ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...

By Sheilayoon

69.3K 10.4K 241

Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... More

Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.17- Zhong Gu
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21-Woof Woof Woof ?
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.26.1-Meow,Meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32-Hiss,hiss hiss,hiss hiss?
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.36.1-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.42.1-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.45.1-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.46.1-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52-Tick tack tick tack
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
Ch.58.1-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch 62 - Jiūjiūjiū, Jiūjiūjiū jiū
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 79- Woof woof woooof?
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?

Ch.20.1-Woof Woof Woof!

469 94 0
By Sheilayoon

Unicode

ကျိုးရွမ်သည် သူ့၏စိတ်ပါဝင်စားမူနှင့်ပတ်သတ်၍ စစ်ဆေးရန် တစ်စုံတစ်ယေယက်အားဆက်သွယ်ပေးမည်ဟုပြောခဲ့သည်။ ထိုထူမလာခင်မှာပင် ကြောင်ပေါင်အား စစ်ဆေးသည့် အခြေနေမှာလျင်လျင်မြန်မြန်ပင်ပြီးသွားခဲ့သည်။ ဝူရုန်ခန်းမကျယ်ရှိဆိုဖာလွတ်တစ်လုံးပေါ် ထိုင်၍စောင့်နေလိုက်သည်။ တိရိစ္ဆာန်ဆေးရုံမှာကြီးမားပြီးပစ္စည်းကရိယာများစုံလင်လှကာ သစ်လွင်သည်။ စာအုပ်စင်‌ငယ်လေးတစ်ခုဆိုဖာဘေးတွင် လူအများ ဖတ်ရူနားနေနိုင်ရန်အတွက် ထားပေးထားသည်။ ထိုဘေးတွင် ကြီးမားသောဟမ်းစတားလှောင်အိမ်ကြီး တခုရှိကာ ထိုထဲတွင် ကြီးမားလုံးဝန်းတေသောဟမ်းစတားတစ်တွဲရှိသည်။

ဟမ်းစတားကိုကြည့်ရင်း ဝူရုန်လည်စေ့လူပ်ရှားသွားကာ မမြင်ရသောဆာလောင်မူတစ်ခုသူ့နှလုံးသားမှထွက်ပေါ်လာသည်။ သူကြောင်အ သွားရ၍ တုန့်ပြန်လိုက်ပြီးနောက် ဟမ်းစတားလှောင်အိမ်သို့ တိမ်းညွှတ်နေသော မြစိမ်းရောင်နားကပ်လေးကို ဖြုတ်ယူလိုက်သည်။

"ဟမ်းစတားတွေက မင်းထက်အကောင်ကြီးတယ်" (T/N အစားပုတ်လေးတွေကိုပိုင်ဆိုင်ထားရသောမားမားဝူရုန် လေး 🥹)

ထိုသို့ပြောပြီးနောက်တွင်တော့ မြွေစိမ်းကလေးမှာ သူ့အမြီးထိပ်အား ဝူရုန်လက်သန်းတွင်ရစ်ပတ်ထားကာ ဟမ်းစတာူတွေရှိရာဘက်သို့ သွားရည်တများများဖြင့် စိုက်ကြည့်နေလေသည်။ ဒီနေ့ရာတွင် ဘယ်သူမှမရှိ ထို့ကောင့်ဝူရုန်ကရိုးရှင်းစွာဖြင့် ဟမ်းစတား‌များနှင့်မျက်နှာချင်းဆိုင် သစ်ရွက်စိမ်းပေါ်သို့ မြွေစိမ်းလေးအားတင်ပေးလိုက်သည်။ ဒါဟာသူ့အနေဖြင့် ကူ၏ခံစားချက်များကိုရှင်းရှင်းလင်းလင်းသိနားလည်ကာ သက်ရောက်ခံရသောပထမဆုံးအကြိမ်ပင်။ ပင့်ကူလေးမှာမွေးကာစဖြစ်ကာ ဆက်သွယ်မူများကမချောမွေ့သေးပေ။ ကျုံးကူမှာဥပင်မပေါက်‌သေး‌လည်း ထိုအရာလေးမှာတစ်နေါတာလုံး ဆာ‌လောင်မူ တစ်ခုသာလျှင်ရှိနေသည်။

ချင်းလင်းကူသည်သာ အဖွားဝူ၏ကြာမြင့်စွာပျိုးထောင်ခဲ့ပြီးဖြစ်သဖြင့် စိတ်ဝိဉာဉ်ရှိလာနေပြီဖြစ်သည်။ ပေါင်းစပ်ပြီးနောက်တွင် ကူများသည် ဝူကလန် သွေးများ ပါဝင်ပတ်သတ်လာသည်။ ဝူရုန်သည်သဘာဝကျစွာပင် ချင်းလင်းကူ၏ အာရုံခံစားမူများကိုခံစားရပေသည်။

ဒါက အနာဂါတ်တိုက်ပွဲအတွက်အကျိုးရှိသော်လည်း တချို့သောအမိူက်လိုခံစားချက်ဖြစ်သည့် ဟမ်းစတားများအပေါ်လောဘတက်ခြင်းနှင့် ပိုးကောင်များကိုစားချင်သောဆန္ဒများအား ကာကွယ်နိုင်ရန်သင်ယူထားဖို့လိုသည်။

သူစိတ်ထဲမှနေ၍ "ကူဘုရင်သီချင်း" အနှစ်သာရဖော်မြူလာနှင့် တဖြည်းဖြည်း ရှင်းလင်းနေပြီး သူမျက်လုံးများအားအသာအယာမှိတ်ထားရင် တည်ငြိမ်သောအခြေသို့ပြန်လည်ရောက်လာလေသည်။

သစ်ရွက်စိမ်းပေါ်မှ မြွေစိမ်းလေးမှာ အနက်ရောင်ပဲစေ့လိုမျက်လုံးများဖြင့် ဘီးပေါ်ရှီ ဟမ်းစတား အား စိတ်ဝင်တစားလိုက်ကြည့်နေသည်။ ဦးခေါင်းသည်လည်း ဘီးအတိုင်းပျော်ရွှင်စွာလိုက်ရွေ့နေသည်။ မြွေလေး၏အမဲလိုက်လိုစိတ်က သူ့သွားများက ယားယံလာစေကာ မသိလိုက်မီမှာပဲ အနီးသို့တိုးကပ်သွားသည်။

ဘယ်သူမှသတိမထားမိချိန်တွင် အစိမ်းရောင်သစ်ရွက်များ၏အရိပ်ထဲသို့အဖြူရောင်ပုံရိပါတစ်ခု‌တွားသွားလာသည်။ ကောက်ကျစ်ကာရက်စက်သောမုဆိုးသည် သူ့လက်သည်းနှင့် အစွယ်ကို ထုတ်ပြလာသည်။ သူ၏လောဘတကြီးမျက်လုံးများသည် ချင်းလင်းကူ ၏ အမြှီးထိပ်သို့ စိုက်ကြည့်နေသည်။ ထိုအရာကတိတ်တဆိတ်နောက်ကခုန်အုပ်ရန် အသင့်ပနေထားဖြစ်နေသည်။

ထိုအချိန်မှာပဲ_ _ _

"ဝုတ် ဝုတ် ဝုတ်!"

ဝူရုန်ခွေးဟောင်သံကြောင့်နိုးလာရကာ သူ့မျက်လုံးထောင့်မှနေ၍ အဖြူရောင်ဖက်ထုပ်လုံးတစ်ခုက မြွေလေးအား ခုန်အုပ်ရန်လုပ်နေသည်အား တွေ့လိုက်သည်။ သူချက်ချင်းတုန့်ပြန်လိုက်ကာ လက်ဆန့်ထုတ်လျက် တဖက်သူ၏လည်ပင်းအား တိကျစွာဖိချလိုက်သည်။

"မြောင်"

ကြောင်ပေါက်လေး၏ ရာနူန်းပြည့် သကြားဓာတ်ကြွယ်ဝသောအသံမှာ အလွန်မြူဆွယ်နိုင်သည်။ ဒါကသူကောက်လာသောကြောင်ပေါက်လေးပင်။ သူ့အမြှီးထိပ်လေးက ကွေးထားကာ သူ့လက်ဖဝါးများကပန်းရောင်လေးပင်။ သူသည်နစ်နာနေဟန်လည်ချောင်းမှအသံတအီအီလုပ်နေသည်။ သူ၏စိုစွတ်နေသောမျက်ဝန်ပြာများ မိုးရေထဲစိုစွတ်နေသော အပြာရောင်ပန်များလိုပင် အလွန်မှလှပပေသည်။ သိပ်မကြာခင်တွင်ဆရာဝန်တစ်ယောက်မှ ဆွေးနွေးခန်းမှ စိတ်လူပ်ရှားစွာပြေးထွက်လာသည်။ ဝူရုန်ကြောင်ပေါက်လေးအားမြင်သောအခါမှ စိတ်သက်သာရာရသွားသည်။

"တောင်းပန်ပါတယ်။ ငါဒါလေးကို ခဏလောက်မကြည့်လိုက်တဲ့အချိန် ထွက်ပြေးသွားစေမိတယ် "

ဒေါက်တာမှတောင်းပန်လာက ဝူရုန်ဆီမှ ကြောင်ပေါက်လေးအားပြန်ယူလိုက်သည်။ သူသည် တွန့်ဆုတ်သောအမူယာဖြင့်ပြုံးပြလာကာ " မင်းနဲ့ကြောင်ပေါက်လေးက ခဏလေးတောင်မခွဲနိုင်တဲ့မိသားစုဝင်လေးဖြစ်ရမယ်။ ငယ်ငယ်ထဲကမွေးထားတာလား?"

"မဟုတ်ဘူး"

ဝူရုန် ခဏမျှတွေးပြီးနောက် "သူကလမ်းပေါ်မှာ ကားနှင့်ဝင်တိုးလာခဲ့တာ"

ဆရာဝန် ...

"ဒီနေ့ခေတ်မှာ ကြောင်တွေလည်း ကားရှေ့ဝင်တိုးပြီးလျော်ကြေးတောင်းတက်နေပြီပေါ့။ ကြည့်ရတာဖြစ်ပျက်နေသမျှကတော့ ဘုရားရဲ့အလိုတော်အတိုင်းပါပဲ ဟဟ!"

ရှက်ရွံစွာဖြင့်ဘဆရာဝန်မှာကြောင်ပေါက်လေးအားဆက်လက်စစ်ဆေးနေသည်။ သူအဝေးသို့လျှောက်သွားသော်လည်း ဝူရုန်မျက်လုံးများက ဆရာဝန်ရပ်နေ‌ခဲ့သောနေရာတွင်သာရှိ‌ေနခဲ့သည်။

"ဝုတ် ဝုတ် ဝုတ်!"

