ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...
By Sheilayoon
69.3K 10.4K 241
Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... More
Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.17- Zhong Gu
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20-Woof Woof Woof!
Ch.20.1-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21-Woof Woof Woof ?
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32-Hiss,hiss hiss,hiss hiss?
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.36.1-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.42.1-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.45.1-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.46.1-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52-Tick tack tick tack
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
Ch.58.1-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch 62 - Jiūjiūjiū, Jiūjiūjiū jiū
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 79- Woof woof woooof?
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?
Ch.26.1-Meow,Meow,meow...Meow!
434 92 1
By Sheilayoon
Unicode
     လျှို့ပေါင် သေနပ်ကိုပြန်ရုတ်လိုက်ကာ တည်ငြိမ်စွာဖြင့် ဘာမှမဖြစ်ခဲ့သလို့လျှို့ဟူအားစားပွဲကိုရှင်းရန်သဘာဝကျကျပင်ညွှန်ကြားလိုက်သည်။ ပြာများနှင့်အမွှေးတိုင်ခွက် ဝိုင်ခွက်ထဲမှဆန်မျာသေသပ်စွာ ပြုလုပ်ပြီးသည့်တိုင် လျှို့ဟူ ထိုကိစ္စကိုသဘောမပေါက်သေးပေ။ လျှို့ပေါင်ဆီသို့မကျေမနပ်သံသယများဖြင့် ပြန်လှည့်လာကာ " အကိုကြီး ဘာလို့ဝူရုန်ကိုငွေပေးသလဲပြောပြပါဦး"
    "ဟုတ်ပါတယ်။ သူကအကို့ရဲ့ညီငယ်ပါပဲ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်လုံးကတစ္ဆေထိန်းဖြစ်နေပြီလေ။ သူရဲ့ဆိုးဝါးတဲ့အပြုမူကြောင့်သာမဟုတ်ရင် ကျွန်တော်တိုါဒီထက်မကလုပ်ဖြစ်သွားနိုင်သေးတယ်!။ အကိုကြီးငါမှတ်မိသလောက်တော့မင်းတခြားသူတွေအပေါ်အဲ့လောက်မကောင်းပါဘူး။ သူကိုပဲဘာလို့ဒီလောက်ကောင်းအောင်ဆက်ဆံပေးနေတာလဲ?"
    "အားဟူ"
    လျှို့ပေါင်၏အမူယာမှာခန့်မှန်း၍မရ ခတ္တမျှပြုံးပြီးနောက် ဖြည်းညှင်းစွာစကားပြောသည် " တခါတလေ ငါဝူရုန်ကို ငါ့တကယ့်ညီလေးဖြစ်စေချင်တယ်။"
    "အနည်းဆုံးတော့သူကအရူးမဟုတ်ဘူး"
    "အကိုကြီး!"
    "အားရုန် လိုလူမျိုးက အနှေးနဲ့အမြန်ကျော်ကြားလာမှာ။ မင်းမြင်နေရတာသူ့ရဲ့လက်ရှိ ငါကသူရဲ့အနာဂါတ်အတွက်မြှုပ်နှံနေတာပဲ"
