အခန်း(၃၃၁)

Comenzar desde el principio
                                    

" အဲလိုလည်း မဖြစ်နိုင်ဘူး" ဝမ်ကျူက ပြောလိုက်သည် " ဒီပြဿနာကို သတိထားမိပြီးတော့ လူတွေကို စုပြီးတော့ နယ်မြေအနှံ့ရှာခိုင်းပြီးပြီ။ ပြဿနာက တခြားနေရာတွေမှာလည်း အတူတူပဲ"

" သေခြင်းတရား နတ်ဘုရားရဲ့ မှတ်ဉာဏ်ထဲကရော ဘာများရှာတွေ့သေးလဲ" ယန်းလီလင်းက မေးလိုက်သည်။

"သူ့ဝိညာဉ်က လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ဆိုတော့ ရှာဖို့ရာအတွက် အချိန်ယူရဦးမယ်" ဝမ်ကျူက ပြောလိုက်သည်။

အားလုံးက မျက်မှောင်ကြုတ်နေစဉ် ထျဲ့ကန်က လက်ဝှေ့ကာ နတ်ဘုရားငယ်တစ်ပါးကို ဖမ်းလိုက်ပြီး " ဒီယုံကြည်မှုနဲ့ ပတ်သက်ပြီး မင်း ဘာသိထားသေးလဲ"

" ဆရာ ကျွန်တော် ဘာမှမသိပါဘူး" ထိုကပ်ဘေးနတ်ဘုရားက ပြောလိုက်သည်။ သို့သော်လည်း ထျဲ့ကန်က ထိုလူ၏ မျက်ဝန်းများသည် သံသယဖြစ်ဖွယ်ကောင်းကာ အိုးမလုံအုံပွင့်သည့် အရိပ်အယောင်မျိုး မြင်နေရ၏။

" ဒီမှာ လူအများကြီးရှိတယ်ဆိုတော့ ငါ့အဖြေကို သိမဲ့သူတော့ ပါလောက်တယ်" ထျဲ့ကန်က အေးစက်စက်ဖြင့် ပြောလိုက်သည် " တကယ်လို့ မင်းက အဲဒီလူတွေထဲက မဟုတ်ရင် အသက်ရှင်ဖို့ တန်ဖိုးမရှိဘူး။ ငါ့ဘာသာငါ မင်းရဲ့ဝိညာဉ်ကို တိုက်ရိုက်ရှာတာ ပိုကောင်းလိမ့်မယ်"

ကပ်ဘေးနတ်ဘုရားက ချက်ချင်းဆိုသလို ထပြောလိုက်သည် " အဲဒါက ကြမ္မာနတ်ဘုရားမကြောင့်ပါ"

(အရင်က ကံကြမ္မာနတ်ဘုရားမအစား ကြမ္မာနတ်ဘုရားမလို့ ပြောင်းသုံးထားပါတယ် )

" အဲဒါက ဘာပြောချင်တာလဲ" မှန်းဆပြီးသားဖြစ်သည့် လီကျွင်းက မေးလိုက်သည်။

" သူမက ကံကြမ္မာနဲ့ ကံတရားကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်။ သူမ အသက်ရှင်နေသရွေ့ ဒီအရာနဲ့ ပတ်သက်တဲ့ ယုံကြည်မှုအားလုံးက သူမ အပိုင်ပဲ။ ဘယ်သူမှ ဒီစည်းမျဉ်းကို မချိုးဖောက်နိုင်ဘူး"

အဖွဲ့က နတ်ဘုရားများဟု ခေါ်သည့် ကိုးကွယ်ရေးသည် သူတို့၏ ကျင့်ကြံသူများခေါ်သည့် စည်းမျဉ်းဖြစ်ကြောင်း သိကြလေသည်။ ထိုလူ၏ စကားများက ဤကမ္ဘာကို အုပ်စိုးနေသည့် စည်းမျဉ်းအရ လူတစ်ဦးက စည်းမျဉ်းအတူတူရှိဖို့ ခွင့်မပြုပေ။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Donde viven las historias. Descúbrelo ahora