အခန်း ၂၈၅ နာမည်ဖျက်ခြင်း

269 43 0
                                    

အခန်း ၂၈၅

နာမည်ဖျက်ခြင်း

သက်လတ်ပိုင်းလူနှစ်ဦးသည် လျူမိသားစုမှ လူငယ်နှစ်ဦး သေဆုံးခြင်းကို အထက်သို့ တင်ပြလိုက်၏။သို့သော် မီဒီယာများတော့ ထိုအကြောင်းကို အသိမပေးခဲ့ချေ။

လက်ရှိအချိန်တွင် ပြိုင်ပွဲအရှိန်အဟုန် ကြီးမားနေချိန် ဖြစ်သည့်အတွက် ထိုသတင်းအား အနံ့ခံမိသော မီဒီယာများမှာလည်း အာရုံမစိုက်နိုင်သေးကြပေ။သေဆုံးသူမှာ လျူမိသားစုမှ ဖြစ်သော်လည်း နာမည်ရှိသူ မဟုတ်ပေ။ထို့ကြောင့် အချို့မီဒီယာများက ထိုအကြောင်းကို ထုတ်ဖော်ခဲ့သော်လည်း စိတ်ဝင်စားမှု နည်းပါးခဲ့၏။လျူမိသားစုအကြောင်း ဖြစ်နေသည့်အတွက်ကြောင့်သာ သမီးရည်းစားကြား တီးတိုးပြောစရာ တစ်ခု သက်သက်မျှ ဖြစ်ခဲ့ပေသည်။

ထိုအချိန် လျူမိသားစုအတွင်းတွင်...

နေရာအနှံ့မှ သတင်းများ အချိန်နှင့်အမျှ ရနေသည့်အတွက် လျူမိသားစုဝင်များက သတင်းကြားပြီးပြီ ဖြစ်သည်။မကြာမီ သေဆုံးသူများ၏ မိသားစုများလည်း သိရှိသွားခဲ့၍ ပူဆွေးသောကရောက်နေကြလေ၏။

ထိုသတင်းသည် လျူမိသားစု၏ ထိပ်ပိုင်းပုဂ္ဂိုလ်များ၏ နားသို့လည်း ပေါက်ကြားသွားခဲ့သည်။သေဆုံးသူ သုံးဦးမှာ သူတို့အတွက် အထူးတလည် တန်ဖိုးရှိသူများ မဟုတ်သော်လည်း တရားခံမှာ စုပင်း ဖြစ်နေသည့်အတွက် သူတို့၏မျက်နှာအား ဖြတ်ရိုက်ခဲ့သည့်အလား ခံစားနေရ၏။
ထိုသတင်းကြားချိန် လျူထျန်းဇောင်တစ်ယောက် အလွန်ဒေါသထွက်သွားခဲ့ပြီး မိသားစုအတွင်းမှ ခေါင်းဆာင်များအား ချက်ခြင်း ဆင့်ခေါ်လိုက်ကာ အရေးပေါ် အစည်းအဝေး ကျင်းပလိုက်၏။ပုံမှန်အချိန်တွင် ထိုသူသုံးယောက် သေဆုံးခြင်းအပေါ် အမှုထားမည် မဟုတ်သော်လည်း ယခုအခါမှာမှု ရန်သူက လျူမိသားစု၏ အာဏာကို ထိပါးလာသည်ဟု ခံစားနေရ၏။

မည်သို့ပင်ဖြစ်စေ။Pixie စတိုးဆိုင်၏ သတင်းအချက်အလက်များအရ ငရဲမီးနဂါးမှလွဲ၍ ကျန်သောအချက်အလက် မရှိသည့်အတွက် ယခင်လို အထင်သေးသည့် အကြည့်နှင့် မကြည့်ရဲပဲ အပြင်းအထန် ပြန်လည် တုံ့ပြန်ရန် တွန့်ဆုတ်နေလေ၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now