Unicode
လောင်ကျွမ်းနေသောခံစားချက်က ချက်ချင်းပျောက်သွားကာ မီးသည် ရေခဲရေအလားအေးစက်သွားသည်။ လေဖိအားနှင့်လေအေးများ သူ့မျက်နှာကိုလာရိုက်သည်။ ဝူရုန်တုန်ယင်စွာ လက်ကိုဖြည်းညှင်းစွာ ချ၍ မျက်လုံးဖွင့်လိုက်သည်။
သူ့အရှေ့ကမြင်ကွင်းကြောင့်ကြောင်အသွားသည်။ တောင်ကိုနောက်ခံတည်ထားသည့်ခြေတံရှည်အိမ် ၊ မြင့်မားသန်စွမ်းသောမေပယ်ပင်အို၊ စတေးမှုကျင်းပရာ ရွာလယ်ပိုင်း ။ အခုဝူရုန်ခုန်ဆင်းချခဲ့သော မီးပုံ သည်ပင် သည်နေရာတွင်ရှိနေသော်လည်း မီးငြိမ်းနေသည်။ ဝူရုန်ရှေ့မှမြင်ကွင်းသည်စီရင်စုနှင် တကယ်ပင်တူသည်။ ထိုအရာသည်မှန်တချက်လိုပင် သို့သော် အနက် မီးခိုးနှင့် အဖြူရောင်သာရှိသည်။
အနီရောင်လည်းရှိသည်။သွေးနီရောင်သည် အဖြူအမည်းနောက်ခံကိုဆန့်ကျင်စွာ တောက်ပနေသည်။
ရုပ်ထုသည် မီးပုံဘက်တွင် ရပ်နေဆဲဖြစ်ပြီး ဂါဝန်တွင်စွန်းထင်းနေသောသွေးများကတစက်စက် ကျနေကာ အပူငွေများထုတ်လွတ်နေသည်။သိမ်မွေစွာ ထွင်းထုထားသောမျက်နှာကပြုံးနေကာ ကြည့်လေလေ နတ်ဆိုးဝိဉာဥ်က အပိုင်စားရသွားသလိုထူးဆန်းလေဖြစ်သည်။
သူမသည်ဝူရုန်ကိုကြည့်နေသည်။
ပင်ကိုအသိစိတ်သတိပေးချက်အရ ဝူရုန် တိတ်တဆိတ်ရုပ်ထုနှင့်ဝေးရာနောက်ဆုတ်လိုက်သည်။ သို့သော် သူ့နောက်ကျောသည် လေးအေးစက်ထုထည်ကြီးနှင့်တိုက်မိသွားသည်။
"မူး..."
နွားသည် သူ့နောက်မှာနေ၍ အော်လာသည်။ ဒီမှာဘာလို့ နွားရှိနေတာလဲ?။ ဝူရုန်သူ့ရှေ့ဘက်မှာ နွားသတ်ထားသောသစ်ဘောင်ကို ကြည့်လိုက်ကာ ခေါင်းကိုဖြည်းညှင်းစွာလှည့်လိုက်သည်။
ဦးခေါင်းမရှိသောနွား က ဝူရုန်နောက်တွင်တိတ်တဆိတ် ရပ်နေကာ သူ့လည်ပင်းနှင့်သာ ရင်ဆိုင်လိုက်ရသည်။ ဒဏ်ရာတွင်သွေးမရှိ၊ ပုဆိန်ခုတ်ရာတွင်အရာများစွာရှိမနေ ခုတ်ရာကချောမွေ့နေပြီး ခေါင်းမရှိခြင်းသာ။
"မူး..."
နွားကနောက်တကြိမ်အော်လာခါ ဒီတခါတွင်တော့ပိုကြည်လင်သည်။ နွားဗိုက်အောက်တွင်ကြီးမားသော နွားခေါင်းကြီးရှိသည်။ ခေါင်းတခုတည်းပင်။ မျက်လုံးကြီးများပွင့်နေသေးကာ ပါးစပ်တွင်လည်းစားမြုံပြန်နေသလို တခုခုကိုဝါးနေသေးသည်။
"အွတ် အွတ် အွတ်..."
ဝက်များပေါ်လာက အော်သစ်နေပြီး မီးပုံထဲတွင် အေးဆေးစွာ ပြေးနေကြသည်။ သို့သော်တချို့ဝက်များက ရှေ့ကိုယ်ထည်သာရှိ၍ တချို့မှာနောက်ပိုင်း နှင့် ခြေထောက်ကိုသုံးကာခုန်နေကြသည်။ ဝူရုန် ရုတ်တရက် သူ့အရင်ဘဝက ဖော်ပြချက်တခုကိုအမှတ်ရသွားသည်။
လူရော အိမ် မွေး တိရိစ္ဆာန်များပါ ဝိဉာဉ်ရှိကြသော်လည်း သေလွန်သောအခါ လူများ၏ဝိဉာဉ်ကပြည့်စုံသော်ငြား တိရိစ္ဆာန်များမှာဖရိဖရဲဖြစ်ကာ ဝိဉာဉ်များပြိုကွဲသွားတက်သည်။ ထို့ကြောင့်တိရိစ္ဆာန်အဖြစ်ဝင်စားခြင်းမှာ ဗီလိန်များအတွက်အကြီးမားဆုံးပြစ်ဒဏ်ဖြစ်သည်။ထိုအရာသည် လူဘဝမှ တိရိစ္ဆာန်ဘဝသို့ကူးပြောင်းရုံသာမက သူ့တို့ဘဝအနှစ်သာရဖြစ်သည်။ ဝိဉာဉ်ပြိုကွဲမှုကြောင်နာကျင်မှုသည်ကမ္ဘာပေါ်ရှိအဆုံးစွန် သောနာကျင်မူဖြစ်ကာ လူယုတ်မာများအတွက် ပြစ်ဒဏ်အဖြစ်သုံးသည်။
နွား ၊ကြောင် ၊ခွေးနှင့် တခြားတိရိစ္ဆာန် များသာလှာင်ဝိဉာဉ်များနှင့်ဆယ်သွယ်နိုင်ကာနိူင်းစားရလျှင် ပြည့်စုံကြသည်။
ဝူရုန်အ နေဖြင့် ဝက်နှင့်နွားများ သေသည်မှာကျိန်းသေသည်။ ယခုသူတွေ့နေရသည်မှာ ဝိဉာဉ်များပင်။
ဘယ်လိုထူးဆန်းတဲ့နေရာကြီးလဲ!။
ဝူရုန် သူဝင်လာသည့်ရည်ရွယ်ချက်ကိုမမေ့ပေ။ ကူတွေဘယ်မှရှိနိုင်မလဲ?။
"ရွှီ"
မြွေတွန်သံမှ မီးပုံထဲမှထွက်လာပြီး မြွေစိမ်းလေး ၊ ချင်းလင်းကူ ဒီဘက်ကမ္ဘာဆီသို့ ချက်ချင်းပစ်ထည့်ပေးခဲ့ခြင်းဖြစ်သည်။ မြေကြီးပေါ်ကြီးမားသော အရာကြီး ပြုတ်ကျသလို မြေတုန်သွားသည်။ ထို့နောက်ကြီးမားသောအမှောင်ရိပ်ကဝူရုန်းကို ငုံ့မိုးသွားသည်။ သူ့အရှေ့ကဘာဆိုတာ ကြည့်မိသောအခါ ဝူရုန်မကြုံစဖူး ထိတ်လန့် သွားကာအသံပျောက်ဖို့ပင်လုံလောက်သွားသည်။
ဒဏ္ဍာရီရိုးရာပုံပြင်များတွင်သာတွေ့ရသော ကြီးမားသေယမြွေကြီး ဝူရုန်ရှေ့ရောက်လာသည်။ ထိုအရာသည် အလွန်ကြီးမားကာ ခွေနေသောအခါ တောင်ကုန်းနှင့်တူပြီး တကိုယ်လုံး မြရောင်တောက်နေကာ ကြေးခွံတခုစီက ပန်းကန်တလုံးစာရှိသည်။
မြွေကြီးသန်းလိုက်သောအခါ သူ့ပါးစပ်အကျယ်သည် ဝူရုန်ဆယ်ကိုယ်စာဆန့်သည်။ သူသည်ဘေးပတ်လည်သို့ စိတ်အားထက်သန်ကြည့်လိုက်ပြီး ဝူရုန်ရပ်နေဆဲကို မြင်သည့်အခါ သူ့ဦးခေါင်းဖြင့် တွန်းထိုးကာ ယိမ်းယိုင်စေလိုက်သည်။
သို့သော်မြွေစိမ်းကြီးလာထိချိန်တွင် သူပြောချင်သည့်အဓိပ္ပါယ်ကို ထူးဆန်းစွာနားလည်သွားသည်။
"ကျုံးကူကို ရှာဖို့မင်းကငါ့ကိုခေါ်သွားပေးမယ်?"
