ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...

By Sheilayoon

69.3K 10.4K 241

Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... More

Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.17- Zhong Gu
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20-Woof Woof Woof!
Ch.20.1-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.26.1-Meow,Meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32-Hiss,hiss hiss,hiss hiss?
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.36.1-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.42.1-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.45.1-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.46.1-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52-Tick tack tick tack
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
Ch.58.1-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch 62 - Jiūjiūjiū, Jiūjiūjiū jiū
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 79- Woof woof woooof?
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?

Ch.21-Woof Woof Woof ?

441 93 1
By Sheilayoon

Unicode

ဝူရုန်တိတ်တဆိတ် ထိုကိုယ်ဝန်ဆောင်လူအုပ်ကြီးကထွက် ခွာချင်သော်လည်း တချို့သော အကြောင်းတရားများကြောင့် ထိုလူအုပ်မှာ သူနောက်အမြဲကပ်ပါနေသည်။ ဝူရုန်သူ့နေရာကိုအကြိမ်များစွာ ပြောင်း‌နေသော်လည်း တအောင့်ကြာသည်နှင့် သူအနား လူပြန်အုံလာမြဲဖြစ်သည်။ သူအနေနှင့်ထိုကိုယ်ဝန်ဆောင်လူအုပ်နှင်အတူရှိရန် မဖြစ်နိုင်ပေ။ ကိုယ်ဝန်ပျက်ခြင်းအကြောင်းများ ဆွေးနွေးနေကြသော ထိုကိုယ်ဝန်ဆောင်အမျိုးသားများနှင့်ရင်ဆိုင်ရသည် မှာ စိတ်ဒုက္ခပေးလှသည်။

အဆုံးမှာတော့ ဖုချင်းကပဲ သူ့အားဆွဲထုတ်သွားပေးခဲ့သည်။

"မင်းမွေးမြူမယ့် တစ္ဆေရိုင်းက သူတို့ထက်သာလွန်ပါတယ်"

ဝူရုန်သည် အနည်းငယ်လူရှင်းသော ကော်ရစ်တာကိုရောက်မှ အသက်ရူချောင်သွားသည်။ ဗိုက်ကြီးများနှင့် ထိုကိုယ်ဆောင်အမျိုးသားများအားရင်ဆိုင်ရခြင်းမှာ ချောက်ကမ်းပါးမှပြုတ်ကျခြင်းထက် ပိုထိတ်လန့်စရာပေ။ဒါကမနှစ်မြို့ခြင်းမဟုတ်ပဲ သုံးဖက်မြင်အမြင်ပြိုပျက်သွားသကဲ့သို့ ထိုသို့သောမြင်ကွင်းမျိုးနှင့်အမျိုးသားတစ်ယောက်အားတွေ့လိုက်ရသည့်အတွက်ထိပ်လန့်ရုံသာ။

"တစ္ဆေသန္ဓေသားက တခြားတစ္ဆေ‌ေတွထက်စာရင် မင်းအပေါ်ပိုပဲ့တင်မူရှိပြီး အလိုအလျောက်တွယ်ကပ်လိမ့်မယ်။ ယင်ချီမရှိတဲ့သူတွေမင်းအနားကပ်ဖို့ ကြိုးစားရင် ကိုယ်ဝန်မတည်ငြိမ်တာတွေဖြစ်လာနိုင်တယ်။ အမျိုးသားကိုယ်ဝန်ဆောင်သည်အများစုက ယန်ချီများပြီးတော့ သတ်မှတ်ချိန်ထက်နောက်ကျမွေးခြင်းလို ပင်ပန်းတာမျိုးကဖြစ်လေ့ဖြစ်ထရှိတယ်"

"ဒါက လျှပ်စီးမက်မွန်သစ်သားဓားလား?"

ဝူရုန် ဖုချင်းလက်ထဲမှခရမ်း‌နီရောင်သစ်သားဓားအားကြည့်လိုက်သည်။ ဓားတွင်ဓားအိမ်မရှိပဲ အဖြူရောင်ပိုးသားလို ပိတ်စနှင့် ပတ်ထားသည်။ အခုလေးတင် ဖုလျင်းဓားထုတ်လိုက်ရုံဖြင့် ထိုလူအုပ်များ ငှက်နှင့်သားရဲများလို့ ချက်ချင်းထွက်သွားကြသည်။ ငါးမီတာအကွာထိရှင်းလင်းသွားကာမည်သူမှအနားမကပ်ရဲတော့ပေ။ ဝူရုန်ပင်လျင် ထိုသစ်သားဓား၏ကြီးကျယ်ခန်းနားမူကိုကြည့်ရင်း စိတ်ထဲထူးဆန်းသလိုခံစားရသည်။

"ဒါက လျှပ်စီး မက်မွန်သစ်သားဓားပါ"

ဖုချင်းသည်ဓားအား အဝတ်နှင့်သပ်ရပ်စွာပြန်ပတ်ပြီးနောက် နောက်ကျောတွင်ပြန်ထားကာပေါ့ပါးစွာ‌ပြောသည် " တစ္တေတွေက သဘာဝအလျောက် မိုးကြိုးလျှပ်စီး ကိုကြောက်တယ်လေ"

သာမန်ပစ္စည်းများနှင့်ယှဉ်လျင် လျှပ်စီးမက်မွန်သစ်သားနှင့် လျှပ်စီးအနီရောင်စွံပလွန်သစ်သားတို့မှာ ပယောဂချွတ်ရာ၌ ပိုအကျိုး‌သက်‌ေရာက်မူများသည်။

ဤကမ္ဘာရှိလူတိုင်းသည် လျှပ်စီးစွံပလွန်သစ်သားမှာ မှော်ပစ္စည်းများတွင်ဘုရင်ဟုပြောကြသော်လည်း အမှန်မဟုတ်။ တိယန်က " တောက်ဖာဟွေ့ယွမ်"တွင် ပြောခဲ့သည် " မက်မွန်သစ်သားထားရဲ့ မာကျောမူကိုသုံးကာ အရှေပိုင်းမှာ ရင်ဆိုင်ပြီး သူ့နောက်ကနေ အနီရောင်စွံပလွန်သစ်သားကမိုးကြိုးကို ဖြိုခွင်းလိမ့်မယ် အာ့လို စွံပလွန်သစ်သားကိုသုံးကြတယ်" အပင်မြင့်များသည် မိုးကြိုးကိုအလွယ်တကူဆွဲဆောင်နိုင်ကာ မက်မွန်ပင်များကပုသောကြောင့် မိုးကြိုးပစ်ခံရခဲသည်။

မက်မွန်ကိုင်းများတွင်မှ အရှေ့ဘက်ရှိကိုင်းမှာ အကောင်းဆုံးပင်။ မိုးကြိုးပစ်ချခံရပြီးသည်နှင့် ထိုသို့သတ်မှတ်လို့ရပြီဖြစ်သည်။ မိုးကြိုးပစ်ချခံရပြီးနောက် အနက်ရောင်ပြောင်းမသွားပဲ အနီရောင်ဖျြောဖျော့သာပြောင်းသွားသည်။ ဒဏ္ဍရီအရ လုန်ဟူတောင်တန်းရှိဖုမိသားစုတွင် မိုးကြိုရိုက်ချက် ၉ချက်ထိပြီးသောမက်မွန်သစ်သားဓားအားရတနာအဖြစ်ထိန်းသိမ်းထားသည်ဟု ဆိုသည်။ ထိုဓားသည် ကြီးမြတ်သောဆရာသခင်ဖုချန်ထားခဲ့သော ဂိုဏ်းရတနာဖြစ်ပြီး ကြက်သွေးရောင်အဆင်းရှိကာ လက်ထဲကိုင်ထားရုံနှင့် လေနှင့်မိုးကြိုးသံများကြားရလေသည်။

တစ္ဆေများမှာ မိုးကြိုးကိုကြောက်သည့်အတွက် မိုးကြိုးမုန်တိုင်းနှင့်တွေ့လျှင်တစ္ဆေမွေးသူတို့၏တိုက်ခိုက်စွမ်းမှာထိုးကျသွားပေသည်။ ဝူရုန်သည် မဟော်ဂနီရောင်လျှပ်စီးဓားအား ကိုင်ကြည့်ချင်သည်။ နည်သို့ပင်ဆိုစေ ဝူရုန်သည် သူ့ဘယ်လက်ထဲမှာတစ္ဆေကြီးက မိုးကြိုးများအားလက်ဗလာနှင့်ပင်တားဆီးနိုင်သည်ကိုသိသေးသည်။ တစ္ဆေကြီးကမိုကြိုးများအားကျော်လွှားနိုင်လျှင်သူသည်လည်းမိုးကြိုးအားကြောက်စရာမလိုတော့ပေ။ ဒါကပဲသာမန်လူတွေထက်သာလွန်သောအကျိုးမြတ်ပင်။

ဝူရုန်ဘာမှမပြောသော်လည်း ဖုချင်းကသူ့၏မသိသာသောလူပ်ရှားမူကိုပင်သတိပြုမိကာ ဓားအားနောက်ကျောသို့ပြန်ထားလိုက်ကာ " မင်းကတစ္ဆေမွေးကာစပဲရှိသေးတာမို့မတည်ငြိမ်သေးဘူး မဆင်မခြင်မလုပ်နဲ့"

ဝူရုန်သည်ဖုချင်းအား တွေးတွေးတောတောနှင့်စိုက်ကြည့်လိုက်သည်။

သူတောင်မှအပြင်ကနေ အတွင်းကတစ္ဆေကြီးရဲ့ပုံမှန်မဟုတ်မူကို မစစ်ဆေးနိုင်ဘူးပဲ။

ကြည့်ရတာတစ္ဆေကြီး၏ ပုန်းရှောင်နိုင်သောအစွမ်းမှာ ဝူရုန်ထင်တာထက်သာလွန်ပုံရသည်။

"သူတို့မင်းကိုခေါ်နေပြီသွားရအောင်"

ဝူရုန်နှင်ဖုချင်းအတူတကွ ‌ဝင်သွားကား သူတတို့အားကြင်နာတက်သောမျက်နှာထားနှင်ဆရာဝန်ကြီးတစ်ယောက်မှဆွေးနွေးပေးသည်။ သူသည်သူနာပြုဆီမှ ဆေးမှတ်တမ်းအားယူကြည့်ကာအကြိမ်များစွာဖတ်ပြီးနောက် ဝူရုန်နှင့်ဖုချင်းအား ကြင်နာစွာပြောသည်

" ဘယ်အချိန်ကစသိတာလဲ?"