    "ဒီဆင်းရဲသားလေးကဘာများလုပ်နိုင်မှာမို့လို့လဲ?"
    လျှို့ဟူမယုံကြည်ပါ။ သူ့လက်သီးများဆုပ်ထားလျက် " သူကဒုက္ခိတတစ္ဆေကိုပဲ‌ မွေးထားနိုင်တာလေး ကျွန်တော်က အာ့တာကိုတကိုက်ထဲနဲ့ဝါးမြိုနိုင်တယ်"
    "လွန်ခဲ့တဲ့လေးနှစ် ငါသူကိုပထမဆုံးစတွေ့တုန်းက သူကသူ့ဘဝတလျှောက်လုံး သာမန်လူအဖြစ်သတ်မှတ်ခံထားရတဲ့ ပိန်းသေးသေးနဲ့တကိုယ်တည်းသမားလေးပဲရှိသေးတာ"
    လျှို့ပေါင်လက်မပေါ်မှလက်စွပ်ကို‌ဖြည်းညှင်းစွာပွတ်သပ်လျက် အေးစက်စက်လေသံဖြင့် " သူကငါ့နောက်လိုက်ဖြစ်ချင်ခဲ့တာ။ တခြားသူတွေအတွက်ဒီကလေးက ခွေးတစ်ကောင်လို သေးနေပေမယ့်ငါ့အတွက်တော့ သူမျက်လုံးတွေကဝံပုလွှေတစ်ကောင်လို ရက်စက်ကြမ်းကြုတ်ပြီး မျက်လုံးထဲမှတောက်လောက်တဲ့အကြည့်တွေက သူ့ကိုလျစ်လျူရူလိုက်ဖို့တောင်ခက်ခဲစေတယ်။ သူကဘယ်သူ့ကိုမဆို ငရဲကိုဆွဲခေါ်ချသွားရဲတဲ့သွေးဆာနေတဲ့ တစ္ဆေ‌တစ်ကောင်လို့တောင်ငါတွေးမိသွားတာ"
    "ငါသူ့ကိုပြောခဲ့တာ ငါ့ဘေးကဘယ်အဆင့်ကိုမဆိုစိန်ခေါ်နိုင်ပြီး နိုင်ရင် ဒီမှာနေ ရူံးရင်ထွက်သွားပေါ့"
     "နောက်တော့သူ အားဝမ်ကိုရွေးချယ်ပြီး ငါမထင်ထားမိတာက သူကအရမ်းမြန်မြန်ကိုရိုက်ချလိုက်နိုင်တာ‌ပဲ ဒါကြောင့်ပဲ အားရုန်ကကျန်နေခဲ့တယ်။ အားဝမ်က တိုက်ခိုက်ရာမှာအတော်ဆုံးပဲ ဒါပေမယ့်သူ့ထက်အားရုန်ကပိုတော်တယ်"
    လျှို့ဟူမတက်သာစွာကြားဖြတ်ပြောလိုက်သည် " အားဝမ်ကအဲ့အချိန်တုန်းက တစ္ဆေမွေးထာနိုင်ပြီလေ။ သူကဒဏ်ရာရထားတာ။ သာမန်လူနဲ့မကွဲပြားဘူး။ သူသာလမ်းတဝက်မှတစ္ဆေကိုမဆုံးရူံးသွားရင် ဝူရုန်ကဘယ်တော့မှနိုင်မှာမဟုတ်ဘူး"
    လျှို့ပေါင်ပေါ့ပေါ့ပါးပါးပင်ပြောသည်" သူမွေးထားတဲ့တစ္ဆေကဒဏ်ရာပြင်းထန်နေလျှင်တောင်အဲ့အချိန်တုန်းက ဂိုဏ်းထဲကဘယ်သူ့ကိုမဆိုသူတိုက်ခိုက်နိုင်တယ်။ ဒါပေမယ့်အရုန်သူကိုစိန်ခေါ်မှ တစ္ဆေတန်ပြန်မူကို ခံစားရပြီး သူကရူံးသွာရတယ်‌ဆိုတော့ ဘာကြောင့်များလဲ?"
    "အားရုန်မှာ ကံကောင်းမှုရော လျှို့ဝှက်ချက်ရောရှိနေတယ်။ အဲ့လိုလူမျိုးကရေတိမ်ပိုင်းမှာ ပိတ်မိ‌နေတဲ့ နဂါးငယ်လိုပဲ။ သူကအမြဲတမ်း‌ကောင်းကင်မှာပျံသန်းနေမှာ။ ငါသူ့ကိုအကျိုးမြတ်နည်းနည်းပဲပေမယ့် အနာဂါတ်မှသူကငါ့ကြင်နာမူကိုအမှတ်ရပြီး အဆတစ်ရာလောက်ပြန်ပေးဆပ်လိမ့်မယ်။"
    "အခုတော့ မင်းကြောင့်ပျက်ကုန်ပြီ"
    လျှို့ပေါင် လျှို့ဟူအား တိတ်တဆိတ်တင်းမာသောမျက်နှာထားဖြင့် စူးစိုက်စွာကြည့်လျက် " ငါအစကရွေးထားတဲ့ သားကောငါက ချန်ချန်း မဟုတ်ဘူးလေ"
    "ကျွန်တော်…"
