အခန်း(၃၃၉)

Start from the beginning
                                    

" ဘာမှမသိရဘူး။ သူက အဖမ်းမခံရခင် မှတ်ဉာဏ်တော်တော်များများကို ဖျက်ထားခဲ့ပုံပဲ" ဝမ်ကျူက ပြန်ဖြေလိုက်သည်။

လီကျွင်းက ခေါင်းညိတ်ကာ ပြောလိုက်သည် " ငါတို့တွေက ဒီကမ္ဘာရဲ့ ကိစ္စတွေ နက်နဲမှန်း သိထားပြီးသားဆိုပေမဲ့ အခု သက်သေရပြီ။ ငါတို့အင်အားနဲ့ဆိုရင် အလယ်အလတ်ကမ္ဘာကို လွှမ်းမိုးအုပ်စိုးဖို့ လွယ်ကူတယ်ဆိုပေမဲ့ ဒီတစ်ခုက အတော်လေး ထူးခြားတယ်။ အဲဒါကြောင့် ငါတို့ အပြုအမူတွေကို သေချာဂရုစိုက်ရမယ်"

ဤအိမ်လေးအတွင်း ဘာသတင်းအချက်အလက်မှ ရှာမတွေ့သည့်နောက် သူတို့က လေးယောက်သား ဤနေရာတွင် အလှည့်ကျလာပြီး ကျင့်ကြံဖို့ အချိန်ဇယားတစ်ခု သတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက် သူတို့က သေခြင်းတရား နတ်ဘုရား၏ ကောင်းကင်ဘုံဗိမာန်မှ ထွက်လာလိုက်ကြ၏။

တစ်လတာ ကုန်ဆုံးသွားလေပြီ။ လီကျွင်းက မရဏတိုင်းပြည်၏ တော်ဝင်နန်းတော်အတွင်းတွင် လီကျွင်းက စာထိုင်ရေးနေသည်။ ဝမ်ဝေ့က သူ့အား နောင်အနာဂတ်တွင် လမ်းညွှန်မှု ဖြစ်စေဖို့အတွက် ကမ္ဘာအုပ်စိုးသည့် အဆင့်များအား ချမှတ်ထားဖို့ ပြောထားလေသည်။ ချရေးစရာ သတင်းအချက်အလက် များများစားစား မရှိသေးသော်လည်း လီကျွင်းက အတွေးတချို့တော့ ရှိထားလေသည်။

သူက အာရုံစိုက်ထားစဉ် အပြင်ဘက်မှ ချဉ်းကပ်လာသည့် ခြေသံကို ကြားလိုက်ရသည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထျဲ့ကန်က သူ့အား လာတွေ့လေ၏။

" အခြေအနေတွေရော ဘယ်လိုရှိလဲ" လီကျွင်းက ခေါင်းမော့မကြည့်ဘဲ မေးလိုက်သည်။

" အခု သာမန်လူတွေရဲ့ နေထိုင်မှုအဆင့်အတန်းက မြင့်မားလာလောက်ပြီဆိုတော့ ငါတို့တွေ ယုံကြည်မှုစွမ်းအား ရဖို့ ပိုလွယ်ကူလာပြီမလား"

ထျဲ့ကန်က ခဏရပ်တန့်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည် " အဲလိုထင်နေတယ်မလား။ ဒါပေမဲ့ ကံဆိုးတာက တိုးတက်နှုန်းက အတော်လေး နှေးကွေးနေတုန်းပဲ။"

" အိုး"

လီကျွင်းက ခေါင်းမော့ကြည့်ကာ မေးလိုက်သည် " ပြဿနာက ဘာလဲ"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now