ဘယ်အချိန်တည်းကပါလိမ့်?

ဝူရုန်တုံ့ဆိုင်းပြီးနောက် " လွန်ခဲ့သောတစ်ပတ်လောက်က"

"တခြားလက္ခဏာတွေရှိသေးလား? မအီမသာဖြစ်တာ ပျို့အန်ချင်တာနဲ့ ထူးထူးခြားခြားအစားအစာတွေကိုစားချင်တာမျိုး?"

"တထူးတလှယ်အစားအစာပေါ်စားခြင်းတာမျိုးတော့ရှိတယ်"

တစ္ဆေတွေအပေါ်စားချင်စိတ်ဖြစ်တာကို အထူးတလှယ်အစားစားချင်စိတ်အဖြစ်သတ်မှတ်လို့ရတယ်။ ဒါ့အပြင်တစ္ဆေကြီးမှာအလွန်တည်ငြိမ်ကာ မြောင်ဂူထဲရှိစဉ်သွေးသောက်ပြီးချိန်ကလွဲရင် တခြားလူပ်ရှားမူမျိုးမရှိပေ။ မထင်ထားတာက လေးခုမြှောက်ဆေးရုံက ဒါကိုစစ်ဆေးမိတာပဲ။ ဝူရုန်လေးစားသွားကာ ‌ရဲဝန်ထမ်းများအားအထင်သေးမိသည်ဟုခံစားမိသွားသည်။ သူရှေ့မှကြင်နာတက်သောနှလုံးသားနှင့်‌ဆရာဝန်မှာချက်ချင်းပင်မယုံနိုင်အောင်ဖြစ်သွားသည်။

"ဆရာ မင်းကျန်းမာရေးကအရမ်းကောင်းတာပဲ"

"ကျေးဇူး"

ဆရာဝန်ကြီးမှာ ဝူရုန်နှင်ဖုချင်းအား လေးလေးနက်နက်ကြည့်ကာ "ကောင်းကင်သခင်နဲ့ တစ္ဆေတွေကြားမှာ ပဋိပက္ခတွေ ကြီးမားတယ်လိုဆိုပေမယ့် ငါ့အထင်ပြောရရင် မင်းတို့နှစ်ယောက်က တစ်ယောက်နှင်တယောင်ဖြည့်ဆည်းပေးနိုင်ပြီး နှစ်တစ်ထောင်ကြာသည်အထိကောင်းမွန်တဲ့ လက်တွဲဖော်ဖြစ်မယ်လို့‌ထင်တယ်"

ဝူရုန် : ?

"စိတ်မပူပါနဲ့ တစ္ဆေကလေးလေးက တအားကျန်းမာပါတယ်။ ဝဝတုတ်တုတ်တစ္ဆေ‌လေးတစ်ယောက်ရလာလို့ ဂုဏ်ယူပါတယ်"

ဝူရုန် : ? ?

"ဆေးမှတ်တမ်းအမှားကြီးယူလာတာပဲ"

ဖုချင်းကအရင်ဆုံးတုန့်ပြန်လာသည်။ ဝူရုန်ချက်ချင်းပင်သူ့ဘယ်လက်မှ ပတ်တီးအားဆွဲဖယ်၍ တစ္ဆေပုံစံကွက်အား ဖော်ပြကာခြောက်ကပ်စွာပြောသည် : " ကျွန်တော်က ဒီကိုတစ္ဆေအမှတ်သားလာစစ်ဆေးတာပါ"

ဆရာဝန်ကြီးမှာ ရူပ်ထွေးသွားကာ သူ့ဘေူမှသူနာပြုအား အလိုလျောက်ကြည့်မိသွားသည်။ တချိန်မှာပင်အနည်းငယ် စိတ်ပျက်ကာ ရစ်‌ေနသောအမျိုးသားတစ်ဦး၏ အသံရုတ်တရက်တံခါးအပြင်မှထွက်လာသည် " ကိုယ်ဝန်မရှိဘူး ? မဖြစ်နိုင်တာ ? အမွှေးနံ့သာပြာတစ်အိုးနေ့တိုင်းစား‌တာတောင်ဘာလို့ကိုယ်ဝန်မရတာပဲ တစ္ဆေအမှတ်သားကပေါ်လာရတာလဲ? အကယ်၍ ဒီလောင်ဇီကသား တစ္ဆေအမှတ်သားရှိနိုင်တယ်ဆို ငါကိုယ်ဝန်ဆောင်လက္ခဏာတွေ ခံစားရစရာမလိုဘူး"

ဝူရုန်၊ဖုချင်း နှင်ဆရာဝန်ကြီး : ...

သူနာပြုလေးမှာရှက်ရွံသွားကာအပြင်ကိုပြေးထွက်သွားပြီးထိုကိစ္စကို ဖြေရှင်းပေးသည်။ သူမပြန်လာသောအခါ အသံတိုးလေးဖြင့်တောင်းပန်သည် " ကျွန်မဆေးမှတ်တမ်းအမှားကြီးယူလာမိတာအမှန်ပါ။ ဟိုဘက်က ကလေးကဆေးမှတ်တမ်းနေရာကို လွဲပြီး ပြောင်းလိုက်လို့ပါ။ ဒါ့အပြင်ကောင်းကင်သခင်နဲ့ တ‌စ္ဆေမွေး သူ ပေါင်းစပ်မူမျိုး ရှားပါးတဲ့ အတွဲပဲ။ ကျွန်မတောင်းပန်ပါတယ်"

အခန်းထဲကို့ရိုးကားရားနိုင်စွာတိတ်ဆိတ်သွားသည်။ ဆရာဝန်ကြီးက သူနာပြုအားစကားအနည်းပြောရင်ဆုံးမလိုက်သည်။ ဝူရုန်မှသူနာပြုအားအာရုံမစိုက်သည်ကိုတွေ့မှ သူမအားအပြင်သို့ မောင်းထုတ်ပြီး ချောင်းနှစ်ကြိမ်ခန့်ဆိုး၍ ဆေးမှတ်တမ်းအားဖတ်လေသည်။

ခဏအကြာသူခေါင်းမော့လာကာ သူမျက်နှာသွင်ပြင်မှာလေးနက်လာသည်။

" တစ္ဆေအမှတ်သားက တကယ်တည်ငြိမ်ပြီး ဒါကတစ္ဆေရိုင်းဆိုတာလည်း အမှန်ပဲ"

"ဒါပေမယ့် ကံမကောင်းတာပဲ မစ္စတာဝူရုန် မင်းရဲ့တစ္ဆေကရှားပါးတယ် ။ သူတို့ကဒုက္ခိတ တစ္ဆေအမျိုးအစား ဖြစ်ပြီး အသက်ကြီးခြင်း၊ အားနည်းခြင်း နာမကျန်းဖြစ်ခြင်းနှင့်မလူပ်မရှားနိုင်တဲ့အထဲပါဝင်တယ်။သူတို့ကအရမ်းအားနည်းတယ် တစ္ဆေအဆင့်တန်းအချက်လတ်ကိုကြည့်"

ဆရာဝန်ကြီးသည်အညွှန်းဘားလေးအားထောက်ပြသည်။ " သာမန်အိမ်မွေးတိရိစ္ဆာန်များရဲ့အဆင့်သတ်မှတ်ချက်က Cဖြစ်ပြီး တစ္ဆေရိုင်းတွေရဲ့ ယေဘုယျသတ်မှတ်ချက်အဆင့်ကတော့ B ဖြစ်တယ်။ အဲ့ထက်အ‌အောက်ကျရင်တစ္ဆေစွမ်းအားတအားနည်းတာမို့အလွယ်တကူ ပျောက်ကွယ်နိုင်တယ်။ သူတို့ရဲ့ပျောက်ကွယ်မူကို တိုက်ခိုင်နူန်းကအရှိန်မြှင့်ပေးတယ်။ မင်းပျိုးထောင်မယ့် တစ္ဆေကတစ္ဆေစွမ်းအင်အဆင့်D ရှိပြီး ဒါတောင်တစ္ဆေရိုင်းဖြစ်လို့ပဲ အာ့လိုမှမဟုတ်ရင် သတ်မှတ်ချက်ကဒီထက်နိမ့်မယ်"

"အဲ့တာက အရင်စပြီးမင်းနဲ့သွေးကတိလုပ်ခဲ့တယ်လို့ပြောခဲ့တယ် ဟုတ်တယ်မလား?"

