစွာခေါင်းငြိမ့်လိုက်သည်။ အဆုံးမှာတော့ လက်ထောက်ဒါရိုက်တာကျန်က နားထောင်သူများအား ငဲ့ကြည့်လိုက်ကာ တိုတောင်းစွာပြောသည် "သွားစို့"
ထင်းကန်သွားရာလမ်းကြောင်းမှာနစ်မြုပ်ထားသောလမ်းဖြစ်ကာ ဝူရုန်နှင့်ဖုချင်းမှာ အသင်း၏ရှေ့နားတွင် တန်းစီနေကာ ဘေးချင်းယှဉ်လျှောက်လာသည်။ တူမြောင်းထဲမဝင်ရောက်မီ ဝူရုန် သူနောက် ကျောပေါ်အလင်းကျလာသလို သူ့မျက်လုံးထဲ အပ်စူးသလိုခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်သောအခါ တန်း၏အဆုံးပိုင်းတွင်လျှို့ဟူကို တွေ့လိုက်သည်။
လျှို့ဟူလည်း ဒီစစ်ဆေးရေးမှာပါတယ်တယ်လား?
အရင်ကနှင့်ယှဉ်လျှင်သူသည်ပို၍ထိန်းချုပ်နိုင်ကာ မမောက်မာတော့သော်လည်းသူမျက်လုံးများမှာနက်မှောင်ကာ မူန်မိူင်းလျက် ခွေးအတစ်ကောင်လိုအန္တရယ်များလေသည်။ ဝူရုန်သူ့လက်မောင်းပေါ်မှ ရက်စက်သောခွေးကြီး၏ တက်တူးကိုတွေ့လေသည်။ ထိုအရာမှာခွေးခေါင်းနှင့်တဝက်တပျက်ခွေးကိုယ်ထည်သာဖြစ် နေခဲ့သည်။ အခုတော့ တက်တူးပေါ်ရှိရက်စက်သောခွေးကြီးမှာပို၍ ပြည့်စုံလာနေပြီး သူ့လက်မောင်းမှ ပုခုံးနှင့်လည်ပင်းများထိပျံ့နှံ့လာနေသည်။ ခွေး၏နီရဲနေသောမျက်လုံးများမှာ လူကိုအငမ်းမရ ဖြစ်နေပုံပေါ်သည်။
-------
"ဝူရုန်နှင့် လျှိူ့ဟူက တကယ်ကြီး တယောက်နဲ့တယောက်သိနေကြတယ်"
ခန်းမထဲရှိနေသောခေါင်းဆောင်မှာ ကော်ရစ်တာထဲမှအခြေနေကို စောင့်ကြည့်စခရင်မှတဆင့် ရှင်းလင်းစွာမြင်နေရကာ လူတချို့မှာ ခန်းမထဲ ဝင်ရောက်လာကာ သူတို့နား လာလေသည်။
"ဝူရုန်ရဲ့အကိုကြီးက လျှို့ပေါင်က လျှို့ဟူရဲ့သွေးသားတော်စပ်တဲ့ အကိုလေ။ သူတို့နျစ်ယောက်သိနေတာအံ့ဩစရာမဟုတ်ဘူး"
ဒါရိုက်တာကျိုးက : " ဝူရုန်က မနေ့ကတနေ့ကတင် စက်ရုံအလောင်းတွင်းမတော်တဆမှာ လျှို့မိသားစုညီကို ကို ဆန့်ကျင်ခဲ့တာ"
"ဝူရုန်က တကယ်ကို သံသယဝင်သင့်တဲ့သူပဲ။ သူ့မှာရွမ်အန်းနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့အပြင် ချင်းဝူချောက်ကမ်းပါးကတစ္ဆေလေးမတော်တဆမှာလည်း အတွေ့ကြုံရှိသေးတယ်။ ဒါပေမယ့် ဖုချင်းက သူ့ကိုတန်ဖိုးထားလွန်းတယ်"
အခုလေးတင်ဝင်လာသော သက်ကြီးပိုင်းကောင်းကင်သခင်သည် သူ့ပုတီးစေ့များကိုပွတ်သပ်ကာ တွေးဆလျက်: " ဖုချင်းက ဝူရုန်တစ်ယောက်တည်းကိုပဲ မသိနိုင်တဲ့အကြောင်းပြချက်တစ်ခုကြောင့် ဂရုစိုက်နေတယ်လို့တောင်ပြောလို့ရတယ်"
ဖုချင်းက ဘာကြောင့်များ အနာဂါတ်မှာ တစ္ဆေဘုရင်ကိုတိုက်ခိုက်ရေးအစီစဉ်မှာ ခေါင်းဆောင်အစစ်အမှန်ဖြစ်ရတာလဲ? သူကသွေးအေးပြီး နှလုံးသားကလည်းအေးစက်သေးတယ်။ သူမှာစည်းမျဉ်းမရှိ၊ ကြင်နာသနားမူနှင့်ကိုယ်ချင်းစာစိတ်မရှိပေ။ ဘယ်လောက်ပင် ပါရမီပါသည်ဟုပြောပြောထိုကဲ့သို့ လူမျိုးအား ကောင်းကင်သခင်ဟုမခေါ်ဆိုထိုက်ပေ!"
