အခန်း(၃၇၁)

Start from the beginning
                                    

ဒီဆေးလုံးနဲ့ဆိုရင် ငါ သွေးကို လေ့ကျင့်ပေးရမဲ့ ဒုတိယအဆင့်က အတော်လေး လျော့ကျသွားလိမ့်မယ်။

" ဆရာ ကျွန်တော်တို့ ဘယ်သွားနေတာလဲ" ဝမ်ဝေ့က ပြီးဆုံးသည်နှင့် မေးလိုက်သည်။ ဂိုဏ်းချုပ်က ပို၍ လေးနက်လာလေသည်။ ယဲ့လောင်က သူ့အားမဖြေဘဲ အမှတ်အသားပြားကိုသာ ထုတ်ယူလိုက်သည်။ ထိုအရာကို အသက်သွင်းပြီးနောက်တွင် နှစ်ဦးသားက လျှို့ဝှက်နယ်မြေတစ်ခုသို့ ရောက်ရှိသွားလေသည်။

ထို့နောက် ဝမ်ဝေ့က သူ့ဆရာသည် လူအိုကြီးအား မိနစ်ပိုင်းကြာ စကားပြောပြီးသည့်နောက်တွင် တခြားနေရာသို့ ထပ်မံ ပြောင်းရွှေ့လိုက်ပြန်သည်။ ထိုလူအိုကြီးက ဘာမှမပြောသော်လည်း ဝမ်ဝေ့က သူတို့နှစ်ဦးနောက်တွင် လိုက်ပါလာသည့် လူတချို့ကို ခံစားမိလေသည်။

လျှို့ဝှက်နယ်မြေမှ ထွက်လာပြီးသည့်နောက်တွင် ယဲ့လောင်က ဝမ်ဝေ့အား လေဟာနယ် သင်္ဘောပေါ် ခေါ်ကာ အလယ်ပိုင်းကုန်းမြေသို့ ဦးတည်လိုက်သည်။ ထိုခရီးအတွင်း ယဲ့လောင်က အလွန်လျှို့ဝှက်ကာ သတိကြီးကြီးထားဟန်ပေါ်သည်။

ကြည့်ရတာ အကြောင်းအရင်းကောင်း ရှိနေပုံပဲ။

နှစ်ရက်ကြာ ခရီးသွားလာပြီးနောက်တွင် ဝမ်ဝေ့က ဝေဟင်ထဲ အစစ်အမှန် အုပ်ချုပ်သူများ တိုက်ခိုက်နေသည်ကို ခံစားမိလိုက်သည်။ သူက ဖူချိုက်ယွင်သည် သူ့အား သတ်ဖြတ်ဖို့အတွက် လုပ်ကြံသူများ စေလွှတ်လိုက်သည်ကို ခန့်မှန်းမိလေ၏။

မည်သို့ပင်ဆိုစေကာမူ သူက မသိသလိုသာ ဟန်ဆောင်နေခဲ့သည်။

တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် သူတို့က ဦးတည်ရာသို့ ရောက်ရှိလာခဲ့သည်။ ဤသည်က အလယ်ပိုင်းနှင့် အရှေ့ကုန်းမြေကြားရှိ ကျွန်းငယ်လေးတစ်ခု ဖြစ်၏။

သူက ထိုကျွန်းငယ်ကို သေးငယ်သည်ဟု ခေါ်ဆိုသော်လည်း နယ်မြေကမူ တခြားသော ကုန်းမြေများရှိ ပိုင်နက်များနှင့် ယှဉ်နိုင်လေသည်။ အကယ်၍ ဝမ်ဝေ့၏ ယခင်ဘဝနှင့် ယှဉ်ကြည့်ပါက ထိုကျွန်းငယ်လေးသည် နေအရွယ်အစားလောက် ရှိပေမည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now