အခန်း(၃၄၈)

Start from the beginning
                                    

လီကျွင်းက သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် ထိုဖုတ်ကောင်များကို လေ့လာလိုက်သည်။ သူ့အနေနှင့် ရှင်သန်ခြင်း နတ်ဘုရားမသည် သူတို့၏ လက်ကျန်ဝိညာဉ်များကို ယူဆောင်ကာ ခန္ဓာကိုယ်အတွင်း လှုပ်ရှားဖို့ အသုံးပြုထားကြောင်း ပြောနိုင်လေသည်။ သူမက တိုက်ပွဲကွင်းပြင်မှ သွေးစွမ်းအားနှင့် အငြိုးတရားများကို ထိန်းချုပ်ထားကာ သူတို့၏ ခန္ဓာကိုယ်ကို ပိုအားကောင်းလာစေသည်။

တပ်ဖွဲ့နှစ်ခု ထိပ်တိုက်တွေ့ဆုံမှုအတွင်း ဖုတ်ကောင်များက အရေးသာနေလေသည်။ ထျဲ့ကန်၏ တပ်ဖွဲ့ကဲ့သို့ သူတို့က ခံစားချက် မရှိသည့်အတွက် အကြောက်တရား မရှိပေ။

သူတို့၏ ခန္ဓာကိုယ်ကို ထိုးစိုက်ခြင်း သို့မဟုတ် ဖြတ်တောက်ခြင်းတို့က သူတို့အား ရှေ့ဆက်မတိုးအောင် မရပ်တန့်နိုင်ပေ။ ပို၍အရေးကြီးသည်က သူတို့၏ ခန္ဓာကိုယ်က မှော်လက်နက်များ သို့မဟုတ် ချပ်ဝတ်များထက် ပိုမိုအားကောင်းနေသေးသည်။

စစ်သားများက ဖုတ်ကောင်တစ်ကောင်ကို သတ်ဖို့အတွက် အားများစွာ စိုက်ထုတ်နေရသည်။ ခေါင်းဆောင်အနေနှင့် လီကျွင်းအနေနှင့် ထိုတိုက်ပွဲကို အနိုင်ရရှိလျှင်ပင် သူ့လူများသည် သူတို့၏ မူလအဆီအနှစ်နှင့် သက်လုံက သိသိသာသာ လျော့ကျသွားကာ ပင်ပန်းမည် ဖြစ်ကြောင်း သိလိုက်သည်။

ငါ အထွတ်အထိပ် နတ်ဘုရားတွေရဲ့ တိုက်ပွဲကို စတင်လိုက်ရတော့မလား။ မဖြစ်သေးဘူး။ သူတို့က သူတို့ကန့်သတ်ချက်ကို မရောက်သေးဘူး

ထို့နောက် သူက တပ်ဖွဲ့နှစ်ခုလုံးအား စိတ်ဝိညာဉ်တိုက်ခိုက်မှု စတင်အသုံးပြုဖို့ အမိန့်ပေးလိုက်သည်။ သဘာဝလွန်အဆင့်ရှိ စစ်သားများက သူတို့၏ ဝိညာဉ်ကို ထုတ်သုံးနိုင်ကြသည်။

ချက်ချင်းဆိုသလို ရလဒ်ကောင်း ထွက်ပေါ်လာလေ၏။ ဖုတ်ကောင်များက ပြီးပြည့်စုံခြင်း မဟုတ်ဘဲ လက်ကျန်ဝိညာဉ်များသာ ရှိလေသည်။ ထို့ကြောင့် သူတို့က ဝိညာဉ်တိုက်ကွက်များကို ခံနိုင်စွမ်း မရှိပေ။

အများစုက မျက်စိနှင့် မြန်နိုင်လောက်သည့် အမြန်နှုန်းဖြင့် စတင် သေဆုံးလာကြသည်။ ထိုဖုတ်ကောင်များက နောက်ဆုတ်သွားကြလေသည်။ စစ်သားများက ထိုအရာကို မြင်ပြီး ပျော်ရွှင်နေကြသည်။ သို့သော်လည်း ထိုပျော်ရွှင်မှုက သိပ်ကြာရှည်မခံလိုက်ပေ။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now