ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...

By Sheilayoon

69.1K 10.4K 241

Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... More

Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.17- Zhong Gu
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20.1-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21-Woof Woof Woof ?
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.26.1-Meow,Meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32-Hiss,hiss hiss,hiss hiss?
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.36.1-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.42.1-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.45.1-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.46.1-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52-Tick tack tick tack
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
Ch.58.1-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch 62 - Jiūjiūjiū, Jiūjiūjiū jiū
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 79- Woof woof woooof?
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?

Ch.20-Woof Woof Woof!

517 91 1
By Sheilayoon

Unicode

     တစ္ဆေဘုရင် ဝူမြောင်? ဘယ်လိုတောင်ထူးခြားတဲ့ဂုဏ်ပုဒ်ကြီးလဲ?

    ဝူရုန်တုန့်ဆိုင်းနေသည်ကို တွေ့သောအခါ စုန်းပညာရှင်က အလျင်အမြန်ထပ်ပြောလာသည် " ဝူမြောင်ဆိုတာ တစ္ဆေဘုရင်ကိုာသတ်ဖြတ်သူပဲ ဒါပေမယ့် ဒီစုန်းသုတေသနကို တည်ထောင်တဲ့ ငါတို့ကတော့ သူ့ကို ဝူမြောင်လို့ပဲခေါ်တယ်!"

    " စုန်းပညာရှင်" ၊စုန်းကလေ ။
...

     ဝူရုန်သူ့ကိုယ်သူ အမှားလုပ်မိသည်ဟု သဘောပေါက်သွားသည်။ စုန်းအဖွဲ့စည်းဟုခေါ်သော ဒီအဖွဲ့စည်းက စုန်းပညာကိုမလေ့လာတဲ့အပြင် စုန်းမြောင်မှာလည်း အမျိုးသားစုန်းပညာရှင်ကို ကိုယ်စားမပြုပဲ ဒီဝူမြောင်က တစ္ဆေဘုရင်ကိုရည်ညွှန်းခြင်းသာ။ ဒီအဖွဲ့က တစ္ဆေဘုရင်ကို အထူးပြုလေ့လာတာပဲ။

     တစ္ဆေဘုရင်ကိုလေ့လာခြင်းနှင့် တချို့အရာများမှာ လက်ရှိဝူရုန်နှင့် အနည်းငယ်အလှမ်းကွာဝေးသေးသည်။ ဒါကအသုံးမဝင်ဘူးဆို အဖွဲ့အတွက် ငွေအလကားသက်သက်မကုန်ရအောင် ပြန်နူတ်မထွက်သင့်ဘူးလား?

    စုန်းပညာရှင်သည ဝူရုန်အဖွဲ့ထဲကထွက်ချင်နေမှန်း သိသိသာသာကိုပင် သတိမပြုမိပဲ လူသစ်အတွက်စိတ်လူပ်ရှားနေကာ စိတ်အားထက်သန်စွာပြောနေသည် " ငါမင်းရဲ့မေးခွန်းလွှာတွေဖတ်ကြည့်ပြီးနောက် မင်းအဖြေတွက် က ဒီသုတေသနအတွက် အရမ်း သင့်တော်တယ်။ မင်းကိုဘယ်သူမှနားမလည်လို့ အထီးကျန်နေတယ်လို့ခံစားနေရတယ်မလား။ စိတ်မပူနဲ့တော့ အခုမင်းမှာဒီအဖွဲရှိသွားပြီ။ ဒီအဖွဲ့ကလူတိုင်းက အတူတူပဲ"

     စကားအသွားအလာက ဈေးကွက်ရှာဖွေ‌ဖြန့်ဖြူးသူများလေသံလိုပင်။ (T/N MLM )

    ဝူရုန်ထွက်ရန်ပြင်လိုက်စဉ် စကားပြောခန်းတဲ့နောက်တစ်ယောက်ပေါ်လာပြီး သူပါးစပ်ဖွင့်လိုက်သည်နှင့် အင်္ဂလိပ်စကားများ အတွဲလိုက်ထွက်ကျလာသည်။ စုန်းပညာရှင်သာ်ချက်ချင်းပင်ပစ်မှတ်ပြောင်းသွားကာ အင်္ဂလိပ်လို စတင်စရိုက်လေသည်။ ထိုနောက်ထိုလူနှစ်ယောက် မျက်နှာပြင်တဝက်လောက်ထိစကားပြောနေကြကာ မည်သူမှ ကြည့်နေသလို ဝူရုန်ကိုလည်း မသိုဝှက်ထားပေ။ သို့သော်သူ အနည်းငယ်စိတ်ဝင်စားသောအရာရှိလာကာ ထိုသူတို့နောက် ဘယ်အရာကိုသဘောတူညီချက်အဖြစ်သတ်မှတ်လိုက်လဲဆိုတာ အကြမ်းဖျင်း သဘောပေါက်လိုက်သည်။

    သဘောတူညီချက်ရပြီးနောက်စုန်းပညာရှင်က ပို၍ ပျော်ရွှင်သွားကာ စိတ်ခွန်အားအပြည့်ဖြင့် " လာပါ။သူရဲ‌ကောင်းရေ ငါတို့မှာအဖွဲ့တွက် သွေးသစ်လေးရှိလာပြီ"

    [မိုးသောက်ကြယ်] ဟု အမည်ပြောင်ရှိသော သူမှာ "ဟလို" ဟု နူတ်ဆက်လာ၍ သူ့အသံမှာ အဆင့်တန်းရှိပြီးနားထောင်ကောင်းလှစွာ စုန်းပညာရှင်ခေါ်လိုက်သော သူ့အမည်ပြောင်လိုပင် သူရဲကောင်းမှာ ကျက်သရေ ရှိပုံပေါ်သည်။

    "သူရဲကောင်းကနည်းနည်းရှက်တက်တယ် ဒီအဖွဲ့နဲ့နေတာကြာသွားရင် မင်းသိလာလိမ့်မယ်။ အသစ်လေး မင်းရဲ့ကိုယ်ရေးကိုယ်တာ  အချက်လတ်နေရာမှာ ပစ္စည်း လက်ခံမယ့် လိပ်စာထည့်ထားသင့်တယ် အဖွဲ့က မကြာမီ အသင်းဝင်တဲ့ ထောင်ပံ့ကြေး အကျိုးမြတ်တွေ ပို့လာလိမ့်မယ်! "

     "အကျိုးမြတ်"ဟူသော စကားလုံးက ထွက်ခွာရန်ပြင်နေသော ဝူရုန်ကို တန့်သွားစေသည်။ ထို့နောက်စုန်းပညာရှင်၏ ဝမ်းသာနေသောအသံကို ကြားလိုက်ရသည်။ " သိပ်မကြာခင်က လေဆီနှင်းခဲ၊ သန့်စင်သောအမြစ်မဲ့ မိုးဆီနှင်း အသစ်တစ်သုတ် ရခဲတယ်။ ငါတစ်ယောက်တည်း အများကြီးသုံးဖို့မလိုဘူး ဒါကိုအဖွဲ့ထောက်ပံ့ကြေးအဖြစ် သုံးလိုက်မယ်"

    ဝူရုန် အနည်းငယ် အသက်ရူရပ်သွားသလိုပင်။

    "ကျိုးရွမ်"

    ဖုန်းကိုချလိုက်ကာ ဝူရုန်စကားစလိုက်သည်။ "မင်း သန်စင်သောအမြစ်မဲ့ရေ ကိုသိလား?"

     "ဒါပေါ့ငါသိတာပေါ့ သန့်စင်သောအမြစ်မဲ့ရေ က အရမ်းကောင်းသလို ရှားပါးပစ္စည်းတစ်ခုပဲ"

     ကျိုးရွမ်‌ကားမောင်းနေရင်းရှင်းပြလာသည်။ " အမြစ်မဲ့ရေဆိုတာ ကောင်းကင်က ကျလာတဲ့ရေပဲ ငါတို့လိုတ‌စ္ဆေမွေးသူတွေမှာ သတ်ဖြတ်လိုစိတ်နှင့် သွေးဆာမူတွေအရမ်းများလာတဲ့အခါ အမြစ်မဲ့ရေနဲ့ သန့်စင်ပေးရတာ။ ဒါပေမယ့် အရမ်းရင့်ပါးနေ တဲ့ တစ္ဆေတွေဆိုရင်တော့ ‌သန့်စင်သောအမြစ်မဲ့ရေ ကိုပဲသုံးလို့ရတယ်။ အခုဆိုကမ္ဘာပေါ်မှာ ယင်ချီတွေအရမ်း‌အားကောင်းလာပြီး မိုးဆီနှင်းတွေမှာပါယင်ချီတွေရောပါနေတာ။  ကောင်းကင်သခင်တွေက ဒီအရာတွေ ကို ဖြေရှင်းတဲ့နေရာမှာပိုတော်ပြီး ဈေးလည်း အတော်ပေးရတယ်"

    "သန့်စင်သောအမြစ်မဲ့ရေထက်ပိုသာတာကတော့ ဒဏ္ဍာရီလာ 'ဇီးရောင်ဝါးသစ်ခွ'၊'မိုး၊ နှင်းစက်၊ ဆီးနှင်းခဲနှင့် နှင်း' စတဲ့ အထူးပါဝင်ပစ္စည်းတွေက သန်စင်သောအမြစ်မဲ့ရေ ရဲ့ ထူးခြားဆုံးရာသီစုဆောင်းမူတွေပဲ။ အဲ့ပစ္စည်းကို တတောင်ကွမ်နှင့် ထိပ်ပိုင်းအဆင့် ကောင်းကင်သခင် တ‌က္ကသိုလ်တွေမှာပဲရရှိနိုင်ပြီး အရမ်းရှားပါးတယ်။ လွန်ခဲ့သောတနှစ်က မြို့နယ်အလိုက်တစ္ဆေပြိုင်ပွဲရဲ့ပထမဆုက "သန်စင်သော မိုးနှင်းစက် ဆီးနှင်းခဲ နှင့်နှင်း အမြစ်မဲ့ရေ" တစ်ပုလင်းပဲ။ ပုလင်းသေးသေးလေး ဆယ်စက်အများဆုံးပဲ"

     ကျိုးရွမ် စတီယာဘီးကိုင်ထားသောညာလက်ကိုလွှတ်လိုက်ကာ လက်ခလယ်နှင့် လက်မကိုကွေး၍ အနည်းငယ်ဟူသောပမာဏကိုဖော်ပြနေရင်း " မှောင်ခိုဈေးကွက်မှာတော့ ယွမ် 30,000 ဈေးပေါက်တယ်"

    "အာ တစ်စက်ထဲကို 30,000နော် ဒါတောင် ဈေးကွက်အတည်အကျဈေးမဟုတ်သေးဘူး။ နောက်ဆုံးတော့လည်း ထန်းရှီကိုလေ့လာတာက ငွေရှားပါးနေမှာတော့မဟုတ်ဘူး။ အကယ်လေ့ကျင့်ရေးကို အထူးမပြုရင်တောင် အာ့တောင်ကိုရောင်းစားနေလို့ရတယ်။ အာ အကယ်၍ ငါ့မှာသာ "မိုးဆီနှင်း၊ ဆီနှင်းခဲ့ နှင် နှင်း " ရေစက် တချို့သာ ရှိနေရင် နေ့တိုင်းဘာလို့ လေသန့်စင်စပရေး ဖြန်းနေရမှာလဲ? ဘာလဲ ဝူရုန် မင်းရောလိုနေလို့လား?"

