အခန်း ၂၄၈ ယာယီ အလုပ်သမား ထန်ယူးရန်

753 84 0
                                    

အခန်း ၂၄၈
ယာယီ အလုပ်သမား ထန်ယူးရန်

ကြော်ညာအား နေရာတိုင်းတွင် တင်နေပြီဟု ဆောင်လုပြောချိန်မှစ၍ စုစုပေါင်း သန်းနှစ်ရာမှ သုံးရာဝန်းကျင်ခန့် သုံးခဲ့ရသည်။ဆိုင်တွင် လူများအုံကျလာလျှင် ဂျွန်အန်နာတစ်ယောက်ထဲနှင့် အားလုံးကို မကြည့်နိုင်မည်ကို ခန့်မှန်းမိသည့်အတွက် စုပင်း ပြင်ဆင်နေ၏။

"ဂျွန်အန်နာ တစ်ယောက်နဲ့တော့ မလောက်ဘူး"

ဆိုင်နာမည်စရစဥ် ဖီးနစ်တောင်ထွတ်သင်တန်းကျောင်းမှ ကျောင်းသားများ လာသည့် အရေအတွက်ကို အမှတ်ရသဖြင့် စုပင်း တွေးပူနေရာမှ ဆိုင်အတွက် နောက်ထပ်အကူအနေဖြင့်လုပ်ရန် သူ့တွင် ဆန်းကြယ်နယ်မြေတွင် ဖမ်းမိခဲ့သော ထန်ယူးရန် ရှိနေသည်အား စုပင်း သတိရသွားသည်။

ယခင်က မအားလပ်သဖြင့် သူမအား ပြန်ကြည့်ရန် အချိန်မရခဲ့ပေ။စုပင်း၏ မူလ အစီအစဥ်မှာ ထန်ယူးရန်မှ ထန်မိသားစုအကြောင်း စုံစမ်းကြည့်ရန်သာဖြစ်ပြီး ယခုအချိန်တွင်မှု သူမ၏ လုပ်အားကို အသုံးချရန် စုပင်း စီစဥ်နေ၏။

ထို့အပြင် သူ့ထံ၌ နဂါးဝိညဥ်မှ ပေးသော အကာအကွယ်အပြင် အရိုးခြောက်ကလေး၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း ၁၀ ကျော်လာပြီ ဖြစ်သည့်အတွက် သာမာန် ဘွဲ့တံဆိပ်ရ သားရဲစစ်သည်များအား ကြောက်ရွံ့စရာ မလိုတော့ပေ။ ဂန္တဝင်သားရဲစစ်သည်များကိုသာ ဂရုစိုက်ရန် လိုသောကြောင့် ထန်ယူးရန်အား တစ်စုံတစ်ယောက်မှ မှတ်မိသွားမည်ကိုလည်း စုပင်း အရေးစိုက်ခြင်း မရှိတော့ပေ ။

ထို့အပြင် ဆိုင်တွင် နေနေသ၍ မည်သူကမျှ သူ့အား ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိကြောင်း စုပင်း သိနေပြီး တိုက်ကြီး တစ်ခုလုံးတွင် ဂန္တဝင် သားရဲစစ်သည် နှစ်ယောက်သာ ရှိနေကာ ထန်မိသားမှ ဂန္တဝင် သားရဲစစ်သည်အား စေခိုင်းနိုင်စွမ်း မရှိကြောင်းနှင့် စေခိုင်းနိုင်လျှင်လည်း စုပင်းအတွက် ဆိုင်တွင် နေနေသ၍ ဂရုစိုက်စရာ မရှိခြင်းကြောင့် ဖြစ်သည်။

"ဘာ...နင့်ရဲ့ ဆိုင်မှာ အလုပ်လုပ်ရမယ် ဟုတ်လား"

စာလိပ်အား ပထမဆုံးအကြိမ် ဖွင့်လိုက်ခြင်းအတွက် ဝမ်းသာရန် ပြင်နေသော ထန်ယူးရန်ခမျာ စုပင်းစကား ကြားပြီး အံ့ဩသွား၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Unde poveștirile trăiesc. Descoperă acum