ပြန်လည်မွေးဖွားပြီးနောက်‌ မြေ...

By Sheilayoon

69.3K 10.4K 241

Title: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO C... More

Description
Ch1.1 Rebirth
Ch1.2 Rebirth
Ch1.3 Rebirth
Ch1.4 Rebirth
Ch 2.1 Hungry Ghost
Ch 2.2 Hungry Ghost
Ch 2.3 Hungry Ghost
Ch.3.1 Resonance
Ch.3.2 Resonance
Ch.3.3 Resonance
Ch 4.1 Fu Qing
Ch 4.2 Fu Qing
Ch 4.3 Fu Qing
Ch.5 Purple Paper Crane
Ch. 6 Chicken Crowing
Ch 7 Dingding raise the ghost...
Ch.8 Rebirth of the Child Ghost
Ch.9 Calamity Ghost
Ch.10 Miao Village
Ch.11 Wu Gu
Ch.12 Revival
Ch.13 Ten Ghost Parasite
Ch.14- Fire Pit Ritual
Ch.15-Cat Ghost
Ch.16-Lao Miao Cave
Ch.18 - Blood Pact
Ch.19 - Witch Society
Ch.20-Woof Woof Woof!
Ch.20.1-Woof Woof Woof!
Ch.20.2-Woof Woof Woof
Ch.21-Woof Woof Woof ?
Ch.21.1-Woof Woof Woof ?
Ch.22-Woof Woof Woof Woof!
Ch.22.1-Woof Woof Woof Woof !
Ch.23-Bark , Bark Bark Bark Bark?
Ch.23.1-Bark , Bark Bark Bark Bark?
Ch.24-Woof Woof Woof?Woof Woof!
Ch.24.1-Woof Woof Woof?Woof Woof!
Ch.25-Bark?Bark Woof Woof... Woof Woof!
Ch.25.1-Bark?Bark Woof Woof... Woof Woof!
ch.26-Meow,meow,meow...Meow!
Ch.26.1-Meow,Meow,meow...Meow!
Ch.27-Meow,meow meow/Woof Woof!
Ch.27.1-Meow,meow meow/Woof Woof!
Ch.27.2-Meow,meow meow/Woof Woof!
Ch.28-Meow......Meow~
Ch.28.1-Meow......Meow~
Ch.29-Meow,meow meow, meow meow meow?!
Ch.29.1-Meow,meow meow, meow meow meow?!
Ch.30-Woooooooooooooooo
Ch.30.1-Woooooooooooooooo
Ch.31-Gah! Caw,caw! Caw caw caw! Caw~
Ch.31.1-Gah! Caw,caw! Caw caw caw! Caw~
Ch.32-Hiss,hiss hiss,hiss hiss?
Ch.32.1-Hiss,hiss hiss,hiss hiss?
Ch.33-Kaka,Kaka
Ch.33.1-Kaka,Kaka
Ch.34-Wuu,wuuuu
Ch.34.1-Wuu,wuuuu
Ch.35- Cluck cluck, cluck cluck cluck
Ch.35.1- Cluck cluck, cluck cluck cluck
Ch.36-prprpr
Ch.36.1-prprpr
Ch.37-Buzz,buzz
Ch.37.1-Buzz,buzz
Ch.38-Hiss,hiss hiss
Ch.38.1-Hiss,hiss hiss
Ch.39-Sihahahahahaha
Ch.39.1-Sihahahahahaha
Ch.40-Chrip,chrip
Ch.40.1-Chrip,chrip
Ch.41-Jiejiejiejeie
Ch.41.1-Jiejiejiejeie
Ch.42-Róngróng, Róngróng
Ch.42.1-Róngróng, Róngróng
Ch.43-Round and round, Karma comes round
Ch.43.1-Round and round, Karma comes round
Ch.44-Kill !Kill!Kill
Ch.44.1-Kill !Kill!Kill
Ch.45-Boom,BOOM BOOM!
Ch.45.1-Boom,BOOM BOOM!
Ch.46-Woof,woof,woof!
Ch.46.1-Woof,woof,woof!
Ch.47-Lala-Lalaa
Ch.47.1-Lala-Lalaa
Ch.48-Tweet, Tweet
Ch.48.1-Tweet, Tweet
Ch.49-Woof woof?
Ch.49.1-Woof woof?
Ch.50-Drop drop,drop drop
Ch.50.1-Drop drop,drop drop
Ch.51- Cui Cui cui
Ch.51.1- Cui Cui cui
Ch.52-Tick tack tick tack
Ch.52.1-Tick tack tick tack
Ch.53-Bad mouth ,bad mouth
Ch.53.1-Bad mouth ,bad mouth
Ch.54-Black,black, black, black
Ch.54.1-Black,black, black, black
Ch.55-Chiiirp,chirp chirp
Ch.55.1-Chiiirp,chirp chirp
Ch.56-Chirp, chirp chirp
Ch.56.1-Chirp, chirp chirp
Ch.57-Clooooouds
Ch.57.1-Clooooouds
Ch.58-Mi mi mi
Ch.58.1-Mi mi mi
CH-59. Woof woof team had made great contributions
CH-59.1Woof woof team had made great contributions
Ch 60- Gooold,gold
Ch 60.1- Gooold,gold
Ch 61 - Chirp,chiirp
Ch 62 - Jiūjiūjiū, Jiūjiūjiū jiū
Ch63- Tweet tweet
Ch 64-Tweeeeeet,tweet
Ch 65-Baa Baa Baa
Ch 66 - Chirp chiiiiiiirp
Ch 67- Fireeeeeeeee
Ch 68- Chu Chu chu
Ch 69 - Yaaang
Ch 70 - Lotus Connection
Ch 71- Heavennn
Ch 72 - Loootus
Ch 73- Whiiite
Ch74-Jaaade
Ch75-Bark bark bark
Ch 76 - Oniooon
Ch 77 - Meeting
Ch78-Woof woof woof
Ch 79- Woof woof woooof?
Ch 80- Ghooost
Ch 81-Soul Contract
CH 82- Angel and Devil
Ch 83- Loootus Flower
Ch 84- Secret Lotus Congregation
Ch.85- Kacha kacha
Ch 86- Could it be that I'm not allowed to?

Ch.17- Zhong Gu

477 113 5
By Sheilayoon

Unicode

မြောင်ဂူ၏အနက်ဆုံးအပိုင်းသည် လူဆယ်ယောက်လောက်ဘေးချင်းယှဉ်လျှောက်လို့ရသည့်အထိကျယ်သည်။ ကျောက်နံရံပေါ်တွင် ဘယ်ခေတ်ကမှန်းမသိသည့် ‌ရိုးရှင်း၍ သ‌ဘာဝကျသော ကျောက်ဆစ်ပန်းပုရုပ်များရှိသည်။ မြောင်လူမျိုးတို့နေထွက်လျှင်လုပ်ငန်းခွင်ဝင် တေဝင်လျှင်ပြန်လာသောရုပ်ပုံများ ကူများပျိုးထောင်စေခိုင်းနေကြသောပုံများကဲ့သို့ရုပ်ပုံလည်းရှိသည်။ အလယ်ဘက်အကျဆုံးနှင့် ပေါ်လွင်နေသော ရုပ်ထုမှာအမျိုးသမီးတယောက်အရုပ်ဖြစ်သည်။ သူမသည် သစ်သားတောင်ဝှေးကိုလက်မှာကိုင်ဆောင်ကာ အလင်းထုလေးခုကဝန်းရံထားသည်။ ထိုထဲတွင်ဖားပြုတ်များ အနက်ရောင်ကင်းမြီးကောက်များ ပင့်ကူများနှင့် တောက်တဲ့များထွင်းထုထားသည်။

ချုံးရှန်းသည်သူမရှေ့တွင်ခွဲထွက်ကာ ယန်ဇီမြစ်လိူင်းများက အနောက်ဘက်သို့လျောကျ‌သွားသည်။ သူမသည်မြောင်လူမျိုးများကိုခေါ်ဆောင်ကာ အနောက်တောင်အရပ်ရှိတောင်ပေါ် ဒေသများတွင် အခြေကျစေပြီး မူလ‌လူမျိုးစုကို တည်ထောင်ခဲ့သည်။ ထိပ်ဆုံးရှိနေဝန်းကိုကိုယ်စားပြုသော အဝိုငထဲတွင် "ဝူ"အက္ခရာကို သေးငယ်သောစည်းစာသားဖြင့်ရေထွင်းထားသည်။

ဒါကဝူမိသားစု၏ဘိုဘေးဖြစ်သည်။ သူမသည် ဖားပြုတ်ကဲ့သို့အဆိပ်ရှိသတ္တဝါများအား မြောင်လူမျိုးများ ကမည်သို့ထိန်းကျောင်းအသုံးပြုရမည်ကို ရှာဖွေ သင်ကြားပေးခဲ့သူဖြစ်သည်။ ဒါတောင်မှ ဝူအကြီးအကဲဘိုးဘေးနောက် ကာလရှည်ကြာလိုက်ခဲ့သောအဆိပ်ရှိသတ္တဝါလေးကောင်ကိုသာ အစွန်းပိုင်းတွင် ထွင်းထားကြသည်။ ဝူမျိုးရိုးခေါင်းဆောင်အမျိုးသမီးဘိုးဘေးသည် ညာလက်တွင် တောင်ဝှေးကိုကိုင်ကာ ဘယ်လက်တွင် လိပ်ပြာနားနေသည်။

