Unicode
" တစ္ဆေ...ထိန်း?"
" ဟုတ်တယ်...မင်းရဲ့ ဘယ်လက် မှာ တစ္ဆေလိုင်းတွေရှိတယ် "
ကျိုးရွမ်းရှင်းပြလာသည် "အခုမှစမွေးတဲ့ တစ္ဆေတွေကအလင်းရောင်မခံနိုင်ဘူး ဒါကြောင့်ပတ်တီးစည်းထားတာ။ တစ္ဆေမှတ်ပေါ်တာနဲ့ မင်းတစ္ဆေမွေးတာအောင်မြင်ပြီပဲ။ တလကြာအခြေတည်မူကာလပြီးရင် ပြည့်သူ့လုံခြုံရေးဗျူရိုကိုသွားပြီး လေ့ကျင့်ရေသင်တန်းတွေတက်လို့ရပြီ "
" ငါထင်တာ အဲ့တစ္ဆေက မင်းကိုအသည်းအသန်စားချင်နေသော တစ္ဆေကောင်လေးပေါ့။ ဒါမယ့်ဘသူကထင်မလဲ တစ္ဆေချီက ကောင်းကင်နဲ့မြေကြီးကိုပြောင်းလဲသွားစေပြီး ကောင်းကင်ပါပြိုကျလာစေမယ်လို့လေ! သူကမင်းကိုယ်ပေါ်ကလွဲရင်တခြားပုန်းစရာမရှိဘူးတော့အာ့တော့မှားပြီး အိမ်မွေးတစ္ဆေဖြစ်လာတာပေါ့။ မင်းချောက်ကမ်းပါး ကိုကျသွား ပေမယ့် မသေတာ အာ့တာကြောင့်ဖြစ်မယ်။ တစ္ဆေလေးကတော့တော်တော်ဆိုးဆိုးပျက်စီးသွားတယ်။ အဲ့တာလေး က အပိုင်းအစလေး ဖြစ်တာတောင် သူ့ရဲ့အလားအလာက ငါမှန်းရသလောက် အနည်းဆုံး အဆင့် 1500 ထဲပဲ။ သာမန်လူအတွက်ပြန်ကောင်းဖို့ခက်တယ် ဒါကလည်းမင်းရဲ့ ကိုယ်ပိုင်ကံကောင်းမူပါပဲ "
အခြေနေအချက်လက်များ ကျိုးကြောင်းဆီလျော်မူရှိသော်လည်း ဝူရုန်ရှင်းရှင်းလင်းမှတ်မိသည်။ တစ္ဆေလေးရဲ့ လက်အရိုးကိုသူကိုယ်တိုင်ဝါးမျိုလိုက်ပြီး ဝိဉာဉ်ကသေဆုံးသွားတာကို သူ့ကိုဘယ်လို လွှမ်မိုးနိုင်တော့မှာလဲ?
ကျိုးရွမ်ကအမှန်တွေပြောတာဆိုရင် သူ့ကိုယ်ထဲတစ္ဆေတကောင်ရောက်နေတယ်...။
ဝူရုန်သူ့ဘယ်လက်ကိုမသိမသာကိုင်ရင်အသံတိုးရင်မေးလာသည် " ချောက်ကမ်းပါး အောက်ခြေမှာကျွန်တော်တယောက်တည်း?"
"ဟုတ်တယ် "
"ကျွန်တော်..."
ဝူရုန်စကားပြောတရပ်လိုက်သည်။
အစကတော့ ဝူရုန် မိုးကြိုးဆုတ်ဖြဲပစ်သော အနီရောင်တစ္ဆေအကြောင်းပြောချင်ပေမယ့် တစ္ဆေလေးအရိုးကိုဝါးမျိုပြီးနောက် သူ့စွမ်းအားတိုးလာပြီး ချောက်ကမ်းပါးကိုပြုတ်ကျစဉ် သူမြင်ကွင်းကိုသတိရသွားသောအခါ သူ့ပြောချင်တာကို မျိုသိပ်ထားလိုက်သည်။ သူမှာဖြစ်နေသောအရာတွေကသာမန်မဟုတ်ပေ။ တစ္ဆေလေးက သူ့ကို "ဘုရင်" လို့အမြဲခေါ်နေပြီး အစကသူဂရုမစိုက်ပေမယ့် အခုတော့ ဖြစ်နိုင်ချေမရှိမှန်းသိသွားသည်။
သူသေရင်တစ္ဆေတကယ်ဖြစ်နိုင်လား?
