အခန်း ၂၁၃ အကြမ်းနည်းသုံးကာ ဖြေရှင်းခြင်း

651 79 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၁၃
အကြမ်းနည်းသုံးကာ ဖြေရှင်းခြင်း

ဘာသာပြန်. Soul

အမှန်တော့ ကျိုဖန်ထံ၌ အကြမ်းနည်း သုံးရန် စိတ်ကူး မရှိပေ။သူ့အနေနဲ့ မည်သူမှ အထက်စီး ရနေသည်ကို ပြသရန် ဟန်ဆောင်သည်သာ ဖြစ်သော်လည်း စုပင်း၏ မျက်လုံးအား တွေ့သည်နှင့် မြွေပွေးအား တွေ့ရသည့်အလား ကြောက်လန့်သွားမိ၏။တစ်ချိန်ထဲမှာပဲ သူ့ရှေ့တွင် ရှိနေသူမှာ လူသားတစ်ဦးမဟုတ်ပဲ ငရဲမှ တက်လာသည့် ရက်စက်သော သတ္တဝါ တစ်မျိုးဟု သူအား တစ်စုံတစ်ခုမှ ပြောနေ၏။

ကျိုဖန်၏ ကျောင်းသားများကို အရှက်ရစေသည့် အပေါင်းအပါများအား စုပင်း အသာအယာ စောင့်ငဲ့ကြည့်လိုက်သည်နှင့် ဖြန်းခနဲအသံမြည်တမ်းသွားကာ လေးယောက်လုံး ပါးတစ်ယောက် တစ်ချက် ရိုက်ခံရသည့်အလား ပါးပြင်တွင် နီမြန်းကုန်၏။

ထိုလေးယောက်လည်း ခနတာ ကြောင်ပြီး ရပ်နေမိ၏။ထိုနောက် သတိပြန်ဝင်လာကြကာ အလျှင်အမြန်ပဲ ကြယ်တာရာဒိုင်းများနှင့် ကာကွယ်၍ ရိုက်လိုက်သူအား လိုက်ရှာနေပြီး လှုပ်ရှားသည်အား မတွေ့သော်လည်း တရားခံမှာ စုပင်း ဖြစ်ကြောင်း ရိပ်မိနေသည့် ကျိုဖန်တစ်ယောက် ထိတ်လန့်သွားသည်။

ကျောင်းသားများမှာတော့ အဖြစ်အပျက်အား ရိပ်မိနေပြီး ကျေနပ်နေကြသည်။

"ညမြေခွေးအဖွဲ့ ဟုတ်လား ။ အကျိုးအမြတ်အမှတ်က ၃.၆ သန်း ဟုတ်လား ။ အများကြီး မလိုပါဘူး ။ သုံးသန်းပေးရင် ဒါကို မေ့လိုက်မယ် ။ ကျန်တာ ယူလိုက် ။ ငါက ရက်ရောပါတယ်" စုပင်း စုလင်းယွဲ့တို့ ကျောင်းသားများ အကျိုးအမြတ်အမှတ် မည်မျှ ရသင့်သည်ကို မသိလည်းမသိ ဂရုလည်း မစိုက်ကဲ ကျိုဖန် အရှက်မဲ့ခြင်း သက်သက်ကြောင့်သာ ပြောလိုက်၏။

ထို့အပြင် စူးစမ်းသူ အနေနှင့် ခွန်အားသာ အဓိက ထားသဖြင့် ဥပဒေမှာ ခွန်အားကြီးသူ၏ စကားပင် ဖြစ်သောကြောင့် ဖြစ်၏ ။

"မင်းက ဘယ်သူလဲ" ကျိုဖန် မေးရာ "​မင်းသိဖို့ အဆင့်မရှိဘူး $ရူးရဲ့" စုပင်း ပြန်ကာ ပြောလိုက်လျှင် ကျိုဖန် အမျက်ချောင်းချောင်း ထွက်လာသော်လည်း မမြင်ရသည့် ပါးရိုက်ခြင်းမှာ အဆင့်မြင့် စွမ်းရည်ဟု ထင်လိုက်သောကြောင့် ဒေါသအား ထိန်းချုပ်လိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now