အပိုင်း ၃၀၆ ဇြီက လောကမှာ အေခ်ာဆုံးပဲ
ဧည့်ခန်းထဲတွင် အားလုံး၏ သိချင်စိတ် ပြည့်နေသော မျက်၀န်းတို့အား နန်ကုန်းကျင်း လျစ်လျူရှုထားပြီး အားနည်းချက်တို့ ဖာထေးနိုင်လိုက်သည့် ခံစားခ်က္ကိုသာ ပြန်လည် တွေးတောနေဖြစ်သည်။မူလက ယင်ယင့်ကိုသာ ထိတွေ့နိုင်ရန်အတွက် သူမ ထိုအလင်းလုံးအား သုံးချင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ဆရာမ တစ်ယောက်အနေနှင့် တပည့်အပေါ် အကြွေးမတင်ချင်ပေ။ သို့သော် ထိုအလင်းလုံးအား အသုံးပြုပြီးသည့်နောက် သူမ မတောင့်ခံနိုင်တော့ချေ။
သူမသည် လူသားတို့အား ကာကွယ်နိုင်သည့် အမျိုးသမီး စစ်သည် ဖြစ်ချင်သည်။ ထိုအနီရောင် အလင်းလုံးသည် သူမ၏ အားနည်းချက်တို့အား ဖာထေးပေးနိုင်၏။ ထိုနည်းဖြင့် သူမ၏ အနာဂတ်ဟာ တောက်ပလာနိုင်သလို ပို၍ ဝေးကွာသည့် အဆင့်အထိ သူမ ရောက်နိုင်လောက်သည်။
ထိုကဲ့သို့သော အခွင့်အရေးကောင်းကြီး တစ်ခုသည် သူမ ေ၇့ှတွင် ရှိနေသည့်အခါ သူမ လိုချင်လာရ၏။သို့သော် ထိုသည်က လုဇြီ၏ နတ်စွမ်းအင်ဖြစ်သည်။ လုဇွီအတွက် မလုံလောက်လျှင် သူမသည်လည်း ရလိမ့်မည် မဟုတ်ပေ။
နန်ကုန်းကျင်း ဘာလုပ်ရမည်ပင် မသိတော့ချေ။ သို့သော် သူမသည် လွတ်လွတ်လပ်လပ် နေတတ်သူဖြစ်သည့်အလျောက် ထိုကိစ္စအား မေ့ထားလိုက်တော့သည်။ လုဇြီ၏ အကျင့်စရိုက်အရ သူ့တွင် ပိုလျှံလာပါက သူမအား ပေးလောက်ပေသည်။
လုဇွီပြောခဲ့သည့် ဆယ္ဆ ပြန်ကျေးဇူးဆပ်မည် ဆိုသည့် စကားအား သူမ သတိရလိုက်သည်။ နန်ကုန်းကျင်း စိတ်ချမ်းသာသွားသည်။ လုဇွီသည် သူမအား ထိုအလင်းလုံးတွေ ထပ်ပေးလောက်သည်။
လုဇြီ အင်အားကြီးလာသည့်အခါ အလင်းလုံးတွေ များပြားလာမည် ဖြစ်သည့်အတွက် သူမအတွက် ပိုလျှံလာလောက်သည်။ ထိုအရာကြောင့် ဦးလေးမာလင်က လုဇွီအပေါ် ပစားပေးထားခြင်း ဖြစ်လောက်သည်။ နန်ကုန်းကျင်းတောင်မှ သူနှင့် သူငယ်ချင်း ဖြစ်ချင်လာ၏။ ထိုအခါ တောင်းရ လွယ်လောက်ပေသည်။
လင်းလင်နှင့် ချိုးယွဲ့ဟော်၇ှားတို့သည် နန်ကုန်းကျင်းအား စောင့်ကြည့်နေခဲ့ကြပေသည်။ နန်ကုန်းကျင်း ပြောသည်အား သူတို့ ကြားကြသည့်အခါ ထိုသက်ရောက်မှုက မဆိုးမှန်း သူတို့ သိလိုက်ကြသည်။ သူတို့ စမ်းသပ်ချင် သြား၏။
ထိုအခိုက် နန်ကုန်းကျင်းက ထရပ္ကာ ဖ်က္ခနဲ ပျောက်ကွယ်သွားသည်။ သူမ၏ ရွှင်လန်းနေသည့် အသံကိုသာ သူတို့ ကြားရသည်။
ငါ ယင်ယင့်ကို ထိကြည့်ဦးမယ်
လုဇြီတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကာ အပေါ်သို့ လိုက်သွားတော့သည်။အပေါ်ထပ် ရောက်သည့်အခါ နန်ကုန်းကျင်း၏ လက်သည် ယင်ယင်၏ မျက်နှာ ဝိုင်းဝိုင်းလေးအား ထိနေကြောင်း တွေ့လိုက်ရတော့သည်။
လင်းလင်:.