ဒီအကြောင်းတွေကိုဖွင့်ပြောလိုက်သည့်ရလာမယ့်ရလာဒ်တွေက သူ့ကိုရွေးချယ်ခွင့်မပေးနိုင်တော့ပေ။ ဝူရုန်သည် အထိန်းကွပ်မဲ့ခြင်းနဲ့ ဘယ်လိုနည်းနဲ့မဆိုထိန်းသိမ်းရမည်ကို မုန်းသည်။
အကြောင်းပြချက်မရှိဝူရုန်ဖုချင်းကိုတွေးမိသည်။
သူသာလျှင်သူ၏လူသေမျက်နှာကိုတွေ့နိုင်ပြီး သူမှာဘာတွေဖြစ်နေမှန်းသိနိုင်ပေမည်။ကျိုးရွမ် သူ့ရှေ့တွင်ရပ်နေပေမယ့် ဘာမှမခံစားသောကြောင့် ဘာမှပြောနေစရာမလိုပေ။
ကျိုးရွမ်ကသူစကားပြောတာရပ်လိုက်တာကိုကြည့်နေဆဲဖြစ်သောကြောင့် ဝူရုန်မျက်လုံးများက ထိုသူ့၏မရှိတော့သောဘယ်လက်ပေါ်ရောက်သွားက " ခင်ဗျား လက်..."
"ဟေး ဒါကလက်တချောင်းကျိုးရုံပါ။ ငါမသေတာပဲကံကောင်းနေပြီ အဲ့တာကအချိန်မရွေးပြန်ပေါက်လာမှာပါ"
မထင်မှတ်ပဲဝူရုန်မှစ၍ဂရုစိုက်စကားပြောသောအခါ ကျိုးရွမ်ဝမ်းသာသွားကာ သူ့အင်္ကျီလက်ကိုလူပ်လိုက်ရင်း ဂရုမစိုက်စွာဖြင့် " အခုအပြန်လမ်းကပျက်နေတာကြောင့် ငါတို့ဧည့်ရိပ်သာမှာခဏတော့နေရဦးမယ်။ မင်းကရှီကျင်းကိုပြန်မှာမလား ? အာ့တာက ရောက်ခါနီးပဲ မင်းဒဏ်ရာတွေသက်သာလာရင် မင်းမိသားစုကလာခေါ်လိမ့်မယ် "
"အမ်း"
သူ့အဖွားနေသောရွာသည် ရှီကျင်းမြစ်မှာမဟုတ်ပေမယ့် ပိုဝေးသောတောင်တွေနဲ့သစ်တောများကြားရှိပြီး ရှေးကျသောမြောင်ရွာနှင်အပြင်လူများ မဆုံတွေ့လုနီးပါးပင်။ အနောက်တောင်နယ်နိမိတ်တွင် တောင်များစွာ ရှိသည်။ရှေးခေတ်တုန်းကတော့ တောင်ပေါင်း 100000 ရှသည်ဟုဆိုသည်။ တောင်တွေကမြင့်၍ လမ်းတွေကအန္တရယ်များကာ သွားလာရအဆင်မပြေပေ။ ရွာခံလူကထထွက်လာပြီးလာမခေါ်လည် သေချာပင်တောင်များကြား လမ်းပျောက်ပေမည်။ သူ့အဖွားသည် ရှေးရိုးဆန်ကာ သဘာဝကိုချစ်မြတ်နိုးသူဖြစ်ကာ သူ့ဘဝတလျောက်လုံး တောင်မှမထွက်ခွာခဲ့ပေ။ ရွာရှိသောငယ်ရွယ်သူတချို့သာရွာမှထွက်ကာ ရိုးရာ ကပြ တင်ဆက်မူများကဲ့သိုအလုပ်များလုပ်တက်သည်။
အမှန်တော့ ရထားစိုက်သည်နှင်ရွာမှတယောက်ယောက်လာခေါ်မှာဖြစ်ပေမယ့် ဘသူကထင်မလဲ ပြင်းထန်တဲ့မတော်တဆမူကြီး ဖြစ်မယ်လို့ "
ကျိုးရွမ်သည်တစ္ဆေမွေးတဲ့အစောပိုင်းရက်များတွင်ကြုံတွေ့ရတက်သော ညလယ်ကြီး အိပ်ရာပေါ်တွင်တစ္ဆေအစီးခံရခြင်း၊ ငွေစက္ကူများတွေ့ပြီး မီးရိူ့ပြာချသောအနံ့ရလျှင်စားချင်လာခြင်း စသည့် ပြဿနာအသေးအဖွဲ့များကိုအသေးစိတ်ရှင်းပြပေးပြီးနောက် ဝူရုန်အားသူ့ဏက်ရာကိုဂရုစိုက်ရန်ပြောပြီး ထွက်သွားကာ အခန်းထဲ၌ဝူရုန်တယောက်တည်းသာကျန်ခဲ့သည်။