ခွေးကဟောင်လာပြန်ကာ အနည်ူငယ်ကျယ်လောင်ပြီး ခွေးပေါက်စအသံနှင့်မတူပဲအရွယ်ရောက်ခွေးတစ်ကောင်လိုပင်။

ထိုအရာလေးမှာ အနက်ရောင်ခွေးပေါက်လေးဖြစ်ပြိး ဝူရုန်စိုက်ကြည့်နေသော နေရာတွင်ရှိနေသည်။ ထိုကောင်လေးမှာ တကိုယ်လုံးနက်မှောင်နေရာ နားရွက်ထိပ်နှင့် ဗိုက်တွင်သာ ညိုဝါရောင်ရှိပြီး အမြှီးမှာ တံစဉ်နှင့်တူ၍ သူရှေ့ခြေများကို ယှက်ထားလျက် နားရွက်များထောင်ကာ ဝူရုန်အားစူးစမ်း၍ ရင်းနှီးလိုစွာကြည့်နေသည်။

အခုဟောင်လိုက်တာ ဒီခွေးပေါက်လေးလား။ ကြည့်ရတာ ဒီဆရာဝန်ကိုသူသိ‌ပုံပေါ်တယ်။ ထိုအကောင်ပေါက်သူ့နှင့် နီးကပ်လာသောအခါ အသက်ရူခြင်းနှင့်အမြှီးယမ်းချင်းကိုခက်ခက်ခဲခဲလုပ်နေရကြောင်း တွေ့ရသည်။ သို့သော်အစကနေအဆုံးထိဒေါက်တာမှကြည့်မလာခဲ့သလို့ ငဲ့စောင်း၍ပင်မကြည့်ခဲ့။

ဒါဟာမကြည့်တာမဟုတ်ပဲ မမြင်နိုင်ခြင်းသာ။

ဖြစ်နိုင်တာဒါကခွေးသေတစ်ကောင်ရဲ့ဝိဉာဉ်ပဲ။

ခွေးပေါက်လေးမှာဆရာဝန်ဆီမှအာရုံစိုက်မူမရသဖြင့်ဆုံးရူံးသလိုခံစားသွားရကာ တရူံရူံလုပ်နေရင်း ဝူရုန်ရှေ့တွင်ပင် ခွေယိုင်စွာဖြင့် လှဲလျောင်းနေသည်။ သူသည်ဖြတ်သွားဖြတ်လာများဘာကြောင့်သူအားဂရုမစိုက်လည်း ဆိုတာနားမလည်ပေ။ သူနှင့်ရင်းနှီးသူများတွေ့တိုင်းထိုသူများဆီအပြေးသွားကာအမြှီဝေ့ယမ်းလျက်ပျော်ရွှင်စွာဟောင်ရင်း ဘောင်းဘီများအားသူခေါင်းဖြင့်ပွတ်သပ်၍ အာရုံစိုက်မူရအောင်လုပ်ခဲ့သော်လည်း အဆုံးမှာစိတ်ဓာတ်ကျစွာပြန်လာရမြဲပင်။

လှဲချလိုက်သောအခါဝူရုန်သည်‌ခွေးလေး၏ကြောက်စရာကောင်းလှသောနောက်ခြမ်းကိုတွေ့လိုက်ရသည်။ သူ့အမြှီးကတဝက်ကျိုးနေပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာအပြည့်နှင့်ဖြစ်သည်။ ဘယ်ခြေမှာကျိုးနေသည်။ သံပိုက်သို့မဟုတ်တခြားခပ်တုံးတုံးအရာတစ်ခုကြောင့်ကျိုးသွားပုံပေါ်သည်။ သူ့အ‌ရေပြားအသွေးအသားနှင့် အရိုးအားလုံးပျက်ဆီးနေသည်။ ဒါ့အပြင်ရေနွေးပူကြောင့်ရေကြည်ဖုထနေသောအနာကြီးလည်းရှိသေးကာ စီးကရက်နဲ့အတို့ခံထားရသေ ဒဏ်ရာများစွာ၊ဓားထက်ထက်နှင့် လှီးခံထားရသဖြင့် သွေးများယိုစီးနေဆဲဖြစ်သေဒဏ်ရာများရှိနေသည်။

ဒါကနိုပ်စက်ခံရပြီးသေသွားတဲ့ခွေးပဲ။

ဝူရုန်သူနာပြုများပြောခဲ့သောခွေးနှင့်ကြောင်များ နိုပ်စက်သောအမူအားသတိရလိုက်သည်။ ခွေးလေးမှာသူသေ သွားသည်ကိုမသိသေးပေ။ သူသည်နံရံဘေးတွင်ထားထားသောခွေးစားခွက်ထဲမှရေကိုသောက်ချင်နေသော်လည်းသောက်မရ။

နေသည်ပူသထက်ပူလာသည်။ ဆေးရုံမှန်အားဖြတ်၍ လင်းထင်းနေသော နေက ခွေးလေးအားညှိုးလျော်လာစေသည်။ ထိုအကောင်လေးမှာသစ်ပင်များစွာရှိ၍ အရိပ်ရသောနေရာသို ဆုတ်လာခဲ့သည်။ ထိုနေရာတွင်ခွေနေခဲ့သည်။ ကြိမ်ဖန်များစွာစိတ်အားထန်သန်မူအားတုန့်ပြန်မူမရလာခဲ့သဖြင့် သူစိတ်လူပ်ရှားစွာပြေးသွားခြင်းအားစိတ်မပါတော့ပေ။ ခွေးလေးမှာ လူအများသွားလိုက်လာလိုက်အလုပ်ရူပ်နေသောနေရာအား ဝမ်းနည်းစွာဖြင့်မိူင်တွေကြည့်နေသည်။

ဘယ်သူမှသူ့ကိုမမြင်ရပေ။

နေအပူပြင်းသထက်ပြင်းလာခြင်းက ခွေးလေးအားမူးဝေစေသည်။ သတိလက်လွတ်ဖြင့်ဝူရုန်ရှိရာဘက်ခွေးလေးလှဲချလာသည်။ ဒီနေရာတဝိူက်က အလွန်အေးသည်ဟုသူခံစားလို့ရသည်။ ဝူရုန်ထိုခွေးလေးအားကြည့်လိုက်သောအခါ သူ့လျှာထုတ်၍ အသက်ရူနေသည်ကိုတွေ့လိုက်သည်။ သိသိသာသာကိုပဲ သူပူနေခဲ့တာပင်။ တချိန်တည်းမှပင် သူကိုယ်ထည်က သေးသထက်သေးလာသည်။ တိရိစ္ဆာန်များ၏ဝိဉာဉ်မှာ လူတွေထကမ ပိုအားနည်းသည်။ ဒါ့အပြင်ယနေ့ရာသီဥတုမှာအလွန်ပူပြင်းသည်။ ဒီလိုသာဆက်သွားလျှင်သူ့ဝိဉာဉ်မှာမကြာခင် ပျောက်ကွယ်သွားနိုင်သည်။

° ° °

"ဝုတ်?"

ထိုင်းမိူင်းနေသောအခြေနေတွင်ခွေးပေါက်လေး ရေအေးအေးလေနဲ့ချိုးလိုက်ရသလိုအလွန်သက်သောက်သက်သာရှိသွားသည်။ သူ့ကိုယ်ပေါ်မှအနာများပင် မနာတော့သလို။ သူအရမ်းကိုရေဆာနေခဲ့သည်။ သာမန်ရက်တွေ၌နေပူဆာလုံသလောက်နေအပူမှာယနေတွင်တော့ မီးလုံးတစ်ခုအဖြစ်ပြောင်းသွားသလိုပင်။ ဘယ်နေရာတွင်ပုန်းနေနေ လောင်ကျွမ်းနေခဲ့သည်။ ခွေးပေါက်လေးမှတခုခုကိုတွေ့သွားသလို စတင်၍ ခက်ခက်ခဲခဲလူပ်ရှားလိုက်သည်။ သူနှာခေါင်းထိပ်မှာရုတ်တရက်အေးသွားသလိုပဲ။

ဒါကရေပဲ!

သူချက်ချင်းထထိုင်လိုက်ပြီး သူရှေ့မှဗန်းအား စိတ်အားထက်သန်စွာကြည့်လိုက်သည်။ ဗန်းတစ်ခုလုံးတွင် ရေခဲလိုအလွှာတခုနှင်ပြည့်နေကာ အေးစက်လှသည်။
ခွေးပေါက်လေးဗန်းဆီမရောက်သေးသော်လည်း ရေနှင်ထိသွားသော သူနှာခေါင်းထိပ်လေးအေးသွားသည်။ ဒါတကယ့်ရေပဲ။ ခွေးလေးရေဆာနေခဲ့သည်မှာကြာလှပြီ။ သူရေအားလုံး‌ကုန်အောင်မသောက်နိုင်။ သူတခြားသူများအားအကူညီလိုက်တောင်းစဉ်က ဂရုစိုက်မူမရခဲ့ပေ။

ခွေးလေးသူ့ခေါင်းကိုငုံလျက် စတင် လျက်ရန်ကြိုးစားလိုက်သည်။ သူအမှန်တကယ်ရေသောက်နိုင်ကြောင်းသိရသောအခါ သူ့ခေါင်းအားပျော်ရွှင်စွာနစ်မြုပ်ထားတော့သည်။ အရမ်းပျော်တာပဲ။

"စစ်ဆေးမူတွေအားလုံးပြီးသွားပြီ ဒဏ်ရာကြီးကြီးမားမားမရှိဘူး"

ဝူရုန်ကောင်တာ‌မှကြောင်ပေါက်လေးအားယူလိုက်ကာ ဆရာဝန်မှပြောပြလာသောကြိုတင်ကာကွယ်မူများအားနားထောင်နေသည်။ ရုတ်တရက်သူ့ဘောင်းဘီအဆွဲခံလိုက်ရသဖြင့်ငုံကြည့်လိုက်သည်။ သူ့ခြေထောက်နားတွင်အမြှီးတယမ်းယမ်းနှင် ပွတ်သပ်ပျော်ရွှင်နေသောခွေးပေါက်လေးအားတွေ့လိုက်သည်။ သူမျက်လုံးများကနက်မှောင်နေကာ ကြယ်များလို့တောက်ပနေသည်။ သိသိသာသာပင်ကိုအကောင်လေးဗန်းထဲကရေများမှတဆင့်ဝူရုန်အနံ့အားသိခဲ့ခြင်းပင်။ ခွေးများ၏ကမ္ဘာမှာလွန်စွာရိုးရှင်းသည်။ ခွေးပေါက်လေးမှာသူအားရေသောက်ရန် ပေးခဲ့သောဝူရုန်အား ကောင်းမွန်သောလူအဖြစ် သတ်မှတ်လိုက်လေသည်။

ဝုတ် ဝုတ်!

"မြှောင်..."

ကြောင်ပေါက်လေးမှာခွေးဝိဉာဉ်ကအနားကပ်လာသဖြင့်ကြောက်လန့်တုန်ယင်သွားကာဝူရုန်လက်မောင်းထဲပုန်းကွယ်နေသည်။

"အခုတော့ ကြောက်ပေါက်လေးကနည်းနည်းစိတ်ထိခိုက်နေပုံရတယ် ။ ပြန်သွားပြီးဂရုတစိုက်စောင့်ကြည့်ပေးပါ။ "

ဆရာဝန်မှကြင်နာစွာ ညွှန်ကြားလာသည်။ "ဒီနေ့ဆေးရုံက အရမ်းရူပ်ထွေးနေတာမို့ သူဒီမှာကြာကြာနေလို့မကောင်းဘူး "

အမှန်ပင် ဒဏ်ရာပြင်းထန်နေသေယကြောင်များခွေးများဆက်လက်ပို့လာနေဆဲ။ ဤဆေးရုံကြီးများ ပစ္စည်းအစုံအလင်နဲ့ လူအင်အားများစွာရှိနေတာတောင် နေရာတော်တော်များများ၌ ပြည့်နေသည်။

ရုတ်တရက်ခွေးနက်လေးမှာတံခါးဆီသို့ ပျော်ရွှင်စွာအော်၍ပြေးသွားသည်။

"ဒီလောက်အလေအလွင့်‌တိရိစ္ဆာန်တွေများနေတာ ငါ့ဆီပိုလာနေတုန်းပဲ။ ဒီနေ့ရှင်ပြီးမနက်ဖြန်သေမလားတောင်မမှန်းဆနိုင်တော့ဘူး။ ငါပရဟိတလုပ်နေတယ်လို့ တကယ်မျထင်နေတာလား?"