ချိုးယွဲ့ဟော်၇ှား:.
သူတို့နှစ်ယောက်လုံး မနာလို ဖြစ်သွားကြသည်။ ထိုနည်းက အမှန် သက်ရောက်မှုရှိ၏။ နန်ကုန်းကျင်းသည် ထိုအလင်းလုံးအား သုံးလိုက်သည့်အခါ ယင်ယင့်အား ထိနိုင်သွားသည်။ သူတို့နှစ်ယောက် လုဇြီကိုသာ စိုက်ကြည့်လိုက်တော့သည်။
လုဇွီသည်လည်း သူ့ထံ ရောက်လာသည့် ပြင်းရှသည့် အကြည့်တို့ကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည့်အခါ လင်းလင်နှင့် ချိုးယွဲ့ဟော်၇ှားတို့၏ အကြည့်တွေနှင့် ဆုံသည်။
လုဇြီ:..
နန်ကုန်းကျင်းလည်း ထရပ္ကာ လုဇြီအား ကြည့်လာသည်။ သူမသည် တကိုယ်ကောင်း ဆန်တတ်သော်လည်း ယခုကိစ္စသည် လုဇွီနှင့်သာ သက်ဆိုင်ပေ၏။ အချိန်တခဏ ကြာသည့်အခါ လုဇြီ နှာခေါင်းထိပ်အား ခပ္ဖြဖြ ပွတ်ရင်း ပြောလိုက်သည်။
ကောင်းပြီ လူတစ်ယောက်ကို တစ္လုံးဆီ ရမယ်၊ ဒီ့ထက်တော့ မရဘူး၊ ကျွန်တော်လည်း ကျင့်ကြံဖို့ ရှိသေးတယ်
လင်းလင်းနှင့် ချိုးယွဲ့ဟော်ရှားတို့သည်လည်း လုဇွီအပေါ် ကောင်းကြသည်။ ထို့အပြင် ထိုသူတို့၏ အကြည့်အား သူ မငြင်းဆန်နိုင်ချေ။ ထိုသူတို့သည်အစာကျေွးရန် စောင့်ဆိုင်းနေသည့် ကြောင်တွေနှင့်တောင် တူသေးပေသည်။
ထိုအခါ လင်းလင်းနှင့် ချိုးယွဲ့ဟော်ရှားတို့၏ ပျော်ရွှင်သွားသည့် အပြုံးဟာ ပေါ်လာခဲ့တော့ကာ သူ့အား အဆက်မပြတ် ခေါင်းငြိမ့်ပြတော့၏။
လင်းလင် အောက်နှုတ်ခမ်းကို ကိုက္ကာ လုဇြီအား ကြည့်သည်။ သို့သော် မည်သည့်စကားမှ ဆိုမလာခဲ့ချေ။ လုဇွီသည် တိုက်ပွဲတွင် အစွမ်းကုန် ထုတ်မသုံးခဲ့သည့်အတွက် သူမ မပျော်ရွှင်ခဲ့ပေ။ သို့သော် လက်ရှိအချိန်တွင် သူမ ဝမ်းမနည်းတော့ပါချေ။
ထိုအလင်းလုံးသည် အလွန်အမင်း အဖိုးတန်သည်။ သို့သော် ထိုကောင်သည် သူမ အားပေးမည်ဟု ဆိုလာခဲ့သည်။သူမထံ ရောက်လာသည့် ထိုအလင်းလုံးအား တလက်လက် တောက်ပနေသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်တော့သည်။ ထို့နောက် ချက်ချင်းပင် တင်ပလ္လင်ခွေထိုင်လိုက်ကာ ထိုအလင်းလုံးအား ဝါးမြိုလိုက်ခဲ့၏။