မြွေစိမ်းက ပျော်ရွှင်စွာလျှာကိုဆက်ခနဲထုတ်လိုက်ပြီး ဉာဏ်ကောင်းစွာဖြင့် ဝူရုန်ကိုသူ့ခေါင်းပေါ်သို့တွန်းတင်လိုက်သည်။ ဝူရုန်ကိုကျွမ်းကျင်စွာ သယ်ဆောင်ကာ စီရင်စုတလျှောက် လျှောက်လာသည်။
ပုံမှန်စီရင်စုရွာလေးသည် အဖြူနှင့်အနက်သာရှိရင် ထူးဆန်းတိတ်ဆိတ်နေသည်မှာ ရှေးဟောင်းအနုပညာ ဓာတ်ပုံနှင့်ပင်တူသည်။ အသေးစားကရိယာများ သာမန်ထက်အရေတွက်များနေသည်။ ဝူရုန် စုန် (အဖွားဝူ) ခြေတံရှည်အိမ်သို့သွားသောလမ်းကိုတွေ့လိုက်သည်။ ပိုင်ကုတစ်ခါသတိပေး ဖူးသည် မှန်သောလမ်းကြောင်းတခုကလွဲလျှင် ကျန်လမ်းအားလုံးက ပြုစားထားသည်။ ဝူရုန်အတိတ်တုန်းက မမြင်နိုင်သော်လည်း အခုဒီကမ္ဘာတွင် ရှင်းရှင်းလင်းလင်းမြင်ရသည်။ လမ်းတလျှောက်တီကောင်လို့ အနက်ရောင်ပိုးကောင်များနှင့် ပြည့်နေသည်။
မြွေကြီးဖြတ်သန်းသွားသောအခါ ကြောက်လန့်သဖြင့်သေဟန်ဆောင်နေကြသည်။ သူတို့အားလူံများတုတ်ချောင်းများကို ဆန့်ထားသဖြင့် မြေပေါ်တွင် ချောကလတ်ချောင်းများပြန့် ကျဲနေသလိုပင်။
မြွေကြက သူ့ကိုစီရင်စုအပြင်ဘက်ကို ခေါ်ထုတ်ခဲ့သည်။ စီရင်စုဂိတ်ပေါက်နှင့် နီးသောအခါ ဝူရုန် အိုက်တံတားကို တွေ့လိုက်ရသည်။ အပြာရောင်ကျောက်တံတားအောက်ဘက်၌ အဖြူရောင်ဝူဝတ်စုံနှင့်ဘန်းကိတ်ပုံဆံထုံးထုံးထားသောအမျိုးသမီးတယောက်ရပ်နေသည်။ သူမသည် ဆီစိမ်ထီးကိုကိုင်ဆောင်စွာ သိမ်မွေ့ငြိမ်းချမ်းသောအမူယာဖြင့်ရပ်နေသည်။ သူမသည်ဝူရုန်ကို ပြုံးပြနေပြီး အိုက်ချောင်တံတားအောက်ထားပေးခဲ့သောရံနံ့အိတ်လေးကို သူ့မခါးတွင်ချိတ်ထားသည်။
ဝူဝတ်စုံဝတ်အမျိုးသမီး
အရာတိုင်းတွင် စိတ်ဝိဉာဉ်ရှိနေပြီး လက်တွေ့ကိုစိတ်အနှောက်ယှက်ဖြစ်ရအောင် ဖော်ပြလို့မရသောအရာများစွားရှိကာ ထို့အရာများကို ဘသူမှမမြင်နိုင်ပေ။
မြွေစိမ်းလေးတွင်တိကျသောပန်းတိုင်ရှိကာ ဝူရုန်ကို စီရင်စုရွာထိပ်ရှိ ဗုံမျှော်စင်ဆီ ခေါ်သွားသည်။
_____________
မီးပုံအပြင်ဘက် လေထုက လေးနက်နေသည်။ မီးတောက်များတဖျစ်ဖျစ်တောက်လောင်နေသည်။ ဒါဇင်လောက်ရှိသောမြောင်အမျိုးသမီးအမျိုးသားများက မီးပုံဘေးစောင့်ကြပ်နေကာ သူတို့အမူရာများမှာယခုတင်စတေးမူပြုထားသူများ ထက်ပင် ပြင်းထန်နေသည်။
မီးကန်ပွင့်သွားအခါ တခြားကမ္ဘာ၏အငွေ့သက်သည် မကောင်းဆိုးဝါးများကို ဆွဲဆောင်ထားသည်။ ဝူရုန် ကူကို ပြန်အသက်မသွင်းနိုင်ခင် သူတို့အပြင်ဘင်မှကိူးကျော်မှုမဖြစ်စေရန် ကာကွယ်စောင့်ကြည့်ကာ ကောင်းစွာပြင်ဆင်ထားရပေမည်။
"ငါတို့ ရှိနေမယ်!"
ပိုင်ကုအေးစက်စွာ သတိပေးလိုက်ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသောသစ်သားတောင်ဝှေးကို မြေပေါ်သို့ပြင်းထန်စွာဆောင့်ချလိုက်သည်။ တစ္ဆေအော်သံ ဝံပုလွေအူသံ များအမှောင်ထုထဲမှစူးရှစွာ ထိုးဖောက်ထွက်ပေါ်လာသည်။ မီးရောင်အစွန်းဖက်တွင် ကြမ်းကြုတ်ရက်စက်တက်သောဖြူရော်သည့် မျက်နှာများတွင်အစွယ်များဖြင့် မျက်နှာ၅ခုပေါ်လာသည်။ သူတို့သည်အာသာငမ်းငမ်းနှင့် ထိတ်လန့်ဖွယ်တောက်လောင်နေသောမီးပုံကိုကြည့်နေကာ၊ ခေါင်းဆောင်လုပ် သူသည် စိတ်မထိန်းနိုင်ပဲ ရှေ့သို့လှမ်းလာကာ အလင်းရောင်တွင်ထုတ်ဖော်ပြ လာသည်။
ထိုအရာများ၏ မျက်နှာမှာ တစ္ဆေနှင့်တူပြီး နှာခေါင်းများက အနီရောင်တောက်နေကာ လူတဝက်ခန့်ရှည်၍ ကိုယ်ထည်တစ်ခုလုံးအညိုရင်ရင့်အမွှေးဖြင့်ဖုံးနေသည်။ သူမျက်လုံးများက သေးငယ်ကာ အံ့ဖွယ်ကောင်းပြီး တိရိစ္ဆာန်အမူအကျင့် မျိုးမပြပေ။ မီးပုံကိုမျက်နှာမူပြီး လူတစ်ယောက်လိုရပ်ကာ သူ့အစွယ်ကိုအကာအကွယ်အဖြစ်ပြထားပြီး ခြောက်ခြားညစ်ညူးဖွယ်အသံထွက်လာပြီး လူတွေကိုကျောချမ်းစေသည်။
တစ္ဆေဘာဘွန်းမျောက်များကို မျောက်လွှဲကျော်များဟုခေါ်သည်။ အနောက်တောင်အရပ် တောင်ပေါ်များတွင် သူတို့၏ကျော်ကြားမှု မှာ အရှေ့မြောက်အရပ်ရှိ အဝါရောင်မြွေပါများနှင့် နိူင်းယှဉ်လို့ရသည်။ သူတို့အားလုံးသည် တောင်နတ်ဆိုးဝိဉာဉ်များဖြစ်ကာရိုင်းစိုင်းသောမကောင်းဆိုးဝါးများဖြစ်သည်။
"ဘန်း!"