အရပ်ရှည်ရှည်မျက်နှာထားဆိုးဆိုး လူငယ်တစ်ယောက်ကျိန်ဆဲလျက်ဖုန်းပြောရင်း ဆေးရုံတံခါးဆီသို့လျှောက်လာနေသည်။ သူသည်ပြောင်းပြန်တြိဂံနှစ်ထပ်လို မျက်လုံးမျိုးရှိသည်။ မျက်သားဖြူများက မျက်ဆံအနက်ထက်များကာ ရက်စက်သောဝံပုလွေ မျက်လုံးများလိုပင်။ အညိုရောအမာရွတ်ပါးပါးတစ်ခုက ခေါင်းထိပ်မှ မျက်လုံးထောင့်ထိကန့်လန့ရှိနေပြီး သူတကိုယ်လုံးနတ်ဆိူအငွေ့သတ်များဖုံးနေသည်။ လက်တိုအင်္ကျီကြောင့် သူ့လက်မောင်းထက်မှ အစွယ်ထက်ထက်နှင့် ခွေးနက်ကြီးတစ်‌ကောင်၏တက်တူးအားမြင်နေရသည်။

    ခွေး‌ပေါက်လေးမှာ သူ့ခြေလှမ်းအတိုင်း လိုက်နေရင်း သူ့အမြှီးများမှာ ရွှင်လန်းစွာဝေ့ယမ်းနေရင်း နီးကပ်စွာလိုက်နေကာ နီးလေကြောက်လေ ဖြစ်ပြီး သူနှင့် ငါးလှမ်းအကွာကနေလိုက်လေသည်။

    ကြည့်ရတာခွေးနက်လေးရဲ့ပိုင်ရှင်ဖြစ်ရမယ်။

    ခွေးများသည်သစ္စာ‌ရှိကြကာ ခွေး ဝိဉာဉ်သည်လည်း လွန်စွာသစ္စာစောင့်သိပေသည်။ သူတို့သည် သခင်နှင့်မလှမ်းမကွာတွင် သူတို့ဝိဉာဉ်မပျောက်ပြယ်သည်အထိရှိနေကြသည်။ သို့သော်အခု လေး တင်ဝင်လာသည့်လူ၏ ရန်လိုတက်သည် အရှိန်အဟုန်က ဝူရုန်မျက်မှောင်ကြုတ်သွားစေသည်။

    အရိုးထဲထိစိမ့်နေသော သွေး‌နံ့ကို အထူးနည်းလမ်းများနှင့် ဖုံးထားလျှင်တောင် ချင်းလင်းကူ ဆီမှမဖုံးကွယ်ထားနိုင်ပေ။ ချင်းလင်းကူနှင့် အာရုံခံစားမူမျှဝေထားသည့် ဝူရုန်သည်လည်း ထိုအရာကိုခံစားနိုင်သည်။

    သူက အသတ်များစွာကို သတ်ထားသူဖြစ်ကာ သူနှင့်အနည်းငယ်ရင်းနှီးနေသည်ဟုခံစားရသည်။

   "အိုး! ဒါက‌တုတ်ချောင်းလေးမလား"

    ဝူရုန်ကိုကြည့်ရင်းဖုန်းချလိုက်သည်။ ထိုလူကြမ်းမှာ သူ့အိပ်ထဲမှဆေးလိပ်ကိုယူပြီး ပါးစပ်ပေါ်တင်လိုက်သည်။ သူကိုကြည်ရင်းနှာမူတ်လိုက်ကာ "ဘာလဲ မင်းရဲ့အကိုကို အသိမှတ်မပြုတော့ဘူးလား ?"

    ယန်ကျားဖင်းရှိ ဝူရုန်အကိုကြီးမှာ လျှို့ပေါင်ဖြစ်သည်။ သူသည်အရာတိုင်းကိုသိကာ အကောင်းဆုံးလူတစ်ယောက်ဖြစ်သည်။ သူတွင် မြေအောက်လောကရော သန့်ရှင်းသောလမ်းတွင်ပါ အဆက်သွယ်များစွာရှိသည်။ ဝူရုန်ကဲ့သို့သူနှင့်ကြာရှည်စွာလက်တွဲလာခဲ့သူများသာ သူ့တွင် လျှို့ဟူ‌ ဟူသော ညီရှိမှန်းသိသည်။ သူတို့မည်သို့ ကျဆုံးသွားမှန်းမသိသလို နောက်ထပ်လည်းမဆက်သွယ်မိပေ။ မည်သို့ပင်ဖြစ်စေ စီနေရာ အရညီအကိုတို့တွေ့ဆုံလျှင် သူတို့မှ ရိုသေလေးစားစွာဖြင့် အကိုဟူ ဟုခေါ်ရပေမည်။ တာအိုနည်းအရ ဝူရုန်မှဆေးလိပ်မီးညှိပေးရပေမည်။

    ဝူရုန် လျှို့ဟူ၏ကောက်ကျစ်ယုတ်မာသောစိတ်ကိုခံစားမိသည်။ "တုပ်ချောင်" ဟူသောအမည်ပြောင်မှာ လျှို့ဟူမှစတင်ခဲ့သော ဝူရုန်နှင့်နီးစပ်စေသော အမည်ပြောင်ပင်။ ပြောစမှတ်တစ်ခုရှိသည်က လွန်ခဲ့သောနှစ်ပေါင်းတစ်ရာ၌ ဂိုဏ်အဖွဲ့စည်းဟောင်းတစ်ခု၏ ရိုးရာတွင် ပန်းနှစ်ပွင့်နှင့်အနီရောင်တုပ်ချောင်းလေးမှာ ဂိုဏ်းထဲရှိလူငယ်များကြားတွင်အတော်ဆုံးနှင့်အသန်မာဆုံးဖြစ်သည်။ ဝူရုန်က သာမာန်လူဖြစ်နေရင်တောင် တစ္ဆေမွေးသူများနှင်ယှဉ်တိုက်ရဲသည်။ လျှို့ပေါင်မှာထိုအချက်ကို သဘောကျကာ သူ့အားထိုအမည်ပြောင်ကိုပေးခဲ့ခြင်းပင်။

    နောက်ပိုင်းတွင်တော့ထိုအမည်ပြောင် "တုပ်ချောင်" ဆိုသည်မှာ ဝူရုန်အားထိုးနှက်ချင်သည့် အချိန်အများစုတွင်သာ သုံးလာကြသည်။ ရွမ်အန်းနဲ့အတူနေပြီး ရွမ်အန်းလွှမ်းမိုးမူကိုခံရသောအခါများတွင် သူအရယ်ခံရသည်။ သူသာ်အမှောင်ထဲသို့ မည်သူ၏တိုက်တွန်းချက်မှ မပါပဲလျှောက်ခဲ့သူဖြစ်သည်။ ဒါပေါ့ ဒါကကောင်းတဲ့အရာတော့ဘယ်ဟုတ်မလဲ။ ဝူရုန်သည် သူ့ရင်ဘက်မှတံဆိပ်ကို မြင်သောအခါ လျှို့ဟူသည်တစ္ဆေမွေးနိုင်ပြီဖြစ်ကြောင်းသိလေသည်။

    "မင်းကမျက်နှာသာမပေးဘူးပေါ့?"

    သူတို့သည်လူအများ၏အာရုံစိုက်မူအလယ်တွင်ရှိနေပြီး ဝူရုန်၏ထူးမခြားနားမျက်နှာက လျှို့ဟူမျက်နှာအား ပိုမှောင်မိုက်စေသည်။ သူ့ရှေ့သို့ခြေနှစ်လှမ်း တိုးလိုက်ကာ ဝူရုန်ကော်လံပေါ်လက်တင်လိုက်သည်။

    လျှို့ဟူရုတ်တရက် နောက်ဆုတ်သွားကာ သူ့လက်ကို ခါလိုက်ပြီး ဝူရုန်အားဒေါသဖြင့်ကြည့်လာသည်။ "မင်းဘာလုပ်လိုက်တာလဲ" ဟုအော်လိုက်သည်။

    ဝူရုန်ကိုထိလိုက်သော သူ့လက်မှာနီရဲယောင်ကိုင်းလာကာ ဝက်လက်လိုဖောင်းပွလာသည်။ အနီရောင်မှအနက်မှတ်ကြီးဖြစ်လာကာ တစ်စုံတစ်ယောက်မှကြာပွတ်ဖြင့်ရိုက်လိုက်သလိုပင်။

    "မြောင်"

    ကြောင်ပေါက်လေးမှာကြောက်လန့်သောအမူအယာဖြင့် တိုးဖျော့စွာအော်လာရင်း ဝူရုန်လက်မောင်းထဲတိုးဝင်သွားသည်။ ဝူရုန်တစ်ခုခုကိုတွေးမိသွားပြီး လျှို့ဟူအားဂရုမစိုက်တော့ပဲ ကြောင်ပေါက်အား‌ ကောင်တာသို့တင်လိုက်သည်။

    " ယာယီစောင့်ရှောက်မူပေးပါဦး"

     နောက်တကြိမ် လျှို့ဟူမျက်နှာလုံးဝမည်းမှောင်သွားသည်။

    ရွမ်အန်း ထိုနေ့က ရူးသွပ်သွားပြီးနောက်ပျောက်သွားကာ လျှို့ဟူငယ်သားမှာ သူကိုရှာမတွေ့တော့ပေ။ ထိုနောက်မှတော့တစ်စုံတစ်ယောက်မှ အထက်ကလူတချို့သူ့အားခေါ်သွားသည်ဟုပြောလာသည်။

    အထက်ကလူ? ဘာလို့များအထက်လယတချို့က ဒီဘက်ကို အာရုံစိုက်လာတာလဲ?
 
    လျှို့ဟူ အထက်ကလူများအား သူဘာလုပ်ထားလဲ သိခွင်မပြုနိုင်ပေ။ သူနှင့်ကြာရှည်စွာ ဆက်သွယ်မူမရှိသော သူ့အကိုကြီးကပါ စိတ်ဝင်စားမူမရှိစွာဖြင့် ရှာဖွေမူကို ဆက်မလုပ်ရန်သတိပေးလာခဲ့သည်။ တယောက်တည်းပြန်လာခဲ့ပြီးနောက်ရက်ပေါင်းများစွာ ဘာလူပ်ရှားမူမှမလုပ်ပဲငြိမ်နေလိုက်သည်။ သူနှင့်နှစ်ပေါင်းများစွာလက်တွဲလာသောဝယ်လက်ဟောင်းများပင် ငြင်းဆန်ထားခဲ့သည်။ သူဒီရက်တွေထဲအိမ်မှာနေကာ ထိုနေ့က ရွမ်အန်းဘာဖြစ်ခဲ့လဲ ဆိုတာကို မရေမတွက်နိုင်တောင်တွေးတောနေခဲ့သည်။

    " လျှို့ဟူ ‌ဝူရုန်ခွေးနဲ့မင်းကိုသတ်သွား‌တာလေ"

    သူကအဲ့နေ့တုန်းကအိမ်မက်မက်နေတာလား ဒါမှမဟုတ် တခုခုကိုမြင်လိုက်တာလား?

    ထိုနေ့မှာပင်လျှို့ဟူသည် သူ့စီးပွားရေူအဟောင်းကိုပြန်လုပ်ကာဝူရုန်ဆီသွားခဲ့သည်။ သူသည်ဝူရုန်အား သူ့စိတ်ထဲ၌ဆူပူကာ သံသယရှိနေသည်။

    "ဒီကောင်လေးက တကယ်ကွာခြားသွားတာပဲ"

    သူဘာကိုတွေးမိနေမှန်းမသိတော့ပေ။ လျှိုဟူပိုပို၍ ကြမ်းကြုတ်လာသည်။ သူတို့နှစ်ဦးကြားရှိလေထုမှာတင်းမာနေသည်။ ဒါကိုမြင်သောမည်သူမဆိုဝင်မလာသူတို့ကြားဝင်မလာရဲပေ။ ခွေးဝိဉာဉ်လေးသား သူပိုင်ရှင်နှင့် သူ့ကိုရေတိုက်ခဲ့သောသူတော်ကောင်းကြားတွင် ပြဿနာအား ကြည့်နေခဲ့သည်။သူသည် ဝူရုန်နှင့်သူပိုင်ရှင်ပြေးသွား၍ ထိုသူတို့၏အာရုံသူဆီရောက်လာရန် ကြိုးပမ်းနေသည်။

    သို့သော်ဝူရုန်အနားတွင်မမြင်နိုင်သောအလွှာတစ်ခုက ဝန်းရံထားသည်။ ခိုတောက်လျှို့ဟူသောခွေးလေးပါသူမကပ်နိုင်ပေ။ ခွေးနက်လေး အနည်းငယ်တိုးသွားသောအခါ အားနည်းသွားပြီး နစ်နာသလိုခံစားလိုက်ရ၍ ‌အူလိုက်ကာ သူဝိဉာဉ်မှာလည်း အားနည်းသွားသည်။