သူသည်ပတ်တီးစည်းထားသောသ့ဘယ်လက်ကိုငုံကြည့်ကာလက်သီးဆုတ်ကြည့်ရာပုံမှန်အတိုင်းအလုပ်လုပ်သည်။ ဝူရုန်ထလိုက်၍ လိုက်ကာကို ပိတ်လိုက်ကာ အိပ်ရာဘေးကမီးအိမ်ကိုဖွင့်ပြီး ပတ်တီးဖြေကြည့်လိုက်သည်။ နီဆွေးသောသွေးပုံစံကွက်တစ်ခုကလက်ကောက်မှတံတောင်ဆစ်ထိရှိနေလေသည်။ ဒီဇိုင်းပုံစံကမရိုးရှင်းပေ။ အရမ်းကိုအနုစိပ်သည်။ အကြာကြီးကြည့်ပြီးနောက်မူးဝေလာသည်။ ကျိုးရွမ်ကသွေးပုံစံ၏စတင်မူကိုပြောပြသော်လည်းအဆုံးသတ်မှာတော့ဘယ်သူကမှ ဘာနှင့်တူမှန်းမသိကြပေ။
တကယ်တော့ တူညီတဲ့လူတွေက တူညီတဲ့တစ္ဆေကိုမွေး၍ နှစ်ခုလုံးကဆာလောင်မူတစ္ဆေဖြစ်နေရင်တောင် မတူညီသောလူများအတွက် မတူညီကွဲပြားသောသက်ရောက်မူပေးလေ့ရှိသည်။ တစ္ဆေပုံစံသည် တချို့သူများ တစ္ဆေမွေးရန်မသင့်တော်သောအခြေနေရှိလျှင်ရက်အနည်းငယ်အတွက်ပျောက်သွားမည်။ အားထုတ်မူတိုင်းကြောင့်တစ္ဆေပုံစံရခဲ့ရင်တောင် ထိုအရာကိုမထိန်းသိမ်းနိုင်ပေ။ ထိုကြောင့် တစ္ဆေပုံစံပေါ်ခြင်းက တစ္ဆေမွေးသောအသိုင်းဝိုင်းထဲသော ဝင်နေကျ ဝင်ခွင့်တခုတော့မဟုတ်ပေ။ တလကြာပြီးအခြေတည်မူရှိသည် တစ္ဆေပုံစံရှိမှသာ ပြည့်သူ့လုံခြုံရေးဗျူရိုကိုသွား၍ "တစ္ဆေစာရင်းသွင်းခြင်း "ကိုလုပ်လို့ရသည်။
တစ္ဆေမွေးနိုင်သောအရည်ချင်းရှိသူနှင့်ကောင်းကင်သခင်များသည်သာ အိမ်ရာများ ၊ ကျန်းမာရေးစောင့်ရှောက်မူ၊ ကလေးပညာရေးစသည်တို့ပါ၀င်သောအဆင်မြင့် ခံစားခွင့်များရပြီး အသက်သေဆုံးခဲ့လျှင် အာဇာနည် အဖြစ် ဆက်ဆံမည်ဖြစ်သည်။ မရေမတွက်နိုင်သောသူများသည် သူ့တို့ လက်ကျန်ဘဝများတွက် ထိုထဲသို့ခေါင်းတိုးဝှေ့ကာ ဝင်လိုကြသည်။ ထိုအချိန်တွင်ဝူရုန်တွေးမိသည်က " ဘာလို့တစ္ဆေပုံစံရလာငါလဲမသိဘူး။ ငါကကံကောင်းမူမရှိပေမယ့်လူထောင်ပေါင်းများစွာ အားကျမနာလိုမှာတော့ကြောက်မိသား"
ဒါကတစ္ဆေကြီးသာဆို သူကမွေးထားတာမဟုတ်ပဲ အဲ့တာကသာသူ့ကို သူ့အနားထားပြီး သွေးသောက်ရန် အသားစားရန် ထိန်းသိမ်းထားတာဖြစ်မှာတောင်စိုးရိမ်မိတယ်။
ဝူရုန်၏စိတ်အခြေနေကအံဩစရာကောင်းလောက်အောင်ငြိမ်းချမ်းနေသည်။ သူသည် သန်းများရင်မယား အကြွေးထူတော့မပူ တော့သလိုပင် ဖြစ်နေသည်။ သူ့အခြေကမရေမတွက်နိုင်တဲ့ပဟေဠိများရှိနေပြီး သူ့ကိုယ်ထဲတွင်ရက်စက်ကြမ်းကြုတ်သည့်တစ္ဆေရှိနေသေးတာ သိပြီးနောက် သူသည် သေခြင်းတရားကို ပူပင်မနေတော့ပေ။ သူသည် ကြိမ်ဖန်များစွာသေပြီးနောက်သေခြင်းတရားကို ကြောက်ရွံမူမရှိလုနီးပါးပင်။ သူတည်ငြိမ်သွားသောအခါ လက်တွေ့ကျသောကိစ္စများကိုတွေးမိသွားသည်။