ထိုအလင်းလုံး သူမ၏ ပါးစပ်အတွင်း ရောက်သွားသည့်အချိန်တွင် လင်းလင် မျက်မှောင် ကြုတ်လိုက်ရတော့သည်။ သူမသည် လုဇွီလောက် ရုပ်ပိုင်းဆိုင်ရာ သန်မာမှုမရှိချေ။ ထို့ကြောင့် ထိုအနီရောင် အလင်းလုံးမှ စွမ်းအင်တို့သည် အလင်းဝင်ပေါက် ဖွင့်လှစ်ခြင်းအဆင့် ဖြစ်နေသည့်အတွက် ကြောက်မက်ဖွယ်နာကျင်မှုကို ပေးလေတော့သည်။
သူမ အံကြိတ်ထားကာ နာကျင်မှုအား တောင့်ခံ၏။ ထို့နောက် စတင် သန့်စင်တော့သည်။ အခြားတစ်ဖက်တွင် ချိုးယွဲ့ဟော်ရှားသည် အလင်းလုံးအား ရသည်နှင့် လုဇြီအား တစ်ခဏမျှ ရပ်တန့်ကာ ကြည့်သည်။ လုဇြီ စိတ်ရှုပ်သွားရကာ ချိုးယွဲ့ဟော်ရှားအား ပြန်ကြည့်လိုက်၏။
ဘာဖြစ်လို့လဲ ဆရာမ ချိုးယွဲ့
ချိုးယွဲ့ဟော်ရှား၏ နီရဲသည့်နှုတ်ခမ်းတို့သည် ကော့တက်သွားကာ ပြုံးလိုက်သည်။ သူမ၏ လှပလွန်းကာ ဖြူဖျော့နေသည့် လက်ချောင်းတို့သည် လုဇြီ၏ မျက်နှာအား ဖြတ်သန်းသွား၏။ ထို့နောက် သူမ၏ အသံချိုချိုလေးက ထွက်လာသည်။
မောင်ငယ်လေး လုဇြီ မင်း အဲ့ဒီပြင်းထန်တဲ့ နဂါးအေမကို ပြောလိုက်တဲ့ စကားကို ငါ မမုန်းပါဘူး
ဆွဲဆောင်သည့် နတ်စွမ်းအင်ကို မသုံးထားတာတောင်မှ ချိုးယွဲ့ဟော်ရှား၏ မူလစွမ်းအင် အရှိန်အဝါသည် အလွန်အမင်း ဆွဲဆောင်မှု ပြင်းလွန်းသည်။ နတ်စွမ်းအင် မသုံးတာတောင်မှ လူတစ်ယောက်အား ဖမ်းစားနိုင်စွမ်း ရွိ၏။ သူမ၏ မျက်မှောင်ကြုတ်ထားမှုနှင့် အပြုံးတို့သည် မည်သည့် လူသားတိုင်းအတွက်မဆို အဆိပ် ဖြစ်စေသည်။
အင်မတန် စိတ်ဓာတ် ခိုင်မာသည့် လုဇြီလို လူမျိုးပင်လျှင် နှလုံးခုန် မြန်သွားရသည်။ သို့ရာတွင် တစ္လတာ ထိုအမျိုးသမီးရဲ့နတ်စွမ်းအင်နဲ့ ထိတွေ့မှုရှိခဲ့သည့် လုဇွီအတွက် တောင့်ခံ နိုင်သေးပေသည်။ လုဇြီ မ်က္လုံး လွန္လိုက္ကာ ချိုးယွဲ့ဟော်ရှားကို ကြည့်လိုက်သည်။
ကောင်းကောင်း ကြိုးစားပါ ၊တကယ္လို့ ကျွန်တော့်ကို ချီးကျူးချင်တယ်ဆိုရင်လည်း ကျွန်တော်က နောက်ထပ်တစ်လုံး ထပ်ပေးမှာ မဟုတ်ပါဘူး
ထိုအမျိုးသမီးသည် သူ့အား ဆွဲဆောင်ရန် ကြိုးပန်းနေခဲ့၏။ ချိုးယွဲ့ဟော်ရှားလည်း ပြုံးလိုက်ကာ ဆက်မရှင်းပြတော့ပေ။ သူမ တစ်နေရာသို့ သြားကာ တင်ပလ္လင်ခွေထိုင်ရင်း ထိုအလင်းလုံးအား မြိုလိုက်တော့သည်။