    ဝူရုန်ဘယ်မျက်လုံးအနည်းငယ်ပူလာသည်။ သူသည် မသဲမကွဲဖြင့် လျှို့ဟူလက်မောင်းမှ ခွေးနက်ကြီး ရ ပို၍ နက်မှောင်လာနေသည်ကိုမြင်လိုက်သည်။ သူမျက်လုံးများမှာပိုရူးသွပ်၍ ကြမ်းတမ်းလာသည်။ အစွယ်များက ပိုထက်မြလာသည်။ သူသည် သွေးရောင်နီစွေးနေသောလျှာဖြင့်သွားများကို သပ်လိုက်ပြီး သူ့ကာ ယုတ်မာ ရက်စက်သောအကြည့်များဖြင့် ကြည့်နေသည်။

    ဝူရုန်မျက်လုံးများ စူးရှသွားသည်။ ခွေးတက်တူးကြီးမှာတစ်စုံတစ်ရာအားအာရုံခံမိသွားသည်။ သူသည်မရေမရာဖြစ်သွားကာ သူ့ပါးစပ်ကိုပိတ်လိုက်သည်။ ဘေးပတ်လည်ကကိုလိုက်ကြည့်နေသည်မှာ ဝံပုလွေတစ်ကောင်မှ ဟက်စကီးတစ်ကောင်အဖြစ်ပြောင်းသွားသလိုပင်။လျှို့ဟူသူ့လည်ပင်းနောက်မှ အေးစက်သွားသလိုခံစားရသေယ်လည်း ဝူရုန်ကိုသာ ရက်စက်ကြမ်းတမ်းသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။

    ရုတ်တရက်ခွေးလေးမှာ သနားစရာကောင်းစွာ အော်လာရင်း ပျောက်ကွယ်သွားသည်။ လျှို့ဟူလက်မောင်းမှခွေးနက်ကြီူ၏တက်တူးအရောင်များလည်း မှိန်ဖျော့သွားကာအရောင်လွင့်သွားသလိုပင်။ ဒီပုံစံက သူအားနူးညံ့၍ အန္တရယ်မရှိသည့်ပုံပေါ်စေသည်။ အခုလေးတင် ဝူရုန်လက်မောင်းထဲ ချွဲနေသော ကြောင်ပေါက်လေးမှာရုတ်တရက်သူ့လက်ကိုလွတ်လိုက်ကာ ‌တဖက်လှည့်၍ ဒေါက်တာလက်ထဲခုန်၀င်လိုက်ပြီး သူ့၏တုန်ယင်နေသော အမြှီးလေးသာဖော်ထားသည်။

     လျှိုဟူကအလွန်ပြင်းထန်နေရာက သူ့မျက်နှာတောင့်တင်းသွားပြီး ဆက်မလူပ်ရှားနိုင်တော့ပေ။ သူမျက်လုံးများ အလန့်တကြားလူပ်ရှားနေကာ ဒါကပဲ တောင့်တင်းပြီး ကြမ်းကြုပ်နေသော သူကိုပိုပြီးရယ်စရာကောင်းစေသည်။

    "ဝူရုန်"

    ချောမောကြည့်ကောင်းသောပုံရိပ်တစ်ခု ဝူရုန်ရှေ့လျှောက်လာသည်။ သူ့အသွင်အပြင်ကပေါ့ပါးသည်။ မတွေ့ရတာရက်ပေါင်းများစွာကြာသည့်တိုင် သူ့အသွင်ပြင်မှာ ကြိုးကြာတစ်ကောင်လို အေးစက်ကာ မြင့်မြတ်နေစဲပင်။ ဝူရုန်သူ့ရင်ဘက်ပေါ်တွင်ကောင်းကင်သခင် ကိုယ်စားပြုသော တံဆိပ်တစ်ခုကိုတွေ့လိုက်သည်။

    "ဂုဏ်ယူပါတယ်"

    ဖုချင်းအသာအယာပင်ခေါင်းငြိမ့်လိုက်ကာ ဝူရုန်ယာယီထိန်းသိမ်းခွင့်တွင် စာရင်းဖြည့်ပြီးနောက် ဝူရုန်နှင့် အတူထွက်လာခဲ့သည်။ လူနှစ်ယောက်မှာလျှို့ဟူဘေးမှ ဂုဏ်သရေရှိစွာဖြတ်လျှောက်သွားသည်။ သူသည်ရုပ်ထုတစ်ခုလို ဟောခန်းထဲရပ်တန့်နေစဲဖြစ်ကာ ဖြတ်သွားဖြတ်လာများကသူကိုကြည့်လာသည်။သူသည်လူထုကြားထဲရိုးရှင်းစွာပင်ဖော်ထုတ်ထားခြင်းခံရသည်။

    သူ့နောက်ကျောမှအဝါရောင်အဆောင်တစ်ခုကပ်နေသည်ကိုတွေ့ရသောအခါ သူ့စိတ်အခြေပိုကောင်း သွားသည်။ထွက်လာပြီးနောက်တွင် သူနှင့်ဖုချင်းစကားပြောဖြစ်ကြသည်။

   ဝူရုန် "ဖုတောက်ကျန့် ကျိုးရွမ်မင်းကို ဒီကိုလွှတ်လိုက်တာလား?"

   ဖုချင်း : "ဖုချင်း"

   "ဖုချင်း"

    "ဟမ်"

    ဝူရုန်မျက်နှာသေဖြင့် ဟာသပြောသည် " ဖုချင်း ထန်းရှီတစ်ယောက်က စည်းစာသားနဲ့ အနိုင်ကျင့်ရင် အပြစ်ပေးခံရလား?"

    "နေရာမှားသုံးတာမဟုတ်ဘူး"

    ဖုချင်းကပေါ့ပါးစွာဖြင့်ပြောသည် " သူကပြဿနာရှာနေတာ"

    "ကိစ္စမရှိပါဘူး ငါ့ဘာသာဖြေရှင်းနိုင်ပါတယ် "

    ဖုချင်းသည် " သူ့မှနတ်ဆိုးမျက်လုံးရှိနေပြီး မကျေနပ်မူတွေနဲ့ပြည့်နေတာ။ စည်းစာသားသာ အနက်ရောင်ပြောင်းသွားရင် ၇ရက်အတွင် အမှားအယွင်းတစ်ခုခုကြောင့်သေလိမ့်မယ်"

    နောက်ဆုံးတွင်အကြင်နာမဲ့စွာ နိဂုံးချုပ်ပေးလိုက်သည် "ကံ‌ဆိုးပါစေ"

    ဝူရုန်၏ဖုချင်းအပေါ်စိတ်ဝင်စားမူကထပ်တိုးသွားသည်။ သူသည်လည်းလျှို့ဟူသည်ကောင်ူသည့်အရာမဟုတ်မှန်းခံစားမိသည်။ သူသည်လမ်းဘေးတိရိစ္ဆာန်များအတွက် နားနေဆောင်ဖွင့်ထားသော်လည်း သူတွင်သွေးနံ့ဖြင့်ပြည့်နေသည်။ သူ့လက်မောင်းပေါ်မှခွေးနက်တက်တူးမှာ တစ္ဆေဆန်ကာ နတ်ဆိုးဖြစ်လုနီးပါပင်။ ခွေးနက်များကိုနတ်ဆိုးဝိဉာဉ်ပယောဂချွတ်ရာနှင့် ကပ်ဆိုးများရှောင်လွဲရာတွင်သုံးသော်လည်း အခုတော့ သူတို့မှာ နတ်ဆိုးသတ္တဝါဖြစ်လာနေသည်။ ယန်ဓာတ်အများဆုံးရှိသောခွေးနက်နဲ့ကြက်ဖများသားနတ်ဆိုးအဖြစ်ပြောင်းသွားလျှင် သာမန်တိရိစ္ဆာန်များထက်ပိုအန္တရယ်များကာ ကြောက်စရာကောင်းပေးသည်။

    မတရားတဲ့သူတွေက ကံကြမ္မာဆိုးနှင့်ဖျတ်ဆီးခံရမှာပဲ။

    သို့သော် ဖုချင်းကသူ့အား ဒီသာမန်ဆန်လှသော ဆေးရုံကိုခေါ်လာသောအခါတွင်တော့ ဖုချင်းအပေါ်သူ့ယုံကြည်မူကလျော့ရဲသွားသည်။

    ယန်ကျားဖင်းလေးခုမြောက်ဆေးရုံ။

    အမည်အပြည့်အစုံမှာ ဆေးဘက်ဆိုင်ရာတက္ကသိုလ်များအစည်းအရုံးသားဖွားမီးယပ်ဆေးရုံ ဖြစ်သည်။

   "ကျေးလက်ဒေသတွေမှာ နတ်ဆိုးကြောင့်ကူးစက်မူတွေအများအပြားရှိနေတော့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ စမ်းသပ်ခန်းက ဒါကို ဖြေရှင်းနေရတယ်"

    ဖုချင်းသည်ဆေးရုံတံခါးမှ တည်ငြိမ်‌စွာလျှောက်လာရင်းဝူရုန်အားရှင်းပြသည် " လေးခုမြောက်ဆေးရုံမှာသင့်တော်တဲ့ပစ္စည်းတွေရှိတယ် တစ္ဆေအမှတ် စစ်ဆေးတဲ့အဆင့်ကို ဒီဘက်ကိုရွေ့လိုက်တာ။ စာရင်းရတာနဲ့ ပြည့်သူလုံခြုံရေးဗျူရိုကိုသွားပြီူ စာရင်းသွင်းရမယ်"

    သားဖွားမီးယပ်ဆေးရုံမှာ ဘယ်လိုတစ္ဆေအမှတ်စစ်ဆေးတဲ့ကိရိယာရှိနေရတာလဲ?

_ _ _ _

4373 words

9:25 Pm,Sun Mar26,2

Zawgyi

က်ိဳးရြမ္သည္ သူ႔၏စိတ္ပါဝင္စားမူႏွင့္ပတ္သတ္၍ စစ္ေဆးရန္ တစ္စုံတစ္ေယယက္အားဆက္သြယ္ေပးမည္ဟုေျပာခဲ့သည္။ ထိုထူမလာခင္မွာပင္ ေၾကာင္ေပါင္အား စစ္ေဆးသည့္ အေျခေနမွာလ်င္လ်င္ျမန္ျမန္ပင္ၿပီးသြားခဲ့သည္။ ဝူ႐ုန္ခန္းမက်ယ္ရွိဆိုဖာလြတ္တစ္လုံးေပၚ ထိုင္၍ေစာင့္ေနလိုက္သည္။ တိရိစၧာန္ေဆး႐ုံမွာႀကီးမားၿပီးပစၥည္းကရိယာမ်ားစုံလင္လွကာ သစ္လြင္သည္။ စာအုပ္စင္‌ငယ္ေလးတစ္ခုဆိုဖာေဘးတြင္ လူအမ်ား ဖတ္႐ူနားေနနိုင္ရန္အတြက္ ထားေပးထားသည္။ ထိုေဘးတြင္ ႀကီးမားေသာဟမ္းစတားေလွာင္အိမ္ႀကီး တခုရွိကာ ထိုထဲတြင္ ႀကီးမားလုံးဝန္းေတေသာဟမ္းစတားတစ္တြဲရွိသည္။

ဟမ္းစတားကိုၾကည့္ရင္း ဝူ႐ုန္လည္ေစ့လူပ္ရွားသြားကာ မျမင္ရေသာဆာေလာင္မူတစ္ခုသူ႔ႏွလုံးသားမွထြက္ေပၚလာသည္။ သူေၾကာင္အ သြားရ၍ တုန႔္ျပန္လိုက္ၿပီးေနာက္ ဟမ္းစတားေလွာင္အိမ္သို႔ တိမ္းညႊတ္ေနေသာ ျမစိမ္းေရာင္နားကပ္ေလးကို ျဖဳတ္ယူလိုက္သည္။

"ဟမ္းစတားေတြက မင္းထက္အေကာင္ႀကီးတယ္" (T/N အစားပုတ္ေလးေတြကိုပိုင္ဆိုင္ထားရေသာမားမားဝူ႐ုန္ ေလး 🥹)

