အခန်း ၂၅၉ အကြောင်းမရှိပဲ ဆိုင်ပိတ်ခြင်း

414 51 0
                                    

အခန်း ၂၅၉

အကြောင်းမရှိပဲ ဆိုင်ပိတ်ခြင်း

"အရည်အတွက် ပြည့်သွားပြီ ဟုတ်လား"

ရှေ့ဆုံးမှ လူငယ်မှာ စုပင်းစကားကြောင့် အံ့ဩသွာ၏။နောက်တွင် တန်းစီးနေကြသူများလည်း ၉နာရီကျော်သာ ရှိနေသဖြင့် ယခုကဲ့သို့ ဆိုင်ပိတ်ရန် ပြောခြင်းအတွက် ဆိုင်မှာ ငွေမလိုချင်၍လားဟု အတွေးဝင် ဝင်လာကြ၏။

"တောင်းပန်ပါတယ်။အားလုံးပဲ ပြန်လို့ရပါပြီ"

စုပင်း အနည်းငယ် ခါးကိုင်းကာ တောင်းပန်လိုက်ချိန် အချို့လည်း ဒေါသကြောင့် ဘာပြောရမှန်းမသိ ဖြစ်နေ၏။အကယ်၍သာ အခြား စတိုးဆိုင်များတွင် ယခုကဲ့သို့ ဖြစ်လာလျှင် အော်ဟစ်ကြမည် မလွဲဖြစ်သော်လည်း ယခုမှာမှု ဆိုင်အပေါက်ဝရှေ ရှိ ငရဲမိီးနဂါးကြောင့် မျိုသိပ်လိုက်ကြ၏ ။

ဆိုင်နေရာမှာ မြို့စွန် ဖြစ်နေသည့်အတွက် တစ်စုံတစ်ခု ဖြစ်လာလျှင် တာဝန် ယူမည့်သူ မရှိနိုင်သောကြောင့်လည်း ဖြစ်၏ ။

"ထားလိုက်တော့ ။ သွားရအောင်"
"မနက်ဖြန် ဘယ်အချိန် ပြန်ဖွင့်မှာလဲ ၊ ဆိုင်ရှင်"

"တစ်ရက်ကို သားရဲ ဘယ်လောက် ထိ လက်ခံတာလဲ နောက်နေ့ စောစော လာရအောင်လို့"

အချို့ ထွက်သွားပြီး အချို့ မေးနေကြရာ အိပ်ယာနိုးချိန် ထဖွင့်သည့်အတွက် အချိန် အတိအကျ မပြောနိုင်သောကြောင့် စုပင်း ဖြေရန် ခက်နေ၏ ။

ထို့အပြင် နောက်နေ့တွင် နေရာ လွတ်ရန်အတွက် ညအချိန်လွန်ကာ သားရဲ လေ့ကျင့်ပေးရမည်ဖြစ်ပြီး မည်သည့်အချိန်မှ အိပ်ရာထနိုင်မည်ကို စုပင်း မပြောနိုင်၍လည်း ဖြစ်သည်။

"ဆိုင်က...အာ...မနက် ဆယ်နာရီလောက် ဖွင့်မယ်"

စုပင်း၏ မရေမရာ ပြောစကားကြောင့် လူတိုင်း စကား ပြန်မပြောနိုင် ဖြစ်သွားသည်။ ငရဲမီးနဂါးကြောင့် မဟုတ်လျှင် ယခုလောက်ဆို သူတို့ သောင်းကျန်းနေပြီ ဖြစ်သည်။

"ထန်ယူးရန်၊ ဧည့်သည်တွေကို အပြင်လိုက်ပို့လိုက်"

စုပင်း ပြောလိုက်ချိန် လူဝင်များနေစဥ် ဆိုင်ပိတ်ခြင်းအတွက်အပြင် မကြာခင်တွင် သူမအား မှတ်မိသူ ရောက်လာနိုင်မည်ဟု မျှော်လင့်နေသောကြောင့် စုပင်းအား အရူးတစ်ယောက်အား ကြည့်သော အကြည့်ဖြင့် ထန်ယူးရန် ကြည့်လိုက်ပြီး မကျေနပ်သော်လည်း မျိုသိပ်ကာ ကာစတန်မာ အားလုံးကို ဆိုင် အပြင်လိုက်ပို့ပေးလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now