"ဟုတ်ပါတယ်"

" မအံ့ဩတော့ပါဘူး"

ဆရာဝန်မှာနောင်တရဟန်ခေါင်းခါလိုက်ကာသနားသောအကြည့်ဖြင့် " ပျောက်ကွယ်ခါနီးတစ္ဆေတစ်ကောင်ကို ယင်ချီကတောင် သူခန္ဓာကိုယ်ကို ထိန်းမထားနိုင်ဘူး ။ သွေးကပဲ ကမ္ဘာကြီးနှင့်ဆက်သွယ်နိုင်ဖို့ခွန်အားပေးနိုင်တယ်။ ဒါပေမယ့် ဒီလိုတစ္ဆေမျိုးက သွေးဆာတဲ့မကောင်းဆိုးဝါးလိုမကြာမီဆုတ်ယုတ်သွားနိုင်ပြီး အဲတာကိုဆုံးရူံးသွားနိုင်တယ်။သဘာဝကျကျပဲလေ လေ့ကျင့်ပေးဖို့ကမဖြစ်နိုင်ဘူး။ အရမ်းအန္တရယ်များတယ်။ မူလပိုင်ရှင်ကိုထိခိုက်နိုင်ခြေအရမ်းများတယ်"

"ဒါပေမယ့် မင်းရဲ့တစ္ဆေ သူရဲ့တစ္ဆေချီကအရမ်းအားနည်း တယ်။ တစ္ဆေတွေနဲ့ယှဉ်ရင် ယင်ချီအပေါ်အာရုံစိုက်ထားတဲ့ လူသားဝိဉာဉ်နှင့်ပို့တူတယ်။ ငါ့ဘဝမှာ တွေ့ဖူးသမျှထဲမှာတော့အနိမ့်ဆုံးပဲ။ ငါဒါကို ဒီမှာပဲအကဲဖြတ်မသိမှတ်ပြုကဒ်ထုတ်ပေးလို့ရတယ် ဒါပေမယ့် မင်းခန္ဓာကိုယ်တွက်ပဲဖြစ်ဖြစ် ထောင့်ပေါင်းစုံကပဲဖြစ်ဖြစ် မင်းပြည်သူ့ လုံခြုံရေးကိုတင်ပြချက် မပို့ဖို့အကြံပေးချင်တယ်"

ဆရာဝန်ကအလေးအနက်ဖြင့် " ငါမြို့တော်ရဲဌာနမှာ အချိန်တစ်ခုထိနေခဲ့တယ်။ အဲ့နေရာက လေ့ကျင့်ရေးတွေကကျန်းမာတဲ့တစ္ဆေတွေ‌အပေါ်ရည်ရွယ်ထားပြီးအရမ်းလည်းခက်ခဲတယ်။ ရဲတွေရဲ့လေ့ကျင့်ရေးနည်းလမ်းတွေကိုသုံခြင်းက လိုအပ်တဲ့အကျိုးဆက်ရဲ့ ဆန့်ကျင်ဘက်တွေကိုရလာနိုင်တယ်။ မင်းတစ္ဆေကိုမသတ်ချင်ရင် ဖြည်းဖြည်းချင်းနလန်ထူပြီး ပြန်သက်သာအောင်လုပ်သင့်တယ်။ သူတစ္ဆေစွမ်းအင်ပြန်ရပြီး သူ့ဝိဉာဉ်ခန္ဓာကိုယ်တည်ငြိမ်အောင်လုပ်နိုင်မလားအရင်ကြည့်ရအောင်"

ဒီသတင်းမှာလူအများစုအတွက် လုံးဝမထင်မှတ်ထားသောအခြေနေအဖြစ်အမှန်တကယ်ကြီးဖြစ်လာသည်။ နောက်ဆုံးတွင်တစ္ဆေတစ်ကောင်ရလာသည့်တိုင် ထိုတစ္ဆေကဒုက္ခိတဖြစ်နေခြင်းက ဘယ်သူမှလက်မခံလိုပေ။ ဆရာဝန်ကြီးမှာဝူရုန်နှင့်ဖုချင်းအတွက်စဉ်းစားပေးကာ အချိန်ပေး‌ထားလေသည်။ ဝူရုန်မျက်‌မှောင်ကြုတ်လျက် သူ့တစ္ဆေအချက်လတ်အား နောက်တစ်ကြိမ်ဂရုတစိုက်ဖတ်လေသည်။

တစ္ဆေကြီးကအားနည်းတယ်?

ဝူရုန်သူမျက်လုံးအားပိုယုံသော်လည်း အချက်လတ်မှာမမှားနိုင်ပေ။ သာမန်တစ္တေတကောင်၏စွမ်းရည်နှင့် တစ္ဆေချီမှာတိုက်ရိုက်အချိုးကျသည်။

တစ္ဆေတစ်ကောင်ကအရမ်းအားနည်းနေစဉ်မှာပဲ အလွန်အစွမ်းထက်နေတာဖြစ်နိုင်မလား?

ဝူရုန်သည် ထိုသူခန္ဓာကိုယ်မှာအချက်ပေါင်းတစ်ထောင်ဖြတ်တောက်ခံရကာသေဆုံးသွားသကဲ့သို့သွေးများဖုံးလွှမ်းနေပြီး မျက်နှာပေါ်ရှိအစိတ်အပိုင်းများကိုလည်း ဂွှေအပ်ရွှေချည်များဖြင့် ချိတ်ပိတ်ခံထားရ‌၍ မျက်ခုံးများပင်တင်းကြပ်နေအောင်ပိတ်ခံထားရမှန်းသတိရမိသည်။ ရဲဌာနသို့သွားခြင်းမသွားခြင်းမှာအရေးမပါ။ သူ့စိတ်နှလုံးထဲမီဝူရုန်သည် ထိုသို့တရားဝင်ဖြစ်လွန်း‌ေသာအဖွဲ့အစည်းမျိုးတွင်မပါဝင်ချင်‌ေပ။သူ့တွင်လျှို့ဝှက်ချက်ရှိနေကာ အဖွဲ့ထဲဝင်ခြင်းသည်အချိန်တိုင်းမရေမတွက်နိုင်သောမျက်လုံးအစုံတို့၏ စောင့်ကြည့်ခြင်းခံနေရသည်နှင့်တူသည်။ အပြင်ဘက်တွက်လွတ်လွတ်လပ်လပ်နေသည်ကပိုကောင်းသည်။

ဆရာဝန်ကြီးမှာ ဖောင်နှစ်ခုထားခဲ့ပြီး တစ်ခုမှာတစ္ဆေထိန်းအဖြစ်စာရင်းသွင်းရန်နှင့်ဘတစ်ခုမှာ အလွတ်တန်းအနေဖြင့် စာရင်းသွင်းရန်ဖြစ်သည်။

အလွတ်တန်းသမားများဟုခေါ်သော်လည်း အဖွဲ့ထဲရှိလူများတွင်တူညီသောစွမ်းရည်ရှိကြသည်။ သူတို့တစ္ဆေတွေသည်အလွန်အားနည်းနေခြင်းနှင့် အရည်သွေးမမှီခြင်း သို့မဟုတ် ရဲဌာန၏စည်းအတွင်မနေလိုခြင်းပင်။ ထိုသူများသည်မဟာမိတ်အဖြစ်စုစည်းရန်လိုအပ်ကာထိုနောက်တွင်တော့အလွတ်တန်းအစည်းအရုံးဖြစ်လာခဲ့သည်။

တစ္ဆေထိန်းဗျူရို‌အားဝင်ရောက်ခြင်းလောက်အကျိုးမများသော်လည်း ဆယ်စုနှစ်များစွာကြာပြီးနောက် ထိုအဖွဲ့သည်လည်း ကြီးမားကာရင့်သန်လာသည်။

ဝူရုန်နောက်ဆုံးတွင်စတင်ရေးသားကာအလွတ်တန်းအဖြစ်စာရင်းသွင်းလေသည်။ ဝူရုန်တယောက်အကြာကြီးတွေးတောကာတုန့်ဆိုင်းနေခြင်းကြောင့်ဖြစ်နိုင်သည်။ တချိန်လုံးတိတ်နေခဲ့သော ဖုချင်းရုတ်တရက်စကားစပြောသည်။

" အထူးလေ့ကျင့်ရေးတွေကိုသွားချင်တာလား?"

သူ့အသံမှာလုံးဝကျိန်းသေနေသည့်ပုံပေါ်သဖြင့်ဝူရုန်ပထမတော့သူကိုယ်သူမေးနေသည်ကိုသတိမထားမိပေ။ ဖုချင်းဘာပြောသလဲကြားရသောအခါမှ သူသည်အထူးလေ့ကျင့်ရေးသတိရသွားသည်။ ကျိုးရွမ်းကအခွင့်ရရန်ကူညီခဲ့သည်။ သို့သော်သူ၏လက်ရှိအခြေနေအရရှောင်လိုက်တာပိုကောင်းမယ်ဟုတွေးလိုက်သည်။

"ဟုတ်တယ်"

အထူးလေ့ကျင့်ရေးမှဆုလာဒ်များကအလွန်အဖိုးတန်သည်။ နောက်ဆူံအကြိမမတုန်းက "ဇီးသစ်ခွဝါးသန့်စင်အမြစ်မဲ့ရေ"ဖြစ်ခဲ့ခြင်းကြောင့် ဒီတစ်ချိန်တွယ်ဘာဖြစ်နိုင်မှန်းသူမသိပေ။ အကယ်၍ ဒြပ်စင်ငါးမျိုးထဲမှတစ်ခုသာဆို ကူဥဖောက်ရန်နှောက်တဆင့်တက်လှမ်းဖို့နီးကပ်သွားပေမယ်။

ထိုအကြောင်းကိုတွေးမိပြီးနောက်ဝူရုန်အနည်းငယ်နောင်တရသွားသည်။ ဘယ်လိုပဲဖြစ်ဖြစ်သူသည် ကျုံးကူ၊ချင်းလင်းကူ၊ပင့်ကူလေးအပြင် အားနည်းကာစောင့်ရှောက်ရန်လိုအပ်သောတစ္ဆေကြီးကိုပါမွေးမြူရတော့မည်။ ဒီမိသားစုမချမ်းသာသည့်အပြကမအခြေနေမှာသာ၍ဆိုးရွားနေသေးသည်။