ထိုသို႔ေျပာၿပီးေနာက္တြင္ေတာ့ ေႁမြစိမ္းကေလးမွာ သူ႔အၿမီးထိပ္အား ဝူ႐ုန္လက္သန္းတြင္ရစ္ပတ္ထားကာ ဟမ္းစတာူေတြရွိရာဘက္သို႔ သြားရည္တမ်ားမ်ားျဖင့္ စိုက္ၾကည့္ေနေလသည္။ ဒီေန႔ရာတြင္ ဘယ္သူမွမရွိ ထို႔ေကာင့္ဝူ႐ုန္ကရိုးရွင္းစြာျဖင့္ ဟမ္းစတား‌မ်ားႏွင့္မ်က္ႏွာခ်င္းဆိုင္ သစ္ရြက္စိမ္းေပၚသို႔ ေႁမြစိမ္းေလးအားတင္ေပးလိုက္သည္။ ဒါဟာသူ႔အေနျဖင့္ ကူ၏ခံစားခ်က္မ်ားကိုရွင္းရွင္းလင္းလင္းသိနားလည္ကာ သက္ေရာက္ခံရေသာပထမဆုံးအႀကိမ္ပင္။ ပင့္ကူေလးမွာေမြးကာစျဖစ္ကာ ဆက္သြယ္မူမ်ားကမေခ်ာေမြ႕ေသးေပ။ က်ဳံးကူမွာဥပင္မေပါက္‌ေသး‌လည္း ထိုအရာေလးမွာတစ္ေနါတာလုံး ဆာ‌ေလာင္မူ တစ္ခုသာလၽွင္ရွိေနသည္။

ခ်င္းလင္းကူသည္သာ အဖြားဝူ၏ၾကာျမင့္စြာပ်ိဳးေထာင္ခဲ့ၿပီးျဖစ္သျဖင့္ စိတ္ဝိဉာဥ္ရွိလာေနၿပီျဖစ္သည္။ ေပါင္းစပ္ၿပီးေနာက္တြင္ ကူမ်ားသည္ ဝူကလန္ ေသြးမ်ား ပါဝင္ပတ္သတ္လာသည္။ ဝူ႐ုန္သည္သဘာဝက်စြာပင္ ခ်င္းလင္းကူ၏ အာ႐ုံခံစားမူမ်ားကိုခံစားရေပသည္။

ဒါက အနာဂါတ္တိုက္ပြဲအတြက္အက်ိဳးရွိေသာ္လည္း တခ်ိဳ႕ေသာအမိူက္လိုခံစားခ်က္ျဖစ္သည့္ ဟမ္းစတားမ်ားအေပၚေလာဘတက္ျခင္းႏွင့္ ပိုးေကာင္မ်ားကိုစားခ်င္ေသာဆႏၵမ်ားအား ကာကြယ္နိုင္ရန္သင္ယူထားဖို႔လိုသည္။

သူစိတ္ထဲမွေန၍ "ကူဘုရင္သီခ်င္း" အႏွစ္သာရေဖာ္ျမဴလာႏွင့္ တျဖည္းျဖည္း ရွင္းလင္းေနၿပီး သူမ်က္လုံးမ်ားအားအသာအယာမွိတ္ထားရင္ တည္ၿငိမ္ေသာအေျခသို႔ျပန္လည္ေရာက္လာေလသည္။

သစ္ရြက္စိမ္းေပၚမွ ေႁမြစိမ္းေလးမွာ အနက္ေရာင္ပဲေစ့လိုမ်က္လုံးမ်ားျဖင့္ ဘီးေပၚရွီ ဟမ္းစတား အား စိတ္ဝင္တစားလိုက္ၾကည့္ေနသည္။ ဦးေခါင္းသည္လည္း ဘီးအတိုင္းေပ်ာ္ရႊင္စြာလိုက္ေရြ႕ေနသည္။ ေႁမြေလး၏အမဲလိုက္လိုစိတ္က သူ႔သြားမ်ားက ယားယံလာေစကာ မသိလိုက္မီမွာပဲ အနီးသို႔တိုးကပ္သြားသည္။

ဘယ္သူမွသတိမထားမိခ်ိန္တြင္ အစိမ္းေရာင္သစ္ရြက္မ်ား၏အရိပ္ထဲသို႔အျဖဴေရာင္ပုံရိပါတစ္ခု‌တြားသြားလာသည္။ ေကာက္က်စ္ကာရက္စက္ေသာမုဆိုးသည္ သူ႔လက္သည္းႏွင့္ အစြယ္ကို ထုတ္ျပလာသည္။ သူ၏ေလာဘတႀကီးမ်က္လုံးမ်ားသည္ ခ်င္းလင္းကူ ၏ အျမႇီးထိပ္သို႔ စိုက္ၾကည့္ေနသည္။ ထိုအရာကတိတ္တဆိတ္ေနာက္ကခုန္အုပ္ရန္ အသင့္ပေနထားျဖစ္ေနသည္။

ထိုအခ်ိန္မွာပဲ_ _ _

"ဝုတ္ ဝုတ္ ဝုတ္!"

ဝူ႐ုန္ေခြးေဟာင္သံေၾကာင့္နိုးလာရကာ သူ႔မ်က္လုံးေထာင့္မွေန၍ အျဖဴေရာင္ဖက္ထုပ္လုံးတစ္ခုက ေႁမြေလးအား ခုန္အုပ္ရန္လုပ္ေနသည္အား ေတြ႕လိုက္သည္။ သူခ်က္ခ်င္းတုန႔္ျပန္လိုက္ကာ လက္ဆန႔္ထုတ္လ်က္ တဖက္သူ၏လည္ပင္းအား တိက်စြာဖိခ်လိုက္သည္။

"ေျမာင္"

ေၾကာင္ေပါက္ေလး၏ ရာႏူန္းျပည့္ သၾကားဓာတ္ႂကြယ္ဝေသာအသံမွာ အလြန္ျမဴဆြယ္နိုင္သည္။ ဒါကသူေကာက္လာေသာေၾကာင္ေပါက္ေလးပင္။ သူ႔အျမႇီးထိပ္ေလးက ေကြးထားကာ သူ႔လက္ဖဝါးမ်ားကပန္းေရာင္ေလးပင္။ သူသည္နစ္နာေနဟန္လည္ေခ်ာင္းမွအသံတအီအီလုပ္ေနသည္။ သူ၏စိုစြတ္ေနေသာမ်က္ဝန္ျပာမ်ား မိုးေရထဲစိုစြတ္ေနေသာ အျပာေရာင္ပန္မ်ားလိုပင္ အလြန္မွလွပေပသည္။ သိပ္မၾကာခင္တြင္ဆရာဝန္တစ္ေယာက္မွ ေဆြးေႏြးခန္းမွ စိတ္လူပ္ရွားစြာေျပးထြက္လာသည္။ ဝူ႐ုန္ေၾကာင္ေပါက္ေလးအားျမင္ေသာအခါမွ စိတ္သက္သာရာရသြားသည္။

"ေတာင္းပန္ပါတယ္။ ငါဒါေလးကို ခဏေလာက္မၾကည့္လိုက္တဲ့အခ်ိန္ ထြက္ေျပးသြားေစမိတယ္ "

ေဒါက္တာမွေတာင္းပန္လာက ဝူ႐ုန္ဆီမွ ေၾကာင္ေပါက္ေလးအားျပန္ယူလိုက္သည္။ သူသည္ တြန႔္ဆုတ္ေသာအမူယာျဖင့္ျပဳံးျပလာကာ " မင္းနဲ႔ေၾကာင္ေပါက္ေလးက ခဏေလးေတာင္မခြဲနိုင္တဲ့မိသားစုဝင္ေလးျဖစ္ရမယ္။ ငယ္ငယ္ထဲကေမြးထားတာလား?"

"မဟုတ္ဘူး"

ဝူ႐ုန္ ခဏမၽွေတြးၿပီးေနာက္ "သူကလမ္းေပၚမွာ ကားႏွင့္ဝင္တိုးလာခဲ့တာ"

ဆရာဝန္ ...

"ဒီေန႔ေခတ္မွာ ေၾကာင္ေတြလည္း ကားေရွ႕ဝင္တိုးၿပီးေလ်ာ္ေၾကးေတာင္းတက္ေနၿပီေပါ့။ ၾကည့္ရတာျဖစ္ပ်က္ေနသမၽွကေတာ့ ဘုရားရဲ့အလိုေတာ္အတိုင္းပါပဲ ဟဟ!"

ရွက္ရြံစြာျဖင့္ဘဆရာဝန္မွာေၾကာင္ေပါက္ေလးအားဆက္လက္စစ္ေဆးေနသည္။ သူအေဝးသို႔ေလၽွာက္သြားေသာ္လည္း ဝူ႐ုန္မ်က္လုံးမ်ားက ဆရာဝန္ရပ္ေန‌ခဲ့ေသာေနရာတြင္သာရွိ‌ေနခဲ့သည္။

"ဝုတ္ ဝုတ္ ဝုတ္!"

ေခြးကေဟာင္လာျပန္ကာ အနည္ူငယ္က်ယ္ေလာင္ၿပီး ေခြးေပါက္စအသံႏွင့္မတူပဲအရြယ္ေရာက္ေခြးတစ္ေကာင္လိုပင္။

ထိုအရာေလးမွာ အနက္ေရာင္ေခြးေပါက္ေလးျဖစ္ၿပိး ဝူ႐ုန္စိုက္ၾကည့္ေနေသာ ေနရာတြင္ရွိေနသည္။ ထိုေကာင္ေလးမွာ တကိုယ္လုံးနက္ေမွာင္ေနရာ နားရြက္ထိပ္ႏွင့္ ဗိုက္တြင္သာ ညိဳဝါေရာင္ရွိၿပီး အျမႇီးမွာ တံစဥ္ႏွင့္တူ၍ သူေရွ႕ေျခမ်ားကို ယွက္ထားလ်က္ နားရြက္မ်ားေထာင္ကာ ဝူ႐ုန္အားစူးစမ္း၍ ရင္းႏွီးလိုစြာၾကည့္ေနသည္။

အခုေဟာင္လိုက္တာ ဒီေခြးေပါက္ေလးလား။ ၾကည့္ရတာ ဒီဆရာဝန္ကိုသူသိ‌ပုံေပၚတယ္။ ထိုအေကာင္ေပါက္သူ႔ႏွင့္ နီးကပ္လာေသာအခါ အသက္႐ူျခင္းႏွင့္အျမႇီးယမ္းခ်င္းကိုခက္ခက္ခဲခဲလုပ္ေနရေၾကာင္း ေတြ႕ရသည္။ သို႔ေသာ္အစကေနအဆုံးထိေဒါက္တာမွၾကည့္မလာခဲ့သလို႔ ငဲ့ေစာင္း၍ပင္မၾကည့္ခဲ့။

ဒါဟာမၾကည့္တာမဟုတ္ပဲ မျမင္နိုင္ျခင္းသာ။

ျဖစ္နိုင္တာဒါကေခြးေသတစ္ေကာင္ရဲ့ဝိဉာဥ္ပဲ။

ေခြးေပါက္ေလးမွာဆရာဝန္ဆီမွအာ႐ုံစိုက္မူမရသျဖင့္ဆုံး႐ူံးသလိုခံစားသြားရကာ တ႐ူံ႐ူံလုပ္ေနရင္း ဝူ႐ုန္ေရွ႕တြင္ပင္ ေခြယိုင္စြာျဖင့္ လွဲေလ်ာင္းေနသည္။ သူသည္ျဖတ္သြားျဖတ္လာမ်ားဘာေၾကာင့္သူအားဂ႐ုမစိုက္လည္း ဆိုတာနားမလည္ေပ။ သူႏွင့္ရင္းႏွီးသူမ်ားေတြ႕တိုင္းထိုသူမ်ားဆီအေျပးသြားကာအျမႇီေဝ့ယမ္းလ်က္ေပ်ာ္ရႊင္စြာေဟာင္ရင္း ေဘာင္းဘီမ်ားအားသူေခါင္းျဖင့္ပြတ္သပ္၍ အာ႐ုံစိုက္မူရေအာင္လုပ္ခဲ့ေသာ္လည္း အဆုံးမွာစိတ္ဓာတ္က်စြာျပန္လာရျမဲပင္။