     သူလိုတာတော့ဘယ်ဟုတ်မလဲ။ ကျုံးကူလိုနေတာ။

    ကျုံးကူမှာကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိဉာဉ်ဖြစ်ကာ ဥဖောက်သည့် အခြေနေမှာအလွန်ပြင်းထန်လှသည်။ သူတို့သည် ရွှေ၊သစ်သား၊ ရေ၊ မြေ၊ မီး ဟူသော ဒြပ်စစ်ငါးမျိုး၏အထောက်အပံ့လိုသည်။ သန့်စက်သောအမြစ်မဲ့ရေမှာ ထိုအရာတွေထဲမှ ရေဟူသောအရာဖြစ်ပြီး ကျုံးကူနှင့်သခင်အသိမှတ်ပြုဖြစ်စဉ်၌ သုံးထားခဲ့သော သွေးများကြောင့် သွေးချီများကို ထိုရေနှင့် သန့်စင်ပေးရမည်။ အမြစ်မဲ့ရေကိုအလွယ်တကူရခဲ့လျှင်တောင် အဖွားဝူပြောပုံအရ ကျုံးကူကိုသန့်စင်ရန် သန်စင်‌သောအမြစ်မဲ့ တစ်ခရားခန့်လိုပေမည်။

    ကူမွေးရန်အတွက် သေးငယ်ပြောင်းလဲမူ သည်ပင် ရေစက် 4000 သုံးရပေမယ်။ အထူးသန့်စင်‌သောအမြစ်မဲ့ရေ၏အသုံးဝင်မူက အဆတစ်ရာဖြစ်ရင်တောင် ထိုအရာမှာ အစက် 40ခန့်လိုနေဦးမည်။ တစက်ကို 30,000သာဆို အစက် 40အတွက် 12သိန်းကျသင့်ပေမည်။

     ဝူရုန်ကျောက်ကပ်ထုတ်ရောင်းလျှင်တောင် ငွေမလောက်။

    အသင်းဝင်လိုက်တာလည်း ကောင်းတာပါပဲ။

   သူစကားပြောခန်းထဲပြန်ရောက်သွားသောအခါ စုန်းပညာရှင်မှာ အမေအိုကြီးလို နားပူနားဆာလုပ်နေဆဲ။ ပစ္စည်းကိုနေရာမှား မပို့မိစေရန် သူ့လိပ်စာကို ရေးခိုင်းနေသည်။ စုန်းအဖွဲ့စည်း၏ ဥက္ကဌမှာ အနီရောင်ဝတ်ရုံလက် ဖြစ်ကာ စုန်းပညာရှင်နှင့် မိုးသောက်ကြယ်အပြင် အခေါင်းအကြီးအကဲဟုခေါ်သော လူလည်းရှိသည်။ အားလုံးမှာ နာမည်ဝှက်များဖြင့် ကွယ်ဝှက်နေကြသည်။ ဝူရုန်တွင်လည်း သုံးလေ့ရှိသောအမည်ဝှက်ရှိနေကာ သူအနည်းငယ်တွေးတောပြီးနောက် "ချမ်းသာကြွယ်ဝသောတောင်" ဟူသော စာလုံး "Rong Shan" ကိုသုံးလိုက်သည်။

    ချမ်းသာကြွယ်ဝသောတောင်သည် "Rong " စာလုံးကို ခွဲကာ နေရောချိန်းထားခြင်းပင်။

    ကိုယ်ရေးအချက်လတ်များဖြည့်ပြီးနောက် ဝူရုန် အသင်း၏စည်းမျဉ်းစည်းကမ်းကိုကြည့်လိုက်သောအခါ လေးခုသာရှိသည်။

     ၁)ဘယ်လို အခြေနေမှာဖြစ်ဖြစ် သ့အမည်မခေါ်ရ။ မဟုတ်ရင် မင်းသေရမည်။

    ၂)အဖွဲ့စည်း ပြင်ပကလူတွေရှေ့မှာ သူ့အကြာင်းမဖော်ထုတ်ရ။ မဟုတ်ရင် မိုးကြိုးပစ်ခံရမည်။

    ၃)သူ့အနားကပ်ဖို့ မကြိုးစားလိုက်နဲ့။ ပေါ်သွားတာနဲ့ ပြည်သူ့လုံခြုံရေးက မင်းကိုဖမ်းဆီးစောင့်ကြည့်လိမ့်မည်။

    ၄)သူကိုချစ်ပါ။ လေးစားပါ။ ဘယ်လိုအခြေနေမျိုးမှာပဲ မလေးမစားမလုပ်မိပါ‌စေနဲ့။ အဲ့လိုမှမဟုတ်ရင် အနီရောင်ဝတ်ရုံလက်က မင်းကိုသတ်လိမ့်မည်။

    ထို"သူ"ဆိုသည်မှာ မေးခွန်လွှာများပေါ်မှ တဖက်စောင်းတင် ကိုယ်ရေးကိုယ်တာအချက်အလက်များစွာ၏ ဇာတ်ဆောင်ဖြစ်မည်ဟု သူခန့်မှန်းမိသည်။ ထိုသေစေလောက်သောသတိပေးချက်များကို ကြည့်ရင်း ထို "သူ" ဆိုတာက ဝူမြောင်တစ္ဆေဘုရင် ဟု သိလိုက်သည်။

     ဝူရုန်ရုတ်တရက် သဘောပေါက်သွားသည်။

    သူသည် သူကိုယ်ပိုင်တာဝန်များနှင့်လူဆိုးတစ်ယောက်ပင်။ သူ သူ့အကိုကြီးနောက်လိုက်ရင်း အတွေ့ကြုံများစွာရှိသည်။ သူ စုန်းအဖွဲ့စည်းအား တချက်ကြည့်ရုံမျှဖြင့် အဓိက အချက်အား တွေ့လိုက်သည်။

    ခန့်မှန်းကြည့်ရသလောက် ဒီအဖွဲ့စည်းမှာ တစ္ဆေဘုရင်အားယုံကြည်သော မှောင်ခိုနတ်ဆိုးအဖွဲ့တစ်ခုဖြစ်လောက်သည်။ သူကလွဲလျှင် ဒီဂရုထဲမှာရှိသမျှအားလုံးမှာ အန္တရယ်များတဲ့အရာများပင်။ မင်းထုတ်ပြော‌လိုက်တာနဲ့ ပြည်သူ့လုံခြုံရေး ဗျူရိုသို့ ပစ်ထုတ်ခံရပေမည်။
   
     ဒါပေမယ့် ဒါကသူနဲ့ဘာဆိုင်တာမှတ်လို့။

    ဝူရုန်၏ထူမခြားနာ သဘောသဘာဝရအရ သူဘာမျှမလုပ်ပဲ သန့်သန့်လေးနေပြီး အဖွဲ့၏ထောက်ပံ့ကြေးယူနေရုံသာ။ ထိုနေ့ကသူ့ကိုယ်ပိုင်မေးခွန်းလွှာကို ကြည့်ရင်း ဘယ်လိုဝင်ခွင့်ရသွားမှန်းနားမလည်ပေ။ သူ့အဖြေလွှာ၏အဆင့်မှာ အရမ်းမြင့်မနေပဲ။ အောင်ရုံမျှသာ။ သူ‌ဖြည့်လိုက်သောအရာများမှာလည်း ရောထွေးနေသေးသည်။

     သို့သော်ဝူရုန်သည် သူစကားနည်းနည်းပြောကာ များများနားထောင်၍ တိတ်တဆိတ်နေကာ အချိန်တစ်ခုလောက်ရောနှောနေလည်း ကိစ္စမရှိဘူးဟု ယုံကြည်သည်။ ဒီအဖွဲ့စည်းတွင် နီးကပ်သော ဆက်သွယ်မူများမရှိ။ ဇန်နဝါရီလတွေ့ဆုံမူတွင် သတင်းအချက်လတ်ဖလှယ်ရုံကလွဲရင် ကြားရက်တွေမှာ စုန်းပညာရှင်ကသာ ပေါက်ပေါက်ဖောက်နေသည်။

     စုန်းအဖွဲ့စည်း၏အဆင့်မှာမြင့်သဖြင့် ဝူရုန်သူ့ဖိုရမ်ထဲဝင်ကြည့်သောအခါ သဘာဝကျစွာပင် သူ့အသိမှတ်ပြုအဆင့်မှာအနည်းငယ်မြင့်လာကာ အနိမ့်ဆုံးအဆင့်မဟုတ်တော့ပေ။တာဝန်ကြေညာစာတမ်း၊ အလုပ်ခန့်စာတမ်း၊ ကုန်သွယ်ရေးကြေညာချက် နှင့်တခြားနေရာတော်တော်များများဝင်ရောက်ခွင့်ရကာ အတော်အဆင်ပြေသွားသည်။

    ဒါပေါ့ဖိုရမ်ထဲဝင်တဲ့အခါမှာ စုန်းအဖွဲ့စည်းရဲ့ တံဆိပ် ကိုဖုံးကွယ်ထားခြင်းအားဖြင့် နှစ်တစ်လောက် မနစ်မြုတ်အောင် လှော်ခတ်နိုင်ပေမည်။

    "Crap Crap! (T/N အလန့်တကြားသတိပေးသံ) ဝူရုန်မင်းလက်ကို ကြည့်ဦ။ မင်းလက်!"

     ကားတာယာမှာ စူးရှသောအသံဖြင့် မြေကြီးနဲ့ပွတ်ဆွဲသွားသည်။ ကားမှာကွေ့သွားကာ လှေကားလက်ရန်းနှင့်ထိလုနီးပါးဖြစ်သွားသည်။ ဝူရုန်ကြည့်လိုက်သောအခါ ကျိုးရွမ်ဒါရိုက်တာ ခုံပေါ် ကြောက်လန့်တကြား တွယ်တက်နေသည်။ အဝါရောင် အမျိုးသမီးလေးက စူးစူးရှရှအော်ဟစ်၍ မျက်နှာဖုံးများ ပျံတက်လာမတက် ဖြစ်နေသည်။

    "မင်းလက် မင်းလက်!"

    ငါ့လက်မှာဘာများဖြစ်လို့လဲ?

    ဝူရုန်ငုံကြည့်လိုက်သောအခါ သူ့လက်သည်းပေါ်တွင် ယိုင်တိယိုင်တိုင်ဖြင့် ပါးလျှသောခြေလေးများကိုအားပြုကာ ရပ်နေသောနှမ်းစေ့သာသာပင့်ကူလေးကိုတွေ့လိုက်သည်။ ရှေ့ခြေနှစ်ချောင်းတွင် ပိုးချည်မျှင်များ ကပ်ညှိနေကာ ခြင်ဖမ်းစက်တွင် ပိုးကောင်လေးကပ်ညှိနေသလို ဖြစ်နေသည်။

     သာမန်ပင့်ကူကြီးမျိုး၏အမဲလိုက်ပုံမှာ တချက်ကိုက်ရုံဖြင့်အလဲထိုးနိုင်သော်လည်း အနက်ရောင် ကျောက်ပင့်ကူကြီးမျိုးမှာတော့ကွဲပြားသည်။ သူတို့သည်လိူဏ်ဂူထဲတွင် နှစ်ပေါင်းများစွာနေခဲ့ရသဖြင့် ပူပေါင်း‌အမဲလိုက်ခြင်းနှင့် ကျင့်သားရနေသည်မှာ ကြာလှပြီဖြစ်သည်။ ပုံမှန်ဆိုရင် ပင့်ကူငယ်များက အဆိပ်များထိုးသွင်းပြီး ပင့်ကူကြီးများကပိုးကြိုးထုတ်ကာ ပိုးအိမ်ဆောက်ကြသည်။

     ဒါကပင့်ကူလေး၏ ပထမဆုံးအကြိမ် ပိုးမျှင်မှန်‌ကန်အောင်ထုတ်နိုင်ခြင်း ဖြစ်သောကြောင့် သူအတော်လေးပျော်နေပုံရသည်။

     "ဒါကျွန်တော့ အိမ်မွေးတိရိစ္ဆာန်လေးပါ"

     " မဖြစ်နိုင်ဘူးဆရာ မင်း မင်းရဲ့ အိမ်မွေးတိရိစ္ဆာန်က အရမ်းအရမ်းကို ထူးခြားလွန်းတယ် ဟ!"

     ဝူရုန်သူ့ ပင့်ကူလေးအား လက်သည်း ထဲပြန်သွင်းလိုက်သည်ကို ကြည့်ရင်း ကျိုးရွမ် သူ၏ ကြီးကျယ်လှသော စီနီယာဂုဏ်ပုဒ်ကျသွားသလို ငိုနေတာလားရယ်နေတာလား မသိသော တုန်ယင်မူဖြင့် မူလခုံပေါ်ပြန်သွားလိုက်သည်။ ပြန်ထိုင်ပြီးမကြာမီမှာပင် သူမျက်နှာအကြီးအကျယ်ပျက်ယွင်းသွားသည်။ သူမျက်နှာ ပြာရာက ဖြူဖွေးလာကာ ပြင်းထန်စွာဖြင့် ရုတ်တရက်ကိုယ်ဝန်ဆောင် ထားသလို ဗိုက်ကို အုပ်ထားရင်း သွားကြားထဲမှအသံညှစ် ထုတ်ကာ "အာရုန် မင်းတစ္ဆေရော ပုံမှန်အတိုင်းဖြစ်ရဲ့လား?"