ပိန်းပါးရှည်လျားသောကောင်းကင်သခင်မှာ ရှည်ကြာစွာမလိုမုန်းထားမူနှင့် မကျေမနပ်ဖြင့် " အရင်က သူသုတ်သင်ခဲ့တဲ့တစ္ဆေတွင်းကံဆိုးမိုးမှောင်ကျတာကိုပဲကြည့် ပြီးတော့ အခုလေးတင် တခြားသူကိုအကြောင်းပြချက်မရှိကြမ်းပေါ်ဘယ်လိုထိုးချလိုက်သလဲ သူခန္ဓာကိုယ်ထဲမှာ သတ်ဖြတ်လိုစိတ်ပဲရှိတယ်!"
"ဘာမှားနေလို့လဲ? မင်းနှလုံးသားကိုသတ်လိုက်ပြီးမှသာ တစ္ဆေကိုဓားနဲ့သတ်ဖြတ်နိုင်တာ။ မင်းအာ့ကနေမသင်ယူလိုက်ရလျှင် မင်းနည်းနည်းပြောပြိး များများနားထောင်သင့်တယ်"
ပိန်ခြောက်ကာ နားလည်ရခက်သောမျက်နှာနှင့်လူကြီးကအပြုံးဖြင့် " ဒါအပြင် ယိုယင်းဖာက ဘယ်လို ငှက်ကောင်းမျိုး မို့လဲ?သူပါဝင်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတိုင်းမှာ မတော်တဆဖြစ်နေတာ အချိန်တိုင်းသူကအသက်ရှင်ကျန်ရစ်တာ ဘယ်သူကသိနိုင်မလဲ သူကမကြာခဏပိုပြီးအသက်ရှင်နိုင်မလား မနိုင်ဘူးလားဆိုတာ? ဒီတစ်ခါလည်း အသစ်လေးကို ဒိုင်းကာအနေနဲ့ အသုံးပြုချင်မှန်းသိသာလွန်းနေတာ။ ငါပြောသလိုသာဆို ဖုချင်းလုပ်တာကကောင်းတယ် သူ့ကိုတိုက်ရိုက်သက်လိုက်ရင်တောင် နားလည်ပေးလို့ရတယ်"
"မင်း!"
"အိုကေ မူလခေါင်းစဉ်ကိုပြန်သွားရအောင်၊ ဖုချင်းရဲ့ဂုဏ်ပုဒ်နှင့်ပတ်သတ်ပြီးသံသယဝင်စရာမရှိဘူး"
ဒါရိုက်တာကျိုးကပြောသည်: " လုံဟူတောင်တန်းက ဖုချင်းက နှစ်ပေါင်းများစွာကပျောက်ဆုံးသွားတဲ့ ဖုမိသားစုရဲ့ဆက်ခံသူအစစ်ဆိုတာအတည်ပြုထားပြီး သူ့ဇာတာခွင်ကလည်း မှန်တယ်။ ဆယ်နှစ်အကြာကထင်းကန်ကိုမသွားမီ ကြီးမြတ်တဲ့ဆရာသခင်ချန်ထားခဲ့တဲ့ ရှေ့ဖြစ်အဟောအရ အနာဂါတ်မှာ သူက ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာလိမ့်မယ်။ လုံဟူတောင်တန်းက လူတွေကိုလာဖို့စေလွှတ်လိုက်တယ်။ အာ့မတိုင်ခင် ငါတို့အရင်းမြစ်တွေကသူ့ကို တက်နိုင်သမျှမြန်မြန် ဂုဏ်ပုဒ်တစ်ခုပေးသင့်တယ်။ ဖြစ်နိုင်တာက နောက်နှစ်လအကြာ နယ်စပ်ကိုဖြတ်ကျော်လာမယ့် မီးအိမ် တစ္ဆေဘုရင်ကိုဖြေရှင်းဖို့ မျှော်လင့်ချက်ကိုသူ့အပေါ်အားထားနိုင်လောက်မလားပေါ့။"
"ဖုအိမ်တော်က အကြင်နာကင်းမဲ့ခြင်းနဲ့ အလွန်တရာချစ်ခြင်း နှစ်မျိုးလုံးမှာ နာမည်ဆိုးနဲ့ကျော်ကြားတယ်။ ဖုချင်းတွယ်ကပ်လွန်းပြီး ဝူရုန်အပေါ်အရေးထားလွန်တယ်ဆိုရင် ဒီလူက ပေါ့သေးသေးတော့မဟုတ်ဘူး"။
လူအုပ်ကြားထဲမှာတစ်ဦးတည်းသောအမျိုးသမီးကတွေးဆဆနှင့်ရုတ်တရက်ထပြောသည် : " ငါမှတ်မိပြီ။ သူကသာမန်လူတွေရဲ့ စံပြတစ်ယောက်မဟုတ်လား"
"ပထမဆုံးအမြင်မှာတော့ သူကရည်မွန်တဲ့ကောင်လေးတစ်ယောက်ပဲ"
"လောင်မာပြောခဲ့တာက ဝူရုန်က အသက်ရှင်နေရမယ်တဲ့"