လွဲခ်လိုက္ေသာအခါဝူ႐ုန္သည္‌ေခြးေလး၏ေၾကာက္စရာေကာင္းလွေသာေနာက္ျခမ္းကိုေတြ႕လိုက္ရသည္။ သူ႔အျမႇီးကတဝက္က်ိဳးေနၿပီး ခႏၶာကိုယ္တစ္ခုလုံး ဒဏ္ရာအျပည့္ႏွင့္ျဖစ္သည္။ ဘယ္ေျခမွာက်ိဳးေနသည္။ သံပိုက္သို႔မဟုတ္တျခားခပ္တုံးတုံးအရာတစ္ခုေၾကာင့္က်ိဳးသြားပုံေပၚသည္။ သူ႔အ‌ေရျပားအေသြးအသားႏွင့္ အရိုးအားလုံးပ်က္ဆီးေနသည္။ ဒါ့အျပင္ေရေႏြးပူေၾကာင့္ေရၾကည္ဖုထေနေသာအနာႀကီးလည္းရွိေသးကာ စီးကရက္နဲ႔အတို႔ခံထားရေသ ဒဏ္ရာမ်ားစြာ၊ဓားထက္ထက္ႏွင့္ လွီးခံထားရသျဖင့္ ေသြးမ်ားယိုစီးေနဆဲျဖစ္ေသဒဏ္ရာမ်ားရွိေနသည္။

ဒါကနိုပ္စက္ခံရၿပီးေသသြားတဲ့ေခြးပဲ။

ဝူ႐ုန္သူနာျပဳမ်ားေျပာခဲ့ေသာေခြးႏွင့္ေၾကာင္မ်ား နိုပ္စက္ေသာအမူအားသတိရလိုက္သည္။ ေခြးေလးမွာသူေသ သြားသည္ကိုမသိေသးေပ။ သူသည္နံရံေဘးတြင္ထားထားေသာေခြးစားခြက္ထဲမွေရကိုေသာက္ခ်င္ေနေသာ္လည္းေသာက္မရ။

ေနသည္ပူသထက္ပူလာသည္။ ေဆး႐ုံမွန္အားျဖတ္၍ လင္းထင္းေနေသာ ေနက ေခြးေလးအားညႇိုးေလ်ာ္လာေစသည္။ ထိုအေကာင္ေလးမွာသစ္ပင္မ်ားစြာရွိ၍ အရိပ္ရေသာေနရာသို ဆုတ္လာခဲ့သည္။ ထိုေနရာတြင္ေခြေနခဲ့သည္။ ႀကိမ္ဖန္မ်ားစြာစိတ္အားထန္သန္မူအားတုန႔္ျပန္မူမရလာခဲ့သျဖင့္ သူစိတ္လူပ္ရွားစြာေျပးသြားျခင္းအားစိတ္မပါေတာ့ေပ။ ေခြးေလးမွာ လူအမ်ားသြားလိုက္လာလိုက္အလုပ္႐ူပ္ေနေသာေနရာအား ဝမ္းနည္းစြာျဖင့္မိူင္ေတြၾကည့္ေနသည္။

ဘယ္သူမွသူ႔ကိုမျမင္ရေပ။

ေနအပူျပင္းသထက္ျပင္းလာျခင္းက ေခြးေလးအားမူးေဝေစသည္။ သတိလက္လြတ္ျဖင့္ဝူ႐ုန္ရွိရာဘက္ေခြးေလးလွဲခ်လာသည္။ ဒီေနရာတဝိူက္က အလြန္ေအးသည္ဟုသူခံစားလို႔ရသည္။ ဝူ႐ုန္ထိုေခြးေလးအားၾကည့္လိုက္ေသာအခါ သူ႔လၽွာထုတ္၍ အသက္႐ူေနသည္ကိုေတြ႕လိုက္သည္။ သိသိသာသာကိုပဲ သူပူေနခဲ့တာပင္။ တခ်ိန္တည္းမွပင္ သူကိုယ္ထည္က ေသးသထက္ေသးလာသည္။ တိရိစၧာန္မ်ား၏ဝိဉာဥ္မွာ လူေတြထကမ ပိုအားနည္းသည္။ ဒါ့အျပင္ယေန႔ရာသီဥတုမွာအလြန္ပူျပင္းသည္။ ဒီလိုသာဆက္သြားလၽွင္သူ႔ဝိဉာဥ္မွာမၾကာခင္ ေပ်ာက္ကြယ္သြားနိုင္သည္။

° ° °

"ဝုတ္?"

ထိုင္းမိူင္းေနေသာအေျခေနတြင္ေခြးေပါက္ေလး ေရေအးေအးေလနဲ႔ခ်ိဳးလိုက္ရသလိုအလြန္သက္ေသာက္သက္သာရွိသြားသည္။ သူ႔ကိုယ္ေပၚမွအနာမ်ားပင္ မနာေတာ့သလို။ သူအရမ္းကိုေရဆာေနခဲ့သည္။ သာမန္ရက္ေတြ၌ေနပူဆာလုံသေလာက္ေနအပူမွာယေနတြင္ေတာ့ မီးလုံးတစ္ခုအျဖစ္ေျပာင္းသြားသလိုပင္။ ဘယ္ေနရာတြင္ပုန္းေနေန ေလာင္ကၽြမ္းေနခဲ့သည္။ ေခြးေပါက္ေလးမွတခုခုကိုေတြ႕သြားသလို စတင္၍ ခက္ခက္ခဲခဲလူပ္ရွားလိုက္သည္။ သူႏွာေခါင္းထိပ္မွာ႐ုတ္တရက္ေအးသြားသလိုပဲ။

ဒါကေရပဲ!

သူခ်က္ခ်င္းထထိုင္လိုက္ၿပီး သူေရွ႕မွဗန္းအား စိတ္အားထက္သန္စြာၾကည့္လိုက္သည္။ ဗန္းတစ္ခုလုံးတြင္ ေရခဲလိုအလႊာတခုႏွင္ျပည့္ေနကာ ေအးစက္လွသည္။
ေခြးေပါက္ေလးဗန္းဆီမေရာက္ေသးေသာ္လည္း ေရႏွင္ထိသြားေသာ သူႏွာေခါင္းထိပ္ေလးေအးသြားသည္။ ဒါတကယ့္ေရပဲ။ ေခြးေလးေရဆာေနခဲ့သည္မွာၾကာလွၿပီ။ သူေရအားလုံး‌ကုန္ေအာင္မေသာက္နိုင္။ သူတျခားသူမ်ားအားအကူညီလိုက္ေတာင္းစဥ္က ဂ႐ုစိုက္မူမရခဲ့ေပ။

ေခြးေလးသူ႔ေခါင္းကိုငုံလ်က္ စတင္ လ်က္ရန္ႀကိဳးစားလိုက္သည္။ သူအမွန္တကယ္ေရေသာက္နိုင္ေၾကာင္းသိရေသာအခါ သူ႔ေခါင္းအားေပ်ာ္ရႊင္စြာနစ္ျမဳပ္ထားေတာ့သည္။ အရမ္းေပ်ာ္တာပဲ။

"စစ္ေဆးမူေတြအားလုံးၿပီးသြားၿပီ ဒဏ္ရာႀကီးႀကီးမားမားမရွိဘူး"

ဝူ႐ုန္ေကာင္တာ‌မွေၾကာင္ေပါက္ေလးအားယူလိုက္ကာ ဆရာဝန္မွေျပာျပလာေသာႀကိဳတင္ကာကြယ္မူမ်ားအားနားေထာင္ေနသည္။ ႐ုတ္တရက္သူ႔ေဘာင္းဘီအဆြဲခံလိုက္ရသျဖင့္ငုံၾကည့္လိုက္သည္။ သူ႔ေျခေထာက္နားတြင္အျမႇီးတယမ္းယမ္းႏွင္ ပြတ္သပ္ေပ်ာ္ရႊင္ေနေသာေခြးေပါက္ေလးအားေတြ႕လိုက္သည္။ သူမ်က္လုံးမ်ားကနက္ေမွာင္ေနကာ ၾကယ္မ်ားလို႔ေတာက္ပေနသည္။ သိသိသာသာပင္ကိုအေကာင္ေလးဗန္းထဲကေရမ်ားမွတဆင့္ဝူ႐ုန္အနံ့အားသိခဲ့ျခင္းပင္။ ေခြးမ်ား၏ကမၻာမွာလြန္စြာရိုးရွင္းသည္။ ေခြးေပါက္ေလးမွာသူအားေရေသာက္ရန္ ေပးခဲ့ေသာဝူ႐ုန္အား ေကာင္းမြန္ေသာလူအျဖစ္ သတ္မွတ္လိုက္ေလသည္။

ဝုတ္ ဝုတ္!

"ေျမႇာင္..."

ေၾကာင္ေပါက္ေလးမွာေခြးဝိဉာဥ္ကအနားကပ္လာသျဖင့္ေၾကာက္လန႔္တုန္ယင္သြားကာဝူ႐ုန္လက္ေမာင္းထဲပုန္းကြယ္ေနသည္။

"အခုေတာ့ ေၾကာက္ေပါက္ေလးကနည္းနည္းစိတ္ထိခိုက္ေနပုံရတယ္ ။ ျပန္သြားၿပီးဂ႐ုတစိုက္ေစာင့္ၾကည့္ေပးပါ။ "

ဆရာဝန္မွၾကင္နာစြာ ညႊန္ၾကားလာသည္။ "ဒီေန႔ေဆး႐ုံက အရမ္း႐ူပ္ေထြးေနတာမို႔ သူဒီမွာၾကာၾကာေနလို႔မေကာင္းဘူး "

အမွန္ပင္ ဒဏ္ရာျပင္းထန္ေနေသယေၾကာင္မ်ားေခြးမ်ားဆက္လက္ပို႔လာေနဆဲ။ ဤေဆး႐ုံႀကီးမ်ား ပစၥည္းအစုံအလင္နဲ႔ လူအင္အားမ်ားစြာရွိေနတာေတာင္ ေနရာေတာ္ေတာ္မ်ားမ်ား၌ ျပည့္ေနသည္။

႐ုတ္တရက္ေခြးနက္ေလးမွာတံခါးဆီသို႔ ေပ်ာ္ရႊင္စြာေအာ္၍ေျပးသြားသည္။

"ဒီေလာက္အေလအလြင့္‌တိရိစၧာန္ေတြမ်ားေနတာ ငါ့ဆီပိုလာေနတုန္းပဲ။ ဒီေန႔ရွင္ၿပီးမနက္ျဖန္ေသမလားေတာင္မမွန္းဆနိုင္ေတာ့ဘူး။ ငါပရဟိတလုပ္ေနတယ္လို႔ တကယ္မ်ထင္ေနတာလား?"

