အခန်း ၂၀၇ သိလိုစိတ် ပြင်းပြခြင်း

611 67 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၀၇
သိလိုစိတ် ပြင်းပြခြင်း

ဘာသာပြန်. Soul

"စောနက လူငယ်က သုံးမိနစ်နဲ့ စတုတ္ထအဆင့်ကို ရောက်သွားတာလား ။ဘာ အနှောင့်အယှက် မရှိပဲ ရောက်သွားတာလား" အဖိုးဖြစ်သူ မျှော်စင်အား လည်ပြန်ကြည့်ပြီး သူ့မြေးမ ကဲ့သို့ပင် ထင်နေရာမှ ယခုလို အခြေအနေ တွေ့ရခြင်းကြောင့် ပါးစပ်မစေ့နိုင် ဖြစ်နေစဥ် ပဉ္စမအဆင့်မှ အလင်းရောင် ထွက်လာသည်ကို မြင်လိုက်ရလေ၏။

"သူ...သူက ဘယ်လို ပဉ္စမအဆင့် ရောက်သွားတာလဲ ။ငါတောင် မလုပ်နိုင်တာ သူက ဘယ်လို ကျော်သွားတာလဲ ။ စတုတ္ထအဆင့်ကို ဘာမှ မဟုတ်သလို ဖြတ်သွားတာတော့ မဟုတ်ဘူးမလား" မြေးဖြစ်သူလည်း မျှော်စင်ကိုကြည့်ပြီး အတွေးများနေတော့သည်။

မျှော်စင်ရှေ့တွင် စောင့်နေသော ကုပေးချန်လည်း သူ၏ အမြင့်ဆုံး ရောက်ခဲ့သည်မှာ တတိယအဆင့်သာ ရောက်ခဲ့ပြီး စုပင်းမှ အလွယ်တကူ သူ့ အကောင်းဆုံး အဆင့်အား ကျော်သွားခြင်းကို ကြည့်ပြီး အံ့ဩမကုန်နိုင် ဖြစ်နေ၏။

ပဉ္စမအဆင့်နှင့် အထက် အဆင့်ရောက်ရန် အဆင့်ရှစ်နှင့် အထက် သားရဲစစ်သည်ဖြစ်ရန် လိုအပ်ခြင်းကြောင့် စောင့်နေသူများ ကြားတွင် ပြောဆိုသံများ ထွက်လာလေ၏။

"ပဉ္စမအဆင့် ရောက်တာ တွေ့ခဲ့တာ ဘယ်အချိန်ကလဲ" စောင့်နေသူ တစ်ယောက်မှ သူ့ သူငယ်ချင်းအား မေးကြည့်ရာ "လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလား ။ အခု အထဲမှာ ဘယ် နာမည်ကြီး မိသားစုက မျိုးဆက်လား ၊ ပျင်းနေတဲ့ အဘိုးကြီးတွေပဲလား သိချင်တာ" ပြောလာ၏ ။
"လူကြီးအရွယ်တွေ မတွေ့တော့ ပထမ တစ်မျိုး ဖြစ်မှာပါ" တစ်ဦး ပြောရာ "ဟုတ်တယ် ။ အဆင့် အမြင့်တွေက ကိုယ်ပိုင် ခွန်အားကို ကြည့်ပြီး ပြောင်းလဲတယ်တဲ့ ။ ဒါကြောင့် မွန်မြတ်သောဓားတောင် နဝမအဆင့်ကို မကျော်နိုင်ဘူးတဲ့ ။ ဘယ်လိုတောင် သန်မာတဲ့ နဂါးနဲ့ တွေ့ရလို့လဲ မသိဘူး" နောက်တစ်ဦး ပြောလာ၏ ။

အထဲသို့ ဝင်သွားသူတိုင်းအား မှတ်ထားခြင်း မရှိခြင်းကြောင့် အခြားသူများ မသိကြသော်လည်း စုပင်းအား သိနေသူများမှာ အလွန် လျှင်မြန်ခြင်း မပါလျှင်ပင် ရှေ့ဆောင်သူများ၏ အဆင့်သုံးအတွင်း ဝင်ကြောင်း သိလိုက်ရသည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now