လိပ်ပြာများသည်မြောင်များ၏ကိုယ်စားပြုတိရိစ္ဆာန်ရုပ်ဖြစ်ကာ ဒဏ္ဍာရီကူမျာူကအရာအားလုံးကိုမွေးဖွားပေးနိုင်သည်။

ဂူထဲရှိအင်းစက်လေးကောင်အရုပ်အောက်တွင် ဘယ်မှညာထိ အင်းစက်လေးကောင်းဖြင့်ထွင်းထားသော ကျောက်သားစင်မြင့်တစ်ခုရှိသည်။ ကျောက်သားစင်မြင့်မှာအခေါင်းပေါက်ပုံစံရှိကာ အလွန်သေသပ်သိမ်မွေ့စွာထွင်းထုထားသည်။ အပြင်ဘက်ပုံစံကွက်များကိုဖြတ်၍ အတွင်းဘက်ရှိ ခရားအမျိုးမျိုးကို မြင်နိုင်သည်။

တချို့မှာသာမန်မြေခရား၊ တချို့မှာအထူးပြုလုပ်ထားသောသစ်သားခရား၊ တချို့မှာ ဂျေဒိုက်ကျောက်ဖြင့်ထွင်းထားသော ကျောက်စိမ်းခရား။ ကွဲပြားမူတစ်ခုခြင်းဆီတွင်‌ မျိုးစိပ်၏အမူအကျင့်ပေါ်မူတည်သည်။ ခံတပ်ရွာလေး‌၏ အထွတ်ထိပ်နေ့ရက်များတွင် ခရားတိုင်း၌ ကူဘုရင်တစ်ကောင်စီရှိနေခဲ့ပြီး ပြန်လည်ဖြစ်တည်ဆောက်မူကြောင့် ထိပ်ဆုံး အခြေနေများ ရုတ်တရက်ပြောင်းလဲခဲ့သည်။ ကူအများစုမှာပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာမနေနိုင်ပဲ သေဆုံးသွားခဲ့သည်။ ရှေးမြောင်ဂူထဲတွင်ကူ မျိုးစိပ်မျာူကျန်နေသေးသော်လည်း ကူဘုရင်မမွေးဖွာူလာသည်မှာ ကာလအတော်ကြာပြီဖြစ်သည်။ ခံတပ်၏အခြေနေမှလည်း တဖြည်းဖြည်း‌နိမ့်ကျလာခဲ့သည်။

ဒီနေရာကိုဝင်လာစဉ် ဝူရုန်မျက်လုံးအလွန်ပြင်းထန်စွာနာကျင်နေသည်။ ဆူးသေးသေးလေးတခုကအပေါက်လေးတခု‌ဖြစ်အောင် ဆက်တိုက်ထိုးဖောက်နေသယောင်။ ထိုသိုနာကျင်နေရင်း ဝေဝါးသောအမြင်များတဖြည်းဖြည်းကြည်လင်လာသည်။ အနက်ရောင်မိူင်းထိုင်းသောမြူများ ဂူတစ်ခုလုံးပြည့်နေကာ ရေခဲတမျှအေးစက် ၍ အမြင်များပင်ဖုံးသွားနိုင်သည်။ သူသည်ထိုအရာကိုပုံယောင်လား ဆိုတာ မသိပေ။ ဝူရုန်ရှိနေသောနေရာတွင်တော့မြူပါးကာ အနက်မှင်ပျစ်ပျစ်နှင့် မှင်ထဲရေရောထားသလို ကွာခြားသည်။

ဘယ်မျက်လုံး၏အမြင်မှ ကျောက်တုံးစင်မြင့်များသည်အလင်းဖျော့ဖျော့ကိုထုတ်လွတ်နေသည်။ သို့သော်ထိုအလင်းများတွင် မည်သည့် အတက်အကျဖြစ်နေသောအသက်များရှိမနေပဲ နှစ်ပေါင်းများစွာက အကြွင်းအကျန်လိုအလင်းမျိုးဖြစ်သည်။ ၎င်းသည် အချိန်တခုကြာပြီးလျှင် လုံးဝပျောက်ကွယ်သွားပေမည်။

ကျောက်သားစင်မြင့်များအပြင် ဝူဆရာသခင်၏ ကျောက်ဆစ်ရုပ်လက်ထိပ်ရှိ လိပ်ပြာသည်လည်း လင်းလက်နေသည်။ တစုံတခုကိုခံစားမိ၍ ဝူရုန်ရှေ့ဆက်လျှောက်သွားကာ ဝူရုန်၏အမြင့်သည်ကျောက်ဆစ်ရုပ်မျက်နှာနှင့် တူညီသည်။ ထိုကျောက်ဆစ်ရုပ်မှာ သူထွက်လာစဉ်အဖွားဝူမှာကြားသော ထောင်ပေါင်များစွာသော ညွှန်းကြားချက်ထဲပါဝင်သည်။ ဝူရုန်ဘာလုပ်ရမလဲသိသည်။

သူ သူ့ဓားကိုထုတ်ကာလက်ချောင်းပေါ်လှီးချလိုက်သည်။ ပထမဆုံးကျောက်ရုပ်မျက်လုံး ထို့နောက် မျက်ခုံး၂ခုကြား နှာခေါင်းထိပ်နှင့် နား အသီးသီး ကိုတို့ထိလိုက်သည်။ ဝူကူသခင်သည် ထိုနေရာများတွင်ထူးခြားသောစွမ်းအင်ရှိသည်ဟုယုံကြည်ခဲ့ပြီး ထိုနေရများသည် ကူကိုထိန်းချုပ်မည်းစွမ်းရည်၏အဓိကရင်းမြစ် နေရာများဟု ဆိုသည်။

ဘယ်မျက်လုံးမှမြင်ရသောကမ္ဘာကြီးနှင့်ညာဘက်မျက်လုံးရှိကမ္ဘာကြီးမှာအနည်းငယ်ကွဲပြားသည်။ ဝူရုန်သည် ဂူထဲမှာအနက်ရောင်မြူများသည် သူ့မွေးရပ်မြေတွင်ပျားတူကောင်များလှုံဆော်ခံရလျှင်ပြေးလိုက်သလိုမျိုး တချို့တဝက်က ရုပ်ထုဆီတိုးဝင်သွားပြီး တဝက်ကဝူရုန်ဆီပြေးလာနေသည်ကို တွေ့ရသည်။ ထိုအ‌ရာသည် ယင်ချီရောနှောလာခြင်းဖြစ်သည်။ ကျုံးကူ၏ ရှင်သန်လိုမူသည် အခြားကူများထက်မြင့်သည်။ အမျိုးသားမပြောနှင့် အမျီုးသမီးများပင်ခံနိုင်ရည်မရှိပေ။ ကျုံးကူးအားကြိုးကြိုးစားစားဆက်ခံခွင့်ရအောင် လုပ်ဖူးသောအမျိုးသားသည်နောက်ပိုင်း၌ အမျိုးသမီးဖြစ်သွားသည်ဟု စီရင်စုမှတ်တမ်းတွင်ရှိခဲ့သည်။

သူမသည်အမျိုးသမီးအဖြစ်နှင့် နောက်ပိုင်း တွင် အမြွှာညီမနှစ်ယောက်မွေးဖွားခဲ့သည်။ မှားစရာမရှိ ထိုအမြွှာမှာ အဖွားဝူနှင့် ဝူရိုင်ပေပင်။

ဝူရုန်သည် မြွှေပုံစံသစ်သားထွင်းရုပ်ကိုလက်မှာကိုင်ကာ ထိုအရာသည် အဖွားဝူသူ့ကိုရှေးမြောင်ဂူထဲစေလွှတ်ပေးနိုင်သောအခြေခံအရာဖြစ်သည်။ ထိုမြွှေပုံစံထွင်းရုပ်လေးသည် ချင်းလင်းကူ ၏ အသတ်ဓာတ်တည်နေရာဖြစ်သည်။ ယင်ချီအရမ်းများလာလျှင် သူ မတက်နိုင်သော် လည်း ဝူရုန်သွေးစက်ချပေးနေသရွေ့ များပြားသောယင်ချီများကိုလက်ခံပေးနိုင်သည်။ သို့ရာတွင် ခန္ဓာကိုယ်ထဲယင်ချီဝင်လာသောနာကျင်မူက သာမန်လူမခံနိုင်သောကြောင့် စိတ်ရှင်းအောင်ထားနိုင်ဖို့ ကတော့မပြောပါနှင့်တော့။

