အခန်း ၂၃၅ ကြောက်စိတ်နှင့် နောက်ဆုတ်ရခြင်း

624 66 0
                                    

အခန်း ၂၃၅
ကြောက်စိတ်နှင့် နောက်ဆုတ်ရခြင်း

အံ့ဩခြင်း ၊ တုန်လှုပ်ခြင်းနှင့် မယုံနိုင်ခြင်းများအား မွန်မြတ်သောဓားသခင်နှင့် အခြားသူများ တပြိုင်နက် ခံစားလိုက်ရ၏။

ဤသည်မှာ ဂျွန်အန်နာနှင့် ယွမ်ထျန်းချန်တို့သည် ဂန္တဝင် သားရဲစစ်သည် ဖြစ်သည်မှာ တူသော်လည်း အလွန်ပင် ခွန်အား ကွာခြားနေခြင်းကြောင့် ဖြစ်သည်။

ပထမအကြိမ် ယွမ်ထျန်းချန် ဆိုင်ပြင်သို့ ရောက်သွားသည်ကို ရန်သူအား အထင်သေးခြင်းကြောင့်ဟု ပြောနိုင်သော်လည်း သားရဲဖြင့် ပေါင်းစပ်လိုက်လျှင်ပင် တစ်ဖက်လူအား မယှဥ်နိုင်သေးသည်က ကွာခြားမှုမှာ တစ်ဖက်သတ်ဆန်လွန်းနေသည်ဟုပင် ဆိုနိုင်ပေသည်။အထူးသဖြင့် ဤကဲ့သို့ နုံ့ချာလှသော စတိုးဆိုင်ငယ်လေးအတွင်း၌ ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော လူတစ်ယောက် ရှိနေသည်ကို မယုံနိုင် စရာကောင်းလှသည်။

အများနည်းတူ ယွမ်ထျန်းချန်လည်း မယုံနိုင် ဖြစ်နေ၏။သို့သော်လည်း ရင်ဝတွင် စိုက်နေသည့် လှံကြောင့် အသက်ဓာတ် လျော့နည်းလာသည်ကို ခံစားနေရသည်က သူအား ယခုဖြစ်ပျက်သမျှ အမှန်တကယ်ဖြစ်မှန်း ယုံကြည်စေ၏။အမှန်တော့ သူသည် ယခုလိုမျိုး ထိခိုက်ဒဏ်ရာမရသည်မှာ အလွန်ပင်ကြာမြင့်လှပြီ ဖြစ်သည်။ဤတစ်ကြိမ်တွင် သေခြင်းတရားအ​ပေါ် နှီးနှီးစပ်စပ်စတင် ခံစားမိလိုက်၏။ထိုသို့ ဖြစ်စေသူမှာ ဂျွန်အန်နာလို နုနုနယ်နယ် မိန်းမသား တစ်ဦး ဖြစ်လိမ့်မည်မှန်း သူဘယ်တုန်းကမှ မထင်ခဲ့ဖူးချေ။
အထူးသဖြင့် ဤနေရာမှာ ချောက်နက် ၊ ကန့်သတ်နယ်မြေနှင့် ဆန်းကြယ်နယ်မြေများလို အလွန်အန္တရာယ်များသော နေရာမျိုး မဟုတ်ပဲ သာမာန် မြို့ငယ်လေးအတွင်းရှိ နုံချာသော ဆိုင်တွင် ဖြစ်နေသည့်အတွက် ယွမ်ထျန်းချန် လက်မခံနိုင်လည်း ဖြစ်နေလေ၏။

ထိုသို့ ကြောက်ရွံ့မှုများ ဖြစ်ပေါ်သွားသည်မှာ အချိန်အားဖြင့် တစ်စက္ကန်ခန့်မျှသာ ကြာမြင့်လိုက်၏။ ယွမ်ထျန်းချန် တစ်ခုခုအား ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။သူ၏ အနက်ရောင် မျက်လုံးမှ မူလ မျက်လုံး ပြန်ပြောင်းသွားပြီး နောက်ဆုတ်လိုက်၏။သို့သော်လည်း သူ၏ လူပုံစံ သားရဲမှာမှု လှံထိပ်ဖျားတွင် ကျန်ရစ်နေခဲ့သည်။
အစောပိုင်းတွင် ထိုသားရဲမှာ ကြီးမားသော မကောင်းဆိုးဝါး စွမ်းအင်များ ပိုင်ဆိုင်ထားပြီး ရက်စက်ပြင်းထန်ပုံရသော်လည်း ယခုအချိန်တွင်မှု လှံကြောင့် နာကျင်စွာ တွန့်လိမ်၍ အော်ဟစ်နေရ၏။ရေပူကြောင့် ရေခဲ အရည်ပျော်သည့်အလားပင် လှံရှိ မြင့်မြတ် စွမ်းအင်များကြောင့် သားရဲ၏ မကောင်းဆိုးဝါး စွမ်းအင်များမှာ အငွေ့ပျံနေ၏။
ဂျွန်အန်နာ မျက်လုံးမှေးကာ သားရဲအား အထင်သေးသော အကြည့်နှင့် ကြည့်နေ၏။ထို့နောက် နိမ့်ကျသော သားရဲကြောင့် သူမ၏လှံ ညစ်ပေသွားမည်ကို စိုးရိမ်စွာဖြင့် ဖယ်လိုက်၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now