အခန်း ၂၉၄ နောက်ဆုံး အချီ

530 51 0
                                    

အခန်း ၂၉၄
နောက်ဆုံး အချီ

ပြိုင်ပွဲကွင်းမှ ပွဲကြည့်စင်တွင် လူများ ပြည့်နှက်နေ၏။ ပြိုင်ပွဲဝင်မျာ၏ ထိုင်ခုံမှာ ယခင်ထက် လျော့နည်းသွားပြီး ပထမအချီသို့ တက်နိုင်ခဲ့သည့် လူတစ်သောင်းတွင် သုံးထောင်ခန့်သာ ဒုတိယ အချီတွင် ကျန်ရစ်ခဲ့သည်။

ထို သုံးထောင်ထဲမှ နှစ်ထောင်မှာ ငါးယောက် ပွဲမှ တက်လာ၍ ကျန်တစ်ထောင်မှာမှု ငါးပွဲဆက် တစ်ယောက်ချင်း တိုက်ခိုက်ရာတွင် အနိုင်ရရာမှ တက်လာခဲ့သည်။

ယခင်နေ့အတိုင်း ပြိုင်ပွဲစင်မြင့် ရှစ်ခု ရှိနေပြီး အချိန်မဆွဲပဲ တစ်ပြိုင်နက် စတင်မည် ဖြစ်သည်။ဤသည်မှာ အနိုင်ရသူများအား မြို့တွင်း ပင်မ ပြိုင်ပွဲကွင်းတွင် အမြန် ပြိုင်နိုင်ရန်အတွက် ဖြစ်သည်။

စုလင်းယွဲ့အား ပြိုင်ပွဲဝင်များ ထိုင်သော နေရာသို့ ပို့ပြီးနောက် စုပင်း အနီးအနား ကြည့်လိုက်ရာ ထိုင်ခုံလွတ် မတွေ့ရသဖြင့် ခပ်လှမ်းလှမ်း တစ်နေရာတွင် သွားထိုင်နေလိုက်၏။ ဖေးယန်ဘိုနှင့် တွေ့ရမည်လားဟု ရှာကြည့်မိသော်လည်း မတွေ့သဖြင့် အင်္ကျီ ခေါင်းစွပ်ကိုစွပ် မျက်နှာကို ကာလိုက်ပြီး အိပ်နေလိုက်သည်။

ထိုနောက် ပွဲကြည့်စင်သို့ လူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏။လူများစုမှာ စိတ်ဝင်စား၍ လာကြည့်သော သာမာန်လူများသာ ဖြစ်ပြီး စုပင်း၏ ဘေးရှိ ခုံများမှာ ပြည့်သွားခဲ့သည်။
ခနအကြာ ဒုတိယ အချီ စတင်၍ ပြိုင်ပွဲဝင် သုံးယောက် စင်ပေါ်တက်လာကြသည်။တစ်ယောက်အနိုင် နှစ်ယောက်ရှုံးနှင့် အနိုင်ရသူမှာ နောက်အချီသို့ တက်နိုင်၍ ရှုံးနိမ့်သူအတွက် ယခင်ကဲ့သို့ အခွင့်အရေး မရှိတော့ပေ။ထို့ကြောင့် ပြိုင်ပွဲဝင် အားလုံး နောက်အချီသို့ တက်နိုင်ရန် အသည်းအသန် ကြိုးစားရလိမ့်မည် ဖြစ်သည်။

ထို့နောက် ပြိုင်ပွဲဝင်များအား ကျပန်း ရွေးလိုက်ပြီး စင် ရှစ်ခုလုံး ပြည့်သွားလေသည်။
ထို့နောက် ထုံးစံအတိုင်း ပွဲကြေညာသူမှ စည်းကမ်းအကြောင်း အသိပေးပြောကြားလာခဲ့သည်။လက်ရှိတွင် စုပင်းထံ၌ စိုးရိမ်နေခြင်း မရှိတော့ပေ။ပျင်းရိစွာဖြင့် စင်ပေါ်သို့ ကြည့်နေပြီး စုလင်းယွဲ့အလှည့် ပြီးလျှင် အိမ်ပြန်ရန် စဥ်းစားနေသည်။
ခနအကြာ စုလင်းယွဲ့ နာမည် ခေါ်လာ၍ စင်နံပါတ် B2တွင် အခြား ပြိုင်ပွဲဝင် နှစ်ယောက်နှင့် တက်သွားကာ ပြင်းထန်စွာ တိုက်ခိုက်ရန် တာဆူနေ၏ ။

You've reached the end of published parts.

⏰ Last updated: Sep 08, 2023 ⏰

Add this story to your Library to get notified about new parts!

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now