ဒါကလည်းအလွတ်တန်းကိုရွေးလိုက်သည့်ဝူရုနါ၏အကြောင်းပြချက်တွေထဲမှတစ်ခုဖြစ်သည်။

စာရင်းဝင်တစ္ဆေမွေးသူဖြစ်ရန်အတွက်သဘာဝကျစွာပင် စည်မျဉ်းစည်းကမ်းများနှင့်ချုပ်နှောင်ခံထားရမည်။ အထူးသဖြင့်ပြည်သူ့လုံခြုံရေးဗျူရိုသို့ဝင်သောအခါ အတွေးအမြင်နှင့်ကိုယ်ကျင့်တရားသင်တန်းမှစတင်ကာ ဒါကပဲသေဆုံးခြင်းလစာနှင့် ခိုင်မာသောအလုပ်နှင့်ညီမျှပေသည်။ သို့သော်အလွတ်တန်းများအတွက်ရွေးချယ်စရာအခွင့်ရေးပိုများသည်။ သူတို့သည် တစ္ဆေအမဲလိုက်သူအဖြစ်စာရင်းသွင်းကာ ဖိုရပ်ပေါ်မှအမျိုးမျိုးသောတာဝန်များက်ုလက်ခံနိုင်သည်။ သူတို့၏လွတ်လပ်ခွင့်ကအလွန်မြင့်မားသည်။

သူမျက်နှာသွင်ပြင်ကိုဘေးတွင်ထိုင်နေသောဖုချင်ကသတိထားမိသည်။ ဖောင်ကို‌ဖြည့်ပြီးနောက်သူတို့နှစ်ယောက် ထွက်လာခဲ့သည်။ ထိုအချိန်တွင်အခုလေးတင်ဆေးမှတ်တမ်းလွဲခဲသောစုံတွဲလေးနဲ့ဆုံမိသည်။ ဒါကရှားပါးသော အမျိုးသမီးကောင်းကင်သခင်နှင့် အမျိုးသားတစ္ဆေ‌မွေး အတွဲပင်။ ကြည့်ကောင်းသောတ‌စ္ဆေမွေးသူမှာဝူရုန်အားတွေ့သောအခါ ရင်းနှီဖော်ရွေသောအပြုံးဖြင့်" သူငယ်ချင်းရေ ဒါကတကယ့်ကို ကံကြမ္မာလို့ခေါ်လို့ရတယ်"

"စီနီယာဖုကို နူတ်ဆက်ပါတယ်"

အမျိုးသမီးကောင်းကင်သခင်မှာသူတို့ကိုမြင်သောအခါ ကြောင်အသွားပြီးနောက် ဖုချင်းအားလေးစားစွာဂါရဝပြု‌သည်။ သူမသည်ဖုချင်းထက် အသက်အနည်းငယ်ပိုကြီးသော်လည်း ဂျူနီယာတစ်ယောက်လိုသာပြုမူသည်။ ဖုချင်သည်ဘေးဘက်သို့ထွက်ကာထူမခြားနားဟန်ဖြင့် ဝူရုန်နှင့်ထွက်သွားသည်။ သူပုံရိပ်လုံးဝပျောက်ကွယ်သွားမှသာအမျိုးသမီးကောင်းခင်သခင် ကိုယ်ကိုပြန်ဖတ်ကာ သူမနှဖူး၌ချွေးအေးတချို့ရှိနေကာ သူမပုံစံမှာအလွန်ရူပ်ထွေးနေသည်။

"ဟန်နီ အဲ့တာဘယ်သူလဲ ဘာလို့ကိုယ့်ကိုဆွဲထားတာလဲ?"

ထိုသူမှာဖုချင်း၏မာနကြီးသောအပြုအမူအားမကျေမနပ်ဖြစ်ကာ "ဒါကမင်းပြောတဲ့ လေထီးစစ်သည်လား?"

"တိတ်တိတ်နေအဲ့တာစီနီယာဖုချင်းပဲ!"

အမျိုးသမီးကောင်းကင်သခင်တွင်အားကျမူရော လေးစားမူပါရှိနေကာအနည်းငယ်ကြောက်ရွံနေသဖြင့် " ဒီမတိုင်ခင် သူကောင်းကင်သခင်စာမေးပွဲကျေယ်ဖြတ်ပြီးအဆင့်ကိုးထိရောက်ခဲ့တာတောင် ဦးလေးက သူ့ကိုဘာကြောင့်အရမ်းသဘောကျလဲနားမလည်ခဲ့ဘူး။ နောက်တော့ကိုယ့်ဘာသာအသိဉာဏ်မဲ့တယ်ဆိုတာ သတိပြုမိသွားပြီ။ ကမ္ဘာပေါ်မှာ ဒီလိုပါရမီရှင်မျိုးအစတည်းရှိနေခဲ့တာ"

"တစ်ခုတည်းပဲ"

ဘယ်လိုတွေးရမှန်းတောင်မသိတော့ဘူး။ အမျိုးသမီးကောင်းကင်သခင်သည်သိမ့်သိမ့်တုန်နေသည်။သူ့မျက်လုံး များကပိူထိတ်လန့်နေသည် စိတ်ပိုင်းဆိုင်ရာအရိပ်ဆိုးတစ်ခုခုရှိနေသလိုသူမသည်ဖုချင်းထွက်သွားသည့်ဘက်သို့ပင်မကြည့်ရဲ။ သူ့လူအားဆွဲကာထိတ်လန့်မူဖြင့်" ငါနောက်မှသူ့ကိုသွားတွေ့လိုက်မယ် သူ့ကိုရန်မစမိစေနဲ့ နားလည်လား?"

"အချစ်ရေ ... မင်းဘာလို့ကြောက်နေတာလဲ?"

"သူတစ္ဆေတစ်ကောင်ကို သတ်တာမြင်ဖူးသူတိုင်းကြောက်မိမှပဲ"

အမျိုးသမီးမှာကြောက်စိတ်မပြေပဲမျက်နှာများဖြူဖျော့နေကာ "အဲ့တာကမ္ဘာပေါ်ကငရဲပဲ သွေးသံရဲရဲ့နှင့်ကြောက်စရာအရမ်းကောင်းတယ်။ သူကစိတ်ခံစားချက်မရှိသတ်ဖြတ်ဖို့ပဲသိတဲ့တစ္ဆေလိုလူမျိုးပဲ"

"အိုကေ အိုကေ ဘေဘီကိုယ်ထပ်မမေးတော့ဘူးနော်"

သူမ၏ဖြူဖျော့သောမျက်နှာကိုငေးကာ အမျိုးသားမှာသူမအားနှစ်သိမ့်လိုက်သည်။" ဒါကအရမ်းချဲ့ကားလွန်းနေစရာမလိုဘူး။ ကိုယ်အထင်သူ သူငယ်ချင်းနှင့်အတူလာပုံရတယ်။ သူတို့နှစ်ဦး ဆက်ဆံရေးကတော့ကောင်ူပုံရပါတယ်"

"‌ဒါကျွန်မပထမဆုံးအကြိမ် စီနီယာဖုလူတွေနဲ့နီးနီးကပ်ကပ်နေတာမြင်ဖူးတာပဲ"

အမျိုးသမီးမှာရူပ်ထွေးနေပြီး သူမနူတ်ခမ်းများတွန့်ကွေးကာ အသံနိမ့်နိမ့်ဖြင့် "ဆရာသခင်တွေကစလို့ အသစ်မြှောက်ထားတဲ့တာအိုလေးတွေထိ တစ်ယောက်မှသူနှင့်ကံမစပ်ဘူး။ သူကအထူးသဖြင့်တခြားသူနှင့် ရုပ်ပိုင်းဆိုင်ရာထိတွေ့မူမျိုးကိုမုန်းတယ်။ နောက်ဆုံးတစ်ခေါက်တစုံတယောက်က စီနီယာဖုပုခုံးကို ထိဖို့ကြိုးစားလိုက်တာ ရလာဒ်အနေနဲ့ ပစ်ထုတ်ခံရပြီး နံရိုးနှစ်ကြောင်းကျိုးသွားတယ်လေ"

"သူက ကျွန်မတို့ကို ဘာမဟုတ်တဲ့အရာတွေလို ကြည့်တဲ့အကြည့်ကအရမ်းထိတ်လန့်စရာပဲ"

3345words

9:18Pm,Sat Apr 1,2023.


Zawgyi

ဝူ႐ုန္တိတ္တဆိတ္ ထိုကိုယ္ဝန္ေဆာင္လူအုပ္ႀကီးကထြက္ ခြာခ်င္ေသာ္လည္း တခ်ိဳ႕ေသာ အေၾကာင္းတရားမ်ားေၾကာင့္ ထိုလူအုပ္မွာ သူေနာက္အျမဲကပ္ပါေနသည္။ ဝူ႐ုန္သူ႔ေနရာကိုအႀကိမ္မ်ားစြာ ေျပာင္း‌ေနေသာ္လည္း တေအာင့္ၾကာသည္ႏွင့္ သူအနား လူျပန္အုံလာျမဲျဖစ္သည္။ သူအေနႏွင့္ထိုကိုယ္ဝန္ေဆာင္လူအုပ္ႏွင္အတူရွိရန္ မျဖစ္နိုင္ေပ။ ကိုယ္ဝန္ပ်က္ျခင္းအေၾကာင္းမ်ား ေဆြးေႏြးေနၾကေသာ ထိုကိုယ္ဝန္ေဆာင္အမ်ိဳးသားမ်ားႏွင့္ရင္ဆိုင္ရသည္ မွာ စိတ္ဒုကၡေပးလွသည္။

အဆုံးမွာေတာ့ ဖုခ်င္းကပဲ သူ႔အားဆြဲထုတ္သြားေပးခဲ့သည္။

"မင္းေမြးျမဴမယ့္ တေစၧရိုင္းက သူတို႔ထက္သာလြန္ပါတယ္"

