အခန်း ၂၀၄ နယ်မြေမှ ပြန်လာခြင်း

642 67 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၀၄
နယ်မြေမှ ပြန်လာခြင်း.

ဘာသာပြန်.Soul
ရှီယွဲ့ရွှမ် ကြယ်တာရာဒိုင်းကိုသုံးကာ သူမကိုယ်သူမ ကာကွယ်လိုက်သည့်အပြင် ကြယ်တာရာ စွမ်းအင် ချိန်းကြိုးများဖြင့် ဖွတ်အား ချုပ်ရန် ကြိုးစားလိုက်၏။သို့သော်လည်း ဖွတ်၏ အကြေးခွံအား ထိသည်နှင့် ချိန်းကြိုးများ ပျောက်ကွယ်သွား၏ ။

"ပွက်! ရှဲ..ရှဲ.."

ဖွတ်က အဆိပ်အရည်များကို ထွေးထုတ်လိုက်ရာ သူမ၏ ကြယ်တာရာဒိုင်းအား အလွယ်တကူ စားသွားသည်ကို မြင်လိုက်ရ၍ ရှီယွဲ့ရွှမ် လက်မြောက်အရှုံးပေးကာ မျက်လုံး မှိတ်လိုက်မိစဥ် အဆိပ်မှာ သူမအပေါ် မကျလာပဲ အင်အားတစ်ခုမှ သူမအား တွန်းထုတ်လိုက်၍ မီတာအနည်းငယ် အကွာဝေးသို့ လွင့်သွား၏ ။

သူမ မျက်လုံး ပြန်ဖွင့်လိုက်ချိန် ခမ်းနားထည်ဝါလှစွာသော ငရဲမီးနဂါးတစ်ကောင်အား တွေ့လိုက်ရ၍ ကြောင်အသွား၏။သို့သော် အဆိုပါငရဲမီးနဂါး၏ ဂါးခနဲ ကျယ်လောင်သော အသံ​က သူမအားသတိပြန်ဝင်လာစေ၏။တစ်ဆက်ထဲတွင် မူလ ရပ်နေသည့် နေရာတွင် အကြေးခွံများ ကြွေကျကုန်မည့်အလား လှုပ်နေသော ဖွတ်အား သူမတွေ့လိုက်ရသည်။

ဖွတ်မှာ ရှီယွဲ့ရွှမ်အား ဖမ်းရန် ဆန္ဒ ရှိပုံမရတော့ချေ။တောအုပ်ထဲ ပြေးဝင်ရင်း ပုတ်သင်ညိုတစ်ကောင်ကဲ့သို့ အရောင်ပြောင်းလဲကာ တစ်ချိုးထဲလစ်ပြေးသွားတော့သည်။

ငရဲမီးနဂါး သူမဘေးမှ စောင့်ငှဲ့ ကြည့်လာလျှင် အကြည့်ဖြင့်ပင် သေဆုံးသွားသည့်အလား ရှီယွဲ့ရွှမ် တောင့်မတ်သွား၏ ။
"ဟား...အားနည်းသူက အားကြီးသူအစာ ဖြစ်တာ မဆန်းပါဘူး ။ ဖွတ်နဲ့ ငရဲမီးနဂါး ဘယ်သားရဲ အစားခံရတာ ဘယ်ဟာပိုကောင်းမလဲ ။ ငရဲမီးနဂါးလား ။ နာမည်ကြီး နဂါး စားခံရတော့ ငါလဲ နာမည်ကြီးမှာပေါ့ ။ အား...ဘာတွေ တွေးနေတာလဲ" ရှီယွဲ့ရွှမ် နောက်ဆုံး အထျိန်တွင်ပင် အတွေးများနေသည့် သူမကိုယ်သူမ အပြစ်တင်လိုက်၏ ။

သေဆုံးရန် စောင့်နေသော်လည်း ငရဲမီးနဂါးမှာ သူမအား အစာအဖြစ် မဟုတ်ပဲ နားမလည်စွာ ကြည့်နေကြောင်း ရှီယွဲ့ရွှမ် တွေ့လိုက်ရသည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now