အရပ္ရွည္ရွည္မ်က္ႏွာထားဆိုးဆိုး လူငယ္တစ္ေယာက္က်ိန္ဆဲလ်က္ဖုန္းေျပာရင္း ေဆး႐ုံတံခါးဆီသို႔ေလၽွာက္လာေနသည္။ သူသည္ေျပာင္းျပန္ႀတိဂံႏွစ္ထပ္လို မ်က္လုံးမ်ိဳးရွိသည္။ မ်က္သားျဖဴမ်ားက မ်က္ဆံအနက္ထက္မ်ားကာ ရက္စက္ေသာဝံပုေလြ မ်က္လုံးမ်ားလိုပင္။ အညိဳေရာအမာရြတ္ပါးပါးတစ္ခုက ေခါင္းထိပ္မွ မ်က္လုံးေထာင့္ထိကန႔္လန႔ရွိေနၿပီး သူတကိုယ္လုံးနတ္ဆိူအေငြ႕သတ္မ်ားဖုံးေနသည္။ လက္တိုအကၤ်ီေၾကာင့္ သူ႔လက္ေမာင္းထက္မွ အစြယ္ထက္ထက္ႏွင့္ ေခြးနက္ႀကီးတစ္‌ေကာင္၏တက္တူးအားျမင္ေနရသည္။

    ေခြး‌ေပါက္ေလးမွာ သူ႔ေျခလွမ္းအတိုင္း လိုက္ေနရင္း သူ႔အျမႇီးမ်ားမွာ ရႊင္လန္းစြာေဝ့ယမ္းေနရင္း နီးကပ္စြာလိုက္ေနကာ နီးေလေၾကာက္ေလ ျဖစ္ၿပီး သူႏွင့္ ငါးလွမ္းအကြာကေနလိုက္ေလသည္။

    ၾကည့္ရတာေခြးနက္ေလးရဲ့ပိုင္ရွင္ျဖစ္ရမယ္။

    ေခြးမ်ားသည္သစၥာ‌ရွိၾကကာ ေခြး ဝိဉာဥ္သည္လည္း လြန္စြာသစၥာေစာင့္သိေပသည္။ သူတို႔သည္ သခင္ႏွင့္မလွမ္းမကြာတြင္ သူတို႔ဝိဉာဥ္မေပ်ာက္ျပယ္သည္အထိရွိေနၾကသည္။ သို႔ေသာ္အခု ေလး တင္ဝင္လာသည့္လူ၏ ရန္လိုတက္သည္ အရွိန္အဟုန္က ဝူ႐ုန္မ်က္ေမွာင္ၾကဳတ္သြားေစသည္။

    အရိုးထဲထိစိမ့္ေနေသာ ေသြး‌နံ့ကို အထူးနည္းလမ္းမ်ားႏွင့္ ဖုံးထားလၽွင္ေတာင္ ခ်င္းလင္းကူ ဆီမွမဖုံးကြယ္ထားနိုင္ေပ။ ခ်င္းလင္းကူႏွင့္ အာ႐ုံခံစားမူမၽွေဝထားသည့္ ဝူ႐ုန္သည္လည္း ထိုအရာကိုခံစားနိုင္သည္။

    သူက အသတ္မ်ားစြာကို သတ္ထားသူျဖစ္ကာ သူႏွင့္အနည္းငယ္ရင္းႏွီးေနသည္ဟုခံစားရသည္။

   "အိုး! ဒါက‌တုတ္ေခ်ာင္းေလးမလား"

    ဝူ႐ုန္ကိုၾကည့္ရင္းဖုန္းခ်လိုက္သည္။ ထိုလူၾကမ္းမွာ သူ႔အိပ္ထဲမွေဆးလိပ္ကိုယူၿပီး ပါးစပ္ေပၚတင္လိုက္သည္။ သူကိုၾကည္ရင္းႏွာမူတ္လိုက္ကာ "ဘာလဲ မင္းရဲ့အကိုကို အသိမွတ္မျပဳေတာ့ဘူးလား ?"

    ယန္က်ားဖင္းရွိ ဝူ႐ုန္အကိုႀကီးမွာ လၽွို႔ေပါင္ျဖစ္သည္။ သူသည္အရာတိုင္းကိုသိကာ အေကာင္းဆုံးလူတစ္ေယာက္ျဖစ္သည္။ သူတြင္ ေျမေအာက္ေလာကေရာ သန႔္ရွင္းေသာလမ္းတြင္ပါ အဆက္သြယ္မ်ားစြာရွိသည္။ ဝူ႐ုန္ကဲ့သို႔သူႏွင့္ၾကာရွည္စြာလက္တြဲလာခဲ့သူမ်ားသာ သူ႔တြင္ လၽွို႔ဟူ‌ ဟူေသာ ညီရွိမွန္းသိသည္။ သူတို႔မည္သို႔ က်ဆုံးသြားမွန္းမသိသလို ေနာက္ထပ္လည္းမဆက္သြယ္မိေပ။ မည္သို႔ပင္ျဖစ္ေစ စီေနရာ အရညီအကိုတို႔ေတြ႕ဆုံလၽွင္ သူတို႔မွ ရိုေသေလးစားစြာျဖင့္ အကိုဟူ ဟုေခၚရေပမည္။ တာအိုနည္းအရ ဝူ႐ုန္မွေဆးလိပ္မီးညႇိေပးရေပမည္။

    ဝူ႐ုန္ လၽွို႔ဟူ၏ေကာက္က်စ္ယုတ္မာေသာစိတ္ကိုခံစားမိသည္။ "တုပ္ေခ်ာင္" ဟူေသာအမည္ေျပာင္မွာ လၽွို႔ဟူမွစတင္ခဲ့ေသာ ဝူ႐ုန္ႏွင့္နီးစပ္ေစေသာ အမည္ေျပာင္ပင္။ ေျပာစမွတ္တစ္ခုရွိသည္က လြန္ခဲ့ေသာႏွစ္ေပါင္းတစ္ရာ၌ ဂိုဏ္အဖြဲ႕စည္းေဟာင္းတစ္ခု၏ ရိုးရာတြင္ ပန္းႏွစ္ပြင့္ႏွင့္အနီေရာင္တုပ္ေခ်ာင္းေလးမွာ ဂိုဏ္းထဲရွိလူငယ္မ်ားၾကားတြင္အေတာ္ဆုံးႏွင့္အသန္မာဆုံးျဖစ္သည္။ ဝူ႐ုန္က သာမာန္လူျဖစ္ေနရင္ေတာင္ တေစၧေမြးသူမ်ားႏွင္ယွဥ္တိုက္ရဲသည္။ လၽွို႔ေပါင္မွာထိုအခ်က္ကို သေဘာက်ကာ သူ႔အားထိုအမည္ေျပာင္ကိုေပးခဲ့ျခင္းပင္။

    ေနာက္ပိုင္းတြင္ေတာ့ထိုအမည္ေျပာင္ "တုပ္ေခ်ာင္" ဆိုသည္မွာ ဝူ႐ုန္အားထိုးႏွက္ခ်င္သည့္ အခ်ိန္အမ်ားစုတြင္သာ သုံးလာၾကသည္။ ရြမ္အန္းနဲ႔အတူေနၿပီး ရြမ္အန္းလႊမ္းမိုးမူကိုခံရေသာအခါမ်ားတြင္ သူအရယ္ခံရသည္။ သူသာ္အေမွာင္ထဲသို႔ မည္သူ၏တိုက္တြန္းခ်က္မွ မပါပဲေလၽွာက္ခဲ့သူျဖစ္သည္။ ဒါေပါ့ ဒါကေကာင္းတဲ့အရာေတာ့ဘယ္ဟုတ္မလဲ။ ဝူ႐ုန္သည္ သူ႔ရင္ဘက္မွတံဆိပ္ကို ျမင္ေသာအခါ လၽွို႔ဟူသည္တေစၧေမြးနိုင္ၿပီျဖစ္ေၾကာင္းသိေလသည္။

    "မင္းကမ်က္ႏွာသာမေပးဘူးေပါ့?"

    သူတို႔သည္လူအမ်ား၏အာ႐ုံစိုက္မူအလယ္တြင္ရွိေနၿပီး ဝူ႐ုန္၏ထူးမျခားနားမ်က္ႏွာက လၽွို႔ဟူမ်က္ႏွာအား ပိုေမွာင္မိုက္ေစသည္။ သူ႔ေရွ႕သို႔ေျခႏွစ္လွမ္း တိုးလိုက္ကာ ဝူ႐ုန္ေကာ္လံေပၚလက္တင္လိုက္သည္။

    လၽွို႔ဟူ႐ုတ္တရက္ ေနာက္ဆုတ္သြားကာ သူ႔လက္ကို ခါလိုက္ၿပီး ဝူ႐ုန္အားေဒါသျဖင့္ၾကည့္လာသည္။ "မင္းဘာလုပ္လိုက္တာလဲ" ဟုေအာ္လိုက္သည္။

    ဝူ႐ုန္ကိုထိလိုက္ေသာ သူ႔လက္မွာနီရဲေယာင္ကိုင္းလာကာ ဝက္လက္လိုေဖာင္းပြလာသည္။ အနီေရာင္မွအနက္မွတ္ႀကီးျဖစ္လာကာ တစ္စုံတစ္ေယာက္မွၾကာပြတ္ျဖင့္ရိုက္လိုက္သလိုပင္။

    "ေျမာင္"

    ေၾကာင္ေပါက္ေလးမွာေၾကာက္လန႔္ေသာအမူအယာျဖင့္ တိုးေဖ်ာ့စြာေအာ္လာရင္း ဝူ႐ုန္လက္ေမာင္းထဲတိုးဝင္သြားသည္။ ဝူ႐ုန္တစ္ခုခုကိုေတြးမိသြားၿပီး လၽွို႔ဟူအားဂ႐ုမစိုက္ေတာ့ပဲ ေၾကာင္ေပါက္အား‌ ေကာင္တာသို႔တင္လိုက္သည္။

    " ယာယီေစာင့္ေရွာက္မူေပးပါဦး"

     ေနာက္တႀကိမ္ လၽွို႔ဟူမ်က္ႏွာလုံးဝမည္းေမွာင္သြားသည္။

    ရြမ္အန္း ထိုေန႔က ႐ူးသြပ္သြားၿပီးေနာက္ေပ်ာက္သြားကာ လၽွို႔ဟူငယ္သားမွာ သူကိုရွာမေတြ႕ေတာ့ေပ။ ထိုေနာက္မွေတာ့တစ္စုံတစ္ေယာက္မွ အထက္ကလူတခ်ိဳ႕သူ႔အားေခၚသြားသည္ဟုေျပာလာသည္။

    အထက္ကလူ? ဘာလို႔မ်ားအထက္လယတခ်ိဳ႕က ဒီဘက္ကို အာ႐ုံစိုက္လာတာလဲ?
 
    လၽွို႔ဟူ အထက္ကလူမ်ားအား သူဘာလုပ္ထားလဲ သိခြင္မျပဳနိုင္ေပ။ သူႏွင့္ၾကာရွည္စြာ ဆက္သြယ္မူမရွိေသာ သူ႔အကိုႀကီးကပါ စိတ္ဝင္စားမူမရွိစြာျဖင့္ ရွာေဖြမူကို ဆက္မလုပ္ရန္သတိေပးလာခဲ့သည္။ တေယာက္တည္းျပန္လာခဲ့ၿပီးေနာက္ရက္ေပါင္းမ်ားစြာ ဘာလူပ္ရွားမူမွမလုပ္ပဲၿငိမ္ေနလိုက္သည္။ သူႏွင့္ႏွစ္ေပါင္းမ်ားစြာလက္တြဲလာေသာဝယ္လက္ေဟာင္းမ်ားပင္ ျငင္းဆန္ထားခဲ့သည္။ သူဒီရက္ေတြထဲအိမ္မွာေနကာ ထိုေန႔က ရြမ္အန္းဘာျဖစ္ခဲ့လဲ ဆိုတာကို မေရမတြက္နိုင္ေတာင္ေတြးေတာေနခဲ့သည္။

    " လၽွို႔ဟူ ‌ဝူ႐ုန္ေခြးနဲ႔မင္းကိုသတ္သြား‌တာေလ"

    သူကအဲ့ေန႔တုန္းကအိမ္မက္မက္ေနတာလား ဒါမွမဟုတ္ တခုခုကိုျမင္လိုက္တာလား?

