အခန်း(၃၃၄)

Start from the beginning
                                    

" ပြီးတော့ သူက အရမ်းလည်း ရုပ်ချောတယ်။ အစ်ကိုကြီးထက်တောင် ရုပ်ချောလောက်တယ်။ အစ်မလည်း သဘောတူတယ်မလား" ဝမ်ဝေ့က ဝမ်လော့၏ ဒဏ်ရာအား ဆားထပ်ဖြူးလိုက်သည်။

လန်လင်းက စိတ်အတွင်းမှသာ သက်ပြင်းချလိုက်သည်။ သူမက လော့ချန်၏ ပြောစကားအား သဘောတူသော်လည်း အစ်ကိုကြီးရှေ့တွင်မူ ဝန်မခံနိုင်ပေ။

" မင်း" ဝမ်လော့က လော့ချန်အား လက်ညှိုးထိုးကာ ပြောလိုက်သည် " မင်းကရော ဘယ်လိုလဲ။ မင်းကရော သူနဲ့ ရုပ်ရည်ရော စွမ်းရည်ရော ယှဉ်နိုင်လို့လား"

" အစ်ကိုကြီး ပြောတာမှန်တယ်။ ကျွန်တော်က မယှဉ်နိုင်ဘူး။ အဲဒီအချက်ကို ကျွန်တော်က လက်ခံတယ်"

ဝမ်လော့က ထိုအဖြေကို ကြားပြီး ချက်ချင်းဆိုသလို ရင်ဘတ်ထဲ ဆို့တစ်လာသလို ခံစားလိုက်ရသည်။ အဆုံးသတ်တွင်မူ သူက အေးစက်စက် သက်ပြင်းချကာ လော့ချန်အား လျစ်လျူရှုထားလိုက်တော့သည်။

လော့ချန် ပြောသည်က မှန်ပေသည်။ ဝမ်လော့အနေဖြင့် သူက ဆေးလုံးဝိဇ္ဇာငယ်ရာထူးကို ရယူခဲ့ပြီး ဤမျိုးဆက်၏ မူလဆေးလုံးတာအိုဂိုဏ်း၏ ကောင်းကင်ရွေးချယ်ခံ ဖြစ်လာခဲ့မည်ဆိုလျှင်ပင် ဝမ်ဝေ့လိုမျိုး လူနှင့် မယှဉ်နိုင်ကြောင်း သိထားလေသည်။

သူက ဒေါသထွက်ကာ အရှက်ရမိသော်လည်း မျိုသိပ်လိုက်ရုံမျှသာ တတ်နိုင်လေသည်။ ဝမ်ဝေ့ကို သူ ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ အဆင့်အတန်းအရ၊ အင်အားချင်းအရနှင့် အလားအလာအရ သူက လုံးဝကို ရှုံးနိမ့်လေသည်။ ထို့ကြောင့် သူ တတ်နိုင်သည့်အရာက ထိုအရာကို ဂရုမစိုက်သလို နေထိုင်ခြင်း သို့မဟုတ် ထိုအရာက သူနှင့် ဘာမှမသက်ဆိုင်သလို နေထိုင်ခြင်းသာ ဖြစ်၏။ သူ ယခင်က ပြောဖူးသလိုမျိုး သူတို့တွေက မတူညီသော ကမ္ဘာတွင် နေထိုင်ကြသည် မဟုတ်ပါလော။

လန်လင်းက သူမ၏ ဆရာတူ မောင်လေးအား ကြည့်လိုက်သည်။

ဆရာတူ မောင်လေးက အခုလတ်တလော တော်တော်လေး ပြောင်းလဲသွားတာပဲ

ထိုစဉ် တာအိုအခွင့်အလမ်းဂိုဏ်း၏ သင်္ဘောပေါ်ရှိ ဝမ်ဝေ့၏ ကိုယ်ပွားကလည်း လူများကို လိုက်ပြီး လေ့လာဆန်းစစ်နေသည်။ ဧကရာဇ်မျိုးနွယ်အများစု ရောက်မလာသောကြောင့် ယခုလက်ရှိလူအများအတွင်း အာရုံစိုက်စရာ လူတချို့သာ ထိုက်တန်လေသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now