    'ဟစ် ငါ့ကိုတစုံတခုကအမြဲကြည့်နေတယ်လို့ ခံစားနေရတယ်။ အရမ်းကြောက်တယ် အရမ်းကြောက်ဖို့ကောင်းတဲ့ တစ္ဆေပဲ ၊ အဲ့ကောင်က အရမ်းဗိုက်ဆာနေပြီး ငါတို့ တိုက်ခိုက်ဖို့ကြံနေတာ' အဲ့တာ ငါ့တစ္ဆေပြောတဲ့စကားပဲ သောက်ကျိုးနည်း အသုံးမကျတဲ့အမိူက် ငါ့အစာအိမ်ထဲဝင်ပုနနေတယ် ငလူး fck,fck,fck! ဝူရုန် မင်းတစ္ဆေရောဘယ်လိုနေလဲ?"
 
     ငါမပြောတက်ဘူး ဘာလို့လဲဆို ငါတစ္ဆေက နည်းနည်း ဆွံ့အနေတယ်လေ။

    သို့သော်ဘာဖြစ်နေလဲဆိုတာတော့ ဝူရုန် ဝိုးတဝါးတော့ သိနေသည်။ တိတ်တဆိတ်ဖြင့် သူ့ဘယ်ဘက်နားမှ အစိမ်းရောင်နားကပ်လေးကို သတိပေးကာ တည်ကြည်စွာဖြင့် " သူကဘာမှမပြောဘူး"

     "မဟုတ်ဘူး အဲ့တာမဖြစ်နိုင် ဟမ် ကြည့်ရဝာာမရှိတော့ဘူးပဲ"

     ကျိုးရွမ် အံ့အားသင့်စွာ ခါးမတ်လိုက်ရင်း ကြောက်ရွံ့နေခြင်းရပ်သွားကာ နားမလည်နိုင်ဖြင့် " ဘာတွေဖြစ်သွားတာလဲ ငါ့မှာ တစ္ဆေမွေးတာကြောင့် တန်ပြန်တဲ့ စိတ်ထွေပြားမူလက္ခဏာတွေရှိနေတား?"

    ကျိုးရွမ်မကြာမီက သူ့အလုပ်များ‌ခြင်းနှင့်ပတ်သတ်၍ စိုးရိမ်သွားကာ ဒေါက်တာပိုင်တုနှင့် မေးမြန်းရန်ဆုံးဖြတ်လိုက်ပြီး ဝူရုန်ကတော့ ပင့်ကူလေးနှင့် မြွေစိမ်းလေးအား တစ်ကောင်ပြီး တစ်ကောင် သင်ကြားပေး‌နေသည်။

     ပထမအချက်အနေဖြင့် ဒီအချိန်မှာ အပေါင်းအပါတွေက ဆာလောင်နေခဲ့ပြီး တခြားအချက်မှာတော့ ကျိုးရွမ်မှာ ခံတပ်သစ်တောမှထွက်လာကတည်း ပထမဆုံးတွေ့ရသော အပြင်လူဖြစ်နေခြင်းကြောင့် သူတို့မှာ ဝူရုန်အားသူတို့၏ အစွမ်းကိုပြသနိုင်ရန် မစောင့်နိုင်တော့ပေ။ မိဘအား ကျေနပ်စေလိုသော ကလေးများလိုပင်။

    သို့သော်ဝူရုန်ကတော့ သူတို့ကိုသိုသိုသိပ်သိပ်နေစေလိုသည်။ သူသည် တစ္ဆေမွေးသူအဖြစ် ပေါ်ပေါ်ထင်ထင်လုပ်ကိုင်ပြီး ကူသတ်ဖြတ်သူအဖြစ်ကို တော့ ဖုံးကွယ်ထားလိုသည်။ အစိမ်းရောင်ကူမှာ နားကပ်လေးအဖြစ်ဖုံးကွယ်ထားကာ အပ်သေးသေးလေးထဲနစ်မြုတ်ထားသည်။ မြွေကူသည် နတ်မှောင် အေးစက်သော နေရာတွင် ဆံပင်နောက်တွဲဆံထုံးလိုနေရာမျိုးသို့မဟုတ် ခေါင်းပေါ်မှ ငွေရောင်အဆင်တန်ဆာလိုနေရာမျိုးတွင်ပုန်းကွယ်နေသင့်သည်။

     သို့သော်ဝူရုန်ကဆံပင်တိုသောကြောင့် ပုန်းကွယ်စရာ နေရာမရှိသဖြင့် သူ့ကိုယ်သူအနစ်နာခံ၍ ယာယီအားဖြင့် နားကပ်အဖြစ်နေနေသည်။

     အားလုံးကိုသတိပေးပြီးနောက် ကျိုးရွမ်နှင့် ဝူရုန် ယန်ကျားဖင်းသို့ မည်သည့် အနှောင့်ယှက်မှမရှိပဲ ရောက်သွားသည်။ အချိန်မှန် မနက် နေ့လည် ညနေ 'ကျွန်တော်ဗိုက်ဆာတယ်၊ ဗိုက်ဆာတယ် ၊မေမေ ကျွန်တော်ဗိုက်ဆာတယ် ' ဟူသော အနှောင့်ယှက်လေးကလွဲရင်ပေါ့။

     "ဟေး ဒီနေ့ကသောကြာနေ့ ငါတို့ပြည်သူ့လုံခြုံရေးဗျူရိုကို တိုက်ရိုက်သွားပြီး စာရင်းသွင်းကြတာပေါ့ ပိတ်ရက်တွေမှာဝန်ထမ်း တွေနားလိမ့်မယ်"

    ကျိုးရွမ်အကြံပေးလာသည် " မင်းစောစောစာရင်းသွင်းနိုင်ရင် နောက်အပတ်အထူးလေ့ကျင့်ရေးကို မှီနိုင်လိမ့်မယ်"

    "အိုကေ"

    ဝူရုန်၌ ပြဿနာမရှိ။ ကျုံးကူကို အသက်အဆိပ်အဖြစ်လက်ခံလိုက်စဉ်ကပင် သူရုပ်ပိုင်းဆိုင်ရာ ပိုအားကောင်းလာကာ ငါးရက်ငါးည မအိပ်ရလျှင်တောင် သူ့စိတ်ဝိဉာဉ်ကိုအရင်တိုင်းထိန်းသိမ်းထားနိုင်ဆဲပင်။ နောက်ပိုင်း ကျုံးကူဥပေါက်လာလျှင်ပိုအားကောင်းလာပြီး သူတို့လည်း ပိုသန်မာလာပေမည်။

     "အဲ့တာအဆင်ပြေတယ်ဆိုတိုက်ရိုက်ပဲ သွား... သောက်ကျိုးနဲဘာကြီးလဲ!"

    ကျိုးရွမ်စတီယာဘီးကိုဆွဲလှည့်လိုက်သောအခါ SUVကားမှာကျယ်လောင်သောအသံဖြင့်ရပ်တန့်သွားကာ ဝူရုန်ကားမှန်မှ အဖြူရောင် အရိပ်တစ်ခုဖြတ်ပြေးသွားသည်ကို တွေ့လိုက်သည်။ ကြည့်ရတာကားမှန်ကို တိရိစ္ဆာန်တစ်ကောင်ကောင်လာတိုက်သွားသလိုပဲ။ ကျိုးရွမ်ခါးပတ်ကိုအမြန်ချွတ်ကာ အပြင်ထွက်ကြည့်လိုက်သည် "အားရိုး ငါအပြစ်ကလဲ ဒါလေးကကြောင် ပေါက်လေးပဲ!"
    ကား၏ငါးမီတာအကွာတွင်ကြောင်ဖြူလေးတစ်ကောင် လဲ နေသည်။ သူ‌တွင်ကြီးမားသောလက်သီးဆုပ်နှစ်ခုရှိပြီး ကိုယ်ပေါ်တွင်အဖြူရောင်အမွေးများ ထူထဲနေကာ နှင်းလုံးလေးနဲ့ပင်တူသည်။ လှပသောသူပါးစပ်နှင့် နှာခေါင်းပေါက်တစ်လျှောက်တွင် တောက်ပသောအနီရောင်များ ယိုစီးနေကာ ထိပ်လန့်စရာပင်။ အားနွဲ့ကာသနားစရာကောင်းလှသည်။ ထိုအရာကပင် လူတွေ၏နှလုံးသားထဲက နက်ရိူင်းစွာရှိနေသော အကြင်နာတရားကို လှုံဆော်ပေးနိုင်သည်။ ကျိုးရွမ်းတယောက် ကြမ်းတမ်းသောလူတစ်ယောက်ဖြစ်တာတောင် ဒီကြောင်ပေါက်လေးနဲ့တွေ့သောအခါ သူ့လက်များမထား‌တက်အောင်ဖြစ်နေကာ ကြောင်ပေါက်လေးအားကောက်ယူချင်သော်လည်း ကြောင်လေးမှာ ကွေးကွေးလေးနှင့်သွေးများအန်နေသဖြင့် သူမလူပ်ရဲပေ။ အိုးပူထဲရောက်နေသောပုရွတ်ဆိတ်လိုပင်။

    "ဝူရုန် မင်းအပြင်ခဏထွက်လာပြီ ငါ့ကိုကူပါလား?"

     ဝူရုန်အပြင်ထွင်ကာလှမ်းကြည့်လိုက်စဉ်တွင် ကြောင်လေးမျက်လုံးပွင့်လာသည်။ သူမျက်လုံးများမှာ ပင်လယ်လိုနက်ရိူင်းပြာလဲ့ကာ အလှပဆုံးသောရတနာလို လှပပြီး နာခံသိမ်မွေ့နေသောသူ့ပုံစံလေးက လူတွေကိုရင်းနှီချစ်ကျွမ်း‌ဝင်စေသည် ယုံကြည်ချက်ကိုပေးနေသည်။ 'ဘယ်သူမဆို ဒီမျက်တွေရဲ့ဖမ်းစားခြင်းကို ခံရမှာပဲ'။

    "မြောင်..."

    သကြားလုံးပျော့လေးလိုနူးညံ့ချိုမြိန်မျာူပြည့်နေကာ သနားစရာကောင်းကောင်းလှသောကြောင်ပေါင်လေးအသံနဲ့တုန်ယင်နေသောအမြှီးလေးပါကျိုးရွမ် အာရုံကို လုံးဝဆွဲဆောင်သွားနိုင်သည်။

    "အာ…"

     "ဒီကြောင်ပေါက်က တကယ်ကြည့်ကောင်းတာပဲ။ သူဘယ်လိုအပြင်ထွက်လာလဲ ငါမတွေးတက်တော့ဘူး"

    "ဆေးရုံခေါ်သွားပြီးစစ်ဆေးပေးကြည့်ရအောင်"

    ကျိုးရွမ်စောင်အပါးလေးယူကာ ကြောင်ပပေါက်လေးအားကောက်ယူလိုက်သည်။ ကြောင်ပေါက်လေးမှာ သူစိမ်းအား နူးညံ့စွာဖြင့် ပုန်ကန်သလိုပြုမူနေသည်။ ထိုကောင်လေးမှာ ချစ်စရာကောင်းကာ နူးညံ့နေသည်။ ကျိုးရွမ်းမျက်လုံးထဲ သနားစကောင်းသည်ဟုမြင်နေသည်။ သူကကားမောင်းရမည်မို့ ကြောင်ပေါက်အားသယ်ရန်မှာ ဝူရုန်တာဝန်ဖြစ်လာသည်။ ထူခြားချက်အနေနဲ့ ဝူရုန်လက်ထဲရောက်သည်နှင့် ကြောင်လေးမှာနာခံမူရှိစွာ လိုက်ပါလာပြီး သူခေါင်း‌သေးသေးလေးနှင့် ဝူရုန်အင်္ကျီပွတ်သပ်ကာ ငိုက်မြည်း၍ လိုက်ပါလာသည်။

    တိရိစ္ဆာန်ဆေးရုံသို့ ရောက်လျှင်ရောက်ချင်း ကျိုးရွမ်ဖုန်ခေါ်ဆိုမူတစ်ခုလက်ခံလိုက်ရပြီး သူမျက်နှာမှာလည်း ချက်ချင်းတည်ကြည်သွာသည်။