ဝူရုန်နာကျင်မူကိုကြံကြံခံရင်း အနက်ရောင်မြူများသူထဲဝင်လာဖို့ကို လက်ခံလိုက်သည်။

______________

အမဲရောင်မြူများသူထဲမဝင်နိုင်ပေ။

သူ့အရေပြားကအနည်းငယ်တောင့်တင်းထုံကျင်နေကာ အနက်ရောင်မြူကြောင့်ဖြစ်လာသောလေထုက သူ့ထဲမဝင်ရောက်နိုင်သဖြင့် လှည့်လည်ပွတ်တိုက်နေသည်။ ရေကရားအပြည့်ရေရှိနေသောရေထပ်မထည့်နိုင်သကဲ့သိုပင် သို့သော်ဝူရုန် ကိုယ်ထဲကအရာသည် "ရေ" မဟုတ်ပေ။


ထိုအရာသည် အနက်ရောင်မြူထက်ပိုသိပ်သည်းကာ နတ်ဆိုးဆန်သောအရာဖြစ်ပြီး ၎င်းနှင့်အနက်ရောင်မြူကြား ကွာဟချက်သည် အစိုင်အခဲ နှင့်အငွေ့လိုပင်။ မည့်သည်ယိုပေါက်မဆို မှ ထုတ်နေသောအရှိန်အဝါသည် အနက်ရောက်မြူထက်သာလွန်သည်။

သို့သော်ဝူရုန်ကိုယ်ထည်သည် အထူးပြုလုပ်ထားသော ကရားနှင့်တူကာ ထိုအရာကိုသူ့ထဲ၌ မြဲမြံစွာ ထိန်းထားနိုင်သည်။

အလျင်အမြန်ရွေ့လာခဲ့သောအနက်ရောင်မြူများ ယခုအခါ ဘယ်ထဲဝင်ရမှန်းမသိဖြစ်နေသည်။ ကြိမ်ဖန်များစွာဝူရုန်ကိုပတ်ပြီးနောက်ဆုံးတွင် ဝူရုန့်ဘယ်မျက်လုံးထဲတိုးဝင်သွားသည်။

သူ့မျက်လုံးနာကျင်နေတာပျောက်သွားတယ်။

ဝူရုန်ဘယ်မျက်လုံးမှာအောက်ခြေမရှိသောတွင်းနက်ကြီးနှင့်တူကာ အေးစက်သောအနက်ရောင်မြူများဝင်လာသောအခါ မျက်စင်းခပ်ဆေး ချလိုက်သလို ပင်။ နာကျင်မူနှင် ခြောက်သွေနေ့မူတို့ ဖယ်ရှားပေးလိုက်သည်။ ဝူရုန်မျက်တောင်ခပ်ကာ သူ့ညာမျက်လုံးကိုပိတ်လိုက်သည်။ ဘယ်မျက်လုံးမှမြင်ရသောကမ္ဘာကြီးက ပိုကြည်လင်ထင်ရှားလာသည်။ ဂူထဲရှိအနက်ရောင်မြူများ နည်းပါးလာကာ ရေစက်လောက်သာကျန်သည်။ ရေသည်သင့်တော်သောအမှတ်တစ်ခုကို ရောက်သောအခါ ရုပ်ထုလက်ပေါ်တွင် အလင်းရောင်အမူန်ကလေးတဖျတ်ဖျတ်လက်လာသည်။

ထိုအရာသည်ဥတစ်လုံးဖြစ်ကာ စိန်လိုကြည်လင်တောက်ပနေသည်။

ဒါက ကျုံးကူပေ။

ဝူရုန်ထိုအရာကိုသွေးဖြင့် ဥပေါက်လာသည့်အထိ နှစ်မြုပ်ထားပေးရမည်။

သူ့အခြေနေမှာအဖွားဝူပြောသည် နှင့်ကွာခြားကာ အနက်ရောင်မြူများကို သူ မစုပ်ယူခဲ့ရပေ။ ဝူရုန်သူ့သွေးထဲမှ ယင်ဓာတ်က ကျုံးကူဥပေါက်ရန်လုံလောက်ပါ့မလား မသိပေ။

ဂူ၏အပူချိန်မှာဆက်တိုက်ကျနေပြီး‌နွေရာသီမှာလူတိုင်းအေးစက်နေသော်လည်း ဝူရုန်အလွန်နေလို့ကောင်းသည်။ သူ့ဘယ်မျက်လုံးမှ အနက်ရောင်မြူအားလုံးစုပ်ယူပြီးနောက် ထိုးထွင်းနေသလိုခံစားချက်ပြန်ပေါ်လာပြန်သည်။ ဒီအချိန်မှာတော့ ယင်းသည်အလွန်ညင်သာကာ နာကျင်မူမရှိတော့ပေမယ့် အနည်းငယ်ယားယံက တခုခုက ‌သန္ဓေတည်နေသလိုပင်။

ကျုံးကူပေါ်သွားစက်များ တစ်စက်နှစ်စက်ချပေးလျှင်ချပေခြင်း ချက်ချင်းစုပ်ယူသွားသည်။ တချိန်တည်းမှာပင် ဝူရုန်နှင့် ဥကြားတွင်ဆယ်နွယ်မူတခုကို ဖန်တီးနိုင်ပြီဟုခံစားရသည်။ အလွန်ညင်သာတိုးလျသော အသံလေးမှာ သူ့ဆန္ဒအား ဝူရုန်ဆီပေးပို့ရန် ကြိုးစားနေသည်။

မရသေးဘူး။ မလုံလောက်သေးဘူး။

"သွေးကလုံလောက်ဖို့အဝေးကြီးလိုသေးတယ်" ဝူရုန်မျက်ခုံးများတွန့်လိုက်ကာ ဓာကိုလက်ကောက်ပေါ်လှီးလိုက်သည်။ သွေးများတဟုန်ထိုးစီးကျလာပြီး ကူကိုနှစ်မြှုပ်လိုက်သည်။ အဖြူရောင်ဥခွံလေးမှာနောက်ဆုံးတော့ အနီရောင်အနည်းငယ်စွန်းထင်လာပြီး နှင်းများထဲမှ သွေးရောင်မက်မွန်သီးသီးလာသလိုပင်။ သို့သော်ထိုအရာတဝက်ခန့်ပင်မနီသေးခင် ရပ်တန့်သွားသည်။

မလုံလောက်ဘူး။မလုံလောက်ဘူးလို့!

ကျုံးကူသည်ငယ်ရွယ်ပြီးလောဘကြီးသည်။

ထပ်လိုသေးတယ်။

သွေးအလွန်အကျွံဆုံးရူံးမူကြောင်မူးဝေနေသော ဝူရုန်မှာလက်ထိပ်များအေးစက်ကာ အတွေးများထဲမှိန်းမောနေသည်။ ကျုံးကူ၏အသံထဲတွင် တချို့သောစိတ်မရှည်မှုများရှိ‌ကာ သူ့အတွေးကိုထိန်းချုပ်နိုင်ရန်ကြိုးစားနေကာ အထူးသဖြင့် သူ့အလွန်အကျွံသွေးလွန်သောအချိန်ပင်။ ကျုံးကူသည်ထောင်ပေါင်းများစွာသော ကူတို့၏ဘုရင်ဖြစ်သည်။ သူတို့နှစ်ဦးကြားရှိကစားပွဲ အလွန်အန္တရယ်များသည်။ အကယ်၍ လူတယောက်ကသာ ဂရုမစိုက်မပဲယိမ်းယိုင်သွားခဲ့လျှင် တဖြည်းဖြည်းသွေးခမ်းခြောက်သည့် ရုပ်အလောင်းဖြစ်သွားပေမယ်။

မည်သူကမှ သူ့အားကျုံးကူကို သတိမေ့မသွားပဲ နိုးထစေကာ ဖမ်းဆုပ်နိုင်မည့် အခြေနေကဘယ်အဆင့်လဲဆိုတာ မသင်ပြခဲ့ပေ။ ဒါကလည်း လိုအပ်သောစစ်ဆေးမူတစ်ခုဖြစ်လေသည်။ တိရိစ္ဆာန်လေ့ကျင့်ခြင်းကဲ့သို့ စိတ်စွမ်းအားများကြား လွန်ဆွဲပွဲပင်။ ကမ္ဘာပေါ်ရှိ သတ္တိအရှိဆုံး အတည်ငြိမ်ဆုံး ဆုံးဖြတ်ချက်အခိုင်မာဆုံး သူသာ ကူမျိုးစိတ်များကိုယဉ်ပါးစေနိုင်သည်။

ဒီသွေးသည်အမှန်ပင်မလုံလောက်ပေ။

ဝူရုန်တည်ငြိမ်စွာတွေးလိုက်သည်။ သူ့ညာလက်ကောက်ဝတ်ကဖြတ်ပြီးပြီ။ထိုနောက်ဘယ်လက်ကိုကြည့်လိုက်သည်။

လက်ကောက်ဝတ်တွင်စည်းထားသောပတ်တီးအားဓားဖြင့်မ ကာ အနည်းငယ်နီမှောင်နေသောတစ္ဆေပုံစံကွက်ပေါ်လာသည်။ ဝူရုန်တုံ့ဆိုင်းမနေပဲ ဓားကိုလက်ကောက်ဝတ်ပေါ်လှီးချလိုက်သည်။