သေနပ်ပစ်သံထွက်လာသည်။ ရှေးမြောင်သေနပ်များသည် လုံလောက်အောင်စွမ်းအားမရှိပေ။ အသံက အရမ်းကျယ်သည်။ ခေါင်းဆောင်မျောက်လွှဲကျော်ကြောက်လန့်တုန်ယင်နေကာ ကျန်နေသော မြောင်ယုန် မီးသေနပ်များ တစ်ခုပြီးတခုထွက်ပေါ်လာသည်။ နောက်ဆုံးတွင် မျောက်လွှဲကျော်တစ်စုကြောက်လန့်ကာ ထွက်ပြေးသွားသည်။
တောင်ဝိဉာဉ်နှင်မကောင်းဆိုးဝါးများကို သေနပ်ပစ်၍ဖြေရှင်းပြီး တစ္ဆေများကို တော့ ကြက်သွေးနှင့် အဆိပ်ကူ များသုံးသည်။ တောင်ပေါ်နှစ်ပေါင်းများစွာနေပြီးနောက်တွင် မြောင်လူမျိုးတို့၌လုံလောင်သေယအတွေ့အကြုံရှိပြီးဖြစ်သည်။
မျောက်လွှဲကျော်များအပြင် တောင်ပေါ်မှအထီးကျန်ဝိဉာဉ်များစွာသည် လည်း မီးပုံ ၏ ဆွဲဆောင်မှုကို ခံရသည်။ အကြိမ်ပေါင်းများစွာခုခံတိုက်ခိုက်ပြီးနောက် မီးပုံကိုစောင့်ကြည့်နေသောလူငယ်များ ပင်ပန်းလာသည်။ သို့သော်စုန်းရွာရှိလူအိုကြီးများက ပိုအိန္ဒြေရသည်။ အနောင်ဘက်ရှိမြောင်အမျိုးသမီးများက ထွက်မသွားပေ။ သူတို့သည် မီးပုံကိုဝိုင်းပတ်ထိုင်ကြပြီး လက်များတွဲကာ ရှေးဟောင်းမြောင်သီချင်းများနားဝင်ချိုစွာသီဆိုကြသည်။
ထိုသီချင်းသည်နတ်ဘုရားကိုချီးမြောက်ကာ ကူကိုဆွဲဆောင်ပြီး ဆုတောင်းပေးသောသီချင်းဖြစ်သည်။ အဝေးကိုခရီးသွားနေသူများ အန္တရာယ်ကင်းစွာ ပြန်လာနိုင်ရန်ဆုတောင်းပေးသောသီချင်းဖြစ်သည်။
" အချိန်ကိုတွက်ကြည့်ရသလောက် အာရုန်လောင်မြောင်တုန် ကို သွားသင့်ပြီ"
ရွာလူကြီးဆေးလိပ်သောက်ကာအနံ့စူစူးဆေးရွက်ကြီးဖြင့် လန်းဆန်းအောင်လုပ်လိုက်သည်။
"ကြက်ဖတွန်သည့် အထိစောင့်ကြတာပေါ့"
ရွာလူကြီးသည်ကျယ်လောင်စွာအားပေးလာသည်။
"အားတင်းထားကြဦး ခက်ခဲတဲ့တိုက်ပွဲတခုရှိသေးတယ် !"
သူ့စကားပြောပြီးပြီးချင်းတောနက်ထဲမှ ကလေးအော်သံကြားရသောအခါ လူတိုင်းမျက်နှာပျက်သွားကြသည်။ ရွာလူအိုကြီးမှာ သွားကြိတ်ကာ "ကြောင်တစ္ဆေလာပြီ "
သူတို့သည် ယခုပင်လာပြီးထွက်သွားသောမျောက်လွှဲကျော် တစ္ဆေရှိရာနေရာတွင်ပင် အနက်ရောင်အရိပ်ဆယ်ခုထက်မက တွေ့လိုက်သည်။ အရိပ်များကသေးငယ်ကာသိမ်မွေ့နေပြီး သူတို့တွင်ကြီးမားသည် လက်သီးဆုပ်၂ခုသာရှိသည်။အန္တရာယ်ရှိပုံမပေါ်။ သို့ရာတွင် ထိုအရာများပေါ်လာသောခဏတွင် အရှိန်ဖြင့်တောက်နေသောမီးသည် ချက်ချင်းအရှိန်လျော့သွားသည်။ အပူချိန်ကျဆင်းလာပြီး အနီးဆုံးရှိမြက်များပေါ်တွင်ဆီးနှင်းခဲများဖြစ်လာသည်။
ယင်ချီများများပြားကာ တစ္ဆေချီများသိပ်သည်းခြင်းက ထိုမြင်ကွင်းကိုဖြစ်စေသည်။
မီးရောင် မှိန်သွားသည်နှင့် ထိုအရာများဖြည်းဖြည်းချင်းလှမ်းလာကာ အလင်းအမှောင်ဆုံမှတ်နေရာတွင် ထိုင်နေကြသည်။ သေးသွယ်သော အမြှီးကိုရှေ့တွင်ခွေထားကာ ထိုအရာသည်သေးငယ်ကာအိုနေပြီ ဖြစ်သည်။ ကြောင်၏မျက်လုံးများက နက်မှောင်ကာ နတ်ဆိုးဆန်သောရက်စက်သည့် အရိပ်အယောင်များထင်ဟပ်နေသည်။
ထိုအရာသည်ကြောင်တစ္ဆေအုပ်စုပင်။
ကြောင်တစ္ဆေများကို ကြောက်အဆိပ်ဟုခေါ်ကာ အလွန်အန္တာရာယ်များသော တိရိစ္ဆာန်အဆိပ်အဖြစ် ရှေးတုန်းက ကျော်ကြားသည်။ ထိုအရာကို တုကူဧကရီ ခရီးသွားမှတ်တမ်း ဧကရီကိုယ်လုပ်တော်အတ္ထုပတ္ထိဆွေ့စာအုပ်တွင် မှတ်တမ်းတင်ထားသည် _ နောက်ပိုင်းတွင် အမေမတူသောညီတော်ဗုဒ္ဓသည် ဘုရင်မကို ကြောင်တစ္ဆေနှင့်စုန်းများဖြင့် ကျိန်စာတိုက်ကာသတ်ခဲ့သည်။ နောက်ပိုင်းတွင် ကြောင်တစ္ဆေစုန်းကူအသုံးပြုသူတိုင်းကို နယ်စပ်သို့ပြည်နှင်ဒဏ်ပေးခံရကာ သူတို့ထဲမှ တချို့တလေကို ယခုတိုင် အနောက်တောင်နယ်စပ်ဒေသ၌ တွေ့နိုင်သည်။
ကြောင်အဆိပ်ကိုပျိုးထောင်ရသည်မှာအလွန်မကောင်းဆိုးဝါးဆန်ကာ ကြောင်အဆိပ်သည်အလွန်ကျော်ကြားသည့်အပြင် သူကပြန်ကိုက်တက်သည်။ မင်းဂရုမစိုက်လျှင် စုန်းကပြန်သတ်ခံရမည်။ ထိုကြောင်အုပ်စုကိုနတ်ဆိုးမြောင်စီရင်စုမှတစုံတယောက်က ပျိုးထောင်ခဲ့ခြင်းဖြစ်သည်။ သူသည်ကြောင်တစ္ဆေများစွာမွေးပြီး တကောင်နှင့်တစ်ကောင် ဝါးမြိုခိုင်းကာ နောက်ဆုံး၌ အဆိပ်ဘုရင်ဖန်တီးရန်ဖြစ်သည်။ မမျှော်လင့်ပဲ ကြောင်နှင့်တစ္ဆေများ ပူပေါင်းကာ သူ့ကိုသတ်စားလိုက်သည်။
ထိုပိုင်ရှင်ကိုပြန်သတ်သော ကြောင်အုပ်ကို သတ်သင့်ပေမယ့် ကောလန်က၎င်းတို့ကို အဆိပ်ခပ်ကာ သူ့တို့ကို မြောင်နှင်စုန်းများနောက်ကွယ်တွင် သစ်တောထဲထားထားခဲ့သည်။