လင်းလင်နှင့် ချိုးယွဲ့ဟော်ရှားတို့ တင်ပလ္လင်ခွေထိုင်နေသည်ကို လုဇြီဟာ တလက်လက် တောက်ပနေသည့် မျက်ဝန်းတို့ဖြင့် စောင့်ကြည့်နေလိုက်သည်။ လုလီနှင့် အဲလစ္တို့ထံ ချန်ထားခဲ့သည့် အလင်းလုံးတွေအပြင် အဆင့်မြင့် အလင်းလုံးတွေအား လင်းလင်နှင့်အခြားသူတွေ၏ စွမ်းအားတိုးတက်စေရန် သူ ပေးသင့်လောက်သည်။ ထိုနည်းဖြင့် ထိုသူတို့၏ ကျင့်ကြံခြင်းလမ်းကြောင်းဟာ ချောမွေ့နေတော့မည်ဖြစ်သည်။
ထိုသူတွေသည် အလင်းလုံးတွေကြောင့် သန်မာလာသည့်အခါ အံ့သြဖွယ်ကောင်းလှသည့် မွေးရာပါ ပါရမီရှင်တွေ ဖြစ်လာပြီး စကြာဝဠာအတွင်းတွင် ထိပ်တန်း မျိုးစိတ်တစ်ခုအဖြစ် လူသားမျိုးနွယ်ဟာ သတ်မှတ်ခံရလောက်သည်။
နန်ကုန်းကျင်းသည် လက္ပိုက္ကာ ရပ်နေရင်း လုဇြီကို တစ်ချက် ကြည့်လိုက်သည်။
နင် ပြောတော့ ဒါက ငါ့ရဲ့မွေးနေ့လက်ဆောင်ဆို ဟမ့် နင်က မိန်းကလေးတိုင်းကို လိုက်ကောင်းနေတော့တာပဲလား
လုဇြီ၏ ရွေးချယ်မှုနှင့် သက်ဆိုင်ကြောင်း သူမ သိသော်လည်း လုဇွီသည် ထိုအလင်းလုံးအား လင်းလင်နှင့် ချိုးယွဲ့ဟော်ရှားတို့ကို ပေးလိုက်သည့်အခါ သူမ ဝမ်းနည်းရသည်ပေ။ ထိုကောင်ပြောခဲ့သည့် သူမ၏ မွေးနေ့လက်ဆောင်ဆိုသည့် စကားဟာ နောက်ပြောင်နေခြင်း ဖြစ်လောက်သည်။
လုဇြီ ထိုစကားကြားသည့်အခါ ရှက်ရွံ့သွားရသည်။ ထိုအမျိုးသမီး၏ မွေးနေ့လက်ဆောင်ဖြစ်ကြောင်း သူပြောခဲ့ပုံရသည်။ သူ လည်ပင်းပွတ်ကာ ပြုံးလိုက်၏။
လင်းလင်နဲ့ ချိုးယွဲ့ဟော်ရှားတို့ကလည်း ယင်ယင့်ကို ထိတွေ့ချင်နေကြတယ်လေ ၊ကျွန်တော် နောက်တစ်ကြိမ်ကျမှ ဆရာမနန်ကုန်းကို နောက်တစ်လုံး ထပ်ပေးပါ့မယ်
နန်ကုန်းကျင်း ထိုစကားကို ကြားသည့်အခါ ပြုံးလိုက်တော့သည်။
နင် ကတိတည်နော် မမေ့နဲ့
ဟုတ်ကဲ့
လုဇြီ ခေါင်းငြိမ့်သည်။ စိတ်ထဲတွင် ကျိန်ဆဲနေခဲ့၏။ ထိုအမျိုးသမီးပြောစဉ်က ယင်ယင့်ကိုသာ ထိတွေ့ရန်အတွက်ဖြစ်သည်။ ထိုသည်ကသာ အကောင်းဆုံးမွေးနေ့လက်ဆောင်ဟု ရည်ညွှန်းခဲ့၏။ လက်ရှိအချိန်တွင်တော့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း မည်သည့် အမျိုးသမီး၏ စကားကိုမွ သူ မယုံသင့်ချေ။ သို့သော် ထိုစကားတွေအား သူ စိတ်ထဲတွင်သာ တွေးရဲပေ၏။