သွေးက ကူကိုနစ်မြှုပ်ထားပြန်သည်။ ဝူရုန်နံရံပေါ်သို့ နှစ်မြုပ်သွားတော့မယောင်မှီလှဲချလိုက်သည်။ သူသည်သွေးအလွန်ဆုံးရှုံးထားသဖြင့် မျက်လုံးပင်မဖွင့်နိုင်ကာအသက်ရူနေရသည်။ ကျုံးကူ၏လောဘတကြီးအသံကဆူညံပွတ်လောရိုက်နေသော်လည်း ဝူရုန်ထိုအရာကိုလျစ်လျူရူထားသည်။ သူသည်အားနည်းမူမျှခြေကိုထိန်းထားရင်း တည်ငြိမ်အောင်ထိန်းထားသည်။

ဒီတခေါက်တော့လုံလောက်သင့်ပြီ။

ဘယ်လက်လောက်ဝတ်မှသွေးများဖြင့်ကူကိုအနီရောင်စိုးလိုက်သည်။ ပတ်တီးသည်လည်းနီရဲနေသည်။ ဝူရုန်မျက်လုံးမှိတ်ထားသဖြင့် တစ္ဆေသွေးကြေားများသွေးထဲနစ်သွားကာ သွေးရောင်နီရဲလာသည်ကိုမမြင်လိုက်ပေ။ ပတ်တီးသည်တဖြည်းဖြည်ပြတ်ထွက်လာကာ နှင်းပွင့်များလိုတဖွဲဖွဲနေကြည်။ သူ့ဘယ်လက်မှတစ္ဆေမှတ်သည် ကြက်သွေးရောင်အဖြစ်ပြောင်းသွားသည်။

ဝူရုန်တုန်ယင်သွားကာ မည်သည်နေရာကမှန်းမသိ‌သည့်အအေးဓာတ်တခုက သူ့ကိုဝန်းရံနေသလိုပင်။ သူ့အရိုးအဆစ်တို့မှတောင့်ခဲကာအေးစက်နေသည်။ အထူးသဖြင့်လက်ကောက်ဝတ်မှဒဏ်ရာပင်။ ဝူရုန်မျက်လုံးဖွင့်ကြည့်သောအခါ သူ့ဒက်ရာပြန်ကောင်းနေကာာသွေးမထွက်တော့ပေ။ လက်ကောက်ဝတ်နေရာမှအလွန်အေးနေကာ ရေခဲနှင့်ထွင်းထားသောလူတယောက်မှ သူ့လက်ကိုကိုင်ထားသလိုပင်။

ထပ်ပေး! ထပ်ပေးဦး! ထပ်လိုသေးတယ်!ထပ်ပြီး...

ထပ်ခါထပ်ခါပြောနေသောစက်သံလိုပင်။ ဝူရုန်စိတ်ထဲအမြဲအော်နေသောကျုံးကူ ရုတ်တရက် မျက်ရည်များထွက်ကျလာကာ တစ္ဆေတစ်ကောင်မှသူ့အားခြောက်လှန့်လိုက်သလိုပင်။ သူသည်ကြောက်ရွံမူဖြင့်အော်‌ငိုလိုက်ရင်း

"ဝူး...မလိုဘူး၊မလိုတော့ဘူး၊ မလိုတော့ပါဘူး..!"

တချိန်တည်းမှာပင်ကျုံးကူသည် လိမ္မော်မေပယ်ရွက်လိုတောက်ပကာ သူ့ကိုယ်တိုင်မျက်နှာချိုသွေးရန်ကြိုးစားလာပြီး သူ့ကိုသခင်အဖြစ်အသိမှတ်ပြုရင်အဆင့်သင့်ဖြစ်သွားသည်။

ဝူရုန်ထိုအရာကိုစိုက်ကြည့်လိုက်ကာ သူ့ဘယ်လက်တွင်ပတ်တီးများစုတ်ပြဲနေသည်ကိုတွေ့လိုက်သည်။

တစ္ဆေကြီးထွက်လာတာလား!

ဝူရုန်နံရံပေါ်ဝေဝါးစွာမှီရင်းပတ်ဝန်းကျင်းအားဗလာဖြစ်စွာ လိုက်ရှာမိသည်။ သူဘာမှမမြင်ရပေ။ သဘာဝကျစွာပင် ဝူရုန်သည် သူ့၏လက်ရှိသတိချပ်အနေထားက တချို့အရာတွေမှကန့်သတ်ထားခြင်းသည်ပိုသင့်တော်ကြောင်း မသိပေ။ အကယ်၍ ယင်ချီနှင်နာကျဉ်းမူတွေကအမှန်တွေဆို ဝူရုန်ချောက်ကမ်းပါးထဲတွင်ဖိချခံရပေမည်။ သူ့လက်ကသာ ဒီအခြေနေကိုကိုင်တွင်ခဲ့ခြင်းဖြစ်သည်။ ကြည့်ရတာတစ္ဆေက သူ့လက်ကောက်ဝတ်ကိုကြည့်နေပုံပင် အေးစက်သောအထိတွေ့ကလက်ကောက်ဝတ်တလျောက်ဖြတ်သန်းနေပြီး သူ့ညာလက်သည်လည်းသွေးမထွက်တော့ပေ။

အရေးပြားပေါ်စွန်းထင်းကျန်ရစ်သောသွေးခဲများကို အအေးဓာတ်က ဖယ်ရှားပေးလိုက်သည်။ ထူးဆန်းစွာပင် ထိုအရာ၏လုပ်ဆောင်ချက်များမှ လွန်ကဲသောအန္တရယ်ကို ဝူရုန်မခံစားရပေ။

"အိမ်မွေးတစ္ဆေဖြစ်သွားပြီးရင် မိဘမဲ့ကလေးတွေ ရဲ့ အသစ်မွေးဖွားလာတဲ့အခြေနေနဲ့တူတယ်"

ဝူရုန်ကျိုးရွမ်၏ လူသစ်တစ္ဆေထိန်းသင်ကြားမူကို အမှတ်ရလိုက်သည်။

"စွမ်းအားတွေအလွန်သုံးလိုက်ရလျှင်တောင် သူကမင်းနဲ့ပိုနိးစပ်လာလိမ့်မယ်။ မင်းသူ့ကိုစက္ကူပိုက်ဆံတွေဖြည်းဖြည်းချင်းကျွေးပြီးသူနဲ့ခံစားချက်တွေပျိုးထောင်ရမယ်။ ပြီး‌ရင်တော့သူမင်းစကားကိုနားထောင်လာလိမ့်မယ်"

အခုတော့တစ္ဆေကိုနှစ်သိမ့်ဖို့သူ့တွင်အချိန်မရှိပေ။ ကျုံးကူသည်အချိန်တိုင်း အချက်ပြမီးရောင်လိုတဖျတ်ဖျတ်လက်နေသည်။ အကယ်၍ သူပြန်မဖြစ်တည်လျှင်မတော်တဆဖြစ်နိုင်သည်။ ဝူရုန်သည် သူ့၏မြုံနေတက်သောအတွေ့အကြံမှ မွေးကင်းစလေးနှင့် မည်သို့ဆက်သွယ်ရမည်ကို တွေးကာ တွန့်ဆုတ်ပြီး စိတ်ရှည်စွာဖြင့် သူ့ရှေ့ဘက်ရှိလေထုကို လက်ဖြင့်ပုတ်လိုက်ကာ

"ဘေးမှာသွားဆော့နေ"

တချိန်တည်းမှာပင် မြောင်ဂူထဲကြာရှည်စွာ‌ပုန်အောင်းနေသော နတ်ဆိုးမြောင်သုံးယောက်မှာလူပ်ရှားရန်အသင့်ဖြစ်သွားသည်။

"ကျုံးကူကတကယ်ပဲနိုးထလာတာပဲ"

"ဒီလူသွေးထွက်လွန်နေပြီ ငါ့အထင်သူသေတော့မယ်။ ငါတို့ဈေးပေါပေါနဲ့ရလိုက်တာပဲ"

ယင်ဖီအားများကြောင်မရွေ့လျားနိုင်သောဝူရုန်မှာသတိလစ်နေပြီး ထိုအရာကနတ်ဆိုးမြောင်များကိုပိုလောဘတက်စေသည်။ ထိုအပြင်ဆက်တိုက်ဖြစ်ပွားခဲ့သောအကြောက်တရားများသူတို့အာရုံကြောများကိုပြတ်တောက်စေသောကြောင့် သူတို့ရှေ့ရှိအန္တရယ်ကို ကွယ်သွားစေသည်။ သူတို့သည်သူ့တို့အလုပ်ကိုမြန်မြန်ပြီးမြောက်စေကာ ဤကျိန်စာသင့်‌ဂူထဲမှထွက်သွားချင်နေသည်။။

"ဝူအမျိုးသားကိုအရင်သတ် ပြီးရင် ကျုံးကူကိုသိမ်းကြရအောင်!"

