အခန်း ၂၄၆ ဩဇာရှင်၏ ဆွဲဆောင်မှု

594 68 0
                                    

အခန်း ၂၄၆
ဩဇာရှင်၏ ဆွဲဆောင်မှု

ယွမ်ထျန်းချန်၏ အပေါင်းအပါများမှ တစ်ယောက် ဖြစ်ခြင်းက မွန်မြတ်သောဓားသခင်အနေနဲ့ စုပင်းထံ အလည်မလာရဟု ဆိုလိုခြင်း မရှိပေ။တစ်ဖက်တွင် ယွမ်ထျန်းချန်သည်  စုပင်းမှ သူ့အား ဖိအားပေးခိုင်းစေ(သားရဲအား ဓားသိုင်းပညာသင်ခိုင်း)ခဲ့ခြင်းကို မျက်နှာလွှဲ ခဲပစ် လုပ်ခဲ့၏။ထိုအချက်ွေက မွန်မြတ်သောဓားသခင်အတွက် ဤနေရာသို့လာရခြင်း အကြောင်းအရင်းပင် ဖြစ်လေသည်။

"မင်္ဂလာပါ၊ဆရာ" စုပင်း ယဥ်ကျေးစွာ နှုတ်ဆက်လိုက်၏။

"ဒါနဲ့ ဆိုင်က အားလုံး ပြင်လိုက်တာလား ။ နေရာ မှားပြီး လာခဲ့တယ်တောင် ထင်နေတာ ။ ဒါနဲ့လေ ၊ အရှေ့က ရုပ်တုတွေက ဘယ်သူ လုပ်ထားတာလဲ" အရာအားလုံး ပြောင်းလဲပြီး အသစ်ဖြစ်နေသည်ကို ကြည့်ရင်း မွန်မြတ်သောဓားသခင်မှ မေးလာ၏။

ယခင် ကြုံခဲ့ရသော အခြေအနေမှာ မကောင်းသော်လည်း မွန်မြတ်သောဓားသခင်အပေါ် လေးစားသည့်အလျှောက် စုပင်း ထိုင်ခုံတစ်ခု ဆွဲကာ အေးဆေး ထိုင်စေ၏ ။

"ကျေးဇူးပဲ။ဒါနဲ့ အရိုးခြောက်ကလေး ဘယ်မှာလဲ။ နောက်ထပ် လေ့ကျင့်ချိန် ရောက်ပြီ" ရွေးခြယ်စရာ မရှိခြင်းကြောင့် မွန်မြတ်သောဓားသခင်က ထိုင်ရင်း မေးလိုက်လျှင် "အရင်လို လေ့ကျင့်ကွင်း ရှာစရာ မလိုတော့ဘူး ၊ ဆရာ။ဆိုင်မှာ ဆောက်ပြီးသွားပြီ။ ဒီကဧည့်သည်တွေနဲ့ ကိစ္စပြီးရင် လိုက်ပို့ပေးပါမယ်။ ခနလောက် စောင့်ပေးပါ" စုပင်း ရယ်ကာ ပြောလိုက်မှ "ကောင်းပြီ" မွန်မြတ်သောဓား ပြောလာ၏ ။

မွန်မြတ်သောဓား တစ်ဖက်တွင် ထိုင်နေသော မိန်းမပျို နှစ်ယောက်အား ကြည့်ရာ သူသိသည့်သူ မဟုတ်ပဲ တစ်ဦးမှာ အဆင့်လေး သားရဲစစ်သည် ဖြစ်၍ အသက်နှင့် စာလျှင် အထင်ကြီးဖွယ်ဖြစ်သော်လည်း ထို့ထက် အဆင့်မြင့်လျှင်ပင် မိသားစုကြီးများမှ ဆက်ခံသူများနှင့်စာလျှင် နောက်ကောက်ကျနေသဖြင့် သူ့မျက်လုံးထဲ မတိုးပေ ။

"ဒါက..." မူရွှမ်းဝမ်မှာ မွန်မြတ်သောဓားသခင်အား ကြည့်ပြီး အားလုံး ပြောနေကြသည့် မွန်မြတ်သောဓားသခင် ဖြစ်ကြောင်း မှတ်မိနေခြင်းကြောင့် သူမ မျက်လုံးပင် သူမ မယုံနိုင် ဖြစ်သွားရသည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Donde viven las historias. Descúbrelo ahora