အခန်း ၂၃၈ အရိုးခြောက်ကလေး၏ ဓားလေ့ကျင့်ချိန်

599 68 0
                                    

အခန်း ၂၃၈
အရိုးခြောက်ကလေး၏ ဓားလေ့ကျင့်ချိန်

"ကောင်းပြီ။ကျုပ် ယူလိုက်မယ်" ခေတ္တ စဥ်းစားပြီးနောက် စုပင်း ပြောလိုက်၏။အခြားသူများလည်း ထိုလူအိုကြီးမှာ ဆုံးရှုံးမှု မရှိသည့်အပြင် စုပင်းကြောင့် ကျောင်းဂုဏ်သတင်း ကြီးလာနိုင်သည်ကို တွေးမိပြီး မနာလိုဖြစ်ကုန်၏။

အခမဲ့ သင်ကြားခွင့်မှာ ကိုယ်တိုင် ရယူနိုင်သည် ဖြစ်ခြင်းကြောင့် ဖြစ်သည့်အပြင် ယခုအတိုင်း ဆက်သွားလျှင် တစ်ချိန် ဂန္တဝင် သားရဲစစ်သည်ကို ကျောင်းသားအဖြစ် ထားခွင့် ရှိမည် ဖြစ်သောကြောင့် ဖြစ်၏ ။

"တ...တကယ် ပြောတာလား" ထို တွဲဖက် ကျောင်းအုပ် မယုံနိုင်စွာ မေးရာ "ဟုတ်တယ် ။ ဒါပေမဲ့ လာတက်မဲ့သူက တခြားတစ်ယောက် ဖြစ်လိမ့်မယ်။ပြဿနာ မရှိဘူး မဟုတ်လား" စုပင်း ခေါင်းညှိမ့်ကာ ပြောလာချိန် အပျော် ပျက်ယွင်းသွားသည်။သို့သော် အမှန်တကယ် စုပင်း ကျောင်းလာတက်ပါကလည်း သူ့အား သင်နိုင်သည့် ပရော်ဖက်ဆာရှိနိုင်မည် မဟုတ်ကြောင်း တွေးမိလိုက်ပြီး စိတ်လျော့လိုက်၏။

စုပင်း အပြောအရ မိသားစုနှင့် သူငယ်ချင်းမှ တစ်စုံတစ်ယောက် ဖြစ်နိုင်ကာ ဖြစ်ပျက်ခဲ့သည့် အရာများကြောင့် အချက်အလက်များအား မယုံတော့ပဲ စုပင်း၏ အသက်အား မသိသေးသဖြင့် မည်ကဲ့သို့ ဖြစ်လာမည်ကို အားလုံး မခန့်မှန်းနိုင် ဖြစ်နေ၏ ။

"စိတ်ချပါ မစ္စတာစု ။ ဘယ်သူပဲ ဖြစ်ဖြစ် ကျောင်းရဲ့ အကောင်းဆုံး ဆရာနဲ့ ထောက်ပံ့မှု ပေးဖို့ ပြောထားပါမယ်" တွဲဖက် ကျောင်းအုပ် သက်ပြင်းချကာ ပြောလာ၏ ။

ထို့နောက် ဖုန်းနံပါတ် ဖလှယ်ကြရာ ထို တွဲဖက် ကျောင်းအုပ် နာမည်မှာ ဟန်ယုရှန်းဟု ခေါ်သဖြင့် မိန်းကလေးများတွင် သင့်တော်သည့် နာမည်ဟု စုပင်း တွေးမိလိုက်၏ ။

ထိုအခိုက် ဇိမ်ခံ Rover ကားတစ်စီး ဆိုင်ရှေ့ ရပ်ကာ ကားထဲမှ ဝတ်စုံပြည့် နေကာမျက်မှန်နှင့် လူငယ်တစ်ယောက် ထွက်လာကာ နုံချာသော ပတ်ဝန်းကျင်အား ကြည့်၍ သူ့ဆရာ ဖုန်းတွင် ပြောသည့် နေရာ ဟုသလားဟု တွေးနေခိုက် ဆိုင်ရှေ့တွင် ရှိနေသည့် သူ့ဆရာကို တွေ့လိုက်ရ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now