အခန်း ၂၈၈ သူမ အလှည့်(စုလင်းယွဲ့)

290 40 0
                                    

အခန်း ၂၈၈
သူမ အလှည့်(စုလင်းယွဲ့)

"ကြည့်စမ်းပါဦး။စလာကတည်းက အကောင်းဆုံးသားရဲကို ထုတ်သုံးနေတယ်။ဝှက်ဖဲဆိုတာ အချိန်မတန်ခင် ထုတ်မသုံးရဘူးဆိုတာ  မသိတာလား"

ဖေးယန်ဘို စိတ်ပျက်နေဟန်ဖြင့် ခေါင်းခါယမ်းပြီး ရေရွတ်နေ၏။

ထိုအခိုက် ဖေးဖေး(ဖေးယန်ဘို သား)မှ ဖေးယန်ဘိုကို ကြည့်ပြီး..

"အကိုဖန်းထျန်းက ယောက်ျားပီသတာပါ။သူက အင်အားပြပြီး ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်တာ။အပိုတွေ တွေးပူနေရင် ပျော်စရာ ဘယ်ရှိမလဲ။ပြီးရင်လည်း သူများတွေက တွင်းအောင်းနဂါးနက်ကို အကိုဖန်ထန်းရဲ့ အကောင်းဆုံး သားရဲလို့ကော သိကြမှာလား။သိတော့ရော ဘာလုပ်နိုင်မှာလဲ ။ နောက်ဆုံး လေးယောက် တစ်ယောက် ဆိုရင်တောင်မှ အကိုဖန်းထျန်းကို သူတို့နိုင်မှာ မဟုတ်ပဲနဲ့"ဟု လက်မခံနိုင်စွာ ပြောလာခဲ့သည်။

"မဟုတ်တာတွေ။နည်းဗျူဟာအကြောင်း ပြောနေတာကို မင်းက ဘာသိလို့လဲ"
ဖေးယန်ဘိုက ပြောလိုက်၏။

သို့သော်လည်း ဖေးဖေးမှာ အရေးစိုက်ဟန် မရှိသည့်အတွက် သူ၏ကျောင်းသားသာဆို အပြစ်ပေးမိမည်ဖြစ်သော်လည်း ထိုသို့လုပ်ခဲ့လျှင် အိမ်ပြန်ရောက်ချိန် သူ့အမေအား တိုင်ပြောလျှင် ပြန်အပြစ်ပေးမည်ကို ဖေးယန်ဘို တွေးမိပြီး ရှုံ့မဲ့သွားသည်။

"မစ္စတာဖေး၊သူပြောတဲ့ သွားပြီး ရင်ဆိုင်တာလဲ မမှားပါဘူး။ ခွန်အားရှိရင် ဘယ်သူ့ကို ကြောက်နေရမှာလဲ။ ပြီးရင် လျိုကလေးရဲ့ ပုံစံက ပေါက်ကွဲလွယ်တဲ့ပုံ မဟုတ်တော့ ဒီတစ်ကြိမ် ပြိုင်ပွဲကို အတွေ့အကြုံ ရရုံပဲ သဘောထားပြီး အဆင့်တွေ ဂရုမစိုက်ပဲ နောက်တစ်ကြိမ်မှ အမှန်တစ်ကယ် ဝင်ပြိုင်ဖို့ ဖြစ်မှာပါ"

ထိုစဥ် စုပင်းက ရယ်ကာ ပြောလိုက်၏။။
စုပင်း၏စကားကိုကြားပြီး သူနှင့် ရပ်တည်ပေးသည်ကို အံ့ဩ၍ ဖေးဖေး မော့ကြည့်လိုက်မိ၏။တစ်ဖက်လူအား မုန်းတီးစရာ မရှိဟု တွေးမိသော်လည်း လျိုဖန်းထျန်းမှာ စုပင်းထက်ပင် အသက်ကြီးသည့်အတွက် လျိုကလေးဟု ခေါ်သည့်အပေါ် မကျေမနပ် ဖြစ်သွားသဖြင့် နှာမှုတ်လိုက်၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)حيث تعيش القصص. اكتشف الآن