ဝူ႐ုန္သည္ အနည္းငယ္လူရွင္းေသာ ေကာ္ရစ္တာကိုေရာက္မွ အသက္႐ူေခ်ာင္သြားသည္။ ဗိုက္ႀကီးမ်ားႏွင့္ ထိုကိုယ္ေဆာင္အမ်ိဳးသားမ်ားအားရင္ဆိုင္ရျခင္းမွာ ေခ်ာက္ကမ္းပါးမွျပဳတ္က်ျခင္းထက္ ပိုထိတ္လန႔္စရာေပ။ဒါကမႏွစ္ၿမိဳ႕ျခင္းမဟုတ္ပဲ သုံးဖက္ျမင္အျမင္ၿပိဳပ်က္သြားသကဲ့သို႔ ထိုသို႔ေသာျမင္ကြင္းမ်ိဳးႏွင့္အမ်ိဳးသားတစ္ေယာက္အားေတြ႕လိုက္ရသည့္အတြက္ထိပ္လန႔္႐ုံသာ။

"တေစၧသေႏၶသားက တျခားတေစၧ‌ေတြထက္စာရင္ မင္းအေပၚပိုပဲ့တင္မူရွိၿပီး အလိုအေလ်ာက္တြယ္ကပ္လိမ့္မယ္။ ယင္ခ်ီမရွိတဲ့သူေတြမင္းအနားကပ္ဖို႔ ႀကိဳးစားရင္ ကိုယ္ဝန္မတည္ၿငိမ္တာေတြျဖစ္လာနိုင္တယ္။ အမ်ိဳးသားကိုယ္ဝန္ေဆာင္သည္အမ်ားစုက ယန္ခ်ီမ်ားၿပီးေတာ့ သတ္မွတ္ခ်ိန္ထက္ေနာက္က်ေမြးျခင္းလို ပင္ပန္းတာမ်ိဳးကျဖစ္ေလ့ျဖစ္ထရွိတယ္"

"ဒါက လၽွပ္စီးမက္မြန္သစ္သားဓားလား?"

ဝူ႐ုန္ ဖုခ်င္းလက္ထဲမွခရမ္း‌နီေရာင္သစ္သားဓားအားၾကည့္လိုက္သည္။ ဓားတြင္ဓားအိမ္မရွိပဲ အျဖဴေရာင္ပိုးသားလို ပိတ္စႏွင့္ ပတ္ထားသည္။ အခုေလးတင္ ဖုလ်င္းဓားထုတ္လိုက္႐ုံျဖင့္ ထိုလူအုပ္မ်ား ငွက္ႏွင့္သားရဲမ်ားလို႔ ခ်က္ခ်င္းထြက္သြားၾကသည္။ ငါးမီတာအကြာထိရွင္းလင္းသြားကာမည္သူမွအနားမကပ္ရဲေတာ့ေပ။ ဝူ႐ုန္ပင္လ်င္ ထိုသစ္သားဓား၏ႀကီးက်ယ္ခန္းနားမူကိုၾကည့္ရင္း စိတ္ထဲထူးဆန္းသလိုခံစားရသည္။

"ဒါက လၽွပ္စီး မက္မြန္သစ္သားဓားပါ"

ဖုခ်င္းသည္ဓားအား အဝတ္ႏွင့္သပ္ရပ္စြာျပန္ပတ္ၿပီးေနာက္ ေနာက္ေက်ာတြင္ျပန္ထားကာေပါ့ပါးစြာ‌ေျပာသည္ " တေစၲေတြက သဘာဝအေလ်ာက္ မိုးႀကိဳးလၽွပ္စီး ကိုေၾကာက္တယ္ေလ"

သာမန္ပစၥည္းမ်ားႏွင့္ယွဥ္လ်င္ လၽွပ္စီးမက္မြန္သစ္သားႏွင့္ လၽွပ္စီးအနီေရာင္စြံပလြန္သစ္သားတို႔မွာ ပေယာဂခၽြတ္ရာ၌ ပိုအက်ိဳး‌သက္‌ေရာက္မူမ်ားသည္။

ဤကမၻာရွိလူတိုင္းသည္ လၽွပ္စီးစြံပလြန္သစ္သားမွာ ေမွာ္ပစၥည္းမ်ားတြင္ဘုရင္ဟုေျပာၾကေသာ္လည္း အမွန္မဟုတ္။ တိယန္က " ေတာက္ဖာေဟြ႕ယြမ္"တြင္ ေျပာခဲ့သည္ " မက္မြန္သစ္သားထားရဲ့ မာေက်ာမူကိုသုံးကာ အေရွပိုင္းမွာ ရင္ဆိုင္ၿပီး သူ႔ေနာက္ကေန အနီေရာင္စြံပလြန္သစ္သားကမိုးႀကိဳးကို ၿဖိဳခြင္းလိမ့္မယ္ အာ့လို စြံပလြန္သစ္သားကိုသုံးၾကတယ္" အပင္ျမင့္မ်ားသည္ မိုးႀကိဳးကိုအလြယ္တကူဆြဲေဆာင္နိုင္ကာ မက္မြန္ပင္မ်ားကပုေသာေၾကာင့္ မိုးႀကိဳးပစ္ခံရခဲသည္။

မက္မြန္ကိုင္းမ်ားတြင္မွ အေရွ႕ဘက္ရွိကိုင္းမွာ အေကာင္းဆုံးပင္။ မိုးႀကိဳးပစ္ခ်ခံရၿပီးသည္ႏွင့္ ထိုသို႔သတ္မွတ္လို႔ရၿပီျဖစ္သည္။ မိုးႀကိဳးပစ္ခ်ခံရၿပီးေနာက္ အနက္ေရာင္ေျပာင္းမသြားပဲ အနီေရာင္ေဖ်ျာေဖ်ာ့သာေျပာင္းသြားသည္။ ဒ႑ရီအရ လုန္ဟူေတာင္တန္းရွိဖုမိသားစုတြင္ မိုးႀကိဳရိုက္ခ်က္ ၉ခ်က္ထိၿပီးေသာမက္မြန္သစ္သားဓားအားရတနာအျဖစ္ထိန္းသိမ္းထားသည္ဟု ဆိုသည္။ ထိုဓားသည္ ႀကီးျမတ္ေသာဆရာသခင္ဖုခ်န္ထားခဲ့ေသာ ဂိုဏ္းရတနာျဖစ္ၿပီး ၾကက္ေသြးေရာင္အဆင္းရွိကာ လက္ထဲကိုင္ထား႐ုံႏွင့္ ေလႏွင့္မိုးႀကိဳးသံမ်ားၾကားရေလသည္။

တေစၧမ်ားမွာ မိုးႀကိဳးကိုေၾကာက္သည့္အတြက္ မိုးႀကိဳးမုန္တိုင္းႏွင့္ေတြ႕လၽွင္တေစၧေမြးသူတို႔၏တိုက္ခိုက္စြမ္းမွာထိုးက်သြားေပသည္။ ဝူ႐ုန္သည္ မေဟာ္ဂနီေရာင္လၽွပ္စီးဓားအား ကိုင္ၾကည့္ခ်င္သည္။ နည္သို႔ပင္ဆိုေစ ဝူ႐ုန္သည္ သူ႔ဘယ္လက္ထဲမွာတေစၧႀကီးက မိုးႀကိဳးမ်ားအားလက္ဗလာႏွင့္ပင္တားဆီးနိုင္သည္ကိုသိေသးသည္။ တေစၧႀကီးကမိုႀကိဳးမ်ားအားေက်ာ္လႊားနိုင္လၽွင္သူသည္လည္းမိုးႀကိဳးအားေၾကာက္စရာမလိုေတာ့ေပ။ ဒါကပဲသာမန္လူေတြထက္သာလြန္ေသာအက်ိဳးျမတ္ပင္။

ဝူ႐ုန္ဘာမွမေျပာေသာ္လည္း ဖုခ်င္းကသူ႔၏မသိသာေသာလူပ္ရွားမူကိုပင္သတိျပဳမိကာ ဓားအားေနာက္ေက်ာသို႔ျပန္ထားလိုက္ကာ " မင္းကတေစၧေမြးကာစပဲရွိေသးတာမို႔မတည္ၿငိမ္ေသးဘူး မဆင္မျခင္မလုပ္နဲ႔"

ဝူ႐ုန္သည္ဖုခ်င္းအား ေတြးေတြးေတာေတာႏွင့္စိုက္ၾကည့္လိုက္သည္။

သူေတာင္မွအျပင္ကေန အတြင္းကတေစၧႀကီးရဲ့ပုံမွန္မဟုတ္မူကို မစစ္ေဆးနိုင္ဘူးပဲ။

ၾကည့္ရတာတေစၧႀကီး၏ ပုန္းေရွာင္နိုင္ေသာအစြမ္းမွာ ဝူ႐ုန္ထင္တာထက္သာလြန္ပုံရသည္။

"သူတို႔မင္းကိုေခၚေနၿပီသြားရေအာင္"

ဝူ႐ုန္ႏွင္ဖုခ်င္းအတူတကြ ‌ဝင္သြားကား သူတတို႔အားၾကင္နာတက္ေသာမ်က္ႏွာထားႏွင္ဆရာဝန္ႀကီးတစ္ေယာက္မွေဆြးေႏြးေပးသည္။ သူသည္သူနာျပဳဆီမွ ေဆးမွတ္တမ္းအားယူၾကည့္ကာအႀကိမ္မ်ားစြာဖတ္ၿပီးေနာက္ ဝူ႐ုန္ႏွင့္ဖုခ်င္းအား ၾကင္နာစြာေျပာသည္

" ဘယ္အခ်ိန္ကစသိတာလဲ?"

ဘယ္အခ်ိန္တည္းကပါလိမ့္?

ဝူ႐ုန္တုံ႔ဆိုင္းၿပီးေနာက္ " လြန္ခဲ့ေသာတစ္ပတ္ေလာက္က"

"တျခားလကၡဏာေတြရွိေသးလား? မအီမသာျဖစ္တာ ပ်ိဳ႕အန္ခ်င္တာနဲ႔ ထူးထူးျခားျခားအစားအစာေတြကိုစားခ်င္တာမ်ိဳး?"