မျောက်လွှဲကျော်နှင့်မကောင်းဆိုးဝါးရိုင်းများထက်စာလျှင် သူတို့ကပိုလူသားဆန်ကာ အန္တာရယ်များသည်။
မျက်လုံးမှိတ်ထားသောအဖွားဝူနောက်ဆုံးတွင်မျက်လုံးဖွင့်လာသည်။ သူမမျက်လုံးများမှာ သူမငယ်ငယ်ကလိုပင် ထက်ရှကာ ကြည်လင်သည်။ သူ့ကိုထောက်ကိုင်ပေးထားသောတခြားသူများကိုဖယ်ရှားစေပြီး အဖွားဝူမီးပုံဆီခြေလှမ်းသွားကာ ရှေးမြောင်ဘာသာဖြင့် ကြောင်အိုကို တစုံတရာလှမ်းပြောလေသည်။
ပြောပြီးနောက် အဖွားဝူလက်ဝေ့ယမ်းပြလိုက်သောအခါ လူငယ်ရှစ်ယောက်နှစ်ယောက်တတွဲနှင့် ဝါးခြင်းလေးတောင်းကို စုန်းအိုကြီးဘေး၌ချလာပေးသည်။ လူအိုကြီးဝါးခြင်းကိုလှန်လိုက်သောအခါ အရိပ်များတွန်းထိုးနေသည်။ ထိုအရာများတွေးရသေယအခါ ကြောင်တစ္ဆေများ ချက်ချင်းလူပ်လူပ်ရှားရှားဖြစ်သွားသည်။
ဝါးခြင်းထဲတွင် ဆေးဖြင့်မလူပ်ရှားနိုင်သောကြွက်များပြည့် နေသည်။ သူတို့သာ်အသက်ရှိကာ လတ်ဆက်သည်။ လေးခြင်းစာသည် ကြောင်အုပ်နှင့်တစ္ဆေများ စားသောက်ယူဆောင်သွားရန်လုံလောက်သည်။ စုန်းအိုကြီး ပြောသည့်အဓိပွါယ်မှာ သူတို့ဒီကထွက်တာနှင့် ဒါတွေအကုန် သူတို့အပိုင်ဖြစ်မည်ဖြစ်သည်။ နောက်သုံးနှစ်ဆက် စီရင်စုမှ သူတို့ဆီ ကြွက်များစတေးပေးမည်ဖြစ်သည်။
ကြောင်တစ္ဆေအိုမှာစိတ်ဝိဉာဉ်ရှိလျက် ၎င်းက နားလည်သောကြောင့် ခတ္တတုံ့ဆိုင်းနေသည်။ ရင်စက်သောသူ့မျက်လုံးများအတွေးနက်နေဟန်။ အချိန်တခုကြာပြီးနောက် ရှေ့ဆက်ဖို့သာကြိုးစားလိုက်ပြီး သူ့ခြေထောက်ကို မီးပုံဆီလှမ်းလိုက်သည်။ စုန်းမအိုကြီး အသံကပြင်းထန်လာကာ အချက်ကျကျဖြင့် စကားလုံးအတွဲလိုက်ကိုာသတိပေးမူအပြည့်နှင့် ထွက်ကျလာသည်။ သို့သော်ထိုအချိန်တွင်တော့ကြောင်အိုသည် ဆုံးဖြတ်ချက် ချလိုက်ပြီးသည့်နှယ် ခေါင်းကိုဖြည်းညှင်းစွာခါယမ်းပြလာသည်။
"မြောင်"
သူ့ခြောက်သွေ့စွာအော်လိုက်သောအခါ ကြောင်တစ္ဆေတကောင်သူ့နောက်မှထွက်လာပြီး သူ့ပါးစပ်တွင်ရှိ နေသောအဖြူလုံးလေးတခုကို ကြောင်အိုရှေ့ချပေးလာသည်။ ကြောင်အိုသည် ကျွမ်းကျင်မူသိပ်မရှိပေ။ သူချလိုက်သောအခါ အဖြူလုံးလေးသည် မြေပေါ်ခိုင်မြဲစွာမရပ်နိုင်သေးပဲ မြေပေါ်တွင်စက်ဝိုင်းလိုလှိမ့်နေသည်။
"မီ?"
နူးညံ့၍ စူးရှသောအသံလေးထွက်လာသည်။ ထိုအသံသည်အလွန်းကလေးဆန်ကာ အန္တာရယ်ကင်းလှသည်။ သို့သော်ထိုအသ့ထွက်လာသောခဏတွင် စုန်းမအိုကြီးမျက်နှာချက်ချင်းပြောင်းသွားကာ သူ့မဘေးရှိပိုင်ကု သည်လည်း စိုက်ကြည့်လာသည်။
ကြောင်စရာအကောင်းဆုံးအရာကတော့နောက်ဆုံးမှာပေါ်လာပြီ။
အဖြူလုံးလေးကမက်တပ်ရပ်သောအခါ နှင်းလုံးလေးနှင့်ပင်တူသည်။ ယိုင်တိယိုင်တိုင်လှမ်းလိုက်သဖြင့် မီးပုံထဲပြင်းထန်စွာလှိမ့်ကျသွားသောကြောင့်မကျေမနပ်ဖြင့်အော်လေသည်။
"မြောင်!"
ကြောင်ပေါက်အော်သံပင်။ ကြောင်အိုဖမ်းယူလိုက်သောအရယမှာဖြူဖွေးဝတုတ်နေသည့် ကြောင်ပေါက်လေးတကောင်ဖြစ်သည်။
1:50 PM,Sun Mar 5,2023
Zawgyi
ေလာင္ကၽြမ္းေနေသာခံစားခ်က္က ခ်က္ခ်င္းေပ်ာက္သြားကာ မီးသည္ ေရခဲေရအလားေအးစက္သြားသည္။ ေလဖိအားႏွင့္ေလေအးမ်ား သူ႔မ်က္ႏွာကိုလာရိုက္သည္။ ဝူ႐ုန္တုန္ယင္စြာ လက္ကိုျဖည္းညႇင္းစြာ ခ်၍ မ်က္လုံးဖြင့္လိုက္သည္။
သူ႔အေရွ႕ကျမင္ကြင္းေၾကာင့္ေၾကာင္အသြားသည္။ ေတာင္ကိုေနာက္ခံတည္ထားသည့္ေျခတံရွည္အိမ္ ၊ ျမင့္မားသန္စြမ္းေသာေမပယ္ပင္အို၊ စေတးမႈက်င္းပရာ ရြာလယ္ပိုင္း ။ အခုဝူ႐ုန္ခုန္ဆင္းခ်ခဲ့ေသာ မီးပုံ သည္ပင္ သည္ေနရာတြင္ရွိေနေသာ္လည္း မီးၿငိမ္းေနသည္။ ဝူ႐ုန္ေရွ႕မွျမင္ကြင္းသည္စီရင္စုႏွင္ တကယ္ပင္တူသည္။ ထိုအရာသည္မွန္တခ်က္လိုပင္ သို႔ေသာ္ အနက္ မီးခိုးႏွင့္ အျဖဴေရာင္သာရွိသည္။
အနီေရာင္လည္းရွိသည္။ေသြးနီေရာင္သည္ အျဖဴအမည္းေနာက္ခံကိုဆန႔္က်င္စြာ ေတာက္ပေနသည္။
႐ုပ္ထုသည္ မီးပုံဘက္တြင္ ရပ္ေနဆဲျဖစ္ၿပီး ဂါဝန္တြင္စြန္းထင္းေနေသာေသြးမ်ားကတစက္စက္ က်ေနကာ အပူေငြမ်ားထုတ္လြတ္ေနသည္။သိမ္ေမြစြာ ထြင္းထုထားေသာမ်က္ႏွာကျပဳံးေနကာ ၾကည့္ေလေလ နတ္ဆိုးဝိဉာဥ္က အပိုင္စားရသြားသလိုထူးဆန္းေလျဖစ္သည္။
သူမသည္ဝူ႐ုန္ကိုၾကည့္ေနသည္။
ပင္ကိုအသိစိတ္သတိေပးခ်က္အရ ဝူ႐ုန္ တိတ္တဆိတ္႐ုပ္ထုႏွင့္ေဝးရာေနာက္ဆုတ္လိုက္သည္။ သို႔ေသာ္ သူ႔ေနာက္ေက်ာသည္ ေလးေအးစက္ထုထည္ႀကီးႏွင့္တိုက္မိသြားသည္။
"မူး..."