ဒါရိုက်တာကျိုးရုတ်တရက် သတိရကာ ထပ်ပြောလာသည် " မာဟုန်ပေါ်က အပြင်းထန်ဒဏ်ရာရပြီး ရှေ့ထွက်ကခွာခဲ့တာတောင် သူမှာ တစ္ဆေကလေးလေးရှိသေးတယ်။ သူတခုခုကို မြင်ခဲ့ပုံရတယ်"
ကောင်းကင်သခင်အိုကြီးကသက်ပြင်းချလျက် " အခုလူတိုင်းကဒီမှာစုနေကြတာ။ မီးအိမ်တစ္ဆေဘုရင်နယ်စပ်ကိုဖြတ်ကျော်ပြီးသွားရင် သူငယ်ချင်းဟောင်းတွေဘယ်လောက်ကျန်နေခဲ့မလဲဆိုတာငါအသိတော့ဘူး"
ဤအခိုက်တန့်တွင် ရှိနေကြသောလူတိုင်းမှာ ယွင်နန် နှင့်ကွေ့ကျိုးရှိ လုံခြုံရေးဇုန်များ၏ထိပ်ပိုင်းလူများဖြစ်သည်။ မီးအိမ်တစ္ဆေနယ်စပ်ကိုဖြတ်ကျော်သောအခါ လိုင်း၏ထိပ်ပိုင်းတွင်ရှိရမည်ဖြစ်ကာ သူတို့အားလုံးစတေး၍ တခြားသူများကို ရွေ့ပြောင်းနိုင်စေရန် အချိန်ယူပေးမည်ဖြစ်သည်။
"ငါတို့အသက်ကြီးလာပြီးမို့ လူငယ်မျိူဆက်က သူတို့ကိုဆက်ကြည့်သွားလိမ့်မယ်"
မြင်ကွင်းများကထို ခဏတိတ်ကျသွားသည်။ လူတိုင်းရဲ့စိတ်ကကွဲပြားနေသော်လည်း ဒီတချိန်သူတို့ တနည်းတဖုံစိတ်ဓာတ်ကျသွားကြသည်။ နောက်ဆုံးမှာတော့ ပိန်းပါးလျားသောလူအိုကြီးကအရင်သတိရလာပြီး ပြောသည် " ဟေး ဘာလို့မင်းစကားမပြောတာလဲ၊ တစ္ဆေအိုကြီးကျန့်?"
အခုလေးတင်ဆွေးနွေးနေသည့်အတောအတွင်း လက်ထောက်ကျန့်မှာ အစကနေအဆုံးထိ စကားမပြောခဲ့ပေ။
မျက်လုံးအားလုံးစုစုံလာသောအခါ သူအချိန်အတော်ကြာမှင်သက်နေပြီးနောက် နောက်ဆုံးတွင် " ငါအထင် ဖုချင်းနှင့်ဝူရုန်ကြားက ဆက်ဆံရေးက ငါတို့ထင်ထားတာထက်ပိုနီးစပ်မယ့်ပုံရတယ်"
________________&&&&_______________
စာရေးသူမှာပြောစရာရှိတယ်။
ကျန့်ကျူ မှာ ကားထဲမှ လူငယ်နှစ်ယောက်ပြောနေတာကိုကြားနိုင်လောက်တဲ့ ကောင်းမွန်သောနားတွေရှိတယ်။
ဖုချင်း : လူအုပ်ကြားထဲမှာ မင်းတစ်ယောက်တည်းကသာ အထူးတလှယ်ပဲ။
ဖုချင်း : အကယ်၍ငါမှာသာတွဲဖက်ရှိရမယ်ဆိုရင် အာ့တာမင်းပဲဖြစ်ရမယ်။
ဝူရုန် : ငါက ကွဲပြားတယ် (T/N တနည်းအားဖြင့် ငါကဂေးမဟုတ်ဘူး)
ကျန့်ကျူ : ?
လူငယ်တွေကြားရစ်နှောင်နေတဲ့ခံစားချက်တွေက တကယ့်ကို ရူပ်ထွေးတာပဲ။
_______________&&&&________________
3534words
9:32 Fri,Jun 2, 2023
|| Zawgyi||
"မင်းက ဘယ်သူနဲ့လဲ?"
"Roll"
"မင်းဟာ"
"ကျေးဇူး"
-------
"ဝူရုန်နှင့် လျှို့ဟူက တကယ်ကြီး တယောက်နဲ့တယောက်သိနေကြတယ်"
"မင်း!"
"ငါတို့အသက်ကြီးလာပြီးမို့ လူငယ်မျိုဆက်က သူတို့ကိုဆက်ကြည့်သွားလိမ့်မယ်"
________________&&&&_______________
ကျန့်ကျူ : ?
_______________&&&&________________
3534words
9:32 Fri,Jun 2, 2023.