အခန်း ၂၄၁ ပုံစံ အသစ် ပြောင်းသွားသော ဆိုင်

617 60 0
                                    

အခန်း ၂၄၁
ပုံစံ အသစ် ပြောင်းသွားသော ဆိုင်

အလုပ်သမား - ဂျွန်အန်နာ {ဓာတ်ပုံ}
ဖြစ်တည်မှု - ကိုယ်ပွားခန္ဓာ
အဆင့် - နတ္ထိအဆင့်
တိုက်ခိုက်နိုင်စွမ်း - ၂၉.၆
မွေးဖွားရာ သွေးမျိုးဆက် - တိုက်တန်(Titan) နတ်ဘုရား သွေးမျိုးဆက်
ကျွမ်းကျင်မှု- မြင့်မြတ်စွာ သတ်ဖြတ်ခြင်း ၊ နေခွင်းလှံတံ ၊ အရိပ် ဟင်းလင်းပြင် ၊ ရုပ်သေး ပြုလုပ်ခြင်း ၊ မီးနက် ၊ မုန့်ဖုတ်ခြင်းနှင့် အခြားများစွာ

ဂျွန်အန်နာ၏ ကျွမ်းကျင်မှုများကိုကြည့်ပြီး လေးဆယ်မှ ငါးဆယ်အကြားရှိခြင်းမှာ မုန်ဖုတ်ခြင်း ၊ အကအခုန် ၊ ပန်းစိုက်ခြင်းနှင့် အခြားသောအရာများ ပါရှိနေသည်ကို တွေ့ရသောအခါ စုပင်း လက်ခံဖို့ခဲယဥ်းသွားသော်လည်း နေ့စဥ်နှင့်အမျှ စွမ်ဆောင်ရည်အမျိုးမျိုး လိုအပ်သည့်အတွက် လက်မခံချင်ပါသော်ငြား လက်ခံလိုက်ရ၏ ။

ဂျွန်အန်နာ၏ ကြွယ်ဝသူဘဝကို ထင်ဟပ်စေသော များပြားလှသည့် ကျွမ်းကျင်မှုများကို စုပင်း စေ့စေ့စပ်စပ်ကြည့်ရှုနေ၏ ။

"သူရဲ့ခန္ဓာအစစ်နဲ့ပက်သက်တာ ဘာလို့မပါတာလဲ"

စုပင်း အခေါက်ခေါက်အခါခါကြည့်သော်လည်း အထွဋ်အထိပ်ရှိနတ်ဘုရားထက် တစ်ဆင့်မျှသာနိမ့်သောဂျွန်အန်နာ၏ ခန္ဓာအစစ်ထံမှခွန်အားအစစ်အမှန်ကို သိရှိလိုသော်ငြား အစစ်ကိုရှာမတွေ့နိုင်ဘဲ ကိုယ်ပွားကိုသာတွေ့ရသည့်အခါ အခဲမကျေဖြစ်ကာမေးလိုက်၏။

သို့သော် စနစ်မှ မည်သို့သောတုံ့ပြန်မှုမျှ ပြန်မ​လာသည့်အတွက် စုပင်းကိုယ်တိုင်ကြိုးစားကာ အချိန်အတော်ကြာသည်အထိ စဥ်းစားပြီးမှ ဂျွန်အန်နာ၏ကိုယ်ပွားကသာ ဆိုင်နှင့်စာချုပ်ချုပ်ထားသည့် အတွက်ကြောင့်ဟု တွေးမိ၍ လက်လျော့လိုက်ပြီးနောက် သူမထံမှ အင်အားကြီးစွမ်းရည်များကို ဖြည်းဖြည်းချင်းသဲ့ယူကာ ငရဲမီးနဂါးနှင့် အရိုးခြောက်ကလေးကိုလည််း သင်ခိုင်းရမည်ဟု ကြည်နူးစွာ တွေးတောနေ၏။

ယခုအချိန်တွင် ဆိုင်မှာ တတိယအဆင့်ရောက်သွားပြီဖြစ်သောကြောင့် မီတာသုံးထောင်ပတ်လည်သည် လုံခြုံရေးဇုန်ဖြစ်နေပြီး သူဝယ်ထားသောအချို့နေရာများသည် ဇုန်အတွင်းမှလွတ်ထွက်နေကြောင်းသိသော်လည်း နောင်လာမည့် အဆင့်များအတွက် လိုအပ်ပါက သုံးရမည်ဟုတွေးမိထားခြင်းကြောင့် အလဟဿဖြစ်သွားမည်ကို စုပင်း မစိုးရိမ်ပေ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Dove le storie prendono vita. Scoprilo ora