ႏြားသည္ သူ႔ေနာက္မွာေန၍ ေအာ္လာသည္။ ဒီမွာဘာလို႔ ႏြားရွိေနတာလဲ?။ ဝူ႐ုန္သူ႔ေရွ႕ဘက္မွာ ႏြားသတ္ထားေသာသစ္ေဘာင္ကို ၾကည့္လိုက္ကာ ေခါင္းကိုျဖည္းညႇင္းစြာလွည့္လိုက္သည္။
ဦးေခါင္းမရွိေသာႏြား က ဝူ႐ုန္ေနာက္တြင္တိတ္တဆိတ္ ရပ္ေနကာ သူ႔လည္ပင္းႏွင့္သာ ရင္ဆိုင္လိုက္ရသည္။ ဒဏ္ရာတြင္ေသြးမရွိ၊ ပုဆိန္ခုတ္ရာတြင္အရာမ်ားစြာရွိမေန ခုတ္ရာကေခ်ာေမြ႕ေနၿပီး ေခါင္းမရွိျခင္းသာ။
"မူး..."
ႏြားကေနာက္တႀကိမ္ေအာ္လာခါ ဒီတခါတြင္ေတာ့ပိုၾကည္လင္သည္။ ႏြားဗိုက္ေအာက္တြင္ႀကီးမားေသာ ႏြားေခါင္းႀကီးရွိသည္။ ေခါင္းတခုတည္းပင္။ မ်က္လုံးႀကီးမ်ားပြင့္ေနေသးကာ ပါးစပ္တြင္လည္းစားျမဳံျပန္ေနသလို တခုခုကိုဝါးေနေသးသည္။
"အြတ္ အြတ္ အြတ္..."
ဝက္မ်ားေပၚလာက ေအာ္သစ္ေနၿပီး မီးပုံထဲတြင္ ေအးေဆးစြာ ေျပးေနၾကသည္။ သို႔ေသာ္တခ်ိဳ႕ဝက္မ်ားက ေရွ႕ကိုယ္ထည္သာရွိ၍ တခ်ိဳ႕မွာေနာက္ပိုင္း ႏွင့္ ေျခေထာက္ကိုသုံးကာခုန္ေနၾကသည္။ ဝူ႐ုန္ ႐ုတ္တရက္ သူ႔အရင္ဘဝက ေဖာ္ျပခ်က္တခုကိုအမွတ္ရသြားသည္။
လူေရာ အိမ္ ေမြး တိရိစၧာန္မ်ားပါ ဝိဉာဥ္ရွိၾကေသာ္လည္း ေသလြန္ေသာအခါ လူမ်ား၏ဝိဉာဥ္ကျပည့္စုံေသာ္ျငား တိရိစၧာန္မ်ားမွာဖရိဖရဲျဖစ္ကာ ဝိဉာဥ္မ်ားၿပိဳကြဲသြားတက္သည္။ ထို႔ေၾကာင့္တိရိစၧာန္အျဖစ္ဝင္စားျခင္းမွာ ဗီလိန္မ်ားအတြက္အႀကီးမားဆုံးျပစ္ဒဏ္ျဖစ္သည္။ထိုအရာသည္ လူဘဝမွ တိရိစၧာန္ဘဝသို႔ကူးေျပာင္း႐ုံသာမက သူ႔တို႔ဘဝအႏွစ္သာရျဖစ္သည္။ ဝိဉာဥ္ၿပိဳကြဲမႈေၾကာင္နာက်င္မႈသည္ကမၻာေပၚရွိအဆုံးစြန္ ေသာနာက်င္မူျဖစ္ကာ လူယုတ္မာမ်ားအတြက္ ျပစ္ဒဏ္အျဖစ္သုံးသည္။
ႏြား ၊ေၾကာင္ ၊ေခြးႏွင့္ တျခားတိရိစၧာန္ မ်ားသာလွာင္ဝိဉာဥ္မ်ားႏွင့္ဆယ္သြယ္နိုင္ကာနိူင္းစားရလၽွင္ ျပည့္စုံၾကသည္။
ဝူ႐ုန္အ ေနျဖင့္ ဝက္ႏွင့္ႏြားမ်ား ေသသည္မွာက်ိန္းေသသည္။ ယခုသူေတြ႕ေနရသည္မွာ ဝိဉာဥ္မ်ားပင္။
ဘယ္လိုထူးဆန္းတဲ့ေနရာႀကီးလဲ!။
ဝူ႐ုန္ သူဝင္လာသည့္ရည္ရြယ္ခ်က္ကိုမေမ့ေပ။ ကူေတြဘယ္မွရွိနိုင္မလဲ?။
"ရႊီ"
ေႁမြတြန္သံမွ မီးပုံထဲမွထြက္လာၿပီး ေႁမြစိမ္းေလး ၊ ခ်င္းလင္းကူ ဒီဘက္ကမၻာဆီသို႔ ခ်က္ခ်င္းပစ္ထည့္ေပးခဲ့ျခင္းျဖစ္သည္။ ေျမႀကီးေပၚႀကီးမားေသာ အရာႀကီး ျပဳတ္က်သလို ေျမတုန္သြားသည္။ ထို႔ေနာက္ႀကီးမားေသာအေမွာင္ရိပ္ကဝူ႐ုန္းကို ငုံ႔မိုးသြားသည္။ သူ႔အေရွ႕ကဘာဆိုတာ ၾကည့္မိေသာအခါ ဝူ႐ုန္မၾကဳံစဖူး ထိတ္လန႔္ သြားကာအသံေပ်ာက္ဖို႔ပင္လုံေလာက္သြားသည္။
ဒ႑ာရီရိုးရာပုံျပင္မ်ားတြင္သာေတြ႕ရေသာ ႀကီးမားေသယေႁမြႀကီး ဝူ႐ုန္ေရွ႕ေရာက္လာသည္။ ထိုအရာသည္ အလြန္ႀကီးမားကာ ေခြေနေသာအခါ ေတာင္ကုန္းႏွင့္တူၿပီး တကိုယ္လုံး ျမေရာင္ေတာက္ေနကာ ေၾကးခြံတခုစီက ပန္းကန္တလုံးစာရွိသည္။
ေႁမြႀကီးသန္းလိုက္ေသာအခါ သူ႔ပါးစပ္အက်ယ္သည္ ဝူ႐ုန္ဆယ္ကိုယ္စာဆန႔္သည္။ သူသည္ေဘးပတ္လည္သို႔ စိတ္အားထက္သန္ၾကည့္လိုက္ၿပီး ဝူ႐ုန္ရပ္ေနဆဲကို ျမင္သည့္အခါ သူ႔ဦးေခါင္းျဖင့္ တြန္းထိုးကာ ယိမ္းယိုင္ေစလိုက္သည္။
သို႔ေသာ္ေႁမြစိမ္းႀကီးလာထိခ်ိန္တြင္ သူေျပာခ်င္သည့္အဓိပၸါယ္ကို ထူးဆန္းစြာနားလည္သြားသည္။
"က်ဳံးကူကို ရွာဖို႔မင္းကငါ့ကိုေခၚသြားေပးမယ္?"