လူသန်ကြီးမှာတုံ့ဆိုင်းမနေပဲ သူသေနပ်ကိုထုတ်ကာအဝေးမှနေ၍ ဝူရုန်ကိုချိန်ထားပြီးသူမျက်လုံးများတွက်စိတ်လူပ်ရှာမူ လောဘများပြည့်နေသည်။

10:24Pm, Web Mar 8,2023

ကိုယ်ကတစ်ပိုင်းတစ်ပိုင်းကို စာလုံရေး3000နီးပါး အရင်ဘာသာပြန်ချရေးပြီး ဖုန်းထဲစာရိုက်ရတာမို့ တစ်ပိုင်းကို တစ်နေ့ကုန်ပါတယ်။ ဒါပေမယ့် ဖတ်တဲ့သူရော အားပေးတဲ့သူရော တ‌စ်ယောက်နှစ်ယောက်ပဲရှိတယ်။ ဖတ်လို့ကောင်းအောင် သေချာဘာသာပြန်ထားမို့ စာဖတ်ဝါသနာရှင်လေးတွေကိုမျှော်လင့်ပါတယ်။ 🤎🤍💙

_____________________________________

Zawgyi

ေျမာင္ဂူ၏အနက္ဆုံးအပိုင္းသည္ လူဆယ္ေယာက္ေလာက္ေဘးခ်င္းယွဥ္ေလၽွာက္လို႔ရသည့္အထိက်ယ္သည္။ ေက်ာက္နံရံေပၚတြင္ ဘယ္ေခတ္ကမွန္းမသိသည့္ ‌ရိုးရွင္း၍ သ‌ဘာဝက်ေသာ ေက်ာက္ဆစ္ပန္းပု႐ုပ္မ်ားရွိသည္။ ေျမာင္လူမ်ိဳးတို႔ေနထြက္လၽွင္လုပ္ငန္းခြင္ဝင္ ေတဝင္လၽွင္ျပန္လာေသာ႐ုပ္ပုံမ်ား ကူမ်ားပ်ိဳးေထာင္ေစခိုင္းေနၾကေသာပုံမ်ားကဲ့သို႔႐ုပ္ပုံလည္းရွိသည္။ အလယ္ဘက္အက်ဆုံးႏွင့္ ေပၚလြင္ေနေသာ ႐ုပ္ထုမွာအမ်ိဳးသမီးတေယာက္အ႐ုပ္ျဖစ္သည္။ သူမသည္ သစ္သားေတာင္ေဝွးကိုလက္မွာကိုင္ေဆာင္ကာ အလင္းထုေလးခုကဝန္းရံထားသည္။ ထိုထဲတြင္ဖားျပဳတ္မ်ား အနက္ေရာင္ကင္းၿမီးေကာက္မ်ား ပင့္ကူမ်ားႏွင့္ ေတာက္တဲ့မ်ားထြင္းထုထားသည္။

ခ်ဳံးရွန္းသည္သူမေရွ႕တြင္ခြဲထြက္ကာ ယန္ဇီျမစ္လိူင္းမ်ားက အေနာက္ဘက္သို႔ေလ်ာက်‌သြားသည္။ သူမသည္ေျမာင္လူမ်ိဳးမ်ားကိုေခၚေဆာင္ကာ အေနာက္ေတာင္အရပ္ရွိေတာင္ေပၚ ေဒသမ်ားတြင္ အေျခက်ေစၿပီး မူလ‌လူမ်ိဳးစုကို တည္ေထာင္ခဲ့သည္။ ထိပ္ဆုံးရွိေနဝန္းကိုကိုယ္စားျပဳေသာ အဝိုငထဲတြင္ "ဝူ"အကၡရာကို ေသးငယ္ေသာစည္းစာသားျဖင့္ေရထြင္းထားသည္။

ဒါကဝူမိသားစု၏ဘိုေဘးျဖစ္သည္။ သူမသည္ ဖားျပဳတ္ကဲ့သို႔အဆိပ္ရွိသတၱဝါမ်ားအား ေျမာင္လူမ်ိဳးမ်ား ကမည္သို႔ထိန္းေက်ာင္းအသုံးျပဳရမည္ကို ရွာေဖြ သင္ၾကားေပးခဲ့သူျဖစ္သည္။ ဒါေတာင္မွ ဝူအႀကီးအကဲဘိုးေဘးေနာက္ ကာလရွည္ၾကာလိုက္ခဲ့ေသာအဆိပ္ရွိသတၱဝါေလးေကာင္ကိုသာ အစြန္းပိုင္းတြင္ ထြင္းထားၾကသည္။ ဝူမ်ိဳးရိုးေခါင္းေဆာင္အမ်ိဳးသမီးဘိုးေဘးသည္ ညာလက္တြင္ ေတာင္ေဝွးကိုကိုင္ကာ ဘယ္လက္တြင္ လိပ္ျပာနားေနသည္။

လိပ္ျပာမ်ားသည္ေျမာင္မ်ား၏ကိုယ္စားျပဳတိရိစၧာန္႐ုပ္ျဖစ္ကာ ဒ႑ာရီကူမ်ာူကအရာအားလုံးကိုေမြးဖြားေပးနိုင္သည္။

ဂူထဲရွိအင္းစက္ေလးေကာင္အ႐ုပ္ေအာက္တြင္ ဘယ္မွညာထိ အင္းစက္ေလးေကာင္းျဖင့္ထြင္းထားေသာ ေက်ာက္သားစင္ျမင့္တစ္ခုရွိသည္။ ေက်ာက္သားစင္ျမင့္မွာအေခါင္းေပါက္ပုံစံရွိကာ အလြန္ေသသပ္သိမ္ေမြ႕စြာထြင္းထုထားသည္။ အျပင္ဘက္ပုံစံကြက္မ်ားကိုျဖတ္၍ အတြင္းဘက္ရွိ ခရားအမ်ိဳးမ်ိဳးကို ျမင္နိုင္သည္။

တခ်ိဳ႕မွာသာမန္ေျမခရား၊ တခ်ိဳ႕မွာအထူးျပဳလုပ္ထားေသာသစ္သားခရား၊ တခ်ိဳ႕မွာ ေဂ်ဒိုက္ေက်ာက္ျဖင့္ထြင္းထားေသာ ေက်ာက္စိမ္းခရား။ ကြဲျပားမူတစ္ခုျခင္းဆီတြင္‌ မ်ိဳးစိပ္၏အမူအက်င့္ေပၚမူတည္သည္။ ခံတပ္ရြာေလး‌၏ အထြတ္ထိပ္ေန႔ရက္မ်ားတြင္ ခရားတိုင္း၌ ကူဘုရင္တစ္ေကာင္စီရွိေနခဲ့ၿပီး ျပန္လည္ျဖစ္တည္ေဆာက္မူေၾကာင့္ ထိပ္ဆုံး အေျခေနမ်ား ႐ုတ္တရက္ေျပာင္းလဲခဲ့သည္။ ကူအမ်ားစုမွာပတ္ဝန္းက်င္ႏွင့္ လိုက္ေလ်ာညီေထြစြာမေနနိုင္ပဲ ေသဆုံးသြားခဲ့သည္။ ေရွးေျမာင္ဂူထဲတြင္ကူ မ်ိဳးစိပ္မ်ာူက်န္ေနေသးေသာ္လည္း ကူဘုရင္မေမြးဖြာူလာသည္မွာ ကာလအေတာ္ၾကာၿပီျဖစ္သည္။ ခံတပ္၏အေျခေနမွလည္း တျဖည္းျဖည္း‌နိမ့္က်လာခဲ့သည္။

ဒီေနရာကိုဝင္လာစဥ္ ဝူ႐ုန္မ်က္လုံးအလြန္ျပင္းထန္စြာနာက်င္ေနသည္။ ဆူးေသးေသးေလးတခုကအေပါက္ေလးတခု‌ျဖစ္ေအာင္ ဆက္တိုက္ထိုးေဖာက္ေနသေယာင္။ ထိုသိုနာက်င္ေနရင္း ေဝဝါးေသာအျမင္မ်ားတျဖည္းျဖည္းၾကည္လင္လာသည္။ အနက္ေရာင္မိူင္းထိုင္းေသာျမဴမ်ား ဂူတစ္ခုလုံးျပည့္ေနကာ ေရခဲတမၽွေအးစက္ ၍ အျမင္မ်ားပင္ဖုံးသြားနိုင္သည္။ သူသည္ထိုအရာကိုပုံေယာင္လား ဆိုတာ မသိေပ။ ဝူ႐ုန္ရွိေနေသာေနရာတြင္ေတာ့ျမဴပါးကာ အနက္မွင္ပ်စ္ပ်စ္ႏွင့္ မွင္ထဲေရေရာထားသလို ကြာျခားသည္။

ဘယ္မ်က္လုံး၏အျမင္မွ ေက်ာက္တုံးစင္ျမင့္မ်ားသည္အလင္းေဖ်ာ့ေဖ်ာ့ကိုထုတ္လြတ္ေနသည္။ သို႔ေသာ္ထိုအလင္းမ်ားတြင္ မည္သည့္ အတက္အက်ျဖစ္ေနေသာအသက္မ်ားရွိမေနပဲ ႏွစ္ေပါင္းမ်ားစြာက အႂကြင္းအက်န္လိုအလင္းမ်ိဳးျဖစ္သည္။ ၎သည္ အခ်ိန္တခုၾကာၿပီးလၽွင္ လုံးဝေပ်ာက္ကြယ္သြားေပမည္။

