အခန်း(၃၃၅)

Start from the beginning
                                    

ဝမ်ဝေ့၏ မေးခွန်းကို ကြားသည့်အခါ ယန်းချန်က ခဏတာမျှစဉ်းစားပြီး ပြောလိုက်သည် " သူမက ဟို့မိသားစုက ဖြစ်လောက်တယ်။"

" ဟို့မိသားစုကလား။ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး"

" အဲဒါက သူတို့က ရှေးဟောင်း ဆွေကြီးမျိုးကြီး မျိုးနွယ်ကမလို့ပါ"

" ကျွန်တော် မကြားဖူးတဲ့ နောက်ထပ် အသုံးအနှုန်းတစ်ခုပါလား။ အကြီးအကဲချုပ် ကျွန်တော်ကို ရှင်းပြပေးပါဦး" ဝမ်ဝေ့က မေးလိုက်သည်။

" ရှေးဟောင်း ဆွေကြီးမျိုးကြီး မျိုးနွယ်တွေက ဗလာခေတ်ကာလမှာ ရှင်သန်ခဲ့တဲ့ မိသားစုတွေပဲ။ ပြောရရင် အစောပိုင်းဧကရာဇ်ခေတ် ကာလကတည်းက တည်ရှိခဲ့တဲ့ မျိုးနွယ်တွေပေါ့။ နမူနာအားဖြင့် ပြောရမယ်ဆိုရင် ဒီဟို့မိသားစုက ရှေးဟောင်းမျိုးနွယ်တွေကြားမှာ အတော်လေး ဩဇာကြီးမားတယ်။

သူတို့က သူတို့ဘိုးဘေးတွေက မီးတောက်ကို ပထမဆုံး တွေ့ရှိခဲ့တဲ့ မီးတောက်ရယူရေးလူသားလို့ ပြောကြတယ်။ သူတို့တွေ့ရှိမှုကြောင့် လူသားတွေက အမှောင်ကို ကြောက်စရာ မလိုတော့သလို အေးစက်မှုကနေလည်း မသေဆုံးနိုင်တော့ဘူး အဲလိုမျိုးပေါ့။

အဲဒီတွေ့ရှိမှုကြောင့် သူတို့မျိုးနွယ်က ချီကံကောင်းမှုနဲ့ ကုသိုလ်ကို အမြောက်အများ ရရှိလိုက်ကြတယ်။ ဒါပေမဲ့ အဲဒါက သက်သေအခိုင်အမာ မရှိတဲ့ ကောလဟာလတစ်ခုပဲ။ ဒါပေမဲ့ ကျုပ်တို့ဂိုဏ်းရဲ့ မှတ်တမ်းတွေအရတော့ အဲဒီညွှန်းဆိုချက်တွေက မှန်ကန်ဖို့များတယ်။

ကံဆိုးတာက အင်အားစု အများစုက အဲဒါကို ဟို့မိသားစုနဲ့ တခြားဆွေကြီးမျိုးကြီး မျိုးနွယ်တွေ ကုသိုလ်နဲ့ ကံကောင်းမှုကို အများကြီး မရအောင် အသိအမှတ်ပြုဖို့ ငြင်းပယ်ကြတယ်။"

ဝမ်ဝေ့က စိတ်ဝင်စားမိသွားသည်။ ဤကမ္ဘာ၏ ကိစ္စများက နက်နဲမှန်း သိသော်လည်း သူ မသိထားသေးသည့် လျှို့ဝှက်ချက်များစွာ ရှိနေသေးလေသည်။ ထို့ကြောင့် သူက ရှေးဟောင်းမျိုးနွယ် တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်ကို မအံ့ဩမိပေ။

" သူတို့က ဒီလောက်အချိန်ကြာကြာ ရှင်သန်နေခဲ့တာဆိုတော့ အတော်လေး အားကောင်းမှာပဲပေါ့" သူက မေးလိုက်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now