ေႁမြစိမ္းက ေပ်ာ္ရႊင္စြာလၽွာကိုဆက္ခနဲထုတ္လိုက္ၿပီး ဉာဏ္ေကာင္းစြာျဖင့္ ဝူ႐ုန္ကိုသူ႔ေခါင္းေပၚသို႔တြန္းတင္လိုက္သည္။ ဝူ႐ုန္ကိုကၽြမ္းက်င္စြာ သယ္ေဆာင္ကာ စီရင္စုတေလၽွာက္ ေလၽွာက္လာသည္။
ပုံမွန္စီရင္စုရြာေလးသည္ အျဖဴႏွင့္အနက္သာရွိရင္ ထူးဆန္းတိတ္ဆိတ္ေနသည္မွာ ေရွးေဟာင္းအႏုပညာ ဓာတ္ပုံႏွင့္ပင္တူသည္။ အေသးစားကရိယာမ်ား သာမန္ထက္အေရတြက္မ်ားေနသည္။ ဝူ႐ုန္ စုန္ (အဖြားဝူ) ေျခတံရွည္အိမ္သို႔သြားေသာလမ္းကိုေတြ႕လိုက္သည္။ ပိုင္ကုတစ္ခါသတိေပး ဖူးသည္ မွန္ေသာလမ္းေၾကာင္းတခုကလြဲလၽွင္ က်န္လမ္းအားလုံးက ျပဳစားထားသည္။ ဝူ႐ုန္အတိတ္တုန္းက မျမင္နိုင္ေသာ္လည္း အခုဒီကမၻာတြင္ ရွင္းရွင္းလင္းလင္းျမင္ရသည္။ လမ္းတေလၽွာက္တီေကာင္လို႔ အနက္ေရာင္ပိုးေကာင္မ်ားႏွင့္ ျပည့္ေနသည္။
ေႁမြႀကီးျဖတ္သန္းသြားေသာအခါ ေၾကာက္လန႔္သျဖင့္ေသဟန္ေဆာင္ေနၾကသည္။ သူတို႔အားလူံမ်ားတုတ္ေခ်ာင္းမ်ားကို ဆန႔္ထားသျဖင့္ ေျမေပၚတြင္ ေခ်ာကလတ္ေခ်ာင္းမ်ားျပန႔္ က်ဲေနသလိုပင္။
ေႁမြၾကက သူ႔ကိုစီရင္စုအျပင္ဘက္ကို ေခၚထုတ္ခဲ့သည္။ စီရင္စုဂိတ္ေပါက္ႏွင့္ နီးေသာအခါ ဝူ႐ုန္ အိုက္တံတားကို ေတြ႕လိုက္ရသည္။ အျပာေရာင္ေက်ာက္တံတားေအာက္ဘက္၌ အျဖဴေရာင္ဝူဝတ္စုံႏွင့္ဘန္းကိတ္ပုံဆံထုံးထုံးထားေသာအမ်ိဳးသမီးတေယာက္ရပ္ေနသည္။ သူမသည္ ဆီစိမ္ထီးကိုကိုင္ေဆာင္စြာ သိမ္ေမြ႕ၿငိမ္းခ်မ္းေသာအမူယာျဖင့္ရပ္ေနသည္။ သူမသည္ဝူ႐ုန္ကို ျပဳံးျပေနၿပီး အိုက္ေခ်ာင္တံတားေအာက္ထားေပးခဲ့ေသာရံနံ့အိတ္ေလးကို သူ႔မခါးတြင္ခ်ိတ္ထားသည္။
ဝူဝတ္စုံဝတ္အမ်ိဳးသမီး
အရာတိုင္းတြင္ စိတ္ဝိဉာဥ္ရွိေနၿပီး လက္ေတြ႕ကိုစိတ္အေႏွာက္ယွက္ျဖစ္ရေအာင္ ေဖာ္ျပလို႔မရေသာအရာမ်ားစြားရွိကာ ထို႔အရာမ်ားကို ဘသူမွမျမင္နိုင္ေပ။
ေႁမြစိမ္းေလးတြင္တိက်ေသာပန္းတိုင္ရွိကာ ဝူ႐ုန္ကို စီရင္စုရြာထိပ္ရွိ ဗုံေမၽွာ္စင္ဆီ ေခၚသြားသည္။
_____________
မီးပုံအျပင္ဘက္ ေလထုက ေလးနက္ေနသည္။ မီးေတာက္မ်ားတဖ်စ္ဖ်စ္ေတာက္ေလာင္ေနသည္။ ဒါဇင္ေလာက္ရွိေသာေျမာင္အမ်ိဳးသမီးအမ်ိဳးသားမ်ားက မီးပုံေဘးေစာင့္ၾကပ္ေနကာ သူတို႔အမူရာမ်ားမွာယခုတင္စေတးမူျပဳထားသူမ်ား ထက္ပင္ ျပင္းထန္ေနသည္။
မီးကန္ပြင့္သြားအခါ တျခားကမၻာ၏အေငြ႕သက္သည္ မေကာင္းဆိုးဝါးမ်ားကို ဆြဲေဆာင္ထားသည္။ ဝူ႐ုန္ ကူကို ျပန္အသက္မသြင္းနိုင္ခင္ သူတို႔အျပင္ဘင္မွကိူးေက်ာ္မႈမျဖစ္ေစရန္ ကာကြယ္ေစာင့္ၾကည့္ကာ ေကာင္းစြာျပင္ဆင္ထားရေပမည္။
"ငါတို႔ ရွိေနမယ္!"
ပိုင္ကုေအးစက္စြာ သတိေပးလိုက္ၿပီး မ်ိဳးရိုးစဥ္ဆက္ လက္ဆင့္ကမ္းလာေသာသစ္သားေတာင္ေဝွးကို ေျမေပၚသို႔ျပင္းထန္စြာေဆာင့္ခ်လိုက္သည္။ တေစၧေအာ္သံ ဝံပုေလြအူသံ မ်ားအေမွာင္ထုထဲမွစူးရွစြာ ထိုးေဖာက္ထြက္ေပၚလာသည္။ မီးေရာင္အစြန္းဖက္တြင္ ၾကမ္းၾကဳတ္ရက္စက္တက္ေသာျဖဴေရာ္သည့္ မ်က္ႏွာမ်ားတြင္အစြယ္မ်ားျဖင့္ မ်က္ႏွာ၅ခုေပၚလာသည္။ သူတို႔သည္အာသာငမ္းငမ္းႏွင့္ ထိတ္လန႔္ဖြယ္ေတာက္ေလာင္ေနေသာမီးပုံကိုၾကည့္ေနကာ၊ ေခါင္းေဆာင္လုပ္ သူသည္ စိတ္မထိန္းနိုင္ပဲ ေရွ႕သို႔လွမ္းလာကာ အလင္းေရာင္တြင္ထုတ္ေဖာ္ၿပ လာသည္။
ထိုအရာမ်ား၏ မ်က္ႏွာမွာ တေစၧႏွင့္တူၿပီး ႏွာေခါင္းမ်ားက အနီေရာင္ေတာက္ေနကာ လူတဝက္ခန႔္ရွည္၍ ကိုယ္ထည္တစ္ခုလုံးအညိဳရင္ရင့္အေမႊးျဖင့္ဖုံးေနသည္။ သူမ်က္လုံးမ်ားက ေသးငယ္ကာ အံ့ဖြယ္ေကာင္းၿပီး တိရိစၧာန္အမူအက်င့္ မ်ိဳးမျပေပ။ မီးပုံကိုမ်က္ႏွာမူၿပီး လူတစ္ေယာက္လိုရပ္ကာ သူ႔အစြယ္ကိုအကာအကြယ္အျဖစ္ျပထားၿပီး ေျခာက္ျခားညစ္ညဴးဖြယ္အသံထြက္လာၿပီး လူေတြကိုေက်ာခ်မ္းေစသည္။
တေစၧဘာဘြန္းေမ်ာက္မ်ားကို ေမ်ာက္လႊဲေက်ာ္မ်ားဟုေခၚသည္။ အေနာက္ေတာင္အရပ္ ေတာင္ေပၚမ်ားတြင္ သူတို႔၏ေက်ာ္ၾကားမႈ မွာ အေရွ႕ေျမာက္အရပ္ရွိ အဝါေရာင္ေႁမြပါမ်ားႏွင့္ နိူင္းယွဥ္လို႔ရသည္။ သူတို႔အားလုံးသည္ ေတာင္နတ္ဆိုးဝိဉာဥ္မ်ားျဖစ္ကာရိုင္းစိုင္းေသာမေကာင္းဆိုးဝါးမ်ားျဖစ္သည္။
"ဘန္း!"