ေက်ာက္သားစင္ျမင့္မ်ားအျပင္ ဝူဆရာသခင္၏ ေက်ာက္ဆစ္႐ုပ္လက္ထိပ္ရွိ လိပ္ျပာသည္လည္း လင္းလက္ေနသည္။ တစုံတခုကိုခံစားမိ၍ ဝူ႐ုန္ေရွ႕ဆက္ေလၽွာက္သြားကာ ဝူ႐ုန္၏အျမင့္သည္ေက်ာက္ဆစ္႐ုပ္မ်က္ႏွာႏွင့္ တူညီသည္။ ထိုေက်ာက္ဆစ္႐ုပ္မွာ သူထြက္လာစဥ္အဖြားဝူမွာၾကားေသာ ေထာင္ေပါင္မ်ားစြာေသာ ညႊန္းၾကားခ်က္ထဲပါဝင္သည္။ ဝူ႐ုန္ဘာလုပ္ရမလဲသိသည္။

သူ သူ႔ဓားကိုထုတ္ကာလက္ေခ်ာင္းေပၚလွီးခ်လိုက္သည္။ ပထမဆုံးေက်ာက္႐ုပ္မ်က္လုံး ထို႔ေနာက္ မ်က္ခုံး၂ခုၾကား ႏွာေခါင္းထိပ္ႏွင့္ နား အသီးသီး ကိုတို႔ထိလိုက္သည္။ ဝူကူသခင္သည္ ထိုေနရာမ်ားတြင္ထူးျခားေသာစြမ္းအင္ရွိသည္ဟုယုံၾကည္ခဲ့ၿပီး ထိုေနရမ်ားသည္ ကူကိုထိန္းခ်ဳပ္မည္းစြမ္းရည္၏အဓိကရင္းျမစ္ ေနရာမ်ားဟု ဆိုသည္။

ဘယ္မ်က္လုံးမွျမင္ရေသာကမၻာႀကီးႏွင့္ညာဘက္မ်က္လုံးရွိကမၻာႀကီးမွာအနည္းငယ္ကြဲျပားသည္။ ဝူ႐ုန္သည္ ဂူထဲမွာအနက္ေရာင္ျမဴမ်ားသည္ သူ႔ေမြးရပ္ေျမတြင္ပ်ားတူေကာင္မ်ားလႈံေဆာ္ခံရလၽွင္ေျပးလိုက္သလိုမ်ိဳး တခ်ိဳ႕တဝက္က ႐ုပ္ထုဆီတိုးဝင္သြားၿပီး တဝက္ကဝူ႐ုန္ဆီေျပးလာေနသည္ကို ေတြ႕ရသည္။ ထိုအ‌ရာသည္ ယင္ခ်ီေရာေႏွာလာျခင္းျဖစ္သည္။ က်ဳံးကူ၏ ရွင္သန္လိုမူသည္ အျခားကူမ်ားထက္ျမင့္သည္။ အမ်ိဳးသားမေျပာႏွင့္ အမ်ီုးသမီးမ်ားပင္ခံနိုင္ရည္မရွိေပ။ က်ဳံးကူးအားႀကိဳးႀကိဳးစားစားဆက္ခံခြင့္ရေအာင္ လုပ္ဖူးေသာအမ်ိဳးသားသည္ေနာက္ပိုင္း၌ အမ်ိဳးသမီးျဖစ္သြားသည္ဟု စီရင္စုမွတ္တမ္းတြင္ရွိခဲ့သည္။

သူမသည္အမ်ိဳးသမီးအျဖစ္ႏွင့္ ေနာက္ပိုင္း တြင္ အႁမႊာညီမႏွစ္ေယာက္ေမြးဖြားခဲ့သည္။ မွားစရာမရွိ ထိုအႁမႊာမွာ အဖြားဝူႏွင့္ ဝူရိုင္ေပပင္။

ဝူ႐ုန္သည္ ေႁမႊပုံစံသစ္သားထြင္း႐ုပ္ကိုလက္မွာကိုင္ကာ ထိုအရာသည္ အဖြားဝူသူ႔ကိုေရွးေျမာင္ဂူထဲေစလႊတ္ေပးနိုင္ေသာအေျခခံအရာျဖစ္သည္။ ထိုေႁမႊပုံစံထြင္း႐ုပ္ေလးသည္ ခ်င္းလင္းကူ ၏ အသတ္ဓာတ္တည္ေနရာျဖစ္သည္။ ယင္ခ်ီအရမ္းမ်ားလာလၽွင္ သူ မတက္နိုင္ေသာ္ လည္း ဝူ႐ုန္ေသြးစက္ခ်ေပးေနသေရြ႕ မ်ားျပားေသာယင္ခ်ီမ်ားကိုလက္ခံေပးနိုင္သည္။ သို႔ရာတြင္ ခႏၶာကိုယ္ထဲယင္ခ်ီဝင္လာေသာနာက်င္မူက သာမန္လူမခံနိုင္ေသာေၾကာင့္ စိတ္ရွင္းေအာင္ထားနိုင္ဖို႔ ကေတာ့မေျပာပါႏွင့္ေတာ့။

ဝူ႐ုန္နာက်င္မူကိုႀကံႀကံခံရင္း အနက္ေရာင္ျမဴမ်ားသူထဲဝင္လာဖို႔ကို လက္ခံလိုက္သည္။

______________

အမဲေရာင္ျမဴမ်ားသူထဲမဝင္နိုင္ေပ။

သူ႔အေရျပားကအနည္းငယ္ေတာင့္တင္းထုံက်င္ေနကာ အနက္ေရာင္ျမဴေၾကာင့္ျဖစ္လာေသာေလထုက သူ႔ထဲမဝင္ေရာက္နိုင္သျဖင့္ လွည့္လည္ပြတ္တိုက္ေနသည္။ ေရကရားအျပည့္ေရရွိေနေသာေရထပ္မထည့္နိုင္သကဲ့သိုပင္ သို႔ေသာ္ဝူ႐ုန္ ကိုယ္ထဲကအရာသည္ "ေရ" မဟုတ္ေပ။


ထိုအရာသည္ အနက္ေရာင္ျမဴထက္ပိုသိပ္သည္းကာ နတ္ဆိုးဆန္ေသာအရာျဖစ္ၿပီး ၎ႏွင့္အနက္ေရာင္ျမဴၾကား ကြာဟခ်က္သည္ အစိုင္အခဲ ႏွင့္အေငြ႕လိုပင္။ မည့္သည္ယိုေပါက္မဆို မွ ထုတ္ေနေသာအရွိန္အဝါသည္ အနက္ေရာက္ျမဴထက္သာလြန္သည္။

သို႔ေသာ္ဝူ႐ုန္ကိုယ္ထည္သည္ အထူးျပဳလုပ္ထားေသာ ကရားႏွင့္တူကာ ထိုအရာကိုသူ႔ထဲ၌ ျမဲၿမံစြာ ထိန္းထားနိုင္သည္။

အလ်င္အျမန္ေရြ႕လာခဲ့ေသာအနက္ေရာင္ျမဴမ်ား ယခုအခါ ဘယ္ထဲဝင္ရမွန္းမသိျဖစ္ေနသည္။ ႀကိမ္ဖန္မ်ားစြာဝူ႐ုန္ကိုပတ္ၿပီးေနာက္ဆုံးတြင္ ဝူ႐ုန႔္ဘယ္မ်က္လုံးထဲတိုးဝင္သြားသည္။

သူ႔မ်က္လုံးနာက်င္ေနတာေပ်ာက္သြားတယ္။

ဝူ႐ုန္ဘယ္မ်က္လုံးမွာေအာက္ေျခမရွိေသာတြင္းနက္ႀကီးႏွင့္တူကာ ေအးစက္ေသာအနက္ေရာင္ျမဴမ်ားဝင္လာေသာအခါ မ်က္စင္းခပ္ေဆး ခ်လိုက္သလို ပင္။ နာက်င္မူႏွင္ ေျခာက္ေသြေန႔မူတို႔ ဖယ္ရွားေပးလိုက္သည္။ ဝူ႐ုန္မ်က္ေတာင္ခပ္ကာ သူ႔ညာမ်က္လုံးကိုပိတ္လိုက္သည္။ ဘယ္မ်က္လုံးမွျမင္ရေသာကမၻာႀကီးက ပိုၾကည္လင္ထင္ရွားလာသည္။ ဂူထဲရွိအနက္ေရာင္ျမဴမ်ား နည္းပါးလာကာ ေရစက္ေလာက္သာက်န္သည္။ ေရသည္သင့္ေတာ္ေသာအမွတ္တစ္ခုကို ေရာက္ေသာအခါ ႐ုပ္ထုလက္ေပၚတြင္ အလင္းေရာင္အမူန္ကေလးတဖ်တ္ဖ်တ္လက္လာသည္။