    "အိုကေ ငါအဲ့ကိုလာခဲ့မယ်"

    ဖုန်းချပြီးနောက် ကျိုရွမ်ဝူရုန်အားတောင်းပန်သလိုကြည့်၍ စကားပြောလာသည်။" ဗျူရိုမှာကိစ္စတစ်ခုရှိနေလို့ ငါပြန်သွားရလိမ့်မယ်"

    " တောင်းပန်ပါတယ်ညီကိုရေ ငါတစ်ယောက်ယောက်ကို ဆက်သွယ်ပြီး မင်းကိုစစ်ဆေးဖို့လာခေါ်ခိုင်းလိုက်မယ်"

    "အဆင်ပြေပါတယ်"

    ကျိုးရွမ်မှာကြံတောင်ကြုံခဲ အပြုံးမျိုးပြုံးကာ သူမျက်ခုံးများမှာ စိုးရိမ်မူများဖြင့် တင်းမာနေသည်။ ဝူရုန်ကိုကြည့်ရင်း ခတ္တမျှတုန့်ဆိုင်းပြီးနောက် နောက်ဆုံးတွင်တီတိုးပြောလာသည်။ " မင်းကိုမင်းဂရုစိုက်ရမယ်နော်။ ဒီရက်တွေမှာ ၈နာရီနောက်ပိုင်အပြင်မထွက်နဲ့။ အထူးသဖြင့် ဗဟိုပန်းခြံဘက်ကိုပဲ"

    "သိပ်မကြာခင်က အဲ့ဘက်မှာပျောက်ဆုံးမူတွေအများကြီးဖြစ်နေပြီးတော့ ပြန်တွေ့တဲ့အခါကျရင်လည်း သားကောင်တွေက အတော်အခြေနေဆိုးနေတာ။ သာမန်လူတွေတင်မဟုတ်ဘူး တစ္ဆေမွေးတက်တဲ့ သူတွေပ့ပါနေတယ်။ ငါတို့ရဲ့ခြုံငုံသုံးသပ်ချက်အရ ဒါကနတ်ဆိုးဝိဉာဉ်ဖြစ်ဖို့များတယ်။ မင်းဂရိုစိုက်နော်!"

     ကျိုးရွမ်မှာ လူသစ်များစွာကိုခေါ်ယူခဲ့ဖူးသည်။ သာမန်လူများ ပထမဆုံးစွမ်းအားရရှိတဲ့အချိန်ဖြစ်လေ့ဖြစ်ထရှိသောအချက်က တိုးတက်ချင်တာနှင့် မိုက်ရူးဆန်ခြင်းဖြစ်ကာ သူတို့၌အကြွင်းမဲ့ အာဏာရှိလာသည်ဟု ထင်တက်ကြသည်။ သေဆုံးသွားမူအများစုသည်လည်း တစ္ဆေမွေးမြူခြင်း အစောပိုင်း‌ကာလများတွင်ဖြစ်သည်။ သူသည်ဝူရုန်တွင်ထိုကဲ့သို့စရိုက်မရှိမှန်းသိသော်လည်း သူတွင်လည်း တစ္ဆေမွေးမြူရခြင်းနဲ့ပတ်သတ်၍ သက်ရောက်မူကို ဧကန်ခံစားရမည်ဖြစ်သည်။ သူသည် ထိုတည်ငြိမ်လှသောလူငယ်လေးအားသဘောကျသည်။ ထိုကောင်လေမတော်တဆဖြစ်သွားမှာကိုမလိုလားပေ။
  
    မသွားခင်တွင်ကျိုးရွမ်က " ငါတို့လိုတစ္ဆေမွေးသူတွေလည်း အပြင်မထွက်ခင် ကိုယ်ဘာသာကိုယ်ကာကွယ်တက်ဖို့ကိုလည်း သင်ယူဖို့လိုတယ်"။

    ဝူရုန်သူဘာလိုဆိုလိုချင်မှန်းမသိ။ ကြောင်ကိုဆေးရုံသို့သယ်လာရင်း အခုလေးတင် ကျိုးရွမ်ပြောခဲ့သည်များကို တွေးတောနေ‌သည်။ ဗဟိုပန်းခြံမှာသူတို့ဆိုင်လေးနှင့်အလွန်နီးသည်။ အမေဝူမှာ သူ့ငယ်ချင်းကိုခေါ်၍ ထိုပန်းခြံရှိ မြေကွက်ကျယ်တွင် ညနေတိုင်း သွားကလေ့ရှိသည်။ ကျိုးရွမ်ကထိုသို့ပြောသည့်အတွက် သူတကယ်ပင် ဂရုစိုက်ရန်လိုအပ်ပုံပင်။

    သူကောင်တာတွင် ကျသင့်ငွေရှင်းပြီးနောက် ဆရာဝန်အလာကို ကြာမြင့်စွာစောင့်နေခဲ့ရသည်။ ဒီနေ့တွင် တိရိစ္ဆာန်ဆေးရုံမှာ ရူပ်ယှက်ခပ်နေသည်။ ဆေးဝန်ထမ်းများစွာက ခွဲစိပ်ခန်းသုံးလှည်းများစွာ တွန်းရွေ့နေရင်း အလုပ်များနေကြသည်။ ထိုလှည်းများပေါ်တွင် သွေးများစွာအိုင်ထွန်းနေသော ခွေးများ ကြောင်များ ရှိသည်။ ‌ခြေလက်များ ရွဲ့စောင့်တွန့်လိမ်လျက် အများစုမှာ ရေနွေးပူလောင်သလို အပူလောင်ထားပြီး ပြည်တည်နေ‌သောအရေပြပေါ်တွင် လောက်နှင့်အရေကြည်ဖုများစွာပြည့်နေကာ စက်ဆုပ်ရွံရှာဖွယ်ပင်။

    ဒါတွေက လူကလုပ်ထားတာ။

    ကျုံးကူကို လက်ခံလိုက်စဉ်ကပင် ဝူရုန်အကြားအာရုံစူးရှလာကာ ယခုဆေးရုံဝန်ထမ်းများ၏တီးတိုး စကားပြောသံကို ကြားရသည်။

     "ဘယ်လိုပြစ်ဒဏ်မျိုးလဲ ငါတို့နေ့တိုင်းအိမ်မက်ဆိုးတွေနဲ့ လန့်နိုးလာတော့မှာပဲ။ ဒီလိုမျိုးဆိုးဝါးတဲ့သူမျိုးဘယ်မှာရှိနိုင်လို့လဲ"

    "မင်း မင်းရဲ့ မျက်လုံးတွေနဲ့ကိုယ်တိုင်မမြင်သေးဘူးလား။ ငါကြားတာတော့အဲ့မှာကြောင်နဲ့ခွေးတွေပြည့်နေတဲ့ကျွင်းတစ်ကျွင်း ရှိတယ်တဲ့။ သူတို့ကိုရှင်လျက် အဲ့ထဲပစ်ချလိုက်တာ။ ရှင်လျက်နဲ့ ပုတ်သိုးဆွေးမြေ့လာတာ။ အဲ့ကိုသွားပြီး သတင်းယူတဲ့သတင်းထောင်တောင် အန်ပါတယ်ဆိုမှ"

     "No.128"

     " ဒီမှာပါ "

     အမှတ်စဉ်ခေါ်သံကြားသဖြင့် ဝူရုန်ကြောင်လေးကိုသယ်ကာ ကောင်တာသို့သွားလိုက်သည်။ ဝန်ထမ်း၏မျက်လုံးအောက်တွင်အမည်းကွင်းများရှိနေကာ သူလက်မောင်းမှကြောင်လေးကိုတွေ့သောအခါ ကြင်နာစွာ ပြုံး၍ စကားပြောသည် " ဘယ်လိုတောင်ကြည့်ကောင်းတဲ့ကြောင်ပေါက်လေးလဲ? အမည်ဘယ်လိုခေါ်လဲ? အသက်ဘလောက်လဲ?"

    "လမ်းပေါ်က လမ်းဘေးကြောင် ကားနဲ့ဝင်တိုးတာ"

    ဝူရုန်အမှန်တရားအားပြောပြကာ ကောင်တာစားပွဲပေါ်သို့ စောင်နှင့်ပတ်ထားသောကြောင်ပေါက်လေးကို ချပေးလိုက်သည်။

    " မြောင်"
 
     သူလက်မောင်းမှချလျှင်ချ ခြင်း ကြောင်‌ ပေါက်လေးနိုးလာပြီး ဝူရုန်အင်္ကျီလက်ကို ကုတ်ဆွဲထားသည်။ အလွန်သနားစရာလေးပင်။ အပြာရောင်မျက်လုံးများကစိုစွတ်နေကာ နှာခေါင်းပန်းရောင်လေးနှင့် ကြောင်ပေါက်လေး၏အသံမှာ နူးညံ့ကာတိုးလျသည်။ အဲ့တာက လူကိုအမှားလုပ်မိသည်ဟုခံစားရစေကာ လူများကို အရည်ပျော်စေနိုင်သည်။ အနည်းဆုံးတော့ကောင်တာမှ မမလေးအား ထိုအရာက အောင်နိုင်သွားလေးသည်။ 'ဘယ်လိုအဖိုးတန်တဲ့ချစ်စရာလေးလဲ?' ဟူသောမျက်နှာထားနှင့် သူမ၏သဘောကျမူကတိုးမြှင့်လာသည်။

     သို့သော်ဝူရုန်၏သံမဏိလိုစိတ်ထားကတော့ မယိမ်းယိုင်ခဲ့ပေ။ ကြောင်ပေါက်လေးလက်ကိုဆွဲချလိုက်ကာ စောင်နဲ့ပြန်ပတ်ပေးလိုက်ပြီး ရှေ့သို့တွန်းပို့ကာ "စစ်ဆေးပေးပါဦး!"

4209words
9:55:Pm,Sat Mar 25,2023.

Zawgyi

     တေစၧဘုရင္ ဝူေျမာင္? ဘယ္လိုေတာင္ထူးျခားတဲ့ဂုဏ္ပုဒ္ႀကီးလဲ?

    ဝူ႐ုန္တုန႔္ဆိုင္းေနသည္ကို ေတြ႕ေသာအခါ စုန္းပညာရွင္က အလ်င္အျမန္ထပ္ေျပာလာသည္ " ဝူေျမာင္ဆိုတာ တေစၧဘုရင္ကိုာသတ္ျဖတ္သူပဲ ဒါေပမယ့္ ဒီစုန္းသုေတသနကို တည္ေထာင္တဲ့ ငါတို႔ကေတာ့ သူ႔ကို ဝူေျမာင္လို႔ပဲေခၚတယ္!"

    " စုန္းပညာရွင္" ၊စုန္းကေလ ။
...

     ဝူ႐ုန္သူ႔ကိုယ္သူ အမွားလုပ္မိသည္ဟု သေဘာေပါက္သြားသည္။ စုန္းအဖြဲ႕စည္းဟုေခၚေသာ ဒီအဖြဲ႕စည္းက စုန္းပညာကိုမေလ့လာတဲ့အျပင္ စုန္းေျမာင္မွာလည္း အမ်ိဳးသားစုန္းပညာရွင္ကို ကိုယ္စားမျပဳပဲ ဒီဝူေျမာင္က တေစၧဘုရင္ကိုရည္ညႊန္းျခင္းသာ။ ဒီအဖြဲ႕က တေစၧဘုရင္ကို အထူးျပဳေလ့လာတာပဲ။

     တေစၧဘုရင္ကိုေလ့လာျခင္းႏွင့္ တခ်ိဳ႕အရာမ်ားမွာ လက္ရွိဝူ႐ုန္ႏွင့္ အနည္းငယ္အလွမ္းကြာေဝးေသးသည္။ ဒါကအသုံးမဝင္ဘူးဆို အဖြဲ႕အတြက္ ေငြအလကားသက္သက္မကုန္ရေအာင္ ျပန္ႏူတ္မထြက္သင့္ဘူးလား?