"တထူးတလွယ္အစားအစာေပၚစားျခင္းတာမ်ိဳးေတာ့ရွိတယ္"

တေစၧေတြအေပၚစားခ်င္စိတ္ျဖစ္တာကို အထူးတလွယ္အစားစားခ်င္စိတ္အျဖစ္သတ္မွတ္လို႔ရတယ္။ ဒါ့အျပင္တေစၧႀကီးမွာအလြန္တည္ၿငိမ္ကာ ေျမာင္ဂူထဲရွိစဥ္ေသြးေသာက္ၿပီးခ်ိန္ကလြဲရင္ တျခားလူပ္ရွားမူမ်ိဳးမရွိေပ။ မထင္ထားတာက ေလးခုေျမႇာက္ေဆး႐ုံက ဒါကိုစစ္ေဆးမိတာပဲ။ ဝူ႐ုန္ေလးစားသြားကာ ‌ရဲဝန္ထမ္းမ်ားအားအထင္ေသးမိသည္ဟုခံစားမိသြားသည္။ သူေရွ႕မွၾကင္နာတက္ေသာႏွလုံးသားႏွင့္‌ဆရာဝန္မွာခ်က္ခ်င္းပင္မယုံနိုင္ေအာင္ျဖစ္သြားသည္။

"ဆရာ မင္းက်န္းမာေရးကအရမ္းေကာင္းတာပဲ"

"ေက်းဇူး"

ဆရာဝန္ႀကီးမွာ ဝူ႐ုန္ႏွင္ဖုခ်င္းအား ေလးေလးနက္နက္ၾကည့္ကာ "ေကာင္းကင္သခင္နဲ႔ တေစၧေတြၾကားမွာ ပဋိပကၡေတြ ႀကီးမားတယ္လိုဆိုေပမယ့္ ငါ့အထင္ေျပာရရင္ မင္းတို႔ႏွစ္ေယာက္က တစ္ေယာက္ႏွင္တေယာင္ျဖည့္ဆည္းေပးနိုင္ၿပီး ႏွစ္တစ္ေထာင္ၾကာသည္အထိေကာင္းမြန္တဲ့ လက္တြဲေဖာ္ျဖစ္မယ္လို႔‌ထင္တယ္"

ဝူ႐ုန္ : ?

"စိတ္မပူပါနဲ႔ တေစၧကေလးေလးက တအားက်န္းမာပါတယ္။ ဝဝတုတ္တုတ္တေစၧ‌ေလးတစ္ေယာက္ရလာလို႔ ဂုဏ္ယူပါတယ္"

ဝူ႐ုန္ : ? ?

"ေဆးမွတ္တမ္းအမွားႀကီးယူလာတာပဲ"

ဖုခ်င္းကအရင္ဆုံးတုန႔္ျပန္လာသည္။ ဝူ႐ုန္ခ်က္ခ်င္းပင္သူ႔ဘယ္လက္မွ ပတ္တီးအားဆြဲဖယ္၍ တေစၧပုံစံကြက္အား ေဖာ္ျပကာေျခာက္ကပ္စြာေျပာသည္ : " ကၽြန္ေတာ္က ဒီကိုတေစၧအမွတ္သားလာစစ္ေဆးတာပါ"

ဆရာဝန္ႀကီးမွာ ႐ူပ္ေထြးသြားကာ သူ႔ေဘူမွသူနာျပဳအား အလိုေလ်ာက္ၾကည့္မိသြားသည္။ တခ်ိန္မွာပင္အနည္းငယ္ စိတ္ပ်က္ကာ ရစ္‌ေနေသာအမ်ိဳးသားတစ္ဦး၏ အသံ႐ုတ္တရက္တံခါးအျပင္မွထြက္လာသည္ " ကိုယ္ဝန္မရွိဘူး ? မျဖစ္နိုင္တာ ? အေမႊးနံ့သာျပာတစ္အိုးေန႔တိုင္းစား‌တာေတာင္ဘာလို႔ကိုယ္ဝန္မရတာပဲ တေစၧအမွတ္သားကေပၚလာရတာလဲ? အကယ္၍ ဒီေလာင္ဇီကသား တေစၧအမွတ္သားရွိနိုင္တယ္ဆို ငါကိုယ္ဝန္ေဆာင္လကၡဏာေတြ ခံစားရစရာမလိုဘူး"

ဝူ႐ုန္၊ဖုခ်င္း ႏွင္ဆရာဝန္ႀကီး : ...

သူနာျပဳေလးမွာရွက္ရြံသြားကာအျပင္ကိုေျပးထြက္သြားၿပီးထိုကိစၥကို ေျဖရွင္းေပးသည္။ သူမျပန္လာေသာအခါ အသံတိုးေလးျဖင့္ေတာင္းပန္သည္ " ကၽြန္မေဆးမွတ္တမ္းအမွားႀကီးယူလာမိတာအမွန္ပါ။ ဟိုဘက္က ကေလးကေဆးမွတ္တမ္းေနရာကို လြဲၿပီး ေျပာင္းလိုက္လို႔ပါ။ ဒါ့အျပင္ေကာင္းကင္သခင္နဲ႔ တ‌ေစၧေမြး သူ ေပါင္းစပ္မူမ်ိဳး ရွားပါးတဲ့ အတြဲပဲ။ ကၽြန္မေတာင္းပန္ပါတယ္"

အခန္းထဲကို႔ရိုးကားရားနိုင္စြာတိတ္ဆိတ္သြားသည္။ ဆရာဝန္ႀကီးက သူနာျပဳအားစကားအနည္းေျပာရင္ဆုံးမလိုက္သည္။ ဝူ႐ုန္မွသူနာျပဳအားအာ႐ုံမစိုက္သည္ကိုေတြ႕မွ သူမအားအျပင္သို႔ ေမာင္းထုတ္ၿပီး ေခ်ာင္းႏွစ္ႀကိမ္ခန႔္ဆိုး၍ ေဆးမွတ္တမ္းအားဖတ္ေလသည္။

ခဏအၾကာသူေခါင္းေမာ့လာကာ သူမ်က္ႏွာသြင္ျပင္မွာေလးနက္လာသည္။

" တေစၧအမွတ္သားက တကယ္တည္ၿငိမ္ၿပီး ဒါကတေစၧရိုင္းဆိုတာလည္း အမွန္ပဲ"

"ဒါေပမယ့္ ကံမေကာင္းတာပဲ မစၥတာဝူ႐ုန္ မင္းရဲ့တေစၧကရွားပါးတယ္ ။ သူတို႔ကဒုကၡိတ တေစၧအမ်ိဳးအစား ျဖစ္ၿပီး အသက္ႀကီးျခင္း၊ အားနည္းျခင္း နာမက်န္းျဖစ္ျခင္းႏွင့္မလူပ္မရွားနိုင္တဲ့အထဲပါဝင္တယ္။သူတို႔ကအရမ္းအားနည္းတယ္ တေစၧအဆင့္တန္းအခ်က္လတ္ကိုၾကည့္"

ဆရာဝန္ႀကီးသည္အညႊန္းဘားေလးအားေထာက္ျပသည္။ " သာမန္အိမ္ေမြးတိရိစၧာန္မ်ားရဲ့အဆင့္သတ္မွတ္ခ်က္က Cျဖစ္ၿပီး တေစၧရိုင္းေတြရဲ့ ေယဘုယ်သတ္မွတ္ခ်က္အဆင့္ကေတာ့ B ျဖစ္တယ္။ အဲ့ထက္အ‌ေအာက္က်ရင္တေစၧစြမ္းအားတအားနည္းတာမို႔အလြယ္တကူ ေပ်ာက္ကြယ္နိုင္တယ္။ သူတို႔ရဲ့ေပ်ာက္ကြယ္မူကို တိုက္ခိုင္ႏူန္းကအရွိန္ျမႇင့္ေပးတယ္။ မင္းပ်ိဳးေထာင္မယ့္ တေစၧကတေစၧစြမ္းအင္အဆင့္D ရွိၿပီး ဒါေတာင္တေစၧရိုင္းျဖစ္လို႔ပဲ အာ့လိုမွမဟုတ္ရင္ သတ္မွတ္ခ်က္ကဒီထက္နိမ့္မယ္"

"အဲ့တာက အရင္စၿပီးမင္းနဲ႔ေသြးကတိလုပ္ခဲ့တယ္လို႔ေျပာခဲ့တယ္ ဟုတ္တယ္မလား?"