ထိုအရာသည္ဥတစ္လုံးျဖစ္ကာ စိန္လိုၾကည္လင္ေတာက္ပေနသည္။

ဒါက က်ဳံးကူေပ။

ဝူ႐ုန္ထိုအရာကိုေသြးျဖင့္ ဥေပါက္လာသည့္အထိ ႏွစ္ျမဳပ္ထားေပးရမည္။

သူ႔အေျခေနမွာအဖြားဝူေျပာသည္ ႏွင့္ကြာျခားကာ အနက္ေရာင္ျမဴမ်ားကို သူ မစုပ္ယူခဲ့ရေပ။ ဝူ႐ုန္သူ႔ေသြးထဲမွ ယင္ဓာတ္က က်ဳံးကူဥေပါက္ရန္လုံေလာက္ပါ့မလား မသိေပ။

ဂူ၏အပူခ်ိန္မွာဆက္တိုက္က်ေနၿပီး‌ေႏြရာသီမွာလူတိုင္းေအးစက္ေနေသာ္လည္း ဝူ႐ုန္အလြန္ေနလို႔ေကာင္းသည္။ သူ႔ဘယ္မ်က္လုံးမွ အနက္ေရာင္ျမဴအားလုံးစုပ္ယူၿပီးေနာက္ ထိုးထြင္းေနသလိုခံစားခ်က္ျပန္ေပၚလာျပန္သည္။ ဒီအခ်ိန္မွာေတာ့ ယင္းသည္အလြန္ညင္သာကာ နာက်င္မူမရွိေတာ့ေပမယ့္ အနည္းငယ္ယားယံက တခုခုက ‌သေႏၶတည္ေနသလိုပင္။

က်ဳံးကူေပၚသြားစက္မ်ား တစ္စက္ႏွစ္စက္ခ်ေပးလၽွင္ခ်ေပျခင္း ခ်က္ခ်င္းစုပ္ယူသြားသည္။ တခ်ိန္တည္းမွာပင္ ဝူ႐ုန္ႏွင့္ ဥၾကားတြင္ဆယ္ႏြယ္မူတခုကို ဖန္တီးနိုင္ၿပီဟုခံစားရသည္။ အလြန္ညင္သာတိုးလ်ေသာ အသံေလးမွာ သူ႔ဆႏၵအား ဝူ႐ုန္ဆီေပးပို႔ရန္ ႀကိဳးစားေနသည္။

မရေသးဘူး။ မလုံေလာက္ေသးဘူး။

"ေသြးကလုံေလာက္ဖို႔အေဝးႀကီးလိုေသးတယ္" ဝူ႐ုန္မ်က္ခုံးမ်ားတြန႔္လိုက္ကာ ဓာကိုလက္ေကာက္ေပၚလွီးလိုက္သည္။ ေသြးမ်ားတဟုန္ထိုးစီးက်လာၿပီး ကူကိုႏွစ္ျမႇုပ္လိုက္သည္။ အျဖဴေရာင္ဥခြံေလးမွာေနာက္ဆုံးေတာ့ အနီေရာင္အနည္းငယ္စြန္းထင္လာၿပီး ႏွင္းမ်ားထဲမွ ေသြးေရာင္မက္မြန္သီးသီးလာသလိုပင္။ သို႔ေသာ္ထိုအရာတဝက္ခန႔္ပင္မနီေသးခင္ ရပ္တန႔္သြားသည္။

မလုံေလာက္ဘူး။မလုံေလာက္ဘူးလို႔!

က်ဳံးကူသည္ငယ္ရြယ္ၿပီးေလာဘႀကီးသည္။

ထပ္လိုေသးတယ္။

ေသြးအလြန္အကၽြံဆုံး႐ူံးမူေၾကာင္မူးေဝေနေသာ ဝူ႐ုန္မွာလက္ထိပ္မ်ားေအးစက္ကာ အေတြးမ်ားထဲမွိန္းေမာေနသည္။ က်ဳံးကူ၏အသံထဲတြင္ တခ်ိဳ႕ေသာစိတ္မရွည္မႈမ်ားရွိ‌ကာ သူ႔အေတြးကိုထိန္းခ်ဳပ္နိုင္ရန္ႀကိဳးစားေနကာ အထူးသျဖင့္ သူ႔အလြန္အကၽြံေသြးလြန္ေသာအခ်ိန္ပင္။ က်ဳံးကူသည္ေထာင္ေပါင္းမ်ားစြာေသာ ကူတို႔၏ဘုရင္ျဖစ္သည္။ သူတို႔ႏွစ္ဦးၾကားရွိကစားပြဲ အလြန္အႏၲရယ္မ်ားသည္။ အကယ္၍ လူတေယာက္ကသာ ဂ႐ုမစိုက္မပဲယိမ္းယိုင္သြားခဲ့လၽွင္ တျဖည္းျဖည္းေသြးခမ္းေျခာက္သည့္ ႐ုပ္အေလာင္းျဖစ္သြားေပမယ္။

မည္သူကမွ သူ႔အားက်ဳံးကူကို သတိေမ့မသြားပဲ နိုးထေစကာ ဖမ္းဆုပ္နိုင္မည့္ အေျခေနကဘယ္အဆင့္လဲဆိုတာ မသင္ျပခဲ့ေပ။ ဒါကလည္း လိုအပ္ေသာစစ္ေဆးမူတစ္ခုျဖစ္ေလသည္။ တိရိစၧာန္ေလ့က်င့္ျခင္းကဲ့သို႔ စိတ္စြမ္းအားမ်ားၾကား လြန္ဆြဲပြဲပင္။ ကမၻာေပၚရွိ သတၱိအရွိဆုံး အတည္ၿငိမ္ဆုံး ဆုံးျဖတ္ခ်က္အခိုင္မာဆုံး သူသာ ကူမ်ိဳးစိတ္မ်ားကိုယဥ္ပါးေစနိုင္သည္။

ဒီေသြးသည္အမွန္ပင္မလုံေလာက္ေပ။

ဝူ႐ုန္တည္ၿငိမ္စြာေတြးလိုက္သည္။ သူ႔ညာလက္ေကာက္ဝတ္ကျဖတ္ၿပီးၿပီ။ထိုေနာက္ဘယ္လက္ကိုၾကည့္လိုက္သည္။

လက္ေကာက္ဝတ္တြင္စည္းထားေသာပတ္တီးအားဓားျဖင့္မ ကာ အနည္းငယ္နီေမွာင္ေနေသာတေစၧပုံစံကြက္ေပၚလာသည္။ ဝူ႐ုန္တုံ႔ဆိုင္းမေနပဲ ဓားကိုလက္ေကာက္ဝတ္ေပၚလွီးခ်လိုက္သည္။

ေသြးက ကူကိုနစ္ျမႇုပ္ထားျပန္သည္။ ဝူ႐ုန္နံရံေပၚသို႔ ႏွစ္ျမဳပ္သြားေတာ့မေယာင္မွီလွဲခ်လိုက္သည္။ သူသည္ေသြးအလြန္ဆုံးရႈံးထားသျဖင့္ မ်က္လုံးပင္မဖြင့္နိုင္ကာအသက္႐ူေနရသည္။ က်ဳံးကူ၏ေလာဘတႀကီးအသံကဆူညံပြတ္ေလာရိုက္ေနေသာ္လည္း ဝူ႐ုန္ထိုအရာကိုလ်စ္လ်ဴ႐ူထားသည္။ သူသည္အားနည္းမူမၽွေျခကိုထိန္းထားရင္း တည္ၿငိမ္ေအာင္ထိန္းထားသည္။

ဒီတေခါက္ေတာ့လုံေလာက္သင့္ၿပီ။

ဘယ္လက္ေလာက္ဝတ္မွေသြးမ်ားျဖင့္ကူကိုအနီေရာင္စိုးလိုက္သည္။ ပတ္တီးသည္လည္းနီရဲေနသည္။ ဝူ႐ုန္မ်က္လုံးမွိတ္ထားသျဖင့္ တေစၧေသြးေၾကားမ်ားေသြးထဲနစ္သြားကာ ေသြးေရာင္နီရဲလာသည္ကိုမျမင္လိုက္ေပ။ ပတ္တီးသည္တျဖည္းျဖည္ျပတ္ထြက္လာကာ ႏွင္းပြင့္မ်ားလိုတဖြဲဖြဲေနၾကည္။ သူ႔ဘယ္လက္မွတေစၧမွတ္သည္ ၾကက္ေသြးေရာင္အျဖစ္ေျပာင္းသြားသည္။

ဝူ႐ုန္တုန္ယင္သြားကာ မည္သည္ေနရာကမွန္းမသိ‌သည့္အေအးဓာတ္တခုက သူ႔ကိုဝန္းရံေနသလိုပင္။ သူ႔အရိုးအဆစ္တို႔မွေတာင့္ခဲကာေအးစက္ေနသည္။ အထူးသျဖင့္လက္ေကာက္ဝတ္မွဒဏ္ရာပင္။ ဝူ႐ုန္မ်က္လုံးဖြင့္ၾကည့္ေသာအခါ သူ႔ဒက္ရာျပန္ေကာင္းေနကာာေသြးမထြက္ေတာ့ေပ။ လက္ေကာက္ဝတ္ေနရာမွအလြန္ေအးေနကာ ေရခဲႏွင့္ထြင္းထားေသာလူတေယာက္မွ သူ႔လက္ကိုကိုင္ထားသလိုပင္။

ထပ္ေပး! ထပ္ေပးဦး! ထပ္လိုေသးတယ္!ထပ္ၿပီး...