     လျှို့ဟူသူ့လည်ပင်းကိုကိုင်လျက် စကားပြောရခက်နေသော်လည်ူ လျှို့ပေါင်အကြည့်အောင်ရူံးနိမ့်သွားကာ နောက်ဆုံး၌ စိတ်ဆိုးစွာဖြင့် " ကျွန်တော်ပြောင်းလိုက်တော့ရောဘာဖြစ်တာမှတ်လို့…"
    ဒါသည်ရွမ်အန်းကြောင့်မဟုတ်ပေ။
    သူကဒါကိုမပြောချင်ပေ။ လျှိုဟူတစ္ဆေခွေးများပျိုးထောင်သည့် လျှို့ဝှက်ချက်ကို သူ့အကိုကြီးမှလွဲ၍ မည်သူမှမသိပေ။ နတ်ဆိုးတစ္ဆေခွေးများသည်ရက်စက်ကြမ်းကြုတ်သည့်အဆင့်ရှိသော်လည်း သူတို့သည်တိုက်ခိုက်ရန်အတွက်အလွယ်ကူဆုံးတစ္ဆေများဖြစ်သည်။ တကယ့်တစ္ဆေမွေးချင်သူမည်သူမဆို နတ်ဆိုးခွေးတစ္ဆေမျိုး ပျိုးထောင်ရန်မရွေးချယ်ပေ။ သို့သော်ရွမ်အန်းရူးသွားသည့်ညက သူ့ကိုလက်ညှိုးထိုး၍ အနာဂါတ်မှာရက်စက်ကြမ်းတမ်းသည့်အဆင့်ရှိခွေးတစ္ဆေတစ်ကောင်ကိုက်သတ်ပြီးသေရမည်ဟုပြောခဲ့တာကို လျှို့ဟူဘယ်လိုများမထိတ်လန့်ပဲနေမည်နည်း။
     လျှို့ဟူထိုအချိန်တုန်းက ကြောက်ရွံစိတ်ကြောင့်ထိုကလေးရွမ်အန်းကအပြင်သို့ပစ်ထုတ်လိုက်သည်။ သူ့အသိစိတ်ပြန်ဝင်လာ၍ တယောက်ယောက်ကိုသွားပြန်ရှာခိုင်းသည့်အခါတွင် ရွမ်အန်း အထိန်းသိမ်းခံလိုက်ရကြောင်းသိလိုက်ရသည်။ လျှို့ပေါင်သည်ထိုအချိန်က အစည်းတစ်ခုတက်ရန်အဝေးရောက်နေလေရာအဆက်သွယ်အားလုံးပြတ်တောက်နေသဖြင့် လျှို့ဟူနှင့်ထိုအကြောင်းဆွေးနွေးရန်မည်သူမှမရှိပေ။ သူထိုအကြောင်းတွေးမိလေစိတ်ပူလေ ပိုတွေးလေ ပိုထိတ်လန့်လေဖြစ်လာသည်။
    သူမှတ်မိသလောက်ရွမ်အန်းပြောသည်မှာ ဝူရုန့်ခွေး၊ ထိုကလေူကိုတစ်ခုခုလုပ်သင့်သည်ဟုခံစားရသဖြင့် ဝူရုန်အားထပ်သွားရှာခဲ့သည်။ရလာဒ်ကတော့ ဝူရုန်ထွက်သွားခွင့်ရသွားရုံမက လောင်လင်းရှို့ရီဆိုင်သို့တစုံတယောက်အားရှာရန်သွားသောအခါ အရပ်ဝတ်နှင့်ရဲများစွာကင်းလှည့်နေသည်ကို တွေ့သဖြင့် ထိတ်လန့်နေသောလျှို့ဟူကြောက်စိတ်မွှန်သွားလေသည်။ အဘက်ဘက်မှဖိအားများအောက်တွင် ဝူရုန်အားခြိမ်းခြောက်နိုင်ရန် ခေါင်းဝါ(ချန်ချန်း)ကို သားကောင်အဖြစ်အစားထိုးသောရူးမိူက်သောအလုပ်ကိုပြုလုပ်လိုက်ခြင်းဖြစ်သည်။
    "အကိုကြီး ဒီကိစ္စကဖြစ်ပြီးနေပြီး ဝူရုန်ကိုဒီထပ်ပိုသဘောကျနေလို့မဖြစ်‌လို့လဲအသုံးမဝင်တော့ဘူး"
    လျှို့ဟူ၏အိုင်ကျူနောက်ဆုံးပြန်ရောက်လာကာ သူကအခိုင်အမာပြောလေသည်" ဘယ်လိုပဲဖြစ်ဖြစ်အခုဝူရုန်ကတကယ့်ပြစ်မူကြီးလုပ်လိုက်တာပဲ။ အကိုကသူ့ကိုအရမ်းသဘောကျနေတာ သူသာကြီးပြင်ူလာရင်ကျွန်တော့တို့ရန်သူအဖြစ်ပဲအဆုံးသတ်မှာအကိုသိသင့်တယ်"
    "မနက်ဖြန်ရုံးချုပ်ကိုအထူးလေ့ကျင့်ရေးအတွက်သွားရမှာမို့အကိုပဲဒီမှာကျန်နေမှာ ဟွမ်းမောင်ကရိုက်ကူးရေးကိရိယာတွေကိုအကိုပို့ပေးတဲ့တာဝန်လို့သိထားတာအကယ်၍သာ သူကဝူရုန်ကိုဒါတွေပြောပြလိုက်ရင် ဝူရုန်အကို့ကိုယုံကြည့်နေဦးမယ်လို့ထင်နေတာလား?"
