အခန်း ၂၆၃ ရွှေလေပွေ

377 45 0
                                    

အခန်း ၂၆၃
ရွှေလေပွေ

"ဘယ်လောက် လိုတာလဲ"

ဂျွန်အန်နာ စိုက်ကြည့်ပြီး မေးလာခဲ့ရာ မြင့်မြတ်ပုံဆောင်ခဲ တစ်ခုသည် နတ်ဘုရား တစ်ယောက်ကို ကိုယ်စားပြုသည့်အတွက် အလွန်အကျွံ တောင်းဆိုရန် မဖြစ်နိုင်ကြောင်း စုပင်း သိလိုက်ရ၏။

"တစ်သောင်းလောက်ဆို ဘယ်လိုလဲ"

စုပင်း၏စကားဆုံးသည်နှင့် ဂျွန်အန်နာ၏မျက်နှာ ရှုံ့မဲ့သွားကာ "မရဘူး"ဟု ပြောလာခဲ့သည်။

"ဒါဆို ကိုးထောင့် ကိုးရာဆိုရင်ကော"

"မရဘူး"

"ကိုးထောင့်ရှစ်ရာ"

စုပင်း အံကြိတ်၍ မေးလိုက်ချိန် မည်သူများ ထိုသို့ စျေးစစ်မည်နည်းဟု တွေးပြီး "မဖြစ်နိုင်ဘူး အများဆုံး တစ်ရာပဲ"ဟု ဂျွန်အန်နာက ပြောလိုက်၏

"တစ်ရာက လွန်လွန်းတယ်။ကိုယ်တိုင် နတ္ထိပိုးကောင် သွားသတ်ရင်တောင် ဒီထက် ပိုရနိုင်တယ်။အနည်းဆုံး ငါးထောင်တော့ပေး။ပြီးရင် ဆိုင်မှာ အလုပ်လုပ်နေတာဆိုတာကိုလည်း မမေ့နဲ့အုံး။နတ်ဘုရားများရဲ့ ရှေးဟောင်းကမ္ဘာ သွားချင်သေးတယ် မဟုတ်လား။ဒါတွေက သေပြီးသား နတ်ဘုရားတွေကနေ လာတာပဲလေ။သွားပြီး သတ်ခိုင်းနေတာလဲ မဟုတ်ဘူး" စုပင်း မကျေမနပ်နှင့် ပြောချိန် "နင်ဘယ်လိုပဲ ခြိမ်းခြောက် ခြောက်၊နှစ်ထောင်ပဲ ပေးနိုင်မယ်။ဒါက အာဏာကုန်ပဲ"ဟု ဂျွန်အန်နာက ဆုံဖြတ်ပြီးဟန်နှင့် ပြောလာခဲ့၏။

"အိုကေ"

စုပင်း ချက်ချင်း သဘောတူလိုက်၏။

"နင်..."

လှည့်စားခံလိုက်ရသောကြောင့် ဂျွန်အန်နာ ဒေါသထွက်ပြီး ပြောရန် ပြင်စဥ် "နင် လုပ်မနေနဲ့။ဒါက မင်းကြိုပြီးတွေးထားတဲ့ အရေအတွက်ပဲ မဟုတ်လား။ရင်ထဲမှာ ကြိတ်ပျော်နေတယ် မဟုတ်လား" စုပင်း ပြောသကဲ့သို့ သူမအမှန်တကယ် ပျော်နေသည် ဖြစ်ရာ ဂျွန်အန်နာ ဆက်မပြောတော့ပဲ နှာသာ မှုတ်လိုက်၏။

အမှန်တကယ်တော့ ထိုမျှထက်ပို၍ စုပင်းတောင်းလာမည်ကို ဂျွန်အန်နာ ခန့်မှန်းထားခဲ့ခြင်းပင် ဖြစ်သည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Dove le storie prendono vita. Scoprilo ora