    စုန္းပညာရွင္သည ဝူ႐ုန္အဖြဲ႕ထဲကထြက္ခ်င္ေနမွန္း သိသိသာသာကိုပင္ သတိမျပဳမိပဲ လူသစ္အတြက္စိတ္လူပ္ရွားေနကာ စိတ္အားထက္သန္စြာေျပာေနသည္ " ငါမင္းရဲ့ေမးခြန္းလႊာေတြဖတ္ၾကည့္ၿပီးေနာက္ မင္းအေျဖတြက္ က ဒီသုေတသနအတြက္ အရမ္း သင့္ေတာ္တယ္။ မင္းကိုဘယ္သူမွနားမလည္လို႔ အထီးက်န္ေနတယ္လို႔ခံစားေနရတယ္မလား။ စိတ္မပူနဲ႔ေတာ့ အခုမင္းမွာဒီအဖြဲရွိသြားၿပီ။ ဒီအဖြဲ႕ကလူတိုင္းက အတူတူပဲ"

     စကားအသြားအလာက ေဈးကြက္ရွာေဖြ‌ျဖန႔္ျဖဴးသူမ်ားေလသံလိုပင္။ (T/N MLM )

    ဝူ႐ုန္ထြက္ရန္ျပင္လိုက္စဥ္ စကားေျပာခန္းတဲ့ေနာက္တစ္ေယာက္ေပၚလာၿပီး သူပါးစပ္ဖြင့္လိုက္သည္ႏွင့္ အဂၤလိပ္စကားမ်ား အတြဲလိုက္ထြက္က်လာသည္။ စုန္းပညာရွင္သာ္ခ်က္ခ်င္းပင္ပစ္မွတ္ေျပာင္းသြားကာ အဂၤလိပ္လို စတင္စရိုက္ေလသည္။ ထိုေနာက္ထိုလူႏွစ္ေယာက္ မ်က္ႏွာျပင္တဝက္ေလာက္ထိစကားေျပာေနၾကကာ မည္သူမွ ၾကည့္ေနသလို ဝူ႐ုန္ကိုလည္း မသိုဝွက္ထားေပ။ သို႔ေသာ္သူ အနည္းငယ္စိတ္ဝင္စားေသာအရာရွိလာကာ ထိုသူတို႔ေနာက္ ဘယ္အရာကိုသေဘာတူညီခ်က္အျဖစ္သတ္မွတ္လိုက္လဲဆိုတာ အၾကမ္းဖ်င္း သေဘာေပါက္လိုက္သည္။

    သေဘာတူညီခ်က္ရၿပီးေနာက္စုန္းပညာရွင္က ပို၍ ေပ်ာ္ရႊင္သြားကာ စိတ္ခြန္အားအျပည့္ျဖင့္ " လာပါ။သူရဲ‌ေကာင္းေရ ငါတို႔မွာအဖြဲ႕တြက္ ေသြးသစ္ေလးရွိလာၿပီ"

    [မိုးေသာက္ၾကယ္] ဟု အမည္ေျပာင္ရွိေသာ သူမွာ "ဟလို" ဟု ႏူတ္ဆက္လာ၍ သူ႔အသံမွာ အဆင့္တန္းရွိၿပီးနားေထာင္ေကာင္းလွစြာ စုန္းပညာရွင္ေခၚလိုက္ေသာ သူ႔အမည္ေျပာင္လိုပင္ သူရဲေကာင္းမွာ က်က္သေရ ရွိပုံေပၚသည္။

    "သူရဲေကာင္းကနည္းနည္းရွက္တက္တယ္ ဒီအဖြဲ႕နဲ႔ေနတာၾကာသြားရင္ မင္းသိလာလိမ့္မယ္။ အသစ္ေလး မင္းရဲ့ကိုယ္ေရးကိုယ္တာ  အခ်က္လတ္ေနရာမွာ ပစၥည္း လက္ခံမယ့္ လိပ္စာထည့္ထားသင့္တယ္ အဖြဲ႕က မၾကာမီ အသင္းဝင္တဲ့ ေထာင္ပံ့ေၾကး အက်ိဳးျမတ္ေတြ ပို႔လာလိမ့္မယ္! "

     "အက်ိဳးျမတ္"ဟူေသာ စကားလုံးက ထြက္ခြာရန္ျပင္ေနေသာ ဝူ႐ုန္ကို တန႔္သြားေစသည္။ ထို႔ေနာက္စုန္းပညာရွင္၏ ဝမ္းသာေနေသာအသံကို ၾကားလိုက္ရသည္။ " သိပ္မၾကာခင္က ေလဆီႏွင္းခဲ၊ သန႔္စင္ေသာအျမစ္မဲ့ မိုးဆီႏွင္း အသစ္တစ္သုတ္ ရခဲတယ္။ ငါတစ္ေယာက္တည္း အမ်ားႀကီးသုံးဖို႔မလိုဘူး ဒါကိုအဖြဲ႕ေထာက္ပံ့ေၾကးအျဖစ္ သုံးလိုက္မယ္"

    ဝူ႐ုန္ အနည္းငယ္ အသက္႐ူရပ္သြားသလိုပင္။

    "က်ိဳးရြမ္"

    ဖုန္းကိုခ်လိုက္ကာ ဝူ႐ုန္စကားစလိုက္သည္။ "မင္း သန္စင္ေသာအျမစ္မဲ့ေရ ကိုသိလား?"

     "ဒါေပါ့ငါသိတာေပါ့ သန႔္စင္ေသာအျမစ္မဲ့ေရ က အရမ္းေကာင္းသလို ရွားပါးပစၥည္းတစ္ခုပဲ"

     က်ိဳးရြမ္‌ကားေမာင္းေနရင္းရွင္းျပလာသည္။ " အျမစ္မဲ့ေရဆိုတာ ေကာင္းကင္က က်လာတဲ့ေရပဲ ငါတို႔လိုတ‌ေစၧေမြးသူေတြမွာ သတ္ျဖတ္လိုစိတ္ႏွင့္ ေသြးဆာမူေတြအရမ္းမ်ားလာတဲ့အခါ အျမစ္မဲ့ေရနဲ႔ သန႔္စင္ေပးရတာ။ ဒါေပမယ့္ အရမ္းရင့္ပါးေန တဲ့ တေစၧေတြဆိုရင္ေတာ့ ‌သန႔္စင္ေသာအျမစ္မဲ့ေရ ကိုပဲသုံးလို႔ရတယ္။ အခုဆိုကမၻာေပၚမွာ ယင္ခ်ီေတြအရမ္း‌အားေကာင္းလာၿပီး မိုးဆီႏွင္းေတြမွာပါယင္ခ်ီေတြေရာပါေနတာ။  ေကာင္းကင္သခင္ေတြက ဒီအရာေတြ ကို ေျဖရွင္းတဲ့ေနရာမွာပိုေတာ္ၿပီး ေဈးလည္း အေတာ္ေပးရတယ္"

    "သန႔္စင္ေသာအျမစ္မဲ့ေရထက္ပိုသာတာကေတာ့ ဒ႑ာရီလာ 'ဇီးေရာင္ဝါးသစ္ခြ'၊'မိုး၊ ႏွင္းစက္၊ ဆီးႏွင္းခဲႏွင့္ ႏွင္း' စတဲ့ အထူးပါဝင္ပစၥည္းေတြက သန္စင္ေသာအျမစ္မဲ့ေရ ရဲ့ ထူးျခားဆုံးရာသီစုေဆာင္းမူေတြပဲ။ အဲ့ပစၥည္းကို တေတာင္ကြမ္ႏွင့္ ထိပ္ပိုင္းအဆင့္ ေကာင္းကင္သခင္ တ‌ကၠသိုလ္ေတြမွာပဲရရွိနိုင္ၿပီး အရမ္းရွားပါးတယ္။ လြန္ခဲ့ေသာတႏွစ္က ၿမိဳ႕နယ္အလိုက္တေစၧၿပိဳင္ပြဲရဲ့ပထမဆုက "သန္စင္ေသာ မိုးႏွင္းစက္ ဆီးႏွင္းခဲ ႏွင့္ႏွင္း အျမစ္မဲ့ေရ" တစ္ပုလင္းပဲ။ ပုလင္းေသးေသးေလး ဆယ္စက္အမ်ားဆုံးပဲ"

     က်ိဳးရြမ္ စတီယာဘီးကိုင္ထားေသာညာလက္ကိုလႊတ္လိုက္ကာ လက္ခလယ္ႏွင့္ လက္မကိုေကြး၍ အနည္းငယ္ဟူေသာပမာဏကိုေဖာ္ျပေနရင္း " ေမွာင္ခိုေဈးကြက္မွာေတာ့ ယြမ္ 30,000 ေဈးေပါက္တယ္"

    "အာ တစ္စက္ထဲကို 30,000ေနာ္ ဒါေတာင္ ေဈးကြက္အတည္အက်ေဈးမဟုတ္ေသးဘူး။ ေနာက္ဆုံးေတာ့လည္း ထန္းရွီကိုေလ့လာတာက ေငြရွားပါးေနမွာေတာ့မဟုတ္ဘူး။ အကယ္ေလ့က်င့္ေရးကို အထူးမျပဳရင္ေတာင္ အာ့ေတာင္ကိုေရာင္းစားေနလို႔ရတယ္။ အာ အကယ္၍ ငါ့မွာသာ "မိုးဆီႏွင္း၊ ဆီႏွင္းခဲ့ ႏွင္ ႏွင္း " ေရစက္ တခ်ိဳ႕သာ ရွိေနရင္ ေန႔တိုင္းဘာလို႔ ေလသန႔္စင္စပေရး ျဖန္းေနရမွာလဲ? ဘာလဲ ဝူ႐ုန္ မင္းေရာလိုေနလို႔လား?"

     သူလိုတာေတာ့ဘယ္ဟုတ္မလဲ။ က်ဳံးကူလိုေနတာ။

    က်ဳံးကူမွာေကာင္းကင္ႏွင့္ေျမႀကီး၏ စိတ္ဝိဉာဥ္ျဖစ္ကာ ဥေဖာက္သည့္ အေျခေနမွာအလြန္ျပင္းထန္လွသည္။ သူတို႔သည္ ေရႊ၊သစ္သား၊ ေရ၊ ေျမ၊ မီး ဟူေသာ ျဒပ္စစ္ငါးမ်ိဳး၏အေထာက္အပံ့လိုသည္။ သန႔္စက္ေသာအျမစ္မဲ့ေရမွာ ထိုအရာေတြထဲမွ ေရဟူေသာအရာျဖစ္ၿပီး က်ဳံးကူႏွင့္သခင္အသိမွတ္ျပဳျဖစ္စဥ္၌ သုံးထားခဲ့ေသာ ေသြးမ်ားေၾကာင့္ ေသြးခ်ီမ်ားကို ထိုေရႏွင့္ သန႔္စင္ေပးရမည္။ အျမစ္မဲ့ေရကိုအလြယ္တကူရခဲ့လၽွင္ေတာင္ အဖြားဝူေျပာပုံအရ က်ဳံးကူကိုသန႔္စင္ရန္ သန္စင္‌ေသာအျမစ္မဲ့ တစ္ခရားခန႔္လိုေပမည္။

    ကူေမြးရန္အတြက္ ေသးငယ္ေျပာင္းလဲမူ သည္ပင္ ေရစက္ 4000 သုံးရေပမယ္။ အထူးသန႔္စင္‌ေသာအျမစ္မဲ့ေရ၏အသုံးဝင္မူက အဆတစ္ရာျဖစ္ရင္ေတာင္ ထိုအရာမွာ အစက္ 40ခန႔္လိုေနဦးမည္။ တစက္ကို 30,000သာဆို အစက္ 40အတြက္ 12သိန္းက်သင့္ေပမည္။

     ဝူ႐ုန္ေက်ာက္ကပ္ထုတ္ေရာင္းလၽွင္ေတာင္ ေငြမေလာက္။

    အသင္းဝင္လိုက္တာလည္း ေကာင္းတာပါပဲ။

   သူစကားေျပာခန္းထဲျပန္ေရာက္သြားေသာအခါ စုန္းပညာရွင္မွာ အေမအိုႀကီးလို နားပူနားဆာလုပ္ေနဆဲ။ ပစၥည္းကိုေနရာမွား မပို႔မိေစရန္ သူ႔လိပ္စာကို ေရးခိုင္းေနသည္။ စုန္းအဖြဲ႕စည္း၏ ဥကၠဌမွာ အနီေရာင္ဝတ္႐ုံလက္ ျဖစ္ကာ စုန္းပညာရွင္ႏွင့္ မိုးေသာက္ၾကယ္အျပင္ အေခါင္းအႀကီးအကဲဟုေခၚေသာ လူလည္းရွိသည္။ အားလုံးမွာ နာမည္ဝွက္မ်ားျဖင့္ ကြယ္ဝွက္ေနၾကသည္။ ဝူ႐ုန္တြင္လည္း သုံးေလ့ရွိေသာအမည္ဝွက္ရွိေနကာ သူအနည္းငယ္ေတြးေတာၿပီးေနာက္ "ခ်မ္းသာႂကြယ္ဝေသာေတာင္" ဟူေသာ စာလုံး "Rong Shan" ကိုသုံးလိုက္သည္။