    ထိုေန႔မွာပင္လၽွို႔ဟူသည္ သူ႔စီးပြားေ႐ူအေဟာင္းကိုျပန္လုပ္ကာဝူ႐ုန္ဆီသြားခဲ့သည္။ သူသည္ဝူ႐ုန္အား သူ႔စိတ္ထဲ၌ဆူပူကာ သံသယရွိေနသည္။

    "ဒီေကာင္ေလးက တကယ္ကြာျခားသြားတာပဲ"

    သူဘာကိုေတြးမိေနမွန္းမသိေတာ့ေပ။ လၽွိုဟူပိုပို၍ ၾကမ္းၾကဳတ္လာသည္။ သူတို႔ႏွစ္ဦးၾကားရွိေလထုမွာတင္းမာေနသည္။ ဒါကိုျမင္ေသာမည္သူမဆိုဝင္မလာသူတို႔ၾကားဝင္မလာရဲေပ။ ေခြးဝိဉာဥ္ေလးသား သူပိုင္ရွင္ႏွင့္ သူ႔ကိုေရတိုက္ခဲ့ေသာသူေတာ္ေကာင္းၾကားတြင္ ျပႆနာအား ၾကည့္ေနခဲ့သည္။သူသည္ ဝူ႐ုန္ႏွင့္သူပိုင္ရွင္ေျပးသြား၍ ထိုသူတို႔၏အာ႐ုံသူဆီေရာက္လာရန္ ႀကိဳးပမ္းေနသည္။

    သို႔ေသာ္ဝူ႐ုန္အနားတြင္မျမင္နိုင္ေသာအလႊာတစ္ခုက ဝန္းရံထားသည္။ ခိုေတာက္လၽွို႔ဟူေသာေခြးေလးပါသူမကပ္နိုင္ေပ။ ေခြးနက္ေလး အနည္းငယ္တိုးသြားေသာအခါ အားနည္းသြားၿပီး နစ္နာသလိုခံစားလိုက္ရ၍ ‌အူလိုက္ကာ သူဝိဉာဥ္မွာလည္း အားနည္းသြားသည္။

    ဝူ႐ုန္ဘယ္မ်က္လုံးအနည္းငယ္ပူလာသည္။ သူသည္ မသဲမကြဲျဖင့္ လၽွို႔ဟူလက္ေမာင္းမွ ေခြးနက္ႀကီး ရ ပို၍ နက္ေမွာင္လာေနသည္ကိုျမင္လိုက္သည္။ သူမ်က္လုံးမ်ားမွာပို႐ူးသြပ္၍ ၾကမ္းတမ္းလာသည္။ အစြယ္မ်ားက ပိုထက္ျမလာသည္။ သူသည္ ေသြးေရာင္နီေစြးေနေသာလၽွာျဖင့္သြားမ်ားကို သပ္လိုက္ၿပီး သူ႔ကာ ယုတ္မာ ရက္စက္ေသာအၾကည့္မ်ားျဖင့္ ၾကည့္ေနသည္။

    ဝူ႐ုန္မ်က္လုံးမ်ား စူးရွသြားသည္။ ေခြးတက္တူးႀကီးမွာတစ္စုံတစ္ရာအားအာ႐ုံခံမိသြားသည္။ သူသည္မေရမရာျဖစ္သြားကာ သူ႔ပါးစပ္ကိုပိတ္လိုက္သည္။ ေဘးပတ္လည္ကကိုလိုက္ၾကည့္ေနသည္မွာ ဝံပုေလြတစ္ေကာင္မွ ဟက္စကီးတစ္ေကာင္အျဖစ္ေျပာင္းသြားသလိုပင္။လၽွို႔ဟူသူ႔လည္ပင္းေနာက္မွ ေအးစက္သြားသလိုခံစားရေသယ္လည္း ဝူ႐ုန္ကိုသာ ရက္စက္ၾကမ္းတမ္းေသာအၾကည့္ျဖင့္ စိုက္ၾကည့္ေနသည္။

    ႐ုတ္တရက္ေခြးေလးမွာ သနားစရာေကာင္းစြာ ေအာ္လာရင္း ေပ်ာက္ကြယ္သြားသည္။ လၽွို႔ဟူလက္ေမာင္းမွေခြးနက္ႀကီူ၏တက္တူးအေရာင္မ်ားလည္း မွိန္ေဖ်ာ့သြားကာအေရာင္လြင့္သြားသလိုပင္။ ဒီပုံစံက သူအားႏူးညံ့၍ အႏၲရယ္မရွိသည့္ပုံေပၚေစသည္။ အခုေလးတင္ ဝူ႐ုန္လက္ေမာင္းထဲ ခၽြဲေနေသာ ေၾကာင္ေပါက္ေလးမွာ႐ုတ္တရက္သူ႔လက္ကိုလြတ္လိုက္ကာ ‌တဖက္လွည့္၍ ေဒါက္တာလက္ထဲခုန္၀င္လိုက္ၿပီး သူ႔၏တုန္ယင္ေနေသာ အျမႇီးေလးသာေဖာ္ထားသည္။

     လၽွိုဟူကအလြန္ျပင္းထန္ေနရာက သူ႔မ်က္ႏွာေတာင့္တင္းသြားၿပီး ဆက္မလူပ္ရွားနိုင္ေတာ့ေပ။ သူမ်က္လုံးမ်ား အလန႔္တၾကားလူပ္ရွားေနကာ ဒါကပဲ ေတာင့္တင္းၿပီး ၾကမ္းၾကဳပ္ေနေသာ သူကိုပိုၿပီးရယ္စရာေကာင္းေစသည္။

    "ဝူ႐ုန္"

    ေခ်ာေမာၾကည့္ေကာင္းေသာပုံရိပ္တစ္ခု ဝူ႐ုန္ေရွ႕ေလၽွာက္လာသည္။ သူ႔အသြင္အျပင္ကေပါ့ပါးသည္။ မေတြ႕ရတာရက္ေပါင္းမ်ားစြာၾကာသည့္တိုင္ သူ႔အသြင္ျပင္မွာ ႀကိဳးၾကာတစ္ေကာင္လို ေအးစက္ကာ ျမင့္ျမတ္ေနစဲပင္။ ဝူ႐ုန္သူ႔ရင္ဘက္ေပၚတြင္ေကာင္းကင္သခင္ ကိုယ္စားျပဳေသာ တံဆိပ္တစ္ခုကိုေတြ႕လိုက္သည္။

    "ဂုဏ္ယူပါတယ္"

    ဖုခ်င္းအသာအယာပင္ေခါင္းၿငိမ့္လိုက္ကာ ဝူ႐ုန္ယာယီထိန္းသိမ္းခြင့္တြင္ စာရင္းျဖည့္ၿပီးေနာက္ ဝူ႐ုန္ႏွင့္ အတူထြက္လာခဲ့သည္။ လူႏွစ္ေယာက္မွာလၽွို႔ဟူေဘးမွ ဂုဏ္သေရရွိစြာျဖတ္ေလၽွာက္သြားသည္။ သူသည္႐ုပ္ထုတစ္ခုလို ေဟာခန္းထဲရပ္တန႔္ေနစဲျဖစ္ကာ ျဖတ္သြားျဖတ္လာမ်ားကသူကိုၾကည့္လာသည္။သူသည္လူထုၾကားထဲရိုးရွင္းစြာပင္ေဖာ္ထုတ္ထားျခင္းခံရသည္။

    သူ႔ေနာက္ေက်ာမွအဝါေရာင္အေဆာင္တစ္ခုကပ္ေနသည္ကိုေတြ႕ရေသာအခါ သူ႔စိတ္အေျခပိုေကာင္း သြားသည္။ထြက္လာၿပီးေနာက္တြင္ သူႏွင့္ဖုခ်င္းစကားေျပာျဖစ္ၾကသည္။

   ဝူ႐ုန္ "ဖုေတာက္က်န႔္ က်ိဳးရြမ္မင္းကို ဒီကိုလႊတ္လိုက္တာလား?"

   ဖုခ်င္း : "ဖုခ်င္း"

   "ဖုခ်င္း"

    "ဟမ္"

    ဝူ႐ုန္မ်က္ႏွာေသျဖင့္ ဟာသေျပာသည္ " ဖုခ်င္း ထန္းရွီတစ္ေယာက္က စည္းစာသားနဲ႔ အနိုင္က်င့္ရင္ အျပစ္ေပးခံရလား?"

    "ေနရာမွားသုံးတာမဟုတ္ဘူး"

    ဖုခ်င္းကေပါ့ပါးစြာျဖင့္ေျပာသည္ " သူကျပႆနာရွာေနတာ"

    "ကိစၥမရွိပါဘူး ငါ့ဘာသာေျဖရွင္းနိုင္ပါတယ္ "

    ဖုခ်င္းသည္ " သူ႔မွနတ္ဆိုးမ်က္လုံးရွိေနၿပီး မေက်နပ္မူေတြနဲ႔ျပည့္ေနတာ။ စည္းစာသားသာ အနက္ေရာင္ေျပာင္းသြားရင္ ၇ရက္အတြင္ အမွားအယြင္းတစ္ခုခုေၾကာင့္ေသလိမ့္မယ္"

    ေနာက္ဆုံးတြင္အၾကင္နာမဲ့စြာ နိဂုံးခ်ဳပ္ေပးလိုက္သည္ "ကံ‌ဆိုးပါေစ"

    ဝူ႐ုန္၏ဖုခ်င္းအေပၚစိတ္ဝင္စားမူကထပ္တိုးသြားသည္။ သူသည္လည္းလၽွို႔ဟူသည္ေကာင္ူသည့္အရာမဟုတ္မွန္းခံစားမိသည္။ သူသည္လမ္းေဘးတိရိစၧာန္မ်ားအတြက္ နားေနေဆာင္ဖြင့္ထားေသာ္လည္း သူတြင္ေသြးနံ့ျဖင့္ျပည့္ေနသည္။ သူ႔လက္ေမာင္းေပၚမွေခြးနက္တက္တူးမွာ တေစၧဆန္ကာ နတ္ဆိုးျဖစ္လုနီးပါပင္။ ေခြးနက္မ်ားကိုနတ္ဆိုးဝိဉာဥ္ပေယာဂခၽြတ္ရာႏွင့္ ကပ္ဆိုးမ်ားေရွာင္လြဲရာတြင္သုံးေသာ္လည္း အခုေတာ့ သူတို႔မွာ နတ္ဆိုးသတၱဝါျဖစ္လာေနသည္။ ယန္ဓာတ္အမ်ားဆုံးရွိေသာေခြးနက္နဲ႔ၾကက္ဖမ်ားသားနတ္ဆိုးအျဖစ္ေျပာင္းသြားလၽွင္ သာမန္တိရိစၧာန္မ်ားထက္ပိုအႏၲရယ္မ်ားကာ ေၾကာက္စရာေကာင္းေပးသည္။

    မတရားတဲ့သူေတြက ကံၾကမၼာဆိုးႏွင့္ဖ်တ္ဆီးခံရမွာပဲ။

    သို႔ေသာ္ ဖုခ်င္းကသူ႔အား ဒီသာမန္ဆန္လွေသာ ေဆး႐ုံကိုေခၚလာေသာအခါတြင္ေတာ့ ဖုခ်င္းအေပၚသူ႔ယုံၾကည္မူကေလ်ာ့ရဲသြားသည္။

    ယန္က်ားဖင္းေလးခုေျမာက္ေဆး႐ုံ။

    အမည္အျပည့္အစုံမွာ ေဆးဘက္ဆိုင္ရာတကၠသိုလ္မ်ားအစည္းအ႐ုံးသားဖြားမီးယပ္ေဆး႐ုံ ျဖစ္သည္။

   "ေက်းလက္ေဒသေတြမွာ နတ္ဆိုးေၾကာင့္ကူးစက္မူေတြအမ်ားအျပားရွိေနေတာ့ ျပည္သူ႔လုံျခဳံေရးဝန္ႀကီးဌာနရဲ့ စမ္းသပ္ခန္းက ဒါကို ေျဖရွင္းေနရတယ္"

    ဖုခ်င္းသည္ေဆး႐ုံတံခါးမွ တည္ၿငိမ္‌စြာေလၽွာက္လာရင္းဝူ႐ုန္အားရွင္းျပသည္ " ေလးခုေျမာက္ေဆး႐ုံမွာသင့္ေတာ္တဲ့ပစၥည္းေတြရွိတယ္ တေစၧအမွတ္ စစ္ေဆးတဲ့အဆင့္ကို ဒီဘက္ကိုေရြ႕လိုက္တာ။ စာရင္းရတာနဲ႔ ျပည့္သူလုံျခဳံေရးဗ်ဴရိုကိုသြားၿပီူ စာရင္းသြင္းရမယ္"

    သားဖြားမီးယပ္ေဆး႐ုံမွာ ဘယ္လိုတေစၧအမွတ္စစ္ေဆးတဲ့ကိရိယာရွိေနရတာလဲ?

_ _ _ _

4373 words

9:25 Pm,Sun Mar26,2023.

   

    

    

Continue Reading

You'll Also Like

89K 1.9K 48
A 17 year old girl named (Y/N) (L/N) moved from (where you live) to south park calorado with her mother. She meets some new people who soon turn into...
8.5K 963 9
Author - Tangerine Boat Status - (94 chapters + 1 extra) English Translator - kimrokso_o I have permission from English Translator. I do not own this...
166K 7.7K 61
TURBULENCE (n:) The quality or state of violent disorder or commotion. Chaotic or unstable motion in the atmosphere. Anything and everything that cha...
101K 3.1K 24
If Percy Jackson had owned a car, the world as we know it wouldn't exist. Dean Winchester and Percy Jackson met after a very unfortunate event, but...