အခန်း ၂၇၀ များလှစွာသော ရန်သူများ

404 48 0
                                    

အခန်း ၂၇၀
များလှစွာသော ရန်သူများ

ထိုသို့ ဆာဗာတစ်ခုလုံး ကျသွားမတတ်ဖြစ်နေချိန် အခြားဝဘ်ဆိုက်များမှလည်း ထိုကြော်ညာအား တင်လာသဖြင့် ဖတ်ပြီးသည့်နောက် အွန်လိုင်းပေါ်မှ လူများအားလုံး ဒေါသထွက်ကုန်ကြ၏။

လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲမှာ သုံးနှစ် တစ်ကြိမ်သာ ပြုလုပ်သည် ဖြစ်ရာ အားလုံး အားခဲထားသည့်အတွက် လုံကျန်း တစ်မြို့လုံး၌ ပြိုင်ပွဲဝင် တစ်သန်းကျော် ရှိပြီး အားလုံးအတွက် နာမည်ကြီးရန် နေရာ ဖြစ်သဖြင့် မည်သူမျှ ချန်ပီယံ ဖြစ်နိုင်ကြောင်း ကြိုတင် ပြောနိုင်ခြင်းမရှိပေ။ဤသည်ကို Pixieစတိုးဆိုင်၏ ကြေညာချက်က ယခုတွင် အပင်စိုက်ပြီး အသီးအား စောင့်ချိန် ထိုအသီးအား သူ့အပိုင်ဟု ပြောသကဲ့သို့ပင် ဖြစ်သည်။

ထို့အပြင် ချန်ပီယံ ဖြစ်ရန် လွန်စွာမှ ခက်ခဲလွန်းသည် ဖြစ်သည့်အတွက် မိသားစုကြီးများမှပင် အာမမခံရဲသည့်အရာ ဖြစ်သည်။ ထိုသို့ ပြောဆိုလိုက်သူမှာ လူလုံး၏ ဘုံရန်သူ ဖြစ်လာမည် ဖြစ်သဖြင့် ယခုကဲ့သို့ ကြေညာချက်မျိုး ထွက်လာချိန် မည်သူကမျှ လက်ခံနိုင်ခြင်း မရှိပေ ။

"Pixieက ရူးသွားပြီလား"

"ဘုရားရေ။ချန်ပီယံ ဖြစ်ဖို့က သူတို့အတွက် ထမင်းစားရေသောက်သလိုမျိုး လုပ်နေတယ်"

"ဘာလား ထိပ်တန်းနဲ့ ပြိုင်ရင်း ရူးသွားတာများလား"

"ကြည့်ရတာ ထိပ်တန်း ပြိုင်တာ မနိုင်ပဲ စီပွားရေးအားလုံး အလုခံရတာနဲ့ ကြံမိကြံရာ ပြောမိတာလို့ ကြားတယ်"

"$ရမ်း တော်နေတယ်ပေါ့ ။ သန်းတစ်ရာနဲ့ ချန်ပီယံ ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ ပြောထားတော့ ငါ့ရဲ့ ပိုင်ဆိုင်မှုနဲ့ဆို ချန်ပီယံ အယောက်တစ်ရာတောင် ဝယ်လို့ရနေပြီ"

"ဟကောင်ရ၊ အိမ်မက်မက်မနေနဲ့ မဟုတ်ရင် ငါသေးနဲ့ ပန်းပေးလိုက်မယ်"

"သန်းတစ်ရာနဲ့ ချန်ပီယံ ဖြစ်နိုင်မယ်လို့ ပြောနေတယ်။ သန်းတစ်ထောင်ဆိုရင်တော့ ယုံနိုင်သေးတယ်။သန်းတစ်ရာက ဘာသွားလုပ်မှာလဲ"

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Onde as histórias ganham vida. Descobre agora