အခန်း ၂၄၀ ကန့်သတ် နယ်မြေ

611 64 0
                                    

အခန်း ၂၄၀
ကန့်သတ် နယ်မြေ

"ကျုပ်တွက်ကိန်းမှားသွားတယ်။ဒီဆိုင်ပေါက်စလေးမှာ ဒီလိုလူမျိုးရှိမယ်လို့ မထင်မိခဲ့ဘူး။မပူပါနဲ့ အားလုံးကို ကျုပ်က အခက်အခဲ တွေ့စေခဲ့တဲ့အတွက် အလျော် ပြန်ပေးမယ်" ယွမ်ထျန်းချန် အေးစက်စွာ ကြည့်ပြီး ပြောလျှင် အားလုံး ကြောက်ရွံ့သွား၏။

"သခင်ယွမ် ပြောမှ ကျုပ်တို့အားလုံးလည်း အရှက်ရမိပါတယ်။ကျုပ်တို့က မကူညီနိုင်ခဲ့တဲ့အပြင် နှောင့်နှေးစေလို့ အပြစ်မပေးတာပဲ သက်ညှာမှု ပေးတာပါပဲ"
"ရှီချင်း ပြောတာ မှန်ပါတယ် ။ မစ္စတာယွမ် အာရုံ မများနေရင် အဲ့ဒီ မိန်းကလေး အနိုင် မရနိုင်ဘူး"
"သေချာမစုံစမ်းခဲ့တဲ့ ကျွန်တော့ အမှားပါ သခင်ယွမ်။ ဒါကြောင့်ပဲ ရန်သူကို အထင်သေးစေခဲ့တာ ဖြစ်လို့ တောင်းပန်ပါတယ်"

အားလုံးဝိုင်းကာ တောင်းပန်နေကြသည်ကိုကြည့်ပြီး အလွန် မျက်နှာပြောင်တိုက်လွန်းသူများဟု မွန်မြတ်သောဓားသခင် စိတ်ထဲမှ ကျိတ်ပြီးတွေးမိလိုက်၏။

"မဟုတ်တာ ကျုပ်လည်း ရန်သူကို လျော့တွက်ခဲ့မိတာဆိုတော့ ခင်များတို့တွေကို အပြစ် မတင်ပါဘူး။ပြီးတော့လည်း ဆိုင်ထဲမှာ နောက်ထပ် ဂန္တဝင် သားရဲစစ်သည် ရှိနေတယ်လို့ ကျုပ်အာရုံရနေတယ်။မဟုတ်ရင် လွယ်လွယ်နဲ့တော့ ကျုပ်အလျော့ပေးခဲ့မှာ မဟုတ်ဘူး" ယွမ်ထျန်းချန် နားထောင်ပြီးမှ ခေါင်းရမ်းရင်း ပြောလိုက်၏။
"ဟုတ်တယ်"
"မိန်းကလေးကို အမိန့်ပေးနေတဲ့ပုံ ကြည့်ရတာ အဲ့ဒီ လူငယ်နောက်မှာ တစ်ယောက်ယောက် ရှိမှာ သေချာတယ်"

"ကျွန်တော်တော့ ဒီကိစ္စဟာ အားလုံးရဲ့ အမှားလို့ မထင်မိဘူး။ရန်သူက အမွေအနှစ်ရဖို့ အရည်အချင်း ပြည့်တဲ့အချိန်ကစပြီး ဆိုင်မှာ လုပ်ကြံဖို့ ပြင်ထားတာပဲ ဖြစ်မယ်။သခင်ယွမ် အသိမြန်လို့။မဟုတ်ရင် အကျိုးဆက်ကို တွေးတောင်မတွေးရဲဘူး"

လူတိုင်းက သခင်ယွမ်သာ အကောင်းဆုံး ဟူသည့် သဘောဆောင်သော စကားများ ပြောကာ ယွမ်ထျန်းချန် သိက္ခာ ဆည်ပေး၏။သို့သော် အဖြစ်မှန်မှာ အားလုံး သိပြီးသား ဖြစ်သည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Tahanan ng mga kuwento. Tumuklas ngayon