    ခ်မ္းသာႂကြယ္ဝေသာေတာင္သည္ "Rong " စာလုံးကို ခြဲကာ ေနေရာခ်ိန္းထားျခင္းပင္။

    ကိုယ္ေရးအခ်က္လတ္မ်ားျဖည့္ၿပီးေနာက္ ဝူ႐ုန္ အသင္း၏စည္းမ်ဥ္းစည္းကမ္းကိုၾကည့္လိုက္ေသာအခါ ေလးခုသာရွိသည္။

     ၁)ဘယ္လို အေျခေနမွာျဖစ္ျဖစ္ သ့အမည္မေခၚရ။ မဟုတ္ရင္ မင္းေသရမည္။

    ၂)အဖြဲ႕စည္း ျပင္ပကလူေတြေရွ႕မွာ သူ႔အၾကာင္းမေဖာ္ထုတ္ရ။ မဟုတ္ရင္ မိုးႀကိဳးပစ္ခံရမည္။

    ၃)သူ႔အနားကပ္ဖို႔ မႀကိဳးစားလိုက္နဲ႔။ ေပၚသြားတာနဲ႔ ျပည္သူ႔လုံျခဳံေရးက မင္းကိုဖမ္းဆီးေစာင့္ၾကည့္လိမ့္မည္။

    ၄)သူကိုခ်စ္ပါ။ ေလးစားပါ။ ဘယ္လိုအေျခေနမ်ိဳးမွာပဲ မေလးမစားမလုပ္မိပါ‌ေစနဲ႔။ အဲ့လိုမွမဟုတ္ရင္ အနီေရာင္ဝတ္႐ုံလက္က မင္းကိုသတ္လိမ့္မည္။

    ထို"သူ"ဆိုသည္မွာ ေမးခြန္လႊာမ်ားေပၚမွ တဖက္ေစာင္းတင္ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားစြာ၏ ဇာတ္ေဆာင္ျဖစ္မည္ဟု သူခန႔္မွန္းမိသည္။ ထိုေသေစေလာက္ေသာသတိေပးခ်က္မ်ားကို ၾကည့္ရင္း ထို "သူ" ဆိုတာက ဝူေျမာင္တေစၧဘုရင္ ဟု သိလိုက္သည္။

     ဝူ႐ုန္႐ုတ္တရက္ သေဘာေပါက္သြားသည္။

    သူသည္ သူကိုယ္ပိုင္တာဝန္မ်ားႏွင့္လူဆိုးတစ္ေယာက္ပင္။ သူ သူ႔အကိုႀကီးေနာက္လိုက္ရင္း အေတြ႕ၾကဳံမ်ားစြာရွိသည္။ သူ စုန္းအဖြဲ႕စည္းအား တခ်က္ၾကည့္႐ုံမၽွျဖင့္ အဓိက အခ်က္အား ေတြ႕လိုက္သည္။

    ခန႔္မွန္းၾကည့္ရသေလာက္ ဒီအဖြဲ႕စည္းမွာ တေစၧဘုရင္အားယုံၾကည္ေသာ ေမွာင္ခိုနတ္ဆိုးအဖြဲ႕တစ္ခုျဖစ္ေလာက္သည္။ သူကလြဲလၽွင္ ဒီဂ႐ုထဲမွာရွိသမၽွအားလုံးမွာ အႏၲရယ္မ်ားတဲ့အရာမ်ားပင္။ မင္းထုတ္ေျပာ‌လိုက္တာနဲ႔ ျပည္သူ႔လုံျခဳံေရး ဗ်ဴရိုသို႔ ပစ္ထုတ္ခံရေပမည္။
   
     ဒါေပမယ့္ ဒါကသူနဲ႔ဘာဆိုင္တာမွတ္လို႔။

    ဝူ႐ုန္၏ထူမျခားနာ သေဘာသဘာဝရအရ သူဘာမၽွမလုပ္ပဲ သန႔္သန႔္ေလးေနၿပီး အဖြဲ႕၏ေထာက္ပံ့ေၾကးယူေန႐ုံသာ။ ထိုေန႔ကသူ႔ကိုယ္ပိုင္ေမးခြန္းလႊာကို ၾကည့္ရင္း ဘယ္လိုဝင္ခြင့္ရသြားမွန္းနားမလည္ေပ။ သူ႔အေျဖလႊာ၏အဆင့္မွာ အရမ္းျမင့္မေနပဲ။ ေအာင္႐ုံမၽွသာ။ သူ‌ျဖည့္လိုက္ေသာအရာမ်ားမွာလည္း ေရာေထြးေနေသးသည္။

     သို႔ေသာ္ဝူ႐ုန္သည္ သူစကားနည္းနည္းေျပာကာ မ်ားမ်ားနားေထာင္၍ တိတ္တဆိတ္ေနကာ အခ်ိန္တစ္ခုေလာက္ေရာေႏွာေနလည္း ကိစၥမရွိဘူးဟု ယုံၾကည္သည္။ ဒီအဖြဲ႕စည္းတြင္ နီးကပ္ေသာ ဆက္သြယ္မူမ်ားမရွိ။ ဇန္နဝါရီလေတြ႕ဆုံမူတြင္ သတင္းအခ်က္လတ္ဖလွယ္႐ုံကလြဲရင္ ၾကားရက္ေတြမွာ စုန္းပညာရွင္ကသာ ေပါက္ေပါက္ေဖာက္ေနသည္။

     စုန္းအဖြဲ႕စည္း၏အဆင့္မွာျမင့္သျဖင့္ ဝူ႐ုန္သူ႔ဖိုရမ္ထဲဝင္ၾကည့္ေသာအခါ သဘာဝက်စြာပင္ သူ႔အသိမွတ္ျပဳအဆင့္မွာအနည္းငယ္ျမင့္လာကာ အနိမ့္ဆုံးအဆင့္မဟုတ္ေတာ့ေပ။တာဝန္ေၾကညာစာတမ္း၊ အလုပ္ခန႔္စာတမ္း၊ ကုန္သြယ္ေရးေၾကညာခ်က္ ႏွင့္တျခားေနရာေတာ္ေတာ္မ်ားမ်ားဝင္ေရာက္ခြင့္ရကာ အေတာ္အဆင္ေျပသြားသည္။

    ဒါေပါ့ဖိုရမ္ထဲဝင္တဲ့အခါမွာ စုန္းအဖြဲ႕စည္းရဲ့ တံဆိပ္ ကိုဖုံးကြယ္ထားျခင္းအားျဖင့္ ႏွစ္တစ္ေလာက္ မနစ္ျမဳတ္ေအာင္ ေလွာ္ခတ္နိုင္ေပမည္။

    "Crap Crap! (T/N အလန႔္တၾကားသတိေပးသံ) ဝူ႐ုန္မင္းလက္ကို ၾကည့္ဦ။ မင္းလက္!"

     ကားတာယာမွာ စူးရွေသာအသံျဖင့္ ေျမႀကီးနဲ႔ပြတ္ဆြဲသြားသည္။ ကားမွာေကြ႕သြားကာ ေလွကားလက္ရန္းႏွင့္ထိလုနီးပါးျဖစ္သြားသည္။ ဝူ႐ုန္ၾကည့္လိုက္ေသာအခါ က်ိဳးရြမ္ဒါရိုက္တာ ခုံေပၚ ေၾကာက္လန႔္တၾကား တြယ္တက္ေနသည္။ အဝါေရာင္ အမ်ိဳးသမီးေလးက စူးစူးရွရွေအာ္ဟစ္၍ မ်က္ႏွာဖုံးမ်ား ပ်ံတက္လာမတက္ ျဖစ္ေနသည္။

    "မင္းလက္ မင္းလက္!"

    ငါ့လက္မွာဘာမ်ားျဖစ္လို႔လဲ?

    ဝူ႐ုန္ငုံၾကည့္လိုက္ေသာအခါ သူ႔လက္သည္းေပၚတြင္ ယိုင္တိယိုင္တိုင္ျဖင့္ ပါးလၽွေသာေျခေလးမ်ားကိုအားျပဳကာ ရပ္ေနေသာႏွမ္းေစ့သာသာပင့္ကူေလးကိုေတြ႕လိုက္သည္။ ေရွ႕ေျခႏွစ္ေခ်ာင္းတြင္ ပိုးခ်ည္မၽွင္မ်ား ကပ္ညႇိေနကာ ျခင္ဖမ္းစက္တြင္ ပိုးေကာင္ေလးကပ္ညႇိေနသလို ျဖစ္ေနသည္။

     သာမန္ပင့္ကူႀကီးမ်ိဳး၏အမဲလိုက္ပုံမွာ တခ်က္ကိုက္႐ုံျဖင့္အလဲထိုးနိုင္ေသာ္လည္း အနက္ေရာင္ ေက်ာက္ပင့္ကူႀကီးမ်ိဳးမွာေတာ့ကြဲျပားသည္။ သူတို႔သည္လိူဏ္ဂူထဲတြင္ ႏွစ္ေပါင္းမ်ားစြာေနခဲ့ရသျဖင့္ ပူေပါင္း‌အမဲလိုက္ျခင္းႏွင့္ က်င့္သားရေနသည္မွာ ၾကာလွၿပီျဖစ္သည္။ ပုံမွန္ဆိုရင္ ပင့္ကူငယ္မ်ားက အဆိပ္မ်ားထိုးသြင္းၿပီး ပင့္ကူႀကီးမ်ားကပိုးႀကိဳးထုတ္ကာ ပိုးအိမ္ေဆာက္ၾကသည္။

     ဒါကပင့္ကူေလး၏ ပထမဆုံးအႀကိမ္ ပိုးမၽွင္မွန္‌ကန္ေအာင္ထုတ္နိုင္ျခင္း ျဖစ္ေသာေၾကာင့္ သူအေတာ္ေလးေပ်ာ္ေနပုံရသည္။

     "ဒါကၽြန္ေတာ့ အိမ္ေမြးတိရိစၧာန္ေလးပါ"

     " မျဖစ္နိုင္ဘူးဆရာ မင္း မင္းရဲ့ အိမ္ေမြးတိရိစၧာန္က အရမ္းအရမ္းကို ထူးျခားလြန္းတယ္ ဟ!"

     ဝူ႐ုန္သူ႔ ပင့္ကူေလးအား လက္သည္း ထဲျပန္သြင္းလိုက္သည္ကို ၾကည့္ရင္း က်ိဳးရြမ္ သူ၏ ႀကီးက်ယ္လွေသာ စီနီယာဂုဏ္ပုဒ္က်သြားသလို ငိုေနတာလားရယ္ေနတာလား မသိေသာ တုန္ယင္မူျဖင့္ မူလခုံေပၚျပန္သြားလိုက္သည္။ ျပန္ထိုင္ၿပီးမၾကာမီမွာပင္ သူမ်က္ႏွာအႀကီးအက်ယ္ပ်က္ယြင္းသြားသည္။ သူမ်က္ႏွာ ျပာရာက ျဖဴေဖြးလာကာ ျပင္းထန္စြာျဖင့္ ႐ုတ္တရက္ကိုယ္ဝန္ေဆာင္ ထားသလို ဗိုက္ကို အုပ္ထားရင္း သြားၾကားထဲမွအသံညႇစ္ ထုတ္ကာ "အာ႐ုန္ မင္းတေစၧေရာ ပုံမွန္အတိုင္းျဖစ္ရဲ့လား?"