ထပ္ခါထပ္ခါေျပာေနေသာစက္သံလိုပင္။ ဝူ႐ုန္စိတ္ထဲအျမဲေအာ္ေနေသာက်ဳံးကူ ႐ုတ္တရက္ မ်က္ရည္မ်ားထြက္က်လာကာ တေစၧတစ္ေကာင္မွသူ႔အားေျခာက္လွန႔္လိုက္သလိုပင္။ သူသည္ေၾကာက္ရြံမူျဖင့္ေအာ္‌ငိုလိုက္ရင္း

"ဝူး...မလိုဘူး၊မလိုေတာ့ဘူး၊ မလိုေတာ့ပါဘူး..!"

တခ်ိန္တည္းမွာပင္က်ဳံးကူသည္ လိေမၼာ္ေမပယ္ရြက္လိုေတာက္ပကာ သူ႔ကိုယ္တိုင္မ်က္ႏွာခ်ိဳေသြးရန္ႀကိဳးစားလာၿပီး သူ႔ကိုသခင္အျဖစ္အသိမွတ္ျပဳရင္အဆင့္သင့္ျဖစ္သြားသည္။

ဝူ႐ုန္ထိုအရာကိုစိုက္ၾကည့္လိုက္ကာ သူ႔ဘယ္လက္တြင္ပတ္တီးမ်ားစုတ္ျပဲေနသည္ကိုေတြ႕လိုက္သည္။

တေစၧႀကီးထြက္လာတာလား!

ဝူ႐ုန္နံရံေပၚေဝဝါးစြာမွီရင္းပတ္ဝန္းက်င္းအားဗလာျဖစ္စြာ လိုက္ရွာမိသည္။ သူဘာမွမျမင္ရေပ။ သဘာဝက်စြာပင္ ဝူ႐ုန္သည္ သူ႔၏လက္ရွိသတိခ်ပ္အေနထားက တခ်ိဳ႕အရာေတြမွကန႔္သတ္ထားျခင္းသည္ပိုသင့္ေတာ္ေၾကာင္း မသိေပ။ အကယ္၍ ယင္ခ်ီႏွင္နာက်ဥ္းမူေတြကအမွန္ေတြဆို ဝူ႐ုန္ေခ်ာက္ကမ္းပါးထဲတြင္ဖိခ်ခံရေပမည္။ သူ႔လက္ကသာ ဒီအေျခေနကိုကိုင္တြင္ခဲ့ျခင္းျဖစ္သည္။ ၾကည့္ရတာတေစၧက သူ႔လက္ေကာက္ဝတ္ကိုၾကည့္ေနပုံပင္ ေအးစက္ေသာအထိေတြ႕ကလက္ေကာက္ဝတ္တေလ်ာက္ျဖတ္သန္းေနၿပီး သူ႔ညာလက္သည္လည္းေသြးမထြက္ေတာ့ေပ။

အေရးျပားေပၚစြန္းထင္းက်န္ရစ္ေသာေသြးခဲမ်ားကို အေအးဓာတ္က ဖယ္ရွားေပးလိုက္သည္။ ထူးဆန္းစြာပင္ ထိုအရာ၏လုပ္ေဆာင္ခ်က္မ်ားမွ လြန္ကဲေသာအႏၲရယ္ကို ဝူ႐ုန္မခံစားရေပ။

"အိမ္ေမြးတေစၧျဖစ္သြားၿပီးရင္ မိဘမဲ့ကေလးေတြ ရဲ့ အသစ္ေမြးဖြားလာတဲ့အေျခေနနဲ႔တူတယ္"

ဝူ႐ုန္က်ိဳးရြမ္၏ လူသစ္တေစၧထိန္းသင္ၾကားမူကို အမွတ္ရလိုက္သည္။

"စြမ္းအားေတြအလြန္သုံးလိုက္ရလၽွင္ေတာင္ သူကမင္းနဲ႔ပိုနိးစပ္လာလိမ့္မယ္။ မင္းသူ႔ကိုစကၠဴပိုက္ဆံေတြျဖည္းျဖည္းခ်င္းေကၽြးၿပီးသူနဲ႔ခံစားခ်က္ေတြပ်ိဳးေထာင္ရမယ္။ ၿပီး‌ရင္ေတာ့သူမင္းစကားကိုနားေထာင္လာလိမ့္မယ္"

အခုေတာ့တေစၧကိုႏွစ္သိမ့္ဖို႔သူ႔တြင္အခ်ိန္မရွိေပ။ က်ဳံးကူသည္အခ်ိန္တိုင္း အခ်က္ျပမီးေရာင္လိုတဖ်တ္ဖ်တ္လက္ေနသည္။ အကယ္၍ သူျပန္မျဖစ္တည္လၽွင္မေတာ္တဆျဖစ္နိုင္သည္။ ဝူ႐ုန္သည္ သူ႔၏ျမဳံေနတက္ေသာအေတြ႕အႀကံမွ ေမြးကင္းစေလးႏွင့္ မည္သို႔ဆက္သြယ္ရမည္ကို ေတြးကာ တြန႔္ဆုတ္ၿပီး စိတ္ရွည္စြာျဖင့္ သူ႔ေရွ႕ဘက္ရွိေလထုကို လက္ျဖင့္ပုတ္လိုက္ကာ

"ေဘးမွာသြားေဆာ့ေန"

တခ်ိန္တည္းမွာပင္ ေျမာင္ဂူထဲၾကာရွည္စြာ‌ပုန္ေအာင္းေနေသာ နတ္ဆိုးေျမာင္သုံးေယာက္မွာလူပ္ရွားရန္အသင့္ျဖစ္သြားသည္။

"က်ဳံးကူကတကယ္ပဲနိုးထလာတာပဲ"

"ဒီလူေသြးထြက္လြန္ေနၿပီ ငါ့အထင္သူေသေတာ့မယ္။ ငါတို႔ေဈးေပါေပါနဲ႔ရလိုက္တာပဲ"

ယင္ဖီအားမ်ားေၾကာင္မေရြ႕လ်ားနိုင္ေသာဝူ႐ုန္မွာသတိလစ္ေနၿပီး ထိုအရာကနတ္ဆိုးေျမာင္မ်ားကိုပိုေလာဘတက္ေစသည္။ ထိုအျပင္ဆက္တိုက္ျဖစ္ပြားခဲ့ေသာအေၾကာက္တရားမ်ားသူတို႔အာ႐ုံေၾကာမ်ားကိုျပတ္ေတာက္ေစေသာေၾကာင့္ သူတို႔ေရွ႕ရွိအႏၲရယ္ကို ကြယ္သြားေစသည္။ သူတို႔သည္သူ႔တို႔အလုပ္ကိုျမန္ျမန္ၿပီးေျမာက္ေစကာ ဤက်ိန္စာသင့္‌ဂူထဲမွထြက္သြားခ်င္ေနသည္။။

"ဝူအမ်ိဳးသားကိုအရင္သတ္ ၿပီးရင္ က်ဳံးကူကိုသိမ္းၾကရေအာင္!"

လူသန္ႀကီးမွာတုံ႔ဆိုင္းမေနပဲ သူေသနပ္ကိုထုတ္ကာအေဝးမွေန၍ ဝူ႐ုန္ကိုခ်ိန္ထားၿပီးသူမ်က္လုံးမ်ားတြက္စိတ္လူပ္ရွာမူ ေလာဘမ်ားျပည့္ေနသည္။

10:24Pm, Web Mar 8,2023

ကိုယ္ကတစ္ပိုင္းတစ္ပိုင္းကို စာလုံေရး3000နီးပါး အရင္ဘာသာျပန္ခ်ေရးၿပီး ဖုန္းထဲစာရိုက္ရတာမို႔ တစ္ပိုင္းကို တစ္ေန႔ကုန္ပါတယ္။ ဒါေပမယ့္ ဖတ္တဲ့သူေရာ အားေပးတဲ့သူေရာ တ‌စ္ေယာက္ႏွစ္ေယာက္ပဲရွိတယ္။ ဖတ္လို႔ေကာင္းေအာင္ ေသခ်ာဘာသာျပန္ထားမို႔ စာဖတ္ဝါသနာရွင္ေလးေတြကိုေမၽွာ္လင့္ပါတယ္။ 🤎🤍💙


Continue Reading

You'll Also Like

2.9K 298 6
Associated name - 非人类下岗再就业 Author - Meihuă Liù , 梅花六 Type - Webnovel (CN) Status in COO - 154 chapters+ 2extras Genere - Comedy, Horror , Romance...
21K 256 19
here's some pics I stole from Four when he wasn't looking, quickly look at them before he com-
28.6K 246 17
Valentines special that was never released.
3.8K 678 53
IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.faceb...