    အကုန်လုံးကိုအတူဖျက်ဆီးလိုက်တာပိုကောင်းတယ်။ အမျိုးသမီးဆွေရဲ့နူးညံ့တဲ့သဘောထားလို့တုန့်ဆုတ်နေမယ်ဆိုရင် သူကဝတ္ထုထဲကအဓိကဇာတ်ကောင်အတွက်အစားအစာပို့ပေးရမည့် ဗီလိန်တစ်ယောက်ဖြစ်သွားမှာပေါ့။
    "ရဲဌာနကလူဆွေစောင့်‌ကြည့်နေတယ်ဒါကသေရေးရှင်ရေးအခြေနေ။ သူတို့ကအခုလုပ်ဖို့ရွေးချယ်ရသည့်အကြောင်းကထိန်းသိမ်းတဲ့နေရာကလုံလောက်အောင်မကြာလို့ပဲ"
    လျှို့ပေါင်မှာတည်ငြိမ်၍ငြိမ်းချမ်းနေလျက်ကြက်သီးနွေးလဖ္ဘက်ရည်အားသောက်လိုက်သည်။ သူကိုထိုသို့တွေ့လိုက်သောလျှို့ဟူသူ့ကိုယ်သူယုံကြည်ချက်ရှိသွားကာ ပြုံးပြုံးဖြင့်လျှို့ပေါင်ဆီလျှောက်သွားကာပုခုံးကိုတိုက်လိုက်ရင်း အသံနိမ့်နိမ့်ဖြင့် "အကိုကြီးကျွန်တော်ကထုံတယ်။ အိုက်ယား အကိုကတချိုအရာတွေကိုရှင်းရှင်းလင်းလင်းမပြောပြထားရင်နားမလည်နိုင်ဘူး ဟုတ်ပြီလား"
     လျှို့ပေါင်‌မျက်လုံးများမှေးကျဉ်းလျက် သူ့ညာလက်ကိုမြှောက်ကာ ဆေးလဖ္ဘက်ရည်ကိုဖြည်းဆေးစွာပြီးအောင်သောက် လိုက်သည်။ သူ့လက်ကောက်ဝတ်ကိုပြင်းထန်စွာလိမ်ချိုးလိုက်ပြီး လက်ဖဝါးနောက်ပြန်လည်သွားသောအခါ လူလက်ချောင်းထိပ်တွင် လာဗင်ဒါအဆောင်လက်ဖွဲ့ထပ်ပေါ်လာပြန်သည်။
    "တစ္ဆေငါးကောင်ကြွယ်ဝခြင့်အဆောင်လက်ဖွဲ့?!"
    လျှို့ဟူအံ့ဩစွာဖြင့်" အခုပဲလောင်သွားပြီးပြီမလား?"
    "ခရမ်းရောင်အဆင့်တစ္ဆေငါးကောင်ကြွယ်ဝခြင်းအ‌ဆောင်ကိုကြားခံအဖြစ် အနည်းဆုံးသုံးခါသုံးလို့ရတယ်။ ဒါကတကယ့်ငွေသားတွေကိုသုံးပစ်ရတာမျိုး"
    "ဒါပေမယ့် မင်းကိုမြင်လိုက်လို့ အခုပဲငါတစ်ခါလောင်သွားပြီးပြီ"
     လျှို့ဟူ အဖြေရှာမရ။ ငွေတစ်စ၏အများဆုံးသတ်မှတ်တန်ဖိုးမှာ ၁၀၀ယွမ်ဖြစ်ကာ သူအကိုကြီးကဝူရုန်ဆီ၁၀၀ယွမ်ပို့ရန်ပထူးတလှယ်ဖြင့် တစ္ဆေငါးကောင်ကိုသုံးလိုက်သေးသည် ဒါကအနိုင်ကျင့်တာလား သို့မဟုတ် လက်စားချေခြင်းဖြစ်မလား။
    "ဒါကငါဘာကိုမီးရှို့တယ်ဆိုတာပဲ"
    လျှို့ပေါင်အံဆွဲကိုဖွင့်၍ထိုထဲမှဘဏ်လတ်မှတ်ကိုထုတ်ယူလိုက်သည်။ ယင်းမှာပေါ့ပါူနူးညံ့ကာရှည်လျား၍တခုလုံးပန်းရောင်ဖြစ်နေလျက်ကျောက်စိမ်းဘုရင်၏ပုံတူ ရိုက်နိုပ်ထားကာ 'ထန်းတိ ဘဏ်ကုမ္ပဏီ'ဟု ဘယ်ဘက်ထိပ်ထောင့်တွင်စာရေးထားကာ အလယ်တွင်တော့ရိုးရာ အတိုင်း"ဝူရှီဟူ" ရှိသည်။
    "အမွှေးတိုင်စက္ကူ?"