"ဟုတ္ပါတယ္"

" မအံ့ဩေတာ့ပါဘူး"

ဆရာဝန္မွာေနာင္တရဟန္ေခါင္းခါလိုက္ကာသနားေသာအၾကည့္ျဖင့္ " ေပ်ာက္ကြယ္ခါနီးတေစၧတစ္ေကာင္ကို ယင္ခ်ီကေတာင္ သူခႏၶာကိုယ္ကို ထိန္းမထားနိုင္ဘူး ။ ေသြးကပဲ ကမၻာႀကီးႏွင့္ဆက္သြယ္နိုင္ဖို႔ခြန္အားေပးနိုင္တယ္။ ဒါေပမယ့္ ဒီလိုတေစၧမ်ိဳးက ေသြးဆာတဲ့မေကာင္းဆိုးဝါးလိုမၾကာမီဆုတ္ယုတ္သြားနိုင္ၿပီး အဲတာကိုဆုံး႐ူံးသြားနိုင္တယ္။သဘာဝက်က်ပဲေလ ေလ့က်င့္ေပးဖို႔ကမျဖစ္နိုင္ဘူး။ အရမ္းအႏၲရယ္မ်ားတယ္။ မူလပိုင္ရွင္ကိုထိခိုက္နိုင္ေျခအရမ္းမ်ားတယ္"

"ဒါေပမယ့္ မင္းရဲ့တေစၧ သူရဲ့တေစၧခ်ီကအရမ္းအားနည္း တယ္။ တေစၧေတြနဲ႔ယွဥ္ရင္ ယင္ခ်ီအေပၚအာ႐ုံစိုက္ထားတဲ့ လူသားဝိဉာဥ္ႏွင့္ပို႔တူတယ္။ ငါ့ဘဝမွာ ေတြ႕ဖူးသမၽွထဲမွာေတာ့အနိမ့္ဆုံးပဲ။ ငါဒါကို ဒီမွာပဲအကဲျဖတ္မသိမွတ္ျပဳကဒ္ထုတ္ေပးလို႔ရတယ္ ဒါေပမယ့္ မင္းခႏၶာကိုယ္တြက္ပဲျဖစ္ျဖစ္ ေထာင့္ေပါင္းစုံကပဲျဖစ္ျဖစ္ မင္းျပည္သူ႔ လုံျခဳံေရးကိုတင္ျပခ်က္ မပို႔ဖို႔အႀကံေပးခ်င္တယ္"

ဆရာဝန္ကအေလးအနက္ျဖင့္ " ငါၿမိဳ႕ေတာ္ရဲဌာနမွာ အခ်ိန္တစ္ခုထိေနခဲ့တယ္။ အဲ့ေနရာက ေလ့က်င့္ေရးေတြကက်န္းမာတဲ့တေစၧေတြ‌အေပၚရည္ရြယ္ထားၿပီးအရမ္းလည္းခက္ခဲတယ္။ ရဲေတြရဲ့ေလ့က်င့္ေရးနည္းလမ္းေတြကိုသုံျခင္းက လိုအပ္တဲ့အက်ိဳးဆက္ရဲ့ ဆန႔္က်င္ဘက္ေတြကိုရလာနိုင္တယ္။ မင္းတေစၧကိုမသတ္ခ်င္ရင္ ျဖည္းျဖည္းခ်င္းနလန္ထူၿပီး ျပန္သက္သာေအာင္လုပ္သင့္တယ္။ သူတေစၧစြမ္းအင္ျပန္ရၿပီး သူ႔ဝိဉာဥ္ခႏၶာကိုယ္တည္ၿငိမ္ေအာင္လုပ္နိုင္မလားအရင္ၾကည့္ရေအာင္"

ဒီသတင္းမွာလူအမ်ားစုအတြက္ လုံးဝမထင္မွတ္ထားေသာအေျခေနအျဖစ္အမွန္တကယ္ႀကီးျဖစ္လာသည္။ ေနာက္ဆုံးတြင္တေစၧတစ္ေကာင္ရလာသည့္တိုင္ ထိုတေစၧကဒုကၡိတျဖစ္ေနျခင္းက ဘယ္သူမွလက္မခံလိုေပ။ ဆရာဝန္ႀကီးမွာဝူ႐ုန္ႏွင့္ဖုခ်င္းအတြက္စဥ္းစားေပးကာ အခ်ိန္ေပး‌ထားေလသည္။ ဝူ႐ုန္မ်က္‌ေမွာင္ၾကဳတ္လ်က္ သူ႔တေစၧအခ်က္လတ္အား ေနာက္တစ္ႀကိမ္ဂ႐ုတစိုက္ဖတ္ေလသည္။

တေစၧႀကီးကအားနည္းတယ္?

ဝူ႐ုန္သူမ်က္လုံးအားပိုယုံေသာ္လည္း အခ်က္လတ္မွာမမွားနိုင္ေပ။ သာမန္တေစၲတေကာင္၏စြမ္းရည္ႏွင့္ တေစၧခ်ီမွာတိုက္ရိုက္အခ်ိဳးက်သည္။

တေစၧတစ္ေကာင္ကအရမ္းအားနည္းေနစဥ္မွာပဲ အလြန္အစြမ္းထက္ေနတာျဖစ္နိုင္မလား?

ဝူ႐ုန္သည္ ထိုသူခႏၶာကိုယ္မွာအခ်က္ေပါင္းတစ္ေထာင္ျဖတ္ေတာက္ခံရကာေသဆုံးသြားသကဲ့သို႔ေသြးမ်ားဖုံးလႊမ္းေနၿပီး မ်က္ႏွာေပၚရွိအစိတ္အပိုင္းမ်ားကိုလည္း ေဂႊအပ္ေရႊခ်ည္မ်ားျဖင့္ ခ်ိတ္ပိတ္ခံထားရ‌၍ မ်က္ခုံးမ်ားပင္တင္းၾကပ္ေနေအာင္ပိတ္ခံထားရမွန္းသတိရမိသည္။ ရဲဌာနသို႔သြားျခင္းမသြားျခင္းမွာအေရးမပါ။ သူ႔စိတ္ႏွလုံးထဲမီဝူ႐ုန္သည္ ထိုသို႔တရားဝင္ျဖစ္လြန္း‌ေသာအဖြဲ႕အစည္းမ်ိဳးတြင္မပါဝင္ခ်င္‌ေပ။သူ႔တြင္လၽွို႔ဝွက္ခ်က္ရွိေနကာ အဖြဲ႕ထဲဝင္ျခင္းသည္အခ်ိန္တိုင္းမေရမတြက္နိုင္ေသာမ်က္လုံးအစုံတို႔၏ ေစာင့္ၾကည့္ျခင္းခံေနရသည္ႏွင့္တူသည္။ အျပင္ဘက္တြက္လြတ္လြတ္လပ္လပ္ေနသည္ကပိုေကာင္းသည္။

ဆရာဝန္ႀကီးမွာ ေဖာင္ႏွစ္ခုထားခဲ့ၿပီး တစ္ခုမွာတေစၧထိန္းအျဖစ္စာရင္းသြင္းရန္ႏွင့္ဘတစ္ခုမွာ အလြတ္တန္းအေနျဖင့္ စာရင္းသြင္းရန္ျဖစ္သည္။

အလြတ္တန္းသမားမ်ားဟုေခၚေသာ္လည္း အဖြဲ႕ထဲရွိလူမ်ားတြင္တူညီေသာစြမ္းရည္ရွိၾကသည္။ သူတို႔တေစၧေတြသည္အလြန္အားနည္းေနျခင္းႏွင့္ အရည္ေသြးမမွီျခင္း သို႔မဟုတ္ ရဲဌာန၏စည္းအတြင္မေနလိုျခင္းပင္။ ထိုသူမ်ားသည္မဟာမိတ္အျဖစ္စုစည္းရန္လိုအပ္ကာထိုေနာက္တြင္ေတာ့အလြတ္တန္းအစည္းအ႐ုံးျဖစ္လာခဲ့သည္။

တေစၧထိန္းဗ်ဴရို‌အားဝင္ေရာက္ျခင္းေလာက္အက်ိဳးမမ်ားေသာ္လည္း ဆယ္စုႏွစ္မ်ားစြာၾကာၿပီးေနာက္ ထိုအဖြဲ႕သည္လည္း ႀကီးမားကာရင့္သန္လာသည္။

ဝူ႐ုန္ေနာက္ဆုံးတြင္စတင္ေရးသားကာအလြတ္တန္းအျဖစ္စာရင္းသြင္းေလသည္။ ဝူ႐ုန္တေယာက္အၾကာႀကီးေတြးေတာကာတုန႔္ဆိုင္းေနျခင္းေၾကာင့္ျဖစ္နိုင္သည္။ တခ်ိန္လုံးတိတ္ေနခဲ့ေသာ ဖုခ်င္း႐ုတ္တရက္စကားစေျပာသည္။

" အထူးေလ့က်င့္ေရးေတြကိုသြားခ်င္တာလား?"

သူ႔အသံမွာလုံးဝက်ိန္းေသေနသည့္ပုံေပၚသျဖင့္ဝူ႐ုန္ပထမေတာ့သူကိုယ္သူေမးေနသည္ကိုသတိမထားမိေပ။ ဖုခ်င္းဘာေျပာသလဲၾကားရေသာအခါမွ သူသည္အထူးေလ့က်င့္ေရးသတိရသြားသည္။ က်ိဳးရြမ္းကအခြင့္ရရန္ကူညီခဲ့သည္။ သို႔ေသာ္သူ၏လက္ရွိအေျခေနအရေရွာင္လိုက္တာပိုေကာင္းမယ္ဟုေတြးလိုက္သည္။

"ဟုတ္တယ္"

အထူးေလ့က်င့္ေရးမွဆုလာဒ္မ်ားကအလြန္အဖိုးတန္သည္။ ေနာက္ဆူံအႀကိမမတုန္းက "ဇီးသစ္ခြဝါးသန႔္စင္အျမစ္မဲ့ေရ"ျဖစ္ခဲ့ျခင္းေၾကာင့္ ဒီတစ္ခ်ိန္တြယ္ဘာျဖစ္နိုင္မွန္းသူမသိေပ။ အကယ္၍ ျဒပ္စင္ငါးမ်ိဳးထဲမွတစ္ခုသာဆို ကူဥေဖာက္ရန္ေႏွာက္တဆင့္တက္လွမ္းဖို႔နီးကပ္သြားေပမယ္။

ထိုအေၾကာင္းကိုေတြးမိၿပီးေနာက္ဝူ႐ုန္အနည္းငယ္ေနာင္တရသြားသည္။ ဘယ္လိုပဲျဖစ္ျဖစ္သူသည္ က်ဳံးကူ၊ခ်င္းလင္းကူ၊ပင့္ကူေလးအျပင္ အားနည္းကာေစာင့္ေရွာက္ရန္လိုအပ္ေသာတေစၧႀကီးကိုပါေမြးျမဴရေတာ့မည္။ ဒီမိသားစုမခ်မ္းသာသည့္အျပကမအေျခေနမွာသာ၍ဆိုးရြားေနေသးသည္။