ေသနပ္ပစ္သံထြက္လာသည္။ ေရွးေျမာင္ေသနပ္မ်ားသည္ လုံေလာက္ေအာင္စြမ္းအားမရွိေပ။ အသံက အရမ္းက်ယ္သည္။ ေခါင္းေဆာင္ေမ်ာက္လႊဲေက်ာ္ေၾကာက္လန႔္တုန္ယင္ေနကာ က်န္ေနေသာ ေျမာင္ယုန္ မီးေသနပ္မ်ား တစ္ခုၿပီးတခုထြက္ေပၚလာသည္။ ေနာက္ဆုံးတြင္ ေမ်ာက္လႊဲေက်ာ္တစ္စုေၾကာက္လန႔္ကာ ထြက္ေျပးသြားသည္။
ေတာင္ဝိဉာဥ္ႏွင္မေကာင္းဆိုးဝါးမ်ားကို ေသနပ္ပစ္၍ေျဖရွင္းၿပီး တေစၧမ်ားကို ေတာ့ ၾကက္ေသြးႏွင့္ အဆိပ္ကူ မ်ားသုံးသည္။ ေတာင္ေပၚႏွစ္ေပါင္းမ်ားစြာေနၿပီးေနာက္တြင္ ေျမာင္လူမ်ိဳးတို႔၌လုံေလာင္ေသယအေတြ႕အၾကဳံရွိၿပီးျဖစ္သည္။
ေမ်ာက္လႊဲေက်ာ္မ်ားအျပင္ ေတာင္ေပၚမွအထီးက်န္ဝိဉာဥ္မ်ားစြာသည္ လည္း မီးပုံ ၏ ဆြဲေဆာင္မႈကို ခံရသည္။ အႀကိမ္ေပါင္းမ်ားစြာခုခံတိုက္ခိုက္ၿပီးေနာက္ မီးပုံကိုေစာင့္ၾကည့္ေနေသာလူငယ္မ်ား ပင္ပန္းလာသည္။ သို႔ေသာ္စုန္းရြာရွိလူအိုႀကီးမ်ားက ပိုအိေျႏၵရသည္။ အေနာင္ဘက္ရွိေျမာင္အမ်ိဳးသမီးမ်ားက ထြက္မသြားေပ။ သူတို႔သည္ မီးပုံကိုဝိုင္းပတ္ထိုင္ၾကၿပီး လက္မ်ားတြဲကာ ေရွးေဟာင္းေျမာင္သီခ်င္းမ်ားနားဝင္ခ်ိဳစြာသီဆိုၾကသည္။
ထိုသီခ်င္းသည္နတ္ဘုရားကိုခ်ီးေျမာက္ကာ ကူကိုဆြဲေဆာင္ၿပီး ဆုေတာင္းေပးေသာသီခ်င္းျဖစ္သည္။ အေဝးကိုခရီးသြားေနသူမ်ား အႏၲရာယ္ကင္းစြာ ျပန္လာနိုင္ရန္ဆုေတာင္းေပးေသာသီခ်င္းျဖစ္သည္။
" အခ်ိန္ကိုတြက္ၾကည့္ရသေလာက္ အာ႐ုန္ေလာင္ေျမာင္တုန္ ကို သြားသင့္ၿပီ"
ရြာလူႀကီးေဆးလိပ္ေသာက္ကာအနံ့စူစူးေဆးရြက္ႀကီးျဖင့္ လန္းဆန္းေအာင္လုပ္လိုက္သည္။
"ၾကက္ဖတြန္သည့္ အထိေစာင့္ၾကတာေပါ့"
ရြာလူႀကီးသည္က်ယ္ေလာင္စြာအားေပးလာသည္။
"အားတင္းထားၾကဦး ခက္ခဲတဲ့တိုက္ပြဲတခုရွိေသးတယ္ !"
သူ႔စကားေျပာၿပီးၿပီးခ်င္းေတာနက္ထဲမွ ကေလးေအာ္သံၾကားရေသာအခါ လူတိုင္းမ်က္ႏွာပ်က္သြားၾကသည္။ ရြာလူအိုႀကီးမွာ သြားႀကိတ္ကာ "ေၾကာင္တေစၧလာၿပီ "
သူတို႔သည္ ယခုပင္လာၿပီးထြက္သြားေသာေမ်ာက္လႊဲေက်ာ္ တေစၧရွိရာေနရာတြင္ပင္ အနက္ေရာင္အရိပ္ဆယ္ခုထက္မက ေတြ႕လိုက္သည္။ အရိပ္မ်ားကေသးငယ္ကာသိမ္ေမြ႕ေနၿပီး သူတို႔တြင္ႀကီးမားသည္ လက္သီးဆုပ္၂ခုသာရွိသည္။အႏၲရာယ္ရွိပုံမေပၚ။ သို႔ရာတြင္ ထိုအရာမ်ားေပၚလာေသာခဏတြင္ အရွိန္ျဖင့္ေတာက္ေနေသာမီးသည္ ခ်က္ခ်င္းအရွိန္ေလ်ာ့သြားသည္။ အပူခ်ိန္က်ဆင္းလာၿပီး အနီးဆုံးရွိျမက္မ်ားေပၚတြင္ဆီးႏွင္းခဲမ်ားျဖစ္လာသည္။
ယင္ခ်ီမ်ားမ်ားျပားကာ တေစၧခ်ီမ်ားသိပ္သည္းျခင္းက ထိုျမင္ကြင္းကိုျဖစ္ေစသည္။
မီးေရာင္ မွိန္သြားသည္ႏွင့္ ထိုအရာမ်ားျဖည္းျဖည္းခ်င္းလွမ္းလာကာ အလင္းအေမွာင္ဆုံမွတ္ေနရာတြင္ ထိုင္ေနၾကသည္။ ေသးသြယ္ေသာ အျမႇီးကိုေရွ႕တြင္ေခြထားကာ ထိုအရာသည္ေသးငယ္ကာအိုေနၿပီ ျဖစ္သည္။ ေၾကာင္၏မ်က္လုံးမ်ားက နက္ေမွာင္ကာ နတ္ဆိုးဆန္ေသာရက္စက္သည့္ အရိပ္အေယာင္မ်ားထင္ဟပ္ေနသည္။
ထိုအရာသည္ေၾကာင္တေစၧအုပ္စုပင္။
ေၾကာင္တေစၧမ်ားကို ေၾကာက္အဆိပ္ဟုေခၚကာ အလြန္အႏၲာရာယ္မ်ားေသာ တိရိစၧာန္အဆိပ္အျဖစ္ ေရွးတုန္းက ေက်ာ္ၾကားသည္။ ထိုအရာကို တုကူဧကရီ ခရီးသြားမွတ္တမ္း ဧကရီကိုယ္လုပ္ေတာ္အတၳဳပတၳိေဆြ႕စာအုပ္တြင္ မွတ္တမ္းတင္ထားသည္ _ ေနာက္ပိုင္းတြင္ အေမမတူေသာညီေတာ္ဗုဒၶသည္ ဘုရင္မကို ေၾကာင္တေစၧႏွင့္စုန္းမ်ားျဖင့္ က်ိန္စာတိုက္ကာသတ္ခဲ့သည္။ ေနာက္ပိုင္းတြင္ ေၾကာင္တေစၧစုန္းကူအသုံးျပဳသူတိုင္းကို နယ္စပ္သို႔ျပည္ႏွင္ဒဏ္ေပးခံရကာ သူတို႔ထဲမွ တခ်ိဳ႕တေလကို ယခုတိုင္ အေနာက္ေတာင္နယ္စပ္ေဒသ၌ ေတြ႕နိုင္သည္။
