အခန်း(၃၃၈)

Começar do início
                                    

သူတို့တစ်ယောက်ချင်းစီက ကလေးမှ အမျိုးသမီးအထိ၊ တိရစ္ဆာန်မှ ပိုးမွှားအထိ သူတို့မွေးဖွားလာပြီး သေဆုံးသည်အထိ သူတို့က သေခြင်းတရား နတ်ဘုရား၏ စွမ်းအားများနှင့် သနားကြင်နာမှုများကိုသာ သင်ယူခဲ့ရသည်။ သူတို့အတွက် သူကသာ တစ်ဦးတည်းသော နတ်ဘုရား ဖြစ်၏။

ထိုအကြောင်းအရင်းကြောင့် ထိုလူများမှ သေခြင်းတရား နတ်ဘုရားဆီ ပေးအပ်နိုင်သည့် ယုံကြည်မှုပမာဏက များပြားလွန်းလှသည်။ ထိုကုန်းမြေရှိ သေမျိုး ၁၀၀ ဘီလီယံက အစွန်းရောက် ယုံကြည်ကိုးကွယ်သူများဟု သတ်မှတ်နိုင်လေသည်။ သူတို့က သေခြင်းတရား နတ်ဘုရားကို ဘယ်အကြောင်းအရင်းကြောင့်မှ သစ္စာဖောက်မည် မဟုတ်ပေ။

အဖွဲ့က ကောင်းကင်ထဲတွင် ဝဲပျံနေရင်း သူတို့ကုန်းမြေကို ကြည့်နေကာ အတွေးနက်နေကြသည်။

" ရှင်တို့ရော ဘယ်လိုထင်လဲ" ဝမ်ကျူက မေးလိုက်သည်။

" ဒီလူတွေရဲ့ သေခြင်းတရား နတ်ဘုရားအပေါ် ထားရှိတဲ့ ယုံကြည်မှုအဆင့်အရ သူတို့က ငါ့တို့အပေါ် ယုံကြည်မှု ပြောင်းလဲမှာ မဟုတ်ဘူး။ သူတို့သာ အမှန်တရား သိသွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုတောင် သတ်သေနိုင်ကြတယ်"

" အဲလိုဖြစ်ဖို့ များတယ်" ယန်းလီလင်းက ဝင်ပြောလိုက်သည်။ သူမက ထိုလူများသည် တစ်ချိန်တည်းဆိုသလို ကိုယ့်ကိုယ်ကို သတ်သေမည်ကို တွေးကြည့်ကာ အနည်းငယ် ကြက်သီးထလာမိ၏။

" အဲဒါဆိုတော့ ငါတို့ ဘာလုပ်ကြမလဲ။ သူတို့အားလုံးကို သတ်ပစ်လိုက်ရင် ကံကြမ္မာဝဋ်ကြွေး တန်ပြန်သက်ရောက်မှုက များလွန်းတော့ သူတို့တွေကို သတ်ပစ်လို့လည်း မရဘူး။ ဒါပေမဲ့ ဒီအတိုင်းထားဖို့ကလည်း နှမြောစရာ ကောင်းလွန်းတယ်။"

" နောက်ထပ် နည်းလမ်းတော့ ရှိမှာပါ" ဝမ်ကျူက ပြောလိုက်သည်။

" ဒီလူတွေက သေခြင်းတရား နတ်ဘုရားကို ကိုးကွယ်တယ်ဆိုတော့ ငါတို့တွေ နောက်ပိုင်းကျရင် သခင်လေးမျက်နှာနဲ့ ဖြည်းဖြည်းချင်းဆီ အစားထိုးသွားလို့ ရနိုင်တယ်။ အဲဒီသေမျိုးတွေက သက်တမ်းတိုတယ်ဆိုတော့ အချိန်ကြာလာတာနဲ့အမျှ သေခြင်းတရား နတ်ဘုရားရဲ့ မျက်နှာအပေါ် မှတ်ဉာဏ်တွေကလည်း ဖြည်းဖြည်းချင်း အစားထိုးနိုင်မှာပဲ"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Onde histórias criam vida. Descubra agora