ဥပမာအားဖြင့် သူ့အမေဆီသို့ "ကျွန်တော်ဘေးကင်းစွာရောက်ပြီ "ဆိုတဲ့စာပို့တာမျိုး။
ပတ်တီးပြန်စည်းပြီးနောက်ဝူရုန်ဖုန်းကိုထုတ်လိုက်သော သူ့အိပ်ထဲတွင် လက်ရပ်တန့်သွားသည်။ သူကြောင်အ အာ တခုခုကိုဆွဲထုတ်လိုက်ပြီး လူကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။
ခရမ်းရောင်စက္ကူကြိုးကြာလေး ကသူ့လက်ဖဝါးပေါ်တွင်ရှိပြီး ထိပ်ပိုင်းတွင် သွေးနီတစက်စွန်းထင်းနေသည်။
အဆောင်ကပျက်စီးသွားပေမယ့် ကြိုးကြာလက်ဖွဲ့ကရှိနေဆဲပင်။
အပြင်ဘက်တွင်ဆူညံနေသည်။ မြောင်ဒေသစကားနှင်အမည်မသိဒေသစကားရောနှောနေကာ ထိုအသံကသူ့အခန်းနဲ့နီးလာနေသည်။ ဝူရုန်ကြိုးကြာစက္ကူကိုလက်နောက်ပြန်ရွေ့လိုက်သည်။ သိပ်မကြာမီသူတံခါးတွန်းဖွင်ခံရ၍ "ရှင်က ဝူရုန်လား?"
ဆယ်သုံးဆယ်လေးအရွယ်မိန်းမငယ်လေတစ်ဦးသည်မြောင်ဝတ်စုံကိုဝတ်ထားပြီး သူမအသံသည်တောင်ကြားထဲမှစာဝါငှက်တကောင်လိုကြည်လင်ပါးနပ်သော်လည်း အသံအနေထားက အရမ်းမကောင်းပေ။ ဝူရုန်ကြည့်လိုက်သောအခါ ဗြောင်ကျသော မကျေနပ်မူများ မျက်လုံးထဲတွင်ဖော်ပြထားသော မိန်းမငယ်လေးကိုတွေ့ရသည်။
ဒီလိုရန်လိုမူမျိုးက ရေခဲမုန့်အလုခံလိုက်တဲ့ ကလေးတယောက်နဲ့တူသည်။ သန့်စင်တဲ့မပျော်ရွှင်မူသာဖြစ်ရင်ထိခိုက်စေလိုမူမရှိသည့် ရန်လိုမူမျိုးက ဝူရုန်ပေါ်သက်ရောက်ရန်အဆင့်နိမ့်လေသည်။ သူ မဖြေသည်ကိုတွေ့သောအခါ သူ့မပါးစပ်ပြန့်သွားပြီး ထုံထိုင်းနေသော မန်ဒရင်းဘာသာဖြင့် မပျော်မရွင်ပြောလာသည်။ " ကျွန်မက အာရီတို ပါ။ ကျွန်မရယ်၊ အကိုကု နှင်အမအိုက်တို့ကို မစ္စတာကျိုက်က လာကြိုခိုင်းလိုက်တာပါ "
" ရှင်အစောကြီးရောက်မယ်မှန်းမသိတော့ အကိုနဲ့အမ ကို ချင်းယာကျိုက် မှာ ကဖို့ခေါ်သွားတယ် ။ ကျွန်မတယောက်တည်းလာကြိုတာစိတ်မရှိပါနဲ့ "
" အဆင်ပြေပါတယ် ကျွန်တော်လည်းသက်သာဖို့နေရဦးမယ်"
ဝူရုန်သူ့ဘယ်လက်ကိုပြ၍ပေါ့ပါးစွာပြောလိုက်သည် "အလျင်မလိုဘူး"
"အာ? မင်းအားပြန်ဖြည့်လို့လိုသေးတယ်?"
အာရီတိုကပူပန်စွာ "ဒါမယ့် သစ်တပ်ရွာ မှာ ကိစ္စတွေကအရေးကြီးနေလို့ လောင်ကျိုက်က ချက်ချင်းလာကြိုခိုင်းတာ "
သစ်တပ်ရွာ
" သူတို့ က ဖို့ သွားသေးတာပဲ ။ကျွန်တော့အထင်အလျင်မလိုလောက်ဘူး "
ဝူရုန်အသံအနေထားက မပြောင်းလဲသော်လည်း အာရီတိုခြေဆောင့်လိုက်ကာ သူမမျက်နှာနီလာပြီး " ဟေး! ရှင်..."
"အာရီတို နင်အပြင်ထွက်လာတာနဲ့အဓိပ္ပါယ်မရှိတာ လုပ်တာရပ်လို့ရမလား ?"