    "တစ္ဆေငါးကောင်းရဲ့ငွေပို့ဆောင်မူကငွေဆိူငွေကောင်းပေါ်မူတည်တယ်"
    လျှို့ပေါင်ဖြည်းဖြည်းနှင့်အဓိပ္ပါယ်ပါပါပြောပြနေသည်" အားရုန် သူဘာလုပ်တယ်မလုပ်သင့်ဘူးဆိုတာရှင်းရှင်းသိဖိုလိုတယ်"
    "ငါသည်းခံနိုင်စွမ်းက ကန့်သတ်ချက်ရှိတယ်။သူသာသိတက်မယ်ဆိုရင်ဘာမတော်တဆမှမဖြစ်ဘူး အကယ်၍မသိတက်ရင်တော့……"
    "ဟီးဟီး"
    လျှို့ပေါင်အိမ်သို့ပျော်ရွှင်မူဖြင့်ပြန်လာပြီး တံခါးဆီရောက်သောအခါတွင်သူခေါင်းကိုသူရိုက်ကာ ကျိန်ဆဲတော့သည်။
    "ပြောရမယ်ဆိုခုထိအကိုကြီးကဝူရုန်ကိုအခွင့်ရေးပေးနေတုန်းပဲ"
    သူသည်တံခါးအားပြင်းထန်စွာရိုက်ပြီး သူတွေးလေမှားယွင်းတယ်လို့ခံစားရလေဖြစ်သည်။ "သူကဘယ်လိုပြုမူသင့်တာကိုမသိတာကြာပြီ အကိုကြီးကသူကိုတခါတည်းမသတ်ချင်ဘူးဖြစ်နေတာပဲ!"
     လျှို့ပေါင်နှင်ပြိုင်မငြင်းရဲသည့်အတွက်လျှို့ဟူလွန်စွာစိတ်တိုနေသည်။ သူသည်ခြံတွင်းထဲတိုက်ကြက်ဖတစ်ကောင်လို့လှည့်နေရင်း ခွေးလှောင်အိမ်ရှိရာဖက်ခြေချော်သွားသည့်အခါ တချိန်တည်းမှာပင် ပြန်ရောက်နေသောခွေးပေါက်ဝိဉာဉ်လေးမှာနှစ်ခြိုက်စွာအိပ်ပျော်နေသည်ကိုတွေ့လိုက်သည်။ သူအရမ်းစိတ်တိုလာသဖြင့်ခွေးပေါက်လေးအား အားဖြင့်ကန်လိုက်သည်။
    "အသုံးမကျတဲ့ခွေး ငါလိုနေတုန်းကတော့ရှိမနေပဲအခုမှပေါ်လာတယ်ပေါ့"
    "ဝု ဝုတ် ဂါး !"
    အိမ်မက်မှနိုးလာသောခွေးပေါက်မှာအန္တရယ်အားခံစားမိသဖြင့်ရုတ်တရက်ကြီးမားသော ရက်စက်ကြမ်းကြုတ်သည့်ခွေးကြီးအဖြစ်ပြောင်းသွားကာလျှို့ဟူခေါင်ူအားကိုက်လိုက်သည်။ ကြမ်းကြုတ်သောခွေး၏ပိုင်ရှင်ဖြစ်သောကြောင့်လျှို့ဟူမှာမယအမှန်တကယ်မနာကျင်သော်လည်း ခွေးဟလည်ချောင်းမှပြင်းထန်စူးရှသောအနံကသူကိုသတိလစ်လုနီပါးဖြစ်စေကာ နေ့ကိုထပ်မြင်သောအချိန်တွင်တောါသူမျကိလုံးများစိမ်းသွားကအချိန်‌အတော်ကြာ မအီမသာပျို့အန်နေ‌ခဲ့သည်။
    ရက်စက်ကြမ်းကြုတ်သောခွေးအားလေ့ကျင့်ပေးရန်ပြန်လာသောအချိန်တွင် ၎င်းမှာခွေးလှောင်အိမ်တွင် နားမကျန်းစွာလှဲနေရင်း သူမျက်လုံးများကအားနည်းစွာမှေးမှိတ်ထားသည်။ ခွေးလှောင်အိမ်မှာခွေးပေါက်လေးများအတွက်ဆောက်ထားခြင်းဖြစ်သော‌ကြောင့်ယခုလိုကြီးမားသောခွေးကြီးအတွက် ပြည့်သိပ်ထည့်ထားသည့်နှင့်တူကာခွေးကြီးအားအားနည်း၍သနားစရာကောင်းစေလေသည်။
    "အမိူက်။အမိူက်၊အရိုင်းအစိုင်!"