ဒါကလည္းအလြတ္တန္းကိုေရြးလိုက္သည့္ဝူ႐ုနါ၏အေၾကာင္းျပခ်က္ေတြထဲမွတစ္ခုျဖစ္သည္။

စာရင္းဝင္တေစၧေမြးသူျဖစ္ရန္အတြက္သဘာဝက်စြာပင္ စည္မ်ဥ္းစည္းကမ္းမ်ားႏွင့္ခ်ဳပ္ေႏွာင္ခံထားရမည္။ အထူးသျဖင့္ျပည္သူ႔လုံျခဳံေရးဗ်ဴရိုသို႔ဝင္ေသာအခါ အေတြးအျမင္ႏွင့္ကိုယ္က်င့္တရားသင္တန္းမွစတင္ကာ ဒါကပဲေသဆုံးျခင္းလစာႏွင့္ ခိုင္မာေသာအလုပ္ႏွင့္ညီမၽွေပသည္။ သို႔ေသာ္အလြတ္တန္းမ်ားအတြက္ေရြးခ်ယ္စရာအခြင့္ေရးပိုမ်ားသည္။ သူတို႔သည္ တေစၧအမဲလိုက္သူအျဖစ္စာရင္းသြင္းကာ ဖိုရပ္ေပၚမွအမ်ိဳးမ်ိဳးေသာတာဝန္မ်ားက္ုလက္ခံနိုင္သည္။ သူတို႔၏လြတ္လပ္ခြင့္ကအလြန္ျမင့္မားသည္။

သူမ်က္ႏွာသြင္ျပင္ကိုေဘးတြင္ထိုင္ေနေသာဖုခ်င္ကသတိထားမိသည္။ ေဖာင္ကို‌ျဖည့္ၿပီးေနာက္သူတို႔ႏွစ္ေယာက္ ထြက္လာခဲ့သည္။ ထိုအခ်ိန္တြင္အခုေလးတင္ေဆးမွတ္တမ္းလြဲခဲေသာစုံတြဲေလးနဲ႔ဆုံမိသည္။ ဒါကရွားပါးေသာ အမ်ိဳးသမီးေကာင္းကင္သခင္ႏွင့္ အမ်ိဳးသားတေစၧ‌ေမြး အတြဲပင္။ ၾကည့္ေကာင္းေသာတ‌ေစၧေမြးသူမွာဝူ႐ုန္အားေတြ႕ေသာအခါ ရင္းႏွီေဖာ္ေရြေသာအျပဳံးျဖင့္" သူငယ္ခ်င္းေရ ဒါကတကယ့္ကို ကံၾကမၼာလို႔ေခၚလို႔ရတယ္"

"စီနီယာဖုကို ႏူတ္ဆက္ပါတယ္"

အမ်ိဳးသမီးေကာင္းကင္သခင္မွာသူတို႔ကိုျမင္ေသာအခါ ေၾကာင္အသြားၿပီးေနာက္ ဖုခ်င္းအားေလးစားစြာဂါရဝျပဳ‌သည္။ သူမသည္ဖုခ်င္းထက္ အသက္အနည္းငယ္ပိုႀကီးေသာ္လည္း ဂ်ဴနီယာတစ္ေယာက္လိုသာျပဳမူသည္။ ဖုခ်င္သည္ေဘးဘက္သို႔ထြက္ကာထူမျခားနားဟန္ျဖင့္ ဝူ႐ုန္ႏွင့္ထြက္သြားသည္။ သူပုံရိပ္လုံးဝေပ်ာက္ကြယ္သြားမွသာအမ်ိဳးသမီးေကာင္းခင္သခင္ ကိုယ္ကိုျပန္ဖတ္ကာ သူမႏွဖူး၌ေခၽြးေအးတခ်ိဳ႕ရွိေနကာ သူမပုံစံမွာအလြန္႐ူပ္ေထြးေနသည္။

"ဟန္နီ အဲ့တာဘယ္သူလဲ ဘာလို႔ကိုယ့္ကိုဆြဲထားတာလဲ?"

ထိုသူမွာဖုခ်င္း၏မာနႀကီးေသာအျပဳအမူအားမေက်မနပ္ျဖစ္ကာ "ဒါကမင္းေျပာတဲ့ ေလထီးစစ္သည္လား?"

"တိတ္တိတ္ေနအဲ့တာစီနီယာဖုခ်င္းပဲ!"

အမ်ိဳးသမီးေကာင္းကင္သခင္တြင္အားက်မူေရာ ေလးစားမူပါရွိေနကာအနည္းငယ္ေၾကာက္ရြံေနသျဖင့္ " ဒီမတိုင္ခင္ သူေကာင္းကင္သခင္စာေမးပြဲေက်ယ္ျဖတ္ၿပီးအဆင့္ကိုးထိေရာက္ခဲ့တာေတာင္ ဦးေလးက သူ႔ကိုဘာေၾကာင့္အရမ္းသေဘာက်လဲနားမလည္ခဲ့ဘူး။ ေနာက္ေတာ့ကိုယ့္ဘာသာအသိဉာဏ္မဲ့တယ္ဆိုတာ သတိျပဳမိသြားၿပီ။ ကမၻာေပၚမွာ ဒီလိုပါရမီရွင္မ်ိဳးအစတည္းရွိေနခဲ့တာ"

"တစ္ခုတည္းပဲ"

ဘယ္လိုေတြးရမွန္းေတာင္မသိေတာ့ဘူး။ အမ်ိဳးသမီးေကာင္းကင္သခင္သည္သိမ့္သိမ့္တုန္ေနသည္။သူ႔မ်က္လုံး မ်ားကပိူထိတ္လန႔္ေနသည္ စိတ္ပိုင္းဆိုင္ရာအရိပ္ဆိုးတစ္ခုခုရွိေနသလိုသူမသည္ဖုခ်င္းထြက္သြားသည့္ဘက္သို႔ပင္မၾကည့္ရဲ။ သူ႔လူအားဆြဲကာထိတ္လန႔္မူျဖင့္" ငါေနာက္မွသူ႔ကိုသြားေတြ႕လိုက္မယ္ သူ႔ကိုရန္မစမိေစနဲ႔ နားလည္လား?"

"အခ်စ္ေရ ... မင္းဘာလို႔ေၾကာက္ေနတာလဲ?"

"သူတေစၧတစ္ေကာင္ကို သတ္တာျမင္ဖူးသူတိုင္းေၾကာက္မိမွပဲ"

အမ်ိဳးသမီးမွာေၾကာက္စိတ္မေျပပဲမ်က္ႏွာမ်ားျဖဴေဖ်ာ့ေနကာ "အဲ့တာကမၻာေပၚကငရဲပဲ ေသြးသံရဲရဲ့ႏွင့္ေၾကာက္စရာအရမ္းေကာင္းတယ္။ သူကစိတ္ခံစားခ်က္မရွိသတ္ျဖတ္ဖို႔ပဲသိတဲ့တေစၧလိုလူမ်ိဳးပဲ"

"အိုေက အိုေက ေဘဘီကိုယ္ထပ္မေမးေတာ့ဘူးေနာ္"

သူမ၏ျဖဴေဖ်ာ့ေသာမ်က္ႏွာကိုေငးကာ အမ်ိဳးသားမွာသူမအားႏွစ္သိမ့္လိုက္သည္။" ဒါကအရမ္းခ်ဲ႕ကားလြန္းေနစရာမလိုဘူး။ ကိုယ္အထင္သူ သူငယ္ခ်င္းႏွင့္အတူလာပုံရတယ္။ သူတို႔ႏွစ္ဦး ဆက္ဆံေရးကေတာ့ေကာင္ူပုံရပါတယ္"

"‌ဒါကၽြန္မပထမဆုံးအႀကိမ္ စီနီယာဖုလူေတြနဲ႔နီးနီးကပ္ကပ္ေနတာျမင္ဖူးတာပဲ"

အမ်ိဳးသမီးမွာ႐ူပ္ေထြးေနၿပီး သူမႏူတ္ခမ္းမ်ားတြန႔္ေကြးကာ အသံနိမ့္နိမ့္ျဖင့္ "ဆရာသခင္ေတြကစလို႔ အသစ္ေျမႇာက္ထားတဲ့တာအိုေလးေတြထိ တစ္ေယာက္မွသူႏွင့္ကံမစပ္ဘူး။ သူကအထူးသျဖင့္တျခားသူႏွင့္ ႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မူမ်ိဳးကိုမုန္းတယ္။ ေနာက္ဆုံးတစ္ေခါက္တစုံတေယာက္က စီနီယာဖုပုခုံးကို ထိဖို႔ႀကိဳးစားလိုက္တာ ရလာဒ္အေနနဲ႔ ပစ္ထုတ္ခံရၿပီး နံရိုးႏွစ္ေၾကာင္းက်ိဳးသြားတယ္ေလ"

"သူက ကၽြန္မတို႔ကို ဘာမဟုတ္တဲ့အရာေတြလို ၾကည့္တဲ့အၾကည့္ကအရမ္းထိတ္လန႔္စရာ"

3345words

9:18Pm,Sat Apr 1,2023.


Continue Reading

You'll Also Like

89.1K 1.9K 48
A 17 year old girl named (Y/N) (L/N) moved from (where you live) to south park calorado with her mother. She meets some new people who soon turn into...
17.9K 498 26
Levy and Juvia are being ignored by Fairy Tail, ever since the GMG .The only people who pay attention to them are Master Mackarov , Mira, Wendy, Erz...
2.7K 53 37
ဘာသာပြန်BLစာအုပ်လေးတွေကို စာအမြည်းနှင့်အတူ မိတ်ဆက်ပေးသွားပါမည်။ သက်ဆိုင်ရာဘာသာပြန်စာရေးဆရာတို့ကိုလည်းcrdပေးပါတယ် ဘာသာျပန္BLစာအုပ္ေလးေတြကို စာအျမည္းႏွ...
138K 6.8K 56
Story of two long lost childhood friends who reconnect through Instagram.