အခန်း(၃၃၀)

Comincia dall'inizio
                                    

လီကျွင်း၏ ရေရွတ်သံက တိုးလျသောကြောင့် သေမျိုးများက ကြားနိုင်မည် မဟုတ်သော်လည်း ဤလူများကား လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူနှင့် တူညီသည့် အထွတ်အထိပ်နတ်ဘုရားများ ဖြစ်သောကြောင့် သူ့စကားများကို မကြားနိုင်စရာ မရှိပေ။

လီကျွင်းက ထိုစကားများကို ယုံကြည်လောက်ဖွယ် ပြောလိုက်သည့်အတွက် တခြားလူများအား သူတို့စကားကို ယုံကြည်လာအောင် လွှမ်းမိုးဖို့ လုံလောက်ပေသည်။ ထို့အပြင် သူက လိမ်ညာနေခြင်း မဟုတ်ပေ။

လက်ရှိ ဝမ်ဝေ့၏ စွမ်းအားဖြင့် အလယ်အလတ်ကမ္ဘာကို အုပ်စိုးဖို့ ခက်ခဲမည် မဟုတ်ပေ။ အမှန်အတိုင်းပြောရလျှင် လီကျွင်း၏ လက်ရှိအဆင့်ဖြင့်ပင် ဤကမ္ဘာအား အလွယ်တကူ အုပ်စိုးနိုင်လေသည်။

သို့သော်လည်း သူက ဤကမ္ဘာသည် မြင်ရသလောက် မရိုးရှင်းသည့်အတွက် ကိစ္စများကို ဖြည်းဖြည်းချင်း လုပ်ကိုင်ဖို့အတွက် သတိပေးထားလေသည်။ ဂမ္ဘီရက ဤကမ္ဘာအတွက် အဆုံးစွန်သော နည်းလမ်းများ ထုတ်သုံးခြင်းက မမျှော်လင့်သည့် ကပ်ဘေးများကို ဖြစ်ပေါ်လာလိမ့်မည်ဟု ပြောထားသည်။ ထို့ကြောင့် သူက ဖြည်းဖြည်းချင်း စီမံကာ သူ့ခြေလှမ်းများအား တစ်လှမ်းချင်းစီ စီစဉ်နေခြင်း ဖြစ်၏။

လီကျွင်းက ထိုနတ်ဘုရားများအား ကြည့်ကာ ပြောလိုက်သည် " ကျုပ်က ခင်ဗျားတို့ကို ဖိတ်ခေါ်ပြီးသွားပြီ။ တကယ်လို့ ကျုပ်တို့ကို ဆက်သွယ်ပြီးတော့ အပေးအယူ လုပ်ချင်တယ်ဆိုရင် ဒါလေးကို သုံးလိုက်ပါ"

သူက လက်ဝှေ့လိုက်ပြီး ကျောက်စိမ်းအဆောင်တစ်ခုစီကို အထွတ်အထိပ်နတ်ဘုရားများဆီ ပို့ပေးပြီး သူက ထွက်သွားဖို့ ပြင်လိုက်သည်။

" ခဏလေး။ သေခြင်းတရားနတ်ဘုရားက ဘာဖြစ်သွားတာလဲ" ရှင်သန်ခြင်းနတ်ဘုရားမက မေးလိုက်သည်။

" သူက သေပြီ" လီကျွင်းက ပျောက်ကွယ်မသွားခင် ပြောလိုက်၏။

အထွတ်အထိပ် နတ်ဘုရားများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး အဆောင်ကိုယူကာ သူတို့၏ ဘုံဗိမာန်သို့ ပြန်သွားကြလေသည်။ လေးယောက်တည်းသာ ကျန်ရှိနေလေ၏။ ထိုသူများမှာ ကံကြမ္မာ နတ်ဘုရားမ၊ ရှင်သန်ခြင်း နတ်ဘုရားမ၊ ဖျက်ဆီးခြင်း နတ်ဘုရားနှင့် အမိန့်မှာတမ်း နတ်ဘုရားတို့ ဖြစ်ကြသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Dove le storie prendono vita. Scoprilo ora