အခန်း ၂၄၂ ယဥ်ပါးအောင် ပြုလုပ်ခြင်း

627 63 0
                                    

အခန်း ၂၄၂
ယဥ်ပါးအောင် ပြုလုပ်ခြင်း

စုပင်း ချက်ချင်းပင် သားရဲ တစ်ကောင်ချင်းစီ၏ တန်ဖိုးကို စမ်းသပ်ကြည့်လိုက်၏။ အံ့ဩဖွယ် မရှိပဲ သားရဲဘုရင် သွေးမျိုးဆက် ပါရှိသော ငရဲမီးနဂါးသာလျှင် စွမ်းအင်အမှတ် တစ်သိန်းခွဲ ရရှိပြီး ကျန်သော နဂါးနက်ခွေးနှင့် ခရမ်းရောင်မြွေတို့မှာ တိုက်ခိုက်နိုင်စွမ်း မြင့်မားကြသော်လည်း အများအပြား မရနိုင်ကြောင်းကို တွေ့လိုက်ရသည်။

ထို့ကြောင့် အခြေခံအားဖြင့် သာမာန်အဆင့်ကိုး သားရဲများသည် ခုနစ်သောင်းမှ ခြောက်သောင်းကြား စွမ်းအင်အမှတ် တန်ကြေး ရှိသည်ဟု ယူဆနိုင်ပေသည်။ဆိုင်သို့ အဆင့်ကိုးသားရဲ ရချင်၍ လာကြသူများမှာ ငွေကြေးတတ်နိုင်သူများဖြစ်ကြောင်း စုပင်း သိနေ၍ ထိုမျှမက စျေးနှုန်း မြှင့်တင်လိုသော်လည်း စနစ်၏ သတ်မှတ်ချက်အား ဘာမျှတတ်နိုင်ခြင်း မရှိပေ။

"တောက်..။ဆန်းကြယ်နယ်မြေက ရတဲ့ သားရဲတွေ ရောင်းစားလို့ ရရင်တော့ကွာ။မရဘူးဆိုရင်တောင် နောက်ထပ် ဝယ်သူတွေ အများကြီးကို ဆွဲဆောင်နိုင်မှာပဲ။အရင်လို သင်တန်းကျောင်းက ကျောင်းသားတွေပဲ မျှော်နေလို့ မဖြစ်ဘူး။ သူတို့က ငွေသိပ်မပေါကြဘူး" ထိုသို့ စုပင်း စဥ်းစားနေခိုက် ပျင်းရိစွာသမ်းဝေနေသော ဂျွန်အန်နာအား တွေ့ပြီး အကြံတစ်ခု ရသွား၏။

"လာခဲ့။ငါတို့တွေ ပျိုးထောင်ခြင်း နယ်မြေတစ်ခုကို သွားရအောင်" ဟု စုပင်း ပြောလိုက်ရာ..။

"ဘာကြီးလဲ"

ဂျွန်အန်နာ မျက်မှောင်ကြုံ့၍ ပြန်မေးလိုက်၏။စုပင်း အချိန်ကုန်ခံ ရှင်းပြမနေတော့ပဲ စနစ်၏ ပျိုးထောင်ခြင်း နယ်မြေ ဇယားမှ စျေးအနိမ့်ဆုံး နယ်မြေ တစ်ခုကို ရွေးချယ်လိုက်ပြီး ဂျွန်အန်နာအား တွဲဖက်အဖြစ် ရွေးကာ စွမ်းအင်အမှတ် သုံးလိုက်သည်။

စနစ်အား စွမ်းအင်အမှတ် ပေးချေပြီးသည်နှင့် စုပင်းနှင့် ဂျွန်အန်နာတို့နှစ်ဦးအား အမျိုးအမည်မသိသော အင်အား တစ်ခုမှ ဆွဲယူသွားပြီး မရင်းနှီးသော မြေကွက်လပ် တစ်နေရာသို့ ရောက်သွား၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Donde viven las historias. Descúbrelo ahora