အခန်း ၂၀၆ မြန်ဆန်စွာအပေါ် တက်သွားခြင်း

615 70 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၀၆
မြန်ဆန်စွာ အပေါ် တက်သွားခြင်း

ဘာသာမန်.Soul

နဂါးမျှော်စင်အတွင်းရှိသော နဂါးဝိဥာဏ်ကြောင့် စိတ်စွမ်းအင် ၊ စိတ်ခွန်အားနှင့် ခံနိုင်ရည်အားကို အလွန်တိုးတက်စေ၍ ၎င်းတို့အား လေ့ကျင့်ဖို့ အကောင်းဆုံးနေရာ ဖြစ်နေခြင်းကြောင့် လူများစွာ မျှော်စင်ရှေ့တွင် ညီညာစွာ တန်းစီပြီး အထဲဝင်ရန် စောင့်နေကြ၏။

သို့သော် နဂါးဝိညဥ်ကြောင့် စိတ်နှင့် ဝိညဥ် ပျက်စီးသွားနိုင်ခြင်းကြောင့် အလွန်ပင်လည်း ဂရုစိုက်ရပေသည်။

"ကြည့်စမ်း...တစ်ယောက်ယောက် စတုတ္ထအဆင့် ရောက်သွားပြီ" မျှော်စင်မှ လင်းနေသည့် အပိုင်းအား လက်ညှိုးထိုးကာ လူတစ်ယောက် ပြောလိုက်၏။အနီးရှိလူတိုင်း လှည့်ကြည့်မိလိုက်ကြ၏။

"တော်လိုက်တဲ့လူ။ဒါအဆင့်ရှစ်နဲ့အထက် သားရဲစစ်သည်ပဲ ဖြစ်ရမယ်" ဆန်းကြယ်နယ်မြေ အထဲတွင် အဆင့်ရှစ် သားရဲစစ်သည်မှာ အထင်ကြီးစရာ ကောင်းသည့်အပြင် မြို့များတွင် ဂုဏ်သိက္ခာ ရှိသော သားရဲစစ်သည်များ ဖြစ်ကြ၏ ။

စုပင်း တိတ်ဆိတ်စွာပင် အရောင်အဝါ ထွက်နေသော မျှော်စင်အား တစ်ချက်သာ ကြည့်ပြီး လူတန်း နောက်ဆုံးမှ ဝင်စောင့်ရာ အေးချမ်းစွာ နေချင်သော်လည်း စောင့်နသူ အမျာစုမှာ မိတ်ဆွေ သူငယ်ချင်းများ ဖြစ်နေသောကြောင့် အချင်းချင်း ရှေ့ဆောင်သူများ အဆင့်တွင် ဝင်လျှင် ရရှိမည့် လေးစားခြင်းနှင့် ဂုဏ်သိက္ခာအကြောင်း အားရပါးရ ပြောနေကြချိန် စတုတ္ထအဆင့် လင်းလာချိန် ပိုကာ ဆူညံလာ၏။

"ဟမ်...မစ္စတာစုပါလား" ရင်းနှီးနေသော အသံကိုကြားပြီး စုပင်း လှည့်ကြည့်ရာ မသိသူ တစ်ယောက်အား တွေ့ရ၍ "ခင်ဗျားက..." ဆိုင်တွင် လာသူ အများစုမှာ ကျောင်းသားများသာ ဖြစ်ကြခြင်းကြောင့် ဆန်းကြယ်နယ်မြေအထဲ လာရန် အခွင့်အရေး မရှိသော်လည်း အချို့မှာ ချွင်းချက် ဖြစ်မည်ဟု တွေးမိလိုက်၏ ။

"ကုပေးချန်ပါ ၊ မစ္စတာစု ။ ဆိုင်မှာ ဝယ်ဖူးတယ်လေ ။ ပြီးရင် စိတ်ကူးယဥ် သားရဲကိုတောင် လေ့ကျင့်ခိုင်းခဲ့သေးတယ်" ထိုသူ ရှက်ဟန်နှင့် ပြောလာမှ သူ၏ ဆိုင် စတင် နာမည်ကြီးချိန် သားရဲအစာ လာဝယ်သည့် စူးစမ်းသူ ဖြစ်ကြောင်း စုပင်း အမှတ်ရလာ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)حيث تعيش القصص. اكتشف الآن