    'ဟစ္ ငါ့ကိုတစုံတခုကအျမဲၾကည့္ေနတယ္လို႔ ခံစားေနရတယ္။ အရမ္းေၾကာက္တယ္ အရမ္းေၾကာက္ဖို႔ေကာင္းတဲ့ တေစၧပဲ ၊ အဲ့ေကာင္က အရမ္းဗိုက္ဆာေနၿပီး ငါတို႔ တိုက္ခိုက္ဖို႔ႀကံေနတာ' အဲ့တာ ငါ့တေစၧေျပာတဲ့စကားပဲ ေသာက္က်ိဳးနည္း အသုံးမက်တဲ့အမိူက္ ငါ့အစာအိမ္ထဲဝင္ပုနေနတယ္ ငလူး fck,fck,fck! ဝူ႐ုန္ မင္းတေစၧေရာဘယ္လိုေနလဲ?"
 
     ငါမေျပာတက္ဘူး ဘာလို႔လဲဆို ငါတေစၧက နည္းနည္း ဆြံ့အေနတယ္ေလ။

    သို႔ေသာ္ဘာျဖစ္ေနလဲဆိုတာေတာ့ ဝူ႐ုန္ ဝိုးတဝါးေတာ့ သိေနသည္။ တိတ္တဆိတ္ျဖင့္ သူ႔ဘယ္ဘက္နားမွ အစိမ္းေရာင္နားကပ္ေလးကို သတိေပးကာ တည္ၾကည္စြာျဖင့္ " သူကဘာမွမေျပာဘူး"

     "မဟုတ္ဘူး အဲ့တာမျဖစ္နိုင္ ဟမ္ ၾကည့္ရဝာာမရွိေတာ့ဘူးပဲ"

     က်ိဳးရြမ္ အံ့အားသင့္စြာ ခါးမတ္လိုက္ရင္း ေၾကာက္ရြံ့ေနျခင္းရပ္သြားကာ နားမလည္နိုင္ျဖင့္ " ဘာေတြျဖစ္သြားတာလဲ ငါ့မွာ တေစၧေမြးတာေၾကာင့္ တန္ျပန္တဲ့ စိတ္ေထြျပားမူလကၡဏာေတြရွိေနတား?"

    က်ိဳးရြမ္မၾကာမီက သူ႔အလုပ္မ်ား‌ျခင္းႏွင့္ပတ္သတ္၍ စိုးရိမ္သြားကာ ေဒါက္တာပိုင္တုႏွင့္ ေမးျမန္းရန္ဆုံးျဖတ္လိုက္ၿပီး ဝူ႐ုန္ကေတာ့ ပင့္ကူေလးႏွင့္ ေႁမြစိမ္းေလးအား တစ္ေကာင္ၿပီး တစ္ေကာင္ သင္ၾကားေပး‌ေနသည္။

     ပထမအခ်က္အေနျဖင့္ ဒီအခ်ိန္မွာ အေပါင္းအပါေတြက ဆာေလာင္ေနခဲ့ၿပီး တျခားအခ်က္မွာေတာ့ က်ိဳးရြမ္မွာ ခံတပ္သစ္ေတာမွထြက္လာကတည္း ပထမဆုံးေတြ႕ရေသာ အျပင္လူျဖစ္ေနျခင္းေၾကာင့္ သူတို႔မွာ ဝူ႐ုန္အားသူတို႔၏ အစြမ္းကိုျပသနိုင္ရန္ မေစာင့္နိုင္ေတာ့ေပ။ မိဘအား ေက်နပ္ေစလိုေသာ ကေလးမ်ားလိုပင္။

    သို႔ေသာ္ဝူ႐ုန္ကေတာ့ သူတို႔ကိုသိုသိုသိပ္သိပ္ေနေစလိုသည္။ သူသည္ တေစၧေမြးသူအျဖစ္ ေပၚေပၚထင္ထင္လုပ္ကိုင္ၿပီး ကူသတ္ျဖတ္သူအျဖစ္ကို ေတာ့ ဖုံးကြယ္ထားလိုသည္။ အစိမ္းေရာင္ကူမွာ နားကပ္ေလးအျဖစ္ဖုံးကြယ္ထားကာ အပ္ေသးေသးေလးထဲနစ္ျမဳတ္ထားသည္။ ေႁမြကူသည္ နတ္ေမွာင္ ေအးစက္ေသာ ေနရာတြင္ ဆံပင္ေနာက္တြဲဆံထုံးလိုေနရာမ်ိဳးသို႔မဟုတ္ ေခါင္းေပၚမွ ေငြေရာင္အဆင္တန္ဆာလိုေနရာမ်ိဳးတြင္ပုန္းကြယ္ေနသင့္သည္။

     သို႔ေသာ္ဝူ႐ုန္ကဆံပင္တိုေသာေၾကာင့္ ပုန္းကြယ္စရာ ေနရာမရွိသျဖင့္ သူ႔ကိုယ္သူအနစ္နာခံ၍ ယာယီအားျဖင့္ နားကပ္အျဖစ္ေနေနသည္။

     အားလုံးကိုသတိေပးၿပီးေနာက္ က်ိဳးရြမ္ႏွင့္ ဝူ႐ုန္ ယန္က်ားဖင္းသို႔ မည္သည့္ အေႏွာင့္ယွက္မွမရွိပဲ ေရာက္သြားသည္။ အခ်ိန္မွန္ မနက္ ေန႔လည္ ညေန 'ကၽြန္ေတာ္ဗိုက္ဆာတယ္၊ ဗိုက္ဆာတယ္ ၊ေမေမ ကၽြန္ေတာ္ဗိုက္ဆာတယ္ ' ဟူေသာ အေႏွာင့္ယွက္ေလးကလြဲရင္ေပါ့။

     "ေဟး ဒီေန႔ကေသာၾကာေန႔ ငါတို႔ျပည္သူ႔လုံျခဳံေရးဗ်ဴရိုကို တိုက္ရိုက္သြားၿပီး စာရင္းသြင္းၾကတာေပါ့ ပိတ္ရက္ေတြမွာဝန္ထမ္း ေတြနားလိမ့္မယ္"

    က်ိဳးရြမ္အႀကံေပးလာသည္ " မင္းေစာေစာစာရင္းသြင္းနိုင္ရင္ ေနာက္အပတ္အထူးေလ့က်င့္ေရးကို မွီနိုင္လိမ့္မယ္"

    "အိုေက"

    ဝူ႐ုန္၌ ျပႆနာမရွိ။ က်ဳံးကူကို အသက္အဆိပ္အျဖစ္လက္ခံလိုက္စဥ္ကပင္ သူ႐ုပ္ပိုင္းဆိုင္ရာ ပိုအားေကာင္းလာကာ ငါးရက္ငါးည မအိပ္ရလၽွင္ေတာင္ သူ႔စိတ္ဝိဉာဥ္ကိုအရင္တိုင္းထိန္းသိမ္းထားနိုင္ဆဲပင္။ ေနာက္ပိုင္း က်ဳံးကူဥေပါက္လာလၽွင္ပိုအားေကာင္းလာၿပီး သူတို႔လည္း ပိုသန္မာလာေပမည္။

     "အဲ့တာအဆင္ေျပတယ္ဆိုတိုက္ရိုက္ပဲ သြား... ေသာက္က်ိဳးနဲဘာႀကီးလဲ!"

    က်ိဳးရြမ္စတီယာဘီးကိုဆြဲလွည့္လိုက္ေသာအခါ SUVကားမွာက်ယ္ေလာင္ေသာအသံျဖင့္ရပ္တန႔္သြားကာ ဝူ႐ုန္ကားမွန္မွ အျဖဴေရာင္ အရိပ္တစ္ခုျဖတ္ေျပးသြားသည္ကို ေတြ႕လိုက္သည္။ ၾကည့္ရတာကားမွန္ကို တိရိစၧာန္တစ္ေကာင္ေကာင္လာတိုက္သြားသလိုပဲ။ က်ိဳးရြမ္ခါးပတ္ကိုအျမန္ခၽြတ္ကာ အျပင္ထြက္ၾကည့္လိုက္သည္ "အားရိုး ငါအျပစ္ကလဲ ဒါေလးကေၾကာင္ ေပါက္ေလးပဲ!"
    ကား၏ငါးမီတာအကြာတြင္ေၾကာင္ျဖဴေလးတစ္ေကာင္ လဲ ေနသည္။ သူ‌တြင္ႀကီးမားေသာလက္သီးဆုပ္ႏွစ္ခုရွိၿပီး ကိုယ္ေပၚတြင္အျဖဴေရာင္အေမြးမ်ား ထူထဲေနကာ ႏွင္းလုံးေလးနဲ႔ပင္တူသည္။ လွပေသာသူပါးစပ္ႏွင့္ ႏွာေခါင္းေပါက္တစ္ေလၽွာက္တြင္ ေတာက္ပေသာအနီေရာင္မ်ား ယိုစီးေနကာ ထိပ္လန႔္စရာပင္။ အားႏြဲ႕ကာသနားစရာေကာင္းလွသည္။ ထိုအရာကပင္ လူေတြ၏ႏွလုံးသားထဲက နက္ရိူင္းစြာရွိေနေသာ အၾကင္နာတရားကို လႈံေဆာ္ေပးနိုင္သည္။ က်ိဳးရြမ္းတေယာက္ ၾကမ္းတမ္းေသာလူတစ္ေယာက္ျဖစ္တာေတာင္ ဒီေၾကာင္ေပါက္ေလးနဲ႔ေတြ႕ေသာအခါ သူ႔လက္မ်ားမထား‌တက္ေအာင္ျဖစ္ေနကာ ေၾကာင္ေပါက္ေလးအားေကာက္ယူခ်င္ေသာ္လည္း ေၾကာင္ေလးမွာ ေကြးေကြးေလးႏွင့္ေသြးမ်ားအန္ေနသျဖင့္ သူမလူပ္ရဲေပ။ အိုးပူထဲေရာက္ေနေသာပုရြတ္ဆိတ္လိုပင္။

    "ဝူ႐ုန္ မင္းအျပင္ခဏထြက္လာၿပီ ငါ့ကိုကူပါလား?"

     ဝူ႐ုန္အျပင္ထြင္ကာလွမ္းၾကည့္လိုက္စဥ္တြင္ ေၾကာင္ေလးမ်က္လုံးပြင့္လာသည္။ သူမ်က္လုံးမ်ားမွာ ပင္လယ္လိုနက္ရိူင္းျပာလဲ့ကာ အလွပဆုံးေသာရတနာလို လွပၿပီး နာခံသိမ္ေမြ႕ေနေသာသူ႔ပုံစံေလးက လူေတြကိုရင္းႏွီခ်စ္ကၽြမ္း‌ဝင္ေစသည္ ယုံၾကည္ခ်က္ကိုေပးေနသည္။ 'ဘယ္သူမဆို ဒီမ်က္ေတြရဲ့ဖမ္းစားျခင္းကို ခံရမွာပဲ'။

    "ေျမာင္..."