    ဘုရားတစ်ဆူပေါ်လာရင် ဘုရားနှစ်ဆူကောင်းကင်သို့တက်လှမ်းသွားသည်ဆိုသည့်အချက်ကိုလျှို့ဟူလွန်‌စွာဒေါသတွက်သော်လည်း ထပ်မကန်ရဲတော့။ သူရှေ့ရှိကြမ်းကြုတ်သောခွေးနှင့် သူ့လက်မောင်းပေါ်ရှိခွေးတက်တူးတွင်လွန်စွာနီးစပ်မူရှိသည်။ သူတစ်ခုခုဖြစ်သွားမည်ကိုစိုးရိမ်ကာအချိန်တခုကြာ‌အောင်ကျိန်ဆဲပြီးနောက်တွင်တော့ သွေးဂျင်ဆင်း၊ganadermaလင်ဇီး၊တစ္ဆေပုတီးစေါနှင့်သွေးအဆီအနှစ်ကဲ့သို့ ဈေးကြီးကာတန်ဖိုးရှိလှသောသွေးအားတိုးဆေးများသွားဝယ်လိုက်ပြီးနောက် အားလုံးကိုခွေးစာခွက်ထဲထည့်ထားပေးလိုက်သည်။
    "စား.စား.စား.စား.စား သောက် စားဖို့ပဲသိပြီးဘယ်လိုကြိုးစားရမလဲမသိရင်တောင် ငါကမင်းကိုအစားပေးကမ်းနေရဦးမှာ မင်း အရူးကောင်; စောင့်နေ ငါမနက်ဖြန်အထူလေ့ကျင့်ရေး ဝင်ရလိမ့်မယ် ပြီးတော့မင်းနဲ့လုံးဝပေါင်းစပ်နိုင်မည့်အရာတစ်ခုခုတွေ့နိုင်မလားပဲ။ မင်းဘယ်လောက် မောက်မာနိုင်မလဲကြည့်ရသေးတာပေါ့"
     လျှို့ဟူစိတ်ဆိုးဆိုးနှင့်ပြန်ထွက်သွားသည်။ သူထွက်သွားပြီးမကြာမီ နတ်ဆိုးခွေးဝိဉာဉ် မှာ သူ့မျက်လုံးအားတိတ်တဆိတ်ဖွင့်လိုက်သည်။ အခုလေးတင် အာနည်းသည်များပျောက်ကွယ်သွားကာ အားအင်းအပြည့်ဖြင့်မက်တပ်ရပ်လိုက်၍ သူ့လက်ဖဝါးဖြင့် ခွေးစားခွက်ကိုဆွဲယူလိုက်ပြီး အချိန်တစ်ခုကြာအောင်ကိုက်ချီနေလေသည်။ ယင်းမှာနောက်ဆုံးတွင်တော့ အကြီးဆုံး နှင့်အရှည်ဆုံး အမြစ်များနှင့် သွေးဂျင်းဆင်း၊ အသားများပြီးအရည်ရွမ်းသည့် ganaderma လင်ဇီး ကိုသာရွေးယူလိုက်ပြီး သူ့ပါးစပ်တွင်ကိုက်ချီလျက် အပြင်သို့ပျော်ရွှင်စွာပြေးထွက်ကာဝူရုန့်အိမ်လှမ်းလာနေသည်။
    အလွန်ဉာဉ့်နက်နေသော်လည်းဝူရုန်မအိပ်သေးပေ။ ကျုံးကူကိုဆက်ခံလိုက်ကတည်းက သူ ၇ရက်၇ညမအိပ်လျှင်တောင်စွမ်းအင်‌ယုတ်လျော့မသွားပေ။ ဧည့်ခန်းထဲမီးလင်းနေကာ ဝူရုန်ဘယ်ပုခုံးပေါ်တွင်မြွေစိမ်းလေးခွေနေကာ ပင့်ကူလေးသည်တော့ဝူရုန်ပေါင်ပေါ်လှဲနေလျက် ပုတီးစေ့လိုမျက်လုံးများက ဝူရုန်လက်ထဲရှိ လုယက်လာသောပစ္စည်းဆီ ရွှင်မြူးစွာစိုက်ကြည့်နေသည်။
    မြောင်ဒေသရှိတစ္ဆေများမှာအရေတွက်အားဖြင့်မများသော်လည်း အများအပြားယူဆောင်ခဲ့ကာသူတို့သယ်ယူလာသောအရာများမှာ အခြေခံအားဖြင့်တော့ အလောင်းတွင်းထဲမှ တန်ဖိုးအကြီးတကာ့အကြီးဆုံးများသာဖြစ်သည်။
    သူတို့ထဲမှတစ်ခုမှာ ပျားလဘို့အသိုက်ဖြစ်ကာ ထိုထဲတွင်ပင့်ကူလေးအခွံသုံးခါလဲရန်အတွက်ထောက်ပံ့ပေးနိုင်သည့်အထိလုံလောက်သော သွေးပိုးတောင်မာကောင်များရှိသည်။ သို့သော်ဝူရုန်တန်ဖိုးအထားဆူံအရာမှာ တစ္ဆေများယူဆောင်လာသော တစ္ဆေစွမ်းအင်ဖြင့်ဖြစ်တည်လာသောပုံဆောင်ခဲများပင်ဖြစ်သည်။
