အခန်း ၂၄၉ သံသယများ

497 56 0
                                    

အခန်း ၂၄၉
သံသယများ

"ဒါလား Pixie သားရဲစတိုးဆိုင် ဆိုတာ"
"ဟုတ်တယ်လေ ။ ဆိုင်ရဲ့ ဆိုင်းပုဒ်ကို ကြည့်လိုက်"
"ဘုရားရေ ။ ရှေ့က ရုပ်တု နှစ်ခုကို ကြည့်စမ်း ။ နဂါးအစစ်လို့ ထင်လိုက်တာ"
"တူတူပဲ ။ ဟိုက ရွှေရောင် ဆံပင်နဲ့ မိန်းကလေးကို ကြည့်စမ်း ။ အရမ်း လှတာပဲ"

လူငယ်များ အဖွဲ့လိုက် ရောက်လာကာ ဆိုင်ရှေ့မှ ရုပ်တုကြောင့် အံ့ဩနေ၏။ဆိုင်ထဲ ရောက်သော် နတ်သမီး ပုံပြင်များမှ နတ်သမီးအလား လှပသော ဂျွန်အန်နာကြောင့် ထပ်ပြီး အံ့သြကုန်ကြသည်။

ဂျွန်အန်နာ၏ အလှအား ရုပ်ရှင်၊ဗီဒီယိုကြော်ညာ အပါအဝင် အခြားမည်သည့်နေရာမှ မတွေ့ခဲ့ဖူးခြင်းကြောင့် ထိုသူများ မှင်သက်နေရခြင်းပင်။ထန်ယူးရန်ကိုမူ ကိုယ်ပျောက်နေသည့်အလား ဒုတိယအကြိမ် ကြည့်သူပင် မရှိပေ။

အမှန်တော့ ထန်ယူးရန်သည် လှပသော်လည်း ဂျွန်အန်နာ၏ အလှမှာ ပြစ်မျိုးမှဲ့မထင် အလှ ဖြစ်ပြီး အလုံးစုံ ပြည့်စုံသည့် အလှဟု တင်စားခေါ်ဆိုလောက်ပေသည်။

အချို့ယောက်ျားလေးများ ဂျွန်အန်နာကို ကြည့်ကာ မိန်းမော တွေဝေနေကြပြီး ကျောက်ချထားသလို ရပ်နေကြ၏။

မြင်မြင်ချင်းချစ်မိရန် တစ်ဖက်လူ၏ ရုပ်ရည်က အရေးကြီးပေသည်။မည်သူကမှ ရုပ်ဆိုးသူအား တွေ့တွေ့ချင်း ချစ်မိရန် မဖြစ်နိုင်ပေ။
ဆိုင်သို့ ရောက်လာသော အမျိုးသမီးများမှာ ဂျွန်အန်နာကို မနာလိုရမည့်အစား သူတို့ကိုယ်သူတို့ သိမ်ငယ်ခြင်းသာ ခံစားနေရ၏။
ရောက်လာသူတိုင်း၏အာရုံက ဂျွန်အန်နာအပေါ် စုပုံနေသည် ကြည့်ပြီး ထန်ယူးရန် အံ့ဩကာ တစ်ချိန်ထဲမှာပဲ ဒေါသထွက်နေသော်လည်း အလှချင်း ယှဥ်လျှင် မပြိုင်နိုင်မှန်း သူမလည်း သိနေ၏။

သို့သော် ထန်ယူးရန်ကိုယ်တိုင်က ခွန်အားသည်သာ အဓိကဟု ယူဆထားကာ အလှတရား ဦးထိပ်ထားသူမဟုတ်သည့်အတွက် ရှက်ရွံခြင်း မရှိပေ ။
ထန်ယူးရန် အရင်ဆုံး အသက်ပြင်းပြင်း ရှိုက်ကာ ခပ်တန်းတန်း မျက်နှာထားဖြင့် ရှေ့ထွက်၍ လူငယ်တစ်ယောက်အား "ဟိုင်း" ပြောပြီး ထိုလူငယ်မှ သူမ စတင်နှုတ်ဆက်ခြင်းအပေါ် အခွင့်အရေး ယူမည်ဟု တွေးနေခိုက် ထိုလူငယ် ခြေဖျား ထောက်လိုက်သဖြင့် "နင်..." ထန်ယူးရန် မျက်မှောင်ကြုံ့လိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now