ေၾကာင္အဆိပ္ကိုပ်ိဳးေထာင္ရသည္မွာအလြန္မေကာင္းဆိုးဝါးဆန္ကာ ေၾကာင္အဆိပ္သည္အလြန္ေက်ာ္ၾကားသည့္အျပင္ သူကျပန္ကိုက္တက္သည္။ မင္းဂ႐ုမစိုက္လၽွင္ စုန္းကျပန္သတ္ခံရမည္။ ထိုေၾကာင္အုပ္စုကိုနတ္ဆိုးေျမာင္စီရင္စုမွတစုံတေယာက္က ပ်ိဳးေထာင္ခဲ့ျခင္းျဖစ္သည္။ သူသည္ေၾကာင္တေစၧမ်ားစြာေမြးၿပီး တေကာင္ႏွင့္တစ္ေကာင္ ဝါးၿမိဳခိုင္းကာ ေနာက္ဆုံး၌ အဆိပ္ဘုရင္ဖန္တီးရန္ျဖစ္သည္။ မေမၽွာ္လင့္ပဲ ေၾကာင္ႏွင့္တေစၧမ်ား ပူေပါင္းကာ သူ႔ကိုသတ္စားလိုက္သည္။
ထိုပိုင္ရွင္ကိုျပန္သတ္ေသာ ေၾကာင္အုပ္ကို သတ္သင့္ေပမယ့္ ေကာလန္က၎တို႔ကို အဆိပ္ခပ္ကာ သူ႔တို႔ကို ေျမာင္ႏွင္စုန္းမ်ားေနာက္ကြယ္တြင္ သစ္ေတာထဲထားထားခဲ့သည္။
ေမ်ာက္လႊဲေက်ာ္ႏွင့္မေကာင္းဆိုးဝါးရိုင္းမ်ားထက္စာလၽွင္ သူတို႔ကပိုလူသားဆန္ကာ အႏၲာရယ္မ်ားသည္။
မ်က္လုံးမွိတ္ထားေသာအဖြားဝူေနာက္ဆုံးတြင္မ်က္လုံးဖြင့္လာသည္။ သူမမ်က္လုံးမ်ားမွာ သူမငယ္ငယ္ကလိုပင္ ထက္ရွကာ ၾကည္လင္သည္။ သူ႔ကိုေထာက္ကိုင္ေပးထားေသာတျခားသူမ်ားကိုဖယ္ရွားေစၿပီး အဖြားဝူမီးပုံဆီေျခလွမ္းသြားကာ ေရွးေျမာင္ဘာသာျဖင့္ ေၾကာင္အိုကို တစုံတရာလွမ္းေျပာေလသည္။
ေျပာၿပီးေနာက္ အဖြားဝူလက္ေဝ့ယမ္းျပလိုက္ေသာအခါ လူငယ္ရွစ္ေယာက္ႏွစ္ေယာက္တတြဲႏွင့္ ဝါးျခင္းေလးေတာင္းကို စုန္းအိုႀကီးေဘး၌ခ်လာေပးသည္။ လူအိုႀကီးဝါးျခင္းကိုလွန္လိုက္ေသာအခါ အရိပ္မ်ားတြန္းထိုးေနသည္။ ထိုအရာမ်ားေတြးရေသယအခါ ေၾကာင္တေစၧမ်ား ခ်က္ခ်င္းလူပ္လူပ္ရွားရွားျဖစ္သြားသည္။
ဝါးျခင္းထဲတြင္ ေဆးျဖင့္မလူပ္ရွားနိုင္ေသာႂကြက္မ်ားျပည့္ ေနသည္။ သူတို႔သာ္အသက္ရွိကာ လတ္ဆက္သည္။ ေလးျခင္းစာသည္ ေၾကာင္အုပ္ႏွင့္တေစၧမ်ား စားေသာက္ယူေဆာင္သြားရန္လုံေလာက္သည္။ စုန္းအိုႀကီး ေျပာသည့္အဓိပြါယ္မွာ သူတို႔ဒီကထြက္တာႏွင့္ ဒါေတြအကုန္ သူတို႔အပိုင္ျဖစ္မည္ျဖစ္သည္။ ေနာက္သုံးႏွစ္ဆက္ စီရင္စုမွ သူတို႔ဆီ ႂကြက္မ်ားစေတးေပးမည္ျဖစ္သည္။
ေၾကာင္တေစၧအိုမွာစိတ္ဝိဉာဥ္ရွိလ်က္ ၎က နားလည္ေသာေၾကာင့္ ခတၱတုံ႔ဆိုင္းေနသည္။ ရင္စက္ေသာသူ႔မ်က္လုံးမ်ားအေတြးနက္ေနဟန္။ အခ်ိန္တခုၾကာၿပီးေနာက္ ေရွ႕ဆက္ဖို႔သာႀကိဳးစားလိုက္ၿပီး သူ႔ေျခေထာက္ကို မီးပုံဆီလွမ္းလိုက္သည္။ စုန္းမအိုႀကီး အသံကျပင္းထန္လာကာ အခ်က္က်က်ျဖင့္ စကားလုံးအတြဲလိုက္ကိုာသတိေပးမူအျပည့္ႏွင့္ ထြက္က်လာသည္။ သို႔ေသာ္ထိုအခ်ိန္တြင္ေတာ့ေၾကာင္အိုသည္ ဆုံးျဖတ္ခ်က္ ခ်လိုက္ၿပီးသည့္ႏွယ္ ေခါင္းကိုျဖည္းညႇင္းစြာခါယမ္းျပလာသည္။
"ေျမာင္"
သူ႔ေျခာက္ေသြ႕စြာေအာ္လိုက္ေသာအခါ ေၾကာင္တေစၧတေကာင္သူ႔ေနာက္မွထြက္လာၿပီး သူ႔ပါးစပ္တြင္ရွိ ေနေသာအျဖဴလုံးေလးတခုကို ေၾကာင္အိုေရွ႕ခ်ေပးလာသည္။ ေၾကာင္အိုသည္ ကၽြမ္းက်င္မူသိပ္မရွိေပ။ သူခ်လိုက္ေသာအခါ အျဖဴလုံးေလးသည္ ေျမေပၚခိုင္ျမဲစြာမရပ္နိုင္ေသးပဲ ေျမေပၚတြင္စက္ဝိုင္းလိုလွိမ့္ေနသည္။
"မီ?"
ႏူးညံ့၍ စူးရွေသာအသံေလးထြက္လာသည္။ ထိုအသံသည္အလြန္းကေလးဆန္ကာ အႏၲာရယ္ကင္းလွသည္။ သို႔ေသာ္ထိုအသ့ထြက္လာေသာခဏတြင္ စုန္းမအိုႀကီးမ်က္ႏွာခ်က္ခ်င္းေျပာင္းသြားကာ သူ႔မေဘးရွိပိုင္ကု သည္လည္း စိုက္ၾကည့္လာသည္။
ေၾကာင္စရာအေကာင္းဆုံးအရာကေတာ့ေနာက္ဆုံးမွာေပၚလာၿပီ။
အျဖဴလုံးေလးကမက္တပ္ရပ္ေသာအခါ ႏွင္းလုံးေလးႏွင့္ပင္တူသည္။ ယိုင္တိယိုင္တိုင္လွမ္းလိုက္သျဖင့္ မီးပုံထဲျပင္းထန္စြာလွိမ့္က်သြားေသာေၾကာင့္မေက်မနပ္ျဖင့္ေအာ္ေလသည္။
"ေျမာင္!"
ေၾကာင္ေပါက္ေအာ္သံပင္။ ေၾကာင္အိုဖမ္းယူလိုက္ေသာအရယမွာျဖဴေဖြးဝတုတ္ေနသည့္ ေၾကာင္ေပါက္ေလးတေကာင္ျဖစ္သည္။
1:50 PM,Sun Mar 5,2023