   ဒဏ္ဍရီလာနှစ်ပေါင်းတစ်ရာသက်တမ်းရှိထောင်စုနှစ်ခြင်ဆီပုံဆောင်ခဲ၊ စွမ်းအင်သန့်စင်မူအလွန်မြင့်မား‌သောအခြေနေမှသာပေါ်ပေါက်နိုင်သောရှားပါးသောရတနာဖြစ်သည့် မဟူရာကျောက်ပုံဆောင်ခဲများဖြစ်ပေသည်။ ဝူရုန်လက်ထဲရှိမီးခိုးနှင့်အဖြူရောင်ရှိသည့်ပုံဆောင်ခဲမှာ ကျောက်စိမ်းကဲ့သို့ချောမွတ်လုံးဝန်း ကာ လက်သည်း ခွံတဝက်စာလောက်သာကြီးပြီး ထုတ်ယူလိုက်သောအခါ အခန်းမှာ အဲကွန်းအားအနိမ့်ဆုံးဖွင့်လိုက်သကဲ့သို့အပူချိန်ချက်ချင်းကျ‌သွားလေသည်။
   မြွေစိမ်းလေးနှင့်ပင့်ကူလေးမှပျော်ရွှင်သောအမူယာပြသရုံသာမက ဝူရုန်ပင်လျှင် တခါတည်းမြိုချလိုက်ချင်နေသည်။ တကယ်တော့တစ္ဆေချီပျံ့နှံ့လာပြီးနောက် ဗီလာအပြင်ဘက်တွက်ရက်ပေါင်းများစွာပုန်းအောင်းနေသော ပိုင်ယင်းကို ဝါးမြိုချင်စိတ်ကိုမရပ်တန့်အောင်လုပ်နေသည်။
    မိုး‌နှင့်မြေ၏နာကျဉ်းချက်များဖြင့်မွေးဖွား‌လာသော ကြောင်ပေါက်‌လေး မှာသန့်စင်သောစွမ်းအင်နှင့်အရာများကိုစားရသည်ကိုနှစ်သတ်လေသည်။ အထူးသဖြင့် အဖွားဝူပျိုးထောင်ခဲ့သောအစိမ်းရောင်စိတ်ဝိဉာဉ်ကူမှာသူအတပ်မက်ဆုံးအစာဖြစ်သည်။ ဒါကလည်း လက်ပါး‌စေ ကြောက်တစ္ဆေများအာူတုန့်ဆိုင်းခြင်းမရှိစွန့်ပစ် ခဲ့ပြီးနောက် မိုင်ထောင်ပေါင်းများစွာ နောက်ယောင် ခံလိုက်ကာနောက်ဆုံးတွင် ဝူရုန်ဘက်သို့ရောက်လာခဲ့ခြင်းဖြစ်သည်။ ဝူရုန်ကိုယ်ပေါ်မှအရှိန်အဝါမှာလွန်စွာထူးခြားနေသဖြင့် နတ်ဆိုးဝိဉာဉ်၏ပင်ကိုယ်သိစိတ်အရရှေ့ဆက်တိူရန်တုန့်ဆုတ်လျက် အတင်းမဝင်ရဲခြင်းဖြစ်သည်။
    လူတွေကကြောင်တွေကအချစ်ဆုံးပဲ။
    ကြောင်ပေါက်အလောင်းထဲဝင်ရောက်စဉ်ကပင် မွေးကင်းစနတ်ဆိုးမှာ ထိုဗဟုသုတကိုရခဲ့သည်။ ဒါကပျောက်ဆုံးနေသောကြောင်ပတစ်ကောင်ဖြစ်သည်။ ကြည့်ကောင်းလွန်းသောပါရှန်ကြောင်ဖြစ်ကာ မချစ်ပဲမနေနိုင်အောင်ချစ်စရာကောင်းများရှိလေသည်။ ပိုင်ရှင်မှာသူ့ကိုလွန်စွာချစ်ကာဘယ်သွားသွားခေါ်သွားသော်လည်း မြောင်ကျန်းသို့ခရီးထွက်စဉ် သဘာဝလွန်တစ္ဆေပြန်လည်ဖြစ်တည်မူနှင့်ကြုံလိုက်သည်။ ပိုင်ရှင်သေဆုံးပြီးနောက် ကြောင်ပေါက်ကြာရှည်စွာအသက်မရှင်နိုင်ခဲ့ပေ။
White persian cat
     ကြောက်ပေါက်လေးမှာလူသာများကမ္ဘာပေါ်တွင်အကောင်းဆုံးအရာများဖြစ်ပြီး သူစားချင်သလိုစားလို့ရသည်ဟုထင်မှတ်ထားသည်။
