အခန်း ၂၅၇ သားရဲ ငှားယူခြင်း

398 46 0
                                    

အခန်း ၂၅၇
သားရဲ ငှားယူခြင်း

"နားလည်မှု မလွဲပါနဲ့ ဆိုင်ရှင်။ကျွန်တော်က လျူမိသားစုက မှန်ပေမဲ့ လျူမိသားစုမှာ မိသားစုအခွဲတွေ အများကြီး ရှိပါတယ်။ကျတော်က အဓိကမိသားစုနဲ့ သွေးဝေးတဲ့ မိသားစုအခွဲကပါ။မကောင်းတဲ့ အကြံအစည်လည်း မရှိတာ ဂတိပေးပါတယ်"

စုပင်း နားလည်မှုလွဲသွားမည်ကို စိုးရိမ်၍ လျူပင်း အမြန်ပြောလာခဲ့၏။

"ဘယ်လိုပဲ ပက်သက်မှုရှိရှိ ငွေပေးရင် ကာစတန်မာပဲ။ဆိုင်စည်းကမ်း ဖောက်ဖျက်တာ မရှိရင် ရပြီ"

စုပင်းက လျူပင်း စိုက်ကြည့်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ဆိုင်ရှင်ရဲ့ အမှန်အတိုင်းပြောတာကို ကြိုက်တယ်ဗျာ" လျူပင်း သက်ပြင်းချကာ ပြောလာ၏။

စုပင်း ဘာမှ ထပ်မပြောတော့ပဲ ထန်ယူးရန်အား ခေါ်၍ အရိပ်သားရဲကို ခေါ်သွားခိုင်းလိုက်၏ ။

ထန်ယူးရန်မှာ နားစိုက်ထောင်နေသည့်အတွက် နှစ်ယောက်သား ပြောနေသည်ကို ကြားရပြီး လျူပင်းမှာ မိသားစုကြီး တစ်ခုမှ ဖြစ်နိုင်ကြောင်း ကောက်ချက်ချမိလိုက်သည်။နာမည်ရှိ မိသားစု တစ်ခုမှ မျိုးဆက် အနေနှင့် သူမကို မမြင်ဖူးလျှင်ပင် နာမည် ကြားဖူးမည်ဟု အတွေးနှင့် ပြုံးလိုက်၏။

"ဟယ်လို၊သားရဲကို ကျမကိုပေးပါ"

ပုံမှန် နေနေကျ အေးတိအေးစက်အသွင် ဟန်ဆောင်ကာ ပြောနေသော်လည်း ထန်ယူးရန် ရင်ထဲ ဝမ်းသာနေ၏။

လျူပင်း တစ်ချက် လှည့်ကြည့်ပြီး အံ့ဩသွားဟန် ဖြစ်လာ၏။ထန်ယူးရန်လည်း သူမအထင်မှန်နေပြီဟု ယူဆလိုက်ကာ ကျေနပ်စွာကြည့်နေခိုက် "ဆိုင်ရှင် ဒီလိုဧည့်ကြိုမျိုး ဘယ်က ရှာခဲ့တာလဲ၊ လှလိုက်တာ" စုပင်းအား လှည့်၍ မေးသည်ကို တွေ့လိုက်ရ၍ နေရာမှာတင် အေးခဲသွားသည်။

လျူပင်းမှာ ဆိုင်ထဲဝင်စဥ် ငရဲမီးနဂါးကြောင့် ကြောက်လန့်ခဲ့ခြင်းကြောင့် ဆိုင်တွင်း သေချာ မကြည့်မိသည် ဖြစ်ရာ ယခု ထန်ယူးရန်အား တွေ့ရမှ နာမည်ကြီးများနှင့်မခြားသော အလှမျိုးရှိသည်ကို သတိပြုမိသွားခြင်းပင်..။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now