အခန်း ၂၂၀ နတ်ဘုရားမြို့

623 63 1
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၂၀
နတ်ဘုရားမြို့

ဘာသာပြန်.Soul

စုပင်းတစ်ယောက် ကျပန်းရှင်သန်ခြင်းအား ရွေးခဲ့ပြီး မျက်လုံး ပြန်ဖွင့်ချိန် မြက်ခင်းနှင့် ပန်းပင်အား တွေ့ရ၍ ပန်းခြံထဲသာ ရှိနေမည်ဟု ထင်၍ လှည့်ကြည့်လိုက်ရာ တောင်တစ်လုံးအနီးရှိ ပြုစုပျိုးထောင်ခြင်း မရှိသော ပန်းခင်းတစ်ခုသာ ဖြစ်​မှန်း တွေ့လိုက်ရ၏။

ဘယ်ဖက် အဝေးတစ်နေရာတွင်မှု စွမ်းအင် သင်္ကေများစွာဖြင့် လင်းလက်နေသော တံတိုင်း ကာရံထားသည့် မြို့တစ်မြို့အား တွေ့လိုက်ရ၏။သို့သော်လည်း တံတိုင်းမှာ အလွန် မြင့်သည့်အတွက် အတွင်းရှိ အဆောက်အဦးများအား ထိပ်ဖျားများကိုသာ စုပင်း တွေ့လိုက်သည်။
ထို ကြီးကျယ်ခန်းနားသော မြို့အား စုပင်း ခနကြည့်ပြီး မည်သည့်နေရာ ရောက်နေမှန်း မသိသော်လည်း ဤနေရာတွင်လည်း သက်ရှိများနေထိုင်ကြောင်း အတည်ပြုလိုက်၏။

သို့သော် သူ၏ ကျပန်း ပြန်ရှင်ခြင်းသည် အစောပိုင်းက ပန်းခြံရှိသည့် မြို့အနီးပြန်ပေါ်ခြင်းလည်း ဖြစ်နိုင်ကြောင်း တွေးမိကာ ထိုနတ်ဘုရားမ ပြန်လာရှာမည်ကို စုပင်း စိုးရိမ်နေ၏။စုပင်း မြို့အနားသို့ မသွားရဲသော်လည်း သူ၏ သေဟန်ဆောင်သည်မှာ အောင်မြင်မည်ဟု ထင်နေ၏။

ယခုအချိန်တွင် လေ့ကျင့်ရေးအတွက် တိုက်ခိုက်ရမည့် သားရဲ ရှာဖွေရန် အရေးကြီးပေသည်။အချိန်ရမှသာ ထ်ုကြီးကျယ်ခန်းနားသော မြို့သို့ သွားပြီး ရှားပါး အခွင့်အရေး ဖြစ်သည့်အတွက် နေထိုင်သူများအား အကဲခတ်ရန် စုပင်း ဆုံးဖြတ်လိုက်သည်။ထို့နောက် သူ့ သားရဲလေးကောင်အား ဆင့်ခေါ်ကာ တောင်၏ တစ်ဖက်ခြမ်းသို့ သွားလိုက်၏။

ထိုသို့သော မြို့အား မြင်ရမှ ပျိုးထောင်ခြင်း နယ်မြေများမှာ အမှန်တစ်ကယ် သက်ရှိများနေသည့် နယ်မြေများ ဖြစ်ပြီး စနစ်မှ ပုံရိပ်ယောင် ဖန်တီးထားခြင်း မဟုတ်သည်ကို စုပင်း တွေးမိလိုက်၏။

ယခု နယ်မြေမှာ သူ သွားခဲ့ဖူးသမျှ အသက်အန္တရာယ် ရှိသော ပတ်ဝန်းကျင်နှင့် သေစေချင်သော သားရဲများ ရှိနေသည့် နေရာများနှင့် မတူညီပဲ နယ်ခံများမှာလည်း ဂြိုလ်ပြာထက် ပို၍ တိုးတက်ကာ စကြာဝဠာ၏ တစ်နေရာတွင် ရှိနိုင်ခြင်းကြောင့် နောင်တစ်ချိန် စနစ်မပါပဲ ကိုယ်တိုင် ရောက်လာနိုင်ချေရှိမည်ဟု စုပင်း တွေးမိလိုက်၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now