အခန်း ၂၆၈ အနိုင်ရရမည်ဟူသော ဆုံးဖြတ်ချက်(စုလင်းယွဲ့၏ နှင်းခဲစန္ဒာနဂါး)

367 42 0
                                    

အခန်း ၂၆၈
အနိုင်ရရမည်ဟူသော ဆုံးဖြတ်ချက်(စုလင်းယွဲ့၏ နှင်းခဲစန္ဒာနဂါး)

"ငါကလား"
စုလင်းယွဲ့ မယုံနိုင်စွာဖြင့် သူမကိုယ်သူမ လက်ညှိုးထိုးပြီး မေးလာ၏။

သူမသည် ကျောင်း၏ အတော်ဆုံးသူထဲမှ တစ်ယောက်ဟု ယုံကြည်မှု အပြည့်ရှိသော်လည်း လက်ရွေးစင် သားရဲစစ်သည်ပြိုင်ပွဲအား ဝင်ပြိုင်ကြသူများသည် အတွေ့အကြုံရင့်သန်နေသော သားရဲစစ်သည်များ ဖြစ်ကြပြီး ကျောင်းသားများနှင့် မတူသောကြောင့် နောက်ခြောက်နှစ် ကြာလျှင် စမ်းကြည့်ရဲသော်လည်း ယခုအချိန်တွင် စုလင်းယွဲ့ လုံးဝ မစဥ်းစားရဲပေ ။

ကံမကောင်းခဲ့ပါက နှစ်ပွဲ သုံးပွဲအတွင်း ထွက်ရနိုင်ပြီး အဆင့်တစ်ရာအတွင်းပင် အိမ်မက်မမက်ရဲသည်ဖြစ်ရာ ချန်ပီယံ မဆိုထားနှင့် အဆင့်တစ်ထောင်အတွင်း ဝင်လျှင်ပင် ကံကောင်းပြီဟု စုလင်းယွဲ့ တွက်ထားမိခဲ့သည်။

"နင် နင် အခုချိန်ထိ ဟာသလုပ်နေနိုင်တာပဲ"

စုပင်းမှ သူမအား ဟာသလာ လုပ်နေသည်ဟု အထင်နှင့် စုလင်းယွဲ့ ဒေါသထွက်သွားပြီး ပြောလိုက်၏။

သို့သော် စုပင်း ဟာသလုပ်နေခြင်း မဟုတ်ပေ။သူပ ယခုကိစ္စကို အလေးအနက်ထား ပြောနေခြင်း ဖြစ်ပြီး ရှုံ့မျိုးရိုးလူကြီးထံမှ ရခဲ့သော နဂါးအား ဂျွန်အန်နာကို ယူလာခဲ့ရန် ပြောလိုက်ရာ ဂျွန်အန်နာ သားရဲအခန်းသို့ သွားပြီး ပြန်ရောက်လာချိန်တွင် နဂါးများမှ အကောင်းဆုံး နဂါးတစ်မျိုး ဖြစ်သည့် 'နှင်းခဲစန္ဒာနဂါး'က သူမနှင့်အတူပါလာခဲ့၏။

နှင်းခဲစန္ဒာနဂါးမှာလည်း အရှားပါးဆုံးသော နဂါးအမျိုးစားတစ်မျိုး ဖြစ်သည့် ငရဲမီးနဂါးလို နဂါးမျိုးနှင့် မယှဥ်နိုင်သော်လည်း စျေးကွက်တွင် အလွယ်တကူ တွေ့နိုင်သော နဂါးမျိုး မဟုတ်သည့်အလျှောက် တိုက်ကြီးအတွင်းရှိ မြို့များတွင်ပင် အကောင်နှစ်ဆယ် မကျော်နိုင်သည့်အတွက် မြို့အတော်များများတွင် မတွေ့နိုင်သော နဂါး ဖြစ်သည်။

စုပင်းက သူ့ထံ၌ ငရဲမီးနဂါး ရှိထားပြီး ဖြစ်သည့်အလျှောက် ငရဲမီးနဂါးတွင်သာ အလုံးစုံ အာရုံစိုက်ထားခဲ့သည် ဖြစ်၍ နှင်းခဲစန္ဒာနဂါး ရချိန်မှ ထိုနဂါးကို စုလင်းယွဲ့အတွက် ရည်ရွယ်ထားသည်။ မိသားစုဖြစ်သည့်အတွက် သူမ ခွန်အားကြီးလာမှ သူလည်း စိတ်ချနိုင်သောကြောင့် ဖြစ်သည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now