အမျိုးသမီးတယောက်၏ တင်းမာသောအသံကတံခါးအပြင်မှထွက်လာသည် " နောက်အနာဂါတ်မှတောင်အောက်ဆင်းခွင့်မရှိတော့ဘူး မင်းထပ်လိမ်ရင် မင်းပါးစပ်ကိုတစစီလုပ်ပစ်မယ် "
ဒေါသထွက်နေသောမိန်းမငယ်လေသည်ထိုစကားကြောင်တုန်ယင်သွားတာ ငုံးတကောင်လို နာခံစွာရပ်နေ၍ တိုးတိုးပြောသည် "အမအိုက် ငါမလုပ်..."
"တောင်းပန်"
တုန်ဆုတ်စွာခေါင်းကိုဝူရုန်ဘက်လှည့်ငုံ၍ အာရီတိုက " ငါတောင်းပန်ပါတယ် "
ရလာဒ်အနေနဲ့ သူမခေါင်းဖိခံလိုက်ရပြီး 90°ငုံလိုက်ရသည်။ အသစ်ရောက်လာသောအမျိုးသမီးက ဝူရုန်ကိုရှက်ရွံစွာဖြင့် " ကျွန်မစိတ်မကောင်းပါဘူး ။ကျွန်မ ညီမကိုကောင်းကောင်းမသင်ပြမိဘူး ။ကျွန်မကပဲ တောင်းပန်ပါတယ်။ "
သူမသည် ၁၀ကီလိုဂရမ်လောက်လေးသည့် တောက်ပသောငွေရောင်အဆင်တန်ဆာ ဦးခေါင်းတွင်ဆင်ယင်ထားပြီး သူမ၏ဘဲဥ ပုံမျက်နှာမှာ ချောမော၍ ကျက်သရေရှိကာ မန်ဒရင်း ဘာသာစကားမှာလည်ူ အလွန်အဆင့်တန်းရှိသည်။"ဒီကောင်မလေးရဲ့ အဓိပ္ပါယ်မရှိတာကိုနားမထောင်ပါနဲ့ ။ မင်းကငါတို့ အလေးအမြတ်ထားသင့်ဆုံးဧည့်သည်ပါ။ ကျိုက်လောင်က ရှင့်ကို အမြဲ လူကိုယ်တိုင်လာကြိုချင်ခဲ့တာ။ အကြီးအကဲဝူက သိပ်မကြာသေးခင်ကပဲ မတော်တဆဖြစ်ပြီး သူမခြေထောက်ကျိူထားလေ ဒါကြောင့် ကျိုက်လောင်ကရွာမှာကျန်ခဲ့ပြီး ငါတို့မင်းကြိုလာခဲ့မယ်လို့ပြောလိုက်တာ။ ပိုင်ကုကရွာမှပဲ မင်းကိုအရှေ့ဘက်ဂိတ်မှာစောင့်နေလိမ့်မယ်။"
တောက်ပသောငွေရောင်အဆင်တန်ဆာ
"အဖွားခြေထောက်ကျိုးတယ် "
ဝူရုန်မျက်မှောင်ကြုတ်လိုက်သည်။ သူ့မှတ်ဉာဏ်ထဲတွင် အဖွားအိုနဲ့ပတ်သတ်၍ နတ်ရိူင်းသောထင်မြင်ချက်တခုတောင်မရှိပေ။ သူ့အမေသေပြီးနောက် မြောင်ကျန်းကိုအရိုးပြာပြန်ပို့စဉ်က တချက်သာကြည့်ဖြစ်ခဲ့သည်။ သူမသည်သေးငယ်သောအမျိုးသမီးအိုကြီးဖြစ်ကာ မျက်နှာသည်အသက်ရွယ်ကြီးနေသဖြင့်ဝါကြင့်ကြင့်ဖြစ်ကာ သွားများမရှိတော့ပေ။ ဝူရုန်တွင်သူမကိုကြည့်ရန်အချိန်မရှိခဲ့ပဲ သူ့ပြန်ပြီးနောက်နေ့၍ သူမဆုံးလေသည်။
အချိန်တွက်လျှင် တပတ်အတွင်း ဖြစ်သည်။ ကမ္ဘာကြီးပြောင်းလဲသွားရင်တောင်မပြောင်းလဲသေးသောအရာများစွာရှိသည်။ အဖွားအိုသည်အရိုးများကြွတ်ဆက်နေကာ အရိုးကျိုးသောအခါ ပြန်ကောင်းရန်မလွယ်ပဲ နဂိုကပင်အားနည်းနေသောရုပ်ပိုင်းဆိုင်ရာများက ပိုဆိုးသွားတာဖြစ်မည်။
"သွားရအောင် "
သူမက်တပ်ရပ်၍ "အရင်ပြန်ပြီး အဖွားကိုကြည့်တယပေါ့"
သူစိတ်ပြေသွားသည်ကိုကြည့်၍ ထိုနှစ်ယောက်ပျော်ရွှင်သွားကာကျိုးရွမ်ကို နူတ်ဆက်၍ အပြင်သိုလျှောက်ထွက်လာခဲ့သည်။ သစ်တပ်ရွာကိုသွားရာလမ်းကအလွန်ခက်ခဲကြမ်းတမ်းကာ အိပ်လို့မရပေ။ ဖြတ်သွားဖြတ်လား ဘစ်ကား တက္ကစီများပင်မရှိပေ။ အသုံးပြုပြီ မော်တော်ဆိုင်ကယ်တစ်စီး ဧည့်ရိပ်သာရှေ့တွင်ရပ်ထားသည်။ထင်ရှားလှပသောမျက်ခုံးများရှိသည့် ကျက်သရေရှိသောအမျိုးသမီးလေးသည် သူမခြေထောက်ရှည်များကို ကားယားခွလျက် ဆိုင်ကယ်ပေါ် ထိုင်လေသည်။
"တက်ပါ"
မော်တာနိုးသွားကာ ဆိုင်ကယ်သည် ပျော်ရွင်သောမြင်တကောင်ကဲ့သို့ တောင်တက်လမ်းများကိုတက်သွားသည်။ ဧည့်ရိပ်သာမှသစ်တပ်ရွာသို့အကွာအဝေးတခုတော့သွားရသည်။ လေတိုးသံများသူ့နားတွင်ကျယ်လောင်စွာကြားနေရပြီး ဘေးဘက်ရှိမြင်ကွင်းများကလေနဲ့အတူလွှင့်သွားသည်။ဆိုင်ကယ်သည်အလွန်လျင်မြန်စွာတောထဲမောင်းဝင်သွားသည်။အစကတောင်တက်လမ်းများရှိသောလည်းနောက်မရှိတော့ပေ။ ဒေသခံများ နောက်မျိုးဆက်အတွက် ဖောင်ထားသောလျှောက်လမ်းများသာရှိသည်။ တောင်တက်လမ်းမှာမက်စောက်သဖြင့် ဆိုင်ကယ်ကပျံနေသည်ဟုတောင်ထင်ရသည်။
ချောက်ကမ်းပါးက ဝူရုန်မျက်လုံးကိုမူးဝေစေပြီး သူမျက်လုံးမှိတ်လိုက်သောအခါ အာရီတို၏ မကျေမနပ်နဲ့ နစ်နာသလိုခံစားရသောအသံလေး သူ့နားထဲရောက်လာသည်။ "ဘာလို့အပြင်လူကို ဆက်ခံခွင့်ပြုရတာလဲ။ အကိုကုကကောင်းတာအသိသာကြီး။ ပယောဂရော ကု ရောအားလုံးမှာလေ ။ အနီးအဝေးကရွာတွေမှာသူ့ကိုမချီးကျူးတဲ့သူရှိလို့လား "
"အာရီတို ငါနောက်ဆုံးအကြမ်သတိပေးမယ်။ ရွာထဲဝင်တာနဲ့ အဲ့တာထပ်ပြောခွင့်မရှိဘူး "
အိုက်ချောင်အသံတင်းတင်းဖြင့် " ဝူရုန်က ဝူကလန်နဲ့ သက်ဆိုင်ပြီး အလေးအမြတ်ထားရမယ့်သူဖြစ်တယ်။ သူက ကုဘုရင်ကို နိုးနိုင်တယ်။ ဒီအမွေဆက်ခံမူမပြောနဲ့ မင်းရွှေငွေတွေပေးရင်တောင် ဒါကဖြစ်သင့်တယ် ။ မင်းဘယ်လိုတုံးတယ်ပြောပြော ငါမင်းပါးစပ်ကို တစစီလုပ်လို့ရတယ်နော်"
ကုဘုရင်?
ဒီအကြောင်းတွေကိုသူ့ရှေ့မှာအရမ်းပွင့်ပွင့်လင်းလင်းနဲ့ရိုးရိုးသားသားပြောနေတာအဆင်ပြေရဲ့လား?
ထူးဆန်းတာကသူမျက်လုံးဖွင့်လိုက်တာနဲ့ထိုအသံတွေရုတ်တရက်ပျောက်သွားသည်။ သူမျက်လုံးပြန်မှိတ်လိုက်သောအခါ ထိုအသံများပြန်ထွက်လာသည်။ ဝူရုန်အနီးကပ်ကြည့်လိုက်သောအခါ ခရမ်းဖျော့ရောင်လိပ်ပြာလေးတကောင်သည် အိုက်ချောင်၏နားသံသီးတွင်ရပ်နားနေသည်။ လိပ်ပြာလေးကသေးပြီး လက်သန်းလက်သည်းခွဲမျှသာရှိကာတောက်ပသောအဖြူရောင်နားကပ်ထက်တွင်အဆင်တန်ဆာလိုနားနေသည်။
ဝူရုန်သည် အာရီတိုတွင်လည်း ထိုကဲ့သိုနားကပ်မျိုးရှိမှန်းဧည့်ရိပ်သာထဲကပင် သတိထားမိခဲ့ပြီး တဖက်က ဘယ်ဘက်တွင်ရှိနေပြီး တခြားတဘက်က အိုက်ချောင်ထံတွင်ဖြစ်သည်။ ဝူရုန်အစကတော့ဂရုမစိုက်ပေမယ့် အခုနည်းနည်းတော့စိတ်ဝင်စားလာသည်။ မြောင်ကျန်း၏ ကု နည်းစနစ်သည် ကမ္ဘာပေါ်တွင်လျှို့ဝှက်ဆန်းကျယ်ပြီးညလျှို့ဝှက်နည်းများစွာဖြင့် ခန့်မှန်းရခက်ကာ မြောင်ကျန်း၏အမွေဆက်ခံမူသည် အဖေမှသား ၊အမေမှသမီး ဆီသို့သာဖြစ်၍ သူစိမ်းကြောက်ရောဂါအလွန်ပြင်းထန်သောကြောင့် မြောင်ကု သည် ဒဏ္ဍာရီလာအရာတခုဖြစ်ထည့်သွင်းစဉ်စားလို့ရလောက်သည်။
အခုကြည့်ကြည့်တော့လည်း သူ့ဂုဏ်သတင်းနှင့်ထိုက်တန်လေသည်။ သူတို့မှာတစ္ဆေကြီးနဲ့ပတ်သတ်ပြီးဖြေရှင်းဖို့တခုခုရှိကောင်းပါရဲ့။
ဆိုင်ကယ်ရဲ့အရှိန်အလွန်မြန်တာတောင် ရွာကိုရောက်ရန်နေ့တဝက်ကြာသည်။ ဆိုင်ကယ်ကိုရွာအဝင်မခံသဖြင့် ကျန်သောတောင်လမ်းကို လမ်းလျှောက်လာကြသည်။သစ်သား ဗုံမျှော်စင် ကိုအဝေးကပင်မြင်ရပြီး ဘုဇပက် ဗုံကို ဘုဇပက်သားနဲ့ နွားသားရေကိုအပေါ်ဘက်မျက်နှာပြင်တွင်တွဲ၍ပြုလုပ်ထားသည်။ ဗုံမျှော်စင်ရှိသောနေရာသည် တခုတည်းသောရွာဝင်ပေါက်ဖြစ်ပြီး စောင့်ကြည့်မျှော်စင်နှင်တူသည်။ အရေးပေါ်အခြေနေတွင် ဗုံကိုတီးရပြီး ဗုံမှ အဝေးရှိ တော တောင် များထိရောက်အောင်အသံထုတ်လွှင့်ပေးနိုင်သည်။
ဘုဇပက်သစ်
ပထမထပ်မှ ဗုံတီးသောအခါ အနီးနားရွာများကတုံပြန်သည်။ ဗုံသံကို မျိုးဆက်တခုမှတခုသို့ လက်ဆင့်ကမ်းလာသည်။
ဗုံမျှော်စင်ရှေ့တွင်များစွာသောမြောင်လူမျိူများက အထူးကောင်းမွန်သောအဝတ်စားများဖြင့်ရပ်ကာ ဝူရုန်ကိုနူတ်ဆက်ရန်လာကြသည်။ အလယ်တွင်ရပ်နေသောလူငယ်လေးသည် အရပ်ရှည်ကာ ဖြောင့်မတ်သောကိုယ်ဟန်ရှိကာ မျက်ခုံးမျက်လုံးများမှာနူးညံ့ကာနွေဦးလေပြေလိုခံစားရသည်။ တချိန်လုံတက်ကြွမူမရှိသောအာရီတိုသည် ထိုသူဆီသို့ လှောင်အိမ်မှ လွတ်လာသောငှက်ကလေးလိုပျော်ရွှင်စွာပြေးသွားသည် "အကိုကု၊ အကိုကု...!"
" အာ့ ဒီကောင်မလေးကတော့!"