    သူသည်အရာတိုင်းကိုစားရန်မလိုပေ။ အစိမ်းရောင်စိတ်ဝိဉာဉ်ကူကိုသာ စိတ်ကျေနပ်ရန် စားလိုသည်။ ကြောင်ပေါက်မှာပါးနပ်စွာတွက်ချက်လျက် ဗီလာအပြင်တွင် စိတ်ရှည်စွာဖြင့် ပုန်းအောင်းနေခဲ့သည်။ သူသည်ကောက်ကျစ်စဉ်းလဲသော်လည်ူ အသိဉာဏ်မဲ့စွာဖြင့် ဝူရုန်မှ သူ့ကိုတရားဝင်နည်းလမ်းဖြင့်မွေးစားစေရန်အလို့ငှာအခွင့်ကောင်းကိုစောင့်နေခဲ့သည်။
    သို့သော်အခုဆိုလျှင်နှစ်ရက်ကြာသွားခဲ့ပြီဖြစ်ကာ ကြောင်ပေါက်လေးနှစ်ရက်လုံးဆာလောင်နေခဲ့သည်။ သူမွေးလာစဉ်ကပင်ကြောင်တစ္ဆေများ၏မြတ်နိုးတန်ဖိုးထားမူကိုလက်ခံခဲ့ရပြီး နောက်တွင်တော့ကောလန်မှသူ့အားကျွေးမွေးခဲ့ရာ ယခုလိုမျိုးအခက်ခဲကို သူဘယ်မှာခံစားဖူးမည်နည်း။ ပထမတော့သူခံနိုင်ရည်ရှိသေးသည်။ အခုတော့အိမ်ထဲမှ တစ္ဆေချီအနံ့ရလိုက်သောအခါ သွားရည်ကျတာကို မရပ်တန့်နိုင်တော့ပဲ သူဒီထက်ပိုထိန်းမထားနိုင်တော့ပေ။ ပြေးဝင်ကာ အခုပဲစားလိုက်ချင်တော့သည်။
    ဆာတယ်အရမ်းဆာနေပြီ ဒါပေမယ့်အခုပြေးဝင်သွားရင် ထိုစိတ်ဝင်စားမူမရှိတဲ့လူက သူကိုကျွေးမွေးရန်မလိုလောက်တော့ပေ။
    ကြောင်ပေါက်တုန့်ဆိုင်းနေကာ သူဆာလောင်လွန်းသဖြင့် မှားယွင်းသည်ဟုပင်ခံစားနေရကာမြေပေါ်တွင်ရှေ့နောက်လှိမ့်ကာမြောင်နေတော့သည်။ ပြေးဝင်တော့မည့်အချိန်တွင် မှိန်ဖျော့ဖျော့ အသံတစ်ခုနှင့်အတူ အနက်ကောင်မီးခိုးလုံးတစ်ခုနီးသထက်နီးအောင်ရွေ့လျားလာသည်။
    "တစ္ဆေငါးကောင်မှကြွယ်ဝခြင်းများယူဆောင်လာပါပြီ။ကံကောင်းဖို့အတွက်ကြွယ်ဝခြင်းကရောက်လာပါပြီ………"
     Phew!
    ကြောင်၏ထက်ရှသောခြေသည်းများ‌ပေါ်ထွက်လာပြီး သူ့မျက်ဝန်းများအေးစက်သွားသည်။
3254words
10:47Pm,Mon May 8.
____________
Zawgyi
    "အားဟူ"
    "အကိုကြီး!"
    "ကျွန်တော်…"
    "အမွှေးတိုင်စက္ကူ?"
    "တစ္ဆေငါးကောင်းရဲ့ငွေပို့ဆောင်မူကငွေဆိုငွေကောင်းပေါ်မူတည်တယ်"
    "ဟီးဟီး"
    "ဝု ဝုတ် ဂါး !"
    "အမိုက်။အမိုက်၊အရိုင်းအစိုင်!"
White persian cat
     Phew!
3254words
10:47Pm,Mon May 8.
Continue Reading
You'll Also Like
17.9K 498 26
Levy and Juvia are being ignored by Fairy Tail, ever since the GMG .The only people who pay attention to them are Master Mackarov , Mira, Wendy, Erz...
19.9K 3.2K 34
MM Translation Unicode and Zawgyi are available. Update: 3 parts per week (Tue, thus, sat)
138K 6.8K 56
Story of two long lost childhood friends who reconnect through Instagram.