    သၾကားလုံးေပ်ာ့ေလးလိုႏူးညံ့ခ်ိဳၿမိန္မ်ာူျပည့္ေနကာ သနားစရာေကာင္းေကာင္းလွေသာေၾကာင္ေပါင္ေလးအသံနဲ႔တုန္ယင္ေနေသာအျမႇီးေလးပါက်ိဳးရြမ္ အာ႐ုံကို လုံးဝဆြဲေဆာင္သြားနိုင္သည္။

    "အာ…"

     "ဒီေၾကာင္ေပါက္က တကယ္ၾကည့္ေကာင္းတာပဲ။ သူဘယ္လိုအျပင္ထြက္လာလဲ ငါမေတြးတက္ေတာ့ဘူး"

    "ေဆး႐ုံေခၚသြားၿပီးစစ္ေဆးေပးၾကည့္ရေအာင္"

    က်ိဳးရြမ္ေစာင္အပါးေလးယူကာ ေၾကာင္ပေပါက္ေလးအားေကာက္ယူလိုက္သည္။ ေၾကာင္ေပါက္ေလးမွာ သူစိမ္းအား ႏူးညံ့စြာျဖင့္ ပုန္ကန္သလိုျပဳမူေနသည္။ ထိုေကာင္ေလးမွာ ခ်စ္စရာေကာင္းကာ ႏူးညံ့ေနသည္။ က်ိဳးရြမ္းမ်က္လုံးထဲ သနားစေကာင္းသည္ဟုျမင္ေနသည္။ သူကကားေမာင္းရမည္မို႔ ေၾကာင္ေပါက္အားသယ္ရန္မွာ ဝူ႐ုန္တာဝန္ျဖစ္လာသည္။ ထူျခားခ်က္အေနနဲ႔ ဝူ႐ုန္လက္ထဲေရာက္သည္ႏွင့္ ေၾကာင္ေလးမွာနာခံမူရွိစြာ လိုက္ပါလာၿပီး သူေခါင္း‌ေသးေသးေလးႏွင့္ ဝူ႐ုန္အကၤ်ီပြတ္သပ္ကာ ငိုက္ျမည္း၍ လိုက္ပါလာသည္။

    တိရိစၧာန္ေဆး႐ုံသို႔ ေရာက္လၽွင္ေရာက္ခ်င္း က်ိဳးရြမ္ဖုန္ေခၚဆိုမူတစ္ခုလက္ခံလိုက္ရၿပီး သူမ်က္ႏွာမွာလည္း ခ်က္ခ်င္းတည္ၾကည္သြာသည္။

    "အိုေက ငါအဲ့ကိုလာခဲ့မယ္"

    ဖုန္းခ်ၿပီးေနာက္ က်ိဳရြမ္ဝူ႐ုန္အားေတာင္းပန္သလိုၾကည့္၍ စကားေျပာလာသည္။" ဗ်ဴရိုမွာကိစၥတစ္ခုရွိေနလို႔ ငါျပန္သြားရလိမ့္မယ္"

    " ေတာင္းပန္ပါတယ္ညီကိုေရ ငါတစ္ေယာက္ေယာက္ကို ဆက္သြယ္ၿပီး မင္းကိုစစ္ေဆးဖို႔လာေခၚခိုင္းလိုက္မယ္"

    "အဆင္ေျပပါတယ္"

    က်ိဳးရြမ္မွာႀကံေတာင္ၾကဳံခဲ အျပဳံးမ်ိဳးျပဳံးကာ သူမ်က္ခုံးမ်ားမွာ စိုးရိမ္မူမ်ားျဖင့္ တင္းမာေနသည္။ ဝူ႐ုန္ကိုၾကည့္ရင္း ခတၱမၽွတုန႔္ဆိုင္းၿပီးေနာက္ ေနာက္ဆုံးတြင္တီတိုးေျပာလာသည္။ " မင္းကိုမင္းဂ႐ုစိုက္ရမယ္ေနာ္။ ဒီရက္ေတြမွာ ၈နာရီေနာက္ပိုင္အျပင္မထြက္နဲ႔။ အထူးသျဖင့္ ဗဟိုပန္းၿခံဘက္ကိုပဲ"

    "သိပ္မၾကာခင္က အဲ့ဘက္မွာေပ်ာက္ဆုံးမူေတြအမ်ားႀကီးျဖစ္ေနၿပီးေတာ့ ျပန္ေတြ႕တဲ့အခါက်ရင္လည္း သားေကာင္ေတြက အေတာ္အေျခေနဆိုးေနတာ။ သာမန္လူေတြတင္မဟုတ္ဘူး တေစၧေမြးတက္တဲ့ သူေတြပ့ပါေနတယ္။ ငါတို႔ရဲ့ျခဳံငုံသုံးသပ္ခ်က္အရ ဒါကနတ္ဆိုးဝိဉာဥ္ျဖစ္ဖို႔မ်ားတယ္။ မင္းဂရိုစိုက္ေနာ္!"

     က်ိဳးရြမ္မွာ လူသစ္မ်ားစြာကိုေခၚယူခဲ့ဖူးသည္။ သာမန္လူမ်ား ပထမဆုံးစြမ္းအားရရွိတဲ့အခ်ိန္ျဖစ္ေလ့ျဖစ္ထရွိေသာအခ်က္က တိုးတက္ခ်င္တာႏွင့္ မိုက္႐ူးဆန္ျခင္းျဖစ္ကာ သူတို႔၌အႂကြင္းမဲ့ အာဏာရွိလာသည္ဟု ထင္တက္ၾကသည္။ ေသဆုံးသြားမူအမ်ားစုသည္လည္း တေစၧေမြးျမဴျခင္း အေစာပိုင္း‌ကာလမ်ားတြင္ျဖစ္သည္။ သူသည္ဝူ႐ုန္တြင္ထိုကဲ့သို႔စရိုက္မရွိမွန္းသိေသာ္လည္း သူတြင္လည္း တေစၧေမြးျမဴရျခင္းနဲ႔ပတ္သတ္၍ သက္ေရာက္မူကို ဧကန္ခံစားရမည္ျဖစ္သည္။ သူသည္ ထိုတည္ၿငိမ္လွေသာလူငယ္ေလးအားသေဘာက်သည္။ ထိုေကာင္ေလမေတာ္တဆျဖစ္သြားမွာကိုမလိုလားေပ။
  
    မသြားခင္တြင္က်ိဳးရြမ္က " ငါတို႔လိုတေစၧေမြးသူေတြလည္း အျပင္မထြက္ခင္ ကိုယ္ဘာသာကိုယ္ကာကြယ္တက္ဖို႔ကိုလည္း သင္ယူဖို႔လိုတယ္"။

    ဝူ႐ုန္သူဘာလိုဆိုလိုခ်င္မွန္းမသိ။ ေၾကာင္ကိုေဆး႐ုံသို႔သယ္လာရင္း အခုေလးတင္ က်ိဳးရြမ္ေျပာခဲ့သည္မ်ားကို ေတြးေတာေန‌သည္။ ဗဟိုပန္းၿခံမွာသူတို႔ဆိုင္ေလးႏွင့္အလြန္နီးသည္။ အေမဝူမွာ သူ႔ငယ္ခ်င္းကိုေခၚ၍ ထိုပန္းၿခံရွိ ေျမကြက္က်ယ္တြင္ ညေနတိုင္း သြားကေလ့ရွိသည္။ က်ိဳးရြမ္ကထိုသို႔ေျပာသည့္အတြက္ သူတကယ္ပင္ ဂ႐ုစိုက္ရန္လိုအပ္ပုံပင္။

    သူေကာင္တာတြင္ က်သင့္ေငြရွင္းၿပီးေနာက္ ဆရာဝန္အလာကို ၾကာျမင့္စြာေစာင့္ေနခဲ့ရသည္။ ဒီေန႔တြင္ တိရိစၧာန္ေဆး႐ုံမွာ ႐ူပ္ယွက္ခပ္ေနသည္။ ေဆးဝန္ထမ္းမ်ားစြာက ခြဲစိပ္ခန္းသုံးလွည္းမ်ားစြာ တြန္းေရြ႕ေနရင္း အလုပ္မ်ားေနၾကသည္။ ထိုလွည္းမ်ားေပၚတြင္ ေသြးမ်ားစြာအိုင္ထြန္းေနေသာ ေခြးမ်ား ေၾကာင္မ်ား ရွိသည္။ ‌ေျခလက္မ်ား ရြဲ႕ေစာင့္တြန႔္လိမ္လ်က္ အမ်ားစုမွာ ေရေႏြးပူေလာင္သလို အပူေလာင္ထားၿပီး ျပည္တည္ေန‌ေသာအေရျပေပၚတြင္ ေလာက္ႏွင့္အေရၾကည္ဖုမ်ားစြာျပည့္ေနကာ စက္ဆုပ္ရြံရွာဖြယ္ပင္။

    ဒါေတြက လူကလုပ္ထားတာ။

    က်ဳံးကူကို လက္ခံလိုက္စဥ္ကပင္ ဝူ႐ုန္အၾကားအာ႐ုံစူးရွလာကာ ယခုေဆး႐ုံဝန္ထမ္းမ်ား၏တီးတိုး စကားေျပာသံကို ၾကားရသည္။

     "ဘယ္လိုျပစ္ဒဏ္မ်ိဳးလဲ ငါတို႔ေန႔တိုင္းအိမ္မက္ဆိုးေတြနဲ႔ လန႔္နိုးလာေတာ့မွာပဲ။ ဒီလိုမ်ိဳးဆိုးဝါးတဲ့သူမ်ိဳးဘယ္မွာရွိနိုင္လို႔လဲ"

    "မင္း မင္းရဲ့ မ်က္လုံးေတြနဲ႔ကိုယ္တိုင္မျမင္ေသးဘူးလား။ ငါၾကားတာေတာ့အဲ့မွာေၾကာင္နဲ႔ေခြးေတြျပည့္ေနတဲ့ကၽြင္းတစ္ကၽြင္း ရွိတယ္တဲ့။ သူတို႔ကိုရွင္လ်က္ အဲ့ထဲပစ္ခ်လိုက္တာ။ ရွင္လ်က္နဲ႔ ပုတ္သိုးေဆြးေျမ့လာတာ။ အဲ့ကိုသြားၿပီး သတင္းယူတဲ့သတင္းေထာင္ေတာင္ အန္ပါတယ္ဆိုမွ"

     "No.128"

     " ဒီမွာပါ "

     အမွတ္စဥ္ေခၚသံၾကားသျဖင့္ ဝူ႐ုန္ေၾကာင္ေလးကိုသယ္ကာ ေကာင္တာသို႔သြားလိုက္သည္။ ဝန္ထမ္း၏မ်က္လုံးေအာက္တြင္အမည္းကြင္းမ်ားရွိေနကာ သူလက္ေမာင္းမွေၾကာင္ေလးကိုေတြ႕ေသာအခါ ၾကင္နာစြာ ျပဳံး၍ စကားေျပာသည္ " ဘယ္လိုေတာင္ၾကည့္ေကာင္းတဲ့ေၾကာင္ေပါက္ေလးလဲ? အမည္ဘယ္လိုေခၚလဲ? အသက္ဘေလာက္လဲ?"

    "လမ္းေပၚက လမ္းေဘးေၾကာင္ ကားနဲ႔ဝင္တိုးတာ"

    ဝူ႐ုန္အမွန္တရားအားေျပာျပကာ ေကာင္တာစားပြဲေပၚသို႔ ေစာင္ႏွင့္ပတ္ထားေသာေၾကာင္ေပါက္ေလးကို ခ်ေပးလိုက္သည္။

    " ေျမာင္"
 
     သူလက္ေမာင္းမွခ်လၽွင္ခ် ျခင္း ေၾကာင္‌ ေပါက္ေလးနိုးလာၿပီး ဝူ႐ုန္အကၤ်ီလက္ကို ကုတ္ဆြဲထားသည္။ အလြန္သနားစရာေလးပင္။ အျပာေရာင္မ်က္လုံးမ်ားကစိုစြတ္ေနကာ ႏွာေခါင္းပန္းေရာင္ေလးႏွင့္ ေၾကာင္ေပါက္ေလး၏အသံမွာ ႏူးညံ့ကာတိုးလ်သည္။ အဲ့တာက လူကိုအမွားလုပ္မိသည္ဟုခံစားရေစကာ လူမ်ားကို အရည္ေပ်ာ္ေစနိုင္သည္။ အနည္းဆုံးေတာ့ေကာင္တာမွ မမေလးအား ထိုအရာက ေအာင္နိုင္သြားေလးသည္။ 'ဘယ္လိုအဖိုးတန္တဲ့ခ်စ္စရာေလးလဲ?' ဟူေသာမ်က္ႏွာထားႏွင့္ သူမ၏သေဘာက်မူကတိုးျမႇင့္လာသည္။

     သို႔ေသာ္ဝူ႐ုန္၏သံမဏိလိုစိတ္ထားကေတာ့ မယိမ္းယိုင္ခဲ့ေပ။ ေၾကာင္ေပါက္ေလးလက္ကိုဆြဲခ်လိုက္ကာ ေစာင္နဲ႔ျပန္ပတ္ေပးလိုက္ၿပီး ေရွ႕သို႔တြန္းပို႔ကာ "စစ္ေဆးေပးပါဦး!"

4209words
9:55:Pm,Sat Mar 25,2023.

Continue Reading

You'll Also Like

100K 3.1K 24
If Percy Jackson had owned a car, the world as we know it wouldn't exist. Dean Winchester and Percy Jackson met after a very unfortunate event, but...
13.6K 247 106
Description; Status in COO: 102 Chapters (Completed) The business bigshot who covered the sky with one hand, Zhao Yao, died of an illness. Once he op...
29.9M 654K 33
For months Summer is trapped in a cellar with the man who took her - and three other girls: Rose, Poppy, and Violet. His perfect, pure flowers. His f...
17.8K 3K 33
MM Translation Unicode and Zawgyi are available. Update: 3 parts per week (Tue, thus, sat)