အိုက်ချောင်ကခေါင်းကိုက်စွာသက်ပြင်းချလိုက်ပြီးနောက်ဝူရုန်ကိုရှင်းပြလာသည်။ " ကလေးတွေ သမီးတွေ မြေးလေးတွေရွာကထွက်သွားပြီး ပြန်လာတဲ့အခါ ဆွေမျိုးတွေနဲ့ လူကြီးတွေက သူတို့ကိုယ်တိုင်ချုပ်ထားတဲ့ရိုးရာ ဝတ်စုံကိုဝတ်ပြီး ဂိတ်စောင့်အိမ်ရှေ့စောင့်နေလေ့ရှိတယ် "သူတို့ရွာထဲမဝင်မီ အင်္ကျီလဲရသည်။ အင်္ကျီတွေကို အထူးဆေးဝါးများဖြင့် မူတ်လိုက်ပြီးသောအခါ အဲ့တာကိုဝတ်သွားလျှင် ရွာထဲမှပိုးမွှားလေးများ ရှောင်ရှားသွားလေသည်။
"ဒီအထည်ကိုကျွန်မယောက္ခမချုပ်ပေးထားတာ။ပိုင်ကုက ရွာမှကြီးမြက်တဲ့ခေါင်းဆောင်ဝူရဲ့တဦးတည်းသောသားလေ။ စီနေရာအရဆို ရှင့်ရဲ့ဝမ်းကွဲပါ။ သွေးအနီးစပ်ဆုံးနဲ့ သူတယောက်တည်းကသာ အကြီးအကဲအဖွားဝူနေရာဝင်ပြီး ရှင့်ကိုကြိုဖို့အရည်ချင်းရှိတာ"
"အမ်း"
သူတို့ကြင်နာမူကိုအသိမှတ်ပြုသည့်အနေဖြင့် ဝူရုန်မယုတ်မလွန်ခေါင်းငြိမ့်ကာ ရှေ့သိုလှမ်းလိုက်သည်။ တခြားသူမျာ ဦးချိုဖြင့်ထည့်ထားသောဝိုင်ကို လှမ်းပေးသည့်အခါသောက်လိုက်ပြီးနောက် အဝတ်လဲရန်အချိန်ဖြစ်သည်။
ဒါပေမယ့် ဝမ်းကွဲကြည့်ရတာ ပုံမှန်မဟုတ်ဘူး
ပထမတော့ပိုင်ကုကအနည်းငယ် စိတ်လွတ်နေပုံရပြီး ဝူရုန်လျှောက်လာသောအခါ သူ့မျက်လုံးများကျယ်၍ မျက်နှာပြာနှမ်းလာပြီး တကိုယ်လုံးတုန်ယင်ကာ တစ္ဆေတွေ့သည်နှင့်ပင်တူသည်။ဝူရုန်လက်ဆန့်၍အထည်ယူလိုက်သောအခါ ရုတ်တရက်နောက်သို့ပုန်းရှောင်လိုက်သည်မှာ ယုန်လေးကရန်သူတွေ့၍ ပြေးချင်သော်လည်း မပြေးဝံ့သလို ဖြစ်ပြီး သူမျက်နှာတခုလုံးချွေးအေးများပြည့်နေကာ အသံတုန်ယင်နေရင်း "မင်း မင်းဘာလို့ဒီအချိန်ဒီမှာရှိနေရတာလဲ? ပြီးနှင့်ပြီ?…"
"ပိုင်ကု ရှင်ဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ?"
အိုက်ချောင်ကအသိပေးလိုက်သည်။ "သူကဝူရုန်ပါ"
ဒါပေမယ့်ဒါကိုကြားတော့လူငယ်၏မျက်နှာကအခြေနေပိုဆိုးသွားကာ သူ့မျက်နှာဖြူဖျော့၍မယုံနိုင်သောလေသံဖြင့် "သူကဝူရုန်?"
စာရေးသူတွင်ပြောစရာရှိသည်
မြောင်ယဉ်ကျေးမူနှင်ပတ်သတ်သမျှဗဟုသုတကို "မြောင်နှင်သုန် ယဉ်ကျေးမူ _ကွေ့ကျိုး"မှယူထားပါသည်။
Zawgyi
Unicode
" တစ္ဆေ...ထိန်း?"
"ဟုတ်တယ် "
"ကျွန်တော်..."
"အမ်း"
ကျိုးရွမ်သည်တစ္ဆေမွေးတဲ့အစောပိုင်းရက်များတွင်ကြုံတွေ့ရတက်သော ညလယ်ကြီး အိပ်ရာပေါ်တွင်တစ္ဆေအစီးခံရခြင်း၊ ငွေစက္ကူများတွေ့ပြီး မီးရို့ပြာချသောအနံ့ရလျှင်စားချင်လာခြင်း စသည့် ပြဿနာအသေးအဖွဲ့များကိုအသေးစိတ်ရှင်းပြပေးပြီးနောက် ဝူရုန်အားသူ့ဏက်ရာကိုဂရုစိုက်ရန်ပြောပြီး ထွက်သွားကာ အခန်းထဲ၌ဝူရုန်တယောက်တည်းသာကျန်ခဲ့သည်။
"တောင်းပန်"
"သွားရအောင် "
"တက်ပါ"
ကုဘုရင်?
" အာ့ ဒီကောင်မလေးကတော့!"
"အမ်း"