မိနစ်အနည်းငယ်ကြာသော် ချိုးယွဲ့ဟော်ရှား မျက်လုံပွင့်လာသည်။ သူမ၏ မျက်နှာတွင် အံ့အားသင့်သည့် အမူအရာ ပြည့်နှက်နေခဲ့လေ၏။
ထိုစွမ်းအင်၏ သက်ရောက်မှုသည် သူမ မျှော်လင့်ထားသည့်ထက် သာသည်။ ထိုထဲတွင် စွမ်းအားများစွာ မပါဝင်သော်လည်း အားလုံးဟာ သန့်စင်ကာ သူမ၏ အားနည်းချက်တို့အား ဖာထေးနိုင်စွမ်းရှိသည်။ ထိုစွမ်းအင်သာ လုံလုံလောက်လောက်ရှိလျှင် သူမ မ်ားစြာ တိုးတက်သွားမည်မှာ သေချာလေတော့သည်။
လုဇွီသည် ချိုးယွဲ့ဟော်ရှား မျက်လုံးပွင့်လာသည်ကို မြင်သည့်အခါ မေးလိုက်သည်။
ဘယ်လိုနေလဲ
အနည်းငယ် အံ့အားသင့်သည့် အခြေအနေတွင် ရှိနေခဲ့သည့် ချိုးယွဲ့ဟော်ရှားသည် လုဇြီအသံအား ကြားသွားသည့်အခါ ခေါင်းမော့ကာ ပြုံးပြလာသည်။
အရမ်း အံ့သြဖို့ကောင်းတာပဲ ၊ဒီအစ်မကြီးက လိုချင်နေသေးတယ်
လုဇြီ မျက်လုံးလှန်လိုက်၏။ ထိုအမျိုးသမီးသည် အခြားသူတွေဟာ သူမ၏ စကားကြောင့် အထင်မှားသွားမည်ကို စိုးရိမ္ပုံမရေခ်။
နန်ကုန်းကျင်းက ဝင်ဟောက်၏။
ကျွတ် နင်က လိုချင်တာရှိတဲ့အခါ ဒီလိုနည်းလမ်းကို သုံးနေကြလား
ချိုးယွဲ့ဟော်ရှားက ပြုံးလိုက်သည်။
အနည်းဆုံးတော့ ဘာဆွဲဆောင်မှုမှ မရွိတဲ့ နင့်ထက်တော့ သာပါတယ်
သူမ ထိုသို့ပြောလာရင်း မျက်ခုံးပင့်ကာ လုဇြီအား ကြည့်သည်။ ထို့နောက် ညင်သာစွာ ပြုံးလာ၏။
မောင်ငယ်လေး လုဇြီ၊ မောင်ငယ်လေး လုဇြီ ခ်စ္သူ ကောင်မလေး မလိုဘူးလား။ ဒီအစ်မကြီးကိုရော ဘယ်လိုမြင်လဲ ၊ဒီအစ်မကြီးကိုသာ အနာဂါတ်မှာ အလင်းလုံးတွေ ပေးမယ်ဆိုရင် ဒီအစ်မကြီးကလည်း ပြန်ပေးဖို့ ဆန္ဒရှိပါတယ် ဟုတ္တယ္မလား
နန်ကုန်းကျင်းသည် ထိုစကားကို ကြားသည့်အခါ အလွန် ဒေါသထွက်သွားသည်။ သူမ၏ မ်က္လုံးထဲ ရွှေရောင်အလင်းတွေ လက္လာ၏။ သူမ လက္သီး ဆုပ်လိုက်သည်။
မြွေဟောက်မ ငါနင့်ကို မရိုက်ရဲဘူးလို့ ထင်နေတာလား
ပြင်းထန်တဲ့ နဂါးအေမ လူတိုင်းက နင့်လို ကြမ်းတမတယ်လို့ ထင်နေတာလား
ထိုနှစ်ယောက်၏ တိုက္ပြဲအား ကြည့်ကာ လုဇြီ ဆွံ့အလာသည်။ သူ ပြောလိုက်၏။
နောက်တစ်ကြိမ် ကျွန်တော့်မှာ အနီရောင်အလင်းလုံးတွေ အပိုရွိတဲ့အခါ ကျွန်တော် အားလုံးကို တစ်လုံးစီပေးမှာပါ
ချစ်သူရည်းစားကိစ္စကတော့ ချိုးယွဲ့ဟော်ရှား နောက်နေသည်သာ ဖြစ်ရမည်။ သူမသည် ထိုသို့အမှန်တကယ်တွေးနေမည်ဟု သူ မထင်ချေ။
လုဇြီက ထိုသို့ပြောလာသည့်အခါ သူမသည်လည်း ဆက်မစတော့ချေ။ ချိုးယွဲ့ဟော်ရှား နှုတ်ခမ်းစူလိုက်၏။ သူမသည် ရိုးရှင်းစွာ ရယ်ရင်း ယင်ယင့်ဘေးသို့ ပြေးကာ တလက်လက် တောက်ပသည့် မျက်ဝန်းတို့ဖြင့် ယင်ယင့်အား ထိတွေ့ကြည့်သည်။
ထိုအမျိုးသမီး၏ လှုပ်ရှားမှုတွေကို ကြည့်ကာ လုဇြီ ဆွံ့အနေရပြီ။ အနီးအနားတွင် ရဲတွေသာ ရှိပါလျှင် ထိုအမျိုးသမီး၏ ရှင်းပြချက်အား မည်သူမှ ယုံကြည်လိမ့်မည်မထင်ပေ။ ထိုအမျိုးသမီးသည် မိန်းမငယ်လေးတွေအား ဖမ်းဆီးခေါ်ဆောင်ကာ ရောင်းစားနေသည့်သူဟု အထင်မှားစရာရှိ၏။
နန်ကုန်းကျင်းသည် အေးစက်စွာ နှာမှုတ်နေခဲ့သည်။ သူမသည် လက်ပိုက်ထားသည်။ ချိုးယွဲ့ဟော်ရှားအား ထပ်မကြည့်တော့ပေ။
လင်းလင်သည် အားအနည်းဆုံးဖြစ်ကာ ထိုအလင်းလုံးအာ ခြေဖျက်နိုင်ရန် တစ္နာရီနီးပါး အချိန်ယူရသည်။ သူမ မျက်လုံးပြန် ဖွင့်လိုက်သည့်အခါ ပြင်းထန်သည့် အရှိန်အဝါအား ခံစားလိုက်ရတော့၏။ သူမ၏ ကိုယ်မှ အရှိန်အဝါကို သူမ ခံစားမိသည်။ သူမ မနေနိုင်ဘဲ ပြုံးလိုက်မိတော့၏။ ထိုသက်ရောက်မှုက အံ့သြဖွယ်ကောင်းလှသည်။
လုဇွီလည်း မြင်လိုက်သည့်အခါ ပြုံးလိုက်သည်။
ဘယ်လိုထင်လဲ သက်ရောက်မှုက ပြင်းတယ် မဟုတ္လား အခု ငါ့ကို ကိုးကွယ်ချင်သွားပြီလား
လင်းလင်၏ မျက်နှာမှ အပြုံးက ကွယ်ပျောက်သွားရသည်။ သူမ သူ့အား စူးရဲစြာ ကြည့်လိုက်၏။ ထိုကောင်သည် ထိုကဲ့သို့သော စွမ်းအင်မျိုးအား သုံးကာ ကျင့်ကြံနိုင်ခဲ့သည်။ ထိုဖြစ်ရပ်ဟာ မတရားလွန်းလှ၏။ သူမ သူ့အား အမှီမလိုက်နိုင်သည်မှာ အံ့သြစရာမရှိတော့ချေ။
သို့သော် ထိုသည်က သူ့ရဲ့နတ်စွမ်းအင်ဖြစ်ကြောင်း တွေးမိလိုက်သည့်အခိုက် လင်းလင်သည်လည်း ထိုကဲ့သို့ နတ်စွမ်းအင်ကို လိုချင်လာခဲ့သည်။
လင်းလင်း၏ ချစ်စဖွယ်မျက်နှာလေးက မျက်မှောင်ကြုတ်နေကြောင်း မြင်သည့်အခါ သူ စိတ်ကောင်း ဝင်လာသည်။ သူဟာ ရင်းနှီးကျွမ်းဝင်သည့် အပြုံးတို့ ပြုံးပြလိုက်ကာ ချောင်း တဟွတ်ဟွတ် ဆိုးရင်း ပြောလိုက်သည်။
ဇြီက လောကမှာ အေခ်ာဆုံးပဲလို့သာ ပြောမယ်ဆိုရင် ငါ မင်းကို အနာဂါတ်မှာ အလင်းလုံးတွေ ထပ်ပေးမယ်
လင်းလင်
သူမ လုဇြီအား မယုံနိုင်သလို ကြည့်သည်။ ထိုမျိုးမစစ်ကောင်သည် သူမအား အနိုင်ကျင့်ချင်နေ၏။ သူမအား ထိုသို့သော စကားမျိုးကို အမှန်တကယ် ပြောစေချင်နေပုံရသည်။ ထိုသည်က များသွားပြီဖြစ်၏။
လင်းလင် အံကြိတ်လိုက်သည်။
ငါ သေသွားရင်တောင်မှ ၊ငါ့ကို အာကာသသားရဲတွေ စားသွားမယ်ဆိုရင်တောင်မှ ငါ လုံးဝ ပြောမှာမဟုတ်ဘူး
လုဇွီသည် ပြုံးလိုက်ကာ ပြောလိုက်၏။
ဒါဆိုလည်း ငါက စွမ်းအား ကြီးသထက် ကြီးသွားပြီး နောက်တစ်ကြိမ် ငါတို့ သိုင်းပြိုင်တဲ့အခါ ကွာခြားချက်က အရမ်းကြီးသွားတော့မှာပဲ နှမြောစရာပဲ
လင်းလင်
လုဇြီ၏ ထိုစကားတို့အား ကြားသည့်အခါ လင်းလင် တိတ်ဆိတ်သွားသည်။ သူမသာ ထိုအလင်းလုံးတွေကို အသုံးမပြုခဲ့ပါက ထိုကောင့်အား အမှီမလိုက်မှာ သေချာနေသည်။ သူမ ထိုဖြစ်ရပ်အား လက်မခံနိုင်ပေ။
လင်းလင်၏ အမူအရာအား ကြည့်ကာ လုဇြီ ပြုံးလိုက်သည်။ သူ ပျော်ရွှင်နေခဲ့၏။ ခံစားခ်က္က ကောင်းမွန်လွန်းလှသည်။ ထိုမိန်းကလေးအား အနိုင်ကျင့်ရသည်က ပျော်ရွှင်ဖွယ် ကောင်းပေ၏။ သူ ထိုခံစားချက်အား သူ စွဲလမ်းသွားလောက်သည်။ ဆိုးရွားလိုက်သည့် ဝါသနာပါပေ။
လင်းလင်နှင့် ချိုးယွဲ့ဟော်ရှားတို့သည် လုဇြီ၏ အမူအရာကို ကြည့်ကာ လင်းလင်အား ကူညီချင်နေခဲ့သည်။ သို့ရာတွင် လုဇြီ စိတ္ဆိုးကာ နောက်တစ်ကြိမ် အနီရောင် အလင်းလုံးတွေ ထပ်မပေးတော့မည်ကို ကြောက်လန့်မိ၏။ ထို့ကြောင့် သူတို့ ကြည့်ရုံသာ တတ်နိုင်တော့သည်။
နန်ကုန်းကျင်းနှင့် ချိုးယွဲ့ဟော်ရှားတို့ တိတ်ဆိတ်စွာပင် ခေါင်းတွေ လှည့်သည်။ ထိုနာကျင်ဖွယ် မြင်ကွင်းအား မကြည့်ရက်တော့ပေ။ အချိန်တစ်ခဏ ကြာပြီးနောက် လင်းလင် အံကြိတ်ကာ လုဇြီအား စူးရဲစြာ ကြည့်လာသည်။
အာ ဇြီက လောကမှာ အချောဆုံးကောင်လေးပဲ
အပိုင်း ၃၀၆ ဇွီက လောကမှာ အချောဆုံးပဲ
လင်းလင်:”….”
ချိုးယွဲ့ဟော်၇ှား:”….”
လုဇြီ:”…..”
“ ကောင်းပြီ လူတစ်ယောက်ကို တစ်လုံးဆီ ရမယ်၊ ဒီ့ထက်တော့ မရဘူး၊ ကျွန်တော်လည်း ကျင့်ကြံဖို့ ရှိသေးတယ်”
“မောင်ငယ်လေး လုဇွီ မင်း အဲ့ဒီပြင်းထန်တဲ့ နဂါးအမေကို ပြောလိုက်တဲ့ စကားကို ငါ မမုန်းပါဘူး”
အင်မတန် စိတ်ဓာတ် ခိုင်မာသည့် လုဇွီလို လူမျိုးပင်လျှင် နှလုံးခုန် မြန်သွားရသည်။ သို့ရာတွင် တစ်လတာ ထိုအမျိုးသမီးရဲ့နတ်စွမ်းအင်နဲ့ ထိတွေ့မှုရှိခဲ့သည့် လုဇွီအတွက် တောင့်ခံ နိုင်သေးပေသည်။ လုဇွီ မျက်လုံး လှန်လိုက်ကာ ချိုးယွဲ့ဟော်ရှားကို ကြည့်လိုက်သည်။
“ကောင်းကောင်း ကြိုးစားပါ ၊တကယ်လို့ ကျွန်တော့်ကို ချီးကျူးချင်တယ်ဆိုရင်လည်း ကျွန်တော်က နောက်ထပ်တစ်လုံး ထပ်ပေးမှာ မဟုတ်ပါဘူး”
နန်ကုန်းကျင်းသည် လက်ပိုက်ကာ ရပ်နေရင်း လုဇွီကို တစ်ချက် ကြည့်လိုက်သည်။
“ဟုတ်ကဲ့”
“ဘယ်လိုနေလဲ”
အနည်းငယ် အံ့အားသင့်သည့် အခြေအနေတွင် ရှိနေခဲ့သည့် ချိုးယွဲ့ဟော်ရှားသည် လုဇွီအသံအား ကြားသွားသည့်အခါ ခေါင်းမော့ကာ ပြုံးပြလာသည်။
လုဇွီ မျက်လုံးလှန်လိုက်၏။ ထိုအမျိုးသမီးသည် အခြားသူတွေဟာ သူမ၏ စကားကြောင့် အထင်မှားသွားမည်ကို စိုးရိမ်ပုံမရချေ။
“အနည်းဆုံးတော့ ဘာဆွဲဆောင်မှုမှ မရှိတဲ့ နင့်ထက်တော့ သာပါတယ်”
“မောင်ငယ်လေး လုဇွီ၊ မောင်ငယ်လေး လုဇွီ ချစ်သူ ကောင်မလေး မလိုဘူးလား။ ဒီအစ်မကြီးကိုရော ဘယ်လိုမြင်လဲ ၊ဒီအစ်မကြီးကိုသာ အနာဂါတ်မှာ အလင်းလုံးတွေ ပေးမယ်ဆိုရင် ဒီအစ်မကြီးကလည်း ပြန်ပေးဖို့ ဆန္ဒရှိပါတယ် ဟုတ်တယ်မလား”
“ပြင်းထန်တဲ့ နဂါးအမေ လူတိုင်းက နင့်လို ကြမ်းတမတယ်လို့ ထင်နေတာလား”
ထိုနှစ်ယောက်၏ တိုက်ပွဲအား ကြည့်ကာ လုဇွီ ဆွံ့အလာသည်။ သူ ပြောလိုက်၏။
“နောက်တစ်ကြိမ် ကျွန်တော့်မှာ အနီရောင်အလင်းလုံးတွေ အပိုရှိတဲ့အခါ ကျွန်တော် အားလုံးကို တစ်လုံးစီပေးမှာပါ”
“ဘယ်လိုထင်လဲ သက်ရောက်မှုက ပြင်းတယ် မဟုတ်လား အခု ငါ့ကို ကိုးကွယ်ချင်သွားပြီလား”
“ ဇွီက လောကမှာ အချောဆုံးပဲလို့သာ ပြောမယ်ဆိုရင် ငါ မင်းကို အနာဂါတ်မှာ အလင်းလုံးတွေ ထပ်ပေးမယ်”
လင်းလင် “…”
လင်းလင် “…”
“အာ ဇွီက လောကမှာ